နောက်ဆုံးသတင်း/ဆောင်းပါးများ


ပြည်ထောင်စု သမ္မတ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် အပေါ် ပြည်ပရောက် အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ၏ တုန့်ပြန်ချက်

နေ့စွဲ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်
စာအမှတ် NDPHR (IE) ၀၀၃/၂၀၁၃

ပြည်ထောင်စု သမ္မတ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၁၀/၂၀၁၃) ကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်ကို တွေ့ရှိရ ပါသည်။ 

အမှန်စင်စစ်မှာ ဤသတင်း ထုတ်ပြန် ချက်သည် ရှေ့နောက် မညီသော အပြော အဆို များနှင့် ယုတ္တိ ယုတ္တာမရှိ၊ မှားယွင်းသော သတင်း များဖြင့် မြန်မာ နိုင်ငံသူ နိုင်ငံသား များနှင့် ကမ္ဘာကို လိမ်လည် လှည့်ဖျားရန် ကြိုးပမ်းမှု တစ်ရပ်သာ ဖြစ်ကြောင်း နားလည် သိရှိ ရပါသည်။ 

၁။ အဆိုပါ သတင်း ထုတ်ပြန် ချက်တွင် “နိုင်ငံသား အားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာနှင့် နတ်ကိုးကွယ်သည့် ဘာသာ တို့ကို လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့် ရှိသည့်” ဟုရေးသား ထားသည်။ အမှန် စင်စစ်မှာ ချင်းပြည် နယ်တွင် ချင်းလူမျိုးများ လက်ဝါး ကပ်တိုင် စိုက်ထူ ပိုင်ခွင့် မရှိခြင်းနှင့် အစ္စလာမ် ဘာသာ ၀င်များ ရာနှင့်ချီ၍ သတ်ဖြတ် ခံရခြင်း၊ ဗလီပေါင်း အလုံး ရေရာနှင့် ချီ၍ မီးရှို့ ဖျက်စီး ခံရခြင်း တို့သည် လက်တွေ့တွင် မြန်မာ နိုင်ငံ၏ ဘာသာရေး လွတ်လပ်ခွင့် ဘယ်လောက် ကင်းမဲ့ နေသည်ကို ပြသ နေပါသည်။ 

၂။ သတင်း ထုတ်ပြန် ကြေညာ ချက်တွင် ရခိုင် ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော လူမျိုးရေး တိုက်ခိုက်မှု များကို “လူမှု အသိုင်း အ၀ိုင်း နှစ်ခု အကြား၊ ဖြစ်ပျက် ခဲ့သော အကြမ်းဖက်မှု” မိထ္ထီလာ မြို့နှင့် ပဲခူးတိုင်း တို့တွင် ဖြစ်ပွား ခဲ့သော တိုက်ခိုက်မှု များကို “အုပ်စုချင်း အကြမ်းဖက် လုပ်ရပ်” ဖော်ပြ သည်ကို တွေ့ရသည်။ 

အမှန် စင်စစ်မှာ အစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အချို့၏ သွေးထိုး လှုံ့ဆော် မှုကြောင့် လူများစု ဗုဒ္ဓဘာသာ ၀င်များက လူနည်းစု အစ္စလာမ် ဘာသာ ၀င်များ၏ အသက် အိုးအိမ် စည်းစိမ်၊ ဗလီ၊ စာသင် ကျောင်းတို့ကို အင်အားသုံး အတင်း အဓမ္မ တဖက်သတ် ၀င်ရောက် တိုက်ခိုက် ဖျက်စီးမှု သက်သက်သာ ဖြစ်သည်။ အုပ်စု အချင်းချင်းသော် လည်းကောင်း၊ ဘာသာ အချင်းချင်းသော် လည်းကောင်း၊ ရင်ဆိုင် တိုက်ခိုက် ကြသော အသွင် သဏ္ဍန်မျိုး မဟုတ်ပါ။ သို့သော်လည်း သမ္မတရုံးမှ ဤကဲ့သို့ ပုံဖော် ရေးသား သည်မှာ ရိုးသားမှု မရှိ၊ မိမိတို့ ဗုဒ္ဓဘာသာကို အကာအကွယ် ပေးလို၍သာ လိမ်လည် ရေးသားခြင်း ဖြစ်သည်။ 

၃။ အဆိုပါ ကြေညာချက်တွင် “ဤဖြစ်စဉ်များ အကြမ်းဖက် မှုများကို အမြန်ဆုံး ရပ်တန့် ရန်နှင့် တရား ဥပဒေ စိုးမိုးရေးကို အချိန် အတို အတွင်း ပြန်လည် ထိန်းသိမ်း ဆောင်ရွက် ခဲ့ပါသည်။”၊ “ဥပဒေ ချိုးဖောက် သူများ ကိုလည်း မည်သည့် လူမျိုးနှင့် ဘာသာဝင် မဆို ခွဲခြားခြင်း မပြုဘဲ ကျူးလွန်သည့် ပြစ်မှု အတိုင်း အတာ အရ ဥပဒေနှင့် ညီညွှတ်သော ပြစ်ဒဏ်များ ချမှတ် အရေးယူ ခဲ့ပါသည်” ဟု ရေးထား သည်ကို တွေ့ရ ပါသည်။

ဤအချက်မှာ လုံးဝ မှန်ကန်မှု မရှိပါ။ ပဋိပက္ခ စတင် ဖြစ်ပွား ခဲ့သော ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ မွတ်စလင် များအပေါ် အကြမ်းဖက် မှုများ တစ်နိုင်ငံလုံး လိုလိုတွင် တစ်ခုပြီး တစ်ခု ၂၀၁၃ ဇွန်လအထိ ဆက်တိုက် ဖြစ်ပွား ခဲ့ပါသည်။ နိုင်ငံတော် အစိုးရမှ အကြမ်းဖက် မှုများကို ချက်ခြင်း ရပ်တန့်အောင် လုံးဝ (လုံးဝ) ဆောင်ရွက် ခဲ့ခြင်း မရှိခဲ့ပါ။ ထို့အပြင် ထိုအကြမ်း ဖက်မှု ဖြစ်ပွားအောင် လှုံ့ဆော်ခြင်း များကို လည်းကောင်း၊ လှုံ့ဆော်သူ များကို လည်းကောင်း ယခု အချိန် အထိ တားဆီးခြင်း အရေးယူ အပစ် ပေးခြင်း လုံးဝ မရှိပါ။ တောင်ကုတ် လူသတ်ပွဲ၏ အဓိက တရားခံ များကိုလည်း ယခု အချိန်ထိ ဖော်ထုတ် အပြစ် ပေးခြင်း မရှိပါ။ သို့ဖြစ်၍ အကြမ်းဖက် မှုများ တိုးသထက် တိုးလာ၍ မွတ်စလင် များ၏ အသက် အိုးအိမ် စည်းစိမ် များသထက် များစွာ ဆုံးရှုံးခဲ့ ရသည်မှာ တစ်ကမ္ဘာလုံး အသိပင် ဖြစ်သည်။ ဥပဒေ ချိုးဖောက်သူ ဗုဒ္ဓဘာသာ ၀င်များကို အရေးယူ မည့်အစား အတိုက်ခံ ရသော မွတ်စလင် များကို သာလျှင် ဖမ်းဆီး အရေးယူ ထားခဲ့ သည်ကို တွေ့ရသည်။ စစ်တွေမြို့မှ အပြစ်မဲ့ မွတ်စလင် ခေါင်းဆောင်များ ဖြစ်သော ရှေ့နေ ဦးကျော်လှအောင်၊ ဦးကျော်မြင့် တို့ကို ယခုအချိန် အထိ အကြောင်းမဲ့ ဖမ်းဆီး ထားသည်။ 

၎။ အဆိုပါ သတင်း ထုတ်ပြန် ချက်တွင် "အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသူ များအား ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု မရှိဘဲ..... နှစ်ဖက် အသိုင်း အ၀န်း များသို့ မျှတစွာ ထောက်ပံ့ ခဲ့ပါသည်။" "လုံးခြင်းအိမ် (၉၄၅) လုံး ဆောက်လုပ် ပြီးစီးပြီး၊ တဲတန်းလျား (၁၄၁၃) လုံး ဆောက်လုပ် ပြီး၍ ဒုက္ခသည်များ နေရာချ ထားပေး ပါသည်” ဟု ဖော်ပြထား သည်ကို တွေ့ရသည်။ 

ဤဖော်ပြ ချက်မှာ အခြေ အမြစ် မရှိကြောင်း ရခိုင် ဒေသကို ရောက်သွား ခဲ့သော နိုင်ငံခြား NGO များ၊ အစိုးရ ကိုယ်စား လှယ်များနှင့် UNHCR အဖွဲ့ဝင်များ ကိုယ်တိုင် မြောက်မြားစွာ ဖော်ထုတ် ရေးခဲ့သည်။ 

မွတ်စလင်များ ရရှိသော အထောက် အပံ့များမှာ ဗုဒ္ဓဘာသာ များနှင့် စာလျှင် မပြောပလောက် အောင်ပင် နည်းပါးကြောင်း နိုင်ငံခြား သတင်း မီဒီယာ များတွင် အမြဲ ရေးသား နေသည်ကို တွေ့ရသည်။ 

လုံးခြင်းအိမ် (၉၄၅) လုံး အနက် မွတ်စလင်ကို တစ်လုံးမျှပင် ပေးဝေခြင်း မရှိပေ၊ အားလုံး (အားလုံး) ဗုဒ္ဓ ဘာသာဝင် ရခိုင် များအား ပေးဝေ နေရာ ချထား ရေးသာ ဖြစ်သည်။ အတိုက် ခံရပြီး အိုးအိမ် စွန့်ခွာခဲ့ ရသော ဒုက္ခသည် မွတ်စလင် များကို မပေးပဲ တိုက်ခိုက်သူ ဗုဒ္ဓဘာသာ ရခိုင် များကိုသာ နေရာ ချထားခြင်း ဖြစ်သည်။ စစ်တွေ မြို့တွင် ဘယ်မွတ်စလင် ကမျှ ဗုဒ္ဓဘာသာဝင် ရခိုင် များနှင့် ဘုန်းကြီး ကျောင်းများကို တိုက်ခိုက် မီးရှို့ခြင်း လုံးဝ (လုံးဝ) မရှိခဲ့။ သို့ဖြစ်၍ ရခိုင် ဒုက္ခသည်များ အဘယ်မှ ဖြစ်ပေါ်လာ ရသနည်းဟု မေးစရာ မေးခွန်းကြီး ဖြစ်နေသည်။ အမှန်မှာ စစ်တွေ မြို့နယ်မှ ဗုဒ္ဓဘာသာ ရခိုင် ဆင်းရဲသား များနှင့် ဘင်္ဂလား ဒေရှ့်မှ တင်သွင်း လာသော ဗုဒ္ဓဘာသာ ရခိုင် မိသားစု များကို ပေးဝေ နေရာ ချထားခြင်း ဖြစ်သည်။ 

၅။ အဆိုပါ သတင်း ထုတ်ပြန် ချက်တွင် “ပြည်တွင်း ပြည်ပမှ အဖွဲ့ အစည်း များက မြန်မာ နိုင်ငံ အတွင်း ဘာသာရေး ခွဲခြားမှု၊ လူမျိုးရေး ခွဲခြား မှုများ ပြင်းထန်စွာ ဖြစ်ပွား နေသကဲ့သို့ ပုံဖော်စွပ် စွဲမှုများ ပေါ်ပေါက် လျှက်ရှိ ပါသည်...........ပြဿနာများ ပို၍ ရှုပ်ထွေး သွားစေ နိုင်မည်ဟု" ရေးသားထား သည်ကို တွေ့ရသည်။ 

တစ်ကမ္ဘာလုံး လှုပ်ရှား လာအောင် တုန်လှုပ် သွားခဲ့သော မြန်မာ့ ဘာသာရေး လူမျိုးရေး အကြမ်း ဖက်မှု ကြီးကို ဖုံးကွယ် ချင်သော သမ္မတရုံး၏ ယုတ်မာ ပက်စက်သော ရပ်တည် ချက်သည် အံ့သြစရာ ဖြစ်သည်။ သမ္မတ သိန်းစိန် အနေဖြင့်လည်း ဥရောပ ခရီးစဉ် အတွင်း မြန်မာ နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု မရှိကြောင်း၊ လူမျိုးရေး တိုက်ခိုက်မှု များလည်း မရှိကြောင်း၊ ပြောင်ပြောင် တင်းတင်း လိမ်ညာ ပြောဆို ခဲ့သည်မှာ အမှန် တရားကို သိရှိနေသူ ဥရောပ နိုင်ငံသားများ အဖို့ ရယ်စရာ တစ်ခုပင် ဖြစ်၍ ကျန်ခဲ့သည်။ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် သမ္မတရုံးသည် မိမိတို့၏ သိက္ခာကို မထောက်၊ နိုင်ငံတော်၏ သိက္ခာကို မငဲ့ညာပဲ ယခုကဲ့သို့ ပြောင်ပြောင် တင်းတင်း လိမ်ညာ နေသည်မှာ နိုင်ငံတော်၏ သိက္ခာ အပြင် ဗုဒ္ဓ သာသနာ၏ သိက္ခာ ကိုပါ ညိုးနွမ်း စေသည်။ မိမိ နိုင်ငံ ထဲတွင် ပြဿနာ ရှိနေ သည်ကို အသိ အမှတ် ပြုပြီး အဖြေ ရှာရန် ကြိုးစား ရမည့်အစား၊ ပြဿနာကို ဖုံးကွယ်ပြီး အဖြေရှာရန် ပျက်ကွက်မှုသာလျှင် ပြဿနာများ ပိုမိုရှုပ်ထွေး စေနိုင်သည်။ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များမှာ မြန်မာ နိုင်ငံ အတွင်း ဖြစ်ပွား ခဲ့သော လူမျိုးရေး အကြမ်းဖက် မှုများကို မျက်ဝါး ထင်ထင် တွေ့မြင် ရသည် ဖြစ်၍ အဖြေ ရှာနိုင်ရန် အတွက် စေတနာ သန့်သန့်ဖြင့် ပြောဆို နေခြင်းသာ ဖြစ်သည်။ မြန်မာ သမ္မတနှင့် သမ္မတရုံး၏ ဆောင်ရွက် မှုများသည် ပြဿနာကို ပိုမိုရှုပ်ထွေး သွားစေ နိုင်သည်။ နိုင်ငံတော် အပေါ်မှာ သစ္စာရှိရှိ၊ ဘာသာ ပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ချစ်ကြည် စည်းလုံး ညီညွှတ်ပြီး သာယာဝ ပြောသော အနာဂတ် ဒီမိုကရေစီကို မျှော်မှန်း နေသော မြန်မာ သမ္မတရုံး အနေဖြင့် ဤကဲ့သို့သော လိမ်ညာ ရေးသားခြင်း များကို ရှောင်ရှားပြီး အမှန်ကို အမှန် အတိုင်း ဖော်ပြလျှက် ပြဿနာ၏ အဖြေကို ရှာရန် အထူး လိုအပ်ကြောင်း တောင်းဆို လိုက်ရ ပါသည်။ 

ပြည်ပရောက် အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ် ပါတီ 
ပါရီမြို့၊ ပြင်သစ်နိုင်ငံ


ထုတ်ပြန် ကြေငြာချက် ၇/၂၀၁၃ (၂၀၁၃ ခု ဇူလိုင် ၂၂ ရက်)

နိုင်ငံအတွင်း အကြမ်းဖက်မှုအား မှန်ကန်စွာ ဖြေရှင်းရန် တောင်းဆိုခြင်း

၂၀၁၂ မှ စ၍ မြန်မာ နိုင်ငံ အတွင်းရှိ အစ္စလာမ် သာသနာ ၀င်များ အပေါ် ကျူးလွန် ခဲ့သည့် လူမျိုးတုံး သတ်ဖြတ် မှုနှင့် သာသနာ တစ်ခုအား အပျောက် ရှင်းရန် စီမံချက် ချခဲ့မှု များမှာ ရခိုင် အစွန်းရောက် ပါတီ၊ ၉၆၉ အကြမ်းဖက် အဖွဲ့နှင့် သမ္မတရုံးမှ ၀ါဒဖြန့်ချီ သူများ ကိုယ်တိုင် ကျူးလွန် ခဲ့ကြောင်း ကျွန်ုပ်တို့ မြန်မာ မွတ်ဆလင် တန်းတူ ညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့တွင် ခိုင်မာသော သက်သေ အထောက် အထားများ ရှိပေသည်။

ထိုအမှုအား ကိုင်တွယ်လျှက် နိုင်ငံတော်တွင် တာဝန် အရှိဆုံး ဖြစ်သည့် သမ္မတရုံးမှ ၀န်ထမ်း များနှင့် အ ခြား ပါဝင် ပတ်သက်သူ များအား နိုင်ငံတစ်ကာ ခုံရုံးသို့ တင်ပို့ရန် တစ်စိုက် မတ်မတ် လှုပ်ရှား နေသူ များမှာလည်း ကျွန်ုပ်တို့ မြန်မာ မွတ်ဆလင် တန်းတူ ညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ ပင် ဖြစ်သည်။ တနည်း အားဖြင့် ဤအမှု၏ သော့ချက်အား ကိုင်ထားသူ များမှာ ကျွန်ုပ်တို့ တန်းတူ ညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ပင် ဖြစ်သည်။ သို့သော် ထိုရာဇ၀တ် မှုမှ ရုန်းမထွက် နိုင်ရန် မိမိ ကိုယ်မိမိ ဖန်တီး ခဲ့သူ များမှာ လက်ရှိ မြန်မာ အစိုးရ ကိုယ်တိုင်ပင် ဖြစ်သည်။

အမှု၏ သော့ချက်ကို ကိုင်ထားသော ကျွန်ုပ်တို့ အနေဖြင့် ကျွန်ုပ် တို့၏ အောက်ပါ တောင်းဆိုချက် များအား အစိုးရ ဘက်မှ တိကျ သေချာစွာ လိုက်လျှော ပေးခဲ့လျှင်-၊ ထိုအမှုတွင် ထည့်သွင်း ထားသည့် တရားခံ များ၏ စာရင်းမှ တစ်စုံတစ်ရာ ပါယ်ဖျက် လိုက်လျှော ပေးမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ တောင်းဆို ချက် များမှာ-

(၁) အကြမ်းဖက် မှုများ အတွင်း ဗုဒ္ဓဘာသာ ၀င်ဖြစ်စေ၊ အစ္စလာမ် ဘာသာဝင် ဖြစ်စေ အခြား မည်သည့် ဘာသာဝင် ဖြစ်စေ- ဆုံးရှုံး နစ်နာ ခဲ့ရသော အသက်၊ အိုးအိမ်၊ ပိုင်ဆိုင်သည့် မြေယာများနှင့် သာသနိက အဆောက် အဦ များအား အစိုးရမှ တာဝန်ယူ၍ ယုတ္တိရှိသော နစ်နာကြေးကို ပေးချေ ရမည်။ ၎င်းတို့၏ ဘ ၀ လုံခြုံမှု၊ အဆောက် အဦ အာမခံချက် များကိုလည်း တာဝန် ယူပေးရမည်။

(၂) လူမျိုး တစ်မျိုးအား အဖျောက် ဖျောက်ရန် ကြံစည်သော အနေဖြင့် ရိုဟင်ဂျာ လူမျိုး သမိုင်း အား ပြန်လည် ဖေါ်ဆောင်လျှက်- ရိုဟင်ဂျာ တို့အား အင်္ဂလိပ် မ၀င်မှီ အခြေ အနေ၊ သို့မဟုတ် အာဏာရှင် ဦးနေ၀င်း မတိုင်မှီ အခြေ အနေ အတိုင်း ပြန်လည် အသိ အမှတ် ပြုပေး ရမည်။ ရိုဟင်ဂျာ တို့အား ဘင်္ဂလီ ဟု ခေါ်တွင် စေရမည်ဟု မြန်မာ့ သမိုင်း တစ်လျှောက် ဥပဒေ မပြဌာန်း ခဲ့ဘဲလျှက် ထိုရိုဟင်ဂျာ တို့အား ဘင်္ဂလီ လူမျိုးဟု စွပ်စွဲ ပုတ်ခတ် ခေါ်ဆိုသူ အားလုံးကို ထိရောက်စွာ အရေးယူ ပေးရမည်။

(၃) ရခိုင် အကြမ်းဖက်မှု၊ မိတ္ထိလာ အကြမ်းဖက်မှု၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အနှံ့ အကြမ်း ဖက်မှု တို့အား မျက်မြင် ထင်ရှား ဦးဆောင် ခဲ့သူများ ပါဝင် ခဲ့သူများ အားလုံးကို ချက်ချင်း လက်ငင်း အရေး ယူ ပေးရမည်။ ထိုမျက်မြင် ထင်ရှား ရာဇ၀တ်ကောင် များအား ကင်းလွတ်ခွင့် ပေးထားလျှက် အခြား အပြစ် မဲ့ တို့အား ဖမ်းဆီး သုတ်သင် လိုသဖြင့် နောက်ကွယ်မှ ကြိုးကိုင်လျှက် လှုပ်ရှား နေသည် ဟူသည့် ၀ါဒဖြန့် ချီ မှုအား ချက်ချင်း ရပ်ဆိုင်းလျှက် ဖမ်းဆီးခံ အပြစ်မဲ့ မွတ်ဆလင် တို့အား ချွင်းချက် မရှိ လွှတ် ပေးရမည်။ ၎င်းတို့အား သင့်လျှော်သည့် နစ်နာကြေးများ ပေးရမည်။

(၄) ရခိုင် ဒေသမှ ဒုက္ခသည် များထံ နိုင်ငံတစ်ကာ အကူ အညီများ ချက်ချင်း ရောက်ရှိ နိုင်စေရန် အစိုးရမှ တာဝန်ယူ အာမခံချက် များဖြင့် ဖွင့်ပေးရမည်။

ကျွန်ုပ်တို့၏ ဤတောင်းဆို ချက်များသည် နိုင်ငံတော် အာဏာအား တစ်ရံ တစ်ဆစ်မှ ထိခိုက် မှုမရှိ၊ မည် သည့် ပါတီ၏ အကျိုး စီးပွား ကိုမျှ ထိခိုက်မှု မရှိသည့် အတွက် လက်ရှိ အစိုးရမှ တိုင်းပြည် တွင်းရှိ လူ သား အားလုံးအား စိတ်စေတနာ ဖြူစင်လျှင် လိုက်လျှော ပေးနိုင်သည့် တောင်းဆို မှုမျိုးသာ ဖြစ်သည့် အ တွက် ထိုတောင်းဆို မှုတို့အား မလိုက်လျှော ဘဲလျှက် ပြည်တွင်းရှိ အစ္စလာမ် သာသနာ ဆိုင်ရာ အဖွဲ့ အ စည်း များအား အတင်း အကြပ် ကြိုးကိုင်ပြီး အစိုးရ ကြိုက်လိုက် ပြောရန် ဖိအား ပေးခြင်း မျိုးကို လက်ရှိ အစိုးရ အနေဖြင့် ဆက်လက် ကျူးလွန်လျှင် ကျွန်ုပ် တို့ဘက် မှလည်း ကျွန်ုပ်တို့၏ သတ်မှတ်ပန်း တိုင် ခရီး စဉ်အား ခြေတစ်လှမ်း ရပ်တန့် နေမည် မဟုတ်ပေ။

ကျွန်ုပ် တို့သည် အခြေခံ လူထု၏ အခွင့် အရေး အတွက် ရှေ့ရှု ဦးတည် ဆောင်ရွက် နေသည့် အဖွဲ့ အ စည်း ဖြစ်၍-၊ အခြေခံ လူထုအား လက်တွေ့ အခွင့် အရေး မပေးဘဲလျှက်- အစိုးရအား ကြောက် ရွံ့ နေရ သည့် မည်သည့် အဖွဲ့ အစည်း၏ ကြားဝင် မေတ္တာ ရပ်ခံချက်ကို ထည့်သွင်း စဉ်းစား ပေးမည် မဟုတ်ပေ။



မိုးကျော်
ညွှန်ကြားရေးမှုး
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
မမလဌာနချုပ်
ဇူလိုင် ၄၊ ၂၀၁၃

ယနေ့ ကာလသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ အပြောင်းအလဲ ကာလ ဖြစ် ၏။ နေရာတိုင်း၊ ကဏ္ဍတိုင်းတွင် အပြောင်း အလဲကို ငံ့လင့်နေကြ၏၊ လက်ရှိ အစိုးရအဖွဲ့ ကိုယ်တိုင် အပြောင်းအလဲ ကို ကြွေးကြော် ၍ ဖေါ်ဆောင် နေ၏။ အောင်မြင် နေသည်များ ရှိသကဲ့ သို့ ကြိုးစား ဆောင် ရွက် နေ သည် များ လည်း ရှိ ပါသည်။

အပြောင်း အလဲ များကြားတွင် အစ္စလာမ် ဘာသာကို သက်ဝင် ယုံကြည်သူ မြန်မာပြည်သား များသည် လည်း အပြောင်း အလဲ ရေစီးကြောင်းတွင် မျောပါ နေရသည် သာဖြစ်၏ ။ မိမိတို့၏ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင် ပြောင်းလဲရန်လည်း ကျွန်ုပ်တို့ အသင့်ရှိ ရပေ လိမ့်မည်။ယခု အချိန် သည် တွေဝေ ငေးမော နေ ရုံဖြင့် အရာရာ ပြီးမြောက် သွားမည်ဟု ထင်မြင် ယူဆပါက ကျွန်ုပ် တို့အား သူတပါး တို့က ပြောင်း လဲ စေ လိမ့် မည်သာ ဖြစ်သည်။

အစ္စလာမ် ဘာသာဝင်ထု အတွင်း ကွဲပြား နေသည့် ခံယူချက်၊ ယူဆချက်၊ရပ်တည်ချက် များကို ဘေးဖယ် ထားလျှက် တစ်ခုတည်းသော ကလိမာ တောင်ဟိဒ် "လားအိလားဟ အစ်လောက်လ္လား မုဟမ္မဒွရ် ရစူးလွ လ္လားဟ်" ကိုဗဟိုပြု၍ စုစည်းကာ ဘုံရပ် တည်ချက် တစ်ခုကို အဖြေ ထုတ်ရန် ယခု ကာလသည် အ သင့် မြတ် ဆုံးပင်။ အဖွဲ့ခွဲ၊ ဒေသခွဲ၊ လူမျိုးခွဲ၊ ၀ါဒစွဲတို့ဖြင့် အကွဲကွဲ အပြားပြား ကစဥ့် ကလျှား ရပ်တည်ရန် အချိန် မဟုတ် တော့ပေ။ တစ်စုတည်း သော "အွမ္မသ်" ၏ တစ်စု တည်းသော ကြိုးကို ကိုင်စွဲကာ ညီနောင် အချင်းချင်း ရင်ကြားစေ့ရေး အတွက် တစ်နိုင်ငံ လုံးရှိ အစ္စလာမ် ဘာသာဝင်ထု တစ်ရပ်လုံး ပါဝင် နိုင် မည့် မြန်မာ နိုင်ငံ အစ္စလာမ် သာသနာ ၀င်တို့ အတွက် ကွန်ဖရင့် (ညီလာခံ) တစ်ရပ် ခေါ်ယူ ကျင်းပ သင့်ပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ မြန်မာ မွတ်စလင်မ် လူငယ်များ (ဘာသာရေး) မမလ ဌာန ချုပ်မှ တိုက်တွန်း နိုးဆော်အပ် ပါသည်။

ထိုကွန်ဖရင့် (ညီလာခံ) ကြီးမှ လက်ရှိ မြန်မာ နိုင်ငံ အစ္စလာမ် ဘာသာဝင် တို့ ရင်ဆိုင် နေရသည့် ကိစ္စ အ ၀၀ကို လမ်းညွှန် မူဝါဒများ ချမှတ် ရမည် ဖြစ်၍ အဖွဲ့စုံ၊ အလွှာစုံ၊ ကျား၊ မ၊ကြီးငယ် မရွေး ပါဝင် နိုင်စေ ရန်မှာ အထူး အရေးကြီး လှပေသည်။ ဤကွန်ဖရင့် (ညီလာခံ) ကြီးဖြစ်မြောက်ရေး အတွက် မမလ ဌာန ချုပ် အနေဖြင့် မည်သည့် လူပုဂ္ဂိုလ်၊အဖွဲ့ အစည်းနှင့် မဆို လက်တွဲ ဆောင်ရွက် သွားရန် အသင့် ရှိ ပါကြောင်း ထပ်လောင်း အသိပေး နိုးဆော် အပ်ပါသည်။


"အသင် တို့သည် အလ္လာဟ် အရှင်၏ ကြိုးကို စုစည်း ညီညွတ် မြဲမြံစွာ စွဲကိုင် ကြကုန်လော၊အကွဲကွဲ အပြား ပြား ကစဥ့် ကလျှား မဖြစ် ကြလေနှင့်။" ကုရ်အာန် (၃း၁၀၃)

အလုပ် အမှူဆောင် အဖွဲ့ 
မမလဌာနချုပ်

မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာ မွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့


မြန်မာမွတ်စလင် များအား လူမျိုးတုန်း သုတ်သင် နေခြင်းကို အသိပေး ဟန့်တားရေး ညီလာခံ 

လော့စ်အိန်ဂျလိစ်
ဇွန် ၉၊ ၂၀၁၃

မြန်မာ မွတ်စလင် များအား လူမျိုးတုန်း သုတ်သင် ရေးကို အသိပေး ဟန့်တားရေး ညီလာခံကို အမေရိ ကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန် ဂျလိစ်မြို့ ကာလ်ဗာ စီးတီးတွင် ၂၀၁၃ ခုနှစ် ဇွန်လ (၉) ရက်နေ့က ကျင်းပ ခဲ့သည်။ လက်ရှိ မြန်မာ နိုင်ငံတွင်း မွတ်စလင် များအပေါ် ပစ်မှတ်ထား မျိုး ဖြုတ် သုတ်သင်မှု ပုံစံအထိ ကျူးလွန် လာနေမှု များအား အဓိကထား ဆွေးနွေး ခဲ့ကြသည်။ နိုင်ငံ တ ကာ အဖွဲ့ အစည်း များမှ ကျွမ်းကျင် ပညာရှင်များ အပါ အ၀င် ပရိသတ် တစ်ထောင်ခန့် တက်ရောက် ခဲ့ကြ ပြီး အမေရိကန် ဆီးနိတ် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ကလည်း ထောက် ခံကြောင်း သ၀ဏ်လွှာ ပေးပို့ ခဲ့သည်။ ယင်းညီလာခံမှ အောက်ပါ ဆုံးဖြတ်ချက် (၁၀) ချက်ကို ချမှတ် နိုင်ခဲ့ ကြသည်။

ညီလာခံ ဆုံးဖြတ်ချက်များ

မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ လူမျိုး များနှင့် မွတ်စလင် လူ့အသိုင်း အ၀န်း အပေါ် ကျူးလွန် ခဲ့သည့် ရာဇ၀တ် မှုများသည် ကုလသမဂ္ဂ၏ လူမျိုးတုန်း သုတ်သင်သော ရာဇ၀တ်မှုများ တားဆီးရေးနှင့်ပြစ်ဒဏ် ချ မှတ်ရေး ပဋိ ညာဉ် အပိုဒ် (၂) အရ လူသားမျိုးနွယ် အပေါ်တိုက်ခိုက်သည့် ရာဇ၀တ်မှုများ အဆင့်မှ “လူမျိုးတုန်း သုတ် သင်မှု (Genocide)” အဆင့်ထိ တက်လှမ်း လာခဲ့ပြီ ဖြစ်ကြောင်း တွေ့ရသည်။ 

မြန်မာ မွတ်စလင် များအား လူမျိုးတုန်း သုတ်သင် နေခြင်းကို အသိပေး ဟန့်တားရေး ညီလာခံ (MMGAC) ကြီးက မြန်မာ မွတ်စလင် များနှင့် ရိုဟင်ဂျာ များအပေါ် ကျူးလွန် နေကြသည့် လူမျိုးတုန်း သုတ်သင်မှု များ အား ရှောင်လွှဲ ကာကွယ် နိုင်ရန် အလို့ငှာ အောက်ပါ ဆုံးဖြတ်ချက် များအား ဆုံးဖြတ် ကြေညာ လိုက် သည်။

(၁) လူမျိုးတုန်း သုတ်သင်မှု အဆင့်ထိ တက်လှမ်း လာနေသည့် မြန်မာ ပြည်သား မွတ်စလင် များအပေါ် အကြမ်းဖက် ကျူးလွန်မှု များကို ယခု ညီလာခံမှ အပြင်းထန်ဆုံး အသုံး အနှုန်း များဖြင့် ရှုတ်ချ လိုက်သည် ။မြန်မာ မွတ်စလင် များနှင့် ရိုဟင်ဂျာ များအား မြန်မာ အစိုးရမှ အပြည့်အ၀ အကာ အကွယ် ပေးရန်နှင့် တရား ဥပဒေ စိုးမိုးမှု ဖော်ဆောင် ပေးရန် တောင်းဆိုသည်။

(၂) မြန်မာ မွတ်စလင် များနှင့် ရိုဟင်ဂျာ များအပေါ် ပစ်မှတ်ထား အကြမ်းဖက် ခဲ့သူ များအား မြန်မာ အစိုးရက တရား ဥပဒေ အရ ထိရောက်စွာ အရေးယူ ပေးရမည်။

(၃) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၊ မြန်မာ မွတ်စလင် လူ့အဖွဲ့ အစည်းနှင့် ဘာသာရေး ခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့ အစည်း အင်ဂျီအို များတို့၏ ဘေးကင်း လုံခြုံရေးကို မြန်မာ အစိုးရက အပြည့်အ၀ တာဝန်ယူ ပေးရမည်။

(၄) နိုင်ငံ အတွင်း အကြမ်းဖက်မှု ဖြစ်ပွား ခဲ့သည့် နေရာ တိုင်းသို့ နိုင်ငံ တကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ များကို မြန်မာ အစိုးရက အဟန့် အတား မရှိ အပြည့် အ၀ ၀င်ရောက် စစ်ဆေး ခွင့်ပြု ရမည်။

(၅) အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီး ခံရသူ များ၏ မူလ ပိုင်ဆိုင်သော မြေယာ များကို အစိုးရ မှ ပြန် လည် ပေးအပ်ရန်၊ ၄င်းတို့၏ ပျက်စီး ဆုံးရှုံး သွားသော အိုးအိမ်များ၊ ၀တ်ပြုရာ နေရာ များကို နဂိုရ် အတိုင်း ချက်ချင်း ပြန်လည် တည်ဆောက် ပြုပြင် ခွင့်ပြုရန်၊ ရခိုင် ပြည်နယ် အပါ အ၀င် တစ် တိုင်း ပြည် လုံးတွင် ပိတ်ပင် ခံထား ရသည့် မွတ်စလင် တို့၏ ၀တ်ပြုရာ ဘာသာရေး အဆောက် အအုံ များအား ပြန် လည် ဖွင့်လှစ် ပေးရန်၊ ရိုဟင်ဂျာ လူမျိုး များအား သင့်တင့် လျှောက်ပတ်သော သုဿာန် နေရာ များတွင် ၄င်းတို့၏ ဘာသာရေး ဓလေ့ ထုံးစံနှင့် အညီ သဂြိုဟ်ခြင်းကို ခွင့်ပြုရန် တောင်းဆို လိုက်သည်။

(၆) ရိုဟင်ဂျာ လူမျိုး များသည် မြန်မာ နိုင်ငံ၏ မူလ ဘူတ တိုင်းရင်းသား လူမျိုး တစ်မျိုး ဖြစ်ကြောင်း ကို မြန်မာ အစိုးရက ပြန်လည် အသိ အမှတ် ပြုပြီး ၄င်းတို့်၏ စစ်မှန်သော နိုင်ငံ သား ဖြစ်မှု အခွင့် အရေး အား အသိ အမှတ် ပြုရမည်။ မြန်မာ နိုင်ငံသား မွတ်စလင် များ၏ အခွင့် အရေးနှင့် တန်းတူညီ မျှမှုကို အခြားသော မြန်မာ နိုင်ငံသား များနည်းတူ မြန်မာ အစိုးရက အပြည့်အဝ ပေးအပ် ရမည်။

(၇) ၉၆၉ အကြမ်းဖက် အုပ်စုအား မြန်မာ အစိုးရက မတရားသင်း ကြေညာ ပေးရန်နှင့် မြန်မာ နိုင်ငံနှင့် အရှေ့တောင် အာရှ ဒေသ များသို့ တိုင်အောင် ၄င်းအဖွဲ့မှ အကြမ်းဖက် လုပ်ရပ်များ ဖြန့်ကြက် လာနေခြင်း ကို မြန်မာ အစိုးရက တားဆီး အရေးယူ ပေးရန်။

(၈) အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် အစိုးရ များက ၉၆၉ အကြမ်းဖက် အုပ်စုအား အ ကြမ်းဖက် အဖွဲ့ အစည်း တစ်ခု အဖြစ် သတ်မှတ် ပေးရန်၊ ၉၆၉ အကြမ်းဖက် အဖွဲ့နှင့် ပူးပေါင်း ဆောင် ရွက် နေသူ များကို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေး ယူရန် ကျွန်ုပ်တို့ ညီလာခံမှ မေတ္တာ ရပ်ခံ တောင်း ဆိုသည်။

(၉) ရိုဟင်ဂျာ လူမျိုး များနှင့် မြန်မာ မွတ်စလင် များအပေါ် ကျူးလွန် ခဲ့သည့် မျိုးဖြုတ် သုတ်သင်ရေး အ ကြမ်းဖက် ရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်မှ ကြားနာ စစ်ဆေး ပေးရန် ကျွန်ုပ်တို့ ညီလာခံမှ မေတ္တာရပ်ခံ တိုက်တွန်းသည်။

(၁၀) မြန်မာ အစိုးရ အဖွဲ့တွင်းရှိ အရာရှိကြီး အချို့နှင့် ဗုဒ္ဓဘာသာ အစွန်းရောက်များ ပူးပေါင်းပြီး မြန်မာ မွတ်စလင် များအပေါ် လူမျိုးတုန်း သတ်ဖြတ် သုတ်သင်သည့် ရာဇဝတ် မှုများ ကျူးလွန် မှုကို ဖေါ်ထုတ် ပြီး နိုင်ငံ တကာ ရာဇဝတ်ရုံး (ICC) သို့ စွဲတင် နိုင်ရေး အတွက် နိုင်ငံ တကာရှိ ဥပဒေ ရေးရာ ကျွမ်းကျင်သူ ပညာရှင် များက အပြည့် အ၀ ပူးပေါင်း ဆောင်ရွက် ကူညီ ပေးပါရန် ကျွန်ုပ်တို့ ညီလာခံမှ အလေး အ နက် တောင်းဆိုသည်။

ထုတ်ပြန်ကြေငြာချက် ၅/၂၀၁၃
မြန်မာ့ လူမျိုးတုံးသတ်ဖြတ်သည့်နေ့ သတ်မှတ်ခြင်း
၂၀၁၃ မေလ ၂၈ ရက်

မြန်မာအမျိုးသားရေးဝါဒီ အစိုးရအဆက်ဆက်နှင့် မျက်ကန်းဘာသာရေးဝါဒီများသည် ၎င်းနှင့် ဂိုဏ်းတူ ဗုဒ္ဓဘာသာမှအပ ကျန်သာသနာဝင် အားလုံးနှင့် တိုင်းရင်းသားများအား အသံတိတ်မျိုးတုံးသတ်ပြီး သေးသိမ်ပျောက်ကွယ်သွားစေရန် စီမံချက်ကို စနစ်တကျ ပြင်ဆင်ချမှတ်လျှက်- အကောင်အထည် ဖေါ်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခြဲ့ပီ။ ဂိုဏ်းတူဗမာ ဗုဒ္ဓဘာသာမှအပ ကျန်လူမျိုးစု အသီးသီး၊ ကျန် ဘာသာဝင် အသီးသီးနှင့် ဂိုဏ်းမတူသည့် ဗုဒ္ဓဘာသာတို့အား တစ်စချင်းအသံတိတ် မျိုးတုံးသုတ်သင် ပစ်နိုင်ရန် တစ်တိုင်းပြည်လုံး ပြည်တွင်းစစ်ကိုလည်း စနစ်တကျ မွေးမြူထားခဲ့သည်။ 

ကမ္ဘာ့ဖိအား တွန်းအား အမျိုးမျိုးနှင့် တိုင်းပြည်တစ်ခုလုံး မွဲတေသွားမှုကြောင့် ပြည်တွင်းစစ်များ ရပ်စဲ ရတော့မည်၊ အစိုးရစနစ်ပြုပြင် ပြောင်းလဲရတော့မည်ဟု ဖြစ်လာသောအခါ-၊ စီမံချက် ချထား သည့် လူမျိုးတုံးသတ်ဖြတ်မှု အတွက် အချိန်မစောင့်နိုင်တော့ဘဲ-၊ အလျှင်စလိုဖြင့် အပြီးသတ်လုပ် လိုက်ရ မှုကြောင့် အသံတိတ် ကြိတ်၍ သတ်ဖြတ်နေရာမှ ဖုံးမနိုင် ဖိမရ ပေါ်ထွက်လာခဲ့တော့သည်။

ပထမဆုံး ကမ္ဘာသိ ပေါ်ထွက်လာသည့် သက်သေမှာ ၂၀၁၂ ခု ဇွန်လ ၃ ရက်နေ့- ရခိုင်နယ်၊ တောင်ကုတ်မြို့တွင် အစ္စလာမ် သာသနာ့ဝန်ဆောင် ဆယ်ဦးအား အမျိုးသားရေးဝါဒီ အာဏာပိုင်များမှ ကျောထောက်နောက်ခံပြုသည့် အကြမ်းဖက် အုပ်စုမှ သတ်ဖြတ်လိုက်သည့် ဖြစ်ရပ်ပင် ဖြစ်သည်။ ထို မှ ဆက်တိုက်ပင်- လက်နက်မဲ့ အပြစ်မဲ့ တိုင်းရင်းသား ရိုဟင်ဂျာတို့အား သမိုင်းမှတ်တမ်းဝင် လူမျိုး နာမည်ကိုပါ ဖျောက်ဖျက်ခြင်း၊ တိုင်းရင်းသား အပြစ်မှာ ပါယ်ဖျက်ခြင်း၊ ၎င်းတို့၏ အိုးအိမ်များကို မီးရှို့ ဖျက်ဆီးလျှက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ၎င်းတို့နေရာဒေသများမှ မောင်းထုတ်ခြင်း၊ နိုင်ငံခြားမှ ကျူးကျော်ဝင်ရောက်၍ မြန်မာနိုင်ငံမှ မြေယာများကို လုယူသူများဟု ထင်မှတ်စေရန် သမ္မတ ကိုယ်တိုင် ဦးဆောင်လျှက် ၎င်းတို့အား ကျူးကျော်သူ ဘင်္ဂလီများဟု တရားဝင် ကင်ပွန်းတပ် ခြင်း၊ ၎င်းလူမျိုးများ အတွက် အိမ်ထောင်ပြုခြင်းအား ကန့်သတ်ခြင်း၊ ကလေးမွေးနှုန်းကန့်သတ်ခြင်း- စသည့် ကမ္ဘာ့ အသိအမှတ်ပြု လူမျိုးတုံးသတ်ဖြတ်ခြင်း သတ်မှတ်ချက် (၈)ရပ်ထက်ပင် ကျော်လွန်စွာ မြန်မာအာဏာ ပိုင်များနှင့် အမျိုးသားရေးဝါဒီများက ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ ဖြစ်သည်။

ထိုမျှမက- ရိုဟင်ဂျာ လူမျိုးစုနှင့် ကိုးကွယ်ရာ ဘာသာတူသည့် မြန်မာနိုင်ငံ အနှံ့မှ အစ္စလာမ်သာသနာ ၀င်တို့ ဦးတည်လျှက် မျိုးတုံးသတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်ခဲ့သည့် သက်သေများမှာ-၊ မိတ္ထိလာ ဥက္ကံ၊ လာရှိုး မြို့များတွင် မွတ်ဆလင်ထုတစ်ရပ်လုံး၏ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မယ့် ကျောင်းသားလေးများအား အာဏာပိုင်တို့၏ ရှေ့မှောက်တွင်ပင် အရှင်လတ်လတ်မီးရှို့ခြင်း၊ ထိုမှ ဆက်၍ ပဲခူးတိုင်းဒေသရှိ မြို့ရွာအသီးသီးမှ ရှိသမျှသော မွတ်ဆလင်လူထုအား တိုင်းပြည်မှ ထွက်ပြေး သွားစေရန် ခြိမ်းခြောက် ခြင်း၊ ဥစ္စာပစ္စည်းများအား မီးရှို့ခြင်း၊ လုယက်ဖျက်ဆီးခြင်းနှင့် တစ်တိုင်း ပြည်လုံး အစ္စလာမ်ဆန့်ကျင်ရေး ၀ါဒဖြန့်ချီမှုတို့အား အာဏာပိုင်များကိုယ်တိုင် ပါဝင်၍ စဉ်ဆက် မပြတ် လုပ်ကိုင်နေခြင်းတို့သည် မြန်မာနိုင်ငံအတွင်းမှ အစ္စလာမ်သာသနာဝင်တို့အား မြန်မာအစိုးရ၏ ကျောထောက်နောက်ခံဖြင့် လူမျိုးတုံး သတ်ဖြတ်နေခြင်းများ ဖြစ်သည်။

သို့ဖြစ်၍ ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ကြီးမှ နိုင်ငံတစ်ကာ လူမျိုးတုံးသတ်ဖြတ်မှုရေးရာ ကျွမ်းကျင်သူ ပညာရှင်များနှင့် ဆွေးနွေးလျှက်-၊ ကမ္ဘာ့ခုံရုံးတရားခံ ရာဇ၀တ်ကောင်များ၏ အကုသိုလ်မှုတို့အား နောင်လာနောက်သားများ အမှတ်ရနေစေရန် နှစ်စဉ် ဇွန်လ ၃ ရက်နေ့အား မြန်မာ့ လူမျိုးတုံးသတ်ဖြတ်သည့် နေ့ရက် အဖြစ် သတ်မှတ်လိုက်သည်။


မိုးကျော်
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း တာဝန်ခံ

မြန်မာပြည်ရှိ မွတ်စလင်များအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချခြင်း

၁။ အစ္စလာမ် သာသနာနှင့် မြန်မာ နိုင်ငံသား မွတ်စလင် များကို စော်ကား နှိမ့်ချသော စာရွက် စာတန်းများ၊ ဗီဒီယိုခွေ များကို ဖြန့်ချိခြင်း၊ တရားပွဲများ ကျင်းပ ပြုလုပ်ခြင်း များကို ဦးသိန်းစိန် အစိုးရ လက်ထက်တွင် မကြုံ စဖူး များပြားစွာ နိုင်ငံနှင့် တဝှမ်း ပြုလုပ် လာကြသည်။

အပြည့် အစုံကို အောက်ဖော်ပြပါ Scribd တွင် ဖတ်ပါ။ 



Bangkok ဆန္ဒပြပွဲ၌ ဓါတ်ပုံ မီးရှို့ခြင်းနှင့် ပတ်သက်၍ ပူးတွဲ သဘောထား ကြေညာခြင်း 

(၁) ယမန်နေ့က ဘန်ကောက်မြို့ မြန်မာ သံရုံး ရှေ့တွင် ပြုလုပ် ခဲ့သော ဆန္ဒပြပွဲတွင် မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ ဓါတ်ပုံကို မီးရှို့ခြင်းအား ကျွန်တော်တို့ ပူးတွဲပါ ရိုဟင်ဂျာ အဖွဲ့ အစည်း များ အားလုံးမှ ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချ ပါသည်။ 

(၂) ကျွန်တော်တို့ ရိုဟင်ဂျာ တိုင်းရင်းသား များအနေဖြင့် ပြည်ထောင်စု မြန်မာ နိုင်ငံ တော်၏ လွတ် လပ်ရေး ခေါင်းဆောင်၊ အမျိုးသား သူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်း၏ ဓါတ်ပုံကို မီးရှို့ခြင်း အပေါ် အထူး ၀မ်းနည်း ကြေကွဲ ရပါသည်။ 

(၃) ကျွန်တော်တို့ ရိုဟင်ဂျာ အဖွဲ့အစည်း များ အနေဖြင့် အတိအလင်း ပြောလိုသည်မှာ ရိုဟင်ဂျာ လူ မျိုး များ အနေဖြင့် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အပေါ် အမြဲ ချစ်မြတ် နိုးပြီး မည်သည့် နည်းနှင့် မျှ ထိုကဲ့သို့ ပြုမှု  ခြင်းကို လုံးဝ လက်မခံ နိုင် ပါကြောင်း ပြောကြား လိုပါသည်။ 

(၄) ယမန်နေ့က ဆန္ဒ ပြပွဲတွင် ပြုလုပ် ခဲ့သော အပြု အမှုသည် မသက် ဆိုင်သော လူတစ်စု၏ အပြု အမှု သာဖြစ်ပြီး နိုင်ငံ တကာရှိ ရိုဟင်ဂျာ အရေး လှုပ်ရှားသူ များအားလုံး ကိုလည်း ဆန္ဒပြပွဲ များတွင် ဆင်ခြင် ပါရန် လေးစားစွာ တိုက်တွန်း အပ်ပါသည်။ 

ပူးတွဲ သဘောထား ကြေညာသည့် အဖွဲ့ အစည်းများ 
  • Burmese Rohingya Organisation UK 
  • Burmese Rohingya Community Netherlands 
  • Burmese Rohingya Association Japan 
  • Burmese Rohingya Association Deutschland 
  • Burmese Rohingya Community Denmark 
  • Rohingya Community Norway 

ဆက်သွယ်ရန် - 
  • ထွန်းခင် +44 7888 714866 
  • နေဆန်းလွင် +49 179 653 5213


ARAKAN ROHINGYA NATIONAL ORGANISATION 

ARAKAN, BURMA 


ကြေညာချက်

ရက်စွဲ။ ၂၀၁၃ ဧပြီလ (၉) ရက်

ARNO မှ ဘန်ကောက် ဆန္ဒပြပွဲတွင် ဓါတ်ပုံ မီးရှို့ခြင်းအား ကန့်ကွက် ရှုတ်ချခြင်း 

ဧပြီလ (၉) ရက်နေ့မှာ မြန်မာ ရိုဟင်ဂျာ အသင်း (ထိုင်း) က ဦးဆောင်ပြီး ဘန်ကောက်မြို့ မှာရှိတဲ့ မြန်မာ သံရုံး ရှေ့ ဆန္ဒပြပွဲမှာ မြန်မာ နိုင်ငံ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့ရဲ့ ဓါတ်ပုံတွေကို မီးရှို့ပြီး ဆန္ဒ ဖော်ထုတ်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ Arakan Rohingya National Organisation (ARNO) က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ လိုက်ပါသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အနေဖြင့် လွန်စွာ စိတ်ပျက်၊ စိတ်မချမ်း မမြေ့ ဖြစ်ရပြီး၊ ထိုသို့ ပြုလုပ်ခြင်းကို ရိုဟင်ဂျာ လူမျိုးများ အနေဖြင့် လုံးဝ လက်မခံနိုင် ပါကြောင်း သိစေ အပ်ပါသည်။ 

ရိုဟင်ဂျာ အရေး လှုပ်ရှားသူ များကိုလည်း ထိုကဲ့သို့ မတော်မရော် လှုပ်ရှားမှု များကို ရှောင်ရှားရန် သတိပေး ပါသည်။ 


ဆက်သွယ်ရန်

ဦးနူရူလ်အစ္စလာမ် - +၄၄ ၇၉ ၄၇၈၅ ၄၆၅၂ 
အီးမေးလ် - info@rohingya.org
အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုက ရက်တစ် ပါတီမှ သဘောထား ထုတ်ပြန်ချက်



ပုံပေါ်တွင် ကလစ် နှိပ်၍ အကြီးချဲ့ ဖတ်ပါရန်



မိတ္တီလာမြို့တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု နှင့်ပတ်သက်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ၏ သဘောထား ထုတ်ပြန်ချက်

ပုံပေါ်တွင် ကလစ် နှိပ်၍ အကြီးချဲ့ ဖတ်ပါရန်။

Rohingya Exodus