နောက်ဆုံးသတင်း/ဆောင်းပါးများ




RB News
30.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ INGO တစ်ခုဖြစ်သည့် ပြင်သစ်နိုင်ငံမှ ACF (Action Contre La Faim) ၏ ၀န်ထမ်း တစ်ဦးကို ရခိုင်အစွန်းရောက် တစ်ဦးက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ (ဧပြီလ ၂၉) နေ့လည် ၁ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ်တွင် ဒေသခံများကို ကူညီ စောင့်ရှောက်နေသော INGO တစ်ခုဖြစ်သည့် ပြင်သစ်နိုင်ငံမှ ACF (Action Contre La Faim) မှ ယာဉ်မောင်းဖြစ်သူ ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၊ ရွာသစ်နေ ဦးရော်ဖိတ် (ဘ) ဦးဟာမိတ်ဟူဆန်သည် နိုင်ငံခြားသား နှစ်ဦးနှင့် အတူ ကားမောင်းနှင် လာစဉ် ဘူးသီးတောင် မြို့မဈေး အနီးရှိ ကမ်းနားလမ်း အရောက်တွင် ရခိုင် အစွန်းရောက် တစ်ဦး ဖြစ်သည့် အမှတ် (၅) ရပ်ကွက်မှ အတီးချေ (ဘ) ဦးမောင်သာထွန်းက ကားကို တားပြီး ရပ်ခိုင်းခဲ့သည်။ ထို့နောက် ကားရပ်ပေးသည့် အခါ ယာဉ်မောင်းဖြစ်သူ ဦးရော်ဖိတ်ကို အတီးချေက ကားပေါ်ရှိ နိုင်ငံခြားသားများ ရှေ့တွင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရခိုင် အစွန်းရောက်က လူမဆန်စွာ ရိုက်နှက်ခြင်းကြောင့် ဦးရော်ဖိတ်၏ မျက်နှာနှင့် ၀မ်းဗိုက်တွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ရိုက်နှက်မှုနှင့် ပတ်သက်၍ ACF ရုံးက ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေး ၀န်ကြီးဌာနသို့ အကြောင်းကြား ထားသည်ဟု ဆိုသည်။

ရိုက်ခံရသည့် လူငယ် ၆ ဦးမှ (၄) ဦး



RB News
29.4.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ရိုဟင်ဂျာ လူငယ် (၆) ဦးကို ရခိုင် အစွန်းရောက် များက လူမဆန်စွာ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မင်းပြားမြို့နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများမှာ အဖက်ဖက်မှ ပိတ်ဆို့ခံထားရသောကြောင့် စားဝတ်နေရေးနှင့် အခြားသော အရေးများ အားလုံး အတွက် ခက်ခဲမှုများစွာကို ရင်ဆိုင် နေရပါသည်။ ကင်းဆိပ် ကျေးရွာ အုပ်စု၊ ပိုက်သည်ရွာမှ ရိုဟင်ဂျာ လူငယ် (၆) ဦးသည် ဧပြီလ (၂၇) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် အခြားသော ရိုဟင်ဂျာ ရွာသို့ သွားရောက်၍ ပစ္စည်းများ လှည့်လည် ရောင်းချရန် သွားနေစဉ် ခေါင်းလောင်း ရွာဟောင်းမှ ရခိုင် အစွန်းရောက် များက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

ရခိုင် အစွန်းရောက်များ ဖမ်းဆီးထားသည့် ရိုဟင်ဂျာ လူငယ် (၆) ဦးကို ကင်းဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်က ပြန်လည် လွှတ်ပေးရန် ညှိနှိုင်းခဲ့ရာ ငွေကျပ် တစ်သိန်း ငါးသောင်း ပေးမှသာ ပြန်လည် လွှတ်ပေးမည်ဟု အကျပ်ကိုင်သောကြောင့် ဒေသခံ ရွာသားများက ငွေကျပ် တစ်သိန်းငါးသောင်း ပေးခဲ့ရပြီး၊ ဧပြီလ (၂၈) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် (၃) ဦးက အဆိုပါ လူငယ် (၆) ဦးကို ပိုက်သည်ရွာသို့ လာပို့ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မင်းပြားမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာ များသည် ရိုဟင်ဂျာများ နေထိုင်သည့် ရွာတစ်ရွာမှ နောက်တစ်ရွာသို့ နေ့ဘက် အချိန်သွားလျှင် ရခိုင် အစွန်းရောက်များ၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့် ညသန်းခေါင်ယံ အချိန်တွင် သွားလာ နေသည့်ကြားမှ ယခုကဲ့သို့ ဖမ်းဆီးခံရပြီး လူမဆန်စွာ ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ရိုက်နှက်ခံရသည့် လူငယ် (၆) ဦးအနက် (၅) ဦး၏ အမည်များမှာ --

(၁) အာလမ်ဘာရှာ (ဘ) ဦးအာချူ (အသက် ၂၅ နှစ်)
(၂) မာမတ်အီနုစ် (ဘ) ဦးဒီလူး (အသက် ၂၃ နှစ်)
(၃) မာမတ်ဒုလ္လာ (ဘ) ဦးနူရ်အာမီးန် (အသက် ၂၀ နှစ်)
(၄) ညီညီ (ဘ) ဦးဇော်ရိဖ် (အသက် ၂၂ နှစ်)
(၅) မာမတ်ဟာဆောင် (ဘ) ဦးမာမတ် (အသက် ၁၄ နှစ်) -- တို့ ဖြစ်သည်။




MYARF
RB News
29.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ၊ ကျောက်ပန္ဒူ၊ ဇော်မတတ် ကျေးရွာများရှိ လုံခြုံရေး ရဲကင်း စခန်းများရှိ ရဲများက လမ်းသွား လမ်းသာ ရိုဟင်ဂျာ များကို မှတ်ပုံတင်များ စစ်ဆေးလျက် ရှိရာ မပါသူများထံမှ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဧပြီလ (၂၇) ရက်နေ့တွင် ခွဆုံကျေးရွာမှ မော်လ၀ီ ရှော်ဖီကူရာမန် (ဘ) ဦးနူရ်မာမတ်သည် သူငယ်ချင်း ဖြစ်သူနှင့် အတူ မောင်တောမြို့သို့ သွားနေစဉ် ကျောက်ပန္ဒူ ကင်းစခန်းမှ မှတ်ပုံတင်ကဒ် စစ်ဆေးရာ မော်လ၀ီ ရှော်ဖီကူရာမန် ထံတွင် မရှိသောကြောင့် ရဲများက ငွေကျပ် တစ်ထောင် တောင်းခံခဲ့သည်။ မော်လ၀ီ ရှော်ဖီကူရာမန်က ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာကို ပြသော်လည်း ရဲများက ငွေကျပ် တစ်ထောင် မပေးလျှင် ဖမ်းဆီးထားမည်ဟု ဆိုသောကြောင့် ငွေ တစ်ထောင် ပေးခဲ့ရသည်။ ထို့အပြင် ဇော်မတက် စခန်းတွင်လည်း ထိုသို့ ငွေကျပ် တစ်ထောင် ပေးခဲ့ရကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာနှင့် သင်္ဘောကွဲ ကျေးရွာရှိ လုံခြုံရေး စခန်းမှ စခန်းမှူးတို့ ပူးပေါင်း၍ လုံခြုံရေး စခန်း၏ အမိုးမိုးရန် အတွက်ဟု ဆိုကာ အိမ်တစ်အိမ်လျှင် သက်ကယ် နှစ်စည်းကျ ကောက်ခံပြီး၊ အုပ်ချုပ်ရေးမှူး၏ အိမ်တွင် စုထားပြီး၊ တစ်စည်းလျှင် ငွေကျပ် ၁၅၀၀ ဖြင့် ပြန်လည် ရောင်းချလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ကျောက်ပန္ဒူ ကျေးရွာတွင်လည်း ရဲစခန်း ဆောက်လုပ်ရန်ဟု ဆိုကာ ရွာသားများ၏ ငွေကြေး တောင့်တင်းမှုပေါ် မူတည်၍ ငွေကျပ် ၁၀၀၀ မှ ၃၀၀၀ အထိ ကောက်ခံလျက် ရှိကြောင်း သိရှိရပါသည်။ သန်းခေါင်စာရင်း ကောက်သည့် အဖွဲ့အား ထမင်းကျွေး စရိတ် အတွက်ဟု ခေါင်းစဉ်တပ်၍ လည်း ငွေကျပ် ၁၀၀၀ စီ ကောက်ခံလျက် ရှိသည့်အပြင် ငွေမပေးသူများကို စခန်းမှ တပ်ဖွဲ့ဝင်များ လာရောက်ပြီး ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ဧပြီလ (၂၇) ရက်နေ့ ညသန်းခေါင်ယံ ၁ နာရီ အချိန်တွင် ဘင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာနှင့် ဘင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ ဦးနူရူဟောက် (ဘ) ဦးဆွေဒေါ်ရာမန်နှင့် ဦးအဒူလ္လာ (ဘ) ဦးဟာမိဒုလ္လာ တို့ကို နေအိမ် အသီးသီးမှ ဖမ်းဆီး၍ ဦးဇော်ကော်ရီယာ၏ နွားတဲတွင် တစ်ညလုံး ချုပ်နှောင် ထားခဲ့သည်။ အဆိုပါ အပြစ်မဲ့ ရွာသား နှစ်ဦးကို လူကုန်ကူးမှုတွင် ပါဝင်သူများဟု စွပ်စွဲ၍ ငွေကျပ် ၈ သိန်း ညှစ်ခဲ့သော်လည်း အပြစ်မဲ့ နှစ်ဦးက ပေးရန် သဘောမတူသဖြင့် ရဲကင်း စခန်းသို့ ပို့၍ ဆက်လက်ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီလ (၂၈) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကံလှနှင့် အဖွဲ့သည် မောင်တောမြို့နယ် တောင်ပိုင်း ကျေးရွာများသို့ သွားရောက်ပြီး ဘင်္ဘောကွဲ ကျေးရွာ (ခုလ်လုံး) မှ ဦးရှောကောတ်တုလ္လာ (ဘ) ဦးနူရ်မာမတ်နှင့် ကျောက်ပန္ဒူ ကျေးရွာ (ရှိတာဖ်) မှ ဦးအိုမောရ်အဘာစ် (ဘ) ဦးအစ္စမိုင်လ် တို့ကို ဓါးပြများဖြင့် အဆက်အသွယ် ရှိသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေ နေစဉ် ဒေသခံ ရွာသားများကို ရဲများက ရိုင်းပျ ကြမ်းတမ်းစွာ ပြုမှု ဆက်ဆံခဲ့သဖြင့် ဒုချီးရားတန်း ကဲ့သို့ ပြဿနာများ ဖြစ်ပွားမည်ကိုပင် စိုးရိမ်ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ချောင်းတစ်ဖက်ကမ်းရှိ ပုဇွန်ကန်တွင် ညအိပ်စောင့် နေသည့် မိုဟာမတ်အာယုဘ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၂၃ နှစ်) နှင့် ၎င်း၏ သူငယ်ချင်း ဖြစ်သူ တို့ကို ဧပြီလ (၂၈) ရက်နေ့ နံနက် (၆) နာရီတွင် ဖမ်းဆီး၍ ခေါ်ဆောင် သွားခဲ့သည်။ ခဏအကြာတွင် သူငယ်ချင်း ဖြစ်သူကို ပြန်လည် လွှတ်ပေးလိုက်သော်လည်း မိုဟာမတ် အာယုဘ်ကို တရားမ၀င် မိုဘိုင်းဖုန်း သုံးစွဲနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဆက်လက် ချုပ်နှောင် ထားခဲ့ပြီး နံနက် ၁၁ နာရီ အချိန်တွင် ငွေကျပ် နှစ်သိန်း နှစ်သောင်း ညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



မြန်မာပြည်ရှိ ရိုဟင်ဂျာများ အပေါ် “လူမျိုးတုန်း သတ်ဖြတ်မှု အသွင် လက္ခဏာများ” တွေ့ရှိရဟု ကုလသမဂ္ဂ ပညာရှင် ပြောကြား

ဧပြီ ၂၈၊ ၂၀၁၄ - လန်ဒန် 


“ရခိုင်ပြည်မှာ ရှိတဲ့ ရိုဟင်ဂျာတွေနဲ့ စပ်လျဉ်းပြီး လူမျိုးတုန်း သတ်ဖြတ်မှု အသွင် လက္ခဏာတွေ ရှိနေတယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား က ပြောကြား ခဲ့ပါတယ်။

ဆယ်စုနှစ် များစွာ အတွင်း အစိုးရ ထောက်ပံ့ ကူညီမှုဖြင့် မြန်မာပြည်ရှိ ရိုဟင်ဂျာ လူမျိုး များအား ချေမှုန်းခြင်းဟု ခေါင်းစဉ် ရတဲ့ လန်ဒန် ကွန်ဖရန့် တစ်ခုမှာ “ဒါက လူသားများ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဘဲ။ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်နိုင်ချေရှိ-မရှိ ကိုတော့ ဆွေးနွေးကြဖို့ လိုတယ်။ အခု ဒီကိစ္စကို ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ဒီကွန်ဖရန့် အလွန့်ကို အရေးကြီး ပါတယ်” ဟု သူက ပြောကြား ခဲ့ပါတယ်။

ဒီကွန်ဖရန့်ဟာ ထိပ်သီးပိုင်းက ဥပဒေ ကျွမ်းကျင် နားလည်သူတွေ၊ ပညာရှင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေး သိပ္ပံ တက္ကသိုလ်ကျောင်း (LSE) မှာ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ကြတာ ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ဥပဒေအောက်မှာ ရိုဟင်ဂျာတွေ အပေါ် ညှဉ်းပန်း သတ်ဖြတ် နေမှု တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု အထမြောက်လား ဆိုတာကို အခြေအတင် ဆွေးနွေးမှုကို စတင်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။

အခြား တက်ရောက် ပြောကြားသူတွေ ကတော့ International Association of Genocide Scholars ရဲ့ ဥက္ကဌ ပါမောက္ခ Daniel Feierstein နဲ့ Rome မြို့က Permanent People’s Tribunal ရဲ့ အထွေထွေ အတွင်းရေးမှူး ပါမောက္ခ Gianni Tognoni တို့ဖြစ်ပါတယ်။ 

အပြည်ပြည် ဆိုင်ရာ ဥပဒေရေးရာ ကျွမ်းကျင် နားလည်သူတွေက လူမျိုးတုန်း သတ်ဖြတ်မှုရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ၊ ဖြစ်စဉ် ယန္တရားတွေ၊ တရားစီရင်ရေး လုပ်ထုံးတွေကို တင်ပြခဲ့ ကြပါတယ်။ ထိပ်သီးပိုင်းက လူအခွင့် အရေး သုတေသီတွေ၊ ပညာရှင်တွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကတော့ ဆယ်စုနှစ်ပေါင်း များစွာ ရိုဟင်ဂျာ မွတ်စလင်တွေကို စနစ်တကျ သတ်ဖြတ်နေတဲ့ သက်သေ အချက် အလက်တွေ တင်ပြခဲ့ ကြပါတယ်။

LSE မှ သုတေသန ပညာရှင် နဲ့ ကွန်ဖရန့် သဘာပတိ ဖြစ်တဲ့ ဒေါက်တာဇာနည် ကတော့ သုံးနှစ်ကြာ အချက်အလက်ဟောင်း တွေကို ရှာဖွေ သုတေသန ပြုလုပ် ထားတာတွေနဲ့ စစ်အရာရှိတွေ၊ ရိုဟင်ဂျာ ဓါးစာခံ တွေကို လူတွေ့ မေးမြန်း ထားတာတွေကို အခြေခံ သုံးသပ်ခဲ့ပြီး ဒီအမှုကြီးက ၁၉၇၈ ခုနှစ် ကတည်းက မြန်မာပြည်ရှိ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်နေတဲ့ “တငွေ့ငွေ့ လောင်ကျွမ်းနေသော လူမျိုးတုန်း သတ်ဖြတ်မှုကြီး” လို့ ခေါင်းစဉ်တပ် တင်ပြသွား ခဲ့ပါတယ်။

လူမျိုးတုန်း သတ်ဖြတ်မှု နည်းတူ ဖြစ်တယ်လို့ ကောက်ချက်ချ ခဲ့တဲ့ ဒီကွန်ဖရန့် အပြီးမှာတော့ မြန်မာပြည်ရှိ ရိုဟင်ဂျာများ အပေါ် ညှဉ်းပန်း နေမှုတွေ ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုစာ တစ်စောင် ထုတ်ပြန်ပြီး ဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ ကြပါတယ်။ ယင်းတောင်းဆိုချက်ကို စိုးရိမ် သောကထားသူ တသီးပုဂ္ဂလတွေ၊ အဖွဲ့အစည်းတွေက ထောက်ခံ ခဲ့ကြ ပါတယ်။ ထောက်ခံသူ တစ်ချို့ကတော့ ရဝန်းဒါး လူမျိုးတုန်း သတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့တဲ့ Prudentienne Seward၊ Massachusetts Institute of Technology တက္ကသိုလ်မှ ပါမောက္ခ Noam Chomsky၊ Columbia တက္ကသိုလ်မှ ပါမောက္ခ Gayatria Chakravoty Spivak၊ Oxford တက္ကသိုလ်မှ ပါမောက္ခ Emeritus၊ London School of Economics မှ ပါမောက္ခ Mary Kaldor နဲ့ Documentation Center of Cambodia မှ ဦးဆောင် ညွန်ကြားရေးမှူး Youk Chhang တို့လည်း ပါဝင်ကြ ပါတယ်။

“အိမ်ထောင်ပြုခြင်း၊ ကလေး မွေးဖွားခြင်း၊ အလုပ် လုပ်ကိုင် နိုင်ခြင်းများ အပါအဝင် ၎င်းတို့ (ရိုဟင်ဂျာများ) ၏ ဘဝ အဖက်ဖက်အား အလွန်အမင်း ပိတ်ပင် ထားသည်။ ကိုယ်ပိုင် သွင်ပြင်ဖော်ပြခွင့်၊ နိုင်ငံသား ဖြစ်ခွင့်များ အားလည်း ငြင်းပယ်ခြင်း ခံရသူများလည်း ဖြစ်သည်။ တနည်းဆို ရလျှင် ၎င်းတို့အား ဥပဒေ ရှေ့မှောက်တွင် လူသားများ အဖြစ်ပင် အသိအမှတ် မပြုပေ … ရိုဟင်ဂျာ များသည် ညှဉ်းပန်း နှိပ်စက်မှုနှင့် သတ်ဖြတ်မှု နည်းပေါင်းစုံအား ရင်ဆိုင် ကြုံတွေ့ နိုင်ချေများသူများ ဖြစ်သည်” လို့ ယင်းတောင်းဆိုချက်မှာ ရေးသား ဖော်ပြ ထားပါတယ်။

နိုင်ငံ အတွင်းမှာ လူမျိုးစုပေါင်း ၁၃၀ ကျော်ရှိတဲ့ အနက် ရိုဟင်ဂျာ လူမျိုး တစ်မျိုးတည်း ကိုသာ မူဝါဒ တွေအရ လူဦးရေ ထိန်းချုပ်မှု ကျင့်သုံးကြောင်း ကိုလည်း ထောက်ပြထား ပါသည်။ ရိုဟင်ဂျာ တွေကို တရားဝင် ရပ်တည်ခွင့် ပိတ်ပင်တာတွေ၊ ခွဲခြားမှု စီမံချက်ကြီးတွေ ရေးဆွဲ ထားတာတွေ၊ အခြေခံ လူသားချင်း စာနာထောက်ထားရေး ဝန်ဆောင်မှု တွေဖြစ်တဲ့ အစာရေစာနဲ့ ကျန်းမာရေး ဆေးကုသမှု အကူအညီ တွေကို ရိုဟင်ဂျာ လူထု အများစု အကြား မရောက်ရှိ စေရေး အတွက် တားမြစ် နေတာ တွေဟာ မြန်မာ အစိုးရနဲ့ ပြည်သူ တွေက ဒီလူမျိုးစု တစ်စုလုံးကို ဖျက်ဆီးရာ ရောက်ပါတယ်။

“ကျနော်တို့ လူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) နီးပါး အတွင်း နိုင်ငံတော်က ချမှတ်ထားတဲ့ ခွဲခြား ဆက်ဆံရေးမူတွေ အပါအဝင် ညှဉ်းပန်း နှိပ်စက်မှုတွေ လုံထိန်းနဲ့ ဒေသတွင်း အစွန်းရောက် တွေရဲ့ လက်ချက်ကြောင့် ဖျက်ဆီး ဆုံးရှုံးမှုတွေကို ရင်ဆိုင်နေ ကြရပါတယ်။ ရဝန်းဒါ ကဖြစ်ရပ်မျိုး ရိုဟင်ဂျာတွေ အပေါ် မဖြစ်စေဖို့ ကမ္ဘာထုကြီး တစ်ရပ်လုံးကို ကျနော် တောင်းဆို ပါတယ်” လို့ BROUK ရဲ့ ဥက္ကဌ ဦးထွန်းခင် က ပြောခဲ့ ပါတယ်။ BROUK ဟာ ရိုဟင်ဂျာတွေ အပေါ် ညှဉ်းပန်း နှိပ်စက်မှုတွေ အဆုံးသတ် စေရေး အတွက် အမေရိကန် ကွန်ကရက်မှာ တရား ဥပဒေ ပြုပေးဖို့ တောင်းဆို ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

“ရဝန်ဒါး လူမျိုးတုန်း သတ်ဖြတ်မှုကြီးကို တားမြစ်ဖို့နဲ့ အသိအမှတ် ပြုပေးဖို့ ပျက်ကွက် ခဲ့တာကို ဝန်ချ တောင်းပန်ဖို့ ကုလသမဂ္ဂက အနှစ် ၂၀ လောက် အချိန်ယူ ခဲ့တယ်။ ဒီလို အမှားမျိုး အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်း ကလည်း မြန်မာပြည်မှာ ထပ်မဖြစ် စေသင့်ဘူး” လို့ Prudentienne Seward ကပြောခဲ့ ပါတယ်။

ဆက်သွယ်ရန်

ဒေါက်တာဇာနည် : fanon2005@gmail.com; mobile: +44 (0)777 515 9334
ထွန်းခင်: rohingya@brouk.org.uk: mobile: +44 (0)788 871 4866

ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ချုပ်ငြိမ်းစေရေး အတွက် တိုက်တွန်း တောင်းဆိုခြင်း

မြန်မာပြည်မှ ရိုဟင်ဂျားများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ချုပ်ငြိမ်း စေရမည်။

မြန်မာပြည်တွင် နိုင်ငံခြား ခရီးသွား လက်ကမ်း စာစောင်များ၊ သတင်း မီဒီယာ လှည့်ဖျားမှုများ၊ သရုပ်ပြ ပြုပြင် ပြောင်းလဲမှု များ၏ နောက်ကွယ်တွင် အမှန် တကယ် ဘာတွေ ဖြစ်နေလဲ။

ကလေး သူငယ်များ၊ အမျိုးသား၊ အမျိုးသမီးများ အပေါ် ပြောမထွက် လောက်အောင် ကြမ်းတမ်းသည့် ရာဇဝတ်မှု များကို နိုင်ငံတော် အစိုးရနှင့် လူမျိုးစွဲ ဝါဒီ အစွန်းရောက် များမှ ကျူးလွန်လျက် ရှိသည်။

(မြန်မာ ပြည်တွင်း၌ လူဦးရေ တစ်သန်းကျော်နှင့် ကမ္ဘာ အရပ်ရပ်သို့ ရောက်ရှိနေသည့် လူဦးရေ တစ်သန်း ရှိသော) မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်စလင် များအား တသီး တခြား ဦးတည်ကာ စနစ်တကျ ဖြိုခွဲ နေပါသည်။ ခေတ်အဆက်ဆက်မှ အစိုးရ များသည် ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ၎င်းတို့ အပေါ်တွင် လူမျိုးရေး ခွဲခြားမှုအား စနစ်တကျ အစဉ်တိုက် ပြုလုပ်လာ ခဲ့ပါသည်။ ဖမ်းဆီး ထိန်းသိမ်းထား သကဲ့သို့ စခန်များနှင့် ဆင်းရဲ နွမ်းပါးသည့် လူမှု ပတ်ဝန်းကျင် များတွင် ထားရှိပြီး ရိုဟင်ဂျာ များအား လွတ်လပ်စွာ သွားလာခွင့်အား ပိတ်ပင် ထားသည်။

အိမ်ထောင်ပြုခြင်း၊ ကလေး မွေးဖွားခြင်း၊ အလုပ်လုပ် ကိုင်နိုင်ခြင်းများ အပါအဝင် ၎င်းတို့၏ ဘဝ အဖက်ဖက်အား အလွန်အမင်း ပိတ်ပင် ထားသည်။ ကိုယ်ပိုင် သွင်ပြင် ဖော်ပြခွင့်၊ နိုင်ငံသာုးဖြစ်ခွင့် များအားလည်း ငြင်းပယ်ခြင်း ခံရသူများလည်း ဖြစ်သည်။ တနည်းဆို ရလျင် ၎င်းတို့အား ဥပဒေ ရှေ့မှောက်တွင် လူသားများ အဖြစ်ပင် အသိအမှတ် မပြုပေ။ ကယ်ဆယ်ရေး စခန်းများ အတွင်းရှိ နှစ်သိန်း နီးပါးခန့် ရှိသော ရိုဟင်ဂျာများ အတွက် လူသားချင်း စာနာ ထောက်ထားမှု ကယ်ဆယ်ရေး အဖွဲ့အစည်းများ ဝင်ရောက် နိုင်ရေး အားလည်း မြန်မာ အစိုးရမှ တားမြစ်ထား ပါသည်။

ရိုဟင်ဂျာ များသည် ညှဉ်းပန်း နှိပ်စက်မှုနှင့် သတ်ဖြတ်မှု နည်းပေါင်းစုံအား ရင်ဆိုင် ကြုံတွေ့ နိုင်ချေ များသူများ ဖြစ်သည်။

နိုင်ငံ တနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ စနစ်တကျ ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ခွဲခြား ဆက်ဆံခြင်း၊ လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း၊ လူမျိုးတုန်း သုတ်သင် ရှင်းလင်းခြင်းနှင့် လူမျိုးတုန်း သတ်ဖြတ်ခြင်းများ အပါအဝင် အမျိုးမျိုးသော ရာဇဝတ်မှုများ ကျူးလွန် နေပါသည်။

နိုင်ငံတော် အတွင်းရှိ လူမျိုးစုများ အနက် ရိုဟင်ဂျာ လူမျိုးတစ်စုတည်း အပေါ်တွင်သာ ကလေး မွေးဖွားမှု ကန့်သတ်ချက်နှင့် အိမ်ထောင်ပြုမှု ထိန်းချုပ်ချက် တို့အား မူဝါဒ တစ်ခု အနေဖြင့် ကျင့်သုံး ပါသည်။

နိုင်ငံတော်၏ မူဝါဒ အနေဖြင့် မြန်မာနိုင်ငံသည်

- ရိုဟင်ဂျာ လူမျိုးများ တရားဝင် ရပ်တည်ခွင့်နှင့် နိုင်ငံသား ဖြစ်ခွင့်၊ ဆေးဝါး၊ အစားအစာနှင့် အခြားသော အသက်ရှင် ရပ်တည်ရေး အတွက် အခြေခံ လိုအပ်ချက် များကို ငြင်းပယ် ထိန်ချန်လျက် ရှိသည်။

- ရိုဟင်ဂျာ များအား လူမျိုးစု အဖြစ်မှ ပယ်ဖျက် ချေမုန်း လိုသည့် ခွဲခြား ဆက်ဆံရေး အသွင် သဏ္ဍန်များ၊ လူမျိုးတုန်း သတ်ဖြတ်မှုဆီ ဦးတည် စေသည့် အမုန်းပွားမှုများ စီမံချက် ချမှတ်နေသည်။ ထိုမှတဆင့် အစိုးရနှင့် လူမျိုးစွဲဝါဒီ အစွန်းရောက် များမှာ

- ယင်းလူတစ်စုလုံး ပျက်သုဉ်း သွားစေရန် တရားဝင် ခွင့်ပြုထား သကဲ့သို့ တညီတညွတ်တည်း လွတ်လပ်စွာ ဖျက်ဆီး နေသည်။

မြန်မာ အစိုးရ အာဏာပိုင် များမှာ စကားလုံး ကြီးကြီး များဖြင့် ပြောဆို နေသော်လည်း ၎င်းတို့၏ ရည်မှန်းချက်မှာ ရိုဟင်ဂျာ လူမျိုးစု တစ်ရပ်အား ဖျက်ဆီးရန် ရည်ရွယ် နေပါသည်။

ကျွန်ုပ်တို့သည် ကမ္ဘာတဝှမ်းမှ အစိုးရတိုင်း၊ လမ်းတိုင်း၊ နယ်ပယ်တိုင်းရှိ လူသားတိုင်းအား မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအား ဖျက်ဆီးရန် ကြံစည် လုပ်ဆောင်နေမှုများ ရပ်တန့် ပေးရန် တောင်းဆို လိုက်ပါသည်။

ရိုဟင်ဂျာများ အပေါ် ကျူးလွန် နေမှုသည် လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်သည်။

ဤကဲ့သို့သော ကမ္ဘာတစ်ဝှမ်း တိုက်တွန်း တောင်းဆိုမှုအား အောက်ပါ အဖွဲ့အစည်း များနှင့် စိုးရိမ် သောက ထားသူ တသီးပုဂ္ဂလတွေမှ အသိအမှတ် ပြုပါသည်။

ရိုဟင်ဂျာ မဟုတ်သည့် အဖွဲ့အစည်းများ
  • International State Crime Initiative (ISCI), King’s College, University of London
  • The Sentinel Project for Genocide Prevention, Canada
  • Global Campaign for the Rwandans Human Rights
  • London Centre for Social Impact 
  • Justice for All, USA
  • Burma Task Force USA
  • Burmese Welfare Association, USA
  • Burmese American Muslim Association 
  • Myanmar Muslim Association in Thailand
  • Myanmar Muslim Youth – Malaysia
  • Myanmar Muslim Civil Rights Movement
  • Dignity International endorses
  • Pax Romana ICMICA
  • International Movement for a Just World (JUST)

တသီးပုဂ္ဂလများ
  • Prudentienne Seward, a survivor of Rwandan genocide against Tutsi and founder of PAX - Peace for the African Great Lakes
  • Rene Claudel Mugenzi, Rwanda genocide Survivor, founder of Global Campaign for Rwandas Human Rights
  • Sai Latt, Burmese scholar and writer, Simon Frazer University, Canada
  • Ko Aung, former Burmese political prisoner and activist, London, UK
  • Soe Aung, Burmese human rights activist, Bangkok Thailand
  • Dr Kyi May Kaung, Burmese writer, scholar and artist, Washington, DC, USA 
  • Dr Zarni, Burmese scholar and activist, University of Malaya and London School of Economics
  • Youk Chhang, Executive Director, The Documentation Center of Cambodia
  • Ambassador Muhamed Sacirbey, Rome Conference/ICC Signatory, ICTY Witness on Genocide & Former Foreign Minister - Bosnia & Herzegovina 
  • Daniel Feierstein, President of the International Association of Genocide Scholars & Professor in the Faculty of Genocide Studies, the University of Buenos Aires
  • Veronica Pedrosa, Journalist and TV presenter
  • Noam Chomsky, Institute Professor, Massachusetts Institute of Technology
  • Gayatri Chakravorty Spivak, University Professor in Humanities, Columbia University & founding member of Post-Colonial Studies, USA
  • Barbara Harrell-Bond, OBE, Dir, Fahamu Refugee Center; founding director, Refugees Studies Center; Emeritus Professor, Oxford University, UK
  • Mary Kaldor, CBE, Professor of Global Governance and Director, Civil Society and Human Security Research Unit, London School of Economics, UK 
  • Dr Helen Jarvis, Genocide Studies Researcher and co-author of “Getting Away with Genocide: Elusive justice and the Khmer Rouge tribunal"
  • Imam Abdul Malik Mujahid, Parliament of World's Religions (for identifications only), USA
  • Penny Green, Professor of Law and Criminology & Director of the International State Crime Initiative (ISCI), King’s College, University of London 
  • Dr Hassan Saeed Elmogummer Taha, human rights activist, Qatar 
  • Alex Caring-Lobel, Associate Editor, Tricycle: The Buddhist Review, USA
  • Antara Dev Sen, Editor, The Little Magazine, India
  • Mohanad Hage Ali, Journalist, Lebanon
  • Dr Sabina Alkire, Dir. Oxford Poverty and Human Development Initiative (OPHI), University of Oxford, UK
  • Bridget Anderson, Professor and Deputy Director Centre on Migration, Policy and Society (COMPAS), University of Oxford, UK
  • Johan Galtung dr hc mult, founder, TRANSCEND International 
  • Barbara Harriss-White, Emeritus Professor of Development Studies and Founder-Director of Contemporary South Asian Studies, University of Oxford, UK
  • Geoff Whitty, Former Director, Institute of Education, University of London, UK
  • Michael W. Apple, John Bascom Professor of Curriculum and Instruction and Professor of Educational Policy Studies, University of Wisconsin at Madison, USA
  • James C. Scott, Sterling Professor of Political Science and Professor of Anthropology, Yale University, USA
  • Jack Healey, Executive Director, Human Rights Action Center, Washington (and former Executive Dir. Amnesty International/USA)
  • Antonio Carlos da Silva Rosa, M.A., Editor, TRANSCEND Media Service, Brazil
  • William Nicholas Gomes, Human Rights Ambassador for Salem-News.com, UK 
  • Roland Watson, Dictator Watch, Thailand
  • Francis Wade, Journalist, Thailand
  • Dr Nancy Hudson-Rodd, School of Land and Food, University of Tasmania, Hobart, Australia
  • Michael Ratna, Sri Lanka
  • Chandra Muzaffar, President, JUST, Kualar Lumpur, Malaysia
  • Darwis Khudori, Indonesian academic, France
  • Arash Sedighi, School of Oriental and African Studies (SOAS), University of London 
  • Dr Laleh Khalili, SOAS, London
  • Dr Rahul Rao, SOAS, London
  • Dr Samantha Langsdale, SOAS, London
  • Dr Ashraf Hoque, University College London (UCL)
  • Dr (Medical doctor) Mohsin Badat, UK
  • Dr. James Abdulaziz Brown, UK 
  • Dr. Jonathan Saha, University of Bristol
  • Sophie Ansel, Journalist & Writer, France 
  • Lynn Lee, Film Maker, Singapore
  • James Leong, Film Maker, Singapore
  • Dr Syed Farid Alatas, National University of Singapore 
  • Dr Matt Phillips, University of Aberystwyth, Wales, UK

ရိုဟင်ဂျာ အဖွဲ့အစည်းများ
  • Arakan Historical Society 
  • Arakan Rohingya National Organization 
  • Burmese Rohingya Organisation UK 
  • Burmese Rohingya Community in Australia (BRCA) 
  • Burmese Rohingya Association (BRA), UAE 
  • Burmese Rohingya Community Netherlands 
  • Burmese Rohingya Community in Denmark (BRCD) 
  • Burmese Rohingya Association Deutschland 
  • Canadian Burmese Rohingya Organization (CBRO) 
  • European Rohingya Council 
  • Rohingya Arakanese Refugee Committee, Malaysia 
  • Rohingya Community in Norway 
  • Rohingya Society Malaysia 
  • Rohingya Organization Norway 
  • Rohingya National Party (Kingdom of Saudi Arabia) 
  • Arakan National Congress (ANC)
  • Rohingya Association of Canada
  • Arakan Rohingya Organization Japan 
  • Rohingya American Society


“ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးတို့ ခံစားနေရသော ဒုက္ခများ”

(၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်၊ မလေးရှား နိုင်ငံတွင် ပြုလုပ်သည့် “လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ကုထုံးများ”ခေါင်းစဉ်ဖြင့် ပြုလုပ်တဲ့ ဆွေးနွေးပွဲတွင် ဝေဝေနု၏ ဆွေးနွေး တင်ပြချက်)

ဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာ လူမျိုးတွေရဲ့ ကိစ္စကို တင်ပြခွင့် ရသည့် အတွက် များစွာ ဂုဏ်ယူ မိပါတယ်။ ဒီဆွေးနွေးပွဲမှာ တက်ရောက် လာကြတဲ့သူ တွေထံက ဖိနှိပ်ချုပ်ချယ်မှု မျိုးစုံ ခံစားနေ ရတဲ့ ရိုဟင်ဂျာ လူမျိုးတွေ အတွက် မျှော်လင့်ချက်နဲ့ လက်တွေ့ဆန်တဲ့ အာမခံချက်တွေ ကျွန်မ ယူဆောင် သွားနိုင်အောင် ပေးစွမ်း နိုင်ကြ လိမ့်မယ်လို့ မျှော်လင့်မိ ပါတယ်။ ကျွန်မကို တက်ရောက် ဆွေးနွေးဖို့ ဖိတ်ကြားတဲ့ ဦးဆောင် ကျင်းပသူ များကိုလည်း ကျေးဇူး အထူးတင် ရှိပါကြောင်း ပြောကြားလို ပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုတွေကို လိုရင်း တိုရှင်း တိတိကျကျ တင်ပြ သွားမှာ ဖြစ်ပါတယ်။

မြန်မာ အစိုးရက ရိုဟင်ဂျာလူမျိုးတွေရဲ့ နိုင်ငံသားဖြစ်မှုကို ငြင်းပယ်တဲ့အတွက် သူတို့ရဲ့ ရပ်တည်မှုအတွက် အန္တရာယ်ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံတွေက တစ်ဖက်စောင်းနင်းဖြစ်ပြီး ရက်စက်တဲ့ဥပဒေလို့ ပြောနေကြတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိသလို ပုဒ်မသုံးခုမှာလည်း “မြန်မာနိုင်ငံရဲ့ လူမျိုးကြီးရှစ်မျိုးနဲ့ သူတို့ရဲ့မျိုးနွယ်စုတွေသာ တိုင်းရင်းသား (နိုင်ငံသား) ဖြစ်တယ်”လို့ ပြဋ္ဌာန်းထားပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက ရိုဟင်ဂျာလူမျိုးတွေကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုတစ်ခုလို့ အသိအမှတ်ပြုခဲ့ပေမယ့် ၁၉၈၂ ခုနှစ် ဥပဒေနဲ့ ဖယ်ရှားပစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရိုဟင်ဂျာလူမျိုးတွေကို ခွဲခြားဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေ၊ နည်းလမ်းမျိုးစုံနဲ့ နှိပ်ကွပ်လာခဲ့တာ ဒီကနေ့ထိဖြစ်ပါတယ်။ အဆုံးစွန်ပြောရရင် ရိုဟင်ဂျာလူမျိုးတွေကို လူသားမျိုးနွယ်အဖြစ်တောင် သတ်မှတ်ပုံမရတော့ပါဘူး။ ရိုဟင်ဂျာလူမျိုးတွေရဲ့ လူမှုစီးပွားဘဝတွေက ဘယ်လောက်အထိ ခက်ခဲကြမ်းတမ်းသလဲဆိုရင် အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်နေနေရပြီး ဘဝတွေဟာလည်း သေတာနဲ့မခြား ဖြစ်တည်နေပါတယ်။

စစ်အာဏာရှင်အစိုးရ အဆက်ဆက်က ရိုဟင်ဂျာလူမျိုးတွေရဲ့ အသက်ရှင်ရပ်တည်မှုအတွက် အဓိကအရေးပါတဲ့ အခွင့်အရေးအားလုံးကို ဘယ်လောက်အထိ ပိတ်ပင်တားမြစ်ခဲ့သလဲဆိုရင် -

(၁) ရိုဟင်ဂျာလူမျိုးတွေရဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ ဖျောက်ဖျက်ခံရပြီး၊ ရခိုင်ဒေသမှာ နှစ်ပေါင်းထောင်ချီ နေထိုင်လာခဲ့ကြတဲ့ ရိုဟင်ဂျာလူမျိုးတွေကို ၁၈၂၄ ခုနှစ် ဗြိတိသျှကိုလိုနီနယ်ချဲ့တွေနဲ့ပါလာတဲ့ အိန္ဒိယနွယ်ဖွားများ ဖြစ်သယောင် ပုံဖော်ခဲ့ကြပါတယ်။

(၂) ရိုဟင်ဂျာလူမျိုးတွေရဲ့ မူလအမည်ကို ဘင်္ဂါလီဟူ၍ အဓမ္မပြောင်းလဲစေခိုင်းခဲ့ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုတွေမှာ ရိုဟင်ဂျာလူမျိုးတွေကို နိုင်ငံမဲ့အဖြစ် ဖန်တီးခဲ့ကြပါတယ်။ ရိုဟင်ဂျာလူမျိုးများက မိမိတို့ကိုယ်ကို မိမိတို့ ရိုဟင်ဂျာလို့ ပြောကြားခဲ့ပေမယ့် ရခိုင်ဒေသလူဦးရေ ၃.၃သန်းရဲ့ ၂၉ ရာခိုင်နှုန်းရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို စစ်အာဏာရှင်အစိုးရ အဆက်ဆက်က ဘင်္ဂါလီလို့ အတင်းအဓမ္မ စာရင်းရေးသွင်းခဲ့ကြပါတယ်။

(၃) အဲဒီလိုပဲ အငြင်းပွားဖွယ်ရာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို တစ်ဖက်စောင်းနင်းပြဋ္ဌာန်းပြီး ရိုဟင်ဂျာလူမျိုးတွေရဲ့ နိုင်ငံသားဖြစ်မှုကို အစိုးရက ရုပ်သိမ်းခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂက ကြီးကြပ်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတကာသဘောတူညီချက်တွေမှာ ကမ္ဘာတစ်ဝန်း နိုင်ငံမဲ့သူမရှိရေးနဲ့ အကာအကွယ်ပေးရေး သတ်မှတ်ပြဋ္ဌာန်းထားခဲ့ပေမယ့် မြန်မာအစိုးရကတော့ ခိုးဝင်လာသူဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးလျက်ရှိပါတယ်။

(၄) မကြာသေးမီက သန်းခေါင်ကောက်ယူမှုမှာလည်း အစိုးရအသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးအတွက်ပဲ ကုတ်နံပါတ်သတ်မှတ်ပေးပြီး ရိုဟင်ဂျာလူမျိုးများအတွက် သတ်မှတ်ပေးခြင်းမရှိခဲ့ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရကိုယ်တိုင်က နိုင်ငံတကာသတင်းဌာနတွေကိုတစ်မျိုး၊ ပြည်တွင်းမီဒီယာတွေကိုတစ်မျိုး ကွဲပြားခြားနားစွာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာသတင်းဌာနတွေကို ပြောကြားရာမှာ ရိုဟင်ဂျာလူမျိုးတွေအနေနဲ့ အခြားဆိုတဲ့ ၉၁၄ မှာ ဖော်ပြပြီး ရိုဟင်ဂျာဟူ၍ ရေးခွင့်ရှိသယောင်ယောင် ပြောကြားခဲ့ပါတယ်။ ဆိုလိုတာကတော့ ရိုဟင်ဂျာတွေဟာ မြန်မာ့တိုင်းရင်းသား လူမျိုးစုတစ်စုဖြစ်တယ်ဆိုတာကို အသိအမှတ်မပြုဘဲ ကိုယ့်လူမျိုးအမည်ကိုတော့ လွတ်လပ်စွာဖော်ပြခွင့်ပေးတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘင်္ဂါလီလို့မရေးရင် သန်းခေါင်စာရင်းကောက်ခံရာမှာ လုံးဝစာရင်းမကောက်ဖို့ ညွှန်ကြားထားပါတယ်။ ရိုဟင်ဂျာလို့ ရေးသွင်းခြင်းကို လက်မခံလို့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ တကယ်တော့ ဒီ ၂ဝ၁၄ခုနှစ် လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုအတွက် ကမ္ဘာ့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ အပါအဝင် အနောက်အုပ်စုနိုင်ငံတွေက ငွေကြေးကူညီထောက်ပံ့ပေးတာဖြစ်တာကြောင့် ခုလိုမျိုး လူမျိုးရေးခွဲခြားဆက်ဆံမှုတွေဟာ အလွန်စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်။

အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ရဲဝန်ထမ်းတစ်ယောက် အသတ်ခံရပြီး အလောင်းရှာမတွေ့တဲ့အတွက် ရဲဝန်ထမ်းတွေကို ပိုမိုကောင်းမွန်တဲ့ လက်နက်တွေ တပ်ဆင်ပေးဖို့ ထောက်ခံတင်ပြတာတွေ တွေ့ရှိရပါတယ်။ ရိုဟင်ဂျာလူမျိုး ၂၅ ဦး အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ရိုဟင်ဂျာလူမျိုး ၂၅ ဦးကို ဆေးကုသပေးခဲ့ရကြောင်း ပြောကြားတဲ့အတွက် မောင်တောမြို့မှာ အကူအညီပေးနေတဲ့ MSF အဖွဲ့ရဲ့ ရခိုင်ပြည်နယ်တွင်း လုပ်ငန်းဆောင်ရွက်ခွင့်တွေကို မြန်မာအစိုးရက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်ခိုက်တာတွေ၊ ပိတ်ပင်တာတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့လက တိုက်ခိုက်ခံရမှုတွေကို အခုဒီမှာ ဖြန့်ဝေထားတဲ့ မတ်လထုတ်သတင်းစာစောင်မှာ ဖတ်ရှုရမှာဖြစ်ပါတယ်။

ရိုဟင်ဂျာလူမျိုးတွေကို ခွဲခြားဆက်ဆံမှုတွေဟာ အဖွဲ့အစည်းအချို့က ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်လုပ်ဆောင်နေတာဖြစ်ကြောင်း သိသာပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်တိုက်ခိုက်ခဲ့လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတာတွေ ရှိနေပါတယ်။ ရိုဟင်ဂျာလူမျိုးတွေဟာ လွတ်လပ်စွာသွားလာခွင့်မရဘဲ ကန့်သတ်ခံရခြင်း၊ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရမှ လက်ထပ်ထိမ်းမြားရခြင်း၊ ပညာရေး ကျန်းမာရေး ကဏ္ဍတွေမှာပါ ကန့်သတ်ခံနေကြရပါတယ်။ လက်ထပ်ထိမ်းမြားခွင့်နဲ့ ကလေးမွေးဖွားခွင့် တားမြစ်ကန့်သတ်ခံထားရတဲ့အတွက် ရိုဟင်ဂျာကလေးငယ် ခြောက်သောင်းလောက် မွေးစာရင်းလက်မှတ် မရရှိကြသေးပါဘူး။ ရိုဟင်ဂျာလူငယ်များ ပညာသင်ကြားရေးတွင်လည်း ဘယ်လောက်အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရသလဲဆိုရင် ၂ဝ၁၂ ခုနှစ် အကြမ်းဖက်မှု ဖြစ်ပြီးတဲ့နောက် ရိုဟင်ဂျာလူငယ် နှစ်သောင်းခန့် ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ကြရပြီး တက္ကသိုလ်ကျောင်းသူကျောင်းသား တစ်ထောင်ကျော်လောက် ပညာသင်ကြားခွင့် မရရှိတော့ပါဘူး။ ရိုဟင်ဂျာလူမျိုးအများစုဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရရှိကြပါဘူး။

ရိုဟင်ဂျာလူမျိုးတွေရဲ့ စီးပွားရေးဘဝတွေလည်း လုံးဝရပ်ဆိုင်းသွားခဲ့ပါပြီ။ ကိုယ်ပိုင်စိုက်ပျိုးမြေအားလုံးရဲ့ သုံးပုံတစ်ပုံလောက်ကို အစိုးရက စီမံပေးနေတဲ့ စံပြကျေးရွာသစ်တွေနဲ့ လုံခြုံရေးစခန်းတွေအတွက်ဆိုပြီး သိမ်းဆည်းခံရသလို၊ ကိုယ်နေထိုင်တဲ့ ကျေးရွာ၊ ရပ်ကွက်တွေကနေ အတင်းအဓမ္မ ဖယ်ရှားခံရတာကလည်း ရိုဟင်ဂျာလူမျိုးတွေအတွက် အသစ်အဆန်း မဟုတ်တော့ပါဘူး။ တစ်ဖက်သတ်တိုက်ခိုက်ခံရလို့ ရိုဟင်ဂျာလူမျိုးတစ်သိန်းခွဲဟာ ၂ဝ၁၂ ခုနှစ် နှစ်လယ်ကစပြီး ဒီကနေ့အထိ အဆင့်မမီတဲ့ ဒုက္ခသည်စခန်းတွေမှာ ချို့တဲ့စွာနေထိုင်နေကြရပါတယ်။ အိမ်တွေမီးရှို့ခံခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုးတချို့ဆိုရင်လည်း အကျဉ်းထောင်မှာနေရတဲ့ပုံစံလိုမျိုး သံဆူးကြိုးကာရံထားတဲ့ ရပ်ကွက်ဝင်းအတွင်းမှာ ထိန်းသိမ်းခံနေကြရပါတယ်။ လွတ်လပ်စွာသွားလာခွင့် မရရှိကြပါဘူး။ အဲဒီဒုက္ခသည်စခန်းက လူတွေကို သူတို့ရဲ့ မူလမြေနေရာတွေမှာ ပြန်လည်နေရာချထားပေးရေး အစီအစဉ်တွေလည်း မြင်သာထင်သာမရှိသေးပါဘူး။

လွန်ခဲ့တဲ့လက နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ စစ်တွေမြို့က ထွက်ခဲ့ရတဲ့နောက်ပိုင်းမှာ လူသားချင်းစာနာမှုအထောက်အပံ့ဆိုတာကိုတောင် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေ အစားအသောက် အာဟာရပြတ်လို့ နေ့စဉ်သေဆုံးနေကြရသလို၊ သောက်သုံးရေ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေက တော်တော်ဆိုးရွားနေပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို စနစ်တကျ အကွက်ချပြီး လူ့အခွင့်အရေးချိုးဖောက်စော်ကားနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်ပါလို့ ပြောလို့မရပါဘူး။ ရိုဟင်ဂျာလူမျိုးတစ်သောင်းကျော်ဟာ ကိုယ့်အိမ်၊ ကိုယ့်ဒေသတွေကိုစွန့်ခွာပြီး မလေးရှားနိုင်ငံအပါအဝင် အိမ်နီးချင်းအာဆီယံနိုင်ငံတွေဆီကို ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရလို့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ကူးစက်လာခဲ့တာပါ။

ဒါကြောင့် တရားမျှတမှုကို မြတ်နိုးတဲ့ ပြည်သူတွေ၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေကို မေတ္တာရပ်ခံချင်တာက -

(၁) ရိုဟင်ဂျာလူမျိုးတွေကို အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့ တောင်းဆိုပေးကြပါ။ လူ့ဘဝရပ်တည်ရေးအတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့ လုံခြုံတဲ့နေအိမ်၊ အစားအစာ၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကိစ္စတွေကို စဉ်းစားတောင်းဆိုပေးကြပါ။ လက်ရှိအခြေအနေအရဆိုရင် ဆိုးရွားတဲ့ရာသီဥတုနဲ့ အစားအသောက်မလုံလောက်မှုကြောင့် အလွယ်တကူသေဆုံးနိုင်တာကြောင့် ပိုမိုလုံခြုံဘေးကင်းတဲ့နေရာတွေဆီ ပြောင်းရွှေ့ပေးစေချင်ပါတယ်။ အဲဒီကိစ္စတွေအတွက် ရိုဟင်ဂျာလူမျိုးတွေ အပါအဝင် နေအိမ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ဘယ်လူမျိုးကိုမဆို လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ NGO တွေကို မြန်မာအစိုးရက အကာအကွယ်နဲ့ အကူအညီတွေ ပေးဖို့လိုအပ်ပါတယ်။

(၂) မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုးတွေကို မိမိတို့ရဲ့ မူလလူမျိုးအမည် (ရိုဟင်ဂျာ) အဖြစ် သန်းခေါင်စာရင်းကောက်နေတဲ့ နောက်ထပ် နှစ်လတာ အချိန်အတွင်းမှာ ရေးသွင်းခွင့်ပေးဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့လိုပါတယ်။ ဘင်္ဂါလီလို့ အတင်းအဓမ္မရေးသွင်းခံရရင် တရားမဝင်လာရောက်နေထိုင်သူအဖြစ်သတ်မှတ်ပြီး ပြည်နှင်ဒဏ်ပေးခံရဖွယ်ရှိပါတယ်။

(၃) ဒါကြောင့် နိုင်ငံတကာမိသားစုတွေအနေနဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ မြန်မာနိုင်ငံသားဖြစ်မှုနဲ့ တန်းတူအခွင့်အရေး ရရှိရေးအတွက် လုပ်ဆောင်ပေးကြစေလိုပါတယ်။ မြန်မာအစိုးရရဲ့ အခုပြောစကားတွေအရ တချို့တစ်ဝက်လောက်ပဲ နိုင်ငံသားဖြစ်ခွင့်ရရှိကြမှာဖြစ်ပေမယ့် အဲဒီလူဟာ ရွေးကောက်ပွဲဝင်ခွင့်ရှိမှာမဟုတ်သလို ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေမှာလည်း မွေးရာပါ နိုင်ငံသားတစ်ယောက်လို တန်းတူအခွင့်အရေး ရရှိမှာမဟုတ်ပါဘူး။ နိုင်ငံသားပြုခြင်းခံရသူရဲ့ နိုင်ငံသားဖြစ်ခွင့်ကိုလည်း အစိုးရက အကြောင်းအမျိုးမျိုးပြပြီး ရုပ်သိမ်းခွင့်ကလည်း ရှိနေပါသေးတယ်။

(၄) ရိုဟင်ဂျာလူမျိုးတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးက အလွန်အရေးကြီးတဲ့အတွက် မလေးရှားမှာရောက်နေတဲ့ ရိုဟင်ဂျာကလေးတွေကို ပညာသင်ကြားခွင့်ပေးဖို့ မလေးရှားအာဏာပိုင်များကို တောင်းဆိုလိုပါတယ်။ ဒါမှလည်း အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားသုံးသပ်နိုင်တဲ့၊ သဘောထားမျှတတဲ့ မွတ်စ်လင်မ်တွေ ဖြစ်လာကြမှာပါ။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလည်းပေးဖို့ တောင်းဆိုလိုပါတယ်။
(၅) လာမယ့်နှစ်မှာ မလေးရှားနိုင်ငံက အာဆိယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူတဲ့အခါ မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စကို ဆွေးနွေးနိုင်ရေးအတွက် စီစဉ်ပေးစေလိုပါတယ်။ အခုလက်ရှိ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ မြန်မာအစိုးရကတော့ အာဆီယံခေါင်းဆောင်များအပါအဝင် အာဆီယံအရပ်ဘက်လူ့အဖွဲ့အစည်းတွေကိုပါ ရိုဟင်ဂျာကိစ္စ ဆွေးနွေးခြင်းကို တားမြစ်ထားပါတယ်။ ဒီတော့ ကျွန်မတို့ ရိုဟင်ဂျာလူမျိုးများကိစ္စကို အစိုးရတွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေကပါ ပွင့်လင်းရိုးသားစွာ လွတ်လွတ်လပ်လပ် ဆွေးနွေးတိုင်ပင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းအဖြေရှာကြစေလိုပါတယ်။

အာဆီယံရဲ့ ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သလို OIC ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့ ကျွန်မတို့ရဲ့ ရိုဟင်ဂျာလူမျိုးကိစ္စကို စိတ်အားထက်သန်စွာဖြင့် ပါဝင်ပြီး အဖြေရှာဖို့ ကြိုးပမ်းလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ရိုဟင်ဂျာပြဿနာကို အာဆီယံအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်ကတည်းက သိရှိခဲ့ပေမယ့် ထိရောက်တဲ့လုပ်ဆောင်မှု မရှိခဲ့ပါဘူး။ ရိုဟင်ဂျာတွေရဲ့ အခြေအနေက အလွန်စိုးရိမ်စရာ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို မြန်မာ့မြေပေါ်က အပြီးတိုင်ဖယ်ရှားပစ်ဖို့ လူအသေအပျောက်များတဲ့ သတ်ဖြတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကျွန်မရိုးသားစွာ ယုံကြည်ပါကြောင်း တင်ပြအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

လုယက်သည့် ရခိုင် (၃) ဦးမှ တစ်ဦး


RB News
29.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကမ္ဘောဇဘဏ် ရှေ့တွင် ရခိုင် (၃) ဦးက ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ငွေလုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ်ရှိ ကမ္ဘောဇဘဏ်မှ ငွေထုတ်လာသည့် လှဖိုးခေါင်း ကျေးရွာ အုပ်စုမှ ဦးမာမတ်အာမီးန် (ဘ) ဦးအဒူဆလာမ် ထံမှ ရခိုင် (၃) ဦးက ငွေကျပ် ၁၅၀၀၀ လုယက်၍ ထွက်ပြေး သွားကြကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေလုယက်သည့် ရခိုင် (၃) ဦး အနက် တစ်ဦးသည် လွန်ခဲ့သည့် ဇန်န၀ါရီလ (၂၇) ရက်နေ့ကလည်း မောင်တောမြို့မဈေးတွင် ဈေးဝယ်နေသည့် ရိုဟင်ဂျာ အမျိုးသမီး နှစ်ဦးထံမှ ငွေကျပ် ၅ သောင်း လုယက်၍ ထွက်ပြေး သွားခဲ့သူ ဖြစ်သည်။

မောင်တောမြို့ပေါ်တွင် နေ့ပိုင်း အချိန်တွင် ယခုကဲ့သို့ လုယက်သူများ အတင့်ရဲသကဲ့သို့ လုံခြုံရေး တာဝန်ယူထားသည့် လုံထိန်းများကလည်း မကြာခဏ အကြောင်းမဲ့ ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ မကြာခဏ ကြုံရလေ့ ရှိသည်။




RB News
28.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် ရဲတပ်ကြပ် တစ်ဦးနှင့် ၎င်း၏ တပည့် ဖြစ်သူတို့၏ ရိုက်နှက်မှုကြောင့် အသက် ၆၅ နှစ် အရွယ် လူကြီး တစ်ဦး သေဆုံးခဲ့ ရကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၇) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာရှိ ကားဂိတ်တွင် ကွမ်းယာရောင်းသည့် ဦးလီယာကောတ်အလီ (ခ) ဦးဆူရီးယား (အသက် ၆၅ နှစ်) ကို ကြိမ်ချောင်း ကျေးရွာ အုပ်စု မြောက်ရွာ အခြေစိုက် နယ်ခြားစောင့်တပ်မှ တပ်ကြပ် ကျော်ဝင်းနှင့် ၎င်း၏ တပည့်ဖြစ်သူ ရော်ဟိမ်း (ဘ) ဦးမိုင်နာ တို့က မတရားသဖြင့် ရိုက်နှက်ခဲ့မှုကြောင့် မောင်တော ဆေးရုံသို့ အရေးပေါ် လူနာအဖြစ် ပို့ခဲ့ရသည်။ အဆိုပါ အသက် ၆၅ နှစ် အရွယ် ဦးလီယာကောတ်အလီသည် ရဲတပ်ကြပ်နှင့် တပည့်ဖြစ်သူ တို့၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ရရှိသည့် ဒဏ်ရာဖြင့် ယနေ့ (ဧပြီလ ၂၈) တွင် မောင်တော ဆေးရုံ၌ သေဆုံး သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တပ်ကြပ် ကျော်ဝင်းနှင့် တပည့်ဖြစ်သူ တို့သည် ကြိမ်ချောင်း ကားဂိတ်တွင် ရပ်နားသည့် ကားများမှ တစ်စီးလျှင် နှစ်ထောင်ကျပ်၊ ကားငယ် တစ်စီးလျှင် တစ်ထောင်ကျပ် ကောက်ခံ လျက်ရှိကြောင်း သိရှိရပါသည်။ ဧပြီလ (၂၇) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ဦးလီယာကောတ်အလီ၏ ဆိုင်တွင် ကွမ်းဝယ်နေသည့် ကားသမား တစ်ဦးထံမှ တပ်ကြပ် ကျော်ဝင်းနှင့် တပည့် ဖြစ်သူ ရော်ဟိမ်း တို့က ငွေကျပ် နှစ်ထောင် တောင်းရာ၊ ကားသမားက ငွေတစ်ထောင်သာ ပေးသည့် အတွက် ဆိုင်တွင်းတွင်ပင် ရိုက်နှက်ရာ ဦးလီယာကောတ်အလီက တားသဖြင့် ဦးလီယာကောတ်အလီကို ဆိုင်ပြင်သို့ ဆွဲထုတ်ပြီး နှစ်ဦးစလုံးက လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကျောက်ရာ၊ ပါးစပ်မှ သွေးများထွက်၍ ထိုနေရာတွင်ပင် သတိလစ် သွားခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည့် ဦးလီယာကောတ်အလီကို ဒေသခံ ရွာသားများက မောင်တော ဆေးရုံသို့ ပို့ခဲ့သည်။

ဦးလီယာကောတ်အလီသည် ရဲတပ်ကြပ် ကျော်ဝင်းနှင့် တပည့် ဖြစ်သူတို့၏ လူမဆန်စွာ တိရစ္ဆာန်ကဲ့သို့ ရိုက်နှက်မှုကြောင့် ယနေ့ (ဧပြီလ ၂၈) သေဆုံး သွားကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းသည် အလွန်ဆင်းရဲ နွမ်းပါးသူ တစ်ဦး ဖြစ်ပြီး ကွမ်းယာရောင်း၍ မိသားစုများကို ရှာဖွေ ကျွေးမွေး စောင့်ရှောက် နေသူ တစ်ဦး ဖြစ်သည်။

ရဲတပ်ကြပ် ကျော်ဝင်း၏ တပည့် ဖြစ်သူ ရော်ဟိမ်း၏ နေအိမ်သို့ ရဲတပ်ကြပ် ကျော်ဝင်း အပါအ၀င် ရဲတပ်သားများ အမြဲဝင်ထွက် နေပြီး၊ ၎င်း၏ နေအိမ်တွင် စုပေါင်း၍ မူးယစ် ဆေးဝါး သုံးစွဲသည်ဟု ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ လူမဆန်စွာ ရိုက်နှက်ခြင်းများကို ယခင်ကလည်း ၎င်းတို့ ကျူးလွန်ခဲ့ကြပြီး၊ မိသားစု စားဝတ်နေရေး အတွက် ရှာဖွေ ရုန်းကန် နေသည့် သက်ကြီး ရွယ်အို တစ်ဦးကို ရိုက်နှက်ခြင်းကြောင့် အသက်ပင် ဆုံးရှုံးသွား ရသည့် အတွက် လူသတ်မှု ကျူးလွန်သူ နှစ်ဦးကို တရား ဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့ထံ တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။




RB News
28.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် ရဲများက ခရီးသွား (၃) ဦးကို ခြိမ်းခြောက်၍ ငွေ ၅ သိန်းခွဲ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၇) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးရွာ (တူလာတူလီ) မှ ကြိမ်ချောင်းသို့ လာနေသည့် ခရီးသွား (၃) ဦး ဖြစ်သည့် (၁) ဦးမူဟီဘုလ္လာ (ဘ) ဦးဒေါရ်ဘေ့ခ်ျအလီ (အသက် ၃၂ နှစ်)၊ (၂) ဦးဖော်ရီဒူလ္လာ (ဘ) ဦးဘော်ရှီရ်အာမတ် (အသက် ၃၅ နှစ်) နှင့် ဒေါ်တူဟုရာဘေဂမ် (ဘ) ဦးမာမတ်ဒုလ္လာ (အသက် ၂၇ နှစ်) တို့ကို ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်မှ ဒုရဲအုပ်၊ တပ်ကြပ်ခင်လှိုင်၊ ရဲတပ်သား ဇော်ဇော်၊ တမန်းသား ရွာမှ အမည်မသိ တစ်ဦး၊ ကြိမ်ချောင်းရွာမှ ဦးသာနိုးအောင်၏ သားတို့က အောင်စစ်ပြင် ကျေးရွာရှိ ကြက်ကျိန်း ဗလီရှေ့တွင် ရပ်ခိုင်းပြီး စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးနေစဉ် မင်းကြီးရွာ အခြေစိုက် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦး လာနေသည်ကို တွေ့သဖြင့် ရဲများက အဆိုပါ ခရီးသွား (၃) ဦးကို အိမ်တစ်အိမ် အတွင်းသို့ ဆွဲသွင်း၍ ၀ှက်ထားခဲ့သည်။ အဆိုပါ ဗိုလ်ကြီး ၎င်းတို့၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသည့် အခါ အိမ်အပြင်သို့ ခေါ်ထုတ်၍ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၂၅ သိန်း ပေးမှ ဆက်လက် သွားခွင့် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“နေ့လည် ၁ နာရီ ကနေ ၄ နာရီ အထိ အကြောင်းမဲ့ အမျိုးမျိုး ခြိမ်းခြောက် ခဲ့တယ်။ ငွေ ၂၅ သိန်း မပေးရင် တရားမ၀င် ဖုန်း ကိုင်နေတယ် ဆိုပြီး အမှုဖွင့်မယ်၊ ပြီးရင် ထောင်ချမယ် ဆိုပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးတော့ အဲဒီ မင်းကြီး ရွာသားတွေက ကြောက်ပြီး ငွေ ၅ သိန်း ၅ သောင်း ပေးလိုက်ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အမေရိကန် သမ္မတ အိုဘားမား- မလေးရှား နိုင်ငံ Malaya University မှာ အာရှ လူငယ် များနဲ့ တွေ့ဆုံရန် လာစဉ်။ (ဧပြီ ၂၇၊ ၂၀၁၄)


ဒေါ်ခင်မျိုးသက်
28.4.2014

မြန်မာနိုင်ငံမှာ လူနည်းစု မွတ်ဆလင်တွေကို ဖိနှိပ်မှုတွေ လုပ်မယ် ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်း နေမှုဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ Barack Obama က သတိပေးလိုက် ပါတယ်။ မလေးရှားနိုင်ငံကိုရောက်နေတဲ့ သမ္မတ အိုဘားမားဟာ တနင်္ဂနွေနေ့က အာရှ လူငယ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်သလို ဒေသတွင်း တည်ငြိမ်ရေးအတွက်လည်း အမေရိကန်ပြည်ထောင်စုက အကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာရှ ၄ နိုင်ငံ ခရီးထွက်လာတဲ့ သမ္မတအိုဘားမားဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ၃ ရက်တာရှိနေစဉ်အတွင်း တနင်္ဂနွေနေ့က မြန်မာ အပါအဝင် အာဆီယံ ဆယ်နိုင်ငံက လူငယ် ၁၀၂ ဦးနဲ့ မလေးရှားတက္ကသိုလ်မှာ တနာရီခွဲကြာ တွေ့ဆုံခဲ့တာပါ။ တချိန်က အထီးကျန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို ချီးကျူးခဲ့ပေမယ့် ဘာသာရေးနဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်နေတာတွေ့ရတာမို့ ဒါတွေဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

“နိုင်ငံတနိုင်ငံမှာ အတူယှဉ်တွဲနေထိုင်ကြသူတွေ အချင်းချင်း ခွဲခြားဆက်ဆံမှု ရှိနေမယ် ဆိုရင် အောင်မြင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာမှာမဟုတ်ပါဘူး။ တကယ်လို့ မလေးရှားနိုင်ငံမှာ မွတ်ဆလင် မဟုတ်သူတွေအတွက် အခွင့်အလန်းတွေ ဖွင့်မပေးရင် အောင်မြင်မှာမဟုတ်သလို မြန်မာနိုင်ငံအတွက်လည်း မွတ်ဆလင်တွေကို ဖိနှိပ်နေရင် အောင်မြင်မှာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံမှာ မကြာခင်နှစ်တွေအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေ အတိုက်ခိုက်ခံရသလို ဖိနှိပ်မှုတွေပါ ရှိနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေကရော ရခိုင်ပြည်နယ်ထဲက မူစလင်ဆန့်ကျင်သူတွေကို စောင့်ကြည့် လေ့လာနေသူတွေကပါ ပြောနေကြတာပါ။ အမေရိကန်သမ္မတနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် ဆယ်ဦးပါဝင်ပြီး ကရင်တိုင်းရင်းသား စောထက်ခန့်အောင်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြု မေးခွန်းမေးခွင့်ရခဲ့သူပါ။

"ကျနော်တို့နိုင်ငံက အာဆီယံနိုင်ငံထဲမှာ တနိုင်ငံအပါအဝင်ပေါ့နော်- အာဆီယံဒေသကို ပြန်ကြည့်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိတယ်။ ဥပမာ လူမျိုးတွေကွဲပြားမယ်၊ ဘာသာစကားကွဲပြားမယ်၊ သူတို့ရဲ့သမိုင်းတွေကလည်း ကွဲပြားမယ်၊ သူတို့ရဲ့အုပ်ချုပ်ပုံတွေကလည်း အကုန်လုံး ကွဲပြားမယ်ပေါ့။ အဲဒီလိုမျိုး ကွဲပြားခြားနားမှုတွေ အများကြီး ရှိတဲ့အခါမှာ အဲလိုမျိုး ကျော်လွှားပြီးတော့ နောက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို သမ္မတအနေနဲ့ ဘယ်လိုများ ခွန်အားပေးချင်လဲဆိုတာလေး မေးခဲ့ပါတယ်။ ကျနော် အကြိုက်ဆုံးနဲ့ သတိရတာ တချက်ပဲ ကျနော် ပြောချင်တယ်။ အဲဒါက ဘာလဲဆိုတော့ သူများရဲ့ဖိနပ်ကို ဝင်စီးကြည့်လိုက်ပါ။ ဝင်စီးကြည့်လိုက်ပြီးတော့မှ သူတို့ ခံစားသလို ခံစားကြည့်လိုက်ပါ-ပေါ့။ အဲလိုဆိုလို့ရှိရင် ကျနော်တို့အတွက် မေးခွန်းတွေ မေးစရာရှိလာမယ်၊ အမြင်တွေ အများကြီးတွေ့လာမယ်ပေါ့။ အဲဒီကနေပြီးတော့ ကျနော်တို့ ဘယ်လိုမျိုး အဖြေညှိပြီးတော့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ အာဆီယံအသိုက်အဝန်းကို တည်ဆောက်မလဲ-ဆိုတာပါပဲ။"

ကောင်းမွန်တဲ့ အာဆီယံ အသိုက်အဝိုင်းတခု တည်ဆောက်ဖို့နဲ့ အာရှဒေသ တည်ငြိမ်အေးချမ်းစေဖို့ အမေရိကန်နိုင်ငံက ကူညီမယ်လို့ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတအိုဘားမားက ကတိပေးခဲ့သလို လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

"အာရှပစိဖိတ်ဒေသ ပိုပြီးလုံခြုံဖို့ အတူလက်တွဲ လုပ်ဆောင်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဖြစ်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ဖို့ထက် ငြိမ်းချမ်းရေးကိုပဲ ကြည့်ပါတယ်။ ပြဿနာဖြစ်နေတဲ့ ဒေသတွေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း ပြေလည်သွားဖို့၊ နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေကို အနိုင်မကျင့်ဖို့နဲ့ နိုင်ငံအားလုံးဟာ နိုင်ငံတကာ ဥပဒေအောက်မှာ တန်းတူညီမျှမှု ရှိနေရမှာပါ။"

သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ်မှာပဲ ပရိတ်သတ်ထဲက TPP ခေါ် ပစိဖိတ်ဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကို ဆန့်ကျင်သူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတွေ ကြုံခဲ့ရပါတယ်။

ဒီ ကုန်သွယ်မှုသဘောတူစာချုပ်က TPP ပစိဖိတ်ဒေသတွင်း နိုင်ငံများ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်တာဖြစ်ပြီး နိုင်ငံတနိုင်ငံ ကြွယ်ဝချမ်းသာလာစေဖို့ အရေးပါတဲ့ အချက်တွေဖြစ်တဲ့ အလုပ်သမား အကာအကွယ်ပေးမှုအဆင့် မြင့်မားလာစေဖို့နဲ့ သဘာဝဝန်းကျင် ကာကွယ်ဖို့အပြင် ဉာဏမူပိုင်ခွင့် ကာကွယ်ရေးတွေ ရှိလာစေဖို့ လုပ်ဆောင်တာဖြစ်ပြီး ဒါတွေဟာ တရားဥပဒေ စိုးမိုးမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိလာစေဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။
မလေးရှား နိုင်ငံ၊ Malaya တက္ကသိုလ် အတွင်း Town Hall Meeting မှာ သမ္မတ အိုဘားမားနဲ့ တောင်အာရှ လူငယ်များ တရင်းတနှီး တွေ့ဆုံ ကြစဉ်။ (ဧပြီလ ၂၇၊ ၂၀၁၄)


မနန္ဒာချမ်း
27.4.2014

လက်ရှိကမ္ဘာမှာ ကြုံတွေ့နေတဲ့ ပြဿနာတွေကို မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ ကြိုးစား ဖြေရှင်းတဲ့ အခါ အမေရိကန် ပြည်ထောင်စု အနေနဲ့ မိတ်ဆွေ အဖြစ် ဆက်လက် ရှိနေမယ်လို့ သမ္မတ ဘရက်ခ် အိုဘားမားက ပြောကြား ခဲ့ပါတယ်။ ဒီကနေ့ မလေးရှား နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ အဲ့ဒီလို ပြောကြား ခဲ့တာပါ။ ဒီပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ခေါင်းဆောင် တွေကလည်း သမ္မတ အိုဘားမားကို မတူကွဲပြားမှု တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ ကြပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ် မေးမြန်း ထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထား ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားရဲ့ (YSEALI) လို့ခေါ်တဲ့ အရှေ့တောင် အာရှ လူငယ်ခေါင်း ဆောင်များ ဦးဆောင် ဦးရွက် ပြုမှု အစီအစဉ် အရ - ဒီကနေ့ ကွာလာလမ်ပူ မြို့တော် မလေးရှား တက္ကသိုလ်မှာ အာဆီယံ ၁၀ နိုင်ငံက လူငယ် ခေါင်းဆောင် ၁၀၃ ဦးနဲ့ တွေ့ဆုံတဲ့ Town Hall Meeting တခုကို ပြုလုပ် ခဲ့တာပါ။ ဒီအစီ အစဉ်ဟာ သမ္မတ အိုဘားမားရဲ့ ၃ ရက်ကြာ မလေးရှားနိုင်ငံ ခရီးစဉ်ရဲ့ တစိတ်တပိုင်း လည်းဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်း အာဆီယံ လူငယ် မျိုးဆက်သစ် တွေကြား ပိုမို ရင်းနှီးမှု ရှိလာအောင်နဲ့ ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်းက အဓိကကျတဲ့ ပြဿနာတွေကို အမြင်ချင်း ဖလှယ် ဆွေးနွေး ကြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီပွဲအတွင်း သမ္မတ အိုဘားမားက လူငယ်တွေရဲ့ အနာဂတ် အခန်း ကဏ္ဍနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ ပါတယ်။

“နောက်မျိုးဆက်တွေ အတွက် ရှေ့လာမယ့် အနှစ် ၂၀၊ ၃၀ မှာ စိတ်ချလက်ချ ဖြစ်အောင် လုပ်နိုင်ဖို့က ခင်ဗျားတို့ အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီအချိန်ကျရင် အခြေအနေတွေက အရင်တုန်းကထက် အများကြီး ပိုကောင်းနေပါလားဆိုပြီး လူတွေက ပြောကြမှာပါ။ လာမယ့် အနှစ် ၂၀-၃၀ မှာလည်း ပြဿနာတွေက ရှိနေဦးမှာပါ၊ ဒါပေမဲ့လည်း ဒီကနေ့အချိန်မှာ ပြဿနာ တော်တော်များများကို ခင်ဗျားတို့ ရှင်းထားနိုင်တဲ့အတွက် တူမှာတော့ မဟုတ်တော့ပါဘူး။ အမေရိကန်အနေနဲ့ကတော့ ဒီလုပ်ငန်းစဉ်မှာ မိတ်ဖက်အဖြစ်နဲ့ ဆက်လက် လက်တွဲသွားမှာပါ။”

အခုလို သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့အတွက် အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်ရာမှာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ၁၀ ဦးလည်း ပါဝင်ခဲ့တာပါ။ သူတို့ ၁၀ ဦးစလုံးကတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက လူမျိုး၊ ဘာသာမတူတဲ့ ပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံရေးနဲ့ လူထုအခြေပြုလုပ်ငန်းတွေမှာ လုပ်ကိုင်နေ ကြသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အခုလိုမျိုး သမ္မတ အိုဘားမားနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရတာနဲ့ ပတ်သက်လို့

“အခုထိအောင် စိတ်လှုပ်ရှားသေးတယ်။ ကျမတို့က ပထမတန်း ၂ တန်းလောက်မှာ ထိုင်ရတော့ သမ္မတအိုဘားမားနဲ့က ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ခွင့်လည်း ရလိုက်တယ်ရှင့်။ အရမ်းလည်းနီးကပ်တော့ စစချင်း ဒါ တကယ်လားလို့ - အဲလိုမျိုး ထင်မိတယ်ရှင့်။ သမီးတို့လို လူငယ်တွေကို အရမ်းကို လေးလေးစားစားနဲ့ ဆက်ဆံတယ်၊ ဖိတ်ခေါ်တယ်၊ အဲလိုမျိုး သူ့ကို အရမ်းလေးစားသွားတယ်ရှင့်။”

မမေဖြိုးဖြိုးအောင် ပြောပြခဲ့တာပါ။ တခါ ကချင်တိုင်းရင်းသား ဒေးဗစ်ဂွမ်အောင် ကလည်း -

“သမ္မတအိုဘားမားက အစကတည်းက ကျနော့်ရဲ့ Ideal Person ပေါ့နော်။ သူ့ကို ကျနော် အစကတည်းက လေးစားပါတယ်။ လူချင်းတွေ့တော့ ပိုပြီးတော့တောင် သဘောကျသွားသေးတယ်။ ပြီးတော့သူက Cool ဖြစ်တယ်ပေါ့နော်၊ အရမ်းကိုမိုက်တယ်။ လူငယ်တွေနဲ့လည်း တသားတည်းဖြစ်သွားအောင်နေတယ်။ သမ္မတက အဲလိုမျိုး သူ့ဖာသာသူ စင်ပေါ်မှာနေနေတာမဟုတ်ဘဲနဲ့ ကျနော်တို့နဲ့ တသားတည်း၊ တထပ်တည်းဖြစ်တယ်။ ကျနော်တို့ရဲ့စိတ်ကို နားလည်ပေးတယ်။ ကျနော်တို့နိုင်ငံမှာလည်း အဲလိုခေါင်းဆောင်မျိုး လိုအပ်တယ်လို့ ပိုပြီး မြင်လာပါတယ်။”

ဒါ့အပြင် တက်ရောက်လာတဲ့ အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေကို တနိုင်ငံချင်းစီ မေးခွန်းတခုမေးခွင့် ပေးခဲ့တာမှာ မြန်မာနိုင်ငံ ကိုယ်စားပြု မေးခွင့်ရခဲ့တဲ့ ကရင်တိုင်းရင်းသား စောထက်အောင်ခန့် က -

“ကျနော်မေးခဲ့တာက ကျနော်တို့နိုင်ငံကနေ အာဆီယံနိုင်ငံထဲမှာ တနိုင်ငံအပါအဝင်ပေါ့နော်- ကျနော်တို့အာဆီယံဒေသကို ပြန်ကြည့်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် လူမျိုးတွေကွဲပြားမယ်၊ နောက်ပြီး ဘာသာစကားကွဲပြားမယ်၊ နောက်ပြီးတော့ သူတို့ရဲ့သမိုင်းတွေကလည်း ကွဲပြားမယ်၊ သူတို့ရဲ့အုပ်ချုပ်ပုံတွေကလည်း အကုန်လုံး ကွဲပြားမယ်ပေါ့။ အဲဒီလိုမျိုး ကွဲပြားခြားနားမှုတွေပေါ့နော်- အများကြီး ရှိတဲ့အခါမှာ အဲလိုမျိုး ကျော်လွှားပြီးတော့ နောက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို သမ္မတအနေနဲ့ ဘယ်လိုများ ခွန်အားပေးချင်လဲဆိုတာလေး မေးခဲ့ပါတယ်။ ကျနော် အကြိုက်ဆုံးနဲ့ သတိရတာ တချက်ပဲ ကျနော် ပြောချင်တယ်။ အဲဒါက ဘာလဲဆိုတော့ သူကိုယ်တိုင်က ပြောခဲ့တယ်ပေါ့နော်- သူများရဲ့ဖိနပ်ကို ဝင်စီးကြည့်လိုက်ပါ။ ဝင်စီးကြည့်လိုက်ပြီးတော့မှ သူတို့ ခံစားသလို ခံစားကြည့်လိုက်ပါ-ပေါ့။ အဲလိုဆိုလို့ရှိရင် ကျနော်တို့အတွက် မေးခွန်းတွေ မေးစရာရှိလာမယ်၊ အမြင်တွေ အများကြီးတွေ့လာမယ်ပေါ့။ အဲဒီကနေပြီးတော့ ကျနော်တို့ ဘယ်လိုမျိုး အဖြေညှိပြီးတော့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ အာဆီယံအသိုက်အဝန်းကို တည်ဆောက်မလဲ-ဆိုတာပါပဲ။”

သမ္မတ အိုဘားမားရဲ့ လူငယ်တွေအပေါ် လေးလေးစားစားနဲ့ အချိန်ပေး ပြန်လည်ဖြေကြားမှုတွေကို ၁၀၀ % သဘောကျမိတယ်လို့လည်း စောထက်အောင်ခန့်က ပြောဆိုခဲ့ပါတယ်။ ဒီလို အမေးအဖြေကဏ္ဍမတိုင်ခင်မှာတော့ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားခဲ့ပြီး - အဲ့ဒီမှာ အဓိကအနေနဲ့ ရာသီဥတုဖောက်ပြန်မှုလို ပြဿနာတွေ အပါအဝင် ကမ္ဘာမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို ပြဿနာတွေကို မျိုးဆက်တိုင်း လူငယ်တွေက ဖြေးဖြေးချင်း ကြိုးစားဖြေရှင်းသွားဖို့ တာဝန်ရှိတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ်တွေကတော့ ဒီကနေ ရလာတဲ့ အတွေ့အကြုံတွေကို မြန်မာပြည် ပြန်ရောက်တဲ့အခါ မြန်မာလူငယ်တွေအကြား ပြန်ပြီး ဖလှယ်သွားမယ်လို့လည်း ကိုမင်းကိုကို က ပြောပါတယ်။

“ဒီ Workshop မှာဆိုလို့ရှိရင် ပရောဂျက်တွေကို ကျနော်တို့ အနေနဲ့ စီစဉ်နေရပါတယ်။ Team အလိုက် ခွဲပြီးတော့ပေါ့နော်။ အဓိကအားဖြင့် education –Environment နဲ့ နောက် People’s Engagement နဲ့ နောက် Economics ဆိုပြီးတော့ လေးမျိုး ခွဲထား ပါတယ်။ အဲဒီမှာ team လေးတွေခွဲပြီးတော့ ကိုယ်ပိုင် ပရောဂျက်လေးတွေ စီစဉ်ကြပါတယ်။ ကျနော်တို့ပြန်ပြီဆိုတာနဲ့ ကိုယ်ပိုင် ပရောဂျက်လေးတွေကို ကျနော်တို့ရွေးချယ်ထားတဲ့ အခန်းကဏ္ဍကနေ စပြီးတော့ ကြိုးစားပြီး အကောင်အထည်ဖော်သွားမှာပါ။”

အာရှ-ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိဖို့အတွက် အမေရိကန်က အလေးအနက်ထား ဆောင်ရွက်နေတယ်ဆိုတာကို ပြသဖို့ သွားရောက်တဲ့ ဒီအာရှလေးနိုင်ငံခရီးစဉ်အတွင်း အမေရိကန်သမ္မတတစ်ဦးအနေနဲ့ အခုလို အာဆီယံနိုင်ငံတွေက လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုဟာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။




RB News
27.4.2014

မောင်တော ။ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးဝင်းမြင့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းမှ စ၍ ဘူးသီးတောင်နှင့် မောင်တော မြို့နယ် များရှိ ဒေသခံ ရိုဟင်ဂျာ များနှင့် တွေ့ဆုံ၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုး အမည်ကို ကွက်လပ် ထားရန် ဒေသခံများကို စည်းရုံး ခဲ့သော်လည်း မအောင်မြင် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်တွင် ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၅၀ ဦးကို လ.၀.က ဒုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံ၍ လူမျိုး အမည်ကို ကွက်လပ် ထားရန် ဒေသခံများကို စည်းရုံး ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ညနေ ၄ နာရီ အချိန်တွင် လ.၀.က ဒုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်သည့် အဖွဲ့သည် မောင်တောမြို့နယ်သို့ ရောက်ရှိပြီး ရပ်ကွက် ၅ ခုမှ ရပ်မိရပ်ဖ ၅၀ ဦးနှင့် တွေ့ဆုံခဲ့သည်။

ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ခံပြီးပြီ ဖြစ်ကြောင်း၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များသာ ကျန်ရှိနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို ၉၁၄ ဘေးတွင် ကွက်လပ်ချန်၍ ကောက်ခံ သွားမည့် အကြောင်းကို ယခင် ခရီးစဉ်တွင် စာမူကြမ်းပါ ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အကယ်၍ သန်းခေါင်စာရင်းကို အကောက်မခံ ပါက ဒေသ ဖွံ့ဖြိုးရေး များတွင် ကျန်နေမည် ဖြစ်ကြောင်း၊ အကောက် မခံပါကလည်း သန်းခေါင်စာရင်း အောင်မြင်စွာ ပြီးဆုံး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုဝန်ကြီး ဦးဝင်းမြင့်က သန်းခေါင်စာရင်းသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့် အညီ ကောက်ခံ နေခြင်း ဖြစ်ကြောင်း အစိုးရ ဘက်မှ ဒီထက် အလျှော့ပေးမည် မဟုတ်ကြောင်း၊ ယခု တစ်ကြိမ် လာရောက် ဆွေးနွေးခြင်းသည် နောက်ဆုံး အကြိမ်ဖြစ်ကြောင်း၊ ၉၁၄ ဘေးတွင် ကွက်လပ် ထား၍ ဖြေမည် ဆိုလျှင် အကျိုး ရှိမည် ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် ဥပဒေနှင့် အညီ နိုင်ငံသား ရသင့်သူ အချို့ကို နိုင်ငံသား ကဒ်များ ထုတ်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးမောင်စံရွှေက ဤဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင် ပေးထားပြီး ဖြစ်ကြောင်း၊ လမ်း၊ တံတား၊ ဆေးရုံ၊ ရေကန်များ၊ ကျောင်းများ တည်ဆောက် ပေးထားပြီး ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသူများ ဆွေးနွေးနိုင်ကြောင်း ပြောဆို၍ ဖိတ်ခေါ်ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ညွန်ချုပ် ဦးမောင်မောင်သန်းက ပေးခဲ့သည့် စာမူကြမ်းကို ပြည်သူများကို ချပြခဲ့ပြီး ပြည်သူများ၏ သဘော ဆန္ဒကို တောင်းခံခဲ့ကြောင်း၊ မိမိသည် ပြည်သူများ၏ ကိုယ်စားလှယ် ဖြစ်သောကြောင့် ပြည်သူများ၏ သဘော ဆန္ဒကို တင်ပြရလျှင် မိမိတို့သည် နိုင်ငံတော်၏ စေတနာကို တန်ဖိုးထားကြောင်း၊ သန်းခေါင်စာရင်း ကိုလည်း ဥပဒေနှင့် အညီ ပါဝင်ရန် အသင့်ရှိနေကြောင်း၊ မိမိတို့သည် ရှေးယခင် ကတည်းက ဤနိုင်ငံတွင် တိုင်းရင်းသားများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုး နည်းတူ သန်းခေါင်စာရင်းတွင် ပါဝင်လိုကြောင်း၊ မိမိတို့၏ လူမျိုး အမည်ကို မိမိတို့ သဘော ဆန္ဒအတိုင်း ပြောဆိုနိုင်သည်ဟု ဥပဒေ ပြဌာန်း ထားသည့် အတွက် မိမိတို့၏ လူမျိုး အမည်ကို ကွက်လပ် ချန်မထားဘဲ မေးခွန်း ၄၁ ချက်လုံးကို ပြည့်ပြည့်၀၀ ဖြေဆိုနိုင်ရန် နိုင်ငံတော် အကြီးအကဲ များက ကူညီပေးရန် တောင်းဆိုကြောင်း၊ နိုင်ငံတကာ စံနှုန်းကို လိုက်နာပြီး သန်းခေါင်စာရင်းတွင် မိမိတို့၏ လူမျိုးကို လွတ်လပ်စွာ ရေးသားခွင့် ပြုမည်ဟု မျှော်လင့်ကြောင်း၊ အများပြည်သူများ နည်းတူ ရေးသားနိုင်ရန် နိုင်ငံတော် အကြီးအကဲများက ခွင့်ပြုပေးရန် လေးနက်စွာ တောင်းဆိုကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးကျော်မင်းက ၉၁၄ ဘေးတွင် ကွက်လပ်ထား၍ သန်းခေါင်စာရင်း ကောက်ခံမည်ကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း၊ မိမိတို့၏ လူမျိုး အမည်ကို ရေးသားခွင့် ပေးမှသာ ပါဝင်ကြမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။

ဒုဝန်ကြီး ဦးဝင်းမြင့်က အစိုးရမှ ထပ်မံ၍ အလျှော့ပေးမည် မဟုတ်သဖြင့် မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ကြားရန် ပြောကြားပြီး တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဘူးသီးတောင် မြို့နယ်တွင်လည်း ပြည်နယ် လွှတ်တော် အမတ် ဒေါက်တာ ဘရှီရ်အာမတ်က အလားတူ ဆွေးနွေးခဲ့ပြီး၊ ရပ်မိရပ်ဖ ၆ ဦးက ၎င်းတို့ အနေဖြင့် နိုင်ငံတကာ စံနှုန်းနှင့် အညီ မိမိတို့၏ လူမျိုး အမည်ကို ရေးခွင့် ပေးပါက ဖြေဆိုရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။

ဒုဝန်ကြီး ဦးဝင်းမြင့်က မေလ ၅ ရက်နေ့ထိ စဉ်းစားရန် အချိန်ပေးခဲ့သော်လည်း မိမိတို့ အနေဖြင့် စဉ်းစားရန် လိုအပ်မှာ မဟုတ်ဘဲ အချိန်တိုင်းတွင် အဖြေတစ်မျိုးသာ ဖြေဆိုရန် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ (ယာ-အစွန်)


26.4.2014

မြန်မာနိုင်ငံဟာ သူ့နိုင်ငံရဲ့သမိုင်းကို ပုံဖော်နေတဲ့ အချိန်ရောက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့ မိတ်ဆွေ နိုင်ငံများ အဖွဲ့ကို မြန်မာ့ မိတ်ဖက် နိုင်ငံများ အဖွဲ့ အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ ပြီးနောက် ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲမှာ Mr. Ban Ki Moon က ခုလို ပြောသွားတာ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့လည်း တက်ရောက်တဲ့ ဆွေးနွေးပွဲမှာ အပြု သဘောဆောင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ အများ အပြား လုပ်နေတဲ့ မြန်မာနိုင်ငံဟာ သမိုင်းဝင် အသွင် ကူးပြောင်းမှုကို စတင်နေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ ပါတယ်။

အခုလို မြန်မာ အစိုးရဲ့ ဆောင်ရွက်ချက်တွေနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းနဲ့ အလုပ် ဖြစ်တဲ့ ဆက်ဆံရေး တည်ဆောက် နိုင်ခဲ့တဲ့ အပေါ် ဆွေးနွေးပွဲ တက်ရောက် ကြတဲ့ မြန်မာ့ မိတ်ဖက် နိုင်ငံတွေ ဖက်ကလည်း အကောင်းဘက် သွားနေတဲ့ ခြေလှမ်းတွေ အဖြစ် မြင်ကြတယ်လို့ ဆွေးနွေးပွဲ အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ပါတယ်။

ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိရေး အတွက် ဆောင်ရွက်နေတဲ့ နေရာတွေမှာ ဆက်ပြီး အားပေး ထောက်ခံ သွားမယ် လို့လည်း မြန်မာ့ မိတ်ဖက် နိုင်ငံများ အဖွဲ့ဝင် နိုင်ငံတွေက ပြောကြား ခဲ့ကြ ပါတယ်။

တချိန်တည်းမှာပဲ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ နိုင်ရေး အတွက် ဘက်အားလုံးက နိုင်ငံရေး စိတ်ဆန္ဒ ရှိမှုကို ပြသဖို့လည်း တိုက်တွန်းပါတယ်။

တခါ ရခိုင် ပြည်နယ် ထဲမှာ အကြမ်းဖက်မှု တွေဖြစ်အောင် လှုံ့ဆော်မှု မှန်သမျှကို အစိုးရက ပြတ်ပြတ် သားသား ကိုင်တွယ် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထောက်ပြ ပါတယ်။ လူမှု အသိုင်း တွေကြား ရှိနေတဲ့ တင်းမာမှု တွေကို ကျော်လွှား နိုင်ဖို့နဲ့ နိုင်ငံသား သတ်မှတ်ရေး ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းရေးဟာ တန်းတူညီမျှမှု ရှိပြီး အားလုံး ပါဝင်တဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အတွက် အရေးတကြီး ဆောင်ရွက် သင့်တာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကလည်း အနှစ် ၃၀ အတွင်း ပထမဆုံး ကောက်ခံတဲ့ သန်းခေါင် စာရင်း ကောက်ခံမှုနဲ့ ဆက်နွယ် နေတဲ့ ပြဿနာတွေ၊ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေ၊ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ဖို့
ညှိုနှိုင်း နေကြတဲ့ ကိစ္စတွေ၊ ရခိုင်ပြည်နယ် အပြင် တခြား ဒေသတွေမှာ ဘာသာရေးနဲ့ မတူညီတဲ့ လူမှု အသိုင်း အဝိုင်း တွေကြား တင်းမာမှုတွေဟာ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ ဖြစ်တဲ့ စိန်ခေါ်မှုတွေ ဖြစ်တယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေး အတွက် အရေးကြီးတဲ့ အဆင့်ကို ရောက်နေတဲ့ ကာလမှာ မြန်မာ အစိုးရနဲ့ မြန်မာပြည်သူ တွေကို ကုလသမဂ္ဂက ဆက်ပြီး ထောက်ခံ သွားမယ် ဆိုတာကို မြန်မာ့ မိတ်ဖက် နိုင်ငံများ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထပ်ပြီး အာမခံ သွားခဲ့ ပါတယ်။

ဌေးလွင်ဦး
RB News
26.4.2014

ဦးသိန်းစိန် အစိုးရအား အကြံပေးလိုခြင်း ဖြစ်သည်။ လူမှုရေး နယ်ပယ်တွင် အမှားတစ်ခုအား ကျူးလွန် မိသည်သောအခါ "ခွင့်လွှတ်ပါဗျာ" ဆိုသည့် "ဘွာခတ်"ရန် စကားလုံး ရှိသော်လည်း နိုင်ငံရေးတွင် မှား လျှင် "ဘွာခတ်" နိုင်ခွင့် မရှိပါ။ အမှားသေးသေး တစ်ခုအား ကျူးလွန်မိလျှင်ပင် အနည်းဆုံး ရာထူးမှ နှတ်ထွက်ပေးရမည် ဖြစ်သည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ထိုသို့ သတ်ဖြတ်ခြင်းအား အရေး မယူ လျှစ်လျူရှုထားမှု၊ လူမျိုး တစ်မျိုးအား လူမျိုးတုံး သုတ်သင်မှု၊ လူမျိုးတုံးသုတ်သင်ရန် ကြံစည်မှု၊ လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်လုပ်ဆောင်နေသူတို့အား မသိကျိုးကျွံပြု လွှတ်ပေးထားမှု၊ အမုန်း စကား၊ အမုန်းတရား ပြောဆိုနေသူတို့အား ဘေးမဲ့ပေးထားယုံမျှ မက နယ်လှည့် အမုန်းတရား ဟောပြော ခိုင်းထားမှုတို့ အတွက် အရေးယူခြင်း မရှိ မသိဟန်လွှဲ မျက်စပစ်ပေးထားမှုတို့ စသည့် ကြီးမားသော ရာဇ၀တ်မှုတို့ အတွက် ခွင့်လွှတ်ပေးနိုင်သော ဇာတ်လမ်း ဟူ၍ မရှိပါ။

ရိုဟင်ဂျာ လူမျိုးစု အပေါ် အစိုးရုံးကိုယ်တိုင်မှာ လုပ်ကြံသတင်းများ ဖြန့်ချီလျှက် လူမျိုးတုံး သုတ်သင် ရန် ကြံစည်မှုကြီးနှင့် ရိုဟင်ဂျာ လူမျိုးတုံး သုတ်သင်မှုကြီးအား အစိုးရကိုယ်တိုင်မှ စနစ်တကျ အကွက် ဆင်လုပ်ကိုင်ခဲ့ကြောင်း တိကျသေချာသည့် အထောက်အထားများအား ကမ္ဘာ့အသိုင်းအ၀ိုင်းမှ လက် ဆုပ်လက်ကိုင် ရထားပြီး ဖြစ်နေသည်။

ရိုဟင်ဂျာ လူမျိုးဟူသည် မရှိ ကျူးကျော်သူ ဘင်္ဂလီများသာ ဖြစ်သည်ဟု လုပ်ကြံဝါဒဖြန့်မှုကြီးမှာလည်း ဦးသိန်းစိန်အစိုးရနှင့် ၎င်း၏ လက်ပါးစေ ရာဇ၀တ်ကောင်များ၏ ထွင်လုံးသာ ဖြစ်ကြောင်း ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ တပ်အပ်သေချာ သိနေခဲ့ပြီ။ မိမိတို့၏ ထွင်လုံးအား မရအရ ပုံသွင်းဖြစ်တည်လာစေ ရန် ရိုဟင်ဂျာ ဟူသည့် အမည်နာမကိုယ်ပင် လက်မခံ ဇွတ်ငြင်းနေခြင်းများ၊ အစိုးရ အာဏာ ပါဝါတို့ အား အလုံးအရင်းဖြင့် ပုံအောလျှက် ရိုဟင်ဂျာတို့ကို ဘင်္ဂလီအဖြစ် ခံယူခိုင်းခြင်းများမှာ ဦးသိန်းစိန် အစိုးရအတွက် အချိန်ကုန် လူပန်း အိပ်ပျက် စားရိတ်တက်မည့် အလုပ်သာ ဖြစ်သည့် အပြင် မိမိတို့၏ လည်ပင်းအား အသင့်ရှိနေပြီး ဖြစ်သော ညွှတ်ကွင်း (ကြိုးကွင်း) ထဲသို့ မရမက ထိုးထည့်ပေးနေခြင်း သာ ဖြစ်နေတော့သည်။ (ဤသည် ခြိမ်းချောက်မှု မဟုတ်)

ရိုဟင်ဂျာတို့သည် သူတို့၏ သမိုင်း စဉ်ဆက် ပိုင်မြေတွင် ရိုးအေးစွာ နေထိုင်သူများသာ ဖြစ်ပြီး ခွဲထွက် ရေးတောင်းဆိုခြင်း မရှိ (အစိုးရ လုပ်ကြံသော သတင်းများသာ ရှိသည်။) ပြည်ထောင်စု အတွင်း တန်း တူညီမျှ အခွင့်အရေးမှ လွဲ၍ သူတစ်ပါးထက် ပိုမိုသော အခွင့်ထူး တောင်းဆိုခြင်းလည်း မရှိဘဲလျှက် ရိုဟင်ဂျာ ဟူသည့် အမည်တစ်ခုသည် အချုပ်အခြာ အာဏာကို ထိခိုက်စေသည်ဟူသော ဟာသ မြောက်သည့် စကားလုံးများဖြင့် တိုင်းသူပြည်သားတို့အား အစိုးရကိုယ်တိုင်မှ မှိုင်းတိုက် အမုန်းဖြန့်ချီ နေခြင်းကိုလည်း ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ တပ်အပ်သိနေပြီး ဖြစ်သည်။

ဝုန်းဒိုင်းကြဲ အဓိကရုဏ်း ဖန်တီးကာ မျိုးပြုတ် သုတ်သင်နိုင်ခြင်း ဗျူဟာ ကျဆုံး သွားသော အခါ- စားရေး ရိက္ခာ ဆေးဝါး ဖြတ်တောက် ပိတ်ဆို့သော နည်းဖြင့် မှည့်ချွေချွေခြင်း ဗျူဟာကို ဆက်လက် ကျင့်သုံးနေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု အဖြစ် အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်း နေခြင်းတို့မှာ ဦးသိန်းစိန် အစိုးရ ကိုယ်တိုင်က လူမျိုးတုံး သတ်ဖြတ်မှု Genocide ကို ဗြောင်တိုက် လုပ်ဆောင် နေကြောင်း လက်တွေ့ မျက်တွေ့ ၀န်ခံနေခြင်းပင် ဖြစ်သည်။

ရိုဟင်ဂျာတို့ အတွက် တော်လှန်ရေး လုပ်ဆောင်နေသော ပြည်ပ ခေါင်းဆောင်များသည်- ဦးသိန်းစိန် အစိုးရမှ ဦးစီးလျှက် ရခိုင်သမိုင်းကို ဗြောင်လိမ်ခဲ့စဉ်က သမိုင်းဖေါ် တော်လှန်ရေးကိုသာ လုပ်ခဲ့သော ကြောင့် သူတို့သည် သမိုင်း ဆရာ များသာ ဖြစ်သည်။ သမိုင်းရေးရင်း အချိန်များ ကုန်လွန် စေသူများသာ ဖြစ်မည်ဟု လျှော့တွက်မိလျှင် လွန်စွာ မှားယွင်းနေပေမည်။

၁၉၄၂ မှ စ၍ နည်းမျိုးစုံ ဖိနှိပ် ညှင်းဆဲခံခဲ့ရသော အတွေ့အကြုံများအား ရင်းလျှက် ရိုဟင်ဂျာ ခေါင်း ဆောင်များမှာ တော်လှန်ရေး အနုပညာအား ကျွမ်းကျင်လိမ္မာစွာ တတ်မြောက်ခဲ့ပေပြီ။ ဦးသိန်းစိန် အစိုးရမှ မျှားခေါ်သွားမည့် လမ်းကြောင်းထဲသို့ မည်သည့်အခါမျှ လိုက်သွားမည် မဟုတ် သကဲ့သို့ ထို မျှားခေါ်သွားမည့် လမ်းကြောင်းတိုင်းအား ကြိုတင်သိနေလျှက် ထိုလမ်းကြောင်း တစ်ခုစီအား ဦးသိန်း စိန် အစိုးရ အတွက် ထောင်ချောက် ညွှတ်ကွင်း အဖြစ် ကြိုတင်စီမံထားနိုင်သော အရည်အချင်းများ ဉာဏ်ပညာ ဗဟုသုတများ ရှိနေပြီး ဖြစ်သည်။

တနည်းအားဖြင့် တော်လှန်ရေးတွင် ရန်သူက တစ်ကွက်ဦးစေမည့် မူဝါဒအား မည်သည့်အခါတွင်မျှ အဖြစ်ခံမည် မဟုတ်ဘဲ- မိမိဘက်မှ အနည်းဆုံး နှစ်ကွက်ဦးနေစေမည့် မူဝါဒကိုသာ ကျင့်သုံးသွားမည် ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ဦးသိန်းစိန်တို့ဘက်မှ မည်သည့်နည်းနှင့်မျှ ရုန်းထွက်၍ မရနိုင် တော့ပေ။ ထိုအခြေအနေအား ဦးသိန်းစိန် အစိုးရမှ ပွင့်ပွင့်လင်းလင်း သိစေလိုပါသည်။

တိုင်းပြည်အား ဦးဆောင်နေသည့် တိုင်းပြည်တစ်ခု၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဦးသိန်းစိန် အနေဖြင့် သိစေလိုသည်မှာ ယခု ငြိနေပြီ ဖြစ်သော ကြိုးကွင်းမှာ ၀ုန်းကနဲ ရှေ့တိုးသည် ဖြစ်စေ၊ ၀ုန်းက နဲ နောက်ဆုတ်သည် ဖြစ်စေ စိကနဲ လည်မြိုအား ညှစ်မည့် ကြိုးကွင်း ဖြစ်နေပြီ။ မသိမသာ အနုနည်း ဖြင့် ရှေ့တိုးရန်လည်း မဖြစ်နိုင်လောက်အောင် တံတိုင်းကြီး ကာရံပြီး ဖြစ်သည်။ သို့ဖြစ်၍ တစ်ခုတည်း သော နည်းလမ်းမှာ ဖြေးဖြေး ညှင်သာ နောက်သို့ တစ်လှမ်းချင်း ဆုတ်ရန်သာ အကန့်အသတ်နှင့် ရှိနေသည်။

စစ်သားများ ဖြစ်ခဲ့သည့် အတွက် နောက်ဆုတ်ဗျူဟာ ဆိုသည်အား အထူးသင်ပေးရန် လိုမည်မဟုတ် ပေ။ ရာဇ၀တ်မှုအတွက် တိုက်ရိုက်ကျူးလွန်ခဲ့သူများ စိတ်ဓါတ်စစ်ဆင်ရေးဖြင့် တစ်ဘက်သတ် စိတ်ဓါတ် အနိုင်ကျင့်ခဲ့သူများအား ထိရောက်သေချာစွာ ဖမ်းဆီး အပြစ်ပေးရမည်။ ရိုဟင်ဂျာတို့အား ရိုဟင်ဂျာ အမည်နာမဖြင့်သာ တန်းတူညီမျှ အခွင့်အရေးကို ပေးရမည်၊ အခြားသူများ နည်းတူ တိုင်းပြည်အနှံ့ လွတ်လပ်၍ စိတ်ချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်ခွင့်ပြုပေးရမည်၊ မြန်မာ ပြည်မမှ မွတ်ဆလင်တို့အား တန်းတူညီမျှ အခွင့်အရေးပေးရမည်၊ အမုန်းတရား ဟောပြော နေသူ တို့အား ထိရောက်စွာ အရေးယူ အပြစ်ပေးရမည်။ အထိကရုန်းကာလများ အတွင်း ခုခံပိုင်ခွင့် အလျှောက် ခုခံခဲ့သည့် ဖမ်းဆီးခံ မွတ်ဆလင်တို့အား ချက်ချင်း ချွင်းချက်မရှိ လွှတ်ပေးရမည်။ ဤသည် ဦးသိန်းစိန် အစိုးရ အတွက် တစုံတရာ အချိန်မှီသေးသော စစ်ဆုတ်နည်း ဗျူဟာသာ ဖြစ်တော့သည်။ ဤသည်ကို မသိကျိုးကျွံပြု အချိန်ဆွဲနေလျှင်- ကျွန်ုပ်တို့ဘက်မှ ရွေ့နေသော အရွေ့ သည် ရပ်တန့်နေခြင်း မဟုတ် ဟူသည်ကိုလည်း သိစေလိုပါသည်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း


26.4.2014

မြန်မာ့ မိတ်ဆွေ နိုင်ငံ များကို ပြန်လည် ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့ အရေး လုပ်ဖော် ကိုင်ဖက်များ အဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်း အဝေးကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူ ကျင်းပ ခဲ့ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ လည်း တက်ရောက် ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်း ပြောင်းလဲ လာမှုကို ထင်ဟပ်တာ ဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ဒီလုပ်ဖော် ကိုင်ဖက်များ အုပ်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲ ဖြစ်ထွန်းမှု တွေကို ဆက်လက် ထောက်ခံ အားပေး သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည် အခြေအနေနဲ့ ပါတ်သက်ပြီး အကြမ်းဖက်မှု လှုံ့ဆော်သူ အမုန်း တရားဟောပြော သူတွေကို အစိုးရက ပြတ်ပြတ် သားသား အရေးယူဖို့ လိုတယ်လို့ ဖော်ပြ ထားပါတယ်။ နိုင်ငံသား ဖြစ်မှု ကိစ္စကိုလည်း ဖြေရှင်း ရမယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသမှာ နိုင်ငံတကာက ဝင်ရောက်နိုင်ရေး အတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ဖိအားပေးမှု ကိုလည်း အဖွဲ့ဝင်တွေက ကြိုဆိုကြ ပါတယ်။ သန်းခေါင် စာရင်း ကောက်ယူ ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ကိုလည်း ဆွေးနွေးကြပြီး အသွင် ကူးပြောင်းရေးကို ကူညီသွားဖို့ အတွင်းရေးမှုးချုပ်က ပြောကြား ခဲ့ပါတယ်။




RB News
26.4.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အတွင်းရှိ အာဏာပိုင် များ၏ ခရိုနီ (၃) ဦးကြောင့် ဒေသခံများ နစ်နာလျက်ရှိကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ပြုစု ကျေးရွာ အုပ်စု၊ ဖက်လိပြင် ကျေးရွာမှ ဦးမာမတ်အာမိန် (ဘ) ဦးနာဇိရ်ဟူစိန်းနှင့် ဦးအီဗြာဟိမ်း (ဘ) ဦးဘာသာမျာ တို့သည် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လခစား တပည့်များ ဖြစ်ပြီး၊ အာဏာပိုင်များထံ သတင်းပေးလုပ်သူ များဖြစ်သည်။ ထိုသူနှစ်ဦးသည် ဆင်းရဲ နွမ်းပါးသည့် ဒေသခံများကို “မင်းတို့ကို လုပ်ချင်သလို လုပ်လို့ရတယ်၊ ငါတို့က ဒီဒေသမှာ ရှင်ဘုရင်တွေ ဖြစ်တယ်” ဟု ပြောဆိုလေ့ရှိပြီး၊ စော်ကားမှုများလည်း မကြာခဏ ပြုလုပ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဦးမာမတ်အာမိန်ကို တရားမ၀င် ဖုန်းကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့သော်လည်း အမှတ် (၂) ရဲတပ်ရင်း တာဝန်ခံ ဒုရဲမှူးကြီး ရဲထူးလှိုင်က ငွေယူ၍ ပြန်လည် လွှတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် ပိုမို အတင့်ရဲလာပြီး ယခုအခါ တစ်ရွာလုံး ပိုင်ဆိုင်သည့် ပုဇွန်ကန်ကို စစ်တပ် အတွက်ဟု ဆိုကာ တစ်ဦးတည်း ပိုင်ဆိုင်နိုင်ရန် ကြိုးစားလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ ထိုကဲ့သို့ ကြိုးပမ်း နေမှုကြောင့် ဒေသခံ ရွာသားများက ၎င်းတို့၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးရမည်ကို စိုးရိမ်လျက် ရှိကြသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရ ကျေးရွာ အုပ်စု မြောက်ရွာမှ ဦးအဘုလ်ကာဆိမ်း (ဘ) ဦးဖော်ကိရ်အာမတ်သည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့ပြီး၊ မြို့နယ်ခွဲ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ အမည်တပ်၍ ကျွန်းပေါက် ဆင်အိုး ကျေးရွာမှ အုတ်ဖိုလုပ်ငန်း လုပ်ကိုင်သည့် ရွာသားများကို အုတ်လုပ်ငန်းများ၊ ထင်းခုတ်ခြင်းများ လုပ်ကိုင်ခိုင်းပြီး လုပ်အားခငွေ သိန်းပေါင်းများစွာကို မပေးသည့် အပြင် ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် မြို့နယ်ခွဲ အုပ်ချုပ်ရေး၊ စ.ရ.ဖ၊ ရဲစခန်းနှင့် သတင်းတပ်ဖွဲ့ တို့က ၎င်းကို ကိုယ်စားလှယ် ခန့်အပ် ထားသည့်ဟု ဆိုကာ ပုဇွန်ကန် လုပ်ကိုင်သူ များထံမှ လစဉ် တာကာငွေ ၂၀၀၀ စီကောက်ခံလျက် ရှိသည်။ ၎င်းသည် ယခင် အစိုးရ လက်ထက်ကလည်း ယခုကဲ့သို့ အာဏာပိုင်များ၏ ကိုယ်စားလှယ် အဖြစ် လုပ်ကိုင်ခဲ့ရာ ၂၀၀၄ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် (၂၈) နှစ်ကျခဲ့ရာ ယခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့သည်။ ယခုကဲ့သို့ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဟု ဆိုကာ ငွေကြေးများ ကောက်ခံခြင်း၊ အလုပ်သမား များကို အလုပ်ခိုင်း၍ လုပ်အားခ မပေးခြင်း တို့ကြောင့် ဒေသခံများ နစ်နာလျက် ရှိသည့် အတွက် အထက် အာဏာပိုင်များက ပြင်းထန်စွာ အရေးယူ ပေးပါရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အစီရင်ခံ တင်ပြ။ ဧပြီ ၂၄၊ ၂၀၁၄။ သတင်း ဓာတ်ပုံ- Global Justice Center


အင်ကြင်းနိုင်
26.4.2014

မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေ အပေါ် မြန်မာ စစ်တပ်က အတင်း အဓမ္မ ပြုကျင့်တာတွေ ရှိနေဆဲ ဖြစ်တဲ့ အတွက်၊ ဒီကျူးလွန်မှုတွေက ရပ်တန့် သွားအောင်နဲ့ ကျူးလွန်သူ တွေကို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အစီရင်ခံ တင်ပြလိုက် ပါတယ်။ ဒါ့အပြင် အတင်း အဓမ္မ ပြုကျင့်ခံရတဲ့ အမျိုးသမီးတွေ အတွက် တရားမျှတမှု ရအောင် ဆောင်ရွက် ပေးဖို့ ကိုလည်း တောင်းဆို လိုက်ပါတယ်။

ကြာသာပတေးနေ့က နယူးယောက်မြို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သီးသန့် ပြုလုပ်တဲ့ ပဋိပက္ခဒေသတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲမှာ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကိုကိုယ်စားပြုပြီး ကရင်အမျိုးသမီး အစည်းအရုံး က နော်ကညော်ဖေါ်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

ဒါဟာ ပထမဆုံးအကြိမ် ကုလသမဂ္ဂဘက်က မြန်မာ့အမျိုးသမီးရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရမဟုတ်တဲ့ လူထုအခြေပြုအဖွဲ့အစည်းဖြစ်တဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို တရားဝင် ဖိတ်ခေါ်ဆွေးနွေးတာပါ။ မနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သီးသန့်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နော်ကညော်ဖေါ်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာ-

“ အဓိကပြောတာက ကျမတို့ မြန်မာပြည် မြောက်ပိုင်းမှာ ကချင်ပြည်နယ်ပဲဖြစ်ဖြစ်၊ ရှမ်းပြည်နယ်ပဲ ဖြစ်ဖြစ် ပဋိပက္ခတွေဖြစ်နေတုန်းပဲ၊ စစ်ပွဲတွေဖြစ်နေတုန်းပဲ။ ပြီးတော့ အဲ့ဒီ့စစ်တိုက်ပွဲဖြစ်နေတဲ့အချိန် ဗမာ့တပ်မတော်က လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တာရှိနေတုန်းပဲ။ အဲ့တာ UN ဆီမှာ ပြောပြတာပေါ့နော်။”

VOA။ ။ အဲ့တော့ လုံခြုံရေးကောင်စီမှာ နော်ကညော်ဖော်ကိုယ်တိုင် လာပြီးတော့ တင်ပြရတဲ့ အဓိကရည်ရွယ်ချက် က ဘာပါလဲရှင့်။

“ကျမတို့မြန်မာပြည်မှာ တိုင်းရင်းသားအမျိုးသမီးတွေပဲဖြစ်ဖြစ်၊ ကလေးငယ်အမျိုးသမီးတွေပဲဖြစ်ဖြစ် အတင်းအဓမ္မပြုကျင့်ခံရတာကို ရပ်ပစ်ဖို့ ပြောပြချင်တယ်။ ပြီးတော့လည်း မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေပဲဖြစ်ဖြစ် တရားမျှတမှု၊ ပြီးတော့ ကျမတို့ မြန်မာပြည်ထဲမှာ စစ်တွေက စိုးမိုးနေတုန်းပဲ။ စစ်တပ်က ဘယ်လိုမျိုး အစိုးရအောက်က ရှိရမယ်ဆိုတဲ့ Constitution ဖွဲ့စည်းပုံ ၂၀၀၈ က ပြန်ပြင်ရမှာပေါ့။ ကျမတို့ ဗမာပြည်အတွက် တကယ့်ငြိမ်းချမ်းရေး ရလာအောင် ဘယ်လိုလုပ်ရတယ်ဆိုတာ ကျမတို့ ဒီမှာ လာပြောပြတာပေါ့။”

ဆက်လက်ပြီးတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သီးသန့်ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်သူတွေရဲ့ တုန့်ပြန်ချက်တွေကို တဆက်တည်းမေးကြည့်တော့

“အစိုးရကိုယ်စားလှယ်တွေလည်း လာတယ်။ ဗမာပြည်အစိုးရတွေကလည်း လာတယ်။ တခြားလည်း လာတယ်။ နားလည်တာပဲလေ။ တခြားနေရာမှာလည်း အာဖရိကတိုက်မှာလည်း အဲ့လိုမျိုး မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေ အများကြီးရှိတယ်ဆိုတော့ သူတို့သိတယ်။ ပိုပြီးတော့ နားလည်လာတာပေါ့နော်။ ကျမကို အထူးကျေးဇူးတင်ရှိတယ်။ အဲ့ဒီ့အကြောင်းအရာတွေကို အခုက သိပ်မကြားရတော့ဘူးလေနော်။ အဲ့ဒီ့တကယ့်ဖြစ်ပျက်နေတဲ့ တိုင်းရင်းသားနယ်မြေထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ မုဒိမ်းကျင့်ခံရမှုတွေကို ကျမတို့ကို လာတင်ပြတော့ တကယ့် မြန်မာပြည်အခြေအနေကို သူတို့က သိတာပေါ့နော်။”

နော်ကညော်ဖော်ဖြစ်ပါတယ်။။ ဒီဆွေးနွေးပွဲဖြစ်မြောက်အောင် နယူးယောက်မြို့အခြေစိုက် Global Justice Center ၊ Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၊ Nobel Women’s Initiative စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကနေ ဒီနှစ် ဇန်န၀ါရီလက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာတော့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးအရေအတွက် ၁၀၄ဦးရှိကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ မုဒိမ်းကျင့်ခဲ့တဲ့ မြန်မာစစ်သား ၃၈ ဦးရှိပြီး အခုချိန်ထိ သူတို့ကို အရေးယူအပြစ်ပေးတာမျိုး မရှိသေးဘူးလို့လည်း ရေးသားထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက်အခြေအနေတွေဟာ ဒီကနေ့အချိန် တိုင်းရင်းသားဒေသတွေမှာ ပြောင်းလဲခြင်း မရှိသေးပဲ မြန်မာစစ်တပ်ကနေ ကျူးလွန်နေတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။



RB News
26.4.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် အမှတ် (၂) လုံထိန်း တပ်ရင်းတွင် အဓမ္မ လုပ်အားပေး ခိုင်းစေ နေခြင်းကို မသွားရောက်သည့် လူငယ် (၅) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူးက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၂) ရဲတပ်ရင်းမှ တပ်ရင်း တာဝန်ခံ ဒုရဲမှူးကြီး ဝေလင်းကိုသည် စခန်းဝင်းခြံ သံဆူးကြိုး ကာရံရန် အတွက် လိုအပ်သော တိုင်များကို နီးစပ်ရာ ကျေးရွာ အုပ်စုများ ဖြစ်သော ကျောက်ချောင်း ကျေးရွာ အုပ်စု၊ ကျွန်းပေါက် ပြုစုနှင့် ကျွန်းပေါက် ဆင်အိုး ကျေးရွာ အုပ်စုများမှ ပေးရမည်ဟု လည်းကောင်း၊ လိပ်ရ ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာများက လုပ်အားပေး၍ တိုင်များ စိုက်ထူ ပေးရမည်ဟု လည်းကောင်း အမိန့်ထုတ်ပြန် ခဲ့ရာ အဆိုပါ သတင်းကို RB News တွင် ဧပြီလ (၆) ရက်နေ့က ဖော်ပြခဲ့သည်။

RB News တွင် သတင်း ဖော်ပြပြီးနောက် ဒုရဲမှူးကြီး ဝေလင်းကိုက တိုင်များကို အလကား မယူတော့ဘဲ တိုင်တစ်တိုင်လျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် ရှင်းပေးခဲ့သည်။ သို့သော်လည်း တိုင်များ၏ ကာလတန်ဖိုးမှာ တစ်တိုင်လျှင် ငွေကျပ် ၄၀၀ ကျော် ရှိသဖြင့် ဒေသခံများမှာ နှုန်းထား တစ်ဝက်ခန့်သာ ရရှိ၍ နစ်နာခဲ့ရသည်။ လိပ်ရ ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာများကို အတင်း အဓမ္မ လုပ်အားပေး ခိုင်းလျက် ရှိပြီး ဧပြီလ (၂၅) ရက်နေ့က လုပ်အားပေးရန် မသွားခဲ့သည့် လူငယ် (၅) ဦးကို ဒုရဲမှူးကြီး ဝေလင်းကို၏ အမိန့်အရ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးဆွေတာလမ်က လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရိုက်နှက်ခံရသည့် လူငယ် (၅) ဦးမှာ --

(၁) မောင်ဆော်ဒူလာမိန် (ဘ) ဦးရှောမ်ရှု (အသက် ၁၄ နှစ်)
(၂) မောင်လာလူး (ဘ) ဦးအေဘာဒုလ္လာ (အသက် ၁၈ နှစ်)
(၃) မောင်ဖေရာန် (ဘ) ဦးအာမီရ်အုလ္လာ (အသက် ၁၈ နှစ်)
(၄) မောင်နူရ်ဟာရှိမ်း (ဘ) ဦးဟာလာရှုနာ (အသက် ၂၁ နှစ်)
(၅) မောင်ဇာဟိတ်ဟူစိန်း (ဘ) ဦးနူမာလ်ဟာကိမ်း -- တို့ဖြစ်သည်။

နိုင်ငံတော်မှ အတင်း အဓမ္မ ခိုင်းစေခြင်းကို တားမြစ် ထားသော်လည်း မောင်တောခရိုင်ရှိ မြို့နယ် များတွင် ဒေသဆိုင်ရာ အာဏာပိုင်များက အာဏာ အလွှဲသုံးစား ပြုလုပ်၍ ခိုင်းစေလျက် ရှိသည့် အတွက် ဒေသခံများမှာ ဥပဒေမဲ့ ခိုင်းစေ နေခြင်း အတွက် အာဏာပိုင်များကို တိုင်ကြား၍ မရဘဲ ၎င်းတို့ ညှဉ်းပန်း နှိပ်စက်သမျှကို ခံနေရကြောင်း၊ ယခုကဲ့သို့ နေ့စဉ်နှင့် အမျှ ညှဉ်းပန်း နှိပ်စက် နေခြင်းများကို ပြည်ထောင်စု အစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးရန် တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။




RB News
25.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် တပ်ရင်း အမှတ် (၅၅၂) မှ တပ်ထောက် ဗိုလ်ကြီးနှင့် တပ်ဖွဲ့ဝင်များ၊ GE တပ်ခွဲမှ စာရေးက ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၆ ရက်နေ့က တပ်ရင်း (၅၅၂) မှ တပ်ထောက် ဗိုလ်ကြီး နေပိုင်စိုးသည် ဒေသခံ တစ်ဦး ဖြစ်သည့် ဦးမိုဟာမတ်ယာကုပ် (ဘ) ဦးမိုဟာမတ်အီခ်ဘာလ် ကို လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ရင်ဘတ် ရောင်ကိုင်း ခဲ့ကြောင်း သိရှိရပါသည်။ ဗိုလ်ကြီး နေပိုင်စိုးသည် ဦးမိုဟာမတ်ယာကုပ်၏ ဆိုင်မှ ပစ္စည်းများ အကြွေးဝယ်၍ အကြွေး မပေးသဖြင့် တပ်ရင်းသို့ လိုက်သွားပြီး အကြွေးတောင်း သဖြင့် ယခုကဲ့သို့ ရိုက်နှက်ခြင်း ဖြစ်ပြီး အကြွေးများလည်း ပြန်မပေးကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ တပ်ရင်းမှ တပ်သားများသည် သင်္ဂနက် ကျေးရွာနှင့် အခြား ကျေးရွာများမှ ဒေသခံများကို အတင်းအဓမ္မ လုပ်အားပေး ခိုင်းခြင်း၊ ကြက်ခြံများမှ ကြက်များ၊ ကြက်ဥများ ယူသွားခြင်း၊ အကြောင်းမဲ့ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိပြီး၊ ယခုလည်း သင်္ဂနက် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ၁၂ ဦးကို နေ့စဉ် အတင်း အဓမ္မ ခိုင်းစေလျက် ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် အခြားရွာများမှလည်း မကြာခဏ ခေါ်ယူ၍ ခိုင်းလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဧပြီလ ၂၁ ရက်နေ့တွင် တပ်ရင်း (၅၅၂) မှ တပ်သား တစ်ဦးက သင်္ဂနက် ကျေးရွာရှိ ဦးအဒူမာဘူသ် (ဘ) ဦးအဒူဂဖူရ်၏ ငါးဆိုင်သို့ လာရောက်၍ ငါးများ ၀ယ်သယောင်ဖြင့် ငါးများ ယူပြီးနောက် ငွေမပေးဘဲ ထွက်သွားခဲ့ရာ၊ ကျသင့်ငွေကို ဆိုင်ရှင်မှ တောင်းသော်လည်း ခြိမ်းခြောက်၍ ငွေမပေးခဲ့ကြောင်း သိရှိရပါသည်။ ယင်းနေ့တွင်ပင် အခြားသော တပ်သား (၃) ဦးက ငါးဖိုး ကျသင့်ငွေ ၂၀၀၀ မှ ၁၅၀၀ ပေးပြီး ကျန်သည့် ၅၀၀ ကို မပေးနိုင်ဟု ဆိုကာ မပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင် မြို့နယ် မိကျောင်းဈေး ကျေးရွာ အုပ်စု၊ ဗိုလ်ကြီးကျောင်းရွာမှ ဦးအီဗရာဟင် (ဘ) ဦးအစ္စမိုင်လ် သည် GE အင်ဂျင်နီယာ တပ်ခွဲတွင် ပဲ့ကိုင် အဖြစ် လုပ်ကိုင်လျက် ရှိပြီး၊ ၎င်းနှင့် အတူ လုပ်ကိုင်နေသော အလုပ်သမား များကို အရာရှိများ၊ စာရေးများက အမြဲတစေ ခေါ်၍ မဆိုင်သည့် အလုပ်များ ခိုင်းလေ့ ရှိသည့်အတွက် တပ်ကြပ်ကြီးက အလုပ်သမားများ တောင်းလျှင် မပေးရန် ၎င်းကို မှာကြား ထားခဲ့သည်။ ဧပြီလ (၂၁) ရက်နေ့က တပ်ခွဲ စာရေး တစ်ဦးက အလုပ်သမားများ ပေးရန် တောင်းရာ ၎င်းက တပ်ကြပ်ကြီး၏ အမိန့်အရ မပေးနိုင်ကြောင်း ပြောသဖြင့် အဆိုပါ စာရေးက လူမဆန်စွာ တုတ်ဖြင့် ရိုက်နှက်ပြီး လဲကျသည့် အခါ ခန္ဓာကိုယ်ပေါ် တက်နင်း၍ ညှဉ်းပန်း နှိပ်စက်ခဲ့ရာ သတိလစ် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးအီဗရာဟင်ကို တောင်ဘဇား ကျေးရွာရှိ ဆေးရုံတွင် တင်ခဲ့ရပြီး၊ ထိုမှတဆင့် ဘူးသီးတောင် ဆေးရုံသို့ ပို့၍ ဆေးကုသ ခဲ့ရသည်။ ယခုအခါ ရရှိသည့် ဒဏ်ရာကြောင့် နေအိမ်တွင် အနားယူနေရပြီး အလုပ်လုပ်ကိုင်၍ မရတော့ကြောင်း သိရှိရပါသည်။




MYARF
RB News
25.4.2014

မောင်တော ။ ။ မောင်တောမြို့နယ် မြောက်ပိုင်းတွင် လုံထိန်းရဲများက လုယက်၍ ငွေညှစ်ခြင်း၊ တောင်ပိုင်းတွင် ရခိုင်များက လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ရေတွင်းပြင် ကျေးရွာမှ ဦးမိုဟာမတ် ဆော်လိမ် (ဘ) ဦးရိုဟုလ်အာမီးန် (အသက် ၃၂ နှစ်) သည် ငါးဖမ်းထွက်ရန် အတွက် ငါးခူရ ကျေးရွာ အခြေစိုက် အမှတ် (၂) ရဲတပ်ရင်း ပြူးမချောင်းဝ ကင်းစခန်းသို့ သတင်းပို့ခဲ့သည်။ ဧပြီလ (၂၃) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် အဆိုပါ ကင်းစခန်းမှ စခန်းမှူး အပါအ၀င် လုံထိန်း တပ်ဖွဲ့ဝင် (၃) ဦးတို့က မြစ်ဆုံတွင် လှေတစ်စင်းဖြင့် ကင်းလှည့် နေစဉ် ဦးမိုဟာမတ်ဆော်လိမ်ကို တွေ့ရှိပြီး ၎င်း၏ ၁၇၅ ကိုက် ရှည်သော ငါးဖမ်းပိုက်ကို လုယက်၍ သိမ်းဆည်းလိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငါးဖမ်းသမား ဦးမိုဟာမတ်ဆော်လိမ်သည် ဆင်းရဲ နွမ်းပါးသူ တစ်ဦး ဖြစ်ပြီး၊ စခန်းသို့ လိုက်သွား၍ လဘက်ရည်ဖိုး နှစ်သောင်း ပေး၍ ၎င်း၏ ငါးဖမ်းပိုက်ကို ပြန်လည် တောင်းခဲ့သော်လည်း စခန်းမှူးက ငွေကျပ် တစ်သိန်း ငါးသောင်း ပေးမှ ပြန်ပေးမည်ဟု ပြောခဲ့ကြောင်း သိရှိရပါသည်။ ဆင်းရဲနွမ်းပါးသည့် ဦးမိုဟာမတ်ဆော်လိမ်သည် တံငါသည် လုပ်ငန်းဖြင့်သာ စားဝတ်နေရေးကို ဖြေရှင်း နေရသူ ဖြစ်သည့်အတွက် ငါးဖမ်းပိုက် သိမ်းခံရသဖြင့် အသက်မွေးဝမ်းကျောင်း အတွက် ဒုက္ခဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ဧပြီလ (၂၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်နှင့် ကံပူး ကျေးရွာတို့မှ ဒေသခံ ရိုဟင်ဂျာများသည် တောင်ပေါ်တွင် ထင်းခုတ်ရန် သွားခဲ့သည်။ တောင်ပေါ် အရောက်တွင် ရခိုင် လက်နက်ကိုင် သမား ၅ ဦးနှင့်တွေ့ခဲ့ပြီး၊ ရခိုင် အစွန်းရောက် များက သေနတ်များဖြင့် ခြိမ်းခြောက်၍ ထင်းခုတ်ရန် ကိုင်ဆောင် သွားသည့် ဓါးများကို လုယက်၍ ထင်းခုတ်ခွင့် မပေးဘဲ ဆဲဆို ကြိမ်းမောင်း၍ တောင်ပေါ်မှ နှင်လွှတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




RB News
25.4.2014

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာများက မိမိတို့၏ စိတ်ဆန္ဒဖြင့် ဘင်္ဂါလီဟု ထွက်ဆို၍ သန်းခေါင်စာရင်း အကောက်ခံ နေသည်မှာ အိမ်ထောင်စု ၆၀၀၀ ကျော်ရှိနေပြီး ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားခြင်းမှာ မှန်ကန်မှု မရှိဘဲ ၀ါဒဖြန့်ခြင်း သက်သက်သာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ ဒေသခံ ရိုဟင်ဂျာများက ပြောပါသည်။

“ကျွန်တော်တို့ဆီမှာ မတ်လ ၃၀ ရက်နေ့က စပြီး ဧပြီလ ၁၀ ရက်နေ့ အတွင်း သန်းခေါင်စာရင်း ကောက်ဖို့ အတွက် စာရင်းကောက်တွေ လာခဲ့ပါတယ်။ တချို့အိမ်တွေကို မေးခွန်း နံပါတ် (၈) ရောက်တော့ ရိုဟင်ဂျာလို့ ဖြေတာနဲ့ စာရင်းကောက်တွေက ကျေးဇူးတင်ပါတယ် ပြောပြီး ထွက်သွားခဲ့တယ်။ များသောအားဖြင့် ဘာမေးခွန်းမှ မမေးခင် ဘာလူမျိုး ဖြေမှာလဲလို့ အရင်မေးခဲ့ပါတယ်။ အားလုံးက ရိုဟင်ဂျာလို့ ဖြေတော့ ဘာမေးခွန်းမှတောင် မမေးခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့ တစ်မြို့လုံးမှာ ရိုဟင်ဂျာလို့ ပြောခဲ့တာကို ဘင်္ဂါလီလို့ မိမိဆန္ဒနဲ့ ထွက်ဆိုတယ်လို့ ပြောနေခြင်းက မမှန်ကန်ပါဘူး” ဟု ဘူးသီးတောင် မြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တောမြို့မှ မြို့မိမြို့ဖ တစ်ဦးက “ကျွန်တော်တို့ဆီမှာ န.စ.က ဆွဲတင်စစ် ပုံစံမျိုးတွေ တချို့ရွာတွေမှာ လုပ်တယ်။ ရဲနဲ့ စစ်တပ်က ရိုဟင်ဂျာလို့ ထွက်ဆိုလို့ ဆိုပြီး ရိုက်တာတောင် ရှိခဲ့တယ်။ သို့ပေမယ့်လည်း ဘယ်သူ့မှ ဘင်္ဂါလီလို့ ထွက်ဆိုပြီး သန်းခေါင်စာရင်း အကောက်ခံ ခဲ့တာ မရှိဘူး။ ဦးမြင့်ကြိုင်ပြောတာက ၀ါဒဖြန့် နေတာပါ။ နောက်တစ်ကြိမ် လာကောက်ရင်လည်း ရိုဟင်ဂျာလို့ဘဲ ဖြေကြမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ရိုဟင်ဂျာ ဖြစ်လို့ပါ” ဟု ပြောပါသည်။

စစ်တွေမြို့မှ ဒေသခံ ရိုဟင်ဂျာ များကလည်း ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့သည့် အတွက် သန်းခေါင်စာရင်း ကောက်ခံခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ မြေပုံနှင့် ပေါက်တော မြို့နယ်များတွင် ဒုက္ခသည်များကို အာဏာပိုင်များက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ဘင်္ဂါလီဟု ဖြေဆိုခဲ့ခိုင်း ခဲ့သော်လည်း မည်သူ တစ်ဦး တစ်ယောက်ကမှ ဘင်္ဂါလီဟု မပြောဆိုခဲ့ဘဲ မိမိတို့၏ မူရင်း လူမျိုးအမည် ရိုဟင်ဂျာကိုသာ ဖြေဆိုခဲ့သည်။

ညွန်ချုပ် ဦးမြင့်ကြိုင်မှ မီဒီယာများသို့ ပြောဆိုနေခြင်းမှာ အခြေအမြစ် မရှိသည့် စကားများသာ ဖြစ်ပြီး၊ နိုင်ငံတကာသို့ ၀ါဒဖြန့်ခြင်းသာ ဖြစ်သည်။ အကယ်၍ ဦးမြင့်ကြိုင်မှ ဖြည့်စွက်ထားသည့် သန်းခေါင်စာရင်း ပုံစံများကို သက်သေ အဖြစ် ပြမည်ဆိုပါက အဆိုပါ သက်သေများမှာ လုပ်ကြံထားခြင်းသာ ဖြစ်မည်ဟု ဒေသခံများက ပြောပါသည်။

ညီညွတ်တဲ့ အစိုးရ တရပ် ဖွဲ့စည်းဖို့ ပူးပေါင်း လိုက်ကြတဲ့ Fatah နဲ့ Hamas ခေါင်းဆောင်များ။ ဂါဇာ၊ ဧပြီ ၂၃၊ ၂၀၁၄


24.4.2014

ရန်ဖက် ပါလက်စတိုင်း အဖွဲ့တွေဖြစ်ကြတဲ့ Fatah နဲ့ Hamas တို့ပူးပေါင်းပြီး ညီညွတ်တဲ့ အစိုးရတရပ် ဖွဲ့စည်းမယ့် အစီအစဉ်ကို တုန့်ပြန်တဲ့ အနေနဲ့ အစ္စရေး အစိုးရ အဖွဲ့က ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှုတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ကြာသပတေးနေ့က ၆ နာရီကြာ ဆွေးနွေး ခဲ့ပြီးနောက် မှာပဲ ပါလက်စတိုင်း တို့ရဲ့ တဖက်သတ် လုပ်ရပ် အပေါ် တုန့်ပြန် ဆောင်ရွက်သွားမယ့် အကြောင်း အစ္စရေးလ်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အစ္စရေးလ် ၀န်ကြီးချုပ် Benjamin Netanyahu ကလည်း Fatah အုပ်စုရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ပါလက်စတိုင်း သမ္မတ Mahmoud Abbas ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထိခိုက်အောင် လုပ်နေတယ်ဆိုပြီး အစောပိုင်းမှာပဲ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အစ္စရေးလ်နဲ့ ငြိမ်းချမ်းရေး လုပ်ရမယ့်အစား Hamas နဲ့ ငြိမ်းချမ်းရေး လုပ်နေတယ်။ သူ့အနေနဲ့ တဖက်ဖက်ကို ရွေးရလိမ့်မယ်၊ အစ္စရေးလ်နဲ့ ငြိမ်းချမ်းရေးလုပ်မလား၊ Hamas နဲ့ လုပ်မလား တခုပဲရမယ်လို့ အစ္စရေးလ် ၀န်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ Hamas အဖွဲ့ဟာ လူသတ်တဲ့ အကြမ်းဖက် အုပ်စု၊ အစ္စရေးလ်ကို ဖျက်ဆီးလိုတဲ့ အဖွဲ့တခု ဖြစ်တယ် လို့လည်း ပြောခဲ့တာပါ။

Hamas ၀န်ကြီးချုပ် Ismail Haniyeh ကတော့ ပါလက်စတိုင်းတွေ ညီညွတ်မှာကို မလိုလားတဲ့ အစ္စရေးလ်ရဲ့ တုန့်ပြန်မှုကို မအံ့သြဘူးလို့ ပြောဆိုခဲ့တာပါ။ အခု နောက်ဆုံး အခြေ အနေကြောင့် အမေရိကန် ပြည်ထောင်စုက ကြားဝင် စေ့စပ်ဖို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အလားအလာတွေလည်း မရေမရာ ဖြစ်ခဲ့ရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Jen Psaki ကတော့ ပါလက်စတိုင်းရဲ့ ကြေညာချက် အပေါ် စိတ်ပျက်မိတဲ့ အကြောင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ထိခိုက်စေတယ် လို့လည်း အပြစ်တင်ခဲ့တာပါ။

အမေရိကန် သမ္မတ အိုဘားမား အာရှ ခရီးစဉ် ပထမဆုံးနိုင်ငံ ဂျပန်ကို ရောက်ရှိ (ဧပြီ ၂၃၊ ၂၀၁၄)


အင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
24.4.2014

အမေရိကန် သမ္မတ အိုဘားမား ဦးဆောင် ပြုလုပ်မယ့် မလေးရှားနိုင်ငံက Town Hall Meeting လို့ ခေါ်တဲ့ လူထုနဲ့ တိုက်ရိုက် တွေ့ဆုံပွဲမှာ ပါဝင်နိုင်ဖို့ မြန်မာနိုင်ငံ က လူငယ် (၁၀)ဦးကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက ကြာသာပတေးနေ့ ကရွေးချယ် လိုက်ပါတယ်။ အာဆီယံ (၁၀)နိုင်ငံက လူငယ် ခေါင်းဆောင် ၁၀ ဦးစီကို ရွေးချယ်ပြီး သူရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် အတွင်းမှာ ဧပြီလ (၂၇) ရက်နေ့မှာ တွေ့ဆုံဖို့ သမ္မတ အိုဘားမားက အခုလို ဖိတ်ကြားထားတာ လည်းဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ် ပြောပြမှာပါ။

အမေရိကန်သမ္မတ အိုဘားမားဟာ သူရဲ့အာရှခရီးစဉ်အတွင်း အာဆီယံဒေသ တွင်း လူငယ်ပေါင်း ၄၀၀ကျော်နဲ့တွေ့ဆုံဖို့ လာမယ့်တနင်္ဂနွေနေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ စီစဉ်ထားပါတယ်။ အဲ့ဒီမှာ လူငယ်တွေ အနေနဲ့ သမ္မတ အိုဘားမားကို တိုက်ရိုက်မေးခွန်းတွေမေးနိုင်အောင် လည်း စီစဉ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း တနိုင်ငံချင်းစီက လူငယ် ကိုယ်စားလှယ် (၁၀)ဦးစီရွေးချယ်ပြီး ဒေသတွင်းကိစ္စတွေကို သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်းရှိပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် လူငယ်(၁၀)ဦးရဲ့ အမည်စာရင်းရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန် အမေရိကန် သံရုံးက ပြောခွင့်ရပုဂ္ဂိုလ်က Andrew Leahyက အခုလိုရှင်းပြပါတယ်။

"သမ္မတအိုဘားမားနဲ့ Town Hall Meeting လို့ခေါ်တဲ့ လူထုနဲ့ တိုက်ရိုက် တွေ့ဆုံပွဲ ပြုလုပ်ဖို့ မြန်မာနိုင်ငံ အပါဝင် အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံက တနိုင်ငံချင်းစီ ကနေ လူငယ်ကျောင်းသား (၁၀) ဦးစီရဲ့ အမည်စာရင်း တင်သွင်းဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီ့ကနေမှ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပညာရေးနယ်ပယ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေပါဝင်ကြဖို့ အများ သိအောင် အသိပေးအကြောင်းကြားပြီး လူငယ်ထုကြား ဦးဆောင်မှုပေးနိုင်တဲ့ လူငယ်ခေါင်းဆောင်တွေ ရွေးချယ်နိုင်ဖို့ လျှောက်လွှာအားလုံးကို လက်ခံခဲ့ပါတယ်။

ဒါကြောင့်လည်း တိုင်းနဲ့ပြည်နယ် အသီးသီးက လူမျိုး ၊ ဘာသာ မတူတဲ့ လူငယ်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံရေးနဲ့ လူထု အခြေပြုနယ်ပယ်တွေ မှာ လှုပ်ရှားနေတဲ့ လုပ်ငန်း နယ်ပယ် မတူညီတဲ့ လူငယ်တွေ ကျနော်တို့ ရွေးချယ်နိုင်ခဲ့ပါတယ်။ ဒီကနေ့မှာပဲ သမ္မတရဲ့ လူထုနဲ့ တိုက်ရိုက်တွေ့ဆုံပွဲမှာ ပါဝင်မယ့် အဲဒီလူငယ် (၁၀)ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။"

အမေရိကန် သမ္မတ တစ်ဦး အနေနဲ့တော့ ဒေသတွင်း အရေး ကိစ္စနဲ့ ပတ်သက်လို့ အာဆီယံ ဒေသတွင်း လူငယ်တွေနဲ့ အခုလို တိုက်ရိုက် တွေ့ဆုံ ဆွေးနွေး ပြောဆို တာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာ လူငယ်တွေ အနေနဲ့ အမေရိကန် သမ္မတနဲ့ တိုက်ရိုက် တွေ့ဆုံပြီး သူတို့စိတ်ပါဝင်စားတဲ့ အရေးကိစ္စ တွေကို တိုက်ရိုက် ဆွေးနွေး ပြောဆိုခွင့် ရမှာ ဖြစ်တယ်လို့လည်း Andrew ကပြောပါတယ်။

" အမေရိကန် သံရုံး အနေနဲ့ မြန်မာ လူငယ်တွေ အတွက် အစီအစဉ် မျိုးစုံ ရှိပါတယ်။ ဒါပေမဲ့ ဒီတခေါက် ကတော့ အာဆီယံ ၁၀နိုင်ငံက လူငယ်တွေ အနေနဲ့ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီး မေးခွန်းတွေ မေးခွင့်ရဖို့ အခွင့် အလမ်းကောင်း တခုဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ကျနော်တို့ ရွေးချယ်ထားတဲ့ လူငယ်တွေဟာ နယ်ပယ်အသီးသီးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲရေး အစီ အစဉ်ကို ဦးဆောင်လိုစိတ် ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ သူတို့တစ်ဦးချင်းစီရဲ့ ခေါင်းဆောင်နိုင်မှု အရည်အချင်းတွေ၊ တိုင်းပြည်ကို အကျိုးပြုလိုတဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေကြောင့် အခုလို ရွေးချယ်ခဲ့တာပါ။"

ရန်ကုန် အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာ ပေါ်မှာလည်း သမ္မတ အိုဘားမားကို မေးခွန်းတွေ ပေးဖို့ ရေးသား ထားတာ တွေကိုလည်း ဖေါ်ပြထား ပါတယ်။ အရွေးခံ ရတဲ့ မြန်မာ လူငယ် (၁၀) ဦးဟာ ဧပြီလ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ကနေ မလေးရှား နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပြီး ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိ လာမှာ ဖြစ်ပါတယ်။




RB News
24.4.2014

ဘူးသီးတောင် ။ ။ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြို့သူကြီး ရပ်ကွက်မှ ငါးအရောင်း အ၀ယ် ကိစ္စဖြင့် ဘူးသီးတောင်သို့ အမြဲတစေ လာရောက်သည့် ဦးရှော်ဘိရ်အာမတ် (ဘ) ဦးဆယာဒ်အာမတ်ကို ဘူးသီးတောင်မြို့နယ် အနောက်ရပ်ကွက်တွင် ဘူးသီးတောင် မြို့နယ်မှ လ.၀.က အရာရှိ ဦးထွန်းထွန်းနိုင်က ခရီးသွားလာခွင့် လက်မှတ် (ပုံစံ ၄) ကို စစ်ဆေးခဲ့သည်။ ဦးရှော်ဘိရ်အာမတ်တွင် ပုံစံ ၄ ရှိသော်လည်း ဦးထွန်းထွန်းနိုင်က အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့နယ် အုပ်တောင် ကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၅၆၄) တပ်ရင်းမှ ဒုတပ်ကြပ် ကာစီသည် လမ်းမှ ဖြတ်သန်း သွားလာသည့် ဒေသခံရိုဟင်ဂျာ များကို အကြောင်းမဲ့ ရိုက်နှက်လျက် ရှိသည်မှာ တစ်ပတ်ခန့် ရှိပြီး ဖြစ်ကြောင်း သိရှိရပါသည်။ လွန်ခဲ့သည့် အပတ်က တက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်သည့် အာမီးရ်အာမတ် (အသက် ၂၂ နှစ်) နှင့် အပေါင်းအပါ လူငယ် (၄) ဦးကို အုပ်တောင် ကျေးရွာ လမ်းမမှ ဖြတ်သန်း သွားစဉ်က အဆိုပါ ဒုတပ်ကြပ် ကာစီက လူမဆန်စွာ ရိုက်နှက်ခဲ့ရာ အာမီးရ်အာမတ်၏ ဦးခေါင်းကွဲခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အုပ်တောင် ကျေးရွာရှိ လယ်ယာမြေများမှာ ဒေသခံ ရိုဟင်ဂျာများ၏ ဘိုးဘွားပိုင်မြေများ ဖြစ်ပြီး ယခင်က နေ့စဉ် မိမိတို့၏ လယ်မြေများသို့ သွားရောက်၍ လုပ်ကိုင်နိုင်ခဲ့သော်လည်း ယခုအခါ ဒုတပ်ကြပ် ကာစီ၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် သွားလာရန်ပင် ခက်ခဲနေသည်ဟု ဆိုသည်။ ဒေသခံများက အမှတ် (၅၆၄) တပ်ရင်းမှူးကို တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ ဒုတပ်ကြပ်ကာစီ၏ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုကို မကျေနပ်သည့် အခြားရွာများမှ အုပ်ချုပ်ရေးမှူး များပင် အထက် အာဏာပိုင်များထံ တိုင်ကြားရန် စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။

ဧပြီလ (၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက သမီးဖြစ်သူ၏ မင်္ဂလာပွဲ စီစဉ်နေသော ဦးအဘူလ်ဘာဆဲရ် (ဘ) ဦးအာဇီရာမန် (အသက် ၅၃ နှစ်) ထံ ရာအိမ်မှူး ဖြစ်သူ ဦးဆော်လိမ် (ဘ) ဦးအီမာန်ဟူစိန်းကို စေလွှတ်၍ မင်္ဂလာပွဲ ကျင်းပနေသည့် အတွက် ငွေကျပ် ၅ သောင်း တောင်းခိုင်းခဲ့သည်။ ငွေကျပ် ၅ သောင်း မပေးပါက ပုဒ်မ ၁၄၄ နှင့် ငြိစွန်းသည်ဟု ဆိုကာ တရားစွဲဆိုမည်ဟု ရာအိမ်မှူးကို ခြိမ်းခြောက်ခိုင်း ခဲ့သဖြင့် မင်္ဂလာပွဲ စီစဉ်နေသူ ဦးအဘူလ်ဘာဆဲရ်မှ နောက်ဆုံးတွင် ငွေကျပ် ၂ သောင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Rohingya Exodus