နောက်ဆုံးသတင်း/ဆောင်းပါးများ



ဌေးလွင်ဦး
RB News
24.8.2012

ဇွန်လ အတွင်း ရခိုင်ပြည်နယ်ထဲမှာ မွတ်စလင်များကို သတ်ချင်တိုင်း သတ်၊ မောင်းထုတ်ချင်တိုင်း မောင်းထုတ်၊ မွတ်စလင်အိမ်များကို အကြီးအကျယ် မီးရှို့ခဲ့ပြီး--၊

ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒီတွေက - သူတို့ရဲ့ ရာဇ၀တ်ကျူးလွန်မှုများကို မွတ်ဆလင်များကို တစ်ဘက်သတ် ထိုးချခဲ့ပါတယ်။ မြန်မာတစ်ပြည်လုံးကလည်း အုံးအုံးကျွက်ကျွက် ညံသွားပြီး- တိုင်းရင်းသားတွေကို ကျူးကျော် သူတွေက အတင်းအကြမ်းဖက်သလို ၀ါဒဖြန့်လိုက်ပါတယ်။

အဆိုးဆုံး အခြေအနေထိ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက ဖန်တီးလိုက်ယုံမျှ မက-၊ ဖြစ်နေဆဲ၊ ငတ်ပြတ် ပြေးလွှားနေဆဲကာလမှာ မြန်မာပြည်ထဲက သွားလေသမျှသော အလူများ အားလုံးကို ဗုဒ္ဓဘာသာများကသာ မောင်ပိုင်စီးလိုက်ပါတယ်။ မေတ္တာရှင် ဘုန်းကြီးများ ကလည်း ရခိုင်မှအပ ကျန်တာအားလုံးကို သေစေချင်စိတ် မျိုးပြုတ်လိုစိတ် အတုံးလိုက် အတစ်လိုက် ဖေါ်ပြခဲ့ကြပါတယ်။

နိုင်ငံကျော် နာရေး ကူညီမှု အသင်းကြီး အဓိကရုန်း ဖြစ်ရာ ဒေသကို ရောက်သွားတယ်၊ မွတ်ဆလင်တွေကို ကူညီခဲ့တာ လုံးဝ မတွေ့ပါ။ ၈၈ မျိုးဆက် ရောက်သွားတယ်၊ မွတ်ဆလင်များကို မကူညီတဲ့ အပြင် မလိမ်မိုးမာ တွေကလေးတွေကို ဆုံးမသလို ဆုံးမ နေလိုက်သေးတယ်။

အနုပညာရှင်များက ရခိုင်အတွက် ရံပုံငွေရှာပွဲတွေ ကျင်းပတယ်၊ မွတ်ဆလင် ဒုက္ခသည်များ အတွက် လုံးဝ လုံးဝ မပါခဲ့။ ဒီလို နာမည်ကျော် နာမည်ကြီး အဖွဲ့ကြီးများ လူမှုရေး အသင်းကြီးများသည်ပင်- ရခိုင်ဒုက္ခသည် ထက် အဆပေါင်းများစွာ ဒုက္ခရောက်နေတဲ့ မွတ်ဆလင်များဆီသို့ နှမ်းလေး တစ်စေ့မျှ မဖိတ်ခဲ့ပါ။

ရပ်ကွက်လိုက် မီးရှို့မောင်းထုတ် သုတ်သင်ခံရလို့ မိုးထဲလေထဲမှာ ဒုက္ခအကြီးအကျယ် ရောက်နေတဲ့ မွတ်ဆလင် များကို သွားရောက်ကူညီဘို့ ကြိုးစားတဲ့ ပြည်မက မွတ်ဆလင်များကိုလည်း နည်းမျိုးစုံနဲ့ ခြိမ်း ခြောက်ပိတ်ပင် ဟန့်တား- အချိန်ဆွဲထားပြန်သေးတယ်၊ အကူအညီ တစ်ရက်နောက်ကျရင် မွတ်ဆလင် တစ် ရာ ပို သေသွားလည်း မနည်းဘူး- ဆိုတဲ့ အနောက်သား နိုင်ငံရေး ရခိုင်ဘုန်းကြီးများရဲ့ မေတ္တာကို ထုတ်ပြလိုက် ပြန်ပါတယ်။

ဒါတွေကို အကုန်သိနေတဲ့ ကမ္ဘာ့မိသားစုက အကူအညီ မဖြစ်မနေ လိုအပ်နေတဲ့ မွတ်ဆလင်ဒုက္ခသည် တွေဆီကို ရောက်အောင် ထိုးဖေါက်ပြီး အတင်းဝင်ကူညီတော့-- (သူတို့ကို နာရေးအသင်း၊ ဘာအသင်း ညာ အသင်းများက ကူညီတဲ့ မြန်မာငွေ မဖြစ်စလောက် အဆပေါင်းများစွာ ပိုများနေတာကို မြင်လိုက်ရတဲ့ အချိန်မှာ) ငါတို့ကိုတော့ မကူညီဘူးလို့-- အရှက်မရှိ ထအော်ပြန်တယ်။ UN ကိုတောင် အလိုမရှိတော့ဘူး ဆိုပြီး ဆန္ဒပြလို ပြ-- အတော်လည်း အရှက်သိက္ခာ မထိန်းနိုင်တော့ပါလား-။

UN ဆိုတာ- ဘယ်သူတွေက တစ်ကယ်လိုအပ်တယ်၊ ဘယ်သူတွေကတော့ တစ်ကယ်မလိုအပ်ဘူး- ရတာမြင် ရင်တောင်းစားချင်တဲ့ သူတောင်စားစိတ် ရှိသူများဖြစ်တယ်။ ဆိုတာ အသေးစိတ်သိနေသူများပါ။ သူတို့ရဲ့ ကွန်ယက်နဲ့ ထောက်လှမ်းရေးများက ကမ္ဘာ့အနှံ့မှာ နေရာချပြီးသား ဖြစ်နေတယ် ဆိုတာလောက်တော့ သိဘို့ ကောင်းပါတယ်။

တစ်ကယ်လို့ မျိုးချစ်ဗုဒ္ဓဘာသာလို့ ခံယူထားသူများကသာ ဗုဒ္ဓဘာသာက ပြောနေတဲ့ မေတ္တာ၊ စေတနာ၊ ကရုဏာ တွေကို ပါးစပ်က ပြောနေသလို တစ်ကယ် လက်တွေ့ ကျင့်ကြံနေမယ် ဆိုရင် ဒီလို ပြသနာမျိုး အစက တည်းက ဖြစ်လာစရာ မရှိသလို၊- ဖြစ်လာခဲ့ရင်လည်း လူလူချင်း ဒုက္ခသည်အားလုံးကို ညီတူမျှတူ ပံ့ပိုးခဲ့မှာပဲ ဖြစ်တယ်။ ဒီလို အခြေအနေ ကိုယ့်ဘက်က ရှိနေလျှက်- တစ်ခြားတစ်ဘက်က ခွဲခြား မျက်နှာသာ လိုက်တာမျိုး ရှိရင် မျက်နှာလိုက်တတ်တဲ့ အဖွဲ့၊ လူပုဂ္ဂိုလ်များကို တော်လှန်ပါ၊ ဆန္ဒပြပါ၊ ဆန့်ကျင်ပါ--။ အမှန်တရားကို ချစ်သူ တိုင်းက ထောက်ခံအားပေးမှာ သေချာပါတယ်။

မြန်မာနိုင်ငံ ဘေးဒုက္ခများ ဖြစ်တဲ့ နာဂစ်မုန်တိုင်း သင့်စဉ်က မွတ်ဆလင်တွေဟာ ဘာကိုမှ မခွဲခြားဘဲ အမြောက် အများကူညီစောင်မခဲ့တယ်။ ရခိုင် ဂီရိ မုန်တိုင်းသင့်စဉ်ကလည်း ဆော်ဒီမင်းသားကိုယ်တိုင် ဒေါ်လာ သန်း ၂၀ ထောက်ပံ့ကူညီခဲ့တယ်။ အခု အထိကရုန်းမှာလည်း တူရကီ (မွတ်ဆလင် နိုင်ငံက) မခွဲမခြား ကူညီခဲ့တယ်- ဆိုတာကိုများ - မြန်မာလူမှုရေး အသင်းများ-၊ ရခိုင်အမျိုးသားရေးဝါဒီများ ခံစားတတ်ရင် ရှက်ပြီး သေလိုက်ဘို့ ကောင်းနေပြီ။

လူဆိုး တစ်သိုက်ကြောင့် လူကောင်း အပေါင်း တစ်ကယ် ဒုက္ခရောက်ရခြင်းကို နှစ်ထောင်းအားမရ မရှိပါ။ အားလုံးကို ဒုက္ခဘ၀များက လွတ်မြောက်စေလိုပါတယ်။ အားလုံးကိုတည်း တတ်အားသမျှ ကူညီပြီး ဘ၀များ ပြန်လည်တည်ဆောက်နိုင်ဘို့ ဖြည့်ဆည်းပေးစေလိုတဲ့ ဆန္ဒလည်း ရှိပါတယ်။ ဒါပေမယ့်-- ကိုယ့်ဒုက္ခကိုယ်ရှာ နေသူများအတွက် ပြေးကပ်လာနေတဲ့ ဒုက္ခငရဲဝဲဂယက်ကြီးထဲမှာ- အပြစ်မဲ့ပြည်သူများ မြုပ်ဝင်မသွားစေဘို့ ပြည်သူများကိုယ်တိုင်က ရှောင်ရပါမယ်။ လူကောင်း ဖြစ်လိုသူဟာ- ကုလားဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် ဗမာဖြစ်ဖြစ် လူကောင်း လူကောင်းချင်း ပူးပေါင်းရဲတဲ့ သတ္တိများ လိုအပ်ပါမယ်။ လူဆိုးလူမိုက်များကို ဇွတ်ကြိုက်နေတဲ့ အကျင့်များကို ပြင်ဆင်ရပါမယ်။

လူဆိုးလူမိုက်များကို ကမ္ဘာက ပါးပါးလေး တစ်ကွက်လောက်ပဲ ထုတ်ပြပါသေးတယ်-၊ အခုပဲ အားလုံး အုံးအုံး ကျွက်ကျွက် အော်တဲ့ အလုပ်ကို လုပ်နေပါပြီ။ ဆက်ပြီးလိမ်၊ ဆက်ပြီးမိုက်- ဆက်ပြီး ဇွတ်တိုးမယ် ဆိုရင်--၊ နောက် ဆက်တွဲများစွာကို- ထောက်ခံနေသူ အားလုံး ခံစားရတော့မှာပါ။--

ကမ္ဘာကို ဗြောင်လိမ်ဘို့ ဆက်မကြိုးစားပါနဲ့-၊ မဆင်မခြင်ဘဲ ကမ္ဘာကို အာခံဘို့ မကြိုးစားပါနဲ့-၊ လူလိမ်တွေထဲက အဓိပတိခေါင်းဆောင်ကြီးကို ရွေးချယ်ပြီး- ကမ္ဘာကို ထွက် မေတ္တာရပ်ခံခိုင်းရင်လည်း-၊ အရှက်ကွဲရခြင်းနဲ့ပဲ ကြုံ သွားရပါတော့မယ်။-

ရခိုင်ဒေသမှာ အဓိကရုန်းတွေ ဖြစ်ရတဲ့ ကိစ္စဟာ အဲ့ဒီ ဒေသက လူတွေ ပညာအင်အားနည်းပါးလို့ ဖြစ်ရတာ လို့ သမ္မတကြီး ဦးသိန်းစိန်က ၂၀၁၂ခု သြဂုတ်လ ၁၄ ရက် မှာ ဗွီအိုအေနဲ့ ဆွေးနွေးမှုမှာ ထည့်သွင်းပြောကြား ခဲ့တယ်။ 

အဓိက အရင်းအမြစ် ဘာကြောင့် ဆိုတာ သမ္မတကြီးလည်း သိနေမှာပါ။ ဒီ ပြသနာဖြစ်ရခြင်း အရင်း အမြစ်ကို အရောင်ဖျော့ထားပြီး- ပညာအင်အားနည်းလို့-၊ နောက်ဝင်လာသူများလို့ စွပ်စွဲခံရသူများက မနေတတ် မထိုင် တတ်လို့- သို့မဟုတ်က ပြင်ပက အင်အားစုများက လှုံ့ဆော်တာကို ပညာအင်အားနည်းပါးတော့ ဟုတ် သည် မှန်သည်ကို ဆင်ခြင်နိုင်အား နည်းလို့ ပြသနာက ကြီးသွားရတာပါလို့ သမ္မတကြီး တစ်ဦးအနေနဲ့ ဆင်ခြင်မိဟန် ရှိနေပါတယ်။

ရိုဟင်ဂျာတွေကို ပညာသင်ပေးရမယ် ဆိုတဲ့ ခေါင်းစီးက ငြင်းစရာ ခေါင်းစီး မဟုတ်ပါ။ သူတို့ဆီမှာ ဘာသာရေး စာသင်ကျောင်းများသာ လွှမ်းမိုးနေတယ်- ဒါကြောင့် သူတို့မှာခေတ်ပညာတွေ အားနည်းနေတယ် ဆိုတဲ့ စကား ဟာလည်း မငြင်းနိုင်တဲ့ စကားရပ် တစ်ခု ဖြစ်ပါတယ်။ 

အစိုးရအဆက်ဆက် ဖိနှိပ်မောင်းထုတ် သုတ်သင်မှု ကျေးဇူးများကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကစ ဒီနေ့ ထိ ကမ္ဘာ့အရပ်ရပ်ကို ပြန့်နှံ့လွင့်စင်ခဲ့ရတဲ့ ရိုဟင်ဂျာတွေထဲမှာ ကမ္ဘာ့အဆင့်မှီ ပရော်ဖက်ဆာကြီးတွေ၊ ဆရာဝန်ကြီး တွေ၊ အင်ဂျင်နီယာကြီးတွေ၊ သတင်းနဲ့မီဒီယာ ပညာရှင်ကြီးတွေ၊ နောက်ဆုံး NASA မှာတောင် အဓိကနေရာ ဖြစ်တဲ့ NASA ရဲ့ ပြောရေးဆိုခွင့် တာဝန်ခံကြီးအထိ ရာနှုန်းများစွာ ရှိနေပါပြီ။- သက်ဆိုင်ရာ လူမျိုးအလိုက် ရာ နှုန်းကို တွက်ကြည့်ရင် မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးအားလုံးထက် ရိုဟင်ဂျာ ပညာတတ်၊ လူချမ်းသာများက ရာ နှုန်း ပိုများနေပါပြီ။- သူတို့တွေကလည်း သူတို့ရဲ့ လူမျိုးစုလေးကို အလွန်တရာ ပညာတတ်စေချင်ပါတယ်၊ လူ လား မြောက်စေချင်ပါတယ်။ ဒါပေမယ့် ပညာသင်ပေးခွင့်၊ ပညာရေး အထောက်အကူပြု ပစ္စည်များ ထောက်ပံ့ ပေးခွင့် လုံးဝ မပေးခဲ့တာ ဘယ်သူတွေ ဖြစ်ပါသလဲ-- ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားပေးရပါမယ်။ ဒါတွေကို ထည့်သွင်း စဉ်းစားပေးခြင်း မရှိဘဲ--

ရခိုင်ပြသနာဟာ ပညာအင်အားနည်းပါးပြီး ဆင်ခြင်မှု အားနည်းနေသူတွေက ရိုဟင်ဂျာများ ဖြစ်နေသယောင် သမ္မတကြီးရဲ့ စကား အရောင်တင် ပြောဆိုမှုများကိုတော့ အင်တာဗျူးကို နားထောင်မိသူ၊ (ဖတ်မိသူ) အားလုံး သိမြင်နိုင်ပါတယ်။

ဒီလို ဆိုရင် သမ္မတကြီးက ရိုဟင်ဂျာ မဟုတ်သူများက ပညာတတ်တယ်၊ ဆင်ခြင်နိုင်အား ရှိတယ်လို့ ခံစား နေသလို ဖြစ်နေပါတယ်။ ပြန်လည် သုံးသပ်ဆင်ခြင်ကြည့်ပါ။

(၁) ပြင်ပ ပရောဂများက ပြောသမျှ ယုံနေတာ ပညာမတတ် လို့ ဆုံးဖြတ်လိုက်ရင်- အဲ့ဒီ ပညာမတတ်သူများ ဆိုတာ မျိုးချစ်ဗုဒ္ဓဘာသာများ ဖြစ်တယ် ဆိုတာ အရင်အဦး ၀င်ခံရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ရမ်းဗြဲ မြို့နယ်က အဓမ္မပြုကျင့်ခံရမှု ဆိုတဲ့ လှုံ့ဆော်မှုကို တစ်ကယ် ဟုတ် မဟုတ် မစူးစမ်း မဆင်ခြင်ဘဲ မျက်လုံးစုံမှိတ် လိုက်ယုံလိုက်တာက မျိုးချစ်ဗုဒ္ဓဘာသာများသာ ဖြစ်ပါတယ်။ ပညာတတ်လို့ ခံယူနေတဲ့ မဟာလူမျိုးကြီး ၀င်နေ သူ အုပ်ချုပ်ရေး အာဏာပိုင်များက ဒီနေ့ထိ အမှုကို တိတိကျကျ ကမ္ဘာရှေ့မှာ အစစ်မခံရဲဘဲ တရားခံကို ဖျောက် ဖျက်လိုက်ပါတယ်။ အဲ့လို တရားခံကို ဖျောက်ဖျက်လိုက်ရင် အမှုက ငါတို့ပြောသမျှ အမှန်ဖြစ်ပြီလို့ ဆက်လက် တွေးခေါ်ပုံကလည်း အလွန်ပညာတတ်တဲ့ လက္ခဏာများ ဖြစ်နေပြန်ပါသလား-- လို့ မေးရပါဦးမယ်။

(၂) ဒါကို အကြောင်းပြပြီး ဟုတ်မဟုတ် မသိ တစ်ခြားသော အပြစ်မယ့် ဘာသာရေးဝန်ဆောင်များကို မြို့လယ် မှာ ရုပ်ပျက်ဆင်းပျက် အကြမ်းဖက် သတ်ဖြတ်လိုက်ပြန်တာလည်း မျိုးချစ်ဗုဒ္ဓဘာသာများသာ ဖြစ်ပါတယ်။ အဲ့ဒီ တစ်မြို့လုံးမှာ ရှိတဲ့ ဘုန်းကြီးများ၊ မြို့မိမြို့ဖ ဆိုသူများကလည်း ဆင်ခြင်ဉာဏ်အတုံးလိုက် အခဲလိုက်နဲ့ ဆင်ခြင် ပြီး ဘယ်သူ့ကိုမှ “မသင့်တော်တာတွေ မလုပ်ကြနဲ့”လို့ မေတ္တာရပ်ခံခြင်း၊ တားမြစ်ခြင်း မရှိခဲ့တာဟာလည်း သူတို့ရဲ့ ကြီးမားတဲ့ ပညာတတ်မှုကို ဆက်လက်ဖေါ်ပြနေတယ်လို့ ဆင်ခြင်ရပါ့မလား။- ဒီအမှုကို ဖေါ်ထုတ်ဘို့ ကော်မရှင်ဆိုတာ ဖွဲ့ပြီး သမ္မတကြီးဆီကို တင်ပြရမယ်လို့ ကမ္ဘာသိ အမိန့်ထုတ်ပြန်ခဲ့တယ်။ နောက်ဆုံး အဖြေက တစ်မြို့လုံး ဘယ်သူမှ တိတိကျကျ မသိပါဘူးတဲ့- ဒီအချက်အလက်ကို တင်ပြသူများနဲ့ လက်ခံပြီး ယုံကြည်တဲ့ သမ္မတကြီး ကိုယ်တိုင်က (ကတော့ပါရဲ့) တစ်ကယ် ပညာတတ်တယ်လို့ မိမိကိုယ်မိမိ ခံစားနေပါသလား။

(၃) သို့မဟုတ် ရိုဟင်ဂျာ သမိုင်း ရခိုင်သမိုင်းများနဲ့ လက်ရှိ ဖြစ်စဉ်များမှာ ရခိုင်အမျိုးသားရေး ၀ါဒီတို့ရဲ့ လေသံ အတိုင်း တစ်လုံး မကျန် လိုက်ပြောနေရတဲ့ မြန်မာနိုင်ငံရေး သမားဆိုသူများအနေနဲ့- ကိုယ်ပိုင် ဆုံးဖြတ်နိုင်အား ပညာနည်းပါးနေလို့- ရခိုင်အမျိုးသားရေးဝါဒီများကို ဆရာတင်နေရခြင်းများ ဖြစ်ပါသလား။

ဒါတွေတစ်ခုမှ မဟုတ်ရင်-- မြန်မာနိုင်ငံမှာ ဘယ်သူတွေက ပညာတတ်ပြီး ဆင်ခြင်နိုင်အား ကောင်းနေပြီး ဘယ်သူတွေက ပညာမဲ့လျှက် ထင်ရာလျှောက်ပြော၊ ထင်ရာလျှောက်လုပ် ပြုမူနေပါသလဲ-- ဆိုတာများရော သုံးသပ်မိပါသလား။ ဆိုတာများကို အရင်အဦး ဆင်ခြင်စေလိုတယ်။

နောက်တစ်ခုက-- ရိုဟင်ဂျာများရဲ့ ဘာသာရေး စာသင်ကျောင်းများကို သင်ရိုးညွှန်းတမ်း ပြန်ပြင်သင့်တယ် ဆို တာကို လက်ခံနိုင်ပါတယ်--၊ အလားတူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများရဲ့ သင်ရိုးညွှန်းတမ်းများ ပေါ် လစီချ သွန်သင်မှုများကိုလည်း ပြန်လည်ပြင်ဆင်ပေးသင့်တယ် ဆိုတာကိုလည်း ပညာတတ် ဆိုသူများဘက်က စဉ်းစားပေးဘို့ မေ့မနေသင့်ပါ။

ပိုဆိုးတာက- ဘာသာရေးကျောင်းများကိုတော့ ဘာသာရေးပညာသင်လို့ အယူသည်းနေတာလို့ ဆိုလိုနေရင်- မြန်မာနိုင်ငံမှာ ဘာသာကျောင်း မဟုတ်တဲ့ ကျောင်း တစ်ကျောင်းလောက် ပြပေးပါလို့ တောင်းဆိုရတော့မလိုပါ။ လက်ရှိ အစိုးရကျောင်း ဆိုတာများက ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်ကစ- ဘာသာကျောင်းများ အဖြစ် အသွင် ပြောင်းပေးပြီး ဖြစ်နေခဲ့ပါပြီ။ စာသင်ကျောင်းမှာ ဘုရားစင်ကြီး ဟီးနေအောင် ထားတာတို့၊ ဘုရားစာ မဖတ်မနေ ရ ပြဌာန်းထားတာတို့၊ လက်အုပ်ချီနှတ်ဆက်တဲ့ ဓလေ့ဖြစ်အောင် ရိုက်သွင်းနေတာတို့-က အစ၊ ပြဌာန်းချက် အားလုံးမှာလည်း ဘာသာရေး ဒဏ္ဍာရီများသာ နေရာယူထားခဲ့ပါပြီ။

ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုမှာ “သြကာသ၊ သြကာသ” ရွတ်ရတာ- အပြစ်ဆိုဘွယ် မရှိပါ။ သူ့ဘာ သာ သူ့ဓလေ့နဲ့ သူကိုယ်ပိုင် ထူထောင်ထားတဲ့ ကျောင်းဖြစ်ပါတယ်။ တက်ချင်သူက တက်နိုင်တယ်၊ မတက်ချင် သူက မတက်ဘဲ နေနိုင်တယ်။ အလားတူ ခရစ်ယာန်စာသင်ကျောင်းမှာ ခရစ်ယာန် ဘုရားရှိခိုးစာနဲ့ ယဉ်ကျေးမှု များကို ထည့်သွင်းသင်ကြားတာ အပြစ်မရှိပါ။ မွတ်စလင် စာသင်ကျောင်းများမှာလည်း ဒီအခွင့်အရေး ရှိပါ တယ်။

ဒါပေမယ့်- အစိုးရက လူအားလုံး၊ ဘာသာအားလုံး အတွက် ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းများမှာ “သြ ကာသ၊ သြကာသ” ဖတ်နေရမယ် ဆိုရင်- ဒါဟာ ဗုဒ္ဓဘာသာ မဟုတ်သူများကို စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ နှိပ် ကွပ်မှုသာ ဖြစ်ပါတယ်။-- ဒါကိုလည်း အစိုးရ အာဏာပိုင်များက လုံးဝ ရပ်တန့်ပေးရပါမယ်။ ဗုဒ္ဓဘာသာ လူများ စု နေထိုင်ရာ နိုင်ငံ ဖြစ်လို့ ပြဌာန်းချက်တစ်ခု အဖြစ် ထည့်သွင်း သင်ကြားလိုရင်လည်း သီးခြား ဘာသာ Subject အဖြစ် ပြဌာန်းနိုင်ပါတယ်။--

အခုတော့-- ရိုဟင်ဂျာများကို ပညာသင်ပေးမယ် ဆိုတာ “သြကာသ- ကျောင်းတွေ ဖြစ်နေမယ် ဆိုရင်၊ အဲ့ဒီ ကျောင်းမျိုး ရိုဟင်ဂျာ များနေထိုင်ရာမှာ ဖွင့်သည် ဖြစ်စေ၊ ခရစ်ယာန်များ နေထိုင်ရာမှာ ဖွင့်သည် ဖြစ်စေ၊ ကျောင်းသာ ဆွေးသွားပါမယ်၊ ကျောင်းဆရာလခ ထောက်ပံ့ရင်း အစိုးရမှာသာ ဘတ်ဂျက်ငွေ ကုန်သွားပါမယ်- ကျောင်းတက်မယ့် ကျောင်းသား ရလာမှာ မဟုတ်ပါ။-- တစ်ကယ်လို့ ဆယ်စုံပေါက်ကြား တစ်ယောက်တစ်လေ ကျောင်းလာတက်ခဲ့ရင်လည်း-- အဲ့ဒီကျောင်းက တတ်မြောက်လာတဲ့ ပညာများက-၊ အထက်မှာ ဖေါ်ပြတဲ့ မျိုးချစ်မျက်ကန်းများကို မျက်မှန်ထူထူ ထပ်ဆင့်တပ်ပေးလိုက်တဲ့ ပညာရှင်များသာ ဖြစ်လာပါတော့မယ်။---

ဌေးလွင်ဦး

ဌေးလွင်ဦး
RB News
5.8.2012

တိုင်းရင်းသား = ခွဲထွက်ခွင့်ရှိသူများ လို့ အဓိပ္ပါယ်ကို မပေးပါ။

ကမ္ဘာ့နိုင်ငံတိုင်းမှာ နိုင်ငံသား citizen တိုင်းရင်းသား Ehinic မူလဘူတ လူမျိုး Native ဆိုပြီး ခွဲခြား သတ် မှတ်ထားပါတယ်။ နိုင်ငံသား တစ်ဦးဟာ မိမိရဲ့ နိုင်ငံအတွင်းမှာ အခြားနိုင်ငံသားတိုင်း ခံစားရမယ့် အခွင့် အရေးများကို အပြည့်အ၀ ရရှိရပါမယ်။

တိုင်းရင်းသား ဆိုတာက ယဉ်ကျေးမှု ဓလေ့ရိုးရာနဲ့ အခြေခံဘုံတူညီချက် ရှိတဲ့ လူမျိုးနွယ်စုတစ်ခုကို သတ်မှတ် ခေါ်ဆိုပါတယ်။ တိုင်းရင်းသားတိုင်းက နိုင်ငံသား မဟုတ်ပါ။ ဥပမာ အီကော လူမျိုးစု ဆိုရင် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နာမ်တို့မှာ တည်ရှိနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ အီကော လူမျိုးတစ်ဦးဟာ မြန်မာ နိုင်ငံသား အခွင့်အရေးကို အပြည့်အ၀ ရရှိရပါမယ်။ အဲ့ဒီ အခွင့်အရေးနဲ့ တန်းတူ ထိုင်းနိုင်ငံသား အီကော လူမျိုး တစ်ဦးအနေနဲ့ ရရှိစေဘို့ မဖြစ်နိုင်ပါ။

တိုင်းရင်းသား ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရပိုင်ခွင့်ကို မြန်မာအစိုးရ အဆက်ဆက် ဥပဒေ တိကျစွာ ပြဌာန်းပေးခြင်း မရှိ သေးပါ။ နိုင်ငံတစ်ကာမှာတော့ တိုင်းရင်းသားတို့ရဲ့ ရပိုင်ခွင့်က သက်ဆိုင်ရာ တိုင်းရင်းသားတို့ရဲ့ ဒေသနဲ့ အခြေခံ လူမျိုးများ ဖွံ့ဖြိုးရေး စီမံချက်တွေ အလျှောက် ရပိုင်ခွင့်တွေကို ပြဌာန်းပေးထားပါတယ်။ အိန္ဒိယနိုင်ငံကို ဥပမာ ပေးလိုပါတယ်။ ပညာရေး စနစ် ဆိုပါတော့- ကျောင်းသား အားလုံးရဲ့ ရာနှုန်း ၃၀ ကို ဆယ်တန်း အအောင်ပေး မယ် ဆိုရင် အဲ့ဒီ အထဲမှာ တိုင်းရင်းသားက ၁၀ ရာနှုန်း ပါဝင်ရမယ်လို့ ပြဌာန်းပေးထားတယ်။ ဒီတော့ ဒေသ တစ်ခုမှာ လူ အယောက် ၅၀၀ ၀င်ဖြေမယ်၊ ဆိုရင် ဆယ်တန်း အောင်သူက အယောက် ၉၀ ဖြစ်စေမယ်၊ အဲ့ဒီ အယောက် ၉၀ ထဲမှာ တိုင်းရင်းသားက အလိုလို ၃၀ အောင်ပြီး ဖြစ်တယ်။ ၀င်ဖြေတဲ့ အယောက် ၅၀၀ ထဲမှာ တိုင်းရင်းသားက ၃၀ ပဲဝင်ဖြေရင်လည်း အဲ့ဒီ ၃၀ ကို အအောင်ပေးရပါမယ်။ ကျန်တဲ့ လူတွေထဲကိုသာ အမှတ် နဲ့ ၀င်ပြိုင်စေပါတယ်။

တစ်ကယ်လို့ ၀င်ဖြေတဲ့ အထဲမှာ တိုင်းရင်းသား အယောက် ၁၀၀ ဖြစ်တယ် ဆိုရင် ၃၀ က အလိုလို အောင်ပြီး သား ဖြစ်ပြီး ကျန်တဲ့ ၇၀ က အမှတ်နဲ့ ၀င်ပြိုင်တဲ့ စာရင်းထဲမှာ ပါဝင်သွားပါတယ်။

ဒီလိုပဲ တက္ကသိုလ် ပညာရေးစနစ်မှာလည်း တက္ကသိုလ်တစ်ခုက ကျောင်းသား ၁၀၀ လက်ခံမယ် ဆိုရင် ၃၀ က တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးထားပါတယ်။ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ် အားလုံးမှာ သင့်တော်တဲ့ ရာနှုန်းကို ပြဌာန်းပေးထာပါတယ်။- ဒီလိုနဲ့ တိုင်းရင်းသားတွေက ပညာရေးမှာ မြင့်မားလာပါတော့ တယ်။ ဒါတွေက ဥပမာ အဖြစ် ပြောပြတာပါ။

တိုင်းရင်းသား ဖြစ်လို့ ခွဲထွက်ခွင့်ရစေလို့ ပြဌာန်းထားချက် မည်သည့်နိုင်ငံမှာမှ မရှိပါ။

အခု မြန်မာနိုင်ငံမှာ- ရိုဟင်ဂျာ အရေး ပေါ်လာတော့-၊ တိုင်းရင်းသား၊ တိုင်းရင်းသား ဆိုပြီး မိမိကိုယ်မိမိ ကြွေး ကြော်သူတွေ များလာပြီး တိုင်းရင်းသား ဆိုတဲ့ အဓိပ္ပါယ်ကို ခံစားချက် လွဲမှားနေကြောင်း ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်။ ဒီနေရာမှာ မြန်မာအစိုးရဘက်က တိုင်းရင်းသား ဆိုတာ ဘာလဲ ဘယ်လို အခွင့်အရေး ရှိသလဲ ဆိုတဲ့ ပြဌာန်းချက်ကို တိတိကျကျ မပြဌာန်းသေးပေမယ့်- မြန်မာနိုင်ငံသားတို့ရဲ့ “တိုင်ရင်းသား” အပေါ် ထားတဲ့ သဘောထားက နှစ်မျိုးကွဲနေတာကို တွေ့နိုင်ပါတယ်။

မြန်မာအစိုးရဘက်က တိုင်းရင်းသား ဆိုတာ မဖွံ့ဖြိုးသေးတဲ့ တောတွင်းနေ လူမျိုးစု တစ်မျိုး အဖြစ် ခံစားထင် မှတ်ပြီး ကမ္ဘာ့လှည့်ခရီးသည်များကို ပြသဘို့ တိုင်းရင်းသား ကျေးရွာတွေ တည်ဆောက်- တိရိစ္ဆာန် ဥယဉ်ပုံစံ သဘောထားခဲ့တယ်။ ကမ္ဘာသူ ကမ္ဘာသားတွေ မမြင်ဘူးတဲ့ ရှေးရိုးလူရိုင်းတွေလိုလို၊ နှစ်ပေါင်းများစွာက ဒဏ္ဍာရီလာ လူထူးဆန်းတွေလိုလို ဇတ်သွင်းနေခဲ့တယ်။

တိုင်းရင်းသား ဖြစ်တယ်လို့ ထပြီး အော်ဟစ်နေတဲ့ တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင်တွေ ဘက်ကလည်း တိုင်းရင်းသား ဆိုတာ ခွဲထွက်လိုရင် ခွဲထွက်ခွင့်ရှိတဲ့ အဆင့် လူမျိုးလို့ ခံစားနေတယ်။ ဒီခံစားချက်များက “ရိုဟင်ဂျာ” ကို “ရိုဟင်ဂျာ”လို့ သတ်မှတ်ပေးလိုက်ပြီး တိုင်းရင်းသား ပေးလိုက်ရင် သူတို့က ခွဲထွက်လိမ့်မယ် ဆိုတဲ့ ပြောစကားများက ပေါ်ပေါ်လွင်လွင်ကြီး သက်သေပြနေပါတယ်။

တစ်ကယ်လို့ တိုင်းရင်းသား ဆိုတာ ခွဲထွက်ခွင့်ရ လူမျိုးမဟုတ်ဘူး၊ တိုင်းရင်းသား ဆိုတာက မြေနေရာဒေသ တစ်ခုမှာ နှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်လာတဲ့ လူမျိုးစု လို့သာ အဓိပ္ပါယ်ကို ဆောင်ပြီး-၊ မြို့ပြသားတို့က သူတို့အပေါ်မှာ မတော်မတရားမလွှမ်းမိုး ခေါင်းပုံ မဖြတ်ရလေအောင် တစ်စုံတစ်ရာသော ဥပဒေအားဖြင့် ကာကွယ်ပေးရမယ့် လူမျိုးစုသာ ဖြစ်ပါတယ်- လို့ နားလည်မှု ရှိနေရင် မည်သည့် ကျေးလက် ဒေ သရှိ မိရိုးဖလာ လုပ်ကိုင်စားသောက်နေတဲ့ လူမျိုးကို မဆို ပေးလိုက်လို့ နိုင်ငံတော်အတွက် နစ်နာသွားခြင်း မရှိ ဘူး။

တိုင်းရင်းသား ဆိုရင် ခွဲထွက်လိုက ခွဲထွက်နိုင်သူများလို့ ခံစားနေရင်တော့- နိုင်ငံတစ်ခု၊ ပြည်ထောင်စု တစ်ခုမှာ မည်သူ့ကိုမှ တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးလို့ မရနိုင်ပါ- ဆိုတဲ့အချက်ကို တိုင်းချစ်ပြည်ချစ် နိုင်ငံရေး သမားတိုင်း ဆင်ခြင်သင့်ပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။

ဌေးလွင်ဦး
RB News
4.8.2012

(အထူးမှတ်ချက်- ကျွန်တော် ရေးသား တင်ပြနေတဲ့ သမိုင်းကြောင်းများကို ဘယ်သူနဲ့ မဆို ဘယ်နေရာမှာ မဆို ကမ္ဘာ့မီဒီယာ သက်သေရှေ့မှောက် ဖြစ်ရင် အချိန်မရွေး ဆွေးနွေးလိုပါတယ်။ အခုရေးနေတဲ့ သမိုင်းကြောင်းဟာ အမှန်အတိုင်း ဖြစ်လို့ အမှန် အတိုင်းရေးသားနေခြင်းသာ ဖြစ်ပါတယ်။ ဒီအတွက် ရိုဟင်ဂျာများကို မျက်နှာလိုက် တယ်၊ ရခိုင်လူမျိုးတွေကို မုန်းတီးမှုနဲ့ ဖန်တီးတယ်လို့- ခံစားနိုင်သူများ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ရခိုင် ဖြစ်လို့ ရခိုင်များကို ဘယ်တော့မှ မမုန်းပါ။ ရခိုင်လူမျိုးများ အတွက် ကျွန်တော် တတ်နိုင်သမျှ ကူညီပံ့ပိုး နေတယ်၊ ပံ့ပိုးခဲ့တယ်၊ ပံ့ပိုးဦးမယ် ဆိုတာ ကျွန်တော့ အနည်းအနားနေ ရခိုင်လူမျိုးတိုင်း သိနေပါတယ်။ ခွဲထွက် ရေးကို မကြိုက်လို့ ခွဲထွက်ရေး သီအိုရီကို လက်မခံတာကလွဲ ကျန်တဲ့ ကိစ္စအားလုံးမှာ အမြဲကူညီနေပါတယ်။ အိန္ဒိယထောင်မှာ ရခိုင်နဲ့ ကရင်လူမျိုး ၃၄ ဦး နှစ်ရှည်ထောင်ကျနေစဉ်- သူတို့ကို ကူညီထောင်ပံ့ဘို့ မျိုးချစ်ရခိုင် ဆိုသူတွေက ပိုက်ဆံ ၂ ပဲ ၁ ပြားကို တွက်ကပ်နေချိန်မှာ ကျွန်တော်က လစဉ် အပျက် အများဆုံး ခွဲတမ်းကို တာဝန်ယူပြီး သူတို့ ထောင်ကကျွတ်လွတ်ပြီးတဲ့ အထိ ကူညီခဲ့ပါတယ်။ ကျွန်တော် သန်းကြွယ် သူဌေး မဟုတ် သော်လည်း ငါ့အမျိုးသားတွေ ဒုက္ခရောက်နေ တယ် ဆိုတဲ့ စိတ်နဲ့ ကူညီခဲ့တာပါ။

ကျွန်တော့ ရေးသားချက်များကို မိတ်ဆွေ တစ်ချို့က ဖေ့စ်ဘုတ်မှာ ဖြန့်ချီတော့ ကျွန်တော့ရဲ့ အကြောင်း မကောင်းပြောသူတွေ၊ ပုတ်ခတ်သူတွေ ကြုံရပါတယ်။ အဲ့ဒီ မကောင်းပြောသူ၊ ပုတ်ခတ်သူ အများစုသည်လည်း သူတို့အပေါ်မှာ ကျွန်တော့ကျေးဇူး မကင်းခဲ့ပါ။ သူတို့ကိုယ်တိုင် သိနေမှာပါ။--။ တင်ပြတဲ့ အကြောင်းအရာများ ကို သမိုင်းချက်များနဲ့ တကွ ပြန်လည်ဆွေးနွေးတာမျိုး မရှိဘဲ-၊ လူပုဂ္ဂိုလ် ပုတ်ခတ်မှုများသာ တွေ့ရတဲ့ အတွက် သူတို့အတွက် စိတ်မကောင်း ဖြစ်မိတာကလွဲ အခြား ဘယ်လိုမှ မခံစားမိပါ။- အနာဂါတ် မျိုးဆက်များ အနေနဲ့ သမိုင်းမှန်နဲ့ လက်ရှိ အမှန်တရားကို သိမှ- အမှန်ကို အမှန်အတိုင်း သုံးသပ်ပြီး အနာဂါတ် မြန်မာနိုင်ငံကို စနစ် တကျ ပြန်လည်ထူထောင်နိုင်မယ်လို့ ယုံကြည်တဲ့ အတိုင်း ကျွန်တော်တင်ပြလိုတဲ့ အမှန်တရား တံခါးချပ်ကို ဆက် လက်ဖွင့်လှစ်ပေးနေမှာပါ။-- မနာလို ၀န်တိုမှုနဲ့ အမှန်တရား တံခါးကို ပိတ်သူများဟာ အနာဂါတ်ရဲ့ တရား ခံများသာ ဖြစ်သွားမှာပါ။)

မြန်မာနိုင်ငံ လွတ်လပ်ရေး နယ်နိမိတ်

မြန်မာအင်ပါယာဟာ သမိုင်းကောင်းလို့ တောင်ငူမင်းဆက် လက်ထက်မှာ ဘယ်လို ကျယ်ဝန်းခဲ့ပါစေ၊ သို့ မဟုတ် သမိုင်းပျက်လို့ ဘယ်လို ကျဉ်းမြောင်းခဲ့ပါစေ- မြန်မာကို အိန္ဒိယက ခွဲ လွတ်လပ်ရေးပေးမယ့် အချိန်မှာ မြန်မာအင်ပါယာရယ်လို့ စတင်အသိ အမှတ်ပြုတဲ့ ပုဂံအင်ပါယာကိုပဲ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် မြောက်ဦးနိုင်ငံတော်နဲ့ မြန်မာပြည်အောက်ပိုင်း မွန်တို့ရဲ့ နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ ပါဝင်လာပြီး မဏိပူရနဲ့ မြန်မာ အရှေ့ဘက် လာအို၊ ယိုးဒယားများက မြန်မာနိုင်ငံထဲမှာ မပါဝင်လာတော့ပါ။ (အင်္ဂလိပ်က မြန်မာကို သိမ်းစဉ် ယိုးဒယား၊ လာအိုတို့ဟာ မြန်မာရဲ့ အုပ်ချုပ်ခံများ ဖြစ်နေခဲ့ပါတယ်။)

ဒီမှာ အငြင်းပွားဘွယ် ဖြစ်လာတာက- မြောက်ဦး အင်ပါယာ တစ်ခုလုံးကို မြန်မာပိုင်တယ် ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းက လိုချင်ခဲ့ပါတယ်။ နိုင်ငံရေး အရ ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ အမျှော်အမြင်ကြီးသူလို့ မှတ်ချက်ချ နိုင်ပါတယ်။ သူက ဘာသာတရားနဲ့ နိုင်ငံရေးအာဏာ နယ်နမိတ်ကို ခွဲခြားစီစစ်နိုင်တယ်။ ဘုရင် နောင်ပုံစံမျိုး မိမိတို့ရဲ့ အချုပ်အခြာ အာဏာကို ရနိုင်သမျှ ဖြန့်ကျက်ချင်တယ်၊ လူမျိုးမတူ ဘာသာမတူရင်လည်း ပြည်ထောင်စုထဲမှာ လွတ်လပ်တဲ့ ပြည်နယ်များအဖြစ် ထားပြီး နိုင်ငံကို အကျယ်ကြီး တည်ဆောက်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကို တွေ့မြင်ရတယ်။ ပြည်ထောင်စုအတွင်းမှာ ပြည်ထောင်စုရဲ့ အကျိုးတရားကို ခံစားနေရ ရင် ကာလကြာသော် ငါတို့ မြန်မာရယ်လို့ပဲ ခံစားသွားမှာ လို့ ယုံကြည်တယ်။ (လက်ရှိ အမေရိကန် ပြည်ထောင် စု ဥပမာမျိုးပါ။)

ဗိုလ်ချုပ်ကျသွားတော့ နောက်ပိုင်းခေါင်းဆောင်တွေက ဗိုလ်ချုပ်လောက် မပြတ်သားနိုင်ခဲ့ဘူး၊ သြဇာကြီးနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးများကို မလွန်ဆန်နိုင်ဘူးလို့ ပြောရမှာ ဖြစ်တယ်။ ရခိုင်ကို မြောက်ဦးနေပြည်တော် အတိုင်း ယူလိုက်ရင် ရရဲ့သားနဲ့ မွတ်စလင်တွေ လူဦးရေအများကြီး ပါဝင်လာတော့မှာပဲ ဆိုတဲ့ စိတ်နဲ့ မေယုမြစ်က ဖြတ် ယူလိုက်တယ်။ တစ်ကယ်တမ်းမှာ ဘုန်းကြီး ဦးစိန္တာရဲ့ လက်ရုံး ရခိုင်အမတ် ဦးအောင်ဇံဝေက မေယုတောင်က နယ်နမိတ်သတ်မှတ်စေတာပါ။ မေယုတောင်ကသာ နယ်နမိတ်သတ်မှတ်ယူလိုက်ရင် ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်းတော နယ်မြေများဟာ ဘင်္ဂလားဒေ့ရှ်ထဲကို အလိုလို ရောက်သွားမှာ ဖြစ်တယ်။ ဦးနုက လက်မခံ ခဲ့ဘဲ မေယုမြစ်ကို နယ်ခြား သတ်မှတ်ပေးလိုက်တော့- ရိုဟင်ဂျာလို့ ခေါ်တွင်တဲ့ လူမျိုးများ ဘိုးစဉ်ဘောင်ဆက် နေခဲ့ရာ ဒေသဟာ မြန်မာနိုင်ငံထဲကို ပါဝင်လာခဲ့တယ်။ အမြင်ကျဉ်းမြောင်းတဲ့ ဘာသာရေးဝါဒီတွေက မိမိရဲ့ အချုပ်အခြာ နိုင်ငံကို ဖဲ့ပေးလိုက်ရတာကို နှမြောရမှန်းတောင် ဆင်ခြင်နိုင်အား မရှိဘူးလို့ ပြောဆိုရတော့မှာပါ။

အင်ပါယာ ကြီးထွားလာခဲ့တဲ့ မြောက်ဦးနေပြည်တော်ဟာလည်း ဘာသာရေး အမြင်ကျဉ်းမြောင်းတဲ့ ဆရာတော် တစ်ချို့ကို အလိုလိုက်ရာက အချင်းချင်းသွေးကွဲ နိုင်ငံပဲ့ခဲ့ရပြီး နောက်ဆုံးမှာ ရခိုင်တို့ရဲ့ အချုပ်အခြာ ပျောက်ဆုံး ခဲ့ရတဲ့ သမိုင်းက အထင်အခြား ဖြစ်သလို၊ ခေတ်သစ်မြန်မာနိုင်ငံဟာလည်း သာသာရေး အမြင်ကျဉ်းမြောင်းမှုတဲ့ ဆရာတော် တစ်ချို့ကို အလိုလိုက်ရင်း နယ်နမိတ်ကျဉ်းမြောင်းခဲ့ရပါတော့တယ်။

အခု လက်ရှိကြုံနေရတဲ့ ရခိုင်ပြည်နယ် အရေးမှာလည်း နိုင်ငံရေးသမားများကိုယ်တိုင် ဘာသာရေး မှိုင်းမိနေ ခြင်း၊ ဘာသာရေး အယူသန် ဆရာတော် တစ်ချို့ရဲ့ သြဇာကို မလွန်ဆန်နိုင်ခြင်း အဖြစ်များကို ကြုံနေရပြီး မြေကို ယူမယ်- လူကိုမောင်းထုတ်မယ် ဆိုတဲ့ စီမံချက်တွေကို ထပ်ဆင့်ချမှတ် နေရပါတော့တယ်။

မရိုးနိုင်တမ်း ထိုးချနေရတဲ့ အဖြစ်က ခိုးဝင်လာသူများ ဆိုတဲ့ ဆိုင်းဘုတ်ဟောင်းကြီးကို ထပ်ဆင့် မိတ္တူကူးနေ ရတဲ့ အဖြစ်ပါ။

ခိုးဝင်လာသူများ

တိုင်းပြည်တစ်ခုနဲ့ တစ်ခု နယ်ခြား မသတ်မှတ်မှီက အင်္ဂလိပ်လက်ထက်မှာ ဘင်္ဂလားနယ်က လူတွေ ရခိုင်ထဲကို ခိုးဝင်လာခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါကိုလည်း ဟုတ်မဟုတ် သေချာ စစ်ဆေးဘို့ လိုပါမယ်။ (၁) နယ်တစ်ခုမှာ လုပ်ကိုင်စားသောက်စရာ ရှိရင် အဲ့ဒီနေရာကို အခြားက လုပ်စားလိုသူများ ၀င်လာမှာ သေချာပါ တယ်။ ဥပမာ- ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံကို မြန်မာနိုင်ငံသားတွေ သွားရောက် လုပ်စားသလိုမျိုးပါ။- ဒါပေမယ့် အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံထဲကို ၀င်လာမယ် ဆိုရင် လုပ်ကိုင်စားသောက်လို့ ရတဲ့ နေရာ ရန်ကုန်၊ မန္တလေး စတဲ့နေရာများနဲ့ ဆန်စပါး စိုက်ပျိုးစားသောက်လို့ ရတဲ့ နေရာမျာကိုသာ ၀င်လာမှာပါ။ ရခိုင်နယ်မှာ သူ့လူဦးရေ ထက်ပိုပြီး ဆန်စပါး စိုက်ပျိုးစားသောက်စရာ မြေနေရာ မရှိပါ။ ရခိုင်ရိုးနဲ့ ပင်လယ်ပြင်အကြား မြေနေရာ ကျဉ်း မြောင်းပါတယ်။ ဒီတော့ ရှိပြီးသား လူများက လူပို လက်မခံနိုင်ပါ။ (၂) လူတစ်ဦး မိမိရဲ့ ရွာမှာ ဘယ်သူက အခြား အရပ်ကလာပြီး ရွာမှာ အိမ်ထောင်ကျတာ၊ ဘယ်သူတော့ ပြောင်းလာတာ ဆိုတာမျိုးကို အဲ့ဒီ သက်ဆိုင်ရာ ရွာ သားတိုင်းက သိနေပါတယ်။- ရခိုင်ပြည်နယ်က မြို့တွေဟာ ရန်ကုန်မြို့လောက် မကြီးကျယ်ပါ- အလွယ်တစ်ကူ ခွဲခြားလို့ ရပါတယ်။ ဒါကြောင့် ဘယ်သူက ၀င်လာသူ၊ ဘယ်သူက နဂိုမူလ လူဆိုတာမျိုးကို အလွယ်တစ်ကူ ခွဲ ခြားနိုင်ပါတယ်။ ရိုဟင်ဂျာကို မုန်းနေတဲ့ လူများက ရိုဟင်ဂျာ အားလုံးဟာ ခိုးဝင်လာသူများလို့ ပြောဆိုတာနေ တာကိုချည်း အတည်ယူပြီး- အမှန်ကို အမှန်အတိုင်း ပြောတဲ့ ရခိုင်များရဲ့ စကားများကို လျှစ်လျှူရှုထားတာမျိုးက အလွန်တရာ တစ်ဘက်သက် အမုန်းဆန်ပါတယ်။

ရသေ့တောင် မြို့သား နယ်သားဖြစ်တဲ့ “ကျွန်တော်တို့ဆီမှာ ခိုးဝင်လာသူများ မရှိဘူး၊ မွတ်စလင်ရွာတွေက အရင်ကတည်းက ရှိနေတယ်၊ ကျွန်တော်တို့နဲ့ ညီအစ်ကိုလိုပဲ ဘိုးစဉ်ဘောင်ဆက် နေခဲ့ကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက် အားလုံးကို သိနေတယ်၊ ကျွန်တော်တို့ တော်လှန်ရေး လုပ်တော့ မဲ ဆောက်မှာ- ရခိုင်ပါတီ အတွက် လိုအပ်တဲ့ အလှုခံငွေတွေကို ရသေ့တောင်သား မွတ်စလင်တစ်ချို့ဆီက အလှုငွေတွေ ကျွန်တော် ကိုယ်တိုင် ယူခဲ့တယ်၊” ဆိုတဲ့ ALP ပါတီက ခိုင်ထွန်းထွန်းလို လူမျိုးရဲ့ စကားကိုတော့- ဘယ်သူကမှ မကြားချင် ကြဘူး ထင်ပါတယ်။

ဘယ်သူတွေ ကြားချင် မကြားချင်- အမှန်က အမှန်အတိုင်း ရပ်တည်နေမှာပါ။ တစ်ကယ်လို့ အမှန်ကို မုန်းပြီး ၀ိုင်း တိုက်မယ် ဆိုရင် မြန်မာနိုင်ငံ သမိုင်း ပြောင်းသွားနိုင်တယ် ဆိုတာကို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ သတိ ထားနိုင်ကြပါစေ။--

ဆက်လက်တင်ပြပေးပါမည်။

ဌေးလွင်ဦး
RB News
3.8.2012

လူကောင်းတစ်ဦး ကောင်းမွန်စွာ ပြုလုပ်ထားတဲ့ အလုပ်တစ်ခုကို ဖျက်လိုဖျက်ဆီး လုပ်ပစ်တာမျိုးကို ဗမာ စကားမှာ “လက်နဲ့ရေးတာ ခြေနဲ့ဖျက်တယ်”လို့ ပြောဆိုတယ်။ ဒီလို အလုပ်မျိုးကို လုပ်ဆောင်သူများက လူရိုး လူကောင်းများ မဟုတ်ပါ။

အခုတစ်လော အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ “မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာအရေး”မှာ လူကြီးလူကောင်း ဆိုသူ များကိုယ်တိုင်က ဒီအမှုမျိုးကို အားရပါးရ ကျူးလွန်နေကြတာများ တွေ့ရပါတယ်။ 

ထိုင်းနယ်စပ် နယ်စပ်၊ တရုတ်နယ်စပ်က တော်လှန် ရေးအုပ်စု ထဲက ခေါင်းဆောင် တစ်ချို့ကလည်း ရိုဟင်ဂျာ မိမိဘာမှ မသိတဲ့ ရခိုင် ပြည်နယ်က လူမျိုးစု ပြသနာများမှာ အများကြိုက်လိုက်လျှော ဆင်ခြေမှားနဲ့ သံယောင် လိုက်ပြီး “ရိုဟင်ဂျာ” ဆိုတာ မရှိဘူး ဘာညာ ထပြောတာတွေလည်း ရှိသေးတယ်။ အဲ့ဒီ အထဲက ခေါင်းဆောင် ဆိုသူ တစ်ချို့ကို “ရခိုင် ပြည်နယ်မှာ လူမျိုး ဘယ်နှစ်မျိုးရှိသလဲ၊ လူမျိုးတစ်မျိုးစီက ဘယ်ဒေသတွေမှာ နေထိုင်သလဲ၊ သူတို့ရဲ့ ဓလေ့ စရိုက်က ဘာတွေလဲ၊”လို့ မေးလိုက်ရင်- တစ်စွန်းတစ်မှ မသိ၊ ပါးစပ်ဟနေပြီး-၊ ဘာဗဟုသုတမှ မရှိဘဲ ကုလားမုန်းစိတ်နဲ့ “ရိုဟင်ဂျာ မရှိဘူး” ဆိုတာလောက်ပဲ ကြက်တူရွေးလို အလွတ်ကျက်- တယောထိုးနေလေ့ ရှိတယ်။

မွတ်စလင် ဆိုရင် တစ်ဘက်သတ် အမုန်းစိတ်နဲ့ အရာရာကို ဆုံးဖြတ်လေ့ရှိတယ်။ မွတ်စလင် ဖြစ်ဖြစ်၊ ဘာဖြစ် ဖြစ် “လူ” ဆိုတဲ အသိတရားလောက် ထားပြီး “လူ-လူချင်း ကိုယ်ချင်းစာ စိတ်နဲ့ တွေးကြည့်ဘို့ကို မေ့လျှော့ နေကြတယ်။” ဒီလောက် စိတ်ဓါတ်နဲ့ပဲ နောက်လိုက် နှစ်ယောက်တစ်ပိုင်းပေါ် ဗိုလ်ကျပြီး လူမျိုးစု ခေါင်းဆောင် ဘာညာ ထအော်နေတာ- လူရှက်ရမှန်းတောင် သိရဲ့လား- မသိဘူး။ 

လွှတ်တော် ဆိုတဲ့ အထဲမှာလည်း ကြည့်ပါ။ လူကြီးလူကောင်းလို့ ထင်နေတဲ့ ပုဂ္ဂိုလ်များက ဘာ ဗဟုသုတမှ မရှိ- ထင်ရာ လျှောက်အော်နေတယ်။ အတော်လည်း အထင်ကြီးဘို့ ကောင်းတဲ့ ဗဟုသုတများပါ။ ရွာထဲမှာ- “နွားမအုပ် ဂျိုကုပ်ကုပ် ဗိုလ်လုပ် နေရင်”ရင် သူ့နွားမတွေကြားထဲမှာ သူဟာ အရှက်မကွဲနိုင်ပေမယ့်၊ ဘာပြော ပြော ကမ္ဘာကသိ နေတဲ့ ခေတ်ကြီးမှာ မြန်မာခေါင်းဆောင်တွေ ပြောလေသမျှ “ဒီလောက် ဗဟုသုတ ရှိတဲ့ သူကများ လူထုကိုယ်စားလှယ် ဖြစ်နေရသလား၊ ဒီလို ဆိုရင် ဒီလူထုက ဒီထက် ပိုပြီး တုံးနေတာတာပေါ့၊” လို့ မြန်မာ တစ်ပြည်လုံးကိုပါ အရှက်ခွဲသလို ဖြစ်နေတော့တယ်။

တကယ် သိနေတဲ့ လူတွေက ကမ္ဘာမှာ အများကြီးပါ။ မြန်မာကို မြန်မာစ ပြန်သင်ပေးမယ့် နိုင်ငံခြားသားများက ရေတွက်လို့ မကုန်နိုင်အောင် ရှိနေတယ်။ ဒီနေ့ ဗမာလို့ ခံယူနေသူထဲက ၉၉.၉၉၉၉ ရာနှုန်းက ကချင် အကြောင်း၊ ကချင် သမိုင်းကို လုံးဝ မသိ၊ ကရင်လို့ ခံယူနေသူထဲက ၉၉.၉၉၉၉ ရာနှုန်းက ချင်းအကြောင်း၊ ချင်းသမိုင်းကို လုံးဝ မသိ၊ မွန်လို့ ခံယူနေသူထဲ ၉၉.၉၉၉၉ ရခိုင်အကြောင်း ရခိုင်သမိုင်း ရခိုင်ဒေသ ဆိုတဲ့ သမိုင်းကြောင်းကို လုံးဝ မသိ-၊ တစ်ဦးနဲ့ တစ်ဦး မျက်မမြင် ဆင်စမ်းပြီး- ထင်ရာတွေ လျှောက်ပြောနေကြတာ များ- အဲ့ဒါတွေ အားလုံးကို သိနေတဲ့ ကမ္ဘာ့ ပညာရှင်တွေက မြန်မာနိုင်ငံသားတွေကို မူကြိုက ကလေးလေးတွေ လို ယူဆနေရတယ်။

သာမန်လူထုက သူ့အလုပ်နဲ့သူ ဖြစ်နေလို့ တစ်ဦးအကြောင်း တစ်ဦး မသိတာ ဘာမှ အပြစ်မရှိပေမယ့်- မြန်မာ နိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေးသမားတွေ၊ သမိုင်းပညာရှင်တွေကတော့ သိကိုယ်သိရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံက သမိုင်းပညာရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးနွယ် တစ်ခုရဲ့ ဖြစ်တည်မှုကိုတောင် သိအောင် မလေ့လာ ရင်- သူတို့ကိုယ် သူတို့ ပညာရှင်လို့ ဘွဲ့ရအောင် ဘာတွေကိုများ လေ့လာနေပါသလဲ၊ စာတမ်းပြုစုနေပါသလဲ၊ နိုင်ငံတော်က ပေးစာကမ်းစာ လစာများကို အလကား လိမ်စားနေပါသလား- ဆိုတဲ့ မေးခွန်းတွေ တန်းစီပြီး ထွက်လာဦးမှာပါ။

အလားတူပဲ နိုင်ငံတစ်ခုလုံးကို ဦးဆောင်မယ်၊ တိုးတက်အောင်လုပ်မယ်၊ အကျိုးပြုမယ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးများက လည်း မိမိနိုင်ငံမှာ တည်ရှိနေတဲ့ လူသားတွေ၊ လူမျိုးတွေ၊ ဓလေ့စရိုက်တွေကိုတောင် မသိဘဲ- ဒီနိုင်ငံတစ်ခုလုံး ကို ဘယ်လို ဦးဆောင်မှာလဲ။ မိမိအိမ်မှာ သားသမီး ဘယ်လောက်ရှိမှန်းမသိဘဲ ဒီမိသားစု အားလုံးကို အလုပ် အကျွေးပြုမယ်လို့ ကြုံးဝါးနေတာများ မိမိအိမ်တွင်းကတောင် ယုံကြည်လက်ခံနိုင်ပါ့မလား။ ဆိုတာလောက်ကို ဆင်ခြင်စေလိုတယ်။

ပိုဆိုးတာက ရိုးရိုး မသိတာထက်-၊ တမင် မသိဟန်ဆောင်တဲ့ ကိစ္စပါ။ သမိုင်းတစ်ခုကို မသိလို့ မသိဘူး ပြောတာ- သူ့မှာ သိအောင်လေ့လာဘို့ အခွင့်အရေးရှိနေပါတယ်။ သိနေလျှက်နဲ့ သမိုင်းကို ဖျောက်တာက သူ့ အတွက် လေ့လာမယ် လို့ ပြောဘို့ အချိန်နောက်ကျသွားပါပြီ။ “ကျွန်တော်တို့ သမိုင်းကို ဖျောက်မိတာ မှားပါတယ်၊” လို့ ၀န်ခံရမယ့် အချိန်ကိုသာ ရောက်လာပါတယ်။ 

လူကြီး လူကောင်း တစ်ဦး လုပ်နေပြီး- အမှားဝန်ခံရတဲ့ အဆင့်ကို ရောက်လာရရင် မသင့်တော်ပေမယ့်- ၀န်ခံရ မယ့် အချိန်ကို ရောက်လာနေပါပြီ။ အခု- အချိန်မှီစဉ်မှာ ၀န်ခံလိုရင် ၀န်ခံလို့ရအောင်--၊ ရခိုင်သမိုင်းဆရာ ရမ္မာဝတီ ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရ ရေးသားတဲ့ ရခိုင်ရာဇ၀င်သစ်ကျမ်း ပထမ အုပ် စတုတ္ထတွဲ-က သမိုင်းတစ်ချက်ကို လက်ဆောင်ပေးလိုက်ပါမယ်။ 

“၁၂၃၄-၃၇၊- ခု၊ ငနှလုံးမင်း လက်ထက်၊ ကုလားနှင့် သက်တို့ ပူးပေါင်းဆိုးသွမ်းကြရာ- ငနှလုံးမင်းသည် ပြည်စိုးကြီး ဓမ္မဇေယျကို ရဲမက် ငါးသောင်းပေး၍ ကုလားပြည်သို့ ကုလားပြည်သို့ ချီတက် တိုက်ခိုက်စေသည်။ ထိုစစ်ပွဲ အောင်နိုင်ပြီးနောက် ငနှလုံးမင်း၏ အမိန့်အရ စစ်သူကြီး ဓမ္မဇေယျသည် ကုလား ထက်ဝက်ကို သုံ့ပန်း အဖြစ် ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်။-

ထိုအနက်- ဆင်စာ၊ မြင်းစာစုရန် သုံ့ပန်း ၁၀၀၀၀။ ဒိုင်းဝင်းကာ သုံ့ပန်း ၂၀၀၀။ သစ်ဝါးခုတ် သုံ့ပန်း ၁၀၀၀။ လယ်ယာလုပ် သုံ့ပန်း ၁၀၀၀၀။ ဟင်းသီးဟင်းရွက် စိုက်ပျိုး ဆက်သ သုံ့ပန်း ၂၀၀၀။ မိဘုရား၊ သားတော် သမီးတော်များ အလုပ်အကျွေးပြုရန် သုံ့ပန်း ၂၀၀၀။ ကမန်လေးသည်တော်များ အတွက် သုံ့ပန်း ၁၀၀၀။ ထမ်းစဉ်ထမ်း သုံ့ပန်း ၂၀၀။ တံငါလုပ်ငန်း သုံ့ပန်း ၁၀၀၀။ ရက်ကန်းလုပ်ငန်း သုံ့ပန်း ၁၀၀၀။ မိလ္လာလုပ်ငန်း (ရခိုင် အခေါ် ဟရီ) သုံ့ပန်း ၁၀၀၀။ လက်သမား သုံ့ပန်း ၅၀၀၊ ပန်းတိမ်း ပန်းဘဲ သုံးပန်း ၁၀၀၀။ (စုစုပေါင်း လူဦးရေ ၃၂၇၀၀) ကို ဖြစ်စေတယ်။

ဒီသမိုင်းချက်မှာကိုက- ကုလားနဲ့ သက် ပူးပေါင်းဆိုသွမ်းတယ် ဆိုတဲ့ စကားကို ကြည့်ရင်- အဲ့ဒီ လူမျိုးနှစ်မျိုးက နဂိုကတည်းက ရှိနေတယ်။ သူတို့က ဘုရင့်အာဏာကိုတော်လှန်ပုန်ကန်တယ် ဆိုတဲ့ စကား အနက်ကို ပေးတယ်။ ဒါကို ထားလိုက်ပါ။- အဲ့ဒီခေတ် အဲ့ဒီ အခါ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော်က) မြောက်ဦးနိုင်ငံတော် မှာ လူဦးရေ ဘယ်လောက်ရှိမလဲ။ အဲ့ဒီ လူဦးရေထဲကို သုံ့ပန်း အဖြစ် ဖမ်းလာတဲ့ လူဦးရေ သုံးသောင်း နှစ် ထောင်ခုနစ်ရာက ဘယ်လို ၀င်ရောသွားသလဲ။ သုံ့ပန်းတွေက အကုန်လုံး ရခိုင်ဗုဒ္ဓဘာသာတွေ ဖြစ်ကုန် သလား၊ ဒါမှ မဟုတ် ရခိုင်ဗုဒ္ဓဘာသာတွေက သုံ့ပန်းတွေကို မျိုးမပွားရလေအောင် အကုန်သတ်ပစ်ခဲ့သလား၊ ဒါမှ မဟုတ် သုံ့ပန်းတွေကို သင်းကွပ်ပစ်ခဲ့သလား။- ပညာရှင် လွှတ်တော်အမတ်ကြီးများ စဉ်းစားစေလိုတယ်။ 

ရမ္မာဝတီ ဆရာတော် မှတ်တမ်းတင်ထားတဲ့ သမိုင်းကို ခြေနဲ့ဖျက်လို့ ရမယ်ထင်ရင်လည်း ဖျက်ကြပေါ့။ ဖျက်ရင်း ဖျက်ရင်း မြောက်ဦးနန်းတော်ထဲက အစ္စလာမ့် ၀တ်ကျောင်းတော် ဗလီကို ဖျက်ခဲ့တာတောင် ကမ္ဘာမှာ ပေါ်လာ နေပြီ။ အဲ့ဒီ ဗလီကလည်း နန်းတော်ထဲမှာ မွတ်စလင်တွေ မရှိဘဲ- မြောက်ဦးဘုရင်တွေက အပျင်းပြေ ဆောက် ထားတာလို့ ထင်နေရင်တော့--၊ အဲ့ဒီလောက် အသိဗဟုသုတ ကင်းမဲ့တဲ့ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဦးဆောင်မှု မှာ သာယာယဇ်မူးနေတဲ့ လူသားတွေရဲ့ ဇာတ်က မကြာမှီ နိဂုံးချုပ်သွားရမှာပါ။ လူမျိုးတစ်မျိုးကို မြှင့်တင်တာ အသိပညာ ဖြစ်သလို၊ လူမျိုးတစ်မျိုးကို တိမ်မြုပ်ပျောက်ကွယ်သွားစေတာလည်း အသိပညာ ဖြစ်တယ် ဆိုတဲ့ အချက်ကို မြန်မာနိုင်ငံသားများ သတိထားမိနိုင်ကြပါစေ။

ဌေးလွင်ဦး
RB News
3.8.2012

ရိုဟင်ဂျာ လူမျိုး

မြန်မာပြည်ရဲ့ အနောက်ဖက်ပိုင်း ဒေသရှိ လူမျိုးများနဲ့ ပတ်သက်ပြီး နည်းနည်း ပြောလိုတယ်။ ယခုအခါ ကမ္ဘာသိ အငြင်းပွားနေတဲ့ လူမျိုးရဲ့ အမည်က “ရိုဟင်ဂျာ” ဖြစ်တယ်။ ဒီ အမည်နာမနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ရယ်လို့ ခံယူသူများဘက်က သမိုင်းကြောင်းများ တင်ပြသလို၊ ရိုဟင်ဂျာဟူသည် မရှိဘူးလို့ ပြောဆိုသူများ ဘက်မှ လည်း သမိုင်းကြောင်းများ တင်ပြနေတာကို တွေ့ရပါတယ်။

ကျွန်တော့ အနေနဲ့ အမည်နာမ ကိစ္စမှာ ၀င်ရောက် မဆွေးနွေးလိုပါ။ ဗမာတွေက မိမိတို့သည် ဗမာ ဖြစ်တယ်လို့ လွတ်လပ်စွာ ပြောခွင့်ရှိသလို၊ မိမိရဲ့ အမည်နာမကိုလည်း မိမိကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ကင်ပွန်း တပ်ခွင့် ရှိပါတယ်။ အလားတူ မွန်တွေ အတွက်လည်း ဒီအတိုင်းပဲ၊ ရခိုင်တွေ အတွက်လည်း ဒီအတိုင်းပဲ ခံယူပါတယ်။ အမည်နာမ ဆိုတာက လူသားတစ်ဦး၊ လူမျိုးတစ်ဦး၊ လူမျိုးနွယ်တစ်ခု ရှိပြီးမှ ဖြစ်တည်လာတဲ့ ကိစ္စရပ်သာ ဖြစ်ပါတယ်။

အမှန်တကယ် လက်တွေ့မှာ ဒီလူမျိုးဆိုတာ သမိုင်းချီပြီး ရှိခဲ့၊ မရှိခဲ့ ဆိုတဲ့ အရာသာ ပင်မအဓိက ဖြစ်ပါတယ်။ ပုဂံခေတ်မှာ နှစ်ပေါင်း ၃၀၀ ကျော် သြဇာမိခဲ့လို့ ရခိုင်ဒေသ လူဦးရေ ထက်ဝက်လောက်က မြန်မာစကား လွှမ်းမိုးသွားခဲ့ပေမယ့်- ရခိုင်တွေရဲ့ ဓလေ့ စရိုက်များဟာ အိန္ဒိယပြည် အလယ်ပိုင်းနဲ့ တူညီနေပါတယ်ဆိုတာ ရခိုင် သမိုင်းဆရာများကိုယ်တိုင် ရေးသားနေပြီး ဖြစ်ပါတယ်။ တစ်ချို့ကလည်း မြန်မာစကား ဆိုတာ ရခိုင်က ခိုးယူသွားတာ၊ မြန်မာစာ ဆိုတာလည်း ရခိုင်ဘက်က ခိုးယူသွားတာလို့ ပြောဆိုမှုများလည်း ရှိပါတယ်။

ရခိုင် ဆိုတာ ယက္ခ (ကြမ်းတမ်းတဲ့ လူမျိုးနွယ်၊ သို့မဟုတ် မဖွံ့ဖြိုးသေးတဲ့ တောတောင်နေ လူမျိုးနွယ်) ဆို တာက ဆင့်ပွား ဆင်းသက်လာတာလို့ ပြောဆိုကြပေမယ့်-၊ ဘယ်လိုပြောပြော ရှေးမင်းများ အဆက်ဆက်မှာ ရခိုင် ဆိုတဲ့ အမည်ဟာ လူမျိုးတစ်မျိုးထဲကို ကိုယ်စားမပြုခဲ့ပါ။ တိုင်းနိုင်ငံဒေသ တစ်ခုကို ကိုယ်စားပြုပြီး အဲ့ဒီ ဒေသမှာ ရှိနေတဲ့ လူမျိုးအားလုံးကို ကိုယ်စားပြုခဲ့ခြင်းသာ ဖြစ်ပါတယ်။

ရခိုင်ဒေသ တစ်ခုလုံးဟာ အစဉ်အလာ နှစ်ထောင်ပေါင်းများစွာ အိန္ဒိယရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိခဲ့ပါ တယ်။ ဘင်္ဂေါဒေက လူသားများ ဟိန္ဒူဘာသာကို ကိုးကွယ်စဉ် ရခိုင်ဒေသက လူသားများက ဟိန္ဒူဘာသာကို ကိုးကွယ်ခဲ့တယ်၊ ဘင်္ဂေါဒေသ လူသားများ ဗုဒ္ဓဘာသာကို ကိုးကွယ်တော့ ရခိုင်ဒေသက လူသားများ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တယ်။ ဘင်္ဂေါဒေက လူသားများ အစ္စလာမ်ကို ကူးပြောင်းကိုးကွယ်တော့ ရခိုင်ကို လည်း အစ္စလာမ်ဘာသာ သြဇာလွှမ်းမိုးလာခဲ့ပါတယ်။ (ဒီနေရာမှာ ပြောဆိုတဲ့ ဘင်္ဂေါဒေသ ဆိုတာ ဘင်္ဂလား ဒေ့ရှ်ကို မဆိုလိုပါ။ အိန္ဒိယ မဂဓ အင်ပါယာကြီးကို ဆိုလိုပါတယ်။) ဘင်္ဂေါဒေသကို အစ္စလာမ်သာ သာသာနာ ရောက်ရှိလာတဲ့ ခုနှစ်က ၁၂၀၃ ခုနှစ်ဝန်းကျင် ဖြစ်တယ်။ ဒီအချိန်ကာလက ရခိုင်ဒေသဟာ ပုဂံအင်ပါယာရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး ရခိုင်မှာ ရှိတဲ့ နဂိုမူလ ဗုဒ္ဓဘာသာနဲ့ ပုဂံပြည်က ဗုဒ္ဓဘာသာတို့ရဲ့ ပူးပေါင်းကာ ဗုဒ္ဓဘာသာ အင်အား ထွားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။

သမိုင်းဝင် ဓည၀တီ မတိုင်မှီ မာရယူ မင်းဆက်ရဲ့ အနွယ်တွေ ထူထောင်တဲ့ ပထမ ဓည၀တီ မင်းဆက်ရဲ့ အမည် များကို လိုက်ကြည့်ရင်- ဘာဟူ ဘိုလီ (ဘီစီ ၁၅၈- ၃၈)၊ ရာယာ ဖာဟီ (ဘီစီ ၃၈၀ အေဒီ ၈၂)။ အေဒီ ၈၂ မှ အေဒီ ၂၀၂ မင်း အမည်ကို ကျောက်စာ ဖတ်၍ မရပါ။ ဆန္ဒြာ ဒေယျာ (အေဒီ ၂၀၂- ၂၂၉)။ အန္နာ ၀ါကာ (အေဒီ ၂၂၉- ၂၃၄)။ အေဒီ ၂၃၄ မှ အေဒီ ၃၃၁ ၏ မင်းအမည်ကို ကျောက်စာ ဖတ်မရပါ။ ရာဘီယာ ပွား (အေဒီ ၃၃၁- ၃၃၄)။ ခွာရမ်ဒေ၀ီ (၃၃၄- ၃၄၁)။ အာဖါဝီရာ (၃၄၁-၃၆၁)။ ဇာဂူနာ (၃၆၁- ၃၆၈)။လန်ဂီ (၃၆၈-၃၇၀) - ဆိုတဲ့ အမည်များကို တွေ့ရပါတယ်။

ဒီနေ့ ဒီနာမည်မျိုးကို ရခိုင်လူမျိုးမှာ လုံးဝ မတွေ့ရပါ။ ရိုဟင်ဂျာလို့ ခံယူထားတဲ့ လူမျိုးများထဲမှာသာ- ဘိုလီ၊ ဖာဟီ၊ ဆန္ဒြာ၊ ၀ါကာ၊ အာဖာဝီရာ၊ ဇာဂူနာ၊ လန်ဂီး ဆိုတဲ့ အမည်များကို ရွာတစ်ရွာမှာ အနည်းဆုံး ဆယ်ဦး လောက် တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဘိုလီ၊ ၀ါကာ၊ ဖာဟီ၊ ဇာဂူနာ ဆိုတဲ့ နာမည်တွေ ပိုမို များပါတယ်။ ဒီနာ မည်တွေက မွတ်စလင် ဖြစ်လာလို့ မွတ်စလင် အာရဗ်နာမည်တွေ မဟုတ်ပါ။ အာရ်ဗီစာပေ စကားမှာ ဒီနာမည် မျိုးကို မတွေ့ရပါ။

ရိုဟင်ဂျာ ဆိုသူများ ပြောဆိုနေတဲ့ စကား၊ အမည်နာမ၊ ဓလေ့စရိုက်များက ရခိုင်သမိုင်းဆရာများ ကျောက်စာ ပညာရှင်များ ကိုယ်တိုင်ရေးမှတ် ဖေါ်ထုတ်ထားတဲ့ ရှေးဦးမူလနေ လူမျိုးများနဲ့ ရာနှုန်းများစွာ တူညီနေပြီး- လက်ရှိ ရခိုင်ရယ်လို့ ခံယူထားသူများနဲ့ ရခိုင်သမိုင်းဖေါ်ပြပါ လူမျိုးဓလေ့တို့ ကွာခြားနေတာကို တွေ့နေရပါ တယ်။

ရိုဟင်ဂျာ ဟု မိမိကိုယ်မိမိ ခေါ်တွင်သော လူမျိုးစုဟာ မေယုမြစ်ရိုး စစ်တကောင်းတောင်တန်း တစ်လျှောက် စုန်ဆင်းကျက်စားလာတဲ့ လူမျိုးစု ဖြစ်တယ်။ ကုလားတန်မြစ်ရိုးကြောင်းက စတင်တဲ့ ဓည၀တီ နိုင်ငံတော်ဟာ မေယုဒေသကို သမိုင်းနှစ်ထောင်ချီပြီး ရခိုင်နိုင်ငံတော်ထဲမှာ ထည့်သွင်း အုပ်ချုပ်ခဲ့တယ်။ ရခိုင်နိုင်ငံတော်ဟာ အုပ်ချုပ်မှုအာဏာအရ စစ်တကောင်းနယ် တစ်ခုလုံးကို ကျော်ပြီး ဘင်္ဂေါဒေသထိ အုပ်ချုပ်မှု တိုးချဲ့ခဲ့ ပေမယ့် ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး သဘောအရ ဘင်္ဂေါနယ်ဘက်က သြဇာကို ပြန်လည် သက် ရောက် ခံခဲ့ရတယ်။

ဗမာအင်ပါယာ ပုဂံမင်းတို့မှာ ရခိုင်အား သိမ်းပိုက်ခဲ့ပေမယ့် ဗမာ့ယဉ်ကျေးမှုနဲ့ သြဇာဟာ မေယုနယ်ဘက်ထိ မတိုးပေါက်နိုင်ခဲ့ဘူး။ တနည်းအားဖြင့် ရခိုင်မြောက်ဘက်စွန်း ဒေသတွေဟာ ဗမာအင်ပါယာထဲကို အရိပ်အ ရောင်မျှသာ အမည်ခံ ကျရောက်ခဲ့တဲ့ သဘောမျှ ဖြစ်တယ်။ သို့မဟုတ် ရခိုင်ဒေသ တစ်ခုလုံး လုံးလုံးလျှားလျှား ပုဂံ အင်ပါယာထဲကို ပါမသွားခဲ့ဘူး။

ဒါကြောင့် ပုဂံအင်ပါယာက နှစ်ပေါင်း ၃၀၀ စိုးမိုးထားခဲ့ပေမယ့်- ပုဂံအင်ပါယာကို ပြန်လည်တော်လှန်ပြီး မြောက် ဦး အင်ပါယာကို ထူထောင်မယ့် ရခိုင် ကောလိယ မင်းဆက် ဆိုတာ ကျန်ရှိနေခဲ့တာက သက်သေဖြစ်နေတယ်။ ကေလိယ မင်းဆက်ရဲ့ ၂၂ ဆက်မြောက် သားတော် ငနှလုံးမင်းက မြောက်ဦး အင်ပါယာကို စတင်ခဲ့ပြီး မင်းစော မွန်လက်ထက်မှာ မြောက်ဦး အင်ပါယာဟာ အကြီးအကျယ် ထွန်းတောက်ခဲ့ပြန်တယ်။

ဗမာများ အောက်မှာ သြဇာမခံလိုတဲ့ ကောလိယ မင်းဆက်ဟာ ရိုဟင်ဂျာ လို့ ခေါ်တွင်တဲ့ လူမျိုးနွယ်စု ထဲမှာ သာ အခြေချနေခဲ့ရတယ်- ဆိုတာ သမိုင်းမှာ ငြင်းလို့ မရပါ။

အစ္စလာမ် သာသနာ ပေါ်လာလို့ ရိုဟင်ဂျာ ပေါ်လာခြင်း မဟုတ်

ရခိုင်သမိုင်းမှာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုတွေက များနေပြီး အာရဗ်သင်္ဘောပျက်ရာက ကမ်းတင်နေတဲ့ လူစုဆီမှ ရိုဟင်ဂျာများ ပေါ်လာသလိုလိုတွေ လျှောက်ပြောတာလည်း ရှိနေတယ်။ သင်္ဘောပျက်လို့ လူမျိုး ဖြစ်လာမယ် ဆိုရင် အများဆုံး ရွာလေးတစ်ရွာလောက်သာ ဖြစ်နိုင်မှာပါ။ ကြီးမားတဲ့ လူမျိုးစုကြီး ဖြစ်လာဘို့ အကြောင်း မရှိ ပါ။- ဘင်္ဂေါပြည်ကို အစ္စလာမ် သာသနာ လွှမ်းမိုးလာတော့- ဘင်္ဂေါနဲ့ နီးစပ်တဲ့ စစ်တကောင်းနယ်ကလည်း အစ္စလာမ် သာသနာပြုတို့ရဲ့ သာသနာပြုမှုကို ခံရပါတယ်။ ဒီမတိုင်မှီက စစ်တကောင်းမျိုးနွယ်စု၊ ဘင်္ဂလီမျိုးနွယ် စု အပါအ၀င် မာဂဓ အင်ပါယာထဲက လူမျိုးစုတွေဟာ ဗုဒ္ဓဘာသာဝင်များ အများစု ဖြစ်ခဲ့ပါတယ်။ ရိုဟင်ဂျာတို့ ရဲ့ ဘဘိုးမျိုးဆက်ဟာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ပါတယ်။ သူတို့ဆီကို အစ္စလာမ် သာသနာပြုတွေ ရောက်လာ တော့ အစ္စလာမ် သာသနာကိုလက်ခံလိုက်ကြပါတယ်။ ရိုးရာ နတ်မှ ဟိန္ဒူ၊ ဟိန္ဒူမှ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ ဘာသာမှ အစ္စလာမ် ကို ကူးပြောင်းခဲ့ကြတာ အယူဝါဒပါ။ လူသားကတော့ ဒီလူသားမျိုးနွယ်သာ ဖြစ်ပါတယ်။

ရခိုင်ပြည်ကိုလည်း အစ္စလာမ် သာသနာပြုများ ရောက်ခဲ့ပါတယ်- ရိုဟင်ဂျာ မဟုတ်တဲ့ အခြား လူမျိုးစုများ အစ္စလာမ် သာသနာထဲကို အစုလိုက်အပြုံလိုက် ၀င်လာလို့ ရခိုင်ဘုရင် မင်းဘာကြီး ကိုယ်တိုင် ကိုးကွယ်တဲ့ တောင်ညိုကျောင်းတိုက် အရှင်အဂ္ဂမုနရဲ့ တပည့် ရှင်ငယ် ဆရာမြ၀ါက “ငါတို့ သာသနာ တိမ်ကောတော့မယ်” ဆိုပြီး လျှောက်ထားရာက ဘုရင့်ခွင့်ပြုချက်နဲ့ ဗုဒ္ဓဘာသာ ကာကွယ်ရေး စည်းမျဉ်း “ရွေးမျဉ်းဓမ္မသတ်” ကျမ်းကို ပြုစုခဲ့တယ်။ အဲ့ဒီ ကျမ်းကို ဥပဒေပြု ထိမ်းကွပ်လိုက်လို့ အစ္စလာမ်သာသနပြုခွင့် ရပ်စဲသွားခဲ့တယ်။

ဒါပေမယ့် ရခိုင်သမိုင်းမှာ အစ္စလာမ် သာသနာပြုများကိုသာ ခွင့်မပြုခဲ့ပေမယ့်- မေယုဒေသ ရှိ မူလဇစ်မြစ် လူမျိုးများကို မောင်းထုတ်ပြီး ရခိုင်အင်ပါယာ ချဲ့ခဲ့တဲ့ သမိုင်းမရှိပါ။ ဒီတင်မက နှစ်ထောင်ပေါင်း များစွာ တည်နေ ခဲ့တဲ့ ရခိုင်သမိုင်းမှာ- အနောက်က ဘင်္ဂလီတွေ ၀င်လာပြီး ရခိုင်ကို အာဏာလုမယ် ဆိုတဲ့ ရန်စလည်း ကြီးကြီး ကျယ်ကျယ် မရှိခဲ့ပါ။ မေယုလူမျိုးစု အပါအ၀င် အဖြစ်တဲ့ ရခိုင်နိုင်ငံတော်ကသာ ဘင်္ဂလား (ဂင်္ဂါမြစ် အနောက် ဘက်ခြမ်း)ကို သွားရောက် သိမ်းပိုက်ပြီး အာဏာလု အင်ပါယာချဲ့ထွင်တာမျိုးကိုသာ တွေ့ရပါတယ်။ ရခိုင်ရဲ့ အရှေ့ဘက်က ဗမာတွေ ၀င်လာပြီး ရခိုင်ရဲ့ အာဏာကို လုတော့မှာပဲ ဆိုတဲ့ အကြောက်တရားများသာ ရခိုင်မှာ နှစ်ပေါင်းများစွာ ကြီးစိုး ဖိစီးထားခဲ့ပါတယ်။

ဆက်လက်တင်ပြပါမည်။

ဌေးလွင်ဦး
RB News
3.8.2013

လက်ရှိ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာမယ့် နိုင်ငံဧရိယာထဲကို ၀င်လာတဲ့ လူသားတွေဟာ အဓိက အားဖြင့် အာရှအလယ်ပိုင်း တိဘက်ကုန်းမြင့်ဘက်က ဖြစ်ပြီး- တိဘက်ကုန်းမြင့်ရဲ့ အရှေ့ဘက် မွန်ဂိုနိုက်အနွယ်တွေ ပါဝင်သလို၊ တိဘက်ကုန်းမြင့်ရဲ့ အနောက်ပိုင်း အာရိယာန်အနွယ်တွေလည်း ပါဝင်ခဲ့တယ်။ (တိဘက်ကုန်းမြင့် ဒေသကိုယ်က အာရိယာန်နဲ့ မွန်ဂိုအနွယ်တို့ ပေါင်းစပ်ရာ မြစ်ဆုံဒေသလို့ ဖြစ်နေတယ်၊ ဒါကြောင့် အာရိယာန် နဲ့ မွန်ဂို ကပြားတွေလည်း ပါဝင်ခဲ့တယ်။ ဒါကြောင့် မြန်မာပြည် အရှေ့ပိုင်းရှိ လူမျိုးနွယ်တွေက မွန်ဂိုလီးယား အနွယ်ရုပ်မျိုးကို ဆင်ပြီး မြန်မာပြည် နောက်ပိုင်းအခြမ်း လူမျိုးတွေက အာရိယာန် မွန်ဂိုကပြား ရုပ်ရည်မျိုးကို ဆင်နေတာ တွေ့ရပါမယ်။ (ဥပမာ ပခုက္ကူဒေသ သားများနဲ့ ရှမ်းကုန်းမြင့်ဒေသ သားများ ရုပ်ရည်များကို နှိုင်း ယှဉ်ကြည့်ပါ။ ရာသီဥတုကြောင့် အသားရောင် ကွာခြားလာတာလို့ ပြောနိုင်ပေမယ့်- နှာတံသွယ်ပုံချင်း ကွာ ခြားမှုဟာ ရာသီဥတု အပူအအေးနှင့် မဆိုင်ပါ။)

ပြီးတော့ မြန်မာပြည်ထဲကို ၀င်လာခဲ့တဲ့ လူတွေဟာ အဓိကအားဖြင့် မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့တာ များပါတယ်။ သံလွှင်မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ဧရာဝတီ မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာခဲ့တာများ ဖြစ်ပါတယ်။

အလားတူပဲ ရခိုင်ဒေသလို့ ခေါ်နေတဲ့ မြန်မာပြည် အနောက်ပိုင်း အခြမ်းမှာလည်း လူသားတွေဟာ လေးမူး မြစ်ရိုး၊ ကုလားတန် မြစ်ရိုးနဲ့ မေယုမြစ်ရိုး များတစ်လျှောက် စုန်ဆင်းလာခဲ့တာ ဖြစ်ပါတယ်။ လေးမူးမြစ်ရိုးဟာ တိုပြီး ရခိုင်ရိုးမကြီးမှာ ဆုံးသွားတယ်၊ ချောင်းသွယ်မြောင်းသွယ် အဖြစ် ဆက်စပ်ခဲ့ရင်တောင့် ကျောက်ပန်း တောင်းကို ဆက်စပ်နိုင်တယ်- ဒါကြောင့် အဲ့ဒီ မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့ရင် သူတို့ဟာ ပျူလူမျိုးနွယ် များ ဖြစ်နိုင်တယ်။ ကုလားတန်မြစ်ရိုးကတော့ အာသံ- မဏိပူရကိုကျော်ပြီး အခုခေတ်နီပေါလ်နားအထိ ဆိုက် တယ်- ဒါကြောင့် ကုလားတန်မြစ်ရိုးတစ်လျှောက် ဆင်းလာသူများက အာရိယာန်အနွယ်များ ဖြစ်ပါတယ်။ အလားတူ- မေယုမြစ်ရိုးဟာ မဏိပူရနယ်အထိ ဆိုက်တယ်- အဲ့ဒီက ဆင်းလာသူများဟာလည်း အာရိယာန် အနွယ်ဝင်များ ဖြစ်ပါတယ်။ (ကုလားတန်မြစ်၊ လေးမူးမြစ်၊ မေယုမြစ် များ စီးဆင်းပုံကို မြန်မာနိုင်ငံမြေပုံ၌ သေချာစွာကြည့်ပါ။)

သံလွှင်မြစ်ရိုးတစ်လျှောက် စုန်ဆင်းခဲ့သူ(ကရင်၊ ပအို့ဝ်၊ ကရင်နီ၊ ရှမ်း)များနဲ့ ဧရာဝတီမြစ်ရိုးတစ်လျှော် စုန်ဆင်းခဲ့သူ (ဗမာ)များ ရုပ်ရည် ကွဲပြားသလို၊ ရခိုင်မှာလည်း မေယု၊ ကုလားတန် မြစ်ရိုးတစ်လျှောက်စုန်ဆင်းခဲ့ သူများနဲ့ လေးမူးမြစ်ရိုးမှသည် ရခိုင်တောင်ပိုင်းနယ်သား အားလုံးရဲ့ ရုပ်ရည်ဟာ သီးသန့်ဖြစ်နေပါတယ်။

ကုလားတန်၊ လေးမူးလူမျိုးနွယ်များ ပေါင်းစပ်လာပြီး ရပ်ရွာတည်တံ့လာတဲ့ အချိန်ကစ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ နိုင်ငံငယ်လေး ဖြစ်လာခဲ့ပါတယ်။ ဒဏ္ဍာရီလိုလို၊ သဘောင်လိုလို ပြောစမှတ်အရ ဘီစီ ၃၀၀၀ ကျော်ကတည်းက မာရယူမင်းက နိုင်ငံထူထောင်ခဲ့တယ် ဆိုပေမယ့်- သေချာတဲ့ သမိုင်းများ မတွေ့ရသေးပါ။ အေဒီ ၄ ရာစု (မြန်မာ နိုင်ငံ ပုဂံအင်ပါယာထက် နှစ်ပေါင်း ၇၀၀ ကျော်စောပြီး) လောက်မှာ မဟာစန္ဒြမင်းက ဓည၀တီ နေပြည်တော်ကို စတင်ထူထောင်ခဲ့ကြောင်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့ကြောင်း သမိုင်းများ ရှိနေပါတယ်။ အဲ့ဒီ ဗုဒ္ဓသာသ နာဟာ ဗမာများဆီက ကူးစက်ခဲ့ခြင်း မဟုတ်ပါ။ ဒီအချိန်မှာ ဗမာများကိုယ်တိုင်က ထေရ၀ါဒ ဗုဒ္ဓဘာသာကို လက်မခံသေးပါ။ ဓည၀တီနေပြည်တော်ဟာ နိုင်ငံရေးအရ အနောက်ဘက် အိန္ဒိယအင်ပါယာ (ထိုစဉ်က မာဂဓ အင်ပါယာ)ကို တည်မှီအားကိုးနေရတဲ့ သဘောမှာ ရှိနေတော့ မာဂဓ အင်ပါယာတွင်းမှ ကူးစက်ပြန့်နှံ့လာခဲ့ခြင်း သာ ဖြစ်ပါတယ်။

ဓည၀တီနေပြည်တော်ဟာ လေးမူးနဲ့ ကုလားတန် မြစ်ရိုးကြားဒေသမှာ စတည်ခဲ့ပေမယ့်- နိုင်ငံကျယ်ပြန့်လာ တာနဲ့ အမျှ အနောက်ဘက် အရှေ့ဘက်ကို နယ်နိမိတ်တိုးချဲ့လာခဲ့ပါတယ်။ တောင်ဘက်မှာ ပင်လယ်ပြင် မြောက်ဘက်မှာ ရခိုင် ရိုးမကြီးကာဆီးထားတဲ့ အတွက် နယ်နမိတ်က တိုးချဲ့လို့ မရနိုင်ပါ။ မြေပုံကို ကြည့်ပါ။


အေဒီ ၄ ရာစုက စတည်ခဲ့တဲ့ ဓည၀တီ၊ ဝေလာလီ၊ လေးမူး၊ မြောင်းဟောင်း နယ်ပြည်တော်များမှာ အနောက်ဘက် မေယုမြစ်၊ နာ့ဖ်မြစ်ရိုးများကို ကျော်လွန်ပြီး ပိုင်ဆိုင်ခဲ့သလို၊ တောင်ဘက် ဒွာယာဝတီ (သံတွဲ) အထိ နယ်နမိတ်ကျယ်ဝန်းလာခဲ့ပါတယ်။ လေးမူး ခေတ်နှောင်းပိုင်းမှာ ဗမာအင်ပါယာ (မြန်မာနိုင်ငံ)က အင် အား ထွားလာပြီး လေးမူးနေပြည်တော်နိုင်ငံကို မြန်မာအင်ပါယာအတွင်း သိမ်းသွင်းနိုင်ခဲ့ပါတယ်။ 

အရေးနိမ့်သွားတဲ့ ရခိုင်နယ်သားများက အနောက်ဘက် ဘင်္ဂေါနယ်မှာ ခိုလှုံခဲ့ပါတယ်။ (ထိုစဉ်က ဘင်္ဂေါနယ်- ဆိုတာ နာ့ဖ် မြစ်ရဲ့ အနောက်ပိုင်းဒေသ များဖြစ်ပြီး နာ့ဖ်မြစ်ရဲ့ အရှေ့ပိုင်းဒေသ စစ်တကောင်းနယ်က ဓည၀တီ အုပ်ချုပ်လိုက်၊ ဝေသာလီ အုပ်ချုပ်လိုက်၊ ဘင်္ဂေါက အုပ်ချုပ်လိုက်နဲ့ သူသိမ်း၊ ကိုယ်သိမ်း ကြားခံ ဒေသ ဖြစ်နေခဲ့ပါတယ်။ ဘင်္ဂေါပြည်ကို အုပ်ချုပ်ထားတဲ့ မွတ်စလင်မွန်ဂိုမင်းရဲ့ စစ်သားအကူအညီ၊ စစ်ရေးအထောက်အပံ့အကူအညီများ နဲ့ မင်းစောမွန်ဟာ ဗမာများ သိမ်းပိုက်ထားတဲ့ လေးမူးနေပြည်တော်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ဦး အင်ပါယာကို ထူထောင်နိုင်ခဲ့ပါတယ်။ မြောက်ဦးအင်ပါယာရဲ့ အင်အားကို ဗမာဘက်က သြဇာတန်ခိုးကြီးထွား တဲ့ ဘုရင့်နောင် (တောင်ငူမင်းဆက်)တောင် မဖြိုခွင်းနိုင်ခဲ့ပါ။ မြေပုံကို ကြည့်ပါ။ 

http://en.wikipedia.org/wiki/Toungoo_Empire#First_Toungoo_Empire_.281510.E2.80.931599.29

Restored Toungoo or Nyaungyan Dynasty c. 1650

မြောက်ဦး အင်ပါယာဟာ စစ်တကောင်းနယ် တစ်ခုလုံးကို နှစ်ပေါင်း ၃၈၀ ကျော် အုပ်ချုပ်စိုးမိုးခဲ့ပါတယ်။ ဒါကြောင့် စစ်တကောင်းနယ်က လူမျိုးအားလုံးဟာ မြောက်ဦးနိုင်ငံတော်အတွင်းက တရားဝင် လူမျိုးများ ဖြစ်ပြီး မူလဇာတိ လူမျိုးများလည်း ဖြစ်ပါတယ်။ မြောက်ဦးမင်းဆက် အားလုံးက မွတ်စလင်ဘွဲ့အမည်များ ခံယူပြီး ဘာသာရေး လွတ်လပ်ခွင့်ပေးခဲ့တဲ့ အတွက် စစ်တကောင်းနယ်က မွတ်စလင်များကလည်း အုပ်ချုပ်ခံရမှုကို ကျေနပ်ခဲ့ပါတယ်။

မြန်မာအင်ပါယာဟာ ကုန်းဘောင်ခေတ်မှာ ပြန်လည် ကြီးထွားလာပြီး- ၁၇၈၄ ခုနှစ်မှာ မြောက်ဦး အင်ပါယာကို ပြန်လည်ဝင် ရောက် သိမ်းပိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲပြီး နှစ်ပေါင်း လေးဆယ် ဖြစ်ခဲ့ကာ ရခိုင်လူမျိုးပေါင်း များစွာ မျိုးပြုတ်လုနီး သတ်ဖြတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာ မြောက်ဦး အင်ပါယာဟာ ဘင်္ဂေါကို အုပ်ချုပ်ပြီး ဖြစ်တဲ့ ဗြိတိသျှကို စစ်ကူတောင်းလိုက်ရပါတော့တယ်။

ဆက်လက်တင်ပြပါမည်။-

ဌေးလွင်ဦး
RB News
3.8.2012

အခုခေတ် မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ ဧရိယာ နယ်နိမိတ်ဟာ- ကုန်းမြေဆက်စပ်မှု မရှိတဲ့ သီးခြား ကျွန်းမဟုတ်သလို အလွတ်တစ်နေရာမှာ မြေသားထု မြေပုံဆွဲ ယူလာပြီး အိန္ဒိယနဲ့ တရုတ်ကြားမှာ လာကပ်ထားတဲ့ မြေနေရာလည်။ မဟုတ်ပါ။ ကမ္ဘာတည်ကတည်းက ရှိနေတဲ့ အာရှတိုက်ရဲ့ ကုန်းမြေ ဆက်စပ် နေတဲ့ အပိုင်းထဲက မြေနေရာတကွက်မျှသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရယ်လို့ သတ်သတ်မှတ်မှတ် ဖြစ်လာခဲ့တာ အေဒီ ၁၁ ရာစု (၁၀၄၄ ခုနှစ်)ကမှ ဖြစ်လာခဲ့ပြီး- အိမ်ဘေးက တရုတ် အိန္ဒိယတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကလေး အဆင့်မျှသာ ရှိပါသေးတယ်။

မြန်မာရယ်လို့ ဖြစ်လာတဲ့ လူတွေ ဘယ်က ၀င်ခဲ့သလဲ၊

လက်ရှိ တရုတ်ပြည်လို့ သတ်မှတ်ထားတဲ့ ဧရိယာထဲက သို့မဟုတ် တိဘက်ကုန်းမြင့်ဒေသက တရုတ်ပြည်ကို ဖြတ်ပြီး မြန်မာနိုင်ငံရယ်လို့ ဖြစ်တယ်လာမယ့် ဧရိယာထဲကို ပင်မလူမျိုးနွယ် သုံးစု ၀င်လာခဲ့တာကိုတော့ အထူး ပြောနေစရာ မလိုပါ။

ဒီနေရာမှာ - ဒီလူမျိုးစု သုံးစု မတိုင်မှီက မြန်မာနိုင်ငံမှာ လူတွေ မရှိဘူးလား- ဆိုတဲ့ အချက်ကို ဆင်ခြင်ဘို့ လိုပါတယ်။ - သမိုင်းပညာရှင်တွေက ပျူတွေ နေထိုင်ခဲ့တယ်၊ ဟံလင်းကြီး ပိဿနိုး စသည်ဖြင့် ပျူမြို့ပြနိုင်ငံ ငယ်တွေ တည်ဆောက်ခဲ့တယ်- လို့ အခိုင်အမာပြောဆိုတာကိုလည်း မူလတန်းအောင်ပြီးသား ကလေးတိုင်း အနည်းဆုံးတော့ ကြားဘူးနားဝ ရှိပြန်ပါတယ်။- ဒီလိုတွက်ရင် လက်ရှိ လူမျိုးများထက် ပျူလူမျိုးများက ပိုမိုရှေ့ကျတဲ့ Native တွေ ဖြစ်တယ်လို့ ဆိုရမှာပါ။

မြန်မာပြည်လို့ ဖြစ်တည်လာမယ့် ဧရိယာရဲ့ နံဘေးမှာ မြန်မာမတိုင်မှီ ၅၀၀၀ ကျော်ကတည်းက နိုင်ငံအဖြစ် အင်ပါယာ အဖြစ် တည်ရှိနေတဲ့ အိန္ဒိယနဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက တည်ရှိနေတဲ့ တရုတ်နိုင်ငံတို့ ရှိ နေတယ် ဆိုတာကို မေ့ထားလို့ မရပါ။

မြန်မာမတိုင်မှီ ၀င်လာတဲ့ လူမျိုးတွေက သက်ဆိုင်ရာ ဒေသနိုင်ငံများ ထူထောင်ခဲ့ပေမယ့်- သူတို့ကို နိုင်ငံအဖြစ် အိန္ဒိယနဲ့ တရုတ်တို့က အသိအမှတ်မပြုပေးခဲ့ဘူး- ဆိုလိုတာက အဲ့ဒီဒေသတွေဟာ သူတို့ဆီက ပဲ့လွင့်သွားတဲ့ လူတွေက ရပ်ရွာထူထောင်ထားသလိုလို၊ သို့မဟုတ် သူတို့လူမျိုးတွေက မြို့တွေထူထောင်ထားလို့ သူတို့ကပဲ ပိုင်ဆိုင်သလိုလို၊ သို့မဟုတ် မြေလွတ်မြေရိုင်းတစ်ခုမှာ ဘယ်သူမဆို ၀င်ရောက်ရွာတည်ပြီး နေထိုင်နိုင်တယ်- ငါတို့ရဲ့ အင်ပါယာကို လိုအပ်ရင် အဲ့ဒီ ဒေသများထိ လွှမ်းမိုးထားလို့ ရတယ်လို့ ခံယူထားသလိုလိုမျိုးတွေနဲ့ ရှိနေ ခဲ့တယ်။

၁၁ ရာစုမှာ နန်ဇို ဘုရင့်နိုင်ငံရဲ့ လက်အောက်က ရုန်းထွက်ပြီး ဗမာများ ၀င်ရောက်လာခဲ့တယ်။ ဗမာတို့က ပျူ များကို သိမ်းပိုက်နိုင်ငံထူထောင်လိုက်တယ်၊ အခုမြန်မာပြည်အောက်ပိုင်း ကမ်းရိုးတန်းဒေသမှာ သူ့အရင်က ထူ ထောင်ပြီး ရှိနေတဲ့ မွန်တွေကိုပါ သိမ်းပိုက်လိုက်တယ်။ အနောက်ဘက်တောင်တန်းကြီးရဲ့ အနိမ့်ပိုင်းများကို ဖြတ်ကျော်ပြီး လက်ရှိ ရခိုင်ပြည်နယ်ရဲ့ တောင်ကုတ်လောက်ကစ ဗမာထူထောင်ထားတဲ့ ပုဂံအင်ပါယာထဲကို သိမ်းသွင်းနိုင်ခဲ့တယ်၊-- အဲ့ဒီ အချိန်ကစ အိန္ဒိယကို စိုးမိုးထားတဲ့ ချိုလာအင်ပါယာကနဲ့ တရုတ်ပြည်မှာ စိုးမိုးထား တဲ့ ဆွန်မင်းဆက်တို့က ပုဂံကို အင်ပါယာ တစ်ခုအဖြစ် အသိအမှတ်ပြုပေးလိုက်တယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဟာ အချုပ်အခြာပိုင်တဲ့ ကိုယ်ပိုင်ဧရိယာနဲ့ အင်ပါယာနိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်။

ဒါပေမယ့် မြန်မာ့သမိုင်းမှာ မပေါ်လွင် တိမ်ငုတ်နေတဲ့ အရာတစ်ခုက ဧရာဝတီမြစ်ဖျားက ဆင်းလာတဲ့ ဗမာ များက မြန်မာနိုင်ငံရယ်လို့ မထူထောင်မှီကတည်းက မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ရှိတဲ့ ကုလားတန် မြစ်ဖျား ဘက်က ဆင်းလာတဲ့ လူမျိုးက သီးခြားနိုင်ငံငယ်လေး ရှိပြီးသား ဖြစ်နေပါတယ်။ အဲဒီမှာ နိုင်ငံရှိပြီးသား ဖြစ်တယ်၊ ပုဂံအင်ပါယာက မသိမ်းသွင်းမှီကတည်းက လူတွေရှိပြီးသား ဖြစ်တယ်၊ အဲ့ဒီ လူတွေက ဘယ်က လာခဲ့ပါသလဲ။- အောက်မှာ ပုဂံခေတ်က မြန်မာနိုင်ငံရဲ့ မြေပုံကို ကြည့်ပါ။-

http://en.wikipedia.org/wiki/Pagan_Kingdom

ပုဂံခေတ် ဆိုတာ အထက်မှာ ပြောပြီးတဲ့အတိုင်း ၁၁ ရာစုမှာမှ ပေါ်လာတဲ့ အင်ပါယာ ဖြစ်ပါတယ်။ ၁၁ ရာစု မတိုင်မှီ နှစ်ပေါင်းထောင်နဲ့ချီပြီး အနောက်ဘက်ဒေသမှာ တိုင်းနိုင်ငံက တည်ရှိပြီး ဖြစ်နေပါပြီ။- ရခိုင်သမိုင်းအရ ဘီစီ ၃၃၂၅ ခုကတည်းက မာရယူမင်းက နိုင်ငံကို တည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပုဂံအင်ပါယာ မထွန်း ကား မဖြစ်ပေါ်မှီ နှစ်ပေါင်း ၄၀၀၀ ကျော် ရှေ့ကျနေပါတယ်။

ဗမာမ၀င်မှီ နှစ်ပေါင်း ၄၀၀၀ ကျော်တည်ရှိတဲ့ နိုင်ငံက လူသားတွေဟာ ဘယ်က လာခဲ့ပါသလဲ။ သမိုင်းကို ပြန် လိုက်ရင် သူတို့တွေဟာ အိန္ဒိယ အင်ပါယာဘက်က ဖြတ်ပြီး လာခဲ့တဲ့သူများသာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀၀၀ ကျော်က အိန္ဒိယအင်ပါယာရဲ့ မြေပုံဟာ မသေချာသေးပေမယ့်- မြန်မာအင်ပါယာ မပေါ်မှီ နှစ်ပေါင်း ၁၅၀၀ စော ပြီး တည်ရှိတဲ့ အိန္ဒိယ မာဂဓ အင်ပါယာရဲ့ စတည်မှုနဲ့ ကျယ်ပြန့်လာတဲ့မြေပုံကို ကြည့်ပါ။


http://en.wikipedia.org/wiki/Magadha


http://en.wikipedia.org/wiki/Mauryan_Empire

ဒီမြေပုံအရ မြန်မာနိုင်ငံ အနောက်ပိုင်း အခု ရခိုင်ဒေသ မြောက်ပိုင်းက လူသားတွေဟာ မာဂဓ အင်ပါယာ ထဲက ၀င်ရောက်လာတဲ့ မာဂဓ မျိုးနွယ်များသာ ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ရခိုင်သမိုင်းဆရာ တစ်ချို့ရဲ့ အဆိုအရလည်း ရခိုင်ဆိုတာ- လက်ဦးအစက မာဂဓ လူမျိုးတွေ ဖြစ်တယ်၊ ဗုဒ္ဓဘာသာ အဓိက လွှမ်းမိုးရာ ဖြစ်ပြီး ဗမာများထက် အလွန်တရာ ရှေးကျစွာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့သူများ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိခေတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ မဏိပူရမှာ ရှိနေတဲ့ ရခိုင်များကို မော့ဂ်ဒ် (မဂဓ ဒေသမှ လူမျိုး)လို့ ခေါ်နေဆဲ သတ်မှတ်နေဆဲ ဖြစ်ပါတယ်။

ဒီနောက်မှာ အိန္ဒိယရဲ့ ကမ္ဘာကျော် အင်ပါယာ ပြည့်ရှင် အာသောကရဲ့ မောရိယ အင်ပါယာကြီး တစ်ဆက်တည်း ပေါ်ထွန်းလာခဲ့ပါတယ်။ အဲ့ဒီ အင်ပါယာထဲမှာ ရခိုင်ဒေသနဲ့ ချင်းတောင်အောက်ပိုင်းဒေသများဟာ မင်းဘဏ္ဍာ ဆက်သ လက်အောက်ခံ တိုင်းနိုင်ငံငယ်များ ဖြစ်ခဲ့ပါတယ်။ မြေပုံမှာ ကြည့်ပါ။


http://en.wikipedia.org/wiki/Maurya_Dynasty

ဒီကာလဟာ ပုဂံအင်ပါယာ မပေါ်ထွန်းမှီ နှစ်ပေါင်း ၁၂၀၀၊ ၁၃၀၀ ကတည်းက တည်ရှိနေတဲ့ လူတွေ ဖြစ် ပါတယ်။

မာဂဒတွေရဲ့ စကားက မာဂဓ တွေရဲ့ စကားက မာဂဓီ စကားဖြစ်တယ်။ အဲ့ဒီ ဘာသာစကားကို ရှင်ဂေါတမ ဘုရား ရှင်လက်ထက်က ရှင်ဂေါတမပွင့်ပေါ်ရာ အရပ်မှာ အများသုံး ဘာသာစကား အဖြစ် လူသိများပါတယ်။ ရှင်ဂေါတမ ကိုယ်တိုင်ကတော့ အို့ဓ် ဘာသာစကားကို ပြောတယ်လို့ ဂျာမန်သမိုင်းပညာရှင် မောရစ်ဝင်တာနစ် က သူ့ရဲ့ History of Indian culture –Buddhism ဆိုတဲ့ စာအုပ်မှာ ဖေါ်ပြထားပါတယ်။

ဒီနေ့ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာလို့ ခံယူသူများ ပြောတဲ့ စကားဟာ မြန်မာများက ပါဠိဘာသာစကားလို့ သတ်မှတ်ထားတဲ့ မာဂဓ ဘာသာစကားနဲ့ အလွန်တရာ နီးစပ်နေတာကို တွေ့ရပါတယ်။ ရိုဟင်ဂျာတို့ရဲ့ ဘာသာ စကားဟာ မိုင်ပေါင်းထောင်ချီကွာဝေးနေတဲ့ နီပေါလ်ဘာသာစကား၊ မဏိပူရ် ဘာသာစကားများနဲ့လည်း အတော့ကို နီးစပ်နေပါတယ်။

ဒီလို ပြောလို့ မြန်မာအမျိုးသားရေးဝါဒီများ အနေနဲ့ စိတ်မဆိုးအပ်ပါ။ ကျွန်တော်က ရိုဟင်ဂျာ တစ်ဦး မဟုတ်ပါ။ ဒါပေမယ့် ရခိုင်ပြည်မှာ အတူနေတဲ့ ရိုဟင်ဂျာ လူမျိုးများရဲ့ ဘာသာစကားများကို နီးစပ်ရာ သူငယ်ချင်းများက တစ်ဆင့် ထမင်းစားရေသောက်လောက် တတ်မြောက်ပါတယ်။

ဆယ်တန်းအောင်ပြီး မြန်မာစာ မေဂျာကို ယူတော့ ပါဠိစာပေကို စတင်သင်ယူရပါတယ်။ ဒီအခါမှာ ပါဠိစာပေကို သင်ယူရတာ အလွန်လွယ်ကူနေတာကို တွေ့ရပါတယ်။ ဥပမာ ပါဠိစာမှာ အဟံ ဘတ္တံ ခါဒန္တိ- ကျွန်ုပ်သည် ထမင်းကို စားသည်။ ဆိုတဲ့ ၀ါကျဟာ ရိုဟင်ဂျာ ဘာသာစကားက ဟမ်း ဘတ် ခိုက်တဲ ဆိုတဲ့ စကား ဖြစ်နေပါ တယ်။ ဒီလို အသံကွဲရတာက- မြန်မာပါဠိက မြန်မာသံလုပ်ပြီး မြန်မာစာနဲ့ ရေးထားတဲ့ စာဖြစ်နေလို့ပါ- ဥပမာ What is this? ဆိုတာကို မြန်မာလို ၀ှတ် (တ) အက် (စ်) ဿဲ့စ် (စ်) ဆိုသလိုပါ။ ဒါကို အင်္ဂလိပ်စကားပြော တက်ကယ်မတတ်သူက အသံထွက်အတိုင်းကျက်ထားပြီး ၀ှတ်တ အက်စ ဿဲ့စ လို့ ဖတ်ပြီး ပြောနေသလိုပါ။

အချို့နေရာများမှာတော့ မူရင်းအသံ စ သို့မဟုတ် ဆ ကို မြန်မာက သ အဖြစ် ပြောင်းထားတာမျိုး ရှိပါတယ်။ ဥပမာ ၀က်သားကို ပါဠိမှာ သူရက (သူရ်က)လို့ ခေါ်ပါတယ်။ ဒါကို ရိုဟင်ဂျာစကားမှာ ဆူဝဲလ် လို့ခေါ်ပါတယ်။ မနုဿ လူသားကို မနုဆ် လို့ခေါ်ပါတယ်။ အရပ်သုံး စကားလုံးထဲမှာပဲ မြောက်များစွာသော ရာနှုန်းများက တူညီနေတာကို အလွယ်တစ်ကူတွေ့နိုင်ပါတယ်။

စကားကိုမတတ်တဲ့ စာသံနဲ့ မူလဇစ်မြစ် စကားသံ မတူညီဘူး ဆိုတာတေ့ စာတတ်သူတိုင်း ဆင်ခြင်မိမယ် ထင်ပါတယ်။

ဒီလို ဆိုရင် ရခိုင်မြောက်ပိုင်းနေ လူသားတွေဟာ ဗမာများရောက်ပြီးမှ အဲ့ဒီ ဒေသကို ရောက်လာတာလား၊ သို့မဟုတ် သူတို့တွေက Native တွေလား ဆိုတာတော့ ရိုးသားသူတိုင်း မြင်နိုင်လောက်မယ် ထင်ပါတယ်။

အမှား ထောက်ပြမယ် လို့ ရည်သန်သူများ အနေနဲ့ ပညာတတ်ဆန်ဆန် ယဉ်ကျေးစွာ ဆွေးနွေးလိုသူတိုင်းကို အချိန်မရွေး ဖိတ်ခေါ်ပါတယ်။

Wiki မှ History of Burma, History of Rakhine နှင့် History of India များကို ကိုးကားတင်ပြသည်။

ဆက်လက်ဖေါ်ပြပါမည်။

Download here

ဌေးလွင်ဦး
RB News
3.8.2012

နိုင်ငံတစ်ခုကို စည်းလုံးညီညွတ်မှုများနဲ့ အခြေခံပြီး စနစ်တကျ ခိုင်ခိုင်မာမာ တည်ဆောက်လိုတဲ့ နိုင်ငံချစ်သူ တိုင်းဟာ- မိမိနိုင်ငံရဲ့ ဖြစ်တည်လာတဲ့ သမိုင်းကို အတတ်နိုင်ဆုံး အမှန်အတိုင်း သိဘို့၊ လက်ခံဘို့ လိုအပ်ပါ တယ်။ သမိုင်းမှန်ကို သိမှ- ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က ကောင်းတာလုပ်ခဲ့လို့ ငါတို့ တိုင်းပြည်ကြီး တိုးတက်ခဲ့တယ်လို့ အတုယူနိုင်သလို-၊ ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က မကောင်းမှုများနဲ့ အာဏာပြခဲ့လို့ ငါတို့တစ်တွေ ဒုက္ခရောက်ခဲ့ရတယ်- လို့ သင်ခန်းစာယူနိုင်ပြီး- ကောင်းတဲ့ဘက်ကို အတုယူပြီး နိုင်ငံကို တည် ဆောက်လို့ ရနိုင်ပါတယ်။

ကမ္ဘာ့နိုင်ငံတိုင်းမှာ ပြသနာဆိုတာ ရှိနေမြဲ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ လူမျိုးရေး ပြသနာ၊ တစ်ချို့နိုင်ငံတွေ မှာ ဘာသာရေးပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ ဘာသာတူ ဂိုဏ်းကွဲ ပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ နိုင်ငံရေး သီအိုရီ ပြသနာနဲ့ တစ်ချို့နိုင်ငံတွေမှာ စီးပွားရေးပြသနာ ဆိုပြီး တည်ရှိနေဆဲပါ။

ဒီအထဲမှာ တိုးတက်တဲ့ပွင့်လင်းတဲ့နိုင်ငံများက စီးပွားရေးပြသနာများသာ ရှိနေပြီး- ကျန် လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒရေးတွေ လွင့်ပျယ်ပပျောက်နေပါပြီ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ ဆိုပါတော့- သူတို့မှာ စီးပွားရေး ပြသနာပဲ ရှိနေပါတယ်။ စီးပွား ဘယ်လောက်ကျသွားတယ်- အလုပ်လက်မဲ့ ဘယ်လောက်များလာတယ်- ဆို တာမျိုးပါ။ ဒါတွေကို အစိုးရတစ်ရပ်က ဖြေရှင်းတဲ့အခါမှာ အဲ့ဒီ အစိုးရကို ထောက်ခံအားပေးရတဲ့ ပြည်သူတွေက လည်း အားရကျေနပ်ကြပါတယ်။ လူတစ်ဦးချင်းရဲ့ စားဝတ်နေရေးနဲ့ သက်ဆိုင်နေတော့ လူတစ်ဦးချင်းစီက စိတ် ဓါတ်ခိုင်မာစွာနဲ့ ကြိုးစားယူတဲ့ သဘောမျှသာ ဖြစ်နေတယ်။

နိုင်ငံရေးပြသနာကြောင့်- အာဏာရှင်စနစ် ဆိုတာ ပေါ်ပေါက်လာနိုင်သလို၊ လူမျိုးရေး ပြသနာကြောင့် အမျိုးသားရေး ၀ါဒီများ ပေါ်ပေါက်လာလေ့ ရှိပါတယ်။ အဲ့ဒီ ပြသနာကို ရင်ဆိုင်ရတဲ့ နိုင်ငံတိုင်းက အဆိုးဝါးဆုံး သော ပြသနာများကို ကြုံရခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ပေါက်ကွဲလုဆဲဆဲ ဗုံးကြီးကို ရင်ခွင်ထဲမှာ ထည့်ထားရသလိုပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်မှ စိတ်ချမ်းသာမှု မရရှိနိုင်ပါ။

လက်ရှိမြန်မာနိုင်ငံက နိုင်ငံရေးပြသနာ၊ အမျိုးသားရေး ပြသနာ၊ ဘာသာရေးပြသနာ၊ စီးပွားရေးပြသနာ အားလုံး ပေါင်းပြီး ကြုံကြိုက်နေရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီပြသနာတွေကြောင့် နိုင်ငံရေး အယူသည်းတဲ့ အာဏာရှင်များနဲ့ အာဏာရှင်စိတ်ရှိသူများ၊ အမျိုးသားရေး အယူသည်းတဲ့ လူမျိုးရေးဗိုလ်ကျ အမျိုးသားရေးဝါဒီ များ၊ ဘာသာရေးခွဲခြားတဲ့ ဘာသာရေးမောင်ပိုင်စီး အာဏာရှင်များ၊ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ မသမာ စီးပွားရေးသမားများ ကြီးစိုးရာ အရပ်ကြီး ဖြစ်နေတယ်။

ဒီအခြေအနေမှာ နိုင်ငံရေး ခေါင်းဆောင်များက သူ့အာဏာအတွက် လူထုကြီးကို နည်းမျိုးစုံနဲ့ လိမ်လည်တယ်။ ဘာသာရေးသမားတွေက အာဏာတည်နေတဲ့ ဘာသာတစ်ခု အတွက် နောက်လိုက်ဒကာများကို ဘာသာခွဲခြား အမုန်းဓါတ်တွေ သွင်းပေးတယ်၊ အမျိုးသားရေးဝါဒီတွေက လူမျိုးရေး သမိုင်းတွေကို လိမ်လည်ပြီး သမိုင်းမှန်ကို ဖုံးဖိဖျောက်ဖျက် လာတယ်၊ စီးပွားရေးသမားတွေက နီးစပ်ရာ အာဏာပိုင်များကို ပေါင်းပြီး တရားသည် မတရာ သည် မရှိ လူထုကို လှည့်စား ပါးပါးလှီးလာတယ်။ ဒါတွေ အားလုံးကို တစ်ကယ် ခံရတာက ပြည်သူများသာ ဖြစ် ပါတယ်။

ပြည်သူများမှာလည်း အာဏာရှင်နဲ့ အမျိုးသားရေးဝါဒီများရဲ့ စနစ်တကျရေးဆွဲ ပြဌာန်းတဲ့ ပညာရေးစနစ် အောက်က ကြီးပြင်းလာရတော့- အဖြူထည် သတ္တတစ်ခုကို ရွှေရည်ငွေရည် စိမ်ထားသလို အရောင်စွဲနေတော့ တယ်။ စာသင်ကျောင်းများ နေရာတိုင်းမှာ တိုးပွားလာလေ- အရောငက်ဆိုးခံရလေ ဖြစ်လာပြီး ဘွဲ့ရ ပညာတတ် လို့ နာမည်ခံလေ- သမိုင်းလိမ်အောက်မှာ ကျင့်သားရ ဒဏ်သေပြီး ခေါက်ရိုးကျိုးလေ ဖြစ်လာပါတယ်။ ဒီလို ဦးနှောက်ဓါတ်စာနဲ့ ကြီးပြင်းလာရသူ များလာတော့- လူများစုကြီးက မှန်မှားမသိ အမျိုးသားရေးဝါဒီတွေ ဖြစ်လာ ပြန်တယ်။-

အာဏာရှင် စနစ်ဆိုးအောက်မှာ ဒဏ်ခံရတာ များလွန်းလို့ အာဏာရှင်ကို မုန်းစိတ်တွေ ဖြစ်လာပေမယ့်- သူတို့ရင်ထဲက အမျိုးသားရေးဝါဒီကြီးက သူတို့ဘ၀ စိုးမိုးပြီး ဖြစ်နေတာကို သူတို့ မသိနိုင်တော့ပါ။ သာမန် လူထုကို မဆိုထားနဲ့ ဆယ်တန်း အောင်ဘွဲ့ရ ဆိုသူတွေတောင်- ရှင်ဂေါတမ ဗုဒ္ဓသည်ပင် မြန်မာနိုင်ငံထဲက မိတ္ထိ လာမြို့နားမှာ မွေးဘွား ပွင့်ပေါ်ခဲ့တယ်လို့ စွဲမှတ်နေသူတွေက ရာနှုန်းများနေပါသေးတယ်။- ကမ္ဘာ့အလယ်မှာ အတော့ကို မျက်နှာပူစရာ ကိစ္စပါ။

ခေတ်စနစ်ပြောင်းလာပြီး ကမ္ဘာ့ဗဟုသတ အတော်အတန် ရှိလာတဲ့ လူတစ်ချို့ကလည်း လူများစုကြီးရဲ့ အကြည်ညိုပျက်မှာ စိုးလို့- မှန်တာမှားတာ ခဏထား ကုလားကိစ္စ လက်ဝင်မနှိုက်နဲ့ ဆိုတဲ့ အများကြိုက် လိုက် လျှော ဆင်ခြင်မှားကို လက်ကိုင်ပြု ၀ါဒီတွေ အဖြစ် အသွင်ပြောင်းလာတာကို တွေ့ရပြန်ပါတယ်။ ပကတိ အမှောင်ကျနေတဲ့ လူထုကြီးကို အမုန်းခံပြီး မီးရှုးတစ်ဆောင် အဖြစ် ပေါ်လာတဲ့ လူသား ဆိုတာ ရှာမတွေ့နိုင် လောက်အောင်ကို ဖြစ်ရတော့တယ်။

တစ်ကယ့် အမှောင်ကျနေတဲ့ လူထုကို မှန်မှန်မှားမှား အလိုလိုက်နေခြင်းဟာလည်း လူထုကို နှက်သတ်တာနဲ့ တူနေပြီလို့ တွေးမိဘို့တော့ လိုပါမယ်။ တိုင်းပြည်နဲ့ လူထုကို တစ်ကယ်စေတနာနဲ့ ချစ်ရိုးမှန်ရင် ငါနေရာ ရဘို့ ဆိုတဲ့ အတ္တကို ပါယ်သတ်ပြီး ဗဟုသုတ ရှိသူတိုင်းက လူထုအတွက် မီးရှုးတန်ဆောင် ဖြစ်သင့်တယ်။

တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် အငြိုးအာဃာတများကို ဖယ်ရှားပြီး တိုင်းပြည်ရဲ့ သမိုင်း၊ တိုင်းပြည်ရှိ လူမျိုးအားလုံးရဲ့ သမိုင်းများကို စနစ်တကျ ဖေါ်ထုတ်သင့်တယ်။ ပူးပေါင်းလေ့လာသင့်တယ်။ အနာဂါတ် အတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

ဥပမာ- မြန်မာလူမျိုးအများစုကြီးက မိမိတို့ရဲ့ ကိုးကွယ်ပူဇော်ရာ ဘုရားရှင်ဟာ အန္ဒိယ လူမျိုးဖြစ်တယ် ဆိုတာ မေ့လျှော့နေသလို- မိမိတို့ဆီကို ဗုဒ္ဓသာသနာ ရောက်လာရတဲ့ မွန်လူမျိုးတွေရဲ့ ကျေးဇူးကြောင့် ဆိုတာကိုလည်း မေ့ပျောက်နေပါတယ်။ ဒီထက်ပိုဆိုးတာက ပုသိမ်၊ ပဲခူး၊ သံလျှင်၊ ရန်ကုန်က အစ မြန်မာပြည်အောက်ပိုင်း တစ် ခုလုံးက- လက်ရှိ ဗမာ ဆိုသူများဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ က ပကတိ မွန်အစစ်များ ဖြစ်ခဲ့တယ်- ဗမာများက မွန်ဘုရင်များကို စစ်နိုင်ပြီး ဗမာစကား မပြောမနေရ ပြဌာန်းမှုမျိုး (တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ ဖြစ်စေ ကျင့် သုံးခဲ့ခြင်း) ကြောင့် သူတို့တွေဟာ မွန်စကားပြော ပျောက်ဆုံးသွားပြီး ဗမာစကားပြောတဲ့ လူသားတွေ ဖြစ်လာခဲ့ ရတယ် ဆိုတာများကိုတောင် မသိတော့တဲ့ လူက ၉၀ ရာနှုန်းကျော် ရှိနေပါတယ်။ တစ်ကယ်တော့ ဒီအဖြစ်က မိမိတို့ရဲ့ မိဘဘိုးဘွား မျိုးစဉ်မျိုးဆက် သမိုင်းကို ကျေးဇူးကန်းသလို ဖြစ်နေပါတယ်။ သမိုင်းကို သမိုင်း အဖြစ် သာ တင်ပြခြင်း ဖြစ်ပါတယ်။ မွန်ပြည်ခွဲထွက်ရေးကို အားပေးခြင်း မဟုတ်ပါ။ မွန်စင်စစ် ဗမာအရေခွံဝတ် ထားပြီး ဖြစ်တဲ့ မြန်မာပြည်အောက်ပိုင်း လူထုကလည်း မွန်ခွဲထွက်ရေးကို စိတ်မ၀င်စားတော့ပါ။ (မွန်များ ဗမာ ဖြစ်သွားရခြင်း အကြောင်းကို Mon People လို့ ရိုက်ပြီး Wiki မှာ ဖတ်ကြည့်ပါ။)

သူ့လူမျိုးကို သူချစ်ပြီး ရပ်တည်နေတဲ့ မွန်တွေကိုတော့ ဗမာအစိုးရလက်ထက် အဆက်ဆက်မှာ နားလည်မှု တည်ဆောက်ရေး၊ ဖြူစင်ရိုးသားတဲ့ ပူးပေါင်းနေထိုင်ရေး၊ ပြည်ထောင်စုစိတ် ဖြစ်တည်ရေးကို မဆောင်ရွက်ဘဲ မွန်သောင်းကျန်းသူများလို့ သခိုး ဂျပိုး စာရင်းသွင်းက ၀ါဒဖြန့်မှိုင်းတိုက်ထားပါတယ်။ လူထုကလည်း အဲ့ဒီ အရောင်တင်မှုအောက်မှာ ယုံကြည်မှု ခိုင်မာလာပြီး-၊ တစ်ကယ်လို့ မွန်တွေဟာ သောင်းကျန်းသူတွေ သူခိုး ဂျပိုးတွေ အဖျက်ကောင်တွေ ဖြစ်ခဲ့ရင် ငါတို့ကို အမွေပေးလိုက်တဲ့ ဗုဒ္ဓဘာသာဟာလည်း သူခိုးဂျပိုးတို့ဆီက တစ်ဆင့် ကူးစက်လာတာ- လို့ ဖြစ်နေမယ်။ ဒီတော့ အာဏာရှင်တွေ မှိုင်းတိုက်သလို မွန် လူမျိုးတွေဟာ သူခိုး ဂျပိုး လူမျိုးတွေ မဖြစ်နိုင်ဘူး- ရယ်လို့ ဆင်ခြင်သုံးသပ်နိုင်စွမ်းတောင် မရှိတော့ပါ။

ပကတိ သဘောမှာ လူသားတွေဟာ ရိုးသားမှုကို ကြိုက်ပါတယ်။ အေးချမ်းမှုကို မြတ်နိုးပါတယ်။ စည်းလုံး ညီညွတ်ပြီး တိုးတက်ကောင်းစားရေးကို ခုံမင်ပါတယ်။- အလားတူပဲ ခွဲခြားဆက်ဆံမှုကို မုန်းတီးပါတယ်။ နှိပ် ကွပ်မှုကို နားကျည်းပါတယ်။ သမိုင်းဖျောက်မှုကို ရွံရာစက်ဆုတ်ပါတယ်။

နားကျည်းမှုများမှသည် လက်စားချေမှု- လက်တုံ့ပြန်မှုဘက်ဆီသို့ ဦးတည်သွားနိုင်ပါတယ်။

ဆက်လက် ဖေါ်ပြပါမည်။
Rohingya Exodus