နောက်ဆုံးသတင်း/ဆောင်းပါးများ

ဌေးလွင်ဦး
RB News
27.11.2013

ကမ္ဘာစစ်ဆိုတာနယ်စည်း မခြားဘဲ ကမ္ဘာ့တိုင်း နိုင်ငံ အားလုံးက သူ့ဘက် ကိုယ့်ဘက် တိုက်ခိုက် ကြတဲ့ စစ်ပွဲကြီး ဖြစ်တယ်။ ကမ္ဘာစစ်ကို ဖြစ်စေတဲ့ အကြောင်း ရင်းတွေ အများကြီး ရှိတဲ့ အထဲက အဓိက ပင်မ အကြောင်း ကတော့ အစီအစဉ် တကျ (Order) သွားနေတဲ့ ကမ္ဘာ ကြီးကို အစီ အစဉ် ပျက်ပြား စေမှု Disorder ဖြစ်သွား စေလို့ ပါပဲ။

ကမ္ဘာ စစ်မှာ နှစ်မျိုး ရှိတယ်။ ၀ါဒ အားပြိုင်မှုနဲ့ ယှဉ်ပြိုင် ပွဲကို စစ်အေး- စစ်ပွဲလို့ ခေါ်ပါတယ်။ ဒီစစ်ပွဲ မျိုးက ၀ါဒကို ဖြန့်ချီခြင်း ဖြစ်ပါတယ်။ ဒီလို စစ်ပွဲမျိုးက တစ်ကမ္ဘာ လုံးကို သူ့ဘက် ကိုယ့်ဘက် လက်နက် စွဲကိုင် တိုက်ခိုက် သတ်ဖြတ်ခြင်း ထိ မကျယ်ပြန့် နိုင်ပဲ- တစ်ဘက်နဲ့ တစ်ဘက် အပွေးသတ်တဲ့ နည်းကို သုံးလေ့ ရှိပါတယ်။

လူသား တွေဟာ စား၊ ၀တ်၊ နေရေး သာယာ စိုပြည် မှုကို ရှာကြတယ်။ ဒီက တစ်ဆင့် တိုးတက် ကြီးပွား လိုကြတယ်။ ဒါကို အခြေခံပြီး စီးပွားရေး စနစ် ကြီးတွေ ထွန်းကား လာတယ်။ စီးပွားရေး နယ်ချဲ့မှု ကြီးတွေ ကျယ်ပြန့် လာတယ်။- ပြီးတော့ စီးပွားရေး လုပ်ပိုင်ခွင့် နယ်မြေ လုလာ ကြတယ်-။ ဒါတွေကြောင့် ကမ္ဘာစစ်ကြီး ဖြစ်လာရ တယ်လို့ ယေဘုယျ မြင်ထား ကြပါတယ်။- 

စီးပွားရေး နယ်လု တာက တစ်ဆင့် အုပ်ချုပ်မှု အာဏာကို စွက်ဖက် လာတယ် ဆိုတာ မှန်ပေမယ့်-၊ စီး ပွားရေး သမား ပီသသူ တွေဟာ လူမျိုးတုံး သတ်ဖြတ် မှုနဲ့ လူမျိုး ခွဲခြားမှုကို ရှောင်ကြဉ်လေ့ ရှိတယ်။ စီးပွားရေး သမား မှန်ရင် လူမျိုး၊ ဘာသာ၊ အသား အရောင်၊ ဖိုမ၊ အသက် အရွယ် မရှိဘူး။- အကြောင်းက စီးပွားရေး မှန်သမျှ လူဦးရေမှာ မူတည် နေလို့ ပါပဲ။ ကမ္ဘာမှာ ကမ္ဘာစစ်လို့ ခေါ်တဲ့ စစ်ကြီး နှစ်ကြိမ် ဖြစ်ခဲ့ဘူး ပါပြီ။နှစ်ကြိမ်လုံးကိုပြန်ကြည့်ရင်စီးပွားရေးကိုလိုနီချဲ့ခဲ့လို့ဖြစ်ခဲ့တယ် ဆိုတာက အပေါ်ယံ အကြောင်း ပြချက် ပါ။ ဒါကြောင့် စီးပွားရေး နယ်ချဲ့မှု ဟာလည်း ပြိုင်ဘက်ကို အပွေး သတ်တဲ့ နည်းကိုပဲ ကျင့်သုံး ပါတယ်။

တစ်ကယ်တမ်းလူ့အသက်များကို သတ်ဖြတ်မျိုးပြုတ် သုတ်သင်တဲ့ ကမ္ဘာ့စစ်ပွဲကြီး များဟာ အမျိုး သားရေး ၀ါဒကြောင့်သာ ဖြစ်ခဲ့ ရပါတယ်။ ပထမ ကမ္ဘာစစ် ဖြစ်ရတဲ့ အကြောင်း ရင်းကလည်း သြစတီး ယားမှာ အိမ်ရှေ့ မင်းသား ဖရန်စစ် ဖာဒီနန်က သူတို့ ဌာနေ မွတ်ဆလင် အမျိုးသမီး တစ်ဦးနဲ့ ထိမ်းမြား ခဲ့တယ်။ ဒါကို သြစတီးယား အမျိုးသားရေး ၀ါဒီ တွေက ဒေါသ ပုန်ထပြီး အဲ့ဒီ အိမ်ရှေ့ မင်းသားကို လုပ်ကြံ လိုက် တယ်။ ဒီက စခဲ့တာပါ။

ဒုတိယ ကမ္ဘာစစ် ကတော့ ရှင်းပြ နေဘို့ မလို လောက်အောင် ဂျာမန် နာဇီ (အမျိုးသားရေး ၀ါဒီ) တွေနဲ့ ဂျပန် ဖက်ဆစ် အမျိုးသားရေး ၀ါဒီတွေ အကြောင်း မြန်မာ ပြည်သားတွေ သိပြီး ဖြစ်မှာပါ။ ဂျာမန် လူမျိုး ဖွံ့ ဖြိုးကောင်း စားရေး၊ ဂျပန်လူမျိုး ဖွံ့ဖြိုး ကောင်းစားရေး၊ အီတလီလူမျိုး ဖွံ့ဖြိုး ကောင်းစားရေး-ကို ပြု လုပ် ခြင်းမှာ အပြစ် မရှိ ပေမယ့်- ဂျာမဏီလူမျိုး ကလွဲ ဂျာမန် နိုင်ငံ ထဲက ကျန်တဲ့ လူမျိုးကို မျိုးပြုတ် သုတ် သင်မှု၊ အီတလီ လူမျိုး ကလွဲ ကျန်တဲ့ လူမျိုးကို ဖိနှိပ် ချုပ်ချယ်မှု၊ ဂျပန် လူမျိုး ကလွဲ ကျန်တဲ့ လူမျိုးကို လူ့အဆင့် မသတ်မှတ်မှုတွေနဲ့ကမ္ဘာကို လွှမ်းခြုံဘို့ ကြိုးစား လာတော့- ကျန်ကမ္ဘာ ကြီးက ထိုင်ကြည့် နေလို့ မဖြစ်တော့ပါ။ ဒီအတွက် အမျိုးသားရေး ၀ါဒ ကို အညွန့် ချိုးပစ်ဘို့ အကြောင်း ကြုံလာရ ပါတော့တယ်။ ဂျာမဏီ၊ ဂျပန်တို့ ဆိုရင် စစ်ပြီး နောက်ပိုင်း ကိုယ်ပိုင်စစ် တပ်တောင် ထူထောင်ခွင့် မရှိတဲ့ ဘ၀ကို ရောက် သွား ခဲ့ရတယ်။

အခုလည်း မြန်မာ၊ သီရိလင်္ကာ တို့က အမျိုးသားရေး ၀ါဒကို အင်တိုက် အားတိုက် မြေသြဇာ ထည့်လာ တာကို ကမ္ဘာက မြင်နေ ပါတယ်။ စောင့်ကြည့်နေ ပါတယ်။ အကယ်၍ မြန်မာကို ဖြစ်စေ၊ သီရိလင်္ကာ ကို ဖြစ်စေ- လုပ်ချင် ရာလုပ် ဆိုပြီး မသိ ကျိုးကျွံ ပြုထား လိုက်ရင်- ဒီအမှုမျိုး အိန္ဒိယ ကလည်း ကျူးလွန် လာမယ်။ လူလူချင်း တန်ဘိုး မထား တတ်တဲ့ နိုင်ငံတိုင်းက ကျူးလွန် လာမယ်။ ကမ္ဘာ့ နိုင်ငံ တိုင်းမှာ လူနည်းစုလူများတည်ရှိနေပါတယ်။ဗုဒ္ဓဘာသာများတဲ့နိုင်ငံကမွတ်ဆလင်နဲ့ခရစ်ယာန်ကို သတ်ဖြတ် မောင်း ထုတ်၊ ခရစ်ယာန် များတဲ့ နိုင်ငံက ဗုဒ္ဓ ဘာသာနဲ့ မွတ်ဆလင်ကို သတ်ဖြတ် မောင်းထုတ်၊ မွတ်ဆလင် များ တဲ့ နိုင်ငံက ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာကို သတ်ဖြတ် မောင်းထုတ်- ဒီလိုနဲ့ ဂျူး၊ ခရစ်ယာန်၊ ဗုဒ္ဓ၊ ဟိန္ဒူ၊ အစ္စ လာမ်၊ အခြား ဘာသာကွဲ လေးများ အချင်းချင်း ကြီးနိုင် ငယ်ညှင်း စနစ် ကြီးကို ဦးတည် သွားပြီး- ကမ္ဘာ ကြီး Disorder ဖြစ်သွား လိမ့်မယ်။

ဒီအဖြစ် မျိုးကို အတွေ့ အကြုံ ရှိပြီးသား ကမ္ဘာ့ နိုင်ငံ ကြီးတွေက ဘယ်လို နည်းနဲ့မှ အဖြစ် မခံ နိုင်သလို၊ လူပီသတဲ့ လူသားပေါင်း များစွာ ကလည်း ဘယ်လို နည်းနဲ့မှ အဖြစ် မခံဘူး- ဆိုတာ မြန်မာ အစိုးရ သိထား ဘို့ လိုအပ် ပါမယ်။ အခု အချိန်မှာ သီရိ လင်္ကာနဲ့ မြန်မာဟာ ကမ္ဘာ မီးလောင် စေဘို့ အမှိုက် တစ်ခု အဖြစ် ကမ္ဘာ့ အသိုင်း အ၀ိုင်းက သတ်မှတ် စောင့်ကြည့် နေပါပြီ။ အမှိုက် ကစ ပြသဒ်တော့ ဘယ်နည်း နဲ့မှ မီး အလောင်ခံမှာမဟုတ်ပါ။ ကမ္ဘာစစ် ဖြစ်ရမယ့် အစား အဲ့ဒီ နှစ်နိုင်ငံကို ဖျက်ပြီး အသစ် တည်ဆောက် ပေး လိုက်မယ့် ဇယားက ရာနှုန်း ပြည့်ပါ။

မြန်မာ အာဏာပိုင်များက တရုတ်ကြီး အားကိုးနဲ့ လုပ်ချင်တိုင်း လုပ်လို့ရမယ် စိတ်ကူးယဉ်တာက ရှိပါ သေး တယ်။ ဆာ့ဘ် အမျိုးသားရေး ၀ါဒီတွေကို ရှင်းလင်းနေတုံး ၀င်ရှုပ်လို့ ယူဂို ဆလား ဗီးယားမှာ တ ရုတ် သံရုံးပါ ဗုံးကြဲခံရပြီးပြီ။ အခုလည်း ဂျပန်နဲ့ သူပိုင်ကိုယ်ပိုင် ကျွန်းကို တရုတ်က ဗလပြလို့ -US က ဇထုတ် ပြလိုက်ပြီ။ မြန်မာပြည်က အမျိုးသားရေးဝါဒီကို တရုတ်က ၀င်ပင့်ပေးရင် တရုတ်ကို ပါနင့်နေအောင် ကျွေး ဘို့ အဆင် သင့် ဖြစ်နေပြီ။

မြန်မာ ခေါင်းဆောင်တွေ ခေါင်းမာ နေရင် မြန်မာပြည် မြေပုံပါ ပြောင်းသွားဘို့ ရှိနေတယ်။ ကမ္ဘာ စစ်ဆီကို ဦးတည် တဲ့ မီးစ ကိုတော့ ကမ္ဘာက ဒီအတိုင်း လွှတ်ထားဘို့ မရှိပါ။

မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
19.11.2013

ကျွန်တော်တို့ မြန်မာနိုင်ငံ ဧရိယာ ထဲမှာ လူတစ်ဦး၊ လူမျိုး တစ်စုဟာ အစ္စ လာမ် သာသနာကို ကိုးကွယ် လိုက်တာနဲ့ သူ့ကို သက်ဆိုင်ရာ လူမျိုးစုက သူ့ လူမျိုး အဖြစ် လက်မခံ လိုပဲ ကန်ထုတ် ပစ်လေ့ ရှိပါတယ်။ ပြီးတော့ သူ့ကို ကုလား ဆိုတဲ့ လူမျိုး အဖြစ် သတ်မှတ်ပစ် လိုက်ပါတယ်။ အိန္ဒိယ တိုက်က မျိုးနွယ် တစ်ယောက် မြန်မာပြည်ထဲ က အမျိုးသမီး တစ်ဦးနဲ့ အိမ်ထောင် ကျ တယ်။ ကလေးမွေး လာတယ်-၊ အဲ့ဒီ ကပြား လေးက ဗုဒ္ဓဘာသာကို ကိုးကွယ် ရင် သူ့ကို ကုလားမခေါ်ဘူး။ နှာခေါင်း တစ်တောင်လောက် ရှည်နေ ပါစေ၊ မျက်လုံး ဆန်ကောလောက် ကျယ်နေပါစေ၊ အသားသပိတ် လောက် မဲနေ ပါစေ- သူ့ကို ဗမာလို့ သတ်မှတ် လိုက်တော့တယ်။ ကုလားရုပ် ပေါက်လို့ သူ့ကို ကုလားလို့ ခေါ်မိ ရင်တောင် သူက ကျုပ် ကုလား မဟုတ်ဘူး- ဗုဒ္ဓဘာသာ စစ်စစ်ဗျလို့ ဟောက် လိုက်ရင် ခေါ်တဲ့ လူက- ကန်တော့ဗျာ၊ ကန်တော့၊မသိလို့ပါ-၊ဆိုပြီးချက်ချင်းတောင်းပန်တော့တယ်။သူ့ကို မြင်တဲ့ အမြင် ကလည်း သူ့ နှာခေါင်းတွေ ချက်ချင်းပဲ တိုသွား သလိုလို၊ လျှပ်တစ်ပြက် အတွင်း မျက်လုံးပဲ ကျဉ်း သွားသ လိုလို၊ ဖြတ် ကနဲမှာ အ သားပဲ လတ်လာ သလိုလို-၊ ကုလားဆင်-ဗမာလေး ဖြစ်သွား တော့တယ်။

ဗမာ လူမျိုး စစ်စစ်၊ ကရင် လူမျိုး စစ်စစ်၊ မွန်လူမျိုး စစ်စစ် တစ်ဦးဦးက အစ္စလာမ် သာသနာကို သက်ဝင် လိုက်တာနဲ့ သူ့ကို ကြည့်တဲ့ အကြည့်က ချက်ချင်း နှာခေါင်းရှည်၊ မျက်လုံးပြူး၊ မျက်ခုံးထူ၊ အသားမဲ သွားသ လိုလို- ကြည့်သူရဲ့ အမြင် မျက်လုံး သားငယ်အိမ် ထဲမှာကို ကုလား ဆိုတဲ့ အမြင်ဖြစ် သွားတော့တယ်။

ကျွန်တော်တို့ မြန်မာ ပြည်က မွတ်ဆလင်တွေ မှတ်သား ဘို့က အစ္စလာမ် သာသနာကို သက်ဝင် လိုက် တာနဲ့ အဲ့ဒီ လူကို ပတ်ဝန်း ကျင် ကြီးက ကုလား လို့ ခေါ်လိုက် ယုံမျှမက သူတို့ရဲ့ မျက်လုံး သားငယ် အိမ် ထဲ မှာကို အဲ့ဒီ အစ္စလာမ် သာသနာဝင်ရဲ့ ရုပ်ရည်ဟာ သူတို့ သတ်မှတ်တဲ့ ကုလားရုပ် ထွက်သွားပြီ ဆိုတာ ပါပဲ ။ နောက်ဆုံး တရုတ် လူမျိုး အစ္စလာမ် သာသနာဝင် တွေ ကိုတောင် ပန်းသေး ကုလားလို့ သတ်မှတ် ထား တာပါ။

အိန္ဒိယသား စစ်စစ် သို့မဟုတ် သီရိလင်္ကာသား စစ်စစ် အသားမဲ၊ နှာခေါင်းရှည်၊ မျက်လုံး ပြူးတဲ့ လူတစ်ဦး ဗုဒ္ဓ ဘာသာကို ကိုးကွယ်ရင် သူ့ကို ကုလား မခေါ်ဘူး-၊ မတော် တဆ ခေါ်မိရင်တောင် ခေါ်တဲ့လူ ကိုယ် တိုင်က အဲ့ဒီ ကုလားကို ကုလား အစစ်လို့ မသတ်မှတ်ဘူး။ အစ္စလာမ် သာသနာ ကိုးကွယ်သူ ကိုပဲ ရည် ရွယ် သတ်မှတ်ပြီး ကုလားလို့ ခေါ်တွင် နေခြင်းသာ ဖြစ်တယ်။

အခု ကျွန်တော်တို့ မြန်မာ ပြည်က အစ္စလာမ် သာသနာဝင် တွေမှာ လူမျိုးနွယ် ကိုယ်စီ ရှိပါတယ်။ အဲ့ဒီ လူ မျိုးနွယ် ကိုယ်စီဟာ ကိုယ့်လူမျိုး နဲ့ကိုယ် ခိုင်ခိုင် မာမာ ရပ်တည် ရမှာ ပထမ ဦးစားပေး အချက်ပါ။ လူမျိုး တစ်မျိုး ချင်းစီ က ပျောက်ဆုံး တိမ်မြုပ် သွားလို့ မဖြစ်ပါ၊ အတိမ် မြုပ်လည်း မခံနိုင်ပါ။ သို့သော် အစ္စလာမ် သာသနာဝင် ချင်းချင်း ဘုံ အုပ်စု ဖွဲ့တဲ့ အခါ- သတ်မှတ် စရာ ခေါင်းစဉ်ဟာ ကုလား ဆိုတဲ့ စကားလုံးမှ အပ အခြား မရှိပါ။

ပသီ ကိုလည်း ပသီ ကုလားလို့ ခေါ်မယ်။ ပန်းသေး ကိုလည်း ပန်းသေး ကုလားလို့ ခေါ်မယ်။ ရိုဟင်ဂျာ ကိုလည်း ရိုဟင်ဂျာ ကုလား သို့မဟုတ် ရခိုင် ကုလားလို့ ခေါ်မယ်။ ကမန် ကိုလည်း ကမန် ကုလား လို့ခေါ် မယ်။ စူရ်တီ ကိုလည်း စူရ်တီ ကုလားလို့ ခေါ်မယ်။ ဘယ် လူမျိုးနွယ် ဖြစ်ဖြစ် အစ္စလာမ် သာသနာ ကို ကိုးကွယ်ရင် ကုလား ဆိုတဲ့ ဘွဲ့ကတော့ ပါပြီးသား ဖြစ်နေပါပြီ။ ရိုဟင်ဂျာ ပသီ၊ စူရ်တီ ပသီ၊ မေမန် ပသီ၊ ကျူလီယာ ပသီ၊ ကမန် ပသီ၊ ပန်းသေး ပသီ ရယ်လို့ ပသီ ဘွဲ့တွဲ ခေါ်ဘို့ ဆိုတာ စိတ်ကူးယဉ် လို့ကို မရနိုင် ပါ။ အမှန်ကို အမှန် အတိုင်း လက်ခံရဲ သူများ အတွက်သာ တော်လှန်ရေး ဆိုတာ ရှိနေပါတယ်။

ကုလား ဆိုတဲ့ စကားလုံးကို မြန်မာ မွတ်ဆလင်တွေ မရှောင်သင့် တော့ပါ။ ကုလား ဆိုတဲ့ လူမျိုး၊ ကုလား ဆိုတဲ့ အမည် နာမဟာ မြန်မာနိုင်ငံ ရယ်လို့ မဖြစ်တည်မှီ ကတည်းက ရှိနေခဲ့တဲ့ လူမျိုး ဖြစ်ပြီး အခု အချိန် ထိ တည်ဆဲ ခေါ်ဆဲ လူမျိုးလည်းဖြစ်ပါတယ်။ မြန်မာ့ ရာဇ၀င် အဖုံဖုံမှာ- လက်ရှိ မြန်မာ နိုင်ငံက လူ မျိုး တွေဟာ မြန်မာ သတ္တ၊ မွန်သုံးဝ၊ ရှမ်းနှစ်ဆယ့်ခွန်၊ ကုလား ခြောက်ဆယ့်လေး- (စုစုပေါင်း လူမျိုး တစ် ရာ့ တစ်ပါး) နဲ့ ဖွဲ့စည်း ခဲ့တာကို ချည်း ဖေါ်ပြထား ပါတယ်။ ဒီအထောက် အထားက ငြင်းမရနိုင် သလို-၊ လက်ရှိ မြန်မာ နိုင်ငံမှာ ရှိနေတဲ့ လူသား တစ်ဦးကို အပုံ ၁၀၁ ပုံ ပုံလိုက်ရင် သူ့မှာ ကုလားဓါတ် ၆၄ ပုံ ပါဝင်နေ ကြောင်းလည်း သက်သေ ဖြစ်နေ ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ တွင်းက လူသား တစ်ဦး တိုင်းရဲ့ ရာနှုန်း ၆၀ ကျော်သော ဓါတ်ဖွဲ့စည်း မှုမှာ ပါဝင် နေခြင်းပါ။ ဒါကြောင့် ကုလား ဆိုတာ မြန်မာနိုင်ငံ အတွင်း က လူတစ်ဦးချင်း အပေါ်မှာ ကျေးဇူး ၆၀ ရာနှုန်း တည်နေတဲ့ ဓါတ်၊ အမည် နာမ တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဂုဏ်ငယ် စရာ မရှိပါ။ (လက်ရှိ ဗမာ ဆိုတဲ့ လူတစ်ဦးကို DNA စစ် လိုက်ရင် အနည်းဆုံး ကုလားဓါတ် ၆၀ ရာနှုန်းတည် ရှိနေတာကို တွေ့ရပါ လိမ့်မယ်။)

မြန်မာ မွတ်ဆလင် ဆိုတဲ့ အမည် နာမက- ဘာသာရေး အသွင်ဆောင်တဲ့ အမည် နာမ ဖြစ်ပါတယ်။ ဒီနာမည် မျိုးကို ကျွန်တော်တို့ ရှောင်ရပါမယ်။ ဒီနာမည် မျိုးဟာ အနာဂါတ် အတွက် လုံးဝ မကောင်းတဲ့ နာမည် ဖြစ်ပါတယ်။ ကျွန်တော် တို့က မြန်မာ မွတ်ဆလင် ခံယူ လိုက်ရင်- ဗုဒ္ဓဘာသာ များက မြန်မာ ဗုဒ္ဓ လူမျိုး ခံယူ လာမယ်။ ခရစ်ယာန်များကမြန်မာ ခရစ်ယာန်လူမျိုး ခံယူလာမယ်- (ကိုယ်တွေ လူမျိုး သတ် မှတ် သလို သူများ သတ်မှတ် တာကို ကန့်ကွက်လို့ မရပါ။) ဒီလို ဖြစ်လာရင် ဘာသာရေး အသွင်ဆောင် ပြီး ပြသနာတွေ အကြီး အကျယ် ဖြစ်လာဦးမှာ သေချာပါတယ်။ ဒါတွေ ကိုလည်း ကြို တင် တွေးရ ပါမယ်။

ကျွန်တော်တို့ မြန်မာ ပြည်က မွတ်ဆလင်တွေ- ကုလား ဆိုတဲ့ ဘုံအုပ်စု အမည် တစ်ခုကို ပြတ်ပြတ် သားသား ရဲရဲ တင်းတင်း ခံယူ ရဲတဲ့ သတ္တိကို ထားဘို့ မေတ္တာ ရပ်ခံ ပါတယ်။ ကုလား ဆိုတာ ဘုံ အမည် နာမ ဖြစ်လို့ ကုလား ခေါင်းစဉ် အောက်မှာ ပသီ၊ ပသျှူး၊ ရိုဟင်ဂျာ၊ ကမန်၊ ပန်းသေး၊ ကျူလီယာ၊ မေမန်၊ စူရ်တီ ပျောက်ဆုံး သွားရ မယ်လို့ မဆိုလိုပါ။ ဘုံခေါင်းစီးက ဘုံခေါင်းစီး၊ လူမျိုး နွယ်က လူမျိုးနွယ်- သီးခြား ခွဲမြင် ဘို့လည်း လိုပါမယ်။ အခု ရှမ်းလူမျိုး များကို ကြည့်ပါ။ အခု ချင်းလူမျိုး များကို ကြည့်ပါ။ အခု ကရင် လူမျိုး များကို ကြည့်ပါ။ အဲ့ဒီ ဘုံအမည် နာမ ရှမ်း၊ ချင်း၊ ကရင် ဆိုတဲ့ ခေါင်းစီး အောက်မှာ သီးခြား မျိုးနွယ် စု တွေ တည်ရှိ နေပါတယ်။

ကျွန်တော် တို့လည်း ကုလား ဆိုတဲ့ အလံ တစ်ခုမှာ လူမျိုးနွယ် တွေဟာ ကြယ်ပွင့်တွေ သဘော ဖြစ် ပါ တယ်။ အလံ မရှိရင်-၊ အောင်လံ စိုက်ထူဘို့ ဖြစ်လာ နိုင်ဘွယ် မရှိတော့ပါ။


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့

ဌေးလွင်ဦး
RB News
15.11.2013

မြန်မာနိုင်ငံ အတွင်းမှာအစ္စလာမ်သာသနာ ကိုးကွယ် ယုံကြည် သူများ အပေါ် မျက်ကန်းအမျိုးသားရေး ဗုဒ္ဓ၀ါဒီ တွေက- ဘာသာရေး စစ်ပွဲ အဖြစ် စ နစ်တ ကျ စီ မံချက်ချ ဆင်နွှဲ နေကြောင်း အခု အိုအိုင်စီ အတွင်းရေး မှုးချုပ် သွားမှ ရှင်းရှင်း လင်းလင်း အံကျ လာပါ တော့တယ်။

၁၉၈၂ ခု နိုင်ငံသား ဖြစ်မှု ဥပဒေကို ကျွန်တော် ဘယ် စဉ်ကမှ မငြင်းခဲ့ပါ။ ရို ဟင်ဂျာလူမျိုးတွေဟာ ရှေးနှစ်ပေါင်း လေးထောင်ကျော် ကတည်းက ရ ခိုင် ဒေ သရဲ့ မူလ ဘူတ လူမျိုးများ ဖြစ်ကြောင်း ၁၉၈၂ ခု ဥပဒေ အရပင် သူတို့ ဟာ ရ ခိုင် ဒေသရဲ့ တိုင်းရင်းသား ဖြစ်ရမယ့် လူမျိုး ဖြစ်ကြောင်း ကိုပဲ တစ်စိုက် မတ်မတ် တင်ပြ ခဲ့ပါတယ်။ ဦး သိန်းစိန် ဦးဆောင် နေတဲ့ မျက်ကန်း ပညာမဲ့ အစိုးရ အုပ်စုဟာ- သမိုင်း ကိုလည်း မလှန်နိုင် ကမ္ဘာကို လှည့် ပတ် လိမ်တဲ့ လိမ်ညာနည်း ကိုးကုဋေလည်း ကုန်ဆုံး ခဲ့ပြီး- နောက်ဆုံးတော့၊ အိုအိုင်စီကို ဆန္ဒပြခိုင်း ထား တဲ့ သူ့လက်ပါးစေ များ ပါးစပ်က တစ်ဆင့် ၁၉၈၂ ဥပဒေ ဆိုတာ အစ္စလာမ် သာသနာဝင် များ ကို နိုင် ငံ သား ဖြစ်ခွင့်က တမင်ရည် ရွယ် ပြဌာန်း ထားတဲ့ ဥပဒေ ဖြစ်ကြောင်း ဒီဥပဒေ ကို ပြင် ဆင် ဘို့ ပြောသူ အားလုံးဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးသူ ဖြစ်ကြောင်း ၂၀၁၃ ခု နိုဝင် ဘာ လ ၁၂ ရက်နေ့မှာ လူသိရှင်ကြား ပွင့်အံ ကျလာ ပါတော့ တယ်။ (ကျေးဇူးတင် ပါတယ် ဦးသိန်းစိန်)

တစ်ဘက်မှာ အတိုက်အခံ ခေါင်းဆောင်ဟောင်း (အရင်က opposition အခု corporation) ဖြစ်ခဲ့ တဲ့ဒေါ် အောင် ဆန်းစုကြည်ကလည်း မိမိတစ်ဦးသမ္မတဖြစ်ရေး အတွက် ဖွဲ့စည်း ပုံကို ပြင် ဘို့ သာ သောင်း ကျန်း နေပြီး လူပေါင်း ၁၀ သန်းလောက် နိုင်ငံမဲ့ ဖြစ်ရမယ့် ၈၂ ဥပဒေ ကိုတော့ နှ လုံး လှိုက် လှဲ အ တည် ပြု ထားဘို့ အာသာ ငမ်းငမ်း တက်နေ ပါတယ်။ ဘ၀င်မြင့် ရောဂါ အတိုင်း အဆ မရှိဘဲ- အိုအိုင် စီ အ တွင်းရေးမှုး ကိုတောင် မတွေ့ချင် သလို လို မပြောချင် လိုလို လေသံမျိုးတွေ ထုတ်ပြ နေပါ သေးတယ်။ (ကျေးဇူးတင် ပါတယ် ဒေါ်စုကြည်)

အခု အချိန်ဟာ ဘီလူးမ သားလုတဲ့ ဇတ်လမ်းလို ပြည်ထောင်စု ပြိုကွဲ ပျက်စီး သွားမှာကို တစ်ကယ် ငဲ့နေ ထိန်း ပေးနေ ရတာက ကျွန်တော် တို့ပါ။ သမိုင်း အရလည်း ပြောပြီးပြီ။ နိုင်ငံတစ်ကာ ကလည်း နားချ ပြီးပြီ။- မပေးချင် လို့ မပေးဘူးလို့ မိုက်ကြေးခွဲ နေသူ တွေဆီက - ငါ တို့လည်း ရတဲ့နည်းနဲ့ ယူတယ်ကွ ဆို တဲ့ အဆင့် အတွက် ဆံချည် တစ်မျှင်ပဲ ကျန်ပါ တော့တယ်။ ဒါလေး ကိုတော့ လုံးဝ ယုံကြည် လိုက်ပါ။ အို အိုင်စီ ဆိုတာ အစ္စလာမ် နိုင်ငံများ ၅၇ + ဖြစ်ပါတယ်။ (+) ဆိုတာ ဘာလဲ-၊ နားလည်အောင် ကြိုးစား လိုက်ပါ။ အဲ့ဒီ + ထဲမှာ အီးယူ၊ ကနေဒါ၊ အမေရိကန်၊ ရုရှား၊ တရုတ် နဲ့ ကျန်အင်အားကြီး နိုင်ငံတွေ ပါ ၀င် နေတယ်။ ဒီလောက် ဗဟုသုတ မဲ့နေ တော့- အခု အိုအိုင်စီ အတွင်းရေး မှုးကြီး သွားခိုက် အမေရိ ကန်က ခေါင်းဆောင်တွေ တစ်ပြိုင်နက် သွားတာ၊ အီးယူက ခေါင်းဆောင်တွေ သွားတာ၊ နောက်ဆုံး တစ်ခု ခု ဆို လုံခြုံရေး ယူဘို့ ရုရှ စစ်သင်္ဘောတွေ ပါသွားတာ ရော- သဘောပေါက် ပါရဲ့လား။ (ရုရှားက ဗုဒ္ဓဘာ သာကို နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ် ပေးဘို့ သွားတယ် များ ဘ၀င် လေဟတ် ထင်မှတ် နေပါ သလား)။

ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးဟာ မြန်မာနိုင်ငံ ထဲက မူလဘူတ တိုင်းရင်းသား လူမျိုး ဖြစ်တယ်လို့ တရုတ်၊ ရုရှား အားလုံးက သဘော တူပြီး UN မှာ ဥပဒေ အခိုင်အမာ ပြုပြီးသား ဖြစ်နေပြီ-၊ ဒီကိစ္စကို မြန်မာ အစိုးရက သဘော မတူလို့ ရကို မရတော့တဲ့ သတင်းကို ကမ္ဘာ့ ဒုတိယ အကြီးဆုံး အဖွဲ့ အိုအိုင်စီက သွားပေး ရခြင်း ဖြစ်တယ်။ အိုအိုင်စီ ဆိုတာ အစ္စလာမ်မစ် အဖွဲ့ မဟုတ် ခဲ့ဘဲ အခြား ခေါင်းစဉ်နဲ့ ဖြစ်နေ ရင်လည်း ကမ္ဘာ့ ဒုတိယ အင်အား အကြီးဆုံး အဖွဲ့ အနေနဲ့ UN mandate နဲ့ မြန်မာပြည် အတွက် နောက်ဆုံး ရာဇသံ သ တင်းကို သွားပေး ရမှာပါ။

ရခိုင် အမည်ခံ အနောက်သား ဘင်္ဂလီ တွေကို ကမ္ဘာ့ ခေါင်းဆောင် များထက် ပိုပြီး ကြောက်ရွံ့ နေရလို့ ဆိုတာက တော့ ယုတ္တိမဲ့ နေပါတယ်။ မိမိတို့ဟာ မိမိတို့ ဘ၀င်မြင့် ရောဂါ ဖြစ်ပြီး ဗုဒ္ဓသာသနာ စောင့် နတ် မင်း ကြီးများလို ပညာမဲ့စွာ ခံစားနေတယ် ဆိုတဲ့ အချက်က မြန်မာ ပြည်က ခေါင်းဆောင် တွေဟာ ကျပ် မပြည့် မှုနဲ့မှာ ပီတိ ဖြစ်နေတယ် ဆိုတာ ကိုလည်း ထင်ရှားစေ ပါတယ်။

အိုအိုင်စီနဲ့ ကမ္ဘာ့ အသိုင်း အ၀ိုင်းဟာ လူပီသတဲ့ လူသား တွေပါ။ ဗုဒ္ဓဘာသာကို ဖျက်ဆီးဘို့ စိတ်ကူးကို မရှိဘူး-၊ တစ်ကယ်တမ်း ဗုဒ္ဓဘာသာကို ဖျက်ဆီး လိုက်တာက ဗမာပြည်က ကျပ်မပြည့်တဲ့ ရဟန်း အရူးများ ကိုယ်တိုင် ဖြစ်ပြီး ဒီ ရဟန်း အရူးတွေကို လှိုက်လှိုက် လှဲလှဲ ကျားကန် ပေးထားတဲ့ ဦးသိန်းစိန် အုပ်စု၊ သူတို့ ဘက် က ရှေ့နေ လိုက်ပေး နေတဲ့ အတိုက် အခံ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်း စုကြည် သာ ဖြစ် ပါတယ်။ သူတို့ ကိုယ်တိုင် ဖျက်လို့ ပျက်စီး ခဲ့ပြီး ကမ္ဘာက အကြမ်းဖက် ဘာသာလို့ ကင်ပွန်း တပ်ခဲ့ပြီး အပြစ်ကို သူတစ်ပါးထံ လက်ညှိုးထိုး လို့လည်း အပိုသာ ဖြစ်သွား ပါမယ်။

ကျွန်တော်တို့ တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ အနေနဲ့ မြန်မာပြည် ထဲက ရိုးသားတဲ့ သာမန် ဗုဒ္ဓ ဘာသာ လူထု အတွက် အလွန် စိတ်မကောင်း ဖြစ်မိ ပါတယ်။ အဲ့ဒီ မျက်နှာတွေကို ထောက်ထားပြီး ဗုဒ္ဓ ဘာသာကို ပျက်စီးရာ ပျက်စီးကြောင်း မကြံစည် ခဲ့ဘူး။ တွေးလည်း မတွေး ခဲ့ဘူး။ မိမိတို့ရဲ့ ရှေး ဘိုးဘွား သက်ဝင် ခဲ့တဲ့ ဘာသာတရား တစ်ခုကို ပစ်များ မှုတောင် မရှိခဲ့ဘူး။ (ကိုယ်နှစ်သက် တာကို ကိုယ်ကိုးကွယ် တာက လွဲလို့ပေါ့။) တစ်ကယ်မှာ မြန်မာပြည်က ဗုဒ္ဓဘာသာဟာ ကိုယ့်ကိုယ်ကို ဖျက် သံချေးတက် သွား ခြင်း သာ ဖြစ်ပါတယ်။ 

ဘယ်လို အကြောင်းကြောင့် ဖြစ်စေ- ကျွန်တော်တို့ အားလုံး ဘုံပိုင်တဲ့ နိုင်ငံ တစ်ခု ထဲက လူသား အား လုံးကို မြန်မာမှု ပြုမယ် ဆိုရင် လိုလို လားလား လက်ခံ နိုင်ပေမယ့် ဗုဒ္ဓမှု ပြုမယ် ဆိုရင်တော့-၊ တိုင်းပြည် တစ်ခုခုံး ပြိုကွဲ ပျက်စီး သွားပါ လိမ့်မယ်။ (ဒီစကားကို ကျွန်တော် မကြာခဏ ပြောနေ ခဲ့တာ-၊ တိုင်း ချစ် ပြည်ချစ်တွေ သတိထား မိစေ လိုတယ်။)

ရခိုင်နယ်မှာ အစ္စလာမ် သာသနာ ကိုးကွယ်ရင် ဘင်္ဂလီလို့ အတင်း စွပ်စွဲ ခံရတယ်။ ခရစ်ယာန် ဘာသာကို သက်ဝင်တဲ့ ရခိုင် လူမျိုး အစစ်ကို ချင်း လူမျိုးလို့ အတင်း စွပ်စွဲ ခံရတယ်။ ဒီအမှုကို လ၀က တွေကိုယ်တိုင် အာဏာ ဖိအားနဲ့ ဗြောင်ကျူးလွန်တယ်။ ပြည်မ ဘက်မှာ ဗမာ လူမျိုး စစ်စစ်က အစ္စလာမ် သာသနာကို သက်ဝင် တာနဲ့ အိန္ဒိယ သို့မဟုတ် ဘင်္ဂလား ဆိုပြီး အတင်း စွပ်စွဲ ခံရတယ်။ ခရစ်ယာန်ကို သက်ဝင်တဲ့ ဗမာ လူမျိုး အစစ်ကို အနည်းဆုံး ကရင်+ ဆိုပြီး စွပ်စွဲ ခံရတယ်။- ဒါတွေ အားလုံး ကမ္ဘာ့ ခေါင်းဆောင်တွေ ဆီမှာ အထောက် အထား အပြည့် အ၀ ရှိနေ ပါပြီ။ 

ဒီလို တစ်ဘက်သတ် ဗုဒ္ဓမှု ပြုနေ တာကို နိုင်ငံတော် ကိုယ်တိုင်က ကျူးလွန် နေတယ် ဆိုရင် ၁၉၈၂ ခု ဥပဒေကို လုံးဝ ဖျက်သိမ်း ပေးရမယ်။ ဒီအတွက် ရက်ပေါင်း ၃၀ ပဲ အချိန် ပေးနိုင်မယ်။ 


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
5.11.2013

လက်ရှိ ဖြစ်ရပ်တွေ ရုန်းကန် လှုပ်ရှားရမှု တွေဟာ နောင်တစ်ခေတ်မှာ သ မိုင်း ဖြစ်လာ ပါတယ်။ အထူးသဖြင့် မြန်မာ နိုင်ငံဟာ လူတိုင်း မျှော်လင့် ခဲ့တဲ့ ဒီမိုကရေစီ စနစ်အတွက် အခု အချိန်ဟာ အပြောင်းအလဲ ကာလလို့ ဆိုရမှာပါ။ တိုင်းဒေသ တစ်ခုမှာ ပြည်သူ ပြည်သားက အများစုပါ။ သို့သော် သမိုင်းတင် ကျန်ရစ်သူ များက အသင်း အဖွဲ့တစ်ခု သို့မဟုတ် လူအုပ်စု တစ်စု သာ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံသားများ တစ်ကယ် လိုချင်တာ ဒီမိုကရေစီ ဆိုတာ ပါ။ ရွေးကောက် ပွဲနိုင် နိုင်ငံရေးကို မျှော်လင့်ခြင်း မဟုတ်ပါ။ ရွေးကောက်ပွဲနိုင် နိုင်ငံရေး စနစ်နဲ့ ဒီမိုကရေစီ စနစ်ဆိုတာ လွ န်စွာ ကွာခြား လှပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ- တန်းတူ ညီမျှ အခွင့်အရေး+ တိုင်းပြည်ကို ဂုဏ်သိက္ခာ ရှိအောင် ဦးဆောင် နိုင်သူအား ရွေးချယ်တဲ့ စနစ် ဖြစ်ပါတယ်။ အများကြိုက် လိုက်လျှော ဆင်ခြေမှား+ အများကြိုက် သရုပ်ဆောင်အား ရွှေးချယ် တင်မြှောက် တဲ့ စနစ်က နာဇီဝါဒ ဖြစ်ပါတယ်။

ဥပမာ ဟစ်တလာကို ကြည့်ပါ။ သူဟာ အာဏာသိမ်း စစ်ခေါင်းဆောင် တစ်ယောက် မဟုတ်ပါ။ ပထမကမ္ဘာ စစ်ဒဏ်ကို ခံထားရပြီး မွန်းကြပ်နေတဲ့ လူထုကို လူထုကြိုက် အမျိုးသားရေး စကားလုံးများ နဲ့ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ ရွေးကောက်ပွဲနိုင် ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ လူထုက အဖေ လို့ ခေါ်တွင် ခံခဲ့ရတဲ့ လူသား တစ်ယောက်ပါ။ သူဟာ ဒီမိုကရေစီ စနစ် ဆိုတာထဲက ရွေးကောက်ပွဲ နဲ့ ခေါင်းဆောင် ဖြစ်နိုင်တယ် ဆိုတဲ့ အချက် ကိုပဲ အသုံးချ သွားခဲ့သူ ဖြစ်ပါတယ်။ သူ့ဦးဆောင်မှုနဲ့ ဂျာမ ဏီ နိုင်ငံကြီး ဟာလည်း မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့ရ ပြီး ကမ္ဘာ့ အလယ်မှာ လူမျိုးတုံး သတ်မှုနဲ့ စစ် ရာ ဇ၀တ်မှု ကျူးလွန်တဲ့ နိုင်ငံကြီး ဖြစ်ခဲ့ရပြီး ဘာလင် မြို့ကြီးကိုပင် တိုင်းတစ်ပါး လက်ထဲ ဝေစုခွဲ ပေးခဲ့ရတဲ့ အဖြစ်ကို ကြုံလိုက် ရပါတော့တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာလည်း စစ်ဘေး စစ်ဒဏ်နဲ့ မွန်းကြပ်နေ ခဲ့ရတဲ့ နိုင်ငံ တစ်ခုပါ။ မွန်းကြပ်မှုကို ခံစားရ တဲ့ ပြည်သူတိုင်းမှာ ထွက်ပေါက်ကို မျှော်လင့် စမြဲပါ။- ဒီမိုကရေစီ စနစ်ဆိုတာ သူတို့ရဲ့ ထွက်ပေါက်လို့ သူတို့ ယုံကြည် ခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ စနစ်ဆိုတာ ရွေးကောက်ပွဲ ရှိတယ်၊ လူ တစ်ယောက် တည်းက အာဏာ ကို မလွတ်တမ်း ကိုင်ထားလို့ မရသလို စစ်တပ် ကလည်း အာဏာ သိမ်းပြီး (လူထု ငြီးငွေ့ပြီးသား ဖြစ်တဲ့) စစ်အုပ် ချုပ်ရေးနဲ့ သွားလို့ မရဘူး ဆိုတာလောက်ပဲ သိနေခဲ့ ပါ တယ်။ ဒီအသိ လောက်ကိုပဲ မြန်မာ့ ခေါင်းဆောင် များက လူထုကို လမ်းပြ ခဲ့ပါတယ်။ ပြီးတော့ စစ်အုပ် ချုပ်ရေးနဲ့ အာဏာပိုင် တို့ကို အာဏာကို ရာသက်ပန် ကိုင်မထားနိုင် တဲ့အခါ- လူထု အကြိုက်နဲ့ သမ္မတ လုပ်မယ့် ဟန်ပြင်နေ သူများက လူထုဆီက မဲရစေဘို့ လူထု အကြိုက် လိုက်ပြီး အလိုက်သင့် ဟန်ရေးပြ ခဲ့ပါ တော့တယ်။

တစ်ကယ်တော့ လူထုဆိုတာ သာမန် ရိုးရိုး လက်လုပ် လက်စားများ ပါတယ်။ သူတို့ ဘ၀ပြေလည် နေရင် သူတို့က အုပ်ချုပ်ရေး ဘက်ကို စိတ်ဝင်စားမှာ မဟုတ်ပါ။ ဘ၀များ ကြပ်တည်း လွန်းလို့- အုပ်ချုပ်သူ မကောင်းလို့ ဆိုပြီး အုပ်ချုပ်သူ အဟောင်း များကို အော်ဟစ် ဆဲဆို မောင်းထုတ် လိုပြီး သူတို့ အတွက် ကြားဘူး နားဝ စကားလုံး ဒီမို ကရေစီ ဆိုတာကို ကျယ်ကျယ် ပြောနိုင်သူကို မျှော်လင့် ခဲ့တဲ့ အဆင့်ပဲ ရှိပါတယ်။ တစ်ကယ်တော့ ဒီမိုကရေစီ စနစ်ဟာ- တန်းတူညီမျှ အခွင့်အရေးနဲ့ တိုင်းပြည်ကို ဂုဏ်သိက္ခာ ရှိအောင် ဦးဆောင်မယ့် သူအား ရွေးချယ်မှု ဆိုတဲ့ ခေါင်း၊ ပန်း ခွဲမရနိုင်တဲ့ ဒင်္ဂါး တစ်ခုသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုတဲ့ ဒင်္ဂါး တစ်ပြားပေါ်က တန်းတူညီမျှ အခွင့်အရေးကို ဖယ်လိုက်ရင် ဖြစ်စေ၊ သို့မဟုတ် တိုင်းပြည်ကို ဂုဏ်သိက္ခာ ရှိအောင် ဦးဆောင် နိုင်မယ့် သူအား ရွေးချယ် ခွင့်ကို ဖြစ်စေ ဖယ်လိုက်ရင်- ဒီမိုကရေစီ ဒင်္ဂါးလည်း အလိုလို ပျက်ပယ် သွားပါတယ်။

အခုတော့- မြန်မာ့ပြည်မှာ ဒီမိုကရေစီလို့ အသံ အကျယ်ဆုံး အော်ဟစ်နေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က တန်းတူ ညီမျှ အခွင့်အရေး ဆိုတာ ခဏထား လိုက်ဦး- လူ့အခွင့်အရေး ဆိုတာတောင် သူတို့နဲ့ မဆိုင် သလိုလို ကမ္ဘာသိ ပြောလိုက်တာက ရှိသေးတယ်။

တိုင်းပြည်ကို သိက္ခာ ရှိအောင် ဦးဆောင် သူအား ရွေးချယ်နိုင်ခွင့် ဆိုတာလည်း အလွန် ကျယ်ပြန့်ပါတယ်။ တိုင်းသူ ပြည်သား များရဲ့ သိက္ခာ ဆိုတာမှာ ပညာတတ်မှု၊ စားဝတ်နေရေး ပြေလည်မှု၊ ကျမ္မာ ရွှင်လန်းမှု၊ လူနဲ့ လူ့ ကျင့်ဝတ်များကို သိတတ်မှု၊ ဆွေမျိုး၊ မိတ်ဆွေ၊ ပတ်ဝန်းကျင် ကမ္ဘာသူ ကမ္ဘာသား များနဲ့ ပြေလည် ကြည်ဖြူစွာ ဆက်ဆံတတ်မှု၊ ဘ၀ လုံခြုံမှု စတာတွေ အားလုံး ပါဝင်တယ်။ အခုတော့ တိုင်း သူ ပြည် သားတွေကို သိက္ခာရှိ အောင် သယ်ပိုး လမ်းပြမယ့်အစား- လူထု အကြိုက်ကို လိုက်နေ ရတာက ပိုများ လွန်း နေတာကို တွေ့ရပြန်တယ်။ လူထု အကြိုက်ကို လိုက်ရသူဟာ လူထုလောက် ပညာမတတ် လို့-သာ ဖြစ်ပြီး လူထုကို ဦးဆောင် သယ်ပိုးနိုင်သူ မဟုတ်လို့ ဆိုတာ ရှင်းလင်းပါတယ်။ လူထုကို အမှန် တ ရား ကို တင်ပြနိုင်သူ- အမှန် တရားဘက်ကို သယ်ပိုးနိုင် သူသာ လူထု ခေါင်းဆောင် ဖြစ်မှာပါ။ အမှန် တရားကို မတင်ပြရဲ သူဟာ လည်း သိမ်ငယ် တတ်သူ သာ ဖြစ်ပါတယ်။ အမှန် တရားကို လူထုကို တင်ပြလို့ လူထုက မုန်းဘို့ မရှိဘူး ဆိုတာလောက်တော့ ခေါင်းဆောင် ဖြစ်ချင်သူတွေ သိနားလည်ဘို့ သင့်ပါတယ်။

မြေသိမ်းယာသိမ်း ကိစ္စကို လိုက်ဖြေရှင်း နေဘို့ မလိုပါ။- လယ်သမားတွေ လယ်လုပ်စား စရာမလိုဘဲ ချမ်းသာ ကြွယ်ဝ သွားအောင် ဆောင်ကြဉ်း ပေးနိုင်ဘို့သာ လိုပါတယ်။ သူတို့ဘ၀ တစ်ကယ် ချမ်းသာ သွား ရင် အဲ့ဒီ လယ် မြေတွေကို နိုင်ငံအတွက် သူတို့ကိုယ်တိုင် ရက်ရက် ရောရော လှုဒါန်းလာ ပါလိမ့်မယ်။- အဲ့ လို ဆောင်ကြဉ်းပေး နိုင်တဲ့ ခေါင်းဆောင် မျိုးသာ လူ့ဂုဏ်သိက္ခာကို မြှင့် တင် ပေးနိုင် တဲ့ ခေါင်းဆောင် မျိုး ဖြစ်လာမှာပါ။ ဒီမိုကရေစီ ခေါင်းဆောင် ဖြစ် လာမှာပါ။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ထပ်ဆင့် ကံမဆိုး စေချင်ပါ။ ဒီမိုကရေစီကို တစ်ကယ် နားလည်ပြီး ဒီမိုကရေစီပန်း တိုင်ကို တစ်ကယ် သယ်ပိုးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်လာဘို့သာ ဆုတောင်းရ ပါတော့မယ်။


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
25.10.2013

ကျွန်တော်တို့ မြန်မာ မွတ်ဆလင် အစု အွမ္မတ်မှာ အွမ္မတ် တစ်ခုလုံးကို မားမား မတ်ရပ် တည်ပေး မယ့်ခေါင်းဆောင် ပျောက်နေတယ်။ ဘာသာရေး အယူ အဆ ကွဲပြားမှုကို အခြေခံပြီး အတွင်း ဗိုလ်လုမှုနဲ့ မိမိရဲ့ ဂိုဏ်းဂန ကြီးထွားမှု အတွက် ပဲ အုပ်စု ခေါင်းဆောင် တွေက လုံ့လ ပြုနေတယ်။ မမြင်ရတဲ့ ဂျနတ်ကို လက် ညှိုးထိုး ပြပြီး ငါ့နောက်ကို လိုက်မှ ဂျနတ်ကို ရောက်မလိုလို တွေနဲ့ သက်ဆိုင်ရာ နောက် လိုက် တွေ ကို မြှူဆွယ် နေတယ်။ အယူမတူ သူတွေ ကို မဟာ ရန်သူကြီး တွေလို ခြေမှုန်း နေတယ်။ အချင်းချင်း ဖါတ်ဝါဟ် ထုတ်ကာ အုပ်စုတွင်း တိုက်ပွဲတွေ အတွက် လူငယ်တွေကို မြှောက်ပေး နေတယ်။- အွမ္မတ်ကြီး တစ်ခုလုံး တစ်ကယ်တမ်း ဒုက္ခ(လောကဂျဟန်နန်)ကို ခံရတဲ့ အချိန်မှာ အဲ့ဒီ ဘေးဒုက္ခက လွတ်မြောက် စေဘို့ အာမခံ ချက်နဲ့ ထွက်လာ တဲ့သူ မရှိဘူး။

နောက် ဆုံး တော့ ကိုယ်တွေမှာ ခေါင်းဆောင် မရှိလို့ ၊ဒေါ်အောင် ဆန်း စု ကြည် က ပဲ ကိုယ် တွေ ရဲ့ ခေါင်းဆောင် ဖြစ် သလိုလို-၊ နှလုံးပိုက် ယုံကြည် ထားသူ တွေက ရှိသေး တယ်။ ဒေါ်အောင်ဆန်း စုကြည် အ နား မှာ ကပ်နေ ရ ရင် ပဲ သူ့ ကိုယ် သူ မဟာ နိုင်ငံရေး ၀န်ဆောင် လိုလို ခံစား နေသူ ကလည်း မနည်း ဘူး။ ဘယ် အနား ကပ် ကပ် နောက်ဆုံး တော့-ေ-ာက်ကုလား ဆိုတဲ့ စကားလုံးနဲ့ပဲ ချွေးသိပ်ခံ ခံနေရတာကို ခဏခဏ မေ့နေ ဟန် ရှိပါတယ်။

ကျွန်တော်က ဒေါ် အောင် ဆန်း စု ကြည် ကို ဝေ ဖန်တဲ့ အခါမှာ- ခင်ဗျားကို အကုန်လုံး ကြိုက်တယ် ကိုဌေးလွင် ဒါပေ မယ့် ခင်ဗျား ဘွား တော်ကို တော့ မဝေဖန် စေချင်ဘူး ဆိုတဲ့ လူ တစ် စုလည်း ရှိသေး တယ်။ အကြံပေးသလိုလိုနဲ့ ဒေါ်စုဘက် က ကာကွယ် တယ်လို့ပဲ ကျွန်တော် မြင် မိတယ်။ တစ်ကယ်တော့ ကျွန်တော် သူ့ကို အပြစ် မပြော သင့်ဘူး။ သူဟာ သူ့ဗမာတွေ အတွက် တစ်ကယ် ကောင်းတဲ့ သူတစ်ဦးပါ။ သူဟာ ဗမာတွေ ဘက်က အပြည့် အ၀ ရပ်တည်သူ တစ်ဦးပါ။- ဒီအတွက် သူ့ကို မဝေဖန်ဘူး။ ကိုယ်တွေ ကို မတရား သဖြင့် ထိလာတာ- ကိုယ်တွေကို မတရား သဖြင့် မျိုးဖြုတ်ဘို့ ကြံစည် လာတာကို မတားမြစ်မှု အပေါ် မှာသာ ဝေဖန်တယ်- ဒီထက် ပိုပြီး ပြောရရင် ကိုယ့်လူတွေ ဘက်က ရပ်ပြီး မတရားမှုမှာ တိုက်ရိုက် ပတ်သက်သူ၊ သွယ်ဝှိက် ပတ်သက်သူ အားလုံးကို တော်လှန်တယ်။ ဒီအတွက် မတရားသူ တွေကို မျက်နှာ ထောက်နေဘို့ မလိုဘူးလို့ ခံစားတယ်။

ဒေါ်စုကို ထိရင် ကိုယ်တွေကို ဗမာ တွေက မုန်းသွား မယ်လို့ ပြောသူ တွေလည်း ရှိသေးတယ်။ အခုကော ချစ် နေလို့ လားဗျာ- လို့ ပြန်မေး မိတဲ့ အခါ-၊ အဲ့ဒီ လူတွေမှာ အဖြေ မရှိ ပေဘူး။ တစ်ကယ်တော့ နဂိုရှိ ရင်း စွဲ ဗမာလူမျိုး တွေရဲ့ ရိုး ဂုဏ်ကို အရောင်ဆိုး နေသူ ထဲမှာ သူ (ဒေါ်စု) လည်း ပါဝင် နေတယ် ဆိုတာ- ကိုယ့် လူတွေ က မေ့မေ့နေ လွန်းလို့ပါ။ တည့် တည့် ဖွင့်ပြော ရရင် ဘာသာရေး အ သွင်ဆောင် ပဋိပ က္ခ တွေကို ဖြေရှင်း ပေး ဘို့ နိုင်ငံ တကာ သံတမန် တွေက ဒေါ်စုကို နှစ် ဦးချင်း တွေ့ပြီး ပြောတဲ့ အခါတိုင်း-၊ ရှင် တို့ ဒီ အကြောင်း အရာ ကို မပြော ပါနဲ့ အခြား အကြောင်းတွေ အများကြီး ရှိတယ် လို့ ပြော လိုက် တာ ချည်းပဲ-။ ရို ဟင် ဂျာနဲ့ ပတ်သက် လာ ရင်လည်း - ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို ကျ မရှေ့ မှာ မပြော ပါနဲ့ လို့  ပြော လိုက် တာ ချည်းပဲ။ (အဲ့ဒီ သံတမန် တွေက ကျွန်တော် တို့နဲ့ ဆက် ဆံမှု ရှိနေတယ် ဆိုတာ ဒေါ် စု ကိုယ် တိုင်မ သိ ခဲ့ လေတော့။) ဒီစကားတွေ ကျွန်တော်တို့ နားကို ပြန်ရောက် လာ မယ်ဆိုတာ သူမသိ လိုက်ဟန် ရှိပါတယ်။ (ဦးသိန်းစိန်တို့ ဦးရွှေမန်း တို့ ကတောင် ပြေလည် ရာ ပြေ လည်ကြောင်း ပြန်ပြော လိုက် တာ ရှိသေး တယ်- (လိမ်သည် ဖြစ်စေ ပေါ့ ဗျာ။) ဒါကိုလည်း ဒေါ်စုက မလိမ် တတ်လို့ သူ့ခံစားချက် အတိုင်း တည့် တည့် ပြောလိုက် တယ်လို့ ကာကွယ်ဦး မလား-။

ကိုယ်တွေက ဗမာ ဖြစ်ချင် လွန်းလို့ ဗမာ ယောင်ဆောင် ရင်လည်း ဗမာ ဖြစ်လာမှာ မဟုတ်ဘူး။ ဗမာမှု ပြု ရင်း အစ္စလာမ် စာသင် ကျောင်းတွေမှာ ဗမာ စာတောင် သင်ခွင့် မရတဲ့ အဖြစ်ကို ရောက်သွား ခဲ့တာလဲ- ခံစားလိုက် ရပြီ။ နောက်ဆုံးမှာ မော်လ၀ီတွေ အသုံး မကျလို့- ဆိုပြီး မော်လ၀ီ တွေကိုပဲ အပြစ်ပုံ ချတယ်။ သင်ခွင့် မရလို့ (ဦးနေ၀င်း ခေတ်က စပြီး သင်ခွင့် တွေကို တစ်ဖြေးဖြေး လျှော့ချ ခံရလို့) ဆိုတဲ့ အချက် ကိုရော အပြစ် ပြောနေ သူတွေ သိပါ ရဲ့လား။ ကိုယ်တွေကို ကုလား လို့ သတ်မှတ်ချင် သတ်မှတ် ပါစေ-၊ ဗ မာ မဖြစ်နိုင် တာကို ဗမာ အတင်း ဖြစ်ရမယ် လို့ ပုံသွင်း ယူလို့ မရဘူး။ ကုလား ဆိုတဲ့ အမည် နာ မကြောင့် သိမ်ငယ် ရမယ် ဆိုတာ မရှိဘူး။ သိမ်ငယ် ခြင်းဟာ ပုဂ္ဂိလက ခံစားချက်သာ ဖြစ်တယ်။ ကုလား ဆိုတဲ့ အ မည် နာမကြောင့် ၁၃၅ မျိုးက ဖယ်ခံ ရမယ်လို့ ခံစားမှု လည်း ရှိသေးတယ်။- အခုကော ၁၃၅ မျိုးမှာ ထည့်သွင်းခံ ရလို့လား။ ဒါတွေ အားလုံးကို ချေဖျက်ဘို့ ကိုယ်တွေ စုစည်းဘို့ လိုတယ်။ ညီညွတ်ဘို့ လို တယ်။ ကိုယ့်ခေါင်းဆောင်နဲ့ ကိုယ့်အားကို တည်ဆောက်နိုင် ဘို့လိုတယ်။ ကိုယ်တွေမှာ တစ်စုံ တစ် ရာသော လူထု ရှိပါလျှက် ခေါင်းဆောင် မရှိ ညီညွတ်တဲ့ အင်အား မရှိ ဖြစ်နေ သ၍ ကြက်လို ငှက်လို သတ် စား ခံနေရမှာပဲ။ ကုလား ဖြစ်ချင် ဖြစ်ပါစေ-၊ ညီညွတ် လာတဲ့ အခါ ကိုယ်လို ချင်ရာကို တရားသဖြင့် ကမ္ဘာ့ ဥပေဒ စံချိန် စံညွှန်းနဲ့ အညီ ရယူနိုင်တဲ့ နည်းတွေ ရှိနေတယ်။

ဗုဒ္ဓ ဘာသာတွေကို ကြည့်ပါ။- နိုင်ငံရေး အမျိုးသားရေးမှာ ရွှေကျင် သုဒ္ဓမာ၊ စတုဘုံမိက ဘာညာ အငြင်း ပွားရန် ဖြစ်နေတာ မရှိဘူး။ ဘယ်ဂိုဏ်းဝင်က ခေါင်းဆောင် တက်တက် လက်ခံပေးတယ်၊ လိုက် နာ ပေး တယ်။ ဟန်ချက် ညီညီ ဆောင်ရွက် ပေးတယ်။ ကိုယ်တွေမှာ ကိုယ်တွေ အသုံး မကျလို့ အခုလို ခံနေ ခဲ့ရတာ- နှစ်ပေါင်း ၆၀ ကျော် ခဲ့ပြီ-၊ မျိုးမပြုတ် တစ်ပြုတ် ဖြစ်နေပြီ။ 

မြန်မာ မွတ်ဆလင်တွေ အလုပ် ခွဲခြား လုပ်ကိုင် တတ်ဘို့ လိုတယ်။ ဘာသာရေး အသင်း အဖွဲ့မှာ ပါဝင် လို သူ များနဲ့ နိုင်ငံရေးမှာ ပါဝင် လိုသူများ သီးသန့် ခွဲထုတ်ဘို့ လိုတယ်။ ဘာသာရေး အသင်း အဖွဲ့က လူတွေ က သူ့ဘာသာနဲ့ သူ့အယူ ရှင်သန်အောင် ရပ်တည် နေခြင်းကို နိုင်ငံရေး လုပ်မယ့် အုပ်စု တွေက ၀င်မရှုပ် ပါဘို့ လိုတယ်။ နိုင်ငံရေး လုပ်မယ့် အုပ်စုတွေ ကလည်း ဘာသာရေး ဂိုဏ်းတွေရဲ့ အယူအဆ တိုက် ပွဲ တွေ မှာ ၀င်မရှုပ် ပါနဲ့-၊ နိုင်ငံရေး လုပ်မယ်လည်း ခံယူသေးတယ်- အလ်ဟာ့ဂ်ျ တို့ မုဖ်သီ တို့ မောင် လာ နာ၊ မော်လ၀ီ ဆိုတဲ့ ဆိုင်းဘုတ် တွေကို မဖြုတ် ချင်လို့ မရဘူး ဆိုတာလည်း သဘော ပေါက်ဘို့ လိုပါ တယ်။

ဖြစ်တည် လာမယ့် နိုင်ငံရေး အဖွဲ့ဟာ ဘယ်အဖွဲ့ အစည်းရဲ့ အေးဂျင့် မဖြစ်ဘို့လည်း လိုတယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ် ရပ်တည် တာမှာ NLD ရဲ့ အေးဂျင့် လုပ်မယ် ဆိုရင်- သို့မဟုတ် အခြား အဖွဲ့ တစ်ခုခုရဲ့ အေးဂျင့် လုပ်မယ် ဆိုရင် ဒါဟာ မိမိ အမျိုးသားထု Hijack လုပ်ခြင်း ဖြစ်တယ်။ မိမိ အမျိုးသား ထုကို အသုံးချပြီး မိမိအတ္တကို ထူထောင်ခြင်း ဖြစ်တယ်။ ဖြစ်တည် လာမယ့် အဖွဲ့ အစည်းဟာ မိမိ လူမျိုးထု ကောင်းစားမယ် ဆိုရင် ဘယ် အဖွဲ့နဲ့ မဆို မဟာမိတ် လုပ်နိုင်တဲ့ သတ္တိ ရှိရမယ်။ မိမိက စစ်တပ်ကို မုန်းလို့ NLD ကို ဘက်လိုက် တာမျိုး မဖြစ်သင့် သလို မိမိက စစ်တပ်ကို ချစ်လို့ ကြံ့ခိုင်ရေးကို ဘက်လိုက်တာ မျိုးလည်း မဖြစ်စေ ရဘူး။ မိမိ အမျိုးသားထု အတွက် ဘယ်သူက လုပ်ပေးနိုင် သလဲကိုပဲ ကြည့်ရမယ်။ ဘယ်သူ ကမှ လုပ်မပေး နိုင်ရင် ကိုယ့်အားနဲ့ကို စုစည်း ရပ်တည် ပါ။ ကပ်ဖား ယပ်ဖား ဘယ်သူ့ ကိုမှ လုပ်စရာ မလိုဘူး။ အမှန်တရား အတွက် တော်လှန် နေတဲ့ အဖွဲ့ အဖြစ် ရပ်တည် ပါ။ အမှန် တရားကို ချစ်တဲ့ လူတွေက ကိုယ်တွေကို အားပေး လာလိမ့်မယ်။ တစ်ဘက်က ကျွန်တော် တို့မှာ နိုင်ငံတစ်ကာ အသိုင်း အ၀ိုင်း ရှိတယ်။ (နိုင်ငံတစ်ကာ အသိုင်း အ၀ိုင်းကို အားမကိုးရင် မြန်မာ နိုင်ငံမှာ ဒေါ်အောင် ဆန်းစုကြည် တောင် အချုပ်ခံ ဘ၀က လွတ်လာဘို့ လမ်းမရှိဘူး-၊ ကျေးဇူး မကန်း သူတိုင်း သိနားလည်တယ်။)

ကျွန်တော် တို့က နိုင်ငံတော် အာဏာကို လုနေသူတွေ မဟုတ်ဘူး၊ သမ္မတ ရာထူးကို လုနေ သူတွေ မဟုတ်ဘူး၊ နိုင်ငံတော် အတွင်းအေးတူပူမျှ တန်းတူညီမျှ အခွင့်အရေး အတွက်တော်လှန် နေ သူတွေ ဖြစ် တယ်။ ဒီအတွက် မတရားသူ တွေရဲ့ ဘယ်မျက်နှာ ကိုမှ ထောက်ထား စရာ မလိုဘူး- ဒီလောက်တော့ သတ္တိရှိ ရမယ်။ ဒီလောက် တောင် သတ္တိ မရှိသူတွေ ဘေးမှာ ထွက်ထိုင်နေဘို့ ဆုံးဖြတ်ပါ။ သတ္တိလည်း မရှိဘူး ခေါင်းဆောင်လည်း လုပ်ချင် ရင်လည်း မဖြစ်ဘူး အွမ္မတ် နစ်နာတယ်။

ဘယ်နည်းနဲ့ ရရ ကျွန်တော်တို့ အခွင့် အရေးကို ရအောင် ယူပေးမယ် ဆိုတဲ့ စိတ်ဓါတ် ပိုင်ရှင် တွေ ကို ခေါင်းဆောင် လုပ်ခွင့် ပေးဘို့ လိုတယ်။ ဒီအတွက် FB လူမှု ကွန်ယက် တွေမှာ စတင် လှုံ့ဆော်ပါ။ အွမ္မတ်ကို စည်းရုံးပါ။ မိမိကိုယ် မိမိ အမျိုးသားရေးကို လုပ်မယ်လို့ ဆုံးဖြတ် သူတိုင်း ဘာသာရေး အ ယူ ငြင်း ပွဲ တွေက ရှောင်ပါ။ (ဘာသာရေးမှာ ၀ါသနာပါ သူများ ကလည်း လွတ်လပ်စွာ လုပ်ဆောင် ပါစေ၊ ငြင်းခုံပါစေ မိမိက အဲ့ဒီကြားထဲမှာ မပါဝင် မိအောင် ခြင်ဆင်ပါ။) မိမိ အမျိုးသားရေး ကိုပဲ တစ်စိုက် မတ်မတ် လုပ်ပါ။ နိုင်ငံရေး သမား တော်လှန်ရေး သမား များဟာ နိုင်ငံရေး သမား တော်လှန်ရေး သမား ပီသ အောင်သာ ကြိုးစားပါ-လို့ အကြံပေး လိုပါတယ်။- မိမိ အခွင့် အရေးကို မိမိ ယူနိုင် ပါတယ်-၊ ဆိုတဲ့ အချက်ကို ပြတ်ပြတ် သားသား ယုံကြည် လက်ခံထားဘို့ လိုတယ်။


ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
25.10.2013

နိုင်ငံတစ်ခုကိုတိုးတက်အောင်မြင်အောင် ဦးဆောင်ဘို့ဆိုတဲ့ ခေါင်းဆောင် တွေ မှာ ဗဟုသုတ မရှိမဖြစ် လိုအပ် ပါမယ်။ ဗဟုသုတ မရှိဘဲ မိမိရဲ့ အမြင် တစ်ခု တည်း ကို အမှန်ရယ်လို့ ဆင်ခြင် ထားသူ တွေနဲ့ ခေတ်ကာလ အပြောင်း အလဲ ကို နောက်ကျ ကျန်နေခဲ့ သူတွေဟာ နိုင်ငံ တစ်ခုကို မဆိုထားနဲ့ လူ့အသိုင်း အ ၀ိုင်းလေး တစ်ခုကို တောင် ဖွံ့ဖြိုး တိုးတက်အောင် ဦးဆောင် ပေးနိုင်မှာ မဟုတ် ပါ။

ဗဟုသုတ- ဆိုတာ ဗဟု ညီမျှခြင်း အများ၊ သုတ ညီမျှခြင်း သိခြင်း ကို တွဲ ဆက် ထားတဲ့ ဝေါဟာရ ဖြစ်ပြီး- အများ အပြား အစုံ အလင်ကို အသိ ကြွယ်ဝခြင်း ဖြစ်ပါတယ်။ အခုတော့ အားမနာတမ်း ပြောရရင် မြန်မာပြည်ကို ခေါင်းဆောင် နေတဲ့ သူများ၊ ခေါင်းဆောင် မယ့်လို့ မျှော်မှန်း ထား သူများ၊ ခေါင်းဆောင် နေရာကို လုနေသူ များဟာ ဗဟုသုတ ကင်းမဲ့ နေတယ် သို့မဟုတ် နောက် ကျ နေ တယ် ဆိုတာကို တွေ့ရပါတယ်။ တစ်ကယ်တမ်း ဗဟုသုတ ရှိသူများ ကပဲ ဦးဆောင်မယ့် နေရာကို မရလာ တာလား- နိုင်ငံရေး သတ်ခံ ထားရတာလား မတွေးတတ်ပါ။

ဗဟုသုတ ဆိုရှိစေဘို့ အနည်းဆုံး ရှေးဖြစ် နောက်ဖြစ် များကို လေ့လာရ ပါမယ်။ ကမ္ဘာ့ အခင်း အကျင်းကို မျက်ခြေ မပြတ် စောင့်ကြည့် ရပါမယ်။ ကမ္ဘာကြီးက ဦးတည်နေတဲ့ လမ်းကြောင်းကို အမြဲ မပြတ် စောင့် ကြည့် ပြီး ဘယ်ဘက် ကို ရွေ့နေသလဲ နားလည် ရပါမယ်။ စာမဖတ် ပေမဖတ်ဘဲ ကြားဘူး နားဝလောက် ကို အရသာခံ စဉ်းစားရင်း ဒဿန တွေထုတ် ဘ၀င်မြင့် နေရုံနဲ့ လူ့အသိုင်း အ၀ိုင်း တစ်ခုကို ဦးဆောင် ဘို့ရာ ဖြစ်မလာ နိုင်ပါ။

ပထမဆုံး အနေနဲ့ နိုင်ငံကို ဦးဆောင် နေတဲ့ သမ္မတနဲ့ သူ့အသိုင်း အ၀ိုင်း တစ်စုကို ဝေဖန် သုံးသပ် လိုပါ တယ်။ သမ္မတနဲ့ သူ့အသိုင်း အ၀ိုင်းဟာ စစ်တပ်က ထွက်လာ သူများ ဖြစ်ပါတယ်။ သူတို့ကို စာမ တတ် ပေ မတတ် များလို့ ပြောရင် မှားမယ် မထင်ပါ။ စာမတတ် ပေမတတ် ဖြစ်ရတာဟာ စာမဖတ် ပေ မဖတ်လို့ပါ။ အနည်း ဆုံးတော့ စာဖတ် ပေဖတ်ဘို့ လိုပါတယ်။ သူတို့ဟာ အခြား စာပေ များကို မဖတ်ရုံ မျှမက မိမိတို့ တပ်မတော်က ထုတ်ခဲ့တဲ့ စာပေ အားလုံး ကိုတောင် ဖတ်ဘူးဟန် မရှိကြောင်း- ရိုဟင်ဂျာ လူမျိုး မရှိဘူးလို့ ခံငြင်းနေတဲ့ အချက် တစ်ခုတည်း နဲ့ လုံလုံ လောက်လောက် သက်သေထူ နိုင်ပါတယ်။ ၁၉၆၁ ခု၊ ဇူလိုင်လ ၁၈ ရက်နေ့ထုတ် မြန်မာ့ တပ်မတော်၏ ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် ၆ မှာ မေယု နယ်ခြား ခရိုင် အတွင်းတွင် နေထိုင်ကြသော ရိုဟင်ဂျာ အမျိုးသားများသည် ပြည်ထောင်စု မြန်မာ နိုင်ငံတော် သား များ ဖြစ် ကြ သည် ဆိုတဲ့ စာတမ်းကြီး ထင်ထင် ရှားရှား ရှိဆဲပါ။ မိမိတို့ တပ်မတော်က ထုတ်ခဲ့တဲ့ စာတွေ ကိုတောင် သေချာအောင် မဖတ်ခဲ့ဘူး၊ ပြန်လည် မဖတ်ဘူး ဆိုရင် သူတို့ အနေနဲ့ အခြားသော စာပေ ဗဟု သုတ ဆိုတာ ဝေးလို့နေမှာ သေချာ ပါတယ်။ စစ်တပ် ထဲကို ၀င်လာ တဲ့ မ တစ်ထောင် သားတို့ဆီက ကြားဘူး နားဝ စကားလုံး များကို အလွတ် မှတ်ပြီး ငါတော့ဗဟုသုတ ကြွယ်လှပြီ လို့ လူတွေ ရှေ့မှာ လူ တွင် ကျယ်လုပ်တဲ့ အဆင့်မျှနဲ့ နိုင်ငံ တစ်ခုကို ဦးဆောင် မိရင် အဲ့ဒီ ဦးဆောင် ခံရတဲ့ နိုင်ငံကြီး ပျက်စီး ဘို့ သာ ရှိနေပါတယ်။ လွှတ်တော် ထဲမှာ ရှိနေတဲ့ စစ်တပ် အငြိမ်းစား ကြီးများ-နဲ့ တပ်မတော်က ၂၅ ရာနှုန်း နေရာယူ ထားတဲ့ စစ်အမတ်မင်း များမှာ မိမိတို့ တပ်မတော် ထုတ်စာပေ များကိုပင် မဖတ်ဘူး တာ လား၊ ပြောခွင့် မရှိတာလား မသိနိုင်ပါ။

တစ်ဘက်မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ပါ။ စာအုပ်တွေ အများကြီး ရေးခဲ့လို့ ပညာ တတ်ပြီလို့ ထင်မှတ် ခဲ့တယ်။ ဘာသာ စကားတွေ များစွာ တတ်လို့ ဗဟုသုတ ရှိပြီလို့ ယုံကြည် ခဲ့တယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက သူ့အတွေး အခေါ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်မှာ ကျန်နေ ခဲ့တာ ပါပဲ။ သူ့ကို ကမ္ဘာက အကဲခတ် နေခဲ့တာ ကြာပါပြီ။ အထင် မကြီးနိုင် ဖြစ်နေ ခဲ့တာလည်း ကြာပါပြီ။ ဘာဖြစ်ဖြစ် ဒီမိုကရေစီ နိုင်ငံ တစ်ခု ဖြစ်တည် လာဘို့ အားကောင်းတဲ့ အတိုက်အခံ တစ်ယောက် လိုအပ်တယ် ဆိုတဲ့ မူနဲ့ သူ့ကို ဆက် ထောက်ခံ နေခဲ့တာပါ။

အခု တစ်ခေါက် ဥရောပ ခရီးစဉ်က ဘီဘီစီ အင်တာဗျူးမှာ သူ့ဦးနှောက်တွေ ကမ္ဘာနဲ့ ကင်းကွာ သွားတာ ၁၀ နှစ်လောက် နောက်ကျ သွားပြီလို့ တစ်ကမ္ဘာလုံးက သိလိုက် ရပါတယ်။- သူပြော သလို မွတ်ဆလင်တွေ အင်အား ထွားလာတာကို ကမ္ဘာက စိုးရိမ်တယ်- အလားတူ မြန်မာ ပြည်သူ တွေလည်း စိုးရိမ်တယ် ဆိုတဲ့ စကားက ကမ္ဘာ့ အလယ်မှာ သူ့အရှက်သူ ခွဲလိုက် သလို ဖြစ်နေ ခဲ့ပါတယ်။ ဒီစကားဟာ ကမ္ဘာ (သူရည်ညွှန်း လိုတဲ့ အနောက် အုပ်စုနဲ့ မဟာမိတ်များ)က လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အာဖဂန်နဲ့ အီရတ်ကို တိုက်ဘို့ Lobby လုပ်ခဲ့တဲ့ စကား လုံးပါ။ အဲ့ဒီ စကားလုံးကို သူပြောတဲ့ ကမ္ဘာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထိ တွင်တွင် ကျယ်အောင် လုပ်ခဲ့ပါ တယ်။ ဒါပေမယ့် သူပြောတဲ့ ကမ္ဘာက မူပြောင်း လိုက်တာ အနည်းဆုံး ၈ နှစ်ရှိသွား ခဲ့ပါပြီ။ စစ်မလိုလားတဲ့ ခေါင်း ဆောင်တွေ ကိုပဲ သူပြောတဲ့ ကမ္ဘာမှာ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ရွေးချယ် လိုက်ပါပြီ။ ကွန်ပြူတာ နည်းပညာ လောကမှာ ၈ နှစ်ဆိုတာ လွန်ခဲ့တဲ့ ခေတ်ကာလ များက နှစ်ပေါင်း ၈၀ လောက်နဲ့ အညီ တိုးတက် ခဲ့ပါပြီ။ မွတ်ဆလင် တွေနဲ့ မဟာမိတ် ဖြစ်ဘို့ နည်းမျိုးစုံနဲ့ ပြန်လည် ကြိုးစား ခဲ့တာလည်း အနည်းဆုံး ၆ နှစ်ကျော် လာခဲ့ပါပြီ။ အဲ့ဒီ Lobby ကို လုပ်ပေး ခဲ့ရတဲ့ လူတွေတောင် ကွက်ကျား ကွက်ကျားနဲ့ တိမ်မြုပ် သွားသူ၊ အစ္စလာမ် ထဲကို ကူးပြောင်း သွားသူတွေ မရေမတွက် နိုင်တော့ပါ။ ဒီလို စိတ်ပိုင်း ဆိုင်ရာ ပြောင်းသွား ခဲ့ပြီး ဖြစ်တဲ့ အနောက် ကမ္ဘာ ထဲမှာ အခုမှလာပြီး- မွတ်ဆလင် တွေကို ကမ္ဘာက စိုးရိမ်နေ ရတယ် ဆိုတဲ့ စကားကို ပြောမိ တာများ- ဗဟုသုတ ဘယ်လောက် နောက်ကျ ကျန်နေ ခဲ့တယ် ဆိုတာ ကမ္ဘာ သိအောင် သက်သေပြလိုက် ခြင်းလား သို့မဟုတ် ငါ့မှာ ဗဟုသုတတွေ ပြည့်စုံ သွားပြီ- ဆက်လက် သိစရာ မလိုတော့ ဘူး လို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကစ- လေ့လာခြင်း ဆင်ခြင် သုံးသပ်ခြင်းကို ရပ်စဲ ပစ်လိုက်တာ များလား စဉ်းစား မရနိုင် တော့ပါ။ သို့မဟုတ် လိမ်တတ်မှ သမ္မတ ဖြစ်မယ်။ အင်တာဗျူး တွေမှာ အမေး တစ်ခြား အဖြေ တစ်ခြား စကားလုံး လှည့်တတ်မှ သမ္မတ ဖြစ်မယ် ဆိုတဲ့ မြန်မာပြည်မှာ ခေတ်အဆက်ဆက် အုပ် ချုပ် ခဲ့သူ များဆီက အတတ် ပညာကို လေ့ကျင့် နေခြင်း များလည်း မပြော တတ်ပါ။

ဆုပ်လည်းစူး စားလည်းရူး မြန်မာ ပြည်သူတွေ အတွက် တစ်ကယ့် စာတတ် ပေတတ်တွေ ခေါင်းထောင် လာဘို့ မရှိတော့ ဘူးလားလို့ မေးစရာ ဖြစ်လာ သလို- ကျောသား ရင်သား ခွဲခြားတတ် သူများကို လူနည်းစု မျိုးနွယ်များက မျက်ခြေ မပြတ် စောင့်ကြည့် နေတယ် ဆိုတာတော့ အထူး ပြောနေဘို့ မလိုတော့ပါ။

တစ်ကယ့် ပညာတတ်တွေ ထွက်လာဘို့ အချိန်တန်ပါပြီ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
20.10.2013

မတရား သဖြင့် စနစ်တကျ သမိုင်းဖျောက် စွပ်စွဲခံ ရတာ၊ လူမျိုးတုံး သုတ် သင် ဘို့ ကြံစည် ခံရတာ၊ အကြမ်းဖက် တိုက်ခိုက်သူ များကို အစိုးရ ကိုယ်တိုင် သို့မဟုတ် အစိုးရ အတွင်းက ထိပ်တန်း အရာရှိများ ကိုယ်တိုင် ကြိုးကိုင် အ ကွက်ချ ပေးခဲ့တာ၊ သူတို့ ကိုယ်တိုင် လေးစား အားထားမိ ခဲ့တဲ့ နိုင်ငံရေး သ မား ဆိုသူများ ကိုယ်တိုင်က အပြင်းစား အမျိုးရေး ၀ါဒီများ အသွင် ကို ဆောင် လာ ခဲ့တာ များကြောင့် မြန်မာနိုင်ငံ အတွင်းက အစ္စလာမ် သာသနာ ၀င် တွေ ဟာ စိုးရိမ် ထိတ်လန့်မှု များနဲ့ ရပ်တည်နေ ခဲ့ရပါတယ်။

အခု အခါ မှာလည်း သန်းခေါင် စာရင်း ဆိုတဲ့ ခြိမ်းခြောက်မှုက သူတို့ အပေါ်မှာ မတရား သဖြင့် ကျင့်သုံး ခံ ရမလား လို့ စိုးရိမ်စိတ် များကို ဖြစ်တည် စေတဲ့ အပြင်- မြန်မာနိုင်ငံ အတွင်း ဗုံးခွဲမှု များကိုလည်း သူ တို့ ခေါင်းပေါ် ထိုးကျ လာ မလားလို့ သံသယ စိတ်တွေ ပိုနေခဲ့ပါတယ်။

မြန်မာ မွတ်ဆလင် အွမ္မတ် အနေနဲ့ ဒီကိစ္စ တွေကို ထည့်ပြီး စဉ်းစား နေဘို့ မလိုတော့ပါ။ ဒါတွေဟာ ရာဇ ၀တ် ကောင် အမျိုးသားရေး ၀ါဒီတို့ရဲ့ လှည့်ကွက် များသာ ဖြစ်ပါတယ်။ တနည်း အားဖြင့် ပွဲပြီးသွား ခဲ့ပါပြီ။ ရာဇ၀တ် ကောင်တို့ရဲ့ လည်ပင်းမှာ ကြိုးကွင်း စွပ်ထား ပြီးပါပြီ။ ဒါကို ဦးသိန်းစိန် အစိုးရ ကိုယ်တိုင်လည်း အသိ ပေးခံ ရပြီးပါ ပြီ။ အခုအခြေ အနေမှာ ဦးသိန်းစိန် အစိုးရ ဘက်မှ မွတ်ဆလင် များနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး ဇွတ်မိုက်ရဲဘို့ မဖြစ်နိုင် တော့ပါ။ သူတို့ကိုယ်တိုင် UN ပေါ်မှာ ကမ္ဘာ့ ခုံရုံး ကိစ္စ ကို နောက် ဆုံး အနေနဲ့ ခွင့်လွှတ် ပေးဘို့ ပူပူနွေးနွေး တောင်းပန်ခဲ့ ရပါတယ်။ ကျွန်တော်တို့ ဘက်က အလ ကား အသားတင် လိုက်လျှော ပေးခဲ့ခြင်း မဟုတ်ပါ။

ရိုဟင်ဂျာ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ အစ္စလာမ် သာသနာ ၀င်များကို နိုင်ငံတကာ စံချိန် စံညွှန်း ဥပဒေနဲ့ အညီ နိုင်ငံသား၊ တိုင်းရင်းသား ပေးရပါမယ်။ ဒါကြောင့် အခုပြော နေကြတဲ့ သန်းခေါင် စာရင်း ဆို တာ မွတ်ဆလင် တွေကို နိုင်ငံသား အဖြစ်က ပါယ်ဖျက်ဘို့ လုပ်ခွင့်ကို မရှိတော့ပါ။ ရိုဟင်ဂျာ အပါအ၀င် မည်သည့် လူမျိုးရဲ့ မျိုးရိုး အမည် နာမကိုမှ ဖျောက်ဖျက် ခွင့်လည်း မရှိပါ။ အစ္စလာမ် သာသနာ ၀င်များနဲ့ အခြားသော လူနည်းစု သာသနာ ၀င်များ အပေါ် ဦးတည် တိုက်ခိုက် နေခြင်း များကို လုံးဝ ချွင်းချက် မရှိ ချက်ချင်း ရပ်တန့်အောင် လုပ်ပေး ရပါမယ်။ ဖြစ်ပျက် ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကြံစည် မှုများ အတွင်း ပါဝင် ပတ်သက် ခဲ့တဲ့ ရာဇ၀တ် ကောင်များကို အရေးယူ ပေးရ ပါမယ်။ လူမျိုးရေး မုန်းတီး မှုကို ဦးတည် ပြီး ရေးသား ခဲ့တဲ့ ကလောင် ရှင်များ၊ ဟော ပြောခဲ့တဲ့ လှုံ့ဆော် သူများ အားလုံးကို အရေးယူ ပေးရ ပါမယ်။

မြန်မာ အာဏာပိုင်များနဲ့ အမျိုးသားရေး ၀ါဒီတွေဟာ ကတိကို ဗြောင်လိမ် တတ်တယ်၊ ကမ္ဘာ့ အလယ်မှာ အရှက် မရှိ ကတိ ဖျက်တတ်တယ် ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ဒါပေမယ့် သူတို့ လည်ပင်းကို ကြိုး ကွင်း မစွပ်နိုင် သေးချိန်မှာသာ သူတို့အနေနဲ့ ဗြောင်လိမ် ရဲပေမယ့်- အခုတော့ သူတို့ လည်ပင်းကို ကြိုး ကွင်း စွပ်ထား ပြီဆိုတာ သူတို့ ကိုယ်တိုင် သိပြီးချိန် ဖြစ်နေပါပြီ။

မျက်ကန်း အမျိုးသားရေး ၀ါဒီတွေကို မလွှန်ဆန် နိုင်လို့ သူတို့ ဆက်မိုက် ရင်လည်း သူတို့ နာမယ်၊ မျက် ကန်း အမျိုးသားရေး ၀ါဒီများနဲ့ ရာဇ၀တ်မှု ကျူးလွန် ခဲ့သူ များကို အရေး မယူဘဲ မသိဟန်လွှဲ အမှု ဖျောက် ဖျက် ပေးရင်လည်း သူတို့နာမယ်။ သူတို့ ဘာဆက် လုပ်မလဲ ကျွန်တော်တို့ မျက်ခြေ ပြတ် ခံခြင်း လုံး ၀ မရှိ ပါ။

ဗုံးကွဲနေတဲ့ ကိစ္စများက သူတို့ရဲ့ အခြား အကြောင်း အရာ တစ်ခုခုကို သူတို့ ကစား နေခြင်းသာ ဖြစ်တယ်။ ဒီကိစ္စ မှာ ကျွန်တော်တို့ မွတ်ဆလင်တွေ မပါဝင်ဘူး ဆိုတာ သူတို့ ကိုယ်တိုင် သိတယ်။ (ကြိုးကွင်းကို ကိုင် ထား သူက သူတို့ကို သုတ်သင်ဘို့ ဗုံးခွဲနေဘို့ မလိုတော့ပါ။) ကမ္ဘာ့ ထောက်လှမ်းရေး များလည်း သိတယ်။ UN ကိုယ်တိုင် လည်း သိတယ်။ နောက်ဆုံး ရပ်ကွက်သူ ရပ်ကွက်သားများ ကိုယ်တိုင်လည်း သိ တယ်။ 

ဒီလို သိနေတဲ့ ကြားကပဲ မကြာခဏ လိမ်ညာပြီး မွတ်ဆလင်တွေ အပေါ်မှာ ခေါင်းပုံ ချမလားလို့ စိုး ရိမ်စိတ်များ မွတ်လဆင်တွေမှာ ခံစားနေရတာ ကိုလည်း ကမ္ဘာ့ အသိုင်း အ၀ိုင်းက သိနေ ပါတယ်။ တစ် ကယ် လို့များအာဏာပိုင်များကမျက်လုံးစုံမှိတ် ထိုးချမယ် ဆိုရင်--၊ အဲ့ဒီ အစိုးရလောက် ဉာဏ်ပညာ နည်းပါးမှုနဲ့ ကောက်ကျစ် စဉ်းလဲ မှုကို ကျွန်တော်တို့ ရပ်ကြည့် နေမှာ မဟုတ်တော့ပါ။ UN ပေါ်မှာ ပေး ထားတဲ့ ကတိက၀တ်ကို သူတို့ဘက်က စတင် ဖေါက်ဖျက် တယ်လို့ သတ်မှတ် လိုက်မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါ နောက်တစ်ကြိမ် မေတ္တာရပ်ခံခြင်း ဆိုတာကို လက်ခံဘို့လည်း မရှိတော့ပါ။

လောလောဆယ် ဆက်တိုက် ဖြစ်နေတဲ့ ဦးတည် တိုက်ခိုက်မှုကို ရပ်တန့် ပေးခြင်း အပေါ် ကျွန်တော် တို့ ဘက်က အသိ အမှတ် ပြုသလို-၊ ရာဇ၀တ်မှုမှာ ပါဝင် ပတ်သက်သူ များကို အရေးယူဘို့ အချိန်ကာလ တစ်ခု လိုအပ်မယ် ဆိုတာကိုလည်း နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် အစ္စလာမ် သာသနာဝင် တို့ရဲ့ စိတ်ဓါတ် ရေးရာ စိုးရိမ်ထိတ် လန့်မှုများ ဖြစ်အောင် ဆက်လက် ဖန်တီး နေတဲ့ အောက်ခြေ အုပ်ချုပ်ရေး ၀န်ထမ်း များကို အလျှင် အမြန် အရေး ယူပေးဘို့တော့ လိုအပ် ပါတယ်။ အနည်းဆုံး ဟန်ရေးပြနေ သူများကို အပိုး ကျိုးအောင် လုပ်ဆောင် ပေးဘို့ လိုအပ်တယ် ပါတယ်။

မြန်မာ မွတ်ဆလင် အွမ္မတ် ထဲက အုပ်စုလိုက် ခေါင်းဆောင်များ အနေနဲ့လည်း ကိုယ်တော် မြတ်ကြီး လမ်းပြပေး ခဲ့တဲ့ အတိုင်း ဟိုဒိုင်ဗီယာ စာချုပ် သဘော တရားနဲ့ မိမိဘက်က အောင်မြင်မှု တွေကို လက် ကိုင် ရရှိလာတဲ့ အခါ ဆက်မမိုက်တော့ သူများ အတွက် အတိတ်က အပြစ်တွေကို ခွင့်လွှတ် ပေး လိုက်မှု၊ သင်ပုန်းချေ ပေးလိုက်မှု တွေကို မိမိတို့ရဲ့ အွမ္မတ် သားတွေ အကြား နားဝင် အောင်ထိ တရားချ နည်းပြဘို့ အကြံ ပေးလို ပါတယ်။ ကျွန်တော် တို့ လိုလားတဲ့ တန်းတူညီမျှ အခွင့် အရေးကို ကျွန်တော်တို့ ရရင် လုံလောက် ပါပြီ။

ကျွန်တော် တို့ရဲ့ တရားဥပဒေ ဘောင်ထဲက ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးဟာ အောင်မြင် သွားခဲ့ပြီလို့ မြန်မာ မွတ်ဆလင် အွမ္မတ်ကို အသိပေးရင်း---၊ အနာဂါတ် ပြန်လည် တည်ဆောက် ရေးများ အတွက်သာ ဦးတည် စဉ်းစားပါလို့ သတိဖေါ်ပေး လိုပါတယ်။


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
14.10.2013

ယခုပြောသည့် မြန်မာ မွတ်ဆလင် အစုဆိုသည်မှာ ဦးရာဇတ်ခေတ်မှ ဗိုလ် ချုပ် အောင်ဆန်းနှင့် သဘောတူ သတ်မှတ် ခဲ့သည့် ဗမာ မွတ်ဆလင် ဆို သည့် ဝေါဟာရကို ကိုယ်စား မပြုပါ။ ဆရာကြီး ဦးရာဇတ်နှင့် ဗိုလ်ချုပ်၏ ကက် ဘိနက်တို့ သဘောတူ သတ်မှတ် ခဲ့သည့် ဗမာ မွတ်ဆလင် ဆိုသည်မှာ အဓိက ရှေးဗမာမင်း များလက် ကပင် ရှိနေခဲ့သည့် ပသီ၊ မြေတူးနှင့် ဇေဘာ ဒီ ခေါ် သွေးနှော အုပ်စု များကိုသာ သတ်မှတ် ခဲ့ခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျာ၊ ကမန်၊ ရခိုင် မွတ်ဆလင်၊ ပသျှူး၊ ပန်းသေး နှင့် အခြား အိန္ဒိယ အနွယ် လူမျိုး အုပ်စု များ မပါဝင် ခဲ့ပါ။ သို့ မဟုတ် ထိုအုပ်စု များက မိမိတို့ ကိုယ် မိမိတို့ ဗမာ မွတ် ဆလင်ဟု မခံယူ ခဲ့ပါ။

ယခု ကျွန်ုပ် ပြောလိုသော မြန်မာ မွတ်ဆလင် အစု ဆိုသည်မှာ မြန်မာ နိုင်ငံ ဧရိယာ နယ်နိမိတ် အတွင်း တွင် ဘိုးစဉ် ဘောင်ဆက် နေထိုင်ပြီး ဖြစ်သော၊ မြန်မာ့ရေ၊ မြန်မာ့ မြေကို အခြား အရာ အားလုံးထက် သံယောဇဉ် ကြီးသော၊ မိမိကိုယ် မိမိ မြန်မာ နိုင်ငံသားဟု အသွေး အသား ထဲမှပင် ခံယူ ထားသော၊ မိ မိ ရေမြေ အတွက် အသက် ပေးရပ် တည်မည်ဟု စိတ်နှလုံး ပိုက်ထားသော မြန်မာ နိုင်ငံဘွား မျိုးနွယ် အစ္စ လာမ် သာသနာဝင် တို့၏ ဘုံခေါင်းစီး တစ် ရပ်ကို ဆိုလို ပါသည်။ ထိုခေါင်းစီးသည် လူမျိုး တစ်မျိုး အနေ ဖြင့် ကိုယ်စား ပြုခြင်း မဟုတ်ဘဲ-၊ ဘုံတူညီချက် ခေါင်းစီး တစ်ရပ် အနေ ဖြင့်သာ သတ်မှတ် ရ မည် ဖြစ် သည်။ တစ်နည်း အားဖြင့် မြန်မာ မွတ်ဆလင် အစု ဟုသတ် မှတ်လျှင် ပိုမို သင့်လျှော် မည်ဟု ဆင်ခြင် ပါ သည်။ 

မြန်မာ နိုင်ငံတွင် သတ်မှတ် ထားသော လူမျိုးနွယ် အစု (ဥပမာ ကချင် အစု၊ ကရင် အစု၊ ဗမာ အစု) ကဲ့သို့ သတ် မှတ်လေလျှင်- မြန်မာ မွတ်ဆလင် အစုတွင်လည်း သီးသန့် လူမျိုး အစုများ တည်ရှိ လာမည် ဖြစ် သည်။ ထိုအထဲ တွင် ရှေးမြန်မာ မင်းများ လက်ထက် ကပင် အသိ အမှတ် ပြုပြီး အစုများနှင့် အင်္ဂလိပ် လက်အောက်ခံ ဖြစ်ပြီး ဖြစ်တည် လာသော အစုများ ပါဝင် နိုင်သည်။

၎င်းတို့ အနက် မြန်မာ့ သမိုင်း ပြန်တမ်းဝင် အစု များမှာ- ပသီ၊ ပန်းသေး၊ မြေတူး၊ သုံးထောင့် ခုနစ်ရာ၊ ရိုဟင်ဂျာ၊ ကမန်၊ ရခိုင် မွတ်ဆလင်၊ ဗမာ မွတ်ဆလင် (ဇေရ်ဘာဒီ) နှင့် ပသျှူး တို့ ဖြစ်ပြီး- စူရ်တီ၊ မေမန်၊ ကျူလီယာ၊ ဘင်္ဂလီ၊ နဆာ ပူရီ၊ ကာကာ စသည် တို့မှာ ပြန်တမ်းဝင် အုပ်စုများ မဟုတ်ခဲ့ပါ။

ပသီ နှင့် ပန်းသေး လူမျိုးစု တို့အား မြန်မာ နိုင်ငံ ထူထောင်စ ပုဂံခေတ်ဦး ကပင် မှတ်တမ်း တင်ပြီး ရှိနေ ခဲ့သည်။ ပသီ ဟူသည် - ဖာရ်စီ ဘာသာ စာပေဖြင့် ရေးသား မှတ်တမ်း ပြုသော ဘုရားစာ များကို ကိုး ကွယ် ယုံကြည်သူများဟု အစွဲပြု ခေါ်ဆိုရာမှ ဖာရ်စီ- ဖာသီ-ပသီဟုခေါ်ပုံ ပြောင်းလဲ ခဲ့ခြင်း ဖြစ်သည်။ ရှးဦး မှတ်တမ်း များအရ သထုံ ပြည်မှ ရောက်လာသော သူရဲကောင်း ဗျတ္တ နှင့် သားတော် များ ရွှေဖျင်း ကြီး၊ ရွှေဖျင်းလေး တို့ကို အကြောင်းပြု မှတ်တမ်း တင်မှုတွင် တွေ့ရသည်။ ဗျတ္တသည် လည်းကောင်း ရွှေ ဖျင်းညီနောင် သည်လည်းကောင်း သာမန် လူသားများ မဟုတ်ဘဲ- သူတို့အား လက်ခံ ယုံကြည် သည့် နောက် လိုက်များ ရှိနေခြင်းကြောင့် ထိုစဉ် အခါ ကပင် ပသီ လူမျိုးစုမှာ ပုဂံပြည်တွင် အင်အားစု တစ် ရပ်နှင့် ရှိနေခဲ့ မည်မှာ သေချာသည်။ ထို့ပြင် ဗျတ္တအား ခေါ် ဆောင်ခဲ့ရာ အရပ် ဒေသမှာ အရှေ့ အလယ် ပိုင်း အာရဗ်ပြည်မှ မဟုတ်ဘဲ သထုံပြည်မှ ဖြစ်သည် ဟူသည့် သမိုင်း အလျှောက် ထိုခေတ် ထို အခါ က ပင် အောက်မြန်မာ ပြည်တွင် ပသီ သို့မဟုတ် အခြားသော အမည် နာမဖြင့် အစ္စလာမ် သာသ နာ ၀င် များရှိနေပြီဟု သက်သေဖြစ်နေသည်။ မြန်မာပြည် တောင်ပိုင်း ဖြစ်သော ဘိတ်၊ ထား ၀ယ်၊ ကော့သောင်းမြို့ တို့ သည်လည်း မွတ်ဆလင် ကုန်သည်များ ထူထောင် ခဲ့ရာ မြို့များ ဖြစ်ကြောင်း သမိုင်း အခိုင် အမာရှိပြီး ထိုဒေသတွင် အေဒီ ၁၁ ရာစု မတိုင်မှီ ကတည်းက အစ္စလာမ့် ယုံကြည်ချက် ဖြစ်သည့် ကလေမာဟ် (လာအိလာဟ အိလောလ္လာဟ်) စာတန်းထိုး ဒင်္ဂါးကို သုံးခဲ့ကြောင်း သမိုင်း အခိုင်အမာ ရှိနေခဲ့သည်။ သို့ဖြစ်၍ ပသီ လူမျိုးစုသည် မြန်မာ နိုင်ငံဟု ထူထည်စဉ် ကတည်းက သို့မဟုတ် ထိုထက် စောသော ကာလကပင် ရှိနေခဲ့ သော ပြန်တမ်းဝင် လူမျိုးစု ဖြစ်သည်။

ပန်းသေး- ဤလူမျိုးစု၏ ဇစ်မြစ်မှာ တရုတ်ပြည် ယူနန် ဒေသမှ ဖြစ်၍ မြန်မာပြည် ထဲသို့ ပုဂံခေတ် သို့မ ဟုတ် ထို မတိုင်မှီ ကတည်းက စတင် အခြေချ ခဲ့သော လူမျိုးစု ဖြစ်သည်။ အစော ဦးဆုံး မှတ် တမ်းများ အဖြစ် ပုဂံခေတ် ကျန်စစ်သား ဆေးရေး ဂူနံရံ ပန်းချီကား များတွင် ပုံဖေါ် တွေ့ ရပြီး ပု ဂံခေတ် ကျောက်စာ များတွင်လည်း မှတ်တမ်း များ ခိုင်ခိုင် မာမာ ရှိခဲ့သည်။

မြေတူး- လူမျိုးစုသည် ပသီ၊ ပန်းသေး လူမျိုးစုထက် နောက်ကျ၍ အေဒီ ၅၁၃ ခုတွင် သံလျှင် နေပြည်တော် တစ် ၀ှမ်း အခြေချ နေထိုင်သည့် စစ်မှုထမ်း၊ ကုန်သည် လူအစု အဝေး ဖြစ်ခဲ့သည်။ နတ်သျှင်နောင် အ သတ်ခံ ရပြီး နောက် ထိုလူမျိုးစုအား မြန်မာပြည် အလယ်ပိုင်း ကျောက်ဆည် ခရိုင် အတွင်း ရွာပေါင်း ၃၈ ရွာ နေရာချထား ပေးခဲ့သည်။ ဤလူမျိုးစု တွင်လည်း သမိုင်းကို ပြန်လှန်လျှင် ငဇင်ကာ အား တိုက်ထုတ်ရန် ရခိုင် စစ်တပ် မွတ် ဆလင် စစ်သည် အများအပြား ပါဝင် ခဲ့သည်။ ထို့ကြောင့် ထို မြေတူး လူမျိုးစုတွင် ရခိုင် ဒေသခံ မွတ်ဆလင် စစ် သည်များ များစွာ ပါဝင်ခဲ့ပြီး အခြားသော အိန္ဒိယ တိုက်နယ်မှ မွတ်ဆ လင် များ ပါဝင် နိုင်သည်။

သုံးထောင့် ခုနစ်ရာ အေဒီ ၁၆၉၈- ၁၇၂၄ စနေမင်း လက်ထက် ရခိုင်နယ်မှ ဖမ်းဆီး ခေါ်ဆောင် လာ ခဲ့သော စစ်သုံ့ပန်းနှင့် အချွေ အရံများ ဖြစ်သည်။ ထိုလူမျိုးစုအား တောင်ငူ၊ ရမည်းသင်း၊ မိတ္ထိလာ နှင့် ယခင်မြေတူး လူမျိုးစု တို့အား နေရာချ ပေးခဲ့သည့် ဒေသ များတွင် နေထိုင် စေခဲ့သည်။ ထိုလူမျိုးစု သည် မြန်မာပြည်မ ထဲသို့ မြေတူး လူမျိုးစု၏ နောက်တွင် ရောက်ရှိ ခဲ့သော်လည်း မူလ ဇာတိ အားဖြင့် ရခိုင် ဒေသမှ ကမန် လူမျိုးစုနှင့် ရခိုင် မွတ်ဆလင် များသာ ဖြစ်ခဲ့သည်။

ရိုဟင်ဂျာ ဤလူမျိုးစုသည် ရခိုင်ဟု ခေါ်ဆိုသည့် မဟာဝိဟိက (မဟာဝိုဟင်က) တိုင်း၏ မူလ ဘူတ လူမျိုးစု ဖြစ် ပြီး- လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော် သို့မဟုတ် ထို့ထက် နှစ်ပေါင်း များစွာ ရှေးကျ၍- နီပေါလ် အာသံ မဏိပူရ ကုန်းမြင့်ဘက်မှ ဆင်းသက် လာသော လူမျိုးစု ဖြစ်သည်။ (ဘင်္ဂလား အနွယ် မဟုတ်ပေ၊)။ ရိုးရာ လယ် ယာ ချောင်းမြောင်း လုပ်ကိုင် စားသောက်သော လူမျိုးစု ဖြစ်၍ မင်းမှုထမ်းခြင်း၊ စစ်မှုထမ်း ခြင်းများတွင် ၀ါသနာ မရှိခဲ့သည့် အလျှောက် သမိုင်း စဉ်ဆက် ဖိနှိပ် ချုပ်ချယ်ခံ ခဲ့ရသော လူမျိုး စု ဖြစ်ခဲ့သည်။ ရခိုင် ဒေသသည် မြန်မာ ပြည်မမှ သီးခြား အုပ်ချုပ်မှု သမိုင်းဖြင့် ရပ်တည် ခဲ့သဖြင့် ရိုဟင် ဂျာ၊ ကမန်နှင့် ရခိုင် မွတ်ဆလင် တို့၏ သမိုင်းမှာ ရခိုင်း သမိုင်း ဖြင့်သာ ဆက်စပ်လျှက် ရှိခဲ့သည်။

ကမန် ဤလူမျိုးစုအား လွတ်လပ်ရေး ရပြီး မြန်မာ အစိုးရ အဆက်ဆက် တိုင်းရင်းသား စာရင်းတွင် ဖေါ်ပြခဲ့ သည်။ အေဒီ ၁၆၆၀ ၀န်းကျင် ရှားရှူဂျာ မင်းသားနှင့် အချွေ အရံများ ခိုလှုံ လာပြီးနောက်မှ ကမန် ဟူသော အမည် နာမ ပေါ်ပေါက် လာခြင်း မဟုတ်ဘဲ အေဒီ ၁၂၃၄ ငနှလုံးမင်း လက်ထက်ပင် ထိုကမန် ဆိုသည့် အ မည် နာမအား ရခိုင် သမိုင်း များတွင် ဖေါ်ပြပြီး ဖြစ်သည်။ ကမန် တို့သည် ရခိုင် ဘုရင့် နိုင် ငံတော် ၏ လေးတပ် စစ်သည် တော်များ ဖြစ်ခဲ့သည်။ မဂို အင်ပါယာမှ စစ်ကူများ၊ နည်းပြ များနှင့် ရ ခိုင်လေး တပ်မတော် အတွင်း ထမ်းဆောင်ခဲ့ သော ရခိုင်နယ်မှ လူအမျိုးမျိုး ပါဝင်သည့် စစ်သား များမှ အစ္စလာမ် သာသနာသို့ ကူးပြောင်း ခဲ့သည့် လူမျိုးစု ဖြစ်သည်။

ရခိုင် မွတ်ဆလင်- ဤလူမျိုးစုအား ယခု နောက်ပိုင်းတွင် ကမန် လူမျိုးစုနှင့် ရောပြွန်း နားလည် လာကြ သည်။ အမှန် မှာ ရခိုင် လူမျိုးဟု ခေါ်သည့် ရှေးဦး ဗမာ လူမျိုးနွယ် အစုမှ အစ္စလာမ် သာသနာသို့ ကူးပြောင်း သက်ဝင် လာသော လူမျိုးစု ဖြစ်သည်။ ရခိုင် ဘုရင်များ လက်ထက်က ရခိုင် ဗုဒ္ဓ၀င် များမှ အစ္စ လာမ် သာသနာသို့ ကူးပြောင်း သက်ဝင် ခဲ့သူများ ရှိကြောင်း ယခင် နိုင်ငံတော် ကောင်စီ ၀င်ဟောင်း သတင်းစာ ဆရာကြီး ဦးလှထွန်းဖြူ ပြုစုသော ရခိုင် ပြည်နယ် တိုင်းရင်းသား လူမျိုးများ အကြောင်းတွင် အတည်ပြု ဖေါ်ပြ ထားသည် များကို တွေ့ရသည်။ (ရခိုင် မွတ် ဆလင်နှင့် ကမန် တို့မှာ ဘာသာ စကား၊ ဓလေ့၊ ထုံးထမ်း တူညီ သူများ ဖြစ်သည်။)

ဗမာ မွတ်ဆလင်- ဤလူမျိုးစုသည် များသော အားဖြင့် ကိုလိုနီ ခေတ်တွင် ၀င်ရောက် လာသော အိန္ဒိယ မျိုးနွယ် တစ်ခုခုနှင့် မြန်မာ နိုင်ငံမှ တိုင်းရင်းသားဝင် တစ်ခုခုတို့ သွေးနှောသော ကပြား လူမျိုးစုမှ အစ္စလာမ် သာသနာအား ကိုးကွယ်သူများ ဖြစ်သည်။ သွေးမနှောသည့် အိန္ဒိယ မျိုးနွယ် အစစ် ရပ်တည် သူများက ၎င်းတို့ကို ဇေရ်ဘာဒီ (ကပြား) များဟု ခေါ်၍ နောင်သော် ဇေရ်ဘာဒီ လူမျိုးဟု ဖြစ်လာ ခဲ့သည်။ အိန္ဒိယ မျိုးနွယ် မျိုးရိုး မပျက် နေထိုင်ခဲ့ သော စူရ်တီ၊ ဟန်ဒူစတန်နီ၊ မေမန်၊ ကျူလီယာ၊ ဘင်္ဂလီ၊ နဆာ ပူရီ စသည် တို့က မြန်မာ နိုင်ငံ အတွင်း ယခင်ရှိ ပြီး ဖြစ်သော ပသီ၊ မြေဒူး၊ သုံးထောင့်ခုနစ်ရာ တို့ကိုလည်း ကပြား များ ဟု သတ်မှတ်ကာ ဇေရ်ဘာဒီ များဟု ခေါ်ဝေါ်ခဲ့ရာမှ ဇေရ်ဘာဒီ ဟူသည့် ခေါင်းစဉ် အောက်တွင် ပန်းသေးနှင့် ပသျှူးမှ လွဲ၍ရှေး မြန်မာပြည်ဘွား အစ္စလာမ် သာသနာဝင်အား လုံးဇေရ်ဘာဒီ ဟူသောခေါင်း စဉ် က ကို လိုနီခေတ် ကပြား များနှင့် ရှေးဟောင်း မြန်မာပြည် ဘွား မွတ်ဆလင် အားလုံး ကို မြို့ လိုက် တော့ သည်။ အခြား တစ်ဘက်တွင် ရှေးမြန်မာ ရာဇ၀င် မှတ်တမ်း များက လည်း မြန် မာ ပြည် ဘွား အစ္စလာမ် သာသနာ ၀င်မှန်လျှင် လူမျိုးနွယ် မခွဲတော့ဘဲ ပသီ များဟု မှတ်တမ်း တင်ခဲ့ သည်များ ရှိနေ၍ ပသီတို့ အနေဖြင့် ဇေရ်ဘာဒီ ခေါင်းစဉ် အောက်တွင် သွပ်သွင်း ခံရရန် လွယ်ကူမှု တစ်ခု ဖြစ် ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူစဉ် ဆရာကြီး ဦးရာဇတ်နှင့် ဗိုလ်ချုပ် အောင်ဆန်း တို့၏ သဘော တူညီမှု အရ ထို ဇေရ်ဘာဒီ အုပ်စုဝင်အား ဗမာ မွတ်ဆလင် ဟူသည့် ခေါင်းစဉ်ဖြင့် တရားဝင် တိုင်းရင်းသား သတ် မှတ် ပေးခဲ့ သည်။ (သို့သော် ထိုခေတ် ထိုအခါက ဇေရ်ဘာဒီ ဟု ဗမာ မွတ်ဆလင်ဟု ခံယူသော သူ များ မှာဗမာ ပြည်မတွင်း မှ ကပြား များသာ ဖြစ်၍- ရှမ်း၊ ကရင်၊ ကချင်၊ ရခိုင် စသည့် တိုင်းရင်း သား ဒေသ မှ ကပြား များမှာ ဗမာ မွတ်ဆလင် ဟု မခံယူ ခဲ့ပေ၊)

ပသျှူး- ပသျှူး လူမျိုး တို့သည် မာလာယု (မလေး) မျိုးနွယ်များ ဖြစ်သည်။ ၎င်းတို့သည်မြန်မာ နိုင် ငံ တောင်ပိုင်း ဒေသ အထူး သဖြင့် ဘုတ်ပြင်း မြို့နယ် များတွင် အနေများ ခဲ့သည်။ ၎င်း တို့သည် မလေး ရှားဘက်မှ ကျူးကျော် ၀င်ရောက်လာ သူများမဟုတ်ဘဲ -မလေးမျိုးနွ ယ်များ၏ မူလ ဘူတ ဖြစ်သော မြန် မာနိုင်ငံ တောင်ပိုင်း ဖျားအား မြန်မာ ဘုရင် များက သိမ်းပိုက် ဧရိယာ ချဲ့ထွင် လိုက် ခြင်း သာ ဖြစ်သည်။

အထက် ဖေါ်ပြပါ လူမျိုးစု များမှာ မြန်မာ နိုင်ငံ အတွင်း တရားဝင် ပြန်တမ်းဝင် သမိုင်း မှတ်တမ်းဖြင့် တည် ရှိ ခဲ့သော အစ္စလာမ် သာသနာကို ကိုးကွယ်သည့် လူမျိုးစုများ ဖြစ်ခဲ့၍-၊ ယခုအခါ သမိုင်း ဖျောက် ခြင်းကို ခံနေ ရသူများ ဖြစ်သည်။

အခြား အခြားသော ရှမ်းပြည်ရှိ မွတ်ဆလင်များ သို့မဟုတ် ရှမ်းနှင့် ကပြား မွတ်ဆလင်များ၊ ကရင်၊ ကချင်၊ ချင်း၊ မွန် စသော တိုင်းရင်းသား ဒေသ များမှ မွတ်ဆလင်များ သို့မဟုတ် ကပြားများ အနေ ဖြင့်လည်း မိမိ တို့ အား သန် သည့် အလျှောက် မိမိ လူမျိုးကို ခံယူ သတ်မှတ် နိုင်ခွင့် ရှိပေသည်။ သို့မဟုတ် မြန်မာ နိုင်ငံ ဧရိယာ တွင်းတွင် နေ ထိုင်ကြီးပြင်း သောကြောင့် ၎င်းတို့ အနေဖြင့် မြန်မာ မွတ်ဆလင် အစုတွင် သဘော ဆန္ဒ အလျှောက် ပါဝင်ခွင့် ရှိ ပေသည်။

အိန္ဒိယ မျိုးနွယ် မျိုးရိုး မပျက် နေထိုင်ခဲ့ သော စူရ်တီ၊ ဟန်ဒူစတန်နီ၊ မေမန်၊ ကျူလီယာ၊ ဘင်္ဂလီ၊ နဆာပူရီ၊ မဂို စသည် တို့မှာ ကိုလိုနီခေတ်တွင် မြန်မာ နိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် ၀င်ရောက် လာသူ များ ဖြစ် သည်။ (ရှေး ယခင် မြန်မာမင်းများ လက်ထက် တွင်လည်း အကြောင်း အမျိုးမျိုးဖြင့် ၀င်ရောက် ကူးသန်း အခြေချ နေသူများ ရှိခဲ့ နိုင်သည်၊ သို့သော် လူဦးရေ ပြောပ လောက်မည် မဟုတ်ဘဲ ပသီ အစု ထဲတွင် ပါဝင် သွားနိုင်ခဲ့သည်။) သူတို့သည်သူတို့ ကိုယ်သူတို့ ဗမာမွတ်ဆလင်ဟု လည်းကောင်း၊ ပသီဟု လည်းကောင်း ဘယ်စဉ် အခါ ကမျှ မခံယူ ခဲ့ဘဲ သီးသန့် ရပ်တည်သူများ ဖြစ်သည်။ ယခုခေတ် တွင်လည်း သီးသန့် ရပ်တည် နေဆဲပင် ဖြစ်သည်။ သက်ဆိုင်ရာ လူမျိုး စု အသီးသီးတွင် ကိုယ်ပိုင် စကား၊ ကိုယ်ပိုင် ဓလေ့၊ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင် လူ့အဖွဲ့ အစည်းများ ရှိနေသည်။ 

ကျွန်ုပ်တို့ ပြန်တမ်းဝင် မြန်မာ မွတ်ဆလင် အစု အနေဖြင့် ၎င်းတို့အား မြန်မာ မွတ်ဆလင် အစုတွင် ထည့် သွင်း ရေတွက် လိုလျှင် ၎င်းတို့ထံမှ သဘော တူညီမှုကို အရင် အဦး ရယူရမည် ဖြစ်သည်။ ကျွန်ုပ်တို့ သဘောဖြင့် ကိုယ်ပိုင် ဆုံးဖြတ်၍ ကျွန်ုပ်တို့ မြန်မာ မွတ်ဆလင် အစု လူဦးရေ များပြားစေဟု ထည့်သွင်းရန် မဖြစ်နိုင်ပေ။ ဤသည် နိုင်ငံရေးနှင့် လူမျိုးရေး အရ အုပ်စုခွဲ သတ်မှတ်ခြင်း ဖြစ်၍ ဘာသာ ရေးရာ ကိစ္စများနှင့် မပတ်သက်ချေ။

အဆိုပါ အိန္ဒိယ မျိုးနွယ် အစု များသည် မြန်မာ နိုင်ငံ အတွင်းသို့ ကိုလိုနီ ခေတ်တွင်မှ ၀င်ရောက် လာသော အခြားသော လူမျိုးအစု ဥပမာ နောက်ပိုင်း ၀င်ရောက် ခဲ့သော တရုတ် လူမျိုး အစုများ၊ အိန္ဒိယ အနွယ် ဗုဒ္ဓဘာသာ ၀င်၊ ခရစ်ယာန် ဘာသာဝင်၊ ဟိန္ဒူ ဘာသာဝင်နှင့် အခြား အခြားသော အုပ်စုဝင် များကဲ့ သို့ ဖြစ်သည်။ ခေတ်စနစ် နှင့် ခေတ်ကာလ အလျှောက် ထိုအစု များကိုလည်း ကမ္ဘာ့ စံချိန်နှင့် အညီ ဥပဒေ ပြဌာန်းလျှက် နိုင်ငံသား ပြုပိုင်ခွင့် များ နိုင်ငံသား ဖြစ်ခွင့်များ ပေးရမည်သာ ဖြစ်သည်။

(မှတ်ချက်- အကယ်၍ မြန်မာ တစ်နိုင်ငံ လုံးရှိ အစ္စလာမ် သာသနာဝင်တို့ အနေဖြင့် ညီညွတ်သော အုပ်စု တစ်စု ဖြစ်တည် လာစေရန် အသင်း အဖွဲ့ ဖွဲ့စည်းမည် ဆိုပါက- မြန်မာ မွတ်ဆလင် အစုတွင် ပါဝင်သည့် လူမျိုးစု တစ်စု ချင်းစီသည် အရင် အဦး မိမိတို့၏ လူမျိုးစု အလျှောက် အသင်း အဖွဲ့များ ဖွဲ့စည်း ရမည် ဖြစ်ပြီး ထိုလူမျိုးစုမှ သက်ဆိုင်ရာ လူမျိုးစု လူထု ကိုယ်စားလှယ်များ ရွေးကောက် ရမည် ဖြစ်သည်။ သို့ပြီးမှ ထိုလူမျိုးစု ကိုယ်စားလှယ် များ သို့မဟုတ် သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များ စုစည်းလျှက် United Myanmar Muslims သို့မဟုတ် အခြား သင့်လျှော်သည့် အမည် နာမ တစ်ခုကို ဘုံသဘော တူ ရွေးချယ်လျှက် ဖွဲ့စည်း သင့်သည်။ အဆိုပါ ဖြစ်တည် လာမည့် အဖွဲ့အစည်း တွင်လည်း လူနည်းသည် များသည်ကို မသတ်မှတ်ဘဲ လူမျိုးစု တစ်စုလျှင် ကိုယ်စားလှယ် ၂ ဦး သို့မဟုတ် ၃ ဦး သတ်မှတ်ပြီး- အလှည့်ကျ ဥက္ကဌ တာဝန် သို့မဟုတ် အခြား သင့်လျှော်သည့် အသုံး အနှုန်း ဖြင့် - ဖွဲ့စည်းပုံ စနစ်တ ကျ ပြုစုလျှက် ဖွဲ့စည်း ထူထောင် ရသင့် ပေသည်။) 


ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
17.9.2013

မြန်မာနိုင်ငံ အတွင်းမှာ လူနည်းစု မျိုးနွယ်တွေ အတွက် တိုင်းရင်းသား ဆိုတဲ့ စကားလုံးကို သုံးပြီး တိုင်းရင်းသား ရောဂါ တစ်ရပ်ကို ပီပီပြင်ပြင် ထည့်ထားပြီး လူများစု ဖြစ်နေတဲ့ ဗမာတွေ ကတော့ သူတို့ ကိုယ်သူတို့ တိုင်းရင်းသား ဆိုတဲ့ ဝေါဟာရ ရဲ့ အပြင်ဘက်က ရပ်တည် နေတယ်။ ပြီးတော့ နိုင်ငံသား၊ တိုင်းရင်းသား တွေထက် အဆ ပေါင်း များစွာ ကွာဟတဲ့ နိုင်ငံသား အခွင့် အရေးကို အပြီးသပ် ဆုပ်ကိုင် ထားပါတယ်။ ဒီနေရာ မှာလည်း ဗမာ ဗုဒ္ဓ များ အတွက် အထူး သီးသန့် မဟာ အခွင့် အရေးကို စာရွက် စာပေ ဥပဒေပြု ထားခြင်း မဟုတ် ဘဲလျှက် လူတွေရဲ့ အထင် အမြင် စိတ်မှာ ကိန်းဝပ် နေအောင် ဖန်တီး ထားတဲ့ စနစ်မျိုးနဲ့ ကျင့်သုံး ထားခြင်း ဖြစ်နေ ပါတယ်။ တစ်ကယ် တမ်းကျတော့ ဗမာ ဗုဒ္ဓဘာသာ လူထုကြီး တစ်ရပ် လုံးလည်း ခံစားရတဲ့ အခွင့် အရေး မဟုတ်ပါ။ အထင် အမြင် သာ ခံစား နေရပြီး အာဏာရူး၊ အာဏာမက် တစ်စု အတွက်သာ သီးသန့် ဖန်တီး ထားတဲ့ အခွင့် အရေး တစ်ရပ် ဖြစ်နေ ခြင်းပါ။ ဒါတွေကို ဗမာ လူထု မြင်လာပြီး ထိမ်း မရနိုင်တဲ့ အခါ- ပြုပြင် ပြောင်း လဲရေး ဆို တဲ့ စကားလုံးနဲ့ ဗမာ ဗမာချင်း စုစည်းဘို့ ဖန်တီး လိုက်ပါတယ်။

တိုင်းရင်းသား ဆိုတဲ့ အမည် နာမကို ရရှိထားတဲ့ လူနည်းစု တစ်စုချင်း စီဟာ မိမိတို့ အနေနဲ့ မြန်မာ နိုင်ငံ တစ်ခု လုံးကို ဘုံပိုင် ဆိုင်တယ်၊ မြန်မာ နိုင်ငံဟာ မိမိတို့ရဲ့ မြေ၊ မိမိတို့ရဲ့ နိုင်ငံဆိုတာကို ပါ မေ့လျှော့ နေစေ ပြီး- ငါတို့ တိုင်းရင်းသား နာမည်ရ နယ်မြေလည်း တစ်ခုတည်းနဲ့ မိမိရဲ့ နာမည်တူ လူစုလေး တစ်စု အတွက် သာ စဉ်းစား နေစေ အောင်လည်း အာဏာရှင် တွေက ဖန်တီး ထားနိုင် ခဲ့ပါတယ်။ အခု အချိန် ထိလည်း ဒီအာရုံ ဒီစိတ်ဓါတ်ကို ဖျောက်ဖျက်ဘို့ သတိ မရနိုင်တဲ့ အခြေ အနေမှာ ရှိနေပါ သေးတယ်။ ဒါပေမယ့်- အကယ်၍သာ ဗမာ ဗမာချင်း ညီညွတ်ပြီး ဗမာ ဗမာချင်း အားပြိုင် ရွေးကောက်တဲ့ ဗမာ လူမျိုး အတွက် ဒီမို ကရေစီ စနစ်ကို ထူထောင် နိုင်ခဲ့ရင် ကမ္ဘာက လူမျိုးကြီး မျက်ကန်း ၀ါဒီတွေဟာ သူတို့ နာမည် ပေးခဲ့တဲ့ တိုင်းရင်း သားတွေ အတွက် စိုးစဉ်းမျှ စဉ်းစား ပေးဘို့ မရှိခဲ့ပါ။ သို့သော် ကမ္ဘာ့ အသိုင်း အ၀ိုင်းက ပြောဆို တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဆိုတာမှာ ပြည်တွင်းစစ် ရပ်စဲနိုင်ရေးနဲ့ လူလူချင်း တန်းတူညီမျှ အခွင့် အရေး လည်း က အဓိက သော့ချက် ဖြစ်နေတော့ တိုင်းရင်းသားလို့ ခေါ်ခံနေရတဲ့ လူနည်းစု မျိုးနွယ် တွေနဲ့ အ ဆင် ပြေအောင် တည်ဆောက် ရေးကို ဗမာ မျိုးချစ် တွေ မချစ်သော်လည်း အောင့်ကာ နမ်းရပြန် ပါတယ်။ တစ် ကယ်တော့ သူတို့ ထင်မြင် နေတဲ့ မဟာ လူမျိုးကြီး ဆိုတဲ့ ဗမာတွေဟာ ဆင်းရဲ မွဲတေမှု၊ ပညာမဲ့ မှု၊ နိုင်ငံ တစ်ကာကို ထွက် ကျွန်ခံရမှု တွေက ဆထက်ထမ်းပိုး တိုးလာနေပြီး အဖတ်ဆယ် မရအောင် စုတ်ပြတ် သွားလို့သာ နိုင်ငံ တစ်ကာမှာ Good Credit ရလာ မလားလို့ နိုင်ငံ တစ်ကာကြိုက် ငြိမ်း ချမ်းရေးကို လုပ်ဆောင် နေရခြင်း ဖြစ်ပါတယ်။ လူနည်းစု အပေါ် လူကို လူလို မြင် လို့ ဆိုတဲ့ အရိပ် အယောင် ဒီနေ့ထိ မတွေ့မြင် ရသေးပါဘူး။

ကမ္ဘာ့ အသိုင်း အ၀ိုင်းက လူတွေဟာ လူသား တန်ဘိုးနဲ့ လူပီသတဲ့ အဆင့်ကို ရောက် နေ သူ များ ဖြစ်နေပါပြီ။ ကောင်းတာကို ပြုလုပ်တဲ့ အတွက် Good Credit ပေးသလို၊ မကောင်းမှုအတွက် Bad Credit ဆိုတာ ဒွန်တွဲ သတ်မှတ်ပြီး ဖြစ်နေပါတယ်။ ဒီမိုကရေစီကို ဦးတည်တဲ့ ပြုပြင် ပြောင်းလဲရေး ဆိုတဲ့ စကားလုံးကို ပါးစပ်က ပြောပြော နေပြီး- အဲ့ဒီ စကားလုံး အောက်မှာ ဗမာ ဗုဒ္ဓဘာသာချင်း ပူးပေါင်း သွား စေနိုင် ပေမယ့် ဗမာ ဗုဒ္ဓချင်း ပေါင်းမိ သွားတဲ့ လူများစု အင်အား တစ်ရပ်က ကျန် လူနည်းစု မျိုးနွယ် တွေအပေါ် ဖိနှိပ် ချုပ်ချယ်လို့ ရပြီ။ လူနည်းစု ဘာသာဝင် တွေအပေါ် အပျောက် ရိုက်လို့ ရပြီ ဆို ပြီး ဘ၀င်မြင့် နေသူ တွေဟာ ပင်းနေ၊ ကန်းနေ၊ အ နေသူတွေသာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အတွက် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ပြုပြင် ပြောင်းလဲရေး ဆိုတာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာ ရ ပေါ် မှာ သော့ ချက် ဖြစ်နေ ပါတယ်။ ဒါကို မျက်ကန်းတွေ မမြင်သ၍ တိုင်းပြည် အပေါ်မှာ ရနေတဲ့ Good Credit ဆိုတာ အသုံး ၀င်ဦးမှာ မဟုတ်ဘူး။ ဖုံးတစ်ခုထဲမှာ SIM Card ကို ဖြုတ်ထားပြီး- Credit (ငွေ) ဖြည့်နေ သလို ဖြစ်နေတယ် ဆိုတဲ့ အချက်ကို သိဘို့ လိုပါတယ်။ SIM Card ကို ဖြုတ်ထားပြီး ကြိုက် သလောက် Credit ဖြည့်ပါ- အဲ့ဒီ ဖုံးက ခေါ်လို့ ပြောလို့ ရတဲ့ ဖုံး ဖြစ်မလာဘူး ဆိုတာ လောက်တော့ နားလည် ရပါမယ်။

လူမျိုး တစ်မျိုးဟာ သူဟာသူ ကြိုက်တာကို နာမည်ပေး ခွင့်တောင် မရှိရင် အဲ့ဒီ ဒီမိုကရေစီကို ဘယ်သူ ကမှ အသိ အမှတ် ပြုမှာ မဟုတ်သလို-၊ မြန်မာနိုင်ငံ ဧရိယာတွင်းက မူလဘူတ လူမျိုးနွယ် တစ်စုကို သမိုင်းဖျောက်၊ မျိုးပြု ရှင်းလင်းမှု ဟာလည်း စစ်မှန်တဲ့ လူသားဝါဒ မဟုတ်ဘူး ဆိုတာ ကမ္ဘာ တစ်ခုလုံးက စွဲမြဲစွာ ခံယူထားတဲ့ အချက်ပါ။ ဒါကို ပြုပြင် ပြောင်းလဲ ပစ်လို့ မရသလို-၊ လူလူချင်း အသိ အမှတ် မပြုတဲ့ ၀ါဒကို ချို့ယွင်းချက်နဲ့ နားလည် ပေးဘို့လည်း မရှိဘူး။ တစ်ကယ်လို့ မြန်မာနိုင်ငံ အတွက် အဲ့သလို နား လည်မှု ပေးလိုက်ရင် - ကမ္ဘာ ပေါ်မှာ ရှိတဲ့ အခြားသော တိုင်းပြည် များမှာလည်း သူတို့ မလိုလားတဲ့ သူတို့နဲ့ ဘာသာ မတူတဲ့ လူမျိုးစု တစ်စု ကို ဖျောက်ဖျက် ချင်ရင် ဖျောက်ဖျက် လို့ရတယ် ဆိုတဲ့ ချို့ ယွင်းချက် ဥပဒေ တစ်ရပ် ကမ္ဘာမှာ ဖြစ်လာ ပါလိမ့်မယ်- ဒါကို ကမ္ဘာ့ အသိုင်း အ၀ိုင်းက ဘယ်လိုမှ ဘယ် နည်းနဲ့မှ လက်ခံ အတည် ပြုပေးမှာ မဟုတ်ဘူး ဆိုတာကိုလည်း ဗြောင်းငြင်း မျက်ကန်း ၀ါဒီတွေ သိ နားလည်ဘို့ လိုပါလိမ့်မယ်။

ကမ္ဘာ့ အသိုင်းအ၀ိုင်းကဘယ်လိုမှ နားလည် လက်ခံ မပေးနိုင်တဲ့ သော့ချက်က ဖုံးတစ်ခု ထဲမှာ ဖြည့်ပေးနေ တဲ့ Credit တွေကို အသုံးဝင် စေမယ့် SIM Card သဖွယ် ဖြစ်နေပါတယ်။ Credit တွေ ဖြည့်ပေး ထားခြင်းဟာ ကောင်းတဲ့ လက္ခဏာတွေ ဖြစ်ပေမယ့်၊ အသုံးပြုနိုင်ဘို့ SIM Card မထည့်မချင်း အဲဒီ Credit များကို စိတ်ကူး ယဉ်နဲ့ပဲ ခံစားနေရမှာပါ။

မြန်မာ နိုင်ငံ အတွင်းက ရိုဟင်ဂျာတွေ၊ မြန်မာ မွတ်ဆလင်တွေ ၂၀၁၄ သန်းခေါင် စာရင်းမှာ မိမိ ကြိုက်တဲ့ အမည် နာမကို ထည့်သွင်း နိုင်ပါတယ်။ ဒါကို ဘယ်သူမှ ဖျောက်ဖျက်ခွင့်၊ တားဆီးခွင့် မရှိပါ။ အကယ်၍ တစ်စုံတစ် ယေက်က အာဏာနဲ့ တားမြစ်ခြင်း၊ အဲ့ဒီ လူမျိုးက သဘော မတူဘဲ အခြား အမည် နာမ တစ်ခုကို ထည့်ဖေါ် ပြခဲ့ ရင်လည်း ကမ္ဘာက အဲ့လို နိုင်ငံမျိုးကို ချွင်းချက်နဲ့ နားလည် ခွင့်ပြုပေးဘို့ မရှိပါ။

မဟာ လူမျိုးကြီး စိတ် အမြစ် တွယ်နေတဲ့ ဗြောင်ငြင်း မျက်ကန်း ၀ါဒီတွေ၊ လူနည်းစု မျိုးနွယ်များ အပေါ် အထင် သေးစိတ်ကို ခေါင်းမြီး ခြုံထား သူတွေဟာ- သူတို့ရဲ့ ပင်း၊ ကန်း၊ အ ဘ၀နဲ့သာ သူတို့ မျိုးဆက်ကို သေးသိမ်တဲ့ ဘ၀ကို ပို့ဆောင် နေသူတွေ ဖြစ်ပါတယ်။ လူနည်းစု မျိုးနွယ်များ အပေါ် အ ထင်သေးစိတ် ခေါင်းမြီး ခြုံထားတဲ့ အဖြစ်က သူတို့ကိုယ် သူတို့ မသိ ဘဲလျှက် သူတို့ရဲ့ မျိုးဆက် ကိုသာ အသက်ရှု ကြပ်လာ စေရမှာပါ။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
29.8.2013

Civil Rights ဆိုတာ နိုင်ငံ တစ်နိုင်ငံ ထဲမှာ လူသား ချင်းကြား တန်းတူ ညီမျှ အခွင့် အရေး၊ အကျိုးတူ အေးတူ ပူမျှ ခံစားရရေး ဖြစ်ပါတယ်။ တန်းတူ ညီမျှ အခွင့် အရေး ရရှိအောင် လှုပ်ရှားမှု ဆိုတာ တန်းတူ ညီမျှ အခွင့် အရေး မရှိတဲ့ အရပ် ဒေသ၊ တိုင်း၊ နိုင်ငံတွေ မှာသာ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။ 

ဒီမှာလည်း တန်းတူ ညီမျှ အခွင့် အရေး တစ်ကယ် ဆုံးရှုံး နေရတဲ့ လူထု တစ်ရပ်က မိမိတို့မှာ အမှန် တစ်ကယ် အခွင့် အရေးတွေ ဆုံးရှုံး နေပါလား-၊ ဒီအခွင့် အရေးကို ရအောင် ဘယ်လို ရယူမလဲ ဆိုတဲ့ အသိတရား လည်း ရှိလာဘို့ လိုအပ် ပါတယ်။ တန်းတူ ညီမျှ အခွင့် အရေး ဆုံးရှုံး နေတာကို ဆုံးရှုံး နေမှန်း မသိဘဲ အဆင် ပြေသလို နေတတ်တဲ့ အလိုက်သင့် ကျေးကျွန် စိတ်ပေါက် နေတဲ့ လူထု ဆိုရင် အဲ့လို လူထုမျိုး အတွက် တန်းတူ ညီမျှ အခွင့် အရေး ရလာဘို့ အကြောင်း မရှိပါ။ အကြောင်း ကတော့ တန်းတူ ညီမျှ အခွင့် အရေး ဆိုတာလည်း လူမှု တော်လှန်ရေး တစ်ခု ဖြစ်နေလို့ ပါပဲ။

တန်းတူ ညီမျှ အခွင့် အရေး ရရှိဘို့ လှုပ်ရှား ကြိုးစား ခဲ့တဲ့ သမိုင်းမှာ အမေရိ ကန် ပြည်ထောင် စု က ဒေါက်တာ မာတင် လူသာကင်း (ဂျူနီယာ) ဦးဆောင်တဲ့ လှုပ်ရှားမှုက ကမ္ဘာမှာ သမိုင်းဝင် ဖြစ်ခဲ့ ပါ တယ်။ သူ မတိုင်မှီ လူမဲ တွေရဲ့ အခွင့် အရေးကို စတင် တောင်းဆို ခဲ့သူ ခေါင်းဆောင်က မဲလ်ကွန် အိက်စ် ဖြစ်ပြီး မဲလ်ကွန် အိက်စ်က လုပ်ကြံ ခံလိုက် ရပါတယ်။ မဲလ်ကွန် အိက်စ်ရဲ့ ငါတို့ဟာ ခြံထဲက ကြက်တွေ မဟုတ်ဘူး ဆိုတဲ့ သမိုင်းဝင် စကား က တန်းတူ ညီမျှ အခွင့် အရေး ဆိုတာကို မေ့လျှော့ နေတဲ့ လူထုကြီးကို စတင် လှုပ်နှိုး နိုင်ခဲ့တာပါ။ ၀မ်းနည်း စရာ ကောင်းတာက လူမဲတွေ အတွက် တန်းတူ ညီမျှ အခွင့် အရေးကို ဦးဆောင် တောင်းဆိုတဲ့ မဲလ်ကွန် အိက်စ် ကို လုပ်ကြံတဲ့ သူဟာ ဆန့်ကျင်ဘက် အင်အား စုရဲ့ လက်ပါးစေ လူမဲတွေပဲ ဖြစ်ခဲ့ပါတယ်။ မဲလ်ကွန် အိက်စ်ရော ဒေါက်တာ လူသာကင်းပါ လုပ်ကြံ ခံရသူ များ ဖြစ်ခဲ့ ပေမယ့်-၊ သူတို့ ဦးဆောင် ခဲ့တဲ့ တန်းတူ ညီမျှ အခွင့်အရေး လှုပ်ရှား မှုကြောင့် လူမဲ တွေရဲ့ ဘ၀ ဟာ အမေရိကန် ပြည်ထောင်စု ထဲမှာ တန်းတူ ညီမျှ အခွင့် အရေးရဲ့ အကျိုး တွေကို ခံစား ခဲ့ရ ပါတော့ တယ်။ လူသားချင်း တန်းတူ ညီမျှ အခွင့် အရေးကို ဥပဒေပြု ပေးလိုက်တဲ့ အမေရိကန် ပြည်ထောင် စု ဟာ လည်း လူ့အရင်း အမြစ် အရည် အသွေး များရဲ့ အကျိုး တရားတွေ ဖြစ်ထွန်းပြီး ဆထက်တံပိုး တိုး တက် ခွင့်ရ သွားပါ တော့တယ်။

အလားတူ အာဖရိက တိုက်ထဲက တောင်အာဖရိက နိုင်ငံ ဟာလည်း တန်းတူ ညီမျှ အခွင့် အရေးကို ဥပဒေ ပြုပေး လိုက်ပြီး နောက်ပိုင်းမှာ လူတစ်ဦး ချင်းရဲ့ လုပ်အား လူ့အရင်း အမြစ်နဲ့ အရည် အသွေး တွေ ကို အသုံး ချခွင့် ရသွား ပြီး ဒေသ တွင်းမှာ အတိုး တက်ဆုံး နိုင်ငံ တစ်ခု ဖြစ်လာ ခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ မြန်မာ နိုင်ငံက အတု ယူဘို့ လိုအပ်လှ ပါတယ်။

တန်းတူ ညီမျှ အခွင့် အရေး ဆိုတဲ့ စကားလုံးနဲ့ ဥပဒေ ပြုမှုက စကား ဝေါဟာရ အဖြစ် လွယ်ကူ ပေမယ့် လက် တွေ့ အကောင် အထည် ဖေါ်တဲ့ နေရာမှာ အလွန် တရာ ခက်ခဲ လှပါတယ်။ တန်းတူ ညီမျှ အခွင့် အရေး အတွက် လူမှု တော်လှန်ရေး ဖြစ်ပေါ် ခဲ့တဲ့ နိုင်ငံ တွေကို ပြန်ကြည့်ရင် နောက်ခံ လူ့အသိုင်း အ၀ိုင်း နဲ့ ဖြစ်တည်ပုံ လူ့သမိုင်း မတူ ညီမှုအပေါ် တော်လှန်ရေး ရဲ့ အသွင် သဏ္ဍာန် ဟာလည်း မတူ ကွဲပြား တာ ကို တွေ့မြင် ရပါတယ်။ 

အင်္ဂလန် နိုင်ငံမှာ ပရိုတက်စ် တင့်ဂိုဏ်း တွေကို ဖိနှိပ် ခဲ့စဉ်က- ဘာသာရေး အကြောင်း ပြချက်နဲ့ ဖိနှိပ် ခွဲခြားခြင်း ဖြစ်ခဲ့တယ်။ အမေရိကန် ပြည်ထောင်စုမှာ လူမဲတွေကို ကျေးကျွန် အဖြစ် အစဉ် အလာ အမြင် ရှိမှုတွေကြောင့် ခွဲခြား ဆက်ဆံ ခံခဲ့ရတယ်။ တောင်အာဖရိကမှာ အသားရောင်နဲ့ လူဖြူ ကြီးစိုးရေး ၀ါဒ တွေကြောင့် ဖြစ်ခဲ့ ရတယ်။ ဒါတွေ အားလုံးကို အဆိုပါ နိုင်ငံတွေမှာ ကျော်ဖြတ် နိုင်ခဲ့ပါပြီ။ ဘယ်ဘာ သာ ဖြစ်ဖြစ်-၊ ဘာအရောင် ဖြစ်ဖြစ် လူကို လူလို့ မြင်နိုင်တဲ့ အသိစိတ်တွေ လူလူချင်း လူလို ဆက်ဆံ ရ မယ် ဆိုတဲ့ ခံစားမှုတွေ သူတို့ ရင်ထဲမှာ အမြစ်တွယ် ခဲ့ကြပါပြီ။

တန်းတူညီမျှ အခွင့် အရေးကို မပေးချင် သူတွေဟာ တစ်ကယ်တော့ စိတ်ရောဂါ တစ်ခုခု စွဲကပ် နေ သူတွေ ဖြစ်တယ် လို့ ကျွန်တော့ အနေနဲ့ ဆိုချင်ပါတယ်။ သူတို့ ကိုယ်သူတို့ ယုံကြည်မှု အားနည်းခြင်း၊ မသိစိတ် တွင်းက သိမ်ငယ် စိတ်နိုးကြွမှု လွန်ကဲခြင်း၊ သတ္တိရှင် တို့ရဲ့ နှလုံးကို မမူတဲ့ မနာလိုမှု ယိုဖိတ်ခြင်း စိတ်ဝေဒနာ ရှင်တွေဟာ လူ- လူချင်း တန်းတူ ညီမျှ အခွင့် အရေးနဲ့ ဆက်ဆံ ရမှာကို ကြောက်ရွံ့ သူ များ ဖြစ် တယ် လို့ ဒေါက်တာမာတင် လူသာကင်းကို ထောက်ခံ ခဲ့တဲ့ လူဖြူအုပ်စု ခေါင်းဆောင် တွေက- အတိုက် အခံ များကို ထောက်ပြ ခဲ့ပါတယ်။

သူတို့ ကိုယ်သူတို့ ယုတ္တိရှိ လှပါတယ်လို့ ထင်မှတ် အကြောင်း ပြနေတဲ့ ဆင်ခြင် တွေဟာ တစ်ကယ်တော့ ကလေး ဆန်လှတဲ့ ယုတ္တိမဲ့ ခေတ်နောက်ကျ နေမှု များသာ ဖြစ်ပါတယ်။ ဒီလို အယူသည်း ရပ်တည်မှု များဟာ သမိုင်းမှာ လူကြမ်း မင်းသား များသာ ဖြစ်သွား ရပါတယ်။

Civil Rights လှုပ်ရှားမှု အတွက် တိုင်းပြည် တွင်းမှာ ရှိတဲ့ လူအများစု ကြီးကို Civil Rights ရဲ့ ကောင်း ကျိုး တွေကို ဆွေးနွေး ဖလှယ်ဘို့နဲ့ Civil Rights မရှိတဲ့ နိုင်ငံများရဲ့ လူရာ မ၀င်ဖြစ်ရမှု များကိုလည်း နားပေါက်အောင် ပြောဆို နိုင်ဘို့ လိုပါတယ်။ နိုင်ငံ တစ်ကာ အတွေ့ အကြုံ များအရ Civil Rights ကို မကြိုက်သူ များထဲမှာ မျက်ကန်း ဘာသာရေး အယူသည်းတွေ၊ အများ ကြိုက်လိုက်လျှော ဆင်ခြေမှားကို ကျင့်သုံးတဲ့ အာဏာမက်တွေ၊ ယုတ်မာ ကောက်ကျစ်တဲ့ စီးပွားရေး သမား တွေက များတတ် ပါတယ်။ အဲ့ဒီ အုပ်စု သုံးစုဟာ အကျိုးတူ ပူးပေါင်းပြီး သာမန် လူထုကြီးကို ဘာသာအား အာဏာအား ဓနအားတွေနဲ့ ပြု စား ဖျားယောင်း လေ့ရှိ ပါတယ်။ အဲ့ဒီ အုပ်စု သုံးစုဟာ ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတဲ့ စိတ်မျိုး ထားသူတွေ ဖြစ်ပြီး- တိုင်းပြည် အကျိုး၊ လူထု အကျိုး ကို ထည့်မစဉ်းစား ပေးသူ များသာ ဖြစ်ပါတယ်။ ဒါ ကို လူထုကို မြင်အောင် ပြဘို့ လိုအပ် ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို တည့်တည့် သုံးသပ်ရင် Civil Rights ကို ဖျက်ဆီး နေသူ တွေဟာ ဘာသာ ရေး အယူသည်းတွေ၊ အာဏာမက် တွေနဲ့ လောဘ တက်နေတဲ့ လူတစ်စု စီးပွားရေး သမားတွေ ဖြစ်ကြောင်း သိသာ မြင်သာ တွေ့နေ ရပါတယ်။ ဒီသုံးစုက သူတို့ရဲ့ ပုဂ္ဂလိက အောင်မြင်မှု အ တွက် လူထုနဲ့ တိုင်းပြည်ကို အရင်းတည်- ချကျွေး နေခြင်းသာ ဖြစ်ကြောင်း လူထု သိဘို့ လိုပါမယ်။ ဥပမာ အားဖြင့် ဘာသာရေး အမည်ခံ သင်္ကန်းဝတ် တစ်စုကြောင့် ဗုဒ္ဓဘာသာ နာမည်ပျက် ရတယ်-၊ ဒီမှာ ဗုဒ္ဓဘာသာကို အစဉ်အလာ ရိုးရိုး သားသား ကိုးကွယ် ယုံကြည် ခဲ့တဲ့ လူထုကြီးက မျက်နှာ ပျက်ရ၊ ရဟန်း သံဃာ အစစ်တွေက ဂုဏ်သိက္ခာ ပျက်ရ- ခြင်း ဆိုတဲ့ အကျိုး ဆက်ကို ခံစားရပြီး-၊ အမည်ခံ သင်္ကန်းဝတ် အုပ်စု ကတော့ ဆွမ်းတဖတ် လျှော့သွားခြင်း မရှိခဲ့ဘူး။ အာဏာ မက်တဲ့ လူတွေ ကလည်း သူတို့ကြောင့် တိုင်းပြည်ကို စီးပွားရေး ပိတ်ပင် တာတို့၊ လမ်းကြောင်း ဖွင့် ပေးလို သလောက် မဖွင့် ပေးတာတို့ ဖြစ်လာ ခဲ့ရင်လည်း လူထုကသာ ဆင်းရဲတွင်း နက်ပြီးရင်း နက်ရင်း ခံစား ရမှာ ဖြစ်ပြီး သူတို့ အတွက်တော့ မျိုးစဉ် မျိုးဆက် ကောင်းစား နေဦး မှာပါ။ ကမ္ဘာ တည်သ၍ အာဏာ တည်နေ ဦးမှာပါ။ လောလောဆယ် အကျိုး ဆက်မှာ လူထု ကသာ ဆင်းရဲတွင်း နစ်ခြင်းကို ခံစားရပြီး မျိုးစဉ် မျိုးဆက် လည်း နလံ ထူနိုင်ဘို့ မမျှော် လင့်ရဲတဲ့ အခြေ အနေကို ရောက်သွား ရပါတယ်။

ခွဲခြား ဆက်ဆံ ခံရတဲ့ လူသား တွေဟာလည်း မိမိတို့ တိုင်းပြည် ထဲက လူသားတွေ ဖြစ်ပြီး သူတို့ရဲ့ အကြံအား ဉာဏ်အား ဓနအား လုပ်အားတွေနဲ့ တိုင်းပြည် အပေါ် အကျိုးပြုခွင့် မရတဲ့ အတွက် တစ် တိုင်းပြည်လုံး ကိုပဲ ထပ်ဆင့် ထိခိုက် နိုင်ပါတယ်။

တစ်ကယ်လို့ Civil Rights ဆိုတာ ရှိလာရင် အခြေခံ လူထုရဲ့ ဘ၀ဟာ အခု လက်ရှိ အခြေ အနေ က နေ့ ချင်း ညချင်း တိုးတက် ပြောင်းလဲ လာမှာ ဖြစ်ပြီး ဘ၀ အေးချမ်းမှု၊ သက်သာ ချောင်ချိ မှုများ ရက် တို နှစ် တို အတွင်းမှာ သိသာ ထင်ရှားစွာ တိုးတက် လာမှာ ဖြစ်ပါတယ်။- ဒါတွေကို လူထုကြီး တစ်ရပ်လုံး အသိဝင် စေဘို့ အရေးကြီး လှပါတယ်။ သတိဖေါ် ပေးသူ များလည်း လိုအပ် ပါတယ်။

Civil Rights ဟာ လူတိုင်း အတွက် ဖြစ်လို့ လူတိုင်းက Civil Rights လှုပ်ရှားမှု ထဲမှာ ပါဝင် လာဘို့ လိုပါ တယ်။ ထောက်ခံ အားပေး လာဘို့ လိုပါတယ်။ မာတင် လူသာကင်းဟာ လူမဲတွေ အတွက် Civil Rights ကို ဦးဆောင် ပေးခဲ့ ပေမယ့်-၊ အဲ့ဒီ လှုပ်ရှားမှုမှာ လူဖြူတွေ လည်း အများကြီး ပါဝင် ခဲ့ပါတယ်။ ထောက်ခံ အားပေး ခဲ့ပါတယ်။ လူဖြူချင်း အမုန်း ခံပြီး Civil Rights ဘက်က ရပ်တည် ပေးခဲ့ ပါတယ်။ အဲ့ဒီ အကျိုး ဆက်ကို ဒီနေ့ အမေရိကန် ပြည်ထောင်စုကြီး ခံစားနေ ရပါပြီ။ ဒါတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံ သားတွေ အတုယူ သင့်လှ ပါတယ်လို့ ပြောလို ပါတယ်။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
25.8.2013

၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အရ သမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန် ဟာ သူ့ကိုယ်သူ ပြည်သူ တစ်ရပ်လုံး က ထောက်ခံ အားပေးတဲ့ ဖွဲ့စည်းပုံ နဲ့ ပြည် သူ တစ်ရပ်လုံးက တစ်ခဲနက် ရွေးကောက် တင်မြှောက် လိုက် တဲ့ သမ္မ တ ဖြစ် တယ်လို့ ရှေ့မျက်နှာ နောက်ထားပြီး ကမ္ဘာ့ အလယ်မှာ ပြောဆို ရင့် ကျူးနေ ပါတယ်။ ၂၀၁၃ ခု ဦးသိန်းစိန် အမေရိကန် ကိုလာတော့ ဗွီအိုအေ က စီစဉ်တဲ့ တွေ့ဆုံပွဲမှာ အမျိုးသမီး တစ်ဦးက ဒီကိစ္စကို ထမေး တော့ သူ့ ကိုယ် သူ ပြည်သူ တစ်ရပ်လုံးက ရွေးကောက် တင်မြှောက်တဲ့ သမ္မတ အဖြစ် မီဒီ ယာရှေ့မှာ ပြောင်ပြောင် တင်းတင်း ပြောခဲ့တာကို မြန်မာ ပြည် သူ ပြည် သား များ မှတ် မိ နေမှာပါ။ 

ဦးသိန်းစိန် အစိုးရဟာ သူပြောတဲ့ စကားကို အမှန် ဖြစ်အောင် ဖန်တီး နိုင်တယ်လို့ ဆိုရမှာပါ။ ဒီအ တွက် မြန်မာ ပြည်ထဲက နှစ်ပေါင်း ထောင်နဲ့ချီ နေခဲ့တဲ့ ရိုဟင်ဂျာ များနဲ့ ပြည်မနေ မွတ်ဆလင် များကို ဘင်္ဂ လီ ဆိုတဲ့ အမည်နာမ တစ်ခုတည်း တံဆိပ်နှိပ်ပြီး (မွတ်ဆလင် မှန်ရင် တံဆိပ် တစ်ခုတည်း နှိပ်ပြီး) အမျိုး သားရေး ဆိုတဲ့ ကြွေးကြော်မှု နဲ့ လုပ်ဆောင် နိုင်ခဲ့ ပါတယ်။ 

ရိုဟင်ဂျာ များကို သာမက ပြည်မနေ မွတ်ဆလင် များကိုလည်း ဘင်္ဂလီ များ ဖြစ်တယ်လို့ တံဆိပ် နှိပ်မှုကို မစ္စတာ ကင်တားနား မိတ္ထိလာကို သွားတော့ ရန်ရှာ လိုက်တဲ့ အုပ်စု ကိုင်ထားတဲ့ ဆိုင်းဘုတ် တွေက သက်သေ ပြလိုက် ပါတော့တယ်။ ဒီအချက်ဟာ ဦးသိန်းစိန်ရဲ့ အစိုးရကို ထောက်ခံကြောင်း သက်သေ ပြ ချက် တစ်ခုပါ။ 

ရိုဟင်ဂျာ များကို ပြည်ပရှိ မီဒီယာများ ကိုယ်တိုင်က ဦးသိန်းစိန် အစိုးရရဲ့ ချမှတ်ပေးတဲ့ အမည် နာမ အ တိုင်း ဘင်္ဂလီများ လို့ တွင်တွင် ကျယ်ကျယ် ခေါ်ခဲ့ရာက- အခု နောက်ပိုင်းမှာ သမိုင်း တိုက်ပွဲ၊ သံတမန် တိုက်ပွဲ၊ တန်းတူ ညီမျှ အခွင့်အရေး (Civil Rights) ဆိုတဲ့ ဝေါဟာရ တိုက်ပွဲ တွေမှာ ဦးသိန်းစိန်တို့ ဘက် က တစ်ဘက်သတ် အလဲ ထိုးခံလာ ရတဲ့ အခါမှာ ပြည်ပရှိ မီဒီယာများ ကိုယ်တိုင် အစိုးရက ဘင်္ဂလီ လို့ ခေါ်ဆို သူများ ဆိုပြီး စကားလုံး ပြောင်းလဲ သွားခဲ့ ပါတယ်။ 

အခြေ အနေမှန်ကို မသိမှီ အနေ အထား တစ်ခုမှာ မိမိ သိနားလည် သလို ရပ်တည် ခဲ့သူ များက အခြေ အနေမှန် ကို သိလာတဲ့ နောက်ပိုင်း အမှန်ဘက်က ရပ်တည် ပေးလာခြင်း အပေါ် ကြိုဆို ရမှာပါ။ တနည်း အားဖြင့် ရိုဟင်ဂျာ များရဲ့ သမိုင်းကို မသိမှီ အစိုးရ ပြောဆိုတာကို ထောက်ခံမိ ခဲ့ပေမယ့်-၊ အခြေ အနေ မှန်ကို သိသွားပြီး ဒီစကားက အစိုးရက ခေါ်တဲ့ စကားသာ ဖြစ်တယ် (ကျွန်ုပ် တို့က မခေါ်ဆိုဘူး) လို့ အဓိ ပ္ပါယ် သက်ရောက် သွားလို့ပါ။ ဒီလို အမှန်ကို ရပ်တည် လာတဲ့ လူများကို ဦးသိန်းစိန် အစိုးရ အား ထောက် ခံ သူများလို့ မသတ်မှတ် နိုင်ပါ။ 

အတိုက် အခံ ဖြစ်တယ်လို့ ကြွေးကြော် ထားပြီး အစိုးရက ဘင်္ဂလီ ဖြစ်တယ်လို့ ပြောဆို ခံရသူများ (ရိုဟင် ဂျာ) များ ကို ဘင်္ဂလီ များလို့ ဆက်လက် ဇွတ်မှိတ် ခေါ်ဆို သုံးစွဲ နေသူ အားလုံးဟာ ဦးသိန်းစိန် အစိုးရ ကို ထောက်ခံနေသူ များသာ ဖြစ်တယ်လို့ သတ်မှတ် ယုံမှ တစ်ပါး အခြား မရှိပါ။ ပြည်ပ မီဒီယာများ ကိုယ် တိုင်က ဒီစကားလုံးဟာ အစိုးရ ကသာ ခေါ်တဲ့ စကားလုံး ဖြစ်တယ်လို့ အကြိမ်ကြိမ် ၀န်ခံ နေပါလျှက်- ရိုဟင်ဂျာ တို့ရဲ့ သမိုင်းကို ကမ္ဘာ့ ပညာရှင် များရှေ့ ရိုးသား ရှင်းလင်းစွာ မဖြေရှင်းရဲ ပါလျှက်၊ မြန်မာ နိုင်ငံကို အုပ်ချုပ် ထိန်းသိမ်း ခဲ့တဲ့ ဗြိတိသျှ အစိုးရ မှ အောက်လွှတ်တော် အမတ်များ ဥက္ကဌ ကိုယ်တိုင် ရိုဟင်ဂျာ သမိုင်းကို မြန်မာ ပြည်ထဲထိ လာရောက် သင်ကြား ပေးပါလျှက်၊ ကမ္ဘာ့ ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံ အားလုံးမှ ရိုဟင်ဂျာ သမိုင်း ပကတိ ဖြစ်စဉ်ကို လက်ခံထား ပါလျှက်၊ ရိုးသား ဖြူစင်တဲ့ နှလုံးသား ပိုင်ရှင် စာပေ လေ့လာ ထားသူ မြန်မာများ၊ ဘုန်းကြီးများ ကိုယ်တိုင် လက်ခံထား ပါလျှက်-၊ ပြည်တွင်း အတိုက် အခံလို့ နာမည်ကြီးတဲ့ ၈၈ လို အဖွဲ့မျိုး ကိုယ်တိုင်က ရိုဟင်ဂျာများ မြန်မာ မွတ်ဆလင် များကို ဘင်္ဂလီ၊ ဘင်္ဂလီ လို့ ဇွတ်မှိတ် ပြောဆို နေခြင်းဟာ ဦးသိန်းစိန်ကို ထောက်ခံသည်၊ ဦးသိန်းစိန်ကို ထောက်ခံသည် လို့ အကြိမ်ကြိမ် အလီလီ သက်သေ တည်ပေး နေခြင်းသာ ဖြစ်ပါတယ်။ 

ဦးသိန်းစိန် ကလည်း သူ့ကို ၈၈ လို အဖွဲ့ ကိုယ်တိုင်က ထောက်ခံကြောင်းကို သက်သေ ပြနိုင်ဘို့ မြန် မာနိုင်ငံ အနှံ့ မှာ ဘင်္ဂလီ ဆိုင်းဘုတ် တင်ပွဲကို ဗုံမောင်း တီးလျှက် ကျင်းပမြဲ ကျင်းပနေ ပါတော့တယ်။ ဒီလို ကျင်းပ ရလို့ ဘယ်သူ သေသေ၊ ကမ္ဘာက ဘာပြောပြော နိုင်ငံရေး အရ အမြတ် ကြီးကြီး ရနေတော့ ကမ္ဘာ နဲ့ ဖြစ်လာတဲ့ ပြသနာ နောက်ရှင်း- အခု လောလောဆယ် - ငါ့ကို ပြည်သူ တစ်ရပ်လုံးနဲ့ အတိုက် အခံ အား လုံးက ထောက်ခံကြောင်း သက်သေ ပြနိုင်ရင် ပြီးရော ဆိုတဲ့ အတွေးနဲ့ ကုလ သမဂ္ဂ လူ့အခွင့် အရေး အ ထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ကိုတောင် အကြမ်းဖက် ခြိမ်းခြောက် ပြလိုက် ပါတယ်။ ဒီမှာ လည်း ၈၈ အဖွဲ့ ခေါင်းစီးကို ရှေ့တန်းတင် ပွဲထုတ် ပြလိုက် သေးတယ်။ မစ္စတာ ကင်တားနား မိတ္ထိလာကို မသွားမှီ ၈၈ အဖွဲ့ကလည်း မွတ်ဆလင် ဆန့်ကျင် ကြောင်းကို အနုနည်းနဲ့ အပျော့စား ချည်းကပ်ပြီး မစ္စတာ ကင်တားနားကို နားချဘို့ ကြိုးစား ခဲ့သေးတယ်။ ဒီတော့ ဦးသိန်းစိန် အစိုးရက တစ်ကွက် နင်းပြီး ငါတို့ ဘက်မှာ ၈၈ အင်အားစု တစ်ခုလုံး ရှိနေတယ်လို့ နိုင်ငံရေး အရ ပွဲထုတ်ပြ လိုက်ခြင်းပါ။ 

၈၈ အုပ်စုနဲ့ ဦးသိန်းစိန် အစိုးရဟာ တစ်သွေးတည်း တစ်သားတည်း ဖြစ်သွားပြီ လို့ ကမ္ဘာ့ အလယ်မှာ သက်သေ ပြနေခြင်းဟာ ဦးသိန်းစိန်က သူ့ကို ပြည်သူ တစ်ရပ်လုံးက အားရ ကျေနပ်စွာ ထောက်ခံ ခဲ့တဲ့ သမ္မတ ဖြစ်တယ်လို့ သက်သေပြ နေခြင်း ဖြစ်သလို ရာဇ၀တ် တရားခံ တွေထဲမှာ အမှုတွဲ ပါအောင် အဖေါ်တွဲ ခေါ်နေခြင်း လည်း ဖြစ်ပါ တယ်။ 

တစ်ကယ်လို့ ကျွန်ုပ်တို့ ပြည်ပ အင်အားစု များက ဆွဲတင် နေတဲ့ ICC ပေါ်ကို ရာဇ၀တ် ကောင်များ ရောက် သွားခဲ့ ရင်လည်း ဦးသိန်းစိန် ဦးဆောင်တဲ့ ပါတီထဲမှာ မွတ်ဆလင်မုန်း ဇာတိပြ နေသူဟာ သူ့ပါတီ တစ်ခုလုံးရဲ့ သူ အပါ အ၀င် ရာထူးက နှတ်ထွက် တော့မယ့် ၅ ရာနှုန်း မျှသာ ရှိပြီး ကျန် ၉၅ ရာနှုန်းကို ဟို လိုလို ဒီလိုလို နေဘို့ စီစဉ်ထားပြီး ဖြစ်နေ ပါတယ်။ အမှုအရ တစ်ကယ် ရှင်းကြ စတမ်း ဆိုရင် ကြံ့ ခိုင်ရေး ပါတီက ၅ ရာနှုန်း မျှသာ တရားခံ ဖြစ်ပြီး- ကျန် ၉၅ ရာနှုန်းက လူကြီး လူကောင်း အဖြစ် ရပ် တည် နိုင်ပေမယ့်-၊ ၈၈ အုပ်စုနဲ့ အချို့သော အမျိုးသားရေး ပါတီ များကို အနာဂါတ် မြန်မာ့ နိုင်ငံရေး နယ် ထဲက ဖြုတ်ထုတ် ပါယ်သတ်ပြီး ဖြစ်သွားပါ တော့မယ်။ ဦးသိန်းစိန် ကလည်း သူ့ကို ဘ၀နဲ့ ရင်း ပြီး ထောက် ခံ သူများကို လက်ကမ်း ကြိုဆို နေမှာပါ။ 

ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
Civil Rights Movement

ဌေးလွင်ဦး
RB News
20.8.2013

လူထုက ကြည်ညိုသည် ဖြစ်စေ၊ မကြည်ညိုသည် ဖြစ်စေ- မြန်မာပြည်ကို တာဝန်ခံ ဦးဆောင် နေတဲ့ ခေါင်း ဆောင်တစ်ဦး (လက်ရှိ သမ္မတ)နဲ့ အပေါင်းပါ များဟာ မကြာမှီ အချုပ်ထဲကို ရောက်ရ တော့မှာပါ။ ဒီအတွက် မှား သည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ ကျွန်ုပ် အနေနဲ့ မြန်မာ ပြည်သူ ပြည်သား အပေါင်းအား တောင်းပန် လိုပါတယ်။ 

လူနည်းစု များကို တန်းတူ ညီမျှ အခွင့် အရေး မပေးဘဲ- အနိုင်ကျင့် ချိုးနှိမ်ထားမှု၊ ဘာသာ မတူတဲ့ လူနည်းစု များကို လူမျိုးပြုတ် သတ်ဖြတ်မှု၊ ဒုက္ခသည် စခန်းက ဒုက္ခသည်များ အပေါ် အလွန်အမင်း ခွဲခြား ဆက်ခံပြီး- လူမဆန်စွာ တစ်ဘက်သတ် နှိပ်ကွပ်မှု၊ ဘာသာ တရား တစ်ခုကို အပျောက် ရိုက်ရန် ကြံစည်မှု များ အတွက် ကမ္ဘာ့ ခုံရုံးမှာ ရှင်းရ လိမ့်မယ်လို့ ကျွန်ုပ်တို့ အကြိမ်ကြိမ် အလီလီ သတိပေး ခဲ့ပါတယ်။ 

ဦးသိန်းစိန် အစိုးရ အဖွဲ့နဲ့ အတိုက်အခံ များထဲက အမျိုးသားရေး ၀ါဒီ တွေဟာ လူထုကို ဗြောင်တိုက် လိမ်ညာပြီး ရိုဟင်ဂျာ ကိစ္စ၊ မြန်မာ မွတ်ဆလင် ကိစ္စဟာ ပြည်တွင်းရေး သမျှသာ ဖြစ်တယ်လို့ ကမ္ဘာကို အရှက် မရှိ ပြောဆို နေပေမယ့်-၊ ဒီကိစ္စ များဟာ ဒေသတွင်း (အာဆီယံ၊ တောင်အာရှ နိုင်ငံများ) ကိစ္စထက် ကျော်လွန်ပြီး ကမ္ဘာ့ အရေးကိစ္စ အဖြစ် ကျွန်ုပ်တို့ အရောက်နိုင် ခဲ့ပြီးပြီ။
ဒီကိစ္စ တွေကို အလျှင် အမြန် ဖြေရှင်း ပေးပါ။ ကမ္ဘာ့ စုံစမ်း စစ်ဆေးရဲ့ အဖွဲ့ကို ၀င်ခွင့်ပြုပါ။ လူသားချင်း စာနာမှု ထောက်ပံ့ခြင်း များကို ခွင့်ပြု ပေးပါ- ဆိုတဲ့ မေတ္တာ ရပ်ခံပေါင်း များစွာ နဲ့လည်း လူသိရှင်ကြား တစ်ဖုံ- လျှို့ဝှက်ဆက် သွယ်ပြီး တစ်မျိုးနဲ့ အာဏာပိုင် များဆီမှာ တောင်းဆို ခဲ့ပါတယ်။ သမ္မတ ကိုယ်တိုင်က လူသိရှင်ကြား တစ်ဖုံ၊ လျှို့ဝှက် ဆက်သွယ်ပြီး တစ်မျိုး ကတိတွေ အခါခါ ပေးပြီး ဗြောင်လိမ် ဗြောင်စား လုပ်ခဲ့ ပါတယ်။ ရာဇ၀တ်ကောင် တွေဘက်က တစ်ဘက်သတ် ရပ်တည်ပြီး- ကြေးစား လူသတ် သင်္ကန်းဝတ် များကို မြှောက်ထိုး ပင့်ကော် လုပ်ပေး ခဲ့ပါတယ်။ ၂၀၁၂ ခု စက်တင်ဘာလမှာ UN လုံခြုံရေး ကောင်စီကို အမှု တင်မယ်လို့ စီစဉ်ပြီးမှ ကမ္ဘာ့ လူကြီးတွေ ရှေ့မှာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က ပြုပြင် ပေးပါမယ်၊ လိုက်လျှော ပေးပါမယ် ကတိပေးပြီး ကတိကို ဗြောင် တိုက် ဖျက်ပါယ် ပစ်ခဲ့ပါပြီ။ 

ပြည်တွင်းမှာ အမျိုးသားရေး ၀ါဒီတွေကို မွေးထုတ်တဲ့ အပြင်-၊ သမ္မတ အပါအ၀င်- သမ္မတရုံးက အကြီးတန်း ၀န်ကြီးများ ကိုယ်တိုင်က အစ္စလာမ် သာသနာ ပပျောက်ရေး အတွက် တစ်စိုက် မတ်မတ် လုပ်ဆောင် နေကြောင်း ကျွန်ုပ်တို့မှာ အထောက် အထား ပေါင်းများစွာ ရရှိ ထားပါတယ်။ 

ရခိုင် အပါအ၀င် တစ်ပြည်လုံးမှာ ရှိတဲ့ အစ္စလာမ် သာသနာဝင် တွေကို အပြုတ် ရှင်းဘို့ ကြိုးပမ်း မှုကို သမ္မတရုံး ကိုယ်တိုင်က ကြီးကြပ် စီမံခဲ့ပြီး-၊ ကောလဟလ အဖြစ် တရုတ်ကို ပို့တဲ့ ဂစ်ပိုက်လိုင်းကို ထိုးချလိုက်၊ စစ်အစိုးရ အဆက်ဆက် ပညာမဲ့ ခဲ့လို့ အခုလို ဖြစ်ရတာ ပါလို့ ပြောဆိုလိုက် လူထုကို လှည့်စား ခဲ့ပြန် ပါတယ်။ ဘယ်သူတွေ လုပ်လုပ်- ဘယ်သူက လုပ်လုပ် ဒါတွေ အားလုံးဟာ သမ္မတမှာ တိုက်ရိုက် တာဝန် အပြည့် ရှိပြီး၊ သမ္မတရုံး ပြောရေး ဆိုခွင့် ရှိသူ များရဲ့ ပါဝင် ပတ်သက်မှု များဟာလည်း သမ္မတမှာ တာဝန် မကင်းပါ။ ဒါကို တစ်ကမ္ဘာ လုံးက သိနေ ပါတယ်။ 

ဒါတွေကို ရပ်တန်းက ရပ်ပေးဘို့ နောက်ဆုံး သတိပေးချက် အဖြစ် သမ္မတ ဦးသိန်းစိန် ဥရောပ ခရီးစဉ်မှာ နောက်ဆုံး သတိပေး လိုက်ပြီးလည်း ဖြစ်ပါတယ်။ ကျွန်ုပ် တို့ဘက်က လုပ်နိုင် သလောက် မလုပ်ဘဲ- သံတမန် နည်းတွေနဲ့ အစွန်းဆုံးထိ လိုက်လျှော ပေးခဲ့ ပါပြီ။ ဦးသိန်းစိန်ဟာ ကတိပေးပြီး ပေးတဲ့ ကတိတိုင်းကို ဖျက်တတ် ကြောင်း ကမ္ဘာကို သက်သေ ပြခဲ့ ခြင်းပါ။ ဒီနေ့ထိ ရခိုင် နယ်က မွတ်ဆလင် ဒုက္ခသည် များကို လူ အဆင့် အတန်း ညီစွာ မဆက်ဆံ သေးတဲ့ အပြင်-၊ ကမ္ဘာ့ အသိ အမှတ်ပြု ရိုဟင်ဂျာ လူမျိုး ကိုလည်း ဘင်္ဂလီ ဇတ်သွင်းဘို့ အတင်း ဇွတ်မှိတ် ကြိတ်ကြံ နေဆဲ ဖြစ်ပါတယ်။ မိတ္ထိလာက ဒုက္ခသည် များကိုလည်း အချုပ်ထဲမှာ ထားသလို အကြောက် တရားများ၊ မွန်းကြပ် မှုများနဲ့ စိတ်ဒုက္ခ ကိုပါ ဆက်ပေး ထားနေ ပါတယ်။
မြန်မာ တစ်နိုင်ငံ လုံးမှာ ဦးသိန်းစိန် ကတိပေး ခဲ့သလို မငြိမ်းချမ်း လာတဲ့ အပြင် သင်္ကန်းဝတ် များရဲ့ ဆက်လက် ရန်ရှာမှု၊ ခြိမ်းခြောက် မှုတွေသာ ပိုမို ဗြောင်ကျ အတင်းရဲ လာပါတယ်။ ဖျက်ဆီး ခံလိုက် ရတဲ့ ဗလီဝတ် ကျောင်းများ ကို ပြန်လည် ဆောက်ပေးဘို့ နေနေ သာသာ ကိုယ့်စရိတ်နဲ့ ကိုယ်ဆောက် မှာကိုတောင် ခွင့်ပြု မပေးဘဲ နှိပ်ကွပ် ထားနေတယ်။ နောက်ထပ် ဗလီ အသစ်တွေ ဆောက်ရဘို့ ဆိုတာတော့ ဝေလာမှ ဝေးနေပါ သေးတယ်။ ဒီ လောက် ယုတ်မာ ပက်စက်တဲ့ အစိုးရနဲ့ ရာဇ၀တ်ကောင် တွေကို အရေး ယူခြင်းမှ အပ အခြား ရွေးစရာ လမ်း ကျွန်ုပ် တို့မှာ မရှိတော့ပါ။ ဒါကြောင့် ကျွန်ုပ် တို့ရဲ့ ကတိ အတိုင်း ရာဇ ၀တ်ကောင် များကို ခုံရုံးပေါ် အရောက် ဆွဲ တင်လိုက် ရခြင်းသာ ဖြစ်ပါတယ်။ 

ဒါတွေ အားလုံး အတွက် တာဝန် အရှိဆုံး ဖြစ်တဲ့ ဦးသိန်းစိန် အပါအ၀င် အမျိုးသားရေး ၀ါဒီများ အတွက် ထောင်ဝင်စာ ကြည့်မယ့် သူတွေကိုသာ အဆင်သင့် ပြင်ထား လိုက်ဘို့ အချိန်ကို ရောက်လာ ပါပြီ။ မြန်မာပြည် အတွက် သက်စွန့် ခဲ့တဲ့ လူသားပေါင်း များစွာကို ထောင်ဝင်စာ ကြည့်ခိုင်း ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ၀န်ကြီးချုပ်ဟောင်း တစ်ယောက် အနေနဲ့ ၀ဋ်ဆိုတာ မသေခင် လည်တတ်ကြောင်း ထိပ်တိုက် တွေ့ရ ပါတော့မယ်။ ကျွန်ုပ် တို့ဘက်က လည်း မိမိ စွဲတဲ့ တရားကို တရားလို အဖြစ် ရုံးပေါ်မှာ တွေ့ဘို့ Working Committee ဖွဲ့ပြီးနေပါပြီ။ မြန်မာ့ သမိုင်းမှာ မကြုံဘူးတဲ့ ပွဲ ကြုံရပါ တော့မယ်။ 

၁၉၉၆ ခုနှစ်က အင်အယ်လ်ဒီက ဦးကြည်မောင် ဒီလူတွေကို နုရင်ဘတ် ခုံရုံးကို တင်မယ် လို့ ဦးကြည်မောင် ကိုယ်တိုင်က လူသတ် တရားခံတွေကို ခုံရုံးတင်ဘို့ ဆန္ဒရှိ ခဲ့ပါတယ်။ သူ့ခမြာ ကမ္ဘာကို မထိုးဖေါက် နိုင်လို့ အထ မမြောက် ခဲ့ပေမယ့်-၊ အခု သူ့ရဲ့ ဆန္ဒပြည့်ဝ သွားပါပြီ။ ဦးသိန်းစိန်ရေ -အချုပ် ထဲကို လိုက်ခဲ့ပါ ဆိုတဲ့ အသံလေးကို ပဲ အဆင်သင့် ပြင်ပြီး စောင့်နေ လိုက်ပါ။ ဒီအတွက် ကျွန်ုပ် တို့ကို အပြစ် တစ်ခုလို မြင်ခဲ့ရင်လည်း တောင်းပန်ပါ သည် မြန်မာပြည် လို့ပဲ ပြောလိုက် ပါရစေ။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
Civil Rights Movement

ဌေးလွင်ဦး
RB News
14.8.2013

တော်လှန်ရေး တစ်ခု ဖြစ်လာ တိုင်းမှာ ရန်သူ အတိုက် အခံကို လျှော့တွက်လို့ မရနိုင်ဘူး။ တော်လှန်ရေး ဆိုတာ ကျူးကျော် တိုက်ခိုက်မှု၊ မတော် မတရား ရန်ရှာမှုမျိုး မဟုတ်ပါ။ ကျူးကျော် စော်ကားခံ ရခြင်းကို ခုခံမှု၊ မတရားပြု ကျင့်ခံ ရမှုကို တော်လှန်မှုသာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန် ရေးရဲ့ ရန်သူ၊ တော် လှန်ရေ့း အတိုက် အခံတွေ ဟာ မတရား ပြုကျင့်မှုကို အမှန် သတ်မှတ်ကာ- ညစ် ပတ် ကောက်ကျစ်တဲ့ နည်းလမ်း အားလုံးကို တရားသည် မတရားသည် မရှိ အသုံးပြု တတ်ပါတယ်။ ဒါတွေကို တော်လှန်ရေး သမားတွေက ပါးနပ် လိမ် မာ စွာ ဖြေရှင်းနိုင် ဘို့ လိုသလို-၊ တော်လှန်ရေးကို ထောက်ခံ နေတဲ့ လူထု ကြားမှာလည်း ပညာပေးတွေ ပြုလုပ် ရပါမယ်။ စည်းကမ်း တွေလည်း သတ်မှတ် ထားဘို့ လိုပါ တယ်။ နို့မ ဟုတ်ရင် ရန်သူရဲ့ ထောင်ချောက် ထဲကို ၀င်သွားပြီး တော်လှန်ရေး ကျဆုံးလေ့ ရှိတတ် ပါတယ်။

မြန်မာ မွတ်ဆလင် အွမ္မတ်ဟာ လောလောဆယ်မှာ တန်းတူညီမျှ အခွင့်အရေး ရရှိစေဘို့ တော်လှန်ရေး ထဲမှာ ရှိနေတယ် ဆိုတဲ့ အချက်ကို လူတိုင်း သတိရ နေဘို့ လိုအပ် ပါတယ်။ အာဏာပိုင် များနဲ့ ပြေလည်သူ ဖြစ်စေ၊ မပြေ လည်သူ ဖြစ်စေ၊ အရပ်သား ဖြစ်စေ၊ ၀န်ထမ်း ဖြစ်စေ- သူဟာ အစ္စ လာမ် ခေါင်းစဉ် အောက်မှာ ရှိနေရင် တန်းတူ ညီမျှ အခွင့်အရေး တော်လှန်ရေး ထဲမှာ ပါဝင်နေသူ ဖြစ်နေ ပါတယ်။ ကိုယ့်ဘက်က တော်လှန်ရေး သမားလို့ မိမိ ကိုယ် မိမိ မခံယူ ရင်လည်း အတိုက်အခံ ဘက်က၊ ရန်သူ့ ဘက်က သတ်မှတ်ပြီး ဖြစ်နေ ပါတယ်။

ရန်သူ သို့မဟုတ် အတိုက် အခံရဲ့ သဘောမှာ- မိမိက အားသာ နေချိန်မှာ အင်အား မရှိတဲ့ ပြိုင်ဘက်ကို အကြီး အကျယ် မစဉ်းထား ပေမယ့်-၊ မိမိက အားလျှော့ လာတဲ့ အချိန်မှာ သို့မဟုတ် အတိုက် အခံ ဘက်က အင်အား တောင့်တင်း လာတဲ့ အချိန်မှာ အတိုက် အခံကို ဖြိုခွဲမယ့် နည်းလမ်း အားလုံးကို သုံးလေ့ ရှိပါတယ်။ ဒီအခြေ အနေမှာ အထူး သဖြင့် သွေးခွဲတဲ့ နည်းကို သုံးလေ့ရှိပါတယ်။ သို့မဟုတ် အ တိုက်အခံ အတွင်း လူမွေးတဲ့ နည်းကို သုံး လေ့ရှိပါတယ်။ ဥပမာ- ကရင့် တော်လှန်ရေး အားကောင်း နေ ချိန် မှာ ကရင်ထဲက DKBA ကို ခွဲထုတ် လိုက်ပြီး ကရင် အချင်းချင်း တိုက်ခိုက် သတ်ဖြတ် စေတဲ့ နည်းကို သုံးခဲ့ ပါတယ်။ ဒီဖြစ်စဉ်မှာ ကရင် ထဲကို ဗမာ သို့မဟုတ် မွန် လူမျိုးများ ထည့် ထားပြီး ခွဲခဲ့ခြင်း မဟုတ်ပါ။ ကရင်- ကရင်ချင်း ယုံကြည် စိတ်ချပြီး ကရင် လူမျိုးကိုပဲ အချိန် ယူ မွေးမြူခဲ့ပြီး မတူညီမှု အားနည်းမှု တစ် ချို့ကို ပုံကြီးချဲ့ အပြစ်မြင် တတ်အောင် သွေး ထိုး လေ့ ကျင့် ပေးခဲ့တယ်။ ဒီလို သွေးထိုး လေ့ ကျင့် ပေး မှု ဒီဂရီစံချိန် ပြည့်ပြီ ဆိုတာနဲ့ အချင်း ချင်းကြား ပြသ နာ ပေါ်အောင် ဖန်တီး ပေးလိုက်ပြီး ဗုံးခွဲသလို ခွဲပေး လိုက်ပါတယ်။ 

အခုလည်း မြန်မာ မွတ်ဆလင် အွမ္မတ်ကြားမှာ ဒီနည်းကို မသုံးဘူးလို့ မပြောနိုင်ပါ။ သူတို့ သုံးမယ့် နည်း လမ်း အားလုံးကို ကြိုသိပြီး ဖြစ်နေတဲ့ ကျွန်တော်တို့ တော်လှန်ရေးကို မထိခိုက် နိုင်ပေမယ့်-၊ လူထုကြားမှာ အချင်းချင်း အမြင်လွဲပြီး အသုံးခံ ရသူများဟာ အသိုင်း အ၀ိုင်း ထဲမှာ မျိုးစဉ် မျိုးဆက် မျက်နှာ မပြရဲ ဖြစ် သွားမှာကို စိုးရိမ် မိပါတယ်။ ဒီအတွက်- မြန်မာ မွတ်ဆလင် အွမ္မတ်ထုကို ကျွန်တော်တို့ အနေနဲ့ အနည်း ငယ် အကြံပေးလိုပါ တယ်။ 

(၁) အယူအဆ မတူညီတဲ့ အုပ်စု တွေကြား အချင်းချင်း ရန်တိုက် တတ်ပါတယ်။ ဥပမာ- ၅၉ လမ်း သုတေသီ များ နဲ့ အိုလ်မာ သာသနာ့ ပညာရှင်များ အဖွဲ့ အကြား အချင်းချင်း ပဋိပက္ခ ဖြစ်ဘို့ ဖန် တီး ပေးနိုင် ပါတယ်။ဒါကို အသင်းအုပ်စုကို ဦးဆောင်နေသူများ ကြီးစွာ သတိပြု ရပါမယ်။ ပဋိပက္ခ မဖြစ်အောင် ရှောင်ကြဉ် မယ့် နည်းလမ်းက အသင်း အုပ်စု တိုင်းမှာ တိကျတဲ့မူ ရှိရမှာ ဖြစ်ပြီး- ကြေငြာချက် ထုတ်ပြန် တဲ့အခါ၊ သို့မဟုတ် စကား ပြောတဲ့ အခါ ကျွန်တော်တို့ အဖွဲ့ရဲ့ မူ အရ ဒီကိစ္စကို ဒီလို ဆုံးဖြတ် တယ်လို့ပဲ ပြောဆို ရပါမယ်။ ကိုယ့်အဖွဲ့နဲ့ ကိုယ့်မူ စကား ပြောခြင်း အပေါ် နောက်အဖွဲ့က ၀င်ရောက် စွက်ဖက်ခြင်း မပြုသင့်ပါ။ သို့သော် မိမိနဲ့ အယူအဆ မတူသူကို မှားယွင်းကြောင်း လုံးဝ မပြောသင့်ပါ။ ဒါဟာ လူ့ယဉ်ကျေးမှု ဖြစ်ပါ တယ်။ လူ့ယဉ်ကျေးမှုကို ကျူးလွန် ဖေါက်ဖျက်သူ တစ်ဦး တစ်ယောက် ချင်းဟာ လူ့အသင်း အဖွဲ့ကို သွေးခွဲ သူ ဖြစ်ကြောင်း ပညာပေးတွေ ပြုလုပ် ရမှာ ဖြစ်ပါ တယ်။ 

ဥပမာ- လ မြင်ခြင်း မမြင်ခြင်း ကိစ္စ-၊ ဒီကိစ္စကို နှစ်စဉ် ငြင်းနေကြ ပါတယ်။ တစ်ကယ်တော့ ငြင်းနေ စရာ မလိုတော့ တဲ့ခေတ် ကာလပါ။ ကျွန်ုပ်တို့ သုတေသီများ အဖွဲ့က ဘယ်နေ့မှာ စတင် ဥပုသ်စောင့်မယ်၊ ဘယ်နေ့မှာ ၀ါကျွတ်ပွဲ လုပ်မယ်-၊ ကြေငြာ နိုင်သလို၊ အစ္စလာမ့် သာသနာ ရှင်များ အဖွဲ့ ကလည်း ကိုယ့်မူနဲ့ ကိုယ် ဘယ်နေ့မှာ ဥပုသ် စောင့်မယ်၊ ဘယ်နေ့မှာ ၀ါကျွတ်ပွဲ ကျင်းပမယ် ကြေငြာ နိုင်ပါတယ်။ ကိုယ့်အဖွဲ့နဲ့ ကိုယ့်မူ ယတိပြတ်ရပ် တည်မှုကို သူမှန်တယ် ငါမှန်တယ် ပြောနေဘို့ကို မလိုတော့ပါ။ လူထု အနေနဲ့ အားသန်ရာ အသင်း အဖွဲ့ကို လိုက်နာပြီး ကျင့်ဆောင် ကြပါစေ-။ သူ့အုပ်စုကို လိုက်နာတဲ့ သူများ လို့ ငါ့အုပ်စုကို လိုက်နာသူ မရှိလို့ ဆိုပြီး အချင်းချင်း ရန်ဖြစ်နေဘို့ကို မလိုပါ။ ကိုယ်အဖွဲ့က ချမှတ်တဲ့မူကို ကိုယ်ယုံကြည်ရင် လူထုကို သူ့ဘက်ပါစေ၊ ငါ့ ဘက်ပါစေ လုနေဘို့ကို မလိုအပ်တော့ပါ။ လ မြင် မမြင် ငြင်း လို့ အီမန် ပျက်သွားခြင်း မရှိပါ။ (အကယ်၍ လ မြင် မမြင် ငြင်းလို့ အီမန် ပျက်ရမယ် ဆို ရင် မြန်မာ တစ် ပြည် လုံးမှာ နှစ်စဉ် အီမန် ပျက်သူပေါင်း သန်းချီ ရှိနေပါ လိမ့်မယ်။- ခဏ ငြင်းပြီး နောက်နေ့ ပြန်တည့် သွားတာချည်း ဖြစ်နေ ပါတယ်။) တနည်း အားဖြင့် မြန်မာ မွတ်ဆလင် အွမ္မတ်ကြား ထဲက အငြင်း များဟာ ရာသီပေါ် ခဏ အငြင်းပွား မှုများသာ ဖြစ်တာ များပါတယ်။ 

အကြောင်း ကိစ္စ တစ်ခုတိုင်းမှာ ကိုယ့်အဖွဲ့နဲ့ ကိုယ့်မူ ရှိနေရင် လူထု ကလည်း အားသန်တဲ့ မူကို လိုက်နာ လာပါ လိမ့်မယ်။ သူမှန်တယ် ငါမှန်တယ် ဆိုတဲ့ အငြင်းပွား နေရင် အွမ္မတ် ညီညွတ်ဘို့ လမ်း စ ပျောက် ဆုံး နိုင်ပါတယ်။ သူ့မူကိုယ့်မူ ရှိနေရင်အနည်းဆုံး မဟာမိတ် ဖွဲ့ထား နိုင်ပါတယ်။ တစ် ကယ်တော့ ၅၉ လမ်း ကို ဗလီကို ဖျက်ခံရ ရင်လည်း အစ္စလာမ့် သာသနာကို စော်ကား ခံရတာ ဖြစ်သလို၊ တစ်ခြမ်းပဲ့ ဗလီကို ဖျက်ခံ ရရင်လည်း အစ္စလာမ် သာသနာကို စော်ကား ခံရတာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ခံစား နားလည် နိုင်ဘို့ လိုပါတယ်။ 

(၂) လူမျိုးနွယ် ကိစ္စ-၊ ရန်သူ့ ဘက်က မြန်မာ မွတ်ဆလင် အွမ္မတ်ကြားမှာ အဓိက ပစ်မှတ် ထားနိုင် တာက ရိုဟင်ဂျာနဲ့ မြန်မာ မွတ်ဆလင် နှစ်ခုကြားမှာ သွေးခွဲ နိုင်ပါတယ်။ လူမျိုး တိုင်းမှာ လူဆိုး လူယုတ် အတ္တကြီးသူ ဆိုတာ ရှိနေတယ် ဆိုတဲ့ အချက်ကို ရန်သူတွေက ကောင်းကောင်း သိထားပါတယ်။ ဒါကို အားနည်းချက် အဖြစ် ကိုင်တွယ် လာမှာ သေချာပါတယ်။ ဈေးရောင်းသူ ရိုဟင်ဂျာ တစ်ယောက်ကို သူ့ရဲ့ ဆက်ဆံရေး မပြေလည် မှုကြောင့်- သို့မဟုတ် သူ့ကို ပုဂ္ဂိုလ်ရေး မကျေနပ်လို့ ဆိုတာက စတာများပါတယ်။ အဲ့လို မကျေမနပ် ဖြစ်မိတိုင်းမှာ သူဆိုတဲ့ လူတစ်ယောက်ကို တိုက်ရိုက် ပြောဆိုပါ။ သူ့ လူမျိုး ဆိုတဲ့ စကား လုံးကို ကိုင်ပြီး မသုံးမိ အောင် မြန်မာမွတ်ဆလင် အွမ္မတ်သား အားလုံး ဆင်ခြင် ရပါမယ်။ သူ တစ်ယောက် လိမ္မာခြင်း မလိမ္မာခြင်းဟာ သူတစ်ယောက်နဲ့ သက်ဆိုင်ပြီး သူ့လူမျိုး တစ်ခုလုံးနဲ့ မသက် ဆိုင် ဘူး ဆိုတဲ့ အသိကို အွမ္မတ်သား တစ်ဦးချင်း မှာ သတိရ နေစေဘို့ လိုပါတယ်။ ရိုဟင်ဂျာ များကို ဘင်္ဂလီလို့ ပြော ဆိုခြင်းဟာ ရန်သူ့ အကြိုက်လိုက် ပြောခြင်း ဖြစ်ပြီး မြန်မာ မွတ်ဆလင် များကို ဇေရ်ဘာတီ လို့ ပြောဆိုခြင်း ဟာလည်း ရန်သူ့ အကြိုက် လိုက်ပြောခြင်း ဖြစ်ကြောင်း ဆင်ခြင် စေလို ပါတယ်။ ရန်သူ့ အကြိုက် လိုက်ပြော တစ်ဦးချင်းဟာ အွမ္မတ်ကို သစ္စာဖေါက် သူများသာ ဖြစ်ပါတယ်။ (ဘယ်သူ သစ္စာ ဖေါက်ဖေါက် ကျွန်တော် တို့ရဲ့ တော်လှန်ရေးကို မထိခိုက်ပါ။ ကျွန်တော် တို့မှာ မြန်မာ ပြည်တွင်းနေ မွတ်ဆလင် တစ်ဦး ချင်း အတွက် တန်းတူ ညီမျှ အခွင့် အရေး ရစေဘို့ နည်းလမ်း ပေါင်းစုံ စီမံ ချက်တွေ ရှိပါတယ်။ စီမံချက်ကို အကောင် အထည် ဖေါ်ဘို့ အင်အားတွေ ရှိပါတယ်။) 

(၃) ခေါင်းဆောင် များကို လုပ်ကြံခြင်း-၊ အတိုက် အခံများ ရန်သူ များဟာ မိမိက ဖိနှိပ် ထားတဲ့ အုပ်စုကို ဖိနှိပ်လို့ မရနိုင် တော့တဲ့ အခါမှာ-၊ အဲ့ဒီ ဖိနှိပ်ခံ တော်လှန်ရေး အင်အားစု ထဲက ခေါင်းဆောင် များကို လုပ်ကြံ လေ့ရှိပါတယ်။ 

ပထမဆုံး အနေနဲ့ အွမ္မတ် ထဲက ခေါင်းဆောင် များကို လုပ် ပိုင် ခွင့်တွေ ပိတ်ထားပြီး- အခြား တစ်ဘက်မှာ လူထုကို ခေါင်းဆောင် တွေက ဘာမှ လုပ်မပေး နိုင်ဘူးလို့ ထင်မြင် ခံစားအောင် သွေးထိုး ပေးတာ တွေကို စ တင်ပြုလုပ် ပါတယ်။ ဒါဟာ ခေါင်းဆောင် အပေါ်မှာ ယုံကြည်မှု ကင်းမဲ့ သွားအောင် ပြုလုပ် နည်း ပါ။ ခေါင်းဆောင် မဲ့နေတဲ့ လူထုကို အလွယ် တစ်ကူ ဖိနှိပ် ထားလို့ ရအောင် ပြု လုပ်ခြင်း လို့ ခေါ်ပါတယ်။ 

ဒီကြားထဲမှာ ထိုးဖေါက် လာတဲ့ ခေါင်းဆောင် များရဲ့ အသက်ကို လုပ်ကြံ သတ်ဖြတ်မှု အဆင့် ဖြစ်လာ ပါတယ်။ ဒီအခြေ အနေကို ခေါင်းဆောင်တွေ မကြုံရဘူးလို့ မပြောနိုင်ပါ။ ပြည်ပရောက် ခေါင်းဆောင် များလည်း အချိန် မရွေး ကြုံရ နိုင်ပါတယ်။ ချေချင်းညာ အမျိုးသား ခေါင်းဆောင် ယန်ဗေဒါယက်ဗ် ကို လုပ်ကြံ လိုက်တာ ပြည်ပ မွတ်ဆလင် နိုင်ငံ တစ်ခုမှာပါ။ အလားတူ ပါလက်စတိုင်း ခေါင်းဆောင် တွေကို လုပ်ကြံ တာလည်း ပြည်ပ မှာချည်း ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင် တစ်ဦးဟာ အကယ်၍ ငါ့ကို သတ်လိုက်ရင် တော်လှန်ရေးကို ဘယ်သူ ဆက်လုပ် မလဲ ဆိုတဲ့ အရည် အချင်းတူ ခေါင်းဆောင် များကို လက်ဆင့် ကမ်းထားဘို့ လိုပါတယ်။ ငါ- ဥက္ကဌ ဖြစ်မယ်၊ ငါ- မဟာ ခေါင်းဆောင်ကြီး ဖြစ်မယ် ဆိုတဲ့ စိတ် ကူးထက် ငါ- ဟာ အချိန် မရွေး ရှဟီးဒီ ဖြစ်မယ် ဆိုတဲ့ အသိကို နှလုံးပိုက် ထားဘို့ လိုပါတယ်။ ဒါမှ မိမိ ဦးဆောင် လှုပ်ရှားတဲ့ လူထု တစ်ရပ် လွတ်မြောက် နိုင်မှာပါ။ ဒီအတွက် ကျွန်တော်တို့ ပြည်ပမှာ လှုပ် ရှားနေတဲ့ Civil Rights Movement ကတော့ အဆင်သင့် ပြင်ဆင် ထားပါတယ်။ ကျွန်တော့ကို သတ် လိုက် ရင်လည်း ရထားခေါင်းတွဲ ပြတ်သွားဘို့လုံးဝ မရှိပါ။ ကျွန်တော့ထက် ထက်တဲ့ လူ၊ ထိုးဖေါက် နိုင် တဲ့ လူ များကို အသင့်ပြင်ပြီး ဖြစ်နေပါတယ်။ 

ပြည်ပ အခြေအနေနဲ့ ခေါင်းဆောင်မှု ကဏ္ဍကို ဆက်လက် တင်ပြပေး ပါမယ်။- လောလော ဆယ် ပြည် တွင်းနေအွမ္မတ် သားတွေ အနေနဲ့ အွမ္မတ် အပေါ်သစ္စာ ရှိပါ။ မိမိရဲ့ အားမလို အားမရ မှု များကြောင့် ခေါင်းဆောင် များကို မငြိုငြင် မိအောင် ဆင်ခြင်ပါ။ မိမိရဲ့ စကား တစ်ခွန်းကြောင့် အွမ္မတ် ကြား သွေးခွဲ သလို ဖြစ် သွား လေမလားလို့ သောက ထားပါ လို့ မေတ္တာ ရပ်ခံလို ပါတယ်။
လူတွေ ညီတဲ့အခါ ကုန်းပေါ်မှာ လှေ စီးလို့ ရပါတယ်။ လူမညီရင် ရေထဲမှာလည်း လှေ နစ်မြုပ်လေ့ ရှိပါတယ်။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
Civil Rights Movement

Rohingya Exodus