ရေးသားသူ -- အာဇာတ်ဘိန့်အာရ်ခါန် (MYARF)
RB ကဗျာ
3.4.2015
ဘာသာတရားကို တလွဲသုံး
ဘာသာတရားကို တလွဲသုံး
အမုန်းတရားပေါင်း များစွာနဲ့
ဘယ်လောက်ပဲ မမှန်မကန် ဝါဒဖြန့်ဖြန့်
ငါတို့ နှလုံးသားထဲက ယုံကြည်မှုကိုတော့ ဘယ်တော့မှ ဖယ်ရှားနိုင်မှာ
မဟုတ်ဘူး။
အာဏာကို လိုသလိုသုံး
သနားကြင်နာစိတ် ကင်းမဲ့စွာနဲ့
အားနည်းသူတွေရဲ့ ဥစ္စာဓနများ ဘယ်လောက်ပဲ ဖျက်ဆီးဖျက်ဆီး ..
ငါတို့ နှလုံးသားထဲက ပိုင်ဆိုင်မှုကိုတော့
ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။
လူနည်းစုတစ်စု ဆိုပြီး
လူနည်းစုတစ်စု ဆိုပြီး
လူမဆန်မှုပေါင်း များစွာနဲ့
ဘယ်လောက်ပဲ သတ်ဖြတ်သတ်ဖြတ်...
ငါတို့ နှလုံးထဲက အန်တုပြမှုကိုတော့
ဘယ်တော့မှ ဖျောက်ပစ်နိုင်မှာ မဟုတ်ဘူး။
တစ်ဘက်သတ် နည်းဥပဒေတွေ ပြဌာန်း
တစ်ဘက်သတ် နည်းဥပဒေတွေ ပြဌာန်း
ယုတ္တိမဲ့ စီမံကိန်းတွေနဲ့ ဘယ်လောက်ပဲ ရက်စက်ရက်စက်...
ငါတို့ ရသင့်ရထိုက်တာတွေကိုတော့
ဘယ်တော့မှ မပေးဘဲနေနိုင်မှာ မဟုတ်ဘူး။
မျက်ကန်းဝါဒီတွေ
သမိုင်းမှန်ကို အမှောင်ချဖို့
ဘယ်လောက်ပဲ လိမ်ညာလိမ်ညာ...
ငါတို့ ဗီဇထဲက 'ရိုဟင်ဂျာ' သွေးကိုတော့
ဘယ်တော့မှ ပြောင်းပစ်နိုင်မှာ မဟုတ်ဘူး။
ခိုးဝင်လာတယ်ဆိုပြီး
ခိုးဝင်လာတယ်ဆိုပြီး
အာဏာပြလို့ အခြေအမြစ်မဲ့စွပ်စွဲ
ဘယ်လောက်ပဲ နှင်ထုတ်ဖို့ ကြိုးစားကြိုးစား
ငါတို့သည်
ငါတို့ချစ်သော အမိမြေ မြန်မာနိုင်ငံကို
ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ဘူး။
ဒါတွေကတော့ တခြားမဟုတ်
ဒါတွေကတော့ တခြားမဟုတ်
ငါတို့ ရိုဟင်ဂျာလူမျိုးရဲ့
ခိုင်မာပြတ်သားလှတဲ့
မဟာစိတ်ဓာတ်ကြီးပါပဲ။
- ဧပြီလ (၃) ရက်နေ့မှာ ကျရောက်တဲ့ (၂၄) နှစ်ပြည့် အမှတ်တရ မွေးနေ့ ကဗျာ လက်ဆောင်မွန် အနေနဲ့ ရေးဖွဲ့လိုက်ခြင်းဖြစ်ပါတယ်။ ဒီကဗျာလေးထဲက ဖော်ပြချက်တွေ ဖြစ်ကြတဲ့ ခိုင်မာပြတ်သာတဲ့ မဟာအားမာန် စိတ်ဓာတ်ကြီးနဲ့ ဒီနှစ်ရဲ့ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းတော့မှာ ဖြစ်ပါတယ်။
- ဧပြီလ (၃) ရက်နေ့မှာ ကျရောက်တဲ့ (၂၄) နှစ်ပြည့် အမှတ်တရ မွေးနေ့ ကဗျာ လက်ဆောင်မွန် အနေနဲ့ ရေးဖွဲ့လိုက်ခြင်းဖြစ်ပါတယ်။ ဒီကဗျာလေးထဲက ဖော်ပြချက်တွေ ဖြစ်ကြတဲ့ ခိုင်မာပြတ်သာတဲ့ မဟာအားမာန် စိတ်ဓာတ်ကြီးနဲ့ ဒီနှစ်ရဲ့ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းတော့မှာ ဖြစ်ပါတယ်။
(ဓါတ်ပုံ - ရိုက်တာ/မင်းဇေယျာ) |
အမေ့သား
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
31.3.2015
အမေ
သား- ရုပ်ဆိုးလည်း
အမေ
သား- ရုပ်ဆိုးလည်း
ရုပ်လှဖို့ထက် စိတ်လှဖို့ ပိုအရေးပါကြောင်းကို
နားလည်လာပြီးတဲ့နောက်
သား အရင်လို စိတ်မကောင်းမဖြစ်မိပါ။
×××××
အမေ
သား- ငွေရေးကြေးရေးမှာ မချမ်းသာပေမယ့်
ငွေကြေးအရာမှာ ချမ်းသာဖို့ထက်
စိတ်နှလုံးအရာမှာ ချမ်းသာဖို့ဆိုတာ ပိုအရေးကြီးကြောင်းကို
သဘောပေါက်လာပြီးတဲ့နောက်
သား အရင်လို မညည်းညူတတ်ပါ။
×××××
အမေ
သား- ဒေါက်တာဘွဲ့ရတစ်ယောက်
ဖြစ်ခွင့်မသာခဲ့ပေမယ့်
အမှားနှင့်အမှန်၊ အထူနှင့်အပါး၊ အဖြူနှင့်အမည်း
တို့ကို သေချာစွာ စဉ်းစားဆင်ခြင်၊ ဝေဖန်သုံးသပ် ခွဲခြား နိုင်လာပြီးတဲ့နောက်
သား အရင်လို အားမငယ်တတ်ပါ။
×××××
အမေ
ခွဲခြားဆက်ဆံ၊ နှိမ့်ချနှိပ်စက်
မတရားမှုတွေ အုပ်စိုးနေတဲ့နယ်ပယ်မှာ
သား- မွေးလာပေမယ့်
တရားမျှတမှုရဲ့တန်ဖိုးကို သိလာပြီးတော့နောက်
မတရားမှုကို တော်လှန်လိုတဲ့ စိတ်ကို မွေးဖွားနိုင်ပြီးတဲ့နောက်
သား- အရင်လို စိတ်ဓာတ်ကျ ဝမ်းနည်းမနေတော့ပါ။
ရေးသားသူ -- ယျာတင် (MYARF)
RB ကဗျာ
20.3.2015
အဲ့ဒီနေ့ပေါ့
အပြစ်ကင်းစင်တဲ့ ကျောင်းသားလူငယ်တွေ
အလျှံငြီးငြီး လောင်ကျွမ်းတဲ့ မီးပုံထဲမှာ
မီးအစာဖြစ်ခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
နေရောင်က မှောင်မိုက်ခဲ့
အမုန်းတရားလေပြင်းတွေ
အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
နို့ရည်ပြည့်ရင်အုံနဲ့ မိခင်များက
နို့တိုက်ကျွေးမယ့် သားငယ်လေးကို
လိုက်ရှာခွင့်မရခဲ့တာ။
အဲ့ဒီနေ့ပေါ့
အငြိုးလှိုင်းတွေ ထန်နေတဲ့ကြားမှာ
အားကိုးစရာမဲ့သူများ ဟိုပြေးဒီပြေးနဲ့
လျှာမြေကျ ရွာလည်ခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
နုနယ်တဲ့ မိန်မသားလေးများ
ဒူးထောက် အသနားခံလည်း
မညှာမတာ ခြွေမွခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
လေပြည်တွေတိုက်ခဲ့တဲ့ အရပ်မှာ
အမုန်းမုန်တိုင်းက အငြိုးကြီးစွာ တိုက်ခိုက်လို့
လူသေအလောင်းတွေ နေရာယူခဲ့တာ။
အဲ့ဒီနေ့ပေါ့
အနှစ်နှစ်အလလ ချွေးစက်ပေါင်းများစွာနဲ့ရင်းပြီး
ရတဲ့ ချွေးစတွေနဲ့ ဆောက်ခဲ့တဲ့ နားခိုရာ
မျက်စိတစ်မှိတ်အတွင်း ဖြိုဖျက်ခံလိုက်ရတာ။
အဲ့ဒီနေ့ပေါ့
အမေက သားမရှာအားနဲ့
သားက အမေ မရှာအားခဲ့လို့
သားအမိ တစ်သက်တာ ဝေးကွာခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
အမြင်အာရုံတွေဝေဝါး အသိတရားမဲ့သွား
လူ့စိတ်ကင်းမဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်
နှလုံးသားထဲမှာ တစ်ဆစ်ဆစ် နာကျင်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
မျက်ရည်ကုန်ခန်းသွားခဲ့
သွေးရည်တွေပင်လယ်ဖြစ်ခဲ့
သက်ရှိခန္ဓာများ မီးကင်ခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
အကြမ်းဖက်သမားအချို့ကြောင့်
တန်ဖိုးရှိလှတဲ့ လူ့ဇိဝိန်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
အပြစ်ကင်းစင်တဲ့ ကျောင်းသားလူငယ်တွေ
အလျှံငြီးငြီး လောင်ကျွမ်းတဲ့ မီးပုံထဲမှာ
မီးအစာဖြစ်ခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
နေရောင်က မှောင်မိုက်ခဲ့
အမုန်းတရားလေပြင်းတွေ
အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
နို့ရည်ပြည့်ရင်အုံနဲ့ မိခင်များက
နို့တိုက်ကျွေးမယ့် သားငယ်လေးကို
လိုက်ရှာခွင့်မရခဲ့တာ။
အဲ့ဒီနေ့ပေါ့
အငြိုးလှိုင်းတွေ ထန်နေတဲ့ကြားမှာ
အားကိုးစရာမဲ့သူများ ဟိုပြေးဒီပြေးနဲ့
လျှာမြေကျ ရွာလည်ခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
နုနယ်တဲ့ မိန်မသားလေးများ
ဒူးထောက် အသနားခံလည်း
မညှာမတာ ခြွေမွခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
လေပြည်တွေတိုက်ခဲ့တဲ့ အရပ်မှာ
အမုန်းမုန်တိုင်းက အငြိုးကြီးစွာ တိုက်ခိုက်လို့
လူသေအလောင်းတွေ နေရာယူခဲ့တာ။
အဲ့ဒီနေ့ပေါ့
အနှစ်နှစ်အလလ ချွေးစက်ပေါင်းများစွာနဲ့ရင်းပြီး
ရတဲ့ ချွေးစတွေနဲ့ ဆောက်ခဲ့တဲ့ နားခိုရာ
မျက်စိတစ်မှိတ်အတွင်း ဖြိုဖျက်ခံလိုက်ရတာ။
အဲ့ဒီနေ့ပေါ့
အမေက သားမရှာအားနဲ့
သားက အမေ မရှာအားခဲ့လို့
သားအမိ တစ်သက်တာ ဝေးကွာခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
အမြင်အာရုံတွေဝေဝါး အသိတရားမဲ့သွား
လူ့စိတ်ကင်းမဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်
နှလုံးသားထဲမှာ တစ်ဆစ်ဆစ် နာကျင်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
မျက်ရည်ကုန်ခန်းသွားခဲ့
သွေးရည်တွေပင်လယ်ဖြစ်ခဲ့
သက်ရှိခန္ဓာများ မီးကင်ခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
အကြမ်းဖက်သမားအချို့ကြောင့်
တန်ဖိုးရှိလှတဲ့ လူ့ဇိဝိန်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
မတရားမှုတွေအတွက်
ကမ္ဘာကြီး ငိုကြွေးလည်း
လူစုတစ်သိုက် ပြုံးပျော်ကျေနပ်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
လူနေတဲ့အရပ်မှာ
လူသားဖြစ်လျက်နဲ့
လူသားမဆန်စွာ ညှဉ်းပန်းချေမှုန်းခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
...................
...................
.............................................။
••• မိတ္တီလာမှ မွတ်စလင်များ အကြမ်းဖက် ညှဉ်းပန်း ချေမှုန်းခံခဲ့ရသော ၂၀၊၃၊၂၀၁၃ ရက်နေ့ ကို အောက်မေ့၍ ရေးဖွဲ့ပါသည်။ လူလူချင်း နှိပ်စက်မှုမှ ကင်းဝေးပြီး ငြိမ်းချမ်းကြပါစေ။
မတရားမှုတွေအတွက်
ကမ္ဘာကြီး ငိုကြွေးလည်း
လူစုတစ်သိုက် ပြုံးပျော်ကျေနပ်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
လူနေတဲ့အရပ်မှာ
လူသားဖြစ်လျက်နဲ့
လူသားမဆန်စွာ ညှဉ်းပန်းချေမှုန်းခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
...................
...................
.............................................။
••• မိတ္တီလာမှ မွတ်စလင်များ အကြမ်းဖက် ညှဉ်းပန်း ချေမှုန်းခံခဲ့ရသော ၂၀၊၃၊၂၀၁၃ ရက်နေ့ ကို အောက်မေ့၍ ရေးဖွဲ့ပါသည်။ လူလူချင်း နှိပ်စက်မှုမှ ကင်းဝေးပြီး ငြိမ်းချမ်းကြပါစေ။
(ဓါတ်ပုံ - Reuters) |
"မေမေသို့"
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
4.3.2015
မေမေ့
မဟာပထဝီမြေကြီးရဲ့ အာရ်ကာန်ဆိုတဲ့ ရိုဟင်ဂျာ့မြေပေါ်မှာ
ငမိုက်သားသေနတ်ကိုင် လူရမ်းကားတွေနဲ့ထိတွေ့ခွင့်ရအောင်
သားကိုမွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့
မေမေ့
ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်တဲ့ အာဏာရှင်တွေရဲ့ တိုင်းပြည်မှာ
သားကို မွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့
မေမေ့
မင်းသားခေါင်းစွပ် ဘီလူးမင်းများ ကပြနေတဲ့ ဇာတ်ပွဲကို ကြည့်ရှုနိုင်အောင် သားကိုပို့ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့
မေမေ့
လောဘဇာတ်ကောင် ၊ ဒေါသဇာတ်ကောင် ၊ မောဟဇာတ်ကောင်တွေနဲ့
ရိုက်ကူးနေတဲ့ ဒါရိုက်တာမာနရဲ့ ရုပ်ရှင်ရိုက်ကွင်းဆီ
သားကို လေ့လာရေးခရီးထွက်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ မတရားသက်သေနောက်လိုက်တွေနဲ့ ပူးပေါင်းလိမ်ညာပြီး
မေမေ့ မတရားသက်သေနောက်လိုက်တွေနဲ့ ပူးပေါင်းလိမ်ညာပြီး
အားအင်ချည့်နဲ့တဲ့လူသားတွေကို အနိုင်ကျင့်အနိုင်ယူနိုင်ရန်
လမ်းခင်းပေးနေတဲ့ တရားရုံးဘက်တော်သားများကို
သိခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ "ထိတွေ့မှုတိုင်းတွင် သဲလွန်စများကျန်ရစ်နေမြဲ၊ ပြစ်မှုတိုင်းတွင်
မေမေ့ "ထိတွေ့မှုတိုင်းတွင် သဲလွန်စများကျန်ရစ်နေမြဲ၊ ပြစ်မှုတိုင်းတွင်
သဲလွန်စများကျန်ရစ်နေမြဲ" ဟူသော အိုင်အိုမှုခင်းစစ်တွေရဲ့ လက်ကိုင်ဆောင်ပုဒ်ကို မှတ်သားခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ အမွေ စံထိုက်သူတစ်ယောက် ဖြစ်ပါလျှက်နှင့် မိမိ မစံစားရဘဲ
မေမေ့ အမွေ စံထိုက်သူတစ်ယောက် ဖြစ်ပါလျှက်နှင့် မိမိ မစံစားရဘဲ
အခြားသူတစ်ယောက် စံစားသွားရတာကို မြင်ပြီး
"စံခွင့်ရှိပေမဲ့ မစံလိုက်ရသူ" ဟု ကောက်ချက်ချခွင့် ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် မေမေရဲ့။
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
3.3.2015
မိုးဦးရာသီ၊ မိုးသည်းလေပြင်း
မိုးဦးရာသီ၊ မိုးသည်းလေပြင်း
ရေလျှံလွန်းတော့၊ သူတို့အိမ်ထိ
ရေဖုံးလွှမ်းပြီး၊ ဖရိုဖရဲ
သူတို့တစ်တွေ၊ ဒုက္ခရောက်၏။
ခိုစရာအိမ်၊ ပျက်ဆီးသွားလို့
ခိုစရာအိမ်၊ ပျက်ဆီးသွားလို့
တကွဲတပြား၊ ဖြစ်မည့်အရေး
တွေ့ကြုံရ၍၊ ဟိုပြေးဒီပြေး
သူတို့တစ်တွေ၊ သောကရောက်၏။
ပင်လယ်ပမာ၊ ရေပြင်ကျယ်မှာ
ပင်လယ်ပမာ၊ ရေပြင်ကျယ်မှာ
အားကိုးစရာ၊ ဆံမျှင်တောင်မှ
မတွေ့ရလည်း၊ စိတ်အားမငယ်
သူတို့တစ်တွေ၊ မလျှော့အားမာန်။
ပူပင်သောက၊ ဒုက္ခရောက်ချိန်
ပူပင်သောက၊ ဒုက္ခရောက်ချိန်
အေးတူပူမျှ၊ လက်များကိုတွဲ
ဆွေးဆွေးနွေးနွေး၊ မကွဲပြားဘဲ
သူတို့တစ်တွေ၊ ရင်မှာပိုက်ဇွဲ။
နေစရာအိမ်၊ ပျက်ဆီးသွား၍
နေစရာအိမ်၊ ပျက်ဆီးသွား၍
ရေစီးအဟုန်၊ ပြင်းထန်လွန်းချိန်
ထိုရေပေါ်နေ၊ ရှင်သန်နိုင်ဖို့
သူတို့တစ်တွေ၊ ရုန်းကန်တတ်၏။
သေလည်းမပူ၊ ရှင်လည်းအတူ
သေလည်းမပူ၊ ရှင်လည်းအတူ
စည်းစည်းလုံးလုံး၊ နေဖို့သာလို
ခိုင်မာဆုံးဖြတ်၊ နှောင်ထုံးဖွဲ့၍
သူတို့တစ်တွေ၊ အရှုံးမပေး။
နီနီရဲရဲ၊ သတ္တဝါများ
နီနီရဲရဲ၊ သတ္တဝါများ
သေးငယ်သော်လည်း၊ ဇွဲမလျှော့ပါ
တစ်စိတ်မွေးလို့၊ ညီညွှတ်လို့သွား
သူတို့ရင်ဆိုင်၊ အန္တရာယ်များ။
ရေဟုန်ခေါ်ရာ၊ စီးမျှောသွားသည်
ရေဟုန်ခေါ်ရာ၊ စီးမျှောသွားသည်
စည်းလုံးအားနှင့်၊ နောက်ဆုံးတစ်နေ့
ရှင်သန်နိုင်ခွင့်၊ ရလိုရငြား
သူတို့တစ်တွေ၊ တိုက်ပွဲဝင်၏။
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
10.2.2015
လူသားတစ်ယောက်ပဲ အရိုင်းအစိုင်းကင်းမဲ့ခြင်းရဲ့အသီးအပွင့်တွေကို
တောပန်းတစ်ခက်ပဲ
ညမွှေးပန်းတစ်ပွင့်ပဲ
ဖယောင်းတိုင်လေးတစ်တိုင်ပဲ
လူသားတစ်ယောက်ပဲ အရိုင်းအစိုင်းကင်းမဲ့ခြင်းရဲ့အသီးအပွင့်တွေကို
မှီဝဲရင်း ... လွတ်လပ်ခြင်းရဲ့တောင်ပြန် လေညင်းတွေ ရှုရှိုက်နိုင်သူပဲ
ဖြစ်ချင်လိုက်တာ ... ။
တောပန်းတစ်ခက်ပဲ
အဂါရဝတရား ဆုပ်ကိုင်ထားတဲ့ ရမ်းကားသူလက်ပါးစေတို့ရဲ့
မာယာကျော့ကွင်းမှလွတ်မြောက်ရင်း ... သဒ္ဓါကြည်ဖြူ မေတ္တာဖြူတဲ့
လူသားတစ်တွေ အနမ်းခြွေတတ်တဲ့ပန်းပဲ ဖြစ်ချင်လိုက်တာ ... ။
ညမွှေးပန်းတစ်ပွင့်ပဲ
ကျေးလက်မြို့ပြ၊ တဲသားတိုက်သား၊ မောင်ဖြူမောင်မဲ၊ ကျောသားရင်သား၊
သူမွဲသူကြွယ်၊ ပါဂျဲရိုးပိုင်ရှင်ခြေထောက်ရှင် စတဲ့ ဝိသေသလက္ခဏာတွေနဲ့ ခွဲခြားမောက်မာတတ်တဲ့ဦးရိုင်းတွေရဲ့ ဂန္ဓာရုံစက်အတွင်းက
လွတ်မြောက်ရင်း ... နေရာတကာ ညီမျှခြင်းရေးတတ်တဲ့ ဦးယဉ်တွေရဲ့
အစေခံတန်းလျားမှာ ထုံသင်းမွှေးကြူနေတဲ့ပန်းတစ်ပွင့်ပဲ ဖြစ်ချင်လိုက်တာ ... ။
ဖယောင်းတိုင်လေးတစ်တိုင်ပဲ
အမှောင်ထုမှာ နေပျော်တတ်တဲ့ငမိုက်သားမုဆိုးကောင်တွေရဲ့
ပြောက်ကျားဘောင်းဘီရှည်အိပ်ကပ်ထဲမှ လွတ်မြောက်ရင်း ...
ကမ္ဘာတစ်ခွင်အလင်းဆောင်ဖို့ အားထုတ်ကြိုးပမ်းနေသူတွေရဲ့
စာကြည့်စားပွဲပိုင် ဖယောင်းတိုင်လေးတစ်တိုင်ပဲ ဖြစ်ချင်လိုက်တာ ... ။
အမေ့သားတစ်ယောက်ပဲ
အမေ့သားတစ်ယောက်ပဲ
ဘဝမာရသွန်ပြိုင်ပွဲကြီးရဲ့ပန်းတိုင်ရောက်လုနီးနီး
အရှုံးပေးလမ်းဖြတ်ထွက်သွားတဲ့သူတွေ၊
ချိုမြိန်တဲ့အသီးအပွင့်တွေဖူးပွင့်လုနီးနီး သည်းမခံဘဲ
ယာခင်းဖျက်ဆီးတတ်တဲ့သူတွေရဲ့ ဖော်ရွေမှုမှ ကင်းဝေးရင်း ...
ပန်းတိုင်ဆီရှေ့ချီတက်နေတဲ့ အားမာန်ပြည့်ပုရွက်ဆိတ်ကလေးတွေကို ချီးကျူးအားပေးလက်ဆင့်ကမ်းထောက်ပံ့သူအမေ့သားတစ်ယောက်ပဲ
ဖြစ်ချင်လိုက်တာ ... ။
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
9.2.2015
နိုင်ငံသား၏ အမြင့်မားဆုံး
သို့သော်လည်းပဲ
နိုင်ငံသား၏ အမြင့်မားဆုံး
မဲပေးပိုင်ခွင့် အခွင့်အရေး
ငါတို့ ခေတ်အဆက်ဆက် တကယ်ရရှိခဲ့သည်။
နိုင်ငံအကျိုးဆောင်ရွက်နိုင်ဖို့ ပြည်သူ့အမတ်များ
နိုင်ငံအကျိုးဆောင်ရွက်နိုင်ဖို့ ပြည်သူ့အမတ်များ
ငါတို့မဲဖြင့် ငါတို့ရွေးချယ်
ခေတ်အဆက်ခက် တကယ်တင်မြောက်နိုင်ခဲ့သည်။
သို့သော်လည်းပဲ
နာဇီစိတ်ထား လူမျိုးကြီးဝါဒ
ပိုင်စိုးထားတဲ့ တစ်ချို့လူက
မြန်မာ့သမိုင်း စာမျက်နှာမှာ
အခိုင်အမာရှိနှင့်နေတဲ့ ရာဇာဝင်မှန်ကို
ပြောင်းပြန်လှန်ဖို့ ကြိုးစားခဲ့သေးသည်။
သို့ရာသို့စေ
သို့ရာသို့စေ
သမိုင်းမှန်ကို အမှောင်ချဖို့
ကြိုးစားသူခဲ့သူ မှန်သမျှသည်
တရားမျှတမှုရှေ့မှောက် လက်မြှောက်ရမြဲပင်။
နောင်တစ်ချိန်မှာလည်း သမိုင်းတရာခံသာဖြစ်မည်ပင်။
ပြည်သူတို့၏ အခွင့်မဟာ
ပြည်သူတို့၏ အခွင့်မဟာ
ဆုံးရှုံးရဖို့ ကိန်းဆိုက်နေခါ
လူနည်းစုလည်း ငါတို့မမူ
မကြောက်မရွံ့ ဇွဲမလျှော့ဘဲ
ဥပဒေဘောင်ထဲက ငြိမ်းချမ်းစွာ
ခေါင်းမော့ရင်မော့ တိုက်ပွဲဝင်လို့
အခွင့်မဟာ တို့ထိန်းသိမ်းမည်။
ငါတို့သည် မြန်မာနိုင်ငံသား
ငါတို့သည် မြန်မာ့တိုင်းရင်းသားပဲမဟုတ်ပါလား။
ဒီဇမ္ဗူက မနုသား ငါ
ရေးသားသူ - ယျာတင် (MYARF)
RB News
20.1.2015
- ရေခံမြေခံကောင်းပေမယ့်
ဖိနှိပ်မှုရာသီဥတုအောက်မှာ ငါ့ကိုမွေးလေတော့
ငါ့ခန္ဓာကိုယ်က ထင်သလိုမဖွံ့ဖြိုးခဲ့ဘူး။
ရှုရှိုက်နေရတဲ့ သွေးငွေ့ရောအောက်စီဂျင်က
ငါ့နှလုံးသားကို သန့်စင်ပေးမနေတော့
ခန္ဓာကိုယ်မှာ သောကတွေငြိလို့
ဝမ်းနည်စရာတွေ အမြစ်တွယ်လာခဲ့တယ် ...။
တစ်ချို့က ဖိနှိပ်နိုင်မှပျော်
တစ်ချို့က ဖိနှိပ်ခံသံသရာမှာမျှော။
တစ်မိုးတည်းအောက်က မနုသားများအကြောင်း
ပြောရရင် အချိန်ကုန်သာအဖတ်တင်မယ်။
စိတ်ဓာတ်ညံ့ဖျင်းနေသူအချို့ကြောင့်
လျှံအန်လာတဲ့ နှလုံးသားအက်ကွဲသံတွေ
နာကျင်ရေရွတ်သံတွေ
သိမ်ငယ် ငိုရှိုက်သံတွေပဲ
ငါ့နားရွက်ကို အမြဲတိုက်စားနေလေတယ် ... ။
- ရေခံမြေခံကောင်းပေမယ့်
ညှဉ်းပန်းမှုရာသီဥတုပြင်းထန်မှုကြောင့်
တောတောင်၊ ပင်လယ်
မြေပြင်နဲ့ လေဟာပြင်တို့က
ငါ့ကို ပိုင်ဆိုင်နေပေမယ့်
ငါတော့ ဘာကိုမှ ပိုင်ဆိုင်ခွင့်မရရှာဘူး။
စိမ်းလန်းတဲ့မြေကြီးတစ်ခွင်မှာ
မီးတောင်က ပေါက်ကွဲနေလေတော့
ငါသာယာခဲ့ဖူးတဲ့ ပြည်ကြီးလည်း
ရစရာမရှိအောင် မျက်နှာညိုးနေရတယ်။
လူသွားလာဖို့ ဖောက်တဲ့လမ်းပေါ်မှာ
ငါ့အသွားအလာတွေ ကန့်သတ်ခံနေရတယ်။
ငြိမ်းချမ်းမှုပြယုဂ်ဖြစ်တဲ့ ဝတ်ပြုအိမ်တော်တွေရဲ့
အဝင်ဂိတ်ဝမှာ သော့ခလောက်ကြီးကြီးမားမား
ဆင်မြန်းထားရလေတယ်။
ချိန်ခွင်လျှာ တစ်ဖက်စောင်းဖြစ်နေတာ
ချိန်ခွင်လျှာရဲ့ အပြစ်လား
ချိန်ခွင်လျှာ ထိန်းသိမ်းသူရဲ့ အပြစ်လား
ငါ့မှာ ဝေဖန်ဖို့အခွင့်သာမနေပြန်ပါဘူး ...။
- ရေခံမြေခံကောင်းပေမယ့်
ခွဲခြားမှုရာသီဥတုပြင်းထန်မှုကြောင့်
ဘောလုံးပွဲတစ်ပွဲလည်း မဟုတ်ဘဲနဲ့
ဘက်လိုက်ခံရတဲ့ မိနစ်တွေ
ငါ့ဘဝမှာ နှစ်များဖြစ်လာခဲ့တယ်။
ကြိုးဝိုင်းထဲ မဝင်ချင်တဲ့သူကိုမှ
အတင်းဆွဲခေါ်ပြီး ပွဲပြိုင်စေလေတော့
ငါ့မှာ သရေပွဲတောင် မျှော်လင့်ခွင့်မသာခဲ့ဘူး။
ဥပဒေမဲ့ အနိုင်ယူသူရဲ့ လှောင်ရယ်သံအောက်မှာ
ငါ့မျှော်လင့်ချက်တွေ တစ်စစီမကြေမွဖို့ပဲ
အားတင်ထားရတဲ့ အထဲ
ငါ့မျက်ရည်တွေလည်း
တစ်ခါတစ်ခါ သွေးစက်ဖြစ်လာခဲ့တယ်။
ဒါပေမယ့် ငါ လဲနေရာက အမြဲထပြဖို့ကြိုးစားမိပါရဲ့ ...။
- ရေခံမြေခံကောင်းပေမယ့်
ရက်စက်မှုရာသီဥတုပြင်းထန်မှုကြောင့်
ငါ့ပညာရေးအသီးတွေ မှည့်လာခွင့်
ငါ့မျော်လင့်ချက်ပန်းပွင့်တွေ ဝေဆာခွင့်
ငါ့လူသားဂုဏ်သိက္ခာတွေ သာယာခွင့်
ဘာအခွင့်မှ ငါ့ဘက်ကရပ်တည်မနေဘူး။
အရာရာတစ်ဖက်သတ်ဖိနင်းခံရမှုကြောင့်
ငါ့နှလုံးသားနုနုလေးထဲ
အမာရွတ်ပေါင်းများစွာ သန္ဓေတည်လာတာ
ထူးတော့မထူးဆန်းပါဘူးထင်ပါရဲ့။
ငါ့နှလုံးသားထဲကအမာရွတ်တွေ
တစ်ဆစ်ဆစ်နာကျင်လာတဲ့အခါ
ခဏလောက်ပဲဖြစ်ဖြစ်
မှေးစက်ခွင့်ရဖို့ ရင်ခွင်တစ်ခုရယ်
အနာသက်သာတဲ့ ဆေးတစ်မျိုးရယ်
ဘာလို့ ဒီဇမ္ဗူတစ်ခွင်မှာ
ငါ့အတွက် ရှားပါးနေရတာလဲ ...။
- ရေခံမြေခံကောင်းပေမယ့်
ဖိနှိပ်မှုရာသီဥတုပြင်းထန်မှုကြောင့်
ဓား၊ သေနတ် တို့ရဲ့ အစာဖြစ်ခဲ့ရတဲ့ဇီဝန်များ
လောင်ကျွမ်းသွားခြင်းခံရတဲ့ အသက်များ
ပင်လယ်ငါးစာ ဖြစ်ခဲ့ရတဲ့ ခန္ဓာများ
သိက္ခာဆယ်ဖို့ ပေးဆပ်ခဲ့ရတဲ့သွေးစက်များ
မတရားသဖြင့် လှောင်ပိတ်ခံခဲ့ရမှုများ
ခက်ခဲစွာရှာဖွေခဲ့တဲ့ တစ်သက်တာရိက္ခာများ
တစ်ခဏအတွင်း ညှစ်ခံခဲ့ရမှုများ
တစ်ခဏအပျော်အတွက် တစ်သက်တာကို
မညှာမတာ ရိုက်ချိုးပစ်ခြင်းခံခဲ့ရမှုများ
မျှော်လင့်ချက်ပေါင်းများစွာ အဆုံးသတ်ခံခဲ့ရမှုများ
မတရားအနိုင်ကျင့်ခံရမှုကြောင့်
ကျခဲ့ရတဲ့မျက်ရည်များ
စတဲ့ အကြောင်းအရာများက
ငါ့နှလုံးသားကျောက်စာ စာမျက်နှာမှာ
နေ့စဉ်နဲ့အမျှ ကမ္ဗည်းလာလာထိုးနေတော့
လူမျိုးတုံးသတ်ဖြတ်မှုသမိုင်းစာအုပ်ကလည်း
ထူသထက်ထူလာပါတော့တယ် ...။
- ဘာပဲဖြစ်ဖြစ်
ဖိနှိပ်မှုရာသီဥတု
ခွဲခြားမှုရာသီဥတု
ရက်စက်မှုရာသီဥတု
စတဲ့ အရောင်အနံ့ဆိုးတဲ့ ရာသီဥတုများမှ
လွတ်လပ်ပြီး အေးချမ်းသာယာတဲ့
တန်းတူပြီး ဂုဏ်သိက္ခာပြည့်ဝတဲ့
ရာသီဥတု တစ်ခုကို
လှလှပပ ပုံဖော်ဖန်တီးယူဖို့
အမာရွတ်ရင့်နေတဲ့ နှလုံးရည်နဲ့
ဆူးတွေခင်းထားတဲ့မရဏ လမ်းကိုဖြတ်
ရှေ့တိုးဖို့ အခက်တွေ့နေလည်း
ရိုဟင်ဂျာသား ငါ ဇွဲမလျှော့ဘဲ
အမှန်တရား အတွက်
ရှေ့သို့သာ ချီတက်နေဆဲပါ။
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
3.1.2015
နှစ်သစ်ဝင်၍ (၃)ရက်မြောက်ဟာ
ရိုဟင်ဂျာတို့ရဲ့ အမျိုးသားနေ့ပါ ...
နေ့ထူးနေ့မြတ် အခမ်းအနား
ချုပ်ချယ်မှုလှိုင်း ထန်နေတဲ့ကြားက
အစဉ်မပျက် တို့တွေကျင်းပ ...။
ခမ်းခမ်းနားနား မဖြစ်ခဲ့လည်း
ရည်ရွယ်ချက်က ထည်ထည်ဝါဝါ ...
ရောက်နေရတဲ့ ကျွန်ဘဝက
လွှတ်မြောက်ဖို့ရာ ဝိုင်းဝန်းကြံဆ ...။
လူအလွှာစုံ တက်တက်ကြွကြွ
ပါဝင်ဆင်နွှဲ ဆွေးနွေးချိန်ခါ
သန္နိဌာန်တွေ အခိုင်အမာ
ချမှတ်နိုင်တာ ဂုဏ်ယူစရာ ...။
ညှဉ်းပန်းဖိနှိပ် ခွဲခြားဆက်ဆံ
ခံရလွန်းလို့ ခြေကုန်လက်ပန်း
ဒုက္ခသံသရာ ဤဘဝက
အပြီးအပိုင် ကျွတ်နိုင်ခြင်းငှာ
အမျိုးသားမာန် ဝိညာဉ်ထဲသို့
ကိုယ်စီသွင်းလို့ အားတွေဖွားကြ ...။
အမာရွတ်နှင့် စိတ်နှလုံးရှင်များ
မတူအတွေး တစ်ကိုယ်အတ္တ
ဆက်မထားဘဲ ဘေးဖယ်ထားကြ ...။
မှေးမှိန်သွားတဲ့ စိတ်ဓာတ်ခွန်အား
ဤနေ့မြတ်ကို အစွဲပြု၍
ဝင်းဝင်းလက်လက် ထွန်းပြောင်ဖို့ရာ
အာဇာနည်စိတ် ဖန်တီးယူကြ ...။
စိတ်ဝမ်းကွဲစိတ် ခန္ဓာထဲက
တစ်စက်မကျန် အပြီးဖယ်ရှား ...
မေတ္တာမျှလို့ တစ်စိတ်ပမာ
တူရာစိတ်ဖြင့် ရင်ချင်းထိကြ ...။
ပန်းတိုင်တည်ရာ ခရီးလမ်းမှာ
ငရဲမင်းပမာ အုပ်ချုပ်သူများက
နှိပ်စက်မှုဖြင့် ကာဆီးနေကာ
ခေါင်းငုံ့မခံ မယိုင်ခြေလှမ်း
ဇာတိပြင်းစိတ် နှလုံးသွင်းလို့
ချီတက်ဖို့ရာ သစ္စာဆိုကြ ...။
ဘုံပန်းတိုင်သို့ တူတူလျှောက်ချိန်
တရားမျှတမှု ဥပေက္ခာပြုခံရတဲ့ခါ
အမှောင်ရင့်လို့ လမ်းတွေပျောက်သွားလည်း
မျှော်လင့်ချက်မပျက် မာန်ခဲဝင့်လျက်
ရိုဟင်ဂျာများရဲ့ အခွင့်အရေးရတနာ
တိုက်ပွဲဝင်၍ အရယူသွားမှာ
အမျိုးသားနေ့ရဲ့ ထူးခြားတဲ့သန္နိဌာန်ပါ ...။
* ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် ကျရောက်သော ရိုဟင်ဂျာ အမျိုးသားနေ့ကို ဂုဏ်ပြု၍ ရေးသားခြင်း ဖြစ်ပါသည်။
နှစ်သစ်ဝင်၍ (၃)ရက်မြောက်ဟာ
ရိုဟင်ဂျာတို့ရဲ့ အမျိုးသားနေ့ပါ ...
နေ့ထူးနေ့မြတ် အခမ်းအနား
ချုပ်ချယ်မှုလှိုင်း ထန်နေတဲ့ကြားက
အစဉ်မပျက် တို့တွေကျင်းပ ...။
ခမ်းခမ်းနားနား မဖြစ်ခဲ့လည်း
ရည်ရွယ်ချက်က ထည်ထည်ဝါဝါ ...
ရောက်နေရတဲ့ ကျွန်ဘဝက
လွှတ်မြောက်ဖို့ရာ ဝိုင်းဝန်းကြံဆ ...။
လူအလွှာစုံ တက်တက်ကြွကြွ
ပါဝင်ဆင်နွှဲ ဆွေးနွေးချိန်ခါ
သန္နိဌာန်တွေ အခိုင်အမာ
ချမှတ်နိုင်တာ ဂုဏ်ယူစရာ ...။
ညှဉ်းပန်းဖိနှိပ် ခွဲခြားဆက်ဆံ
ခံရလွန်းလို့ ခြေကုန်လက်ပန်း
ဒုက္ခသံသရာ ဤဘဝက
အပြီးအပိုင် ကျွတ်နိုင်ခြင်းငှာ
အမျိုးသားမာန် ဝိညာဉ်ထဲသို့
ကိုယ်စီသွင်းလို့ အားတွေဖွားကြ ...။
အမာရွတ်နှင့် စိတ်နှလုံးရှင်များ
မတူအတွေး တစ်ကိုယ်အတ္တ
ဆက်မထားဘဲ ဘေးဖယ်ထားကြ ...။
မှေးမှိန်သွားတဲ့ စိတ်ဓာတ်ခွန်အား
ဤနေ့မြတ်ကို အစွဲပြု၍
ဝင်းဝင်းလက်လက် ထွန်းပြောင်ဖို့ရာ
အာဇာနည်စိတ် ဖန်တီးယူကြ ...။
စိတ်ဝမ်းကွဲစိတ် ခန္ဓာထဲက
တစ်စက်မကျန် အပြီးဖယ်ရှား ...
မေတ္တာမျှလို့ တစ်စိတ်ပမာ
တူရာစိတ်ဖြင့် ရင်ချင်းထိကြ ...။
ပန်းတိုင်တည်ရာ ခရီးလမ်းမှာ
ငရဲမင်းပမာ အုပ်ချုပ်သူများက
နှိပ်စက်မှုဖြင့် ကာဆီးနေကာ
ခေါင်းငုံ့မခံ မယိုင်ခြေလှမ်း
ဇာတိပြင်းစိတ် နှလုံးသွင်းလို့
ချီတက်ဖို့ရာ သစ္စာဆိုကြ ...။
ဘုံပန်းတိုင်သို့ တူတူလျှောက်ချိန်
တရားမျှတမှု ဥပေက္ခာပြုခံရတဲ့ခါ
အမှောင်ရင့်လို့ လမ်းတွေပျောက်သွားလည်း
မျှော်လင့်ချက်မပျက် မာန်ခဲဝင့်လျက်
ရိုဟင်ဂျာများရဲ့ အခွင့်အရေးရတနာ
တိုက်ပွဲဝင်၍ အရယူသွားမှာ
အမျိုးသားနေ့ရဲ့ ထူးခြားတဲ့သန္နိဌာန်ပါ ...။
* ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် ကျရောက်သော ရိုဟင်ဂျာ အမျိုးသားနေ့ကို ဂုဏ်ပြု၍ ရေးသားခြင်း ဖြစ်ပါသည်။
ကျောက်ဆောင်မှသည် သဲသောင်ဆီသို့
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း
RB ကဗျာ
2.1.2015
ရိုဟင်ဂျာတွေ့
လှိုင်းထန်နေတဲ့ ပင်လယ်ပြင်ဝယ်
နောက်ပြန်မလှည့်ပါရစေနဲ့
ကျောက်ဆောင်မှသည် သဲသောင်ဆီသို့
သက်တမ်းတိုတို ရှိုက်သံပြင်းနဲ့
ရှည်လျားခရီး ရွက်လွင့်နေပြီ
လောင်စာကုန်ငြား တက်ကျိုးလည်းပဲ
နိမိတ်ပုံလှ ထုဆစ်နေတာ
အံ့မခန်းဖွယ် လေးစားစရာ။
ရိုဟင်ဂျာတွေ့
ရိုဟင်ဂျာတွေ့
လှိုင်းဒဏ်လေဒဏ် ခံနိုင်လူသား
လွတ်လပ်ခြင်းရဲ့ လေပြည်တွေနဲ့
အနာဂတ်ကို ဝပြောချင်တာ
ငြိမ်းချမ်းမှုရဲ့ အနမ်းတွေနဲ့
ဒဏ္ဍာရီဇာတ်လမ်းခင်းဖို့သာ
နောက်ဆုံးထွက်သက်ထိကြိုနေတာ
အဖြူထည်နှလုံးသားတွေနဲ့
ပဲ့ကိုင်မှုက အားကျစရာ။
ဓါတ်ပုံသတင်း
- ရခိုင် ဘယ်သူလဲ
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
- စစ်တွေမြို့တွင် မွတ်စလင်များအတွက် စားနပ်ရိက္ခာမရောင်းရန်တားမြစ်
- ဘာသာရေး ခုတုန်းလုပ် နိုင်ငံရေး အမြတ်ထုတ်မှု ရပ်ချိန် တန်ပြီ
- ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ကောလဟလများ မဖြန့်ရန် အိန္ဒိယ ခေါင်းဆောင်များ တောင်းဆို
- အကြံ ကိုယ်စီဖြင့် မြှောက်ထိုး ပင့်ကော် လုပ်ချ လိုက်ပြန်ပြီ
- သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက် (အပိုင်း ၃)
- ဇီးပင်ချောင်း နယ်ခြားစောင့်တပ်နှင့် ရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ငွေညှစ်
- ယာယီကဒ်ပြား အပ်နှံရာတွင် မူရင်းမရှိ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၅ သိန်း ပေးရ
- ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်