April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဈေးတွင် ကင်းစောင့်နေသူများကို ညမထွက်ရအချိန်တွင် ရခိုင် (၄) ဦးက လူမဆန်စွာ ရိုက်နှက်

RB News
22.2.2018

ဘူးသီးတောင် ။  ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စုတွင် ကင်းစောင့်နေသည့် ကင်းသမားနှစ်ဦးကို ရခိုင်လူမျိုး (၄) ဦးက ညမထွက်ရ အချိန်တွင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၊ မြို့မအားကစားကွင်း အနီးမှ စာရေးကိရိယာအမျိုးမျိုးနှင့် To me (တိုမီ ကွန်ပျူတာ မိတ္တူ) ဆိုင်ပိုင်ရှင်၏ သားဖြစ်သူနှင့် အခြား (၃) ဦးတို့သည် ညမထွက်ရ အမိန့်ကို ကျူးလွန် ဖောက်ဖျက်၍ အငူမော်လမ်းမအတိုင်း အိုးသည်ရွာသို့ ကားဖြင့် သွားရောက် လည်ပတ်ခဲ့သည်။ အပြန်လမ်းတွင် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာကြားရှိ အငူမော်လမ်းမမှ ဇော်ဘော်ဖာရာဈေးတွင် ကင်းစောင့်နေသော တပ်ရာရွာသား (၈) ဦးထံမှ ဆေးလိပ်တောင်းခဲ့သည်။ ကင်းသမားများက ၎င်းတို့ထံတွင် ဆေးလိပ်မရှိဟု ကောင်းမွန်စွာ ပြန်လည် ဖြေကြားသည်ကို မကျေနပ်ဟု ဆိုကာ ကင်းစောင့်နေသူများထဲမှ မောင်အောင်မြင့် (ခ) ရှော်ဘီအုလ္လာ (ဘ) ဦးမာမတ်ဟူးဆောင်း (အသက် ၂၅ နှစ်) နှင့် ကင်းမှူး ဦးမာမတ်ဇာဘေရ် (အသက် ၃၅ နှစ်) ကို ရိုက်နှက်ခဲ့သည်။ ၎င်းတို့နှစ်ဦးအား ရိုက်နှက်နေစဉ် ကျန်သည့် ကင်းသမား (၆) ဦး ကြောက်ရွံ၍ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဆေးလိပ်တောင်းသည့် ရခိုင်လူမျိုး (၄) ဦးတို့က ကင်းသမား နှစ်ဦးကို လဲကျသွားသည့်အထိ လူမဆန်စွာ ရိုက်နှက်ပြီး ထွက်သွားခဲ့သည်။

ထို့နောက် ကြောက်ရွံ၍ ထွက်ပြေးသွားသည့် ကင်းသမား (၆) ဦး ပြန်လည်ရောက်ရှိလာပြီး၊ လဲကျနေသူနှစ်ဦးကို ကင်းစခန်းထဲသို့ သွင်းကာ ကျေးရွာအုပ်ချုပ်ရေးမှူး မောင်ကျော်သာ ထံ ဖုန်းဆက် အကြောင်းကြားခဲ့သည်။

အုပ်ချုပ်ရေးမှူးက ရဲကိုအကြောင်းကြားမည်ကို ပြောဆိုပြီး ခဏအကြာတွင် ရဲများ ရောက်ရှိလာပြီး အကြောင်းစုံ မေးမြန်းသွားသော်လည်း နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိရဟု ဒေသခံများက ဆိုသည်။

ဘူးသီးတောင်မြို့နယ် ညမထွက်ရ အမိန့် ထုတ်ပြန်ထားသော်လည်း အဆိုပါ အမိန့်ကို ရိုဟင်ဂျာများသာ လိုက်နာရန် လိုအပ်ပြီး ရခိုင်လူမျိုးက လိုက်နာရန် လိုအပ်မှု မရှိသည်ကို တွေ့ရသည်။ လွန်ခဲ့သည့်ရက်ပိုင်းကလည်း ရခိုင်အစွန်းရောက် အချို့က အမှတ် (၄) ရပ်ကွက်မှ ရိုဟင်ဂျာနေအိမ် အချို့ကို ည ၉ နာရီကျော် အချိန်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ရိုက်နှက်ခံရသည့် ကင်းသမားနှစ်ဦးမှာ လမ်းပင် မလျှောက်နိုင်သည့် အခြေအနေ ဖြစ်နေသည်ဟု သိရှိရသည်။




Comment ရေးရန်

Pages 22123456 »
Rohingya Exodus