နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်​မာနဲ့ ဘင်္ဂလား​ဒေရှ့်​ နှစ်​နိုင်​ငံရဲ့ MoU လက်​မှတ်​ထိုးတဲ့အ​ပေါ် ရိုဟင်​ဂျာ​တွေနဲ့ လူ့အခွင့်​အ​ရေးလှုပ်​ရှားသူများရဲ့ သ​ဘောထား အမြင်​များ



MYARF
RB News
24.11.2017

ဘင်္ဂလားဒေ့ရှ်​ရောက်​ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ရဲ့ ​နေရပ်​ရင်း ရခိုင်ပြည်နယ်ကို ပြန်ပို့ရေး သဘောတူညီချက်တစ်ခုကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က မ​နေ့က ​နေပြည်​​တော်​မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်လက်ထက် ၁၉၉၀ ပြည့်နှစ်တွေမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားတဲ့ စည်းမျဉ်း​တွေအ​ပေါ် အ​ခြေခံပြီး လက်​မှတ်​​ရေးထိုးတဲ့ အဆိုပါ MoU သ​ဘောတူညီချက်​မှာ ဘယ်​အချက်​​တွေပါ​နေသလဲဆိုတာ နှစ်​နိုင်​ငံစလုံးက တရားဝင်​ထုတ်​ပြန်​ခဲ့ခြင်း​တော့မရှိ​သေးပါဘူး။

ဘင်္ဂလားဒေ့ရှ်​ရောက်​ ရိုဟင်ဂျာဒုက္ခသည်များက​တော့ သူတို့အ​နေနဲ့ နိုင်​ငံသားအခွင့်​အ​ရေး​တွေအပြည့်​အဝ မရမချင်း ပြန်​လာကြမှာမဟုတ်​ဘူးလို့ ​ပြော​နေကြပြီး လူ့အခွင့်​အ​ရေး လှုပ်​ရှား​နေသူ​တွေ၊ လူ့အခွင့်​အ​ရေးအဖွဲ့အစည်း​တွေကလည်း ရိုဟင်​ဂျာ​တွေရဲ့ ဘဝအာမခံချက်​၊ နိုင်​ငံသားဖြစ်​​ရေး အာမခံချက်​​တွေကို မြန်​မာအစိုးက ​ပေးရမယ်​လို့ ​တောင်းဆိုထားတာပါ။

ဘာလူခါလီ ဒုက္ခသည်​စခန်းမှာ ခိုလှုံ​နေတဲ့ ကိုမျိုးသန့်​က​တော့ သူ့အ​နေနဲ့ နှစ်​နိုင်​ငံ သ​ဘောတူညီချက်​ရပြီး ဒုက္ခသည်​​တွေကို ပြန်​​ခေါ်မှာကို ကြိုဆို​ကြောင်း၊ သူတို့အ​နေနဲ့ မြန်​မာအစိုးရရဲ့ ရက်​စက်​ကြမ်းကြုတ်​မှု​တွေက​နေ ​ခေတ္တခဏအဖြစ်​သာ ထွက်​​ပြေးလာကြတာဖြစ်​​ကြောင်း၊ သူတို့ရဲ့ ​နေရပ်​ရင်းဖြစ်​တဲ့ မြန်​မာနိုင်​ငံကို ပြန်​သွားရန်​ ဆန္ဒရှိ​ကြောင်း၊ သို့​သော်​ မြန်​မာအစိုးရအ​နေနဲ့ သူတို့ရဲ့ဘဝအာမခံချက်​​တွေ၊ နိုင်​ငံသားအခွင့်​အ​ရေး​တွေကို အပြည့်​အဝ​ပေးမှသာလျှင်​ ပြန်​သွားလို​ကြောင်း ၂၂ ရက်​​နေ့၊ ည​နေပိုင်း VOA မြန်မာပိုင်း နဲ့ပြုလုပ်​ခဲ့တဲ့ အင်​တာ​ဗျူးမှာ ​ပြောကြားခဲ့ပါတယ်​။
ယခင်​က မြန်​မာအစိုးရဝန်​ထမ်းဖြစ်​ခဲ့သူ ​ကျောင်းဆရာ တစ်​ဦးက သူတို့ကို မြန်​မာအစိုးရက နိုင်​ငံသားအခွင့်အ​ရေးအပြည့်​အဝအတွက်​ အာမခံချက်​မ​ပေးမချင်း မြန်​မာနိုင်​ငံကို ပြန်​လာကြမှာ မဟုတ်​​​ကြောင်း ဆိုပါတယ်​။

"ကျွန်တော်တို့ရဲ့ မူလ​နောရကို မ​ပေးဘဲ ဒုက္ခသည်​စခန်းမှာသာ ဆက်​သွင်းထားပြီး ​လှောင်​ပိတ်​​ထားနေမယ်​ဆိုရင်​ ပြန်​မသွားဖို့ ဆုံးဖြတ်​ထား​တယ်​" ဆိုပြီး အဆိုပါ​ကျောင်းဆရာက ​ပြောခဲ့​ကြောင်း AP သတင်းမှာ ​ရေးသားထားပါတယ်​။
"ကျွန်တော်တို့ရဲ့ အိမ်​​တွေကို မြန်​မာအစိုးရက မီးရှို့ခဲ့​တယ်​၊ ကျွန်တော်တို့ရဲ့ နွား​တွေ၊ လယ်​ယာ​မြေ​တွေကို သိမ်းပိုက်​ခဲ့​တယ်​၊ ဒါ​တွေအားလုံးကို မြန်​မာအစိုးရက ပြန်​​ပေးမလား၊ ကျွန်တော်တို့ကို ရိုဟင်​ဂျာ အမည်​နာမနဲ့ အသိအမှတ်​ပြုမလား" ဆိုပြီး Hoyakong ဒုက္ခသည်​စခန်းမှာ​ ခိုလှုံ​နေတဲ့ အ​ဗ်​ဒူလ်​ဟာမိတ်​က ​မြန်​မာအစိုးရကို မေးခွန်းထုတ်​ခဲ့​တယ်​လို့ AP သတင်းမှာ ​ရေးသားထားပါတယ်​။

ရိုဟင်​ဂျာ​တွေကို သူတို့ရဲ့​နေရပ်​ရင်းဖြစ်​တဲ့ မြန်​မာနိုင်​ငံကို ​ပြန်​​ခေါ်သွားရမှာဖြစ်​​ပေမယ့်​ သူတို့ကို လူ့ဂုဏ်​သိက္ခာအပြည့်​အဝနဲ့ ပြည့်​ဝတဲ့နိုင်​ငံသားအခွင့်​အ​ရေး​တွေအတွက်​ အာမခံချက်​​ပေးရမှာဖြစ်​​ကြောင်း ​မြန်​မာ့အ​ရေးလှုပ်​ရှားသူ ​ဒေါက်​တာ​မောင်​ဇာနည်​က သူ့ Twitter မှာ ​ရေးသားထားပါတယ်​။ 

မြန်​မာနိုင်​ငံမှာ ခွဲခြားဆက်​ဆံမှု​တွေ မြင့်​တက်​​နေဆဲ​ဖြစ်​​ကြောင်း၊ ထွက်​မ​ပြေးဘဲကျန်​ရှိ​နေတဲ့ ရိုဟင်​ဂျာ​တွေအ​ပေါ်မှာလည်း ​နေ့စဉ်​နဲ့အမျှ ဖိနှိပ်​ညှဉ်းပန်းမှု​တွေ ဆက်​ရှိ​နေကြောင်း၊ ဒီအ​ခြေအ​နေ​တွေကို မြန်​မာအစိုးရက ​ရပ်​တန့်​ဖို့လိုအပ်​ပြီး ဒုက္ခသည်​​တွေကို ပြန်​​ခေါ်တဲ့အခါ သူတို့ရဲ့ လူမှုဘဝ၊ အသက်​အိုးအိမ်​​တွေကို အာမခံချက်​​ပေးရမှာဖြစ်​​တယ်​လို့ လူ့အခွင့်​အ​ရေးအဖွဲ့​တွေက ​ပြော​ပါတယ်​။

ကုလသမဂ္ဂအဖွဲ့ကြီးအပါအဝင်​ အခြားလူ့အခွင့်​အ​ရေးအဖွဲ့​တွေက မြန်​မာအစိုးရရဲ့ ရိုဟင်​ဂျာအ​ပေါ် ညှဉ်းပန်းနှိပ်​စက်​​နေတာ​တွေဟာ လူမျိုးတုန်းသတ်​ဖြတ်​မှု​မြောက်​တယ်​လို့ သတ်​မှတ်​​ပြော​နေကြပြီး အ​မေရိကန်​နိုင်​ငံအပါအဝင်​ နိုင်​ငံအ​တော်​များများကလည်း ဘင်္ဂလား​ဒေ့ရှ်ဒုက္ခသည်​စခန်းများကို လာ​ရောက်​​လေ့လာပြီး​နောက် မြန်​မာအစိုးရက ရိုဟင်​ဂျာ​တွေအ​​ပေါ် လူမျိုးတုံး စစ်​ပွဲဆင်​​နွှဲခဲ့တယ်​လို့ တရားဝင်​​ပြောဆိုထားပါတယ်​။

ဩဂုတ်​လ ၂၅ ရက်​​နေ့ ဖြစ်​ပွားခဲ့တဲ့ တိုက်ခိုက်မှုနောက်​ပိုင်း မြန်​မာလက်​နက်​ကိုင်​တပ်​ဖွဲ့​တွေရဲ့ လက်​ချက်​​ကြောင့်​ အပြစ်​မဲ့ ရိုဟင်​ဂျာ​ပေါင်း ၃၀၀၀ က​နေ ၆၀၀၀ အထိ အသတ်​ခံရပြီး လူ​ပေါင်း ၆ သိန်း​ကျော်​ မိမိရဲ့ အိုးအိမ်​​တွေကို စွန့်​ခွာပြီး အိမ်​နီးချင်း ဘင်္ဂလား​ဒေရှ့်​နိုင်​ငံသို့ အသက်​လုပြီး ထွက်​​ပြေး ခိုလှုံ​နေခဲ့ရပါတယ်​။

Comment ရေးရန်

Rohingya Exodus