နောက်ဆုံးသတင်း/ဆောင်းပါးများ



Rohingya Eye
RB News
31.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာ အုပ်စုတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အမည်ခံ လူဦးရေ စာရင်း ကောက်ခံခြင်းတွင် ဒေသခံ ရိုဟင်ဂျာများ ပါဝင်ရန် ငြင်းဆန် သဖြင့် သေနတ် ပစ်ဖောက်၍ လူထုကို ခြိမ်းခြောက်သည့် အပြင် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ပြီး၊ အခြား ကျေးရွာများတွင် ငွေညှစ်မှုများပါ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အမည်ခံ လူဦးရေ စာရင်း ကောက်ခံခြင်း လုပ်ငန်း စတင်ရန် စစ်ဆေးရေး အဖွဲ့ ရောက်ရှိလာရာ ဒေသခံ ရိုဟင်ဂျာ ရွာသားများက ပါဝင် စစ်ဆေးခံရန် ငြင်းဆိုခဲ့ကြသည်။ နေ့လည် (၂) နာရီ အချိန်တွင် သောကြာနေ့ ၀တ်ပြုရသည့် ဂျူမ္မာ နမားဇ် ၀တ်ပြု၍ အိမ်ပြန်နေသော ဦးဟာလာမျာ (ဘ) ဦးဘာဆာမျာကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လှမ်းခေါ်ရာ၊ ရိုက်နှက် ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဦးဟာလာမျာကို လိုက်လံ ဖမ်းဆီးပြီး ၀ိုင်းဝန်း၍ လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်နေစဉ် ဦးဟာလာမျာ၏ အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် ဒေသခံ ရွာသားများ ရောက်ရှိ လာခဲ့သည်။ ထို့နောက် အဆိုပါ အမည်ခံ လူဦးရေ စာရင်း စစ်ဆေးရေး အဖွဲ့က နယ်မြေရုံးမှ လုံခြုံရေး အင်အား တိုးမြှင့်ပေးရန် တောင်းခံ ခဲ့သဖြင့် စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သေနတ် (၆) ချက် ပစ်ခတ်၍ ဒေသခံ ရွာသားများကို ခြိမ်းခြောက် သောကြောင့် ဒေသခံ ရွာသားများ ရွာမှ တိမ်းရှောင် ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရွှေဇား ကျေးရွာ၊ ကြိမ်ချောင်း ကျေးရွာ၊ အလယ်သံကျော် ကျေးရွာ၊ ကျီးကန်းပြင် ဌာနချုပ် စစ်ဆေးရေး ဂိတ်များ၌ ဖြတ်သန်း သွားလာသူ များ၏ အိမ်ထောင်စု စာရင်းများကို စစ်ဆေးပြီး၊ အမည်ခံ လူဦးရေ စာရင်း ကောက်ခံမှုတွင် ပါဝင် စစ်ဆေးခံ ထားသူများကို ဆက်လက် သွားလာခွင့် ပြုနေပြီး၊ စစ်ဆေး မခံထားသူများကို သွားလာခွင့် မပေးဘဲ နေအိမ် များသို့ ပြန်ခိုင်းကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ရွာများတွင် တစ်မိုင် အကွာအဝေး တိုင်း၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက စစ်ဆေးလျက် ရှိပြီး၊ ၎င်းတို့၏ အမည်ခံ လူဦးရေ စာရင်း ကောက်ခံခြင်းတွင် ပါဝင် စစ်ဆေး မခံသူ များကို သွားလာခွင့် လုံးဝ မပေးဘဲ ပိတ်ပင် ကန့်သတ် နေကြောင်း သိရှိရပါသည်။

သြဂုတ်လ (၂၅) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ ဒေသခံ ရွာသား များသည် စစ်ဆေးရေး အဖွဲ့မှ စစ်ဆေးခြင်းကို ငြင်းဆန် ခဲ့သောကြောင့် ကျားခေါင်းတောင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒေသခံများကို ဖိအားပေး အကျပ်ကိုင်ခြင်းများ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ကျားခေါင်းတောင် ကင်းစခန်း၏ တာဝန်ခံမှာ ဒုရဲအုပ် ဇော်မင်း ဖြစ်ပြီး၊ ဇီယာဘူရာမန် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၂၄ နှစ်) ကိုဖမ်းဆီး၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့သည်။ ထို့အပြင် ကျဘန်း အလုပ်လုပ်ကိုင်သူ အဒူရှုကူရ် (ဘ) ဦးဘော်ဒေါ်လူ (အသက် ၂၇ နှစ်) ကိုလည်း အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် တစ်သောင်း ငါးထောင် ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
31.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အမည်ခံ လူဦးရေ စာရင်း ကောက်ခံမှုတွင် ပါဝင် စစ်ဆေး မခံသူများ၏ လုပ်ငန်းများ၊ ဆေးကုသခွင့်များကို အာဏာပိုင် များက ကန့်သတ် ပိတ်ပင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁) ရက်နေ့မှ စတင်ခဲ့သည့် န.စ.က၏ ဆွဲ၊တင်၊စစ် ကဲ့သို့ အမည်ခံ လူဦးရေ စာရင်း ကောက်ခံခြင်းကို လူထုက လက်ခံခြင်း မရှိသောကြောင့် အမျိုးသမီး အချို့ အကြမ်းဖက်ခံရခြင်း၊ နေအိမ်များ ဖျက်ဆီးခံရခြင်း ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဇူလိုင်လ (၁) ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ် ကျောက်လှေကား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၈) ဦးကို ဖမ်းဆီး ချုပ်နှောင်၍ ရိုဟင်ဂျာ လူထုကို ခြိမ်းခြောက် ခဲ့သော်လည်း အဆိုပါ အမည်ခံ လူဦးရေ စာရင်း ကောက်ခံခြင်းတွင် လူထုက ပါဝင် စစ်ဆေးခံရန် ယခု အချိန်ထိ ငြင်းဆန်လျက် ရှိကြသည်။ ကျေးလက် ဒေသများတွင် ဆင်းရဲသည့် ဒေသခံ အများစု အသက်မွေးဝမ်းကျောင်း ပြုနေသည့် ငါးဖမ်းလုပ်ငန်းနှင့် လယ်ယာ လုပ်ငန်းများ ပိတ်ပင် ကန့်သတ် ထားခံနေရသည်။ အာဏာပိုင်များက စစ်ဆေးခံသူများကို လုပ်ငန်း ပြန်လည် လုပ်ကိုင်ခွင့် ပေးမည်ဟု ကတိပြုခဲ့သော်လည်း စီးပွားရေး ကျပ်တည်း လာခြင်းကြောင့် စစ်ဆေးခံသူများကို ယခုအချိန်ထိ လုပ်ငန်း ပြန်လည် လုပ်ကိုင်ခွင့် မပေးသေးကြောင်း ဒေသခံများက ပြောပါသည်။

သြဂုတ်လ (၂၆) ရက်နေ့မှ စ၍ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာရှိ ဗလီကြီး၏ မြောက်ဘက်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ စစ်ဆေးရေး ဂိတ်သစ် တိုးချဲ့ကာ ငါးခူရ ဈေးသို့ ဈေးဝယ်လာသူ များကို အမည်ခံ လူဦးရေ စာရင်း စစ်ဆေးခြင်းတွင် ပါဝင် စစ်ဆေးခံ ခဲ့ခြင်း ရှိ/မရှိ စစ်ဆေး၍ အသွား အလာများကို ပိတ်ပင် ကန့်သတ် နေသည့် အပြင် ရဲကွပ်ကဲရေး ဌာနချုပ်နှင့် ရွှေဇား တံတား ဂိတ်များတွင်လည်း နယ်ပိုင်းမှ မောင်တောမြို့ပေါ်သို့ ဈေးဝယ်ရန် လာသည့် ခရီးသည်များကို အိမ်ထောင်စု စာရင်းများ စစ်ဆေး၍ အိမ်ထောင်စု စာရင်းတွင် စစ်ဆေး ခံထားသည်ဟု တံဆိပ် (အမှတ်အသား) မပါသူများကို သွားလာခွင့် မပြုဘဲ ပိတ်ပင် ထားသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် (၇) ရက် နယ်စပ် နိုင်ငံကူး လက်မှတ်ဖြင့် တဖက် နိုင်ငံနှင့် စီးပွားရေး လုပ်ကိုင် နေသူများကို အိမ်ထောင်စု စာရင်း စစ်ဆေးပြီး၊ စစ်ဆေးခံ ထားသည့် တံဆိပ် မပါသူများကို နိုင်ငံကူး လက်မှတ် မထုတ် ပေးတော့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ လုပ်ငန်းရှင် များကို နိုင်ငံကူး လက်မှတ် ပိတ်ပင် ထားသဖြင့် စီးပွားရေး လုပ်ငန်းများ၊ ကုန်စည် စီးဆင်းမှု များတွင် အခက်အခဲ များစွာဖြင့် ရင်ဆိုင်နေရသည်။

အလားတူ အသည်းရောင် အသားဝါ ရောဂါ ဝေဒနာရှင်များ၊ ဆီးချို ဝေဒနာရှင်များကိုလည်း တဖက် နိုင်ငံတွင် ဆေးကုသရန် အတွက် နိုင်ငံကူး လက်မှတ်များကို အိမ်ထောင်စု စာရင်းများ စစ်ဆေး၍၊ အမည်ခံ လူဦးရေ စာရင်း ကောက်ခံခြင်းတွင် မပါဝင် သူများကို နိုင်ငံကူး လက်မှတ် ပိတ်ပင် ထားကြောင်း သိရှိရသည်။



MYARF
RB News
29.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာသို့ စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စ.ရ.ဖ၊ အထူး သတင်းတပ်ဖွဲ့နှင့် မ.က.ဖ တို့ဝင်ရောက်ပြီး လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြ၍ ဒေသခံ ရိုဟင်ဂျာများ ထံမှ ပစ္စည်းများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၈) ရက်နေ့ နေ့လည် ၁း၀၅ နာရီ အချိန်တွင် အင်အား ၁၀၀ ကျော်ရှိသည့် စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စ.ရ.ဖ၊ အထူး သတင်းတပ်ဖွဲ့နှင့် မ.က.ဖ အဖွဲ့တို့သည် မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာသို့ ရောက်ရှိလာပြီး အမည်ခံ လူဦးရေ စာရင်း ကောက်ခံရာ ၎င်းတို့ မျက်စိရှေ့တွင် တွေ့ရှိသမျှ အမျိုးသားများ အားလုံးကို ရိုက်နှက်ခဲ့သည်။ လူမဆန်စွာ ရိုက်နှက် နေခြင်းကြောင့် စစ်ဆေးခံမည်ဟု ပြောကြသော်လည်း ပထမ အကြိမ်နှင့် ဒုတိယ အကြိမ်များတွင် အစစ်ဆေး မခံခဲ့ဟု ဆိုကာ ဆက်လက် ရိုက်နှက် သဖြင့် အမျိုးသားများ ထွက်ပြေးကြရာ၊ လိုက်လံ ဖမ်းဆီးပြီး လူမဆန်စွာ ထပ်မံ ရိုက်နှက်သဖြင့် အများအပြား ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရသူများ ထဲတွင် (၅) ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဒဏ်ရာ ပြင်းထန်စွာ ရရှိသူများမှာ ---

(၁) ဦးနူရ်အစ္စလာမ် (ဘ) ဦးနာဇိရ်ဟူစိန်း
(၂) ဦးဟာဆောင် (ဘ) ဦးလာလ်မျာ
(၃) ဦးနူရ်အာလမ် (ဘ) ဦးအိုမောရ်ဒါရာစ်
(၄) ဦးအဘုလ်ကာဆိမ် (ဘ) ဦးလာလ်မျာ
(၅) ဦးအဒူဘာဆဲရ် (ဘ) ဦးဆော်လာမတ် -- တို့ဖြစ်သည်။

လက်နက်ကိုင် အာဏာပိုင်များသည် ဒေသခံ ရိုဟင်ဂျာများ၏ အိမ်များသို့ ၀င်ရောက်၍ အမည်ခံ လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြ၍ နေအိမ်များ အတွင်းရှိ အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခဲ့သည့် အပြင် အဖိုးတန် ပစ္စည်းများ လုယက် ယူဆောင် သွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ၀ါးချ အောက်ရွာရှိ မော်လ၀ီ ဦးနူရ်အာမီးန် (ဘ) ဦးရှောရိအာမတ်၏ နေအိမ်သို့ ၀င်ရောက်ပြီး ဘီဒို ၂ လုံးကို ဖျက်ဆီး၍ အဖိုးတန် လက်ပတ် နာရီ (၄) လုံးနှင့် ဘီဒိုထဲရှိ ရွှေဘူးထဲမှ ဆွဲကြိုးများ၊ ဓါတ်ဘူး (၁) လုံးနှင့် ကော်ဖီထုပ်ကြီး (၃) ထုပ်တို့ လုယက် ယူဆောင် သွားကြောင်း သိရှိရပါသည်။ ဦးကေဖာယတ်အုလ္လာ (ဘ) ဦးနူရ်အာမတ်၏ သေတ္တာ နှစ်လုံးနှင့် ဘီဒို နှစ်လုံးတို့ကို ဖျက်ဆီးပြီး လက်ဆွဲ သေတ္တာ တစ်လုံးနှင့် အမျိုးသမီး အလှကုန် ပစ္စည်းများ လုယက် ယူဆောင် သွားခဲ့ကြသည်။

ထို့အပြင် အဆိုပါ လက်နက်ကိုင် အာဏာပိုင် အဖွဲ့သည် ၀ါးချ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ၏ နွား (၁၂) ကောင်ကိုလည်း လုယက် ယူဆောင် သွားခဲ့သည်။ နွား (၁၂) ကောင် လုယက်ခံရသည့် ပိုင်ရှင်များမှာ ---

(၁) ဦးဖော်ယာစ်အာမတ် (ဘ) ဦးဇော်ကော်ရီယာ (နွား ၄ ကောင်)
(၂) ဦးဖော်ယာစ် (ဘ) ဦးဇော်ဖောရ်ဟူစိန်း (နွား ၂ ကောင်)
(၃) ဦးအဒူမာလဲခ် (ဘ) ဦးဖော်ဇော်လ်အာမတ် (နွား ၁ ကောင်)
(၄) ဦးဂျူဟာရ် (ဘ) ဦးအစ္စမိုင်လ် (နွား ၂ ကောင်)
(၅) ဦးဘောဆာမျာ (ဘ) ဦးဟာလူမျာ (နွား ၂ ကောင်)
(၆) ဦးမိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးဖော်ဇော်လ်ကော်ရိမ် (နွား ၁ ကောင်) --- တို့ဖြစ်သည်။

သြဂုတ်လ (၂၉) ရက်နေ့တွင် ၀ါးချ ကျေးရွာ အုပ်ချုပ်ရေးမှူးက အလယ်သံကျော် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးထံ သွားရောက် တိုင်ကြားခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးက ၎င်းနှင့် မဆိုင်ကြောင်း၊ စစ်တပ်မှ တပ်ရင်းမှူးကို တိုင်ရန် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။



MYARF
RB News
29.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝေသာလီ (ရခိုင်ရွာ)၊ မေယုဂေါက်ကွင်းရှိ စစ်စခန်းမှ စစ်သားများက ကလေးငယ်များထံမှ အစားအစာများ လုယက်ယူသည့် အပြင် လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၆) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ဘဂုံးနား ကျေးရွာ အုပ်စု၊ နူရူလ္လာ ကျေးရွာသို့ ကင်းလှည့်ရန် ရောက်ရှိလာသည့် ဝေသာလီ (ရခိုင်ရွာ)၊ မေယုဂေါက်ကွင်းမှ ဗိုလ်ကြီး တစ်ဦး ဦးဆောင်သည့် စစ်ကြောင်း အဖွဲ့သည် ဘဂုံးနားဈေးမှ အမဲသား တစ်ပိဿာ ၀ယ်ယူ၍ စက်ဘီးဖြင့် အိမ်ပြန်နေသည့် ရိုဟင်ဂျာ ကလေးငယ် တစ်ဦးထံမှ အမဲသားနှင့် စက်ဘီးကို လုယူ၍ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် အဆိုပါရွာမှ ဒညင်းသီးပြုတ် အလုံး ၂၀၀ ကို ပလတ်စတစ် အိတ်ဖြင့် ထည့်၍ လှည့်လည် ရောင်းချ နေသည့် ဆင်းရဲသား ကလေးငယ် တစ်ဦးထံမှ ဒညင်းသီးပြုတ် များကို လုယက် ခဲ့သည်။ ဆင်းရဲသည့် ကလေးငယ်မှာ ဒညင်းသီး ပြုတ်ရောင်း၍ ဆန်ဝယ်ရမည် ဖြစ်ရာ၊ ၎င်း၏ ဒညင်းသီးပြုတ်များ မတရား လုယက်ခံရသည့် အတွက် ဆန်ဝယ်ရန် အခက်ကြုံခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ရွာထဲမှ လမ်းလျှောက် သွားနေသည့် မော်လ၀ီ တစ်းပါးကိုလည်း အကြောင်းမဲ့ ရိုက်နှက်ခဲ့ပြီး၊ ဒုချီးရားတန်း ကျေးရွာ အုပ်စု၊ အနောက်ရွာသို့ သွားရောက်၍ လူငယ်တစ်ဦးကိုလည်း အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း သိရှိရပါသည်။




Rohingya Eye
RB News
29.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင် ရပ်ကွက်တွင် မ.က.ဖ အရာရှိ တစ်ဦးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တို့က နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ ပြုလုပ်လျက် ရှိသော အမည်ခံ လူဦးရေ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် တိုက်တွန်းမှုကို မောင်တော လူထုက ပယ်ချ လိုက်ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မ.က.ဖ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ထွန်းဘော်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းတို့သည် မောင်တောမြို့နယ် မြို့မတောင် ရပ်ကွက်ရှိ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံ၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဦးအောင်ထွန်းဘော်က “ဤရပ်ကွက်တွင် စစ်ဆေးမခံသူ အများအပြား ရှိကြောင်း၊ စစ်ဆေးမခံလို့ မရနိုင်ကြောင်း၊ စစ်ဆေးမခံသူ များကို နောက်ဆုံးတွင် အရေးယူသွားမည် ဖြစ်ကြောင်း၊ ယခု စစ်ဆေးမှုမှာ လူမျိုး၊ ဘာသာနှင့် မသက်ဆိုင်ကြောင်း၊ လူဦးရေ ကောက်ခံ နေခြင်းသာ ဖြစ်ကြောင်း၊ အိမ်ထောင်စု စာရင်း ခွဲခြင်းနှင့် ပြောင်းခြင်း များကို လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ရပ်မိရပ်ဖ တစ်ဦးက မိမိတို့ ဘိုးစဉ်ဘောင်ဆက် ဤမြေတွင် မွေးဖွား၍ ဤမြေတွင် ကြီးပြင်း လာနေသည်မှာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ကြောင်း၊ မိမိတို့ကို ခိုးဝင် ဘင်္ဂလီများ အဖြစ် စာရင်းကောက်ခံ နေခြင်းကို လုံးဝ လက်မခံ နိုင်ကြောင်း၊ မိမိတို့သည် ရိုဟင်ဂျာ လူမျိုးများ ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် မိမိတို့ကို ခိုးဝင် ဘင်္ဂလီ အဖြစ် ပြောဆိုနေခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ရာ ဦးအောင်ထွန်းဘော်က ခိုးဝင် ဘင်္ဂလီ အဖြစ် ခေါ်ဆို နေသူမှာ အစိုးရ မဟုတ်ကြောင်း၊ မွတ်စလင်များ၏ အတိုက်အခံ အဖွဲ့အစည်း ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

မောင်တောမြို့နယ် ကိုယ်စားပြု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ကျောက်လှေကား ကျေးရွာမှ စစ်ဆေးမခံ၍ ဖမ်းဆီးရခံသူ (၈) ဦးကဲ့သို့ မဖြစ်စေရန် အတွက် စစ်ဆေးခံရန် မိမိ အနေဖြင့် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

သြဂုတ်လ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့များတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ ရှေ့နေ ဦးအာမန် အုလ္လာနှင့် ဦးမော်ဂျီအုလ္လာ (ဒုချီးရားတန်း စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်) တို့သည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို ပါဝင် စစ်ဆေးခံရန် တိုက်တွန်း ခဲ့သော်လည်း ၎င်းတို့၏ တိုက်တွန်းမှု အပေါ် ဒေသခံ လူထုက သံသယ ဖြစ်လျက် ရှိနေကြပြီး၊ ထိုကဲ့သို့ တိုက်တွန်းမှုကို လက်မခံနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ဦးအောင်ထွန်းဘော်၏ ပြောကြားချက် အရ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အမည်ခံ လူဦးရေ စစ်ဆေးမှုကို စက်တင်ဘာလ (၁၄) ရက်နေ့ထိ နောက်ဆုံးထား၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။



MYARF
RB News
28.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စုသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ရောက်ရှိပြီး ၎င်းတို့၏ စစ်ဆေးမှုကို ငြင်းဆန်သူ များကို ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၈) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် မ.က.ဖ အဖွဲ့ဝင်များ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စုရှိ ကားဂိတ်သို့ ရောက်ရှိလာပြီး၊ လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီးပြီး စစ်ဆေးခဲ့ရာ စစ်ဆေးခံသူ များကို ချက်ချင်း ပြန်လည် လွှတ်ပေးခဲ့သော်လည်း စစ်ဆေးခံရန် ငြင်းဆန်သူများကို ကြိမ်ချောင်း ရဲစခန်းသို့ ပို့ဆောင်၍ ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၂၈) ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီ အတွင်း ဖမ်းဆီးခံရပြီး ကြိမ်ချောင်း ရဲစခန်းတွင် ချုပ်နှောင်ခံထား ရသူများမှာ --

(၁) ဦးအာယုဘ် (ဘ) ဦးဒူဒူမျာ
(၂) ဦးဆောဒါမ် (ဘ) ဦးဇူဘိုင်ရ်
(၃) ဦးရှော်ဖီအုလ္လာ (ဘ) ဦးမာမတ်ဆီဒိတ်
(၄) ဦးအဲခ်ဘာလ် (ဘ) ဦးအာလ်တာဟူစိန်း
(၅) ဦးအာဘူလ်ဟူစိန်း (ဘ) ဦးလေဒူးမျာ
(၆) ဦးဟာဆူမျာ (ဘ) ဦးရှိုက်ရ်မိုဟာမတ် -- တို့ဖြစ်သည်။

ကြိမ်ချောင်း ရဲစခန်းသို့ ပို့ဆောင်၍ ချုပ်နှောင်ခံထား ရသူများ ထဲမှ ဦးဟာဆူမျာ၏ နေအိမ်သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် မ.က.ဖ အဖွဲ့ဝင်များ ၀င်ရောက်၍ ဦးဟာဆူမျာ၏ သမီး ဦးခေါင်းကို သေနတ်ဖြင့် ထုရိုက်ခဲ့ရာ ခေါင်းကွဲ၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က လူဦးရေ စာရင်းဟု ခေါင်းစဉ်တပ် အမည်ခံကာ စစ်ဆေးလျက် ရှိသော်လည်း အမှန်တကယ်တွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု မှတ်တမ်းတင် လျက်ရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန် နေခြင်း ဖြစ်ပြီး၊ ယခု တလောတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က အင်အားသုံး၍ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် အိမ်ထောင်စု စာရင်းများကို လိမ်လည်၍ သိမ်းဆည်းခြင်းများ နေ့စဉ် အဆက် မပြတ် ပြုလုပ်လျက် ရှိသည်။



ဗွီအိုအေမြန်မာပိုင်း
28.8.2014

အစ္စရေးလ် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tzachi Hanegbi ဟာ ၃၅ နှစ် အတွင်း ပထမဆုံး အဆင့်မြင့် အစ္စရေးလ် အရာရှိ အဖြစ်နဲ့ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို နောက်ဆုံး တရားဝင် အလည် အပတ် ရောက်ရှိ ခဲ့သူ ကတော့ အစ္စရေးလ် ခေါင်းဆောင်ဟောင်း Moshe Dayan ဖြစ်ပြီး ၁၉၇၉ ခုနှစ်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ အစ္စရေးလ် နိုင်ငံတို့ဟာ ၁၉၅၀ ခုနှစ်တွေက စလို့ ရေရှည် ချစ်ကြည် ရင်းနှီး ခဲ့ကြတဲ့ နိုင်ငံတွေ ဖြစ်ပြီး ၁၉၅၉ ခုနှစ်မှာ အဲဒီ အချိန်က ၀န်ကြီးချုပ် တာဝန် ထမ်းဆောင် နေတဲ့ ဦးနု အစ္စရေးလ်ကို သွားရောက် လည်ပတ် ခဲ့သလို အစ္စရေးလ် ၀န်ကြီးချုပ် David Ben Gurion ကလည်း ၁၉၆၁ ခုနှစ်မှာ မြန်မာနိုင်ငံကို သွားရောက် လည်ပတ် ခဲ့တဲ့ အကြောင်း ဂျေရုဆလင် မြို့မှာ ရှိတဲ့ အစ္စရေးလ် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောခွင့်ရရုံးက ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။

မြန်မာနိုင်ငံ အတွင်း စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် နေတာက အစ္စရေးလ် နိုင်ငံ ကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အပါအ၀င် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူ တွေကို စွဲဆောင်မှု ပေးနေကြောင်းလည်း အဲဒီ ကြေငြာချက်မှာ ဖော်ပြထား ပါတယ်။

လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Hanegbi ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း အစ္စရေးလ် နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင် ဖူးသူ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ သွားမယ်လို့ ဆိုပါတယ်။

လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Hanegbi ဟာ မြန်မာနိုင်ငံ ကနေ သောကြာနေ့ မှာ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

နေဆန်းလွင်
RB News
27.8.2014

‌မော့ဂ်တွေကို ရခိုင်လို့ ခေါ်ပါ ပြောတော့ အကုန်လုံးက ရခိုင်လို့ဘဲ ခေါ်ကြတယ်။ ကျွန်တော် တို့လည်း ရခိုင်လို့ဘဲ ခေါ်ကြတယ်။ အဲဒါ သူတို့ရဲ့ အခွင့် အရေးကို လေးစားလို့ပါ။

ရိုဟင်ဂျာ ဆိုတာ အခုမှ ထွင်လိုက်တဲ့ အမည်သစ် မဟုတ်တာ အသေအချာဘဲ။ ရခိုင် အစွန်းရောက်တွေ အတွက် ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရက ခါးခါးသီးသီး ဖြစ်နေရတဲ့ အကြောင်းရင်း အမှန်ကတော့ သမိုင်းမှန်ကို လက်ခံလိုက် ရမှာမို့ပါ။

ရခိုင်တွေက ရိုဟင်ဂျာတွေကို လူသားချင်း စာနာ ခဲ့တာလား၊ မော့ဂ် ပင်လယ် ဓါးပြတွေက အာရ်ကာန် ဒေသကို ကျူးကျော် ၀င်ရောက် ခဲ့တာလား ဆိုတာ အာရ်ကာန် ဒေသရဲ့ သမိုင်း အမှန်က သက်သေခံ ပါလိမ့်မယ်။

အင်အားနဲ့ အနိုင်ကျင့်၊ မီဒီယာ အားကိုးနဲ့ တဖက်သတ် ပြောနေတဲ့ ရခိုင် အစွန်းရောက် တွေနဲ့ သမိုင်းလိမ်ကို ထောက်ခံပြီး Genocide ကို အကောင် အထည် ဖော်နေတဲ့ ဦးသိန်းစိန် အစိုးရ ကတော့ စားပွဲဝိုင်းမှာ ထိုင်ပြီး သမိုင်း အမှန်ကို စကားစစ် ထိုးဖို့ သတ္တိ မရှိကြဘူး။

လမင်းကို ခွေးဟောင် သလိုပါဘဲ .. အင်အားနဲ့ အနိုင်ကျင့် ရက်စက်လို့ ရနေပါလိမ့်မယ် .. အချိန် အတိုင်းအတာ တစ်ခု အထိပေါ့။ သမိုင်းကို လိမ်တယ်ဆိုတာ ရာဇ၀တ်မှု ကျူးလွန်တာမျိုးပါဘဲ .. ရာဇ၀တ်မှုကို ရှောင်ပုန်းလို့ ရရိုး ထုံးစံမရှိဘူး ..

ရိုဟင်ဂျာ ဆိုတာ ခင်ဗျားတို့ ပိုင်တဲ့ အမည်နာမ မဟုတ်ဘူး .. အဲဒီ အမည်နာမ ပိုင်ဆိုင်တဲ့ လူတွေက လက်ခံပြီး သုံးသရွေ့ ရိုဟင်ဂျာ ဆိုတာ ရှိနေမှာဘဲ ..





MYARF
RB News
27.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၆) ရပ်ကွက်ရှိ အလယ်တန်းကျောင်းတွင် ကျောင်းအုပ် ဆရာကြီးက ရိုဟင်ဂျာ ကျောင်းသား/သူ များထံမှ ငွေကောက်ခံ၍ ယာယီ သက်သေခံ ကဒ်ပြားများ ထုတ်ပေးလျက် ရှိသောကြောင့် ကျောင်းသား/သူများ ကျောင်းမတက် ကြကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ အမှတ် (၆) ရပ်ကွက်ရှိ အခြေခံ ပညာ အလယ်တန်းကျောင်းတွင် ကျောင်းအုပ် ဆရာကြီး ဦးကျော်ထွန်းလင်းနှင့် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန တို့ပူးပေါင်း၍ ရိုဟင်ဂျာ ကျောင်းသား/သူ များထံမှ ငွေကျပ် တစ်ထောင်စီ ကောက်ခံပြီး ယာယီ သက်သေခံ ကဒ်ပြားများ ထုတ်ပေးလျက် ရှိသောကြောင့် ကျောင်းသား/သူများ ကျောင်းမတက်ကြတော့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယာယီ သက်သေခံ ကဒ်ပြားများကို ကျောင်းသား/သူများက မကိုင်ဆောင် လိုသော်လည်း မဖြစ်မနေ ယူရမည်၊ မယူပါက စာမေးပွဲ ဖြေဆိုခွင့် မပြုဟု အတင်း အကျပ် ပြုလုပ်လျက် ရှိသောကြောင့် ကျောင်းမတက်ကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ကျောင်းသား/သူ များက ၎င်းတို့အနေဖြင့် ပြည့်ဝသည့် နိုင်ငံသား အခွင့်အရေး ရှိသည့် နိုင်ငံသား ကဒ်ပြားများကိုသာ ကိုင်ဆောင်လိုကြောင်း၊ ၎င်းတို့၏ မိဘ ဘိုးစဉ်ဘောင်ဆက်သည် မြန်မာနိုင်ငံတွင် နိုင်ငံသားများသာ ကိုင်ဆောင်ခွင့် ရရှိခဲ့သည့် အမျိုးသား မှတ်ပုံတင်များကို ကိုင်ဆောင် ခဲ့သူများ ဖြစ်ကြောင်း၊ စစ်အစိုးရ လက်ထက်တွင် အမျိုးသား မှတ်ပုံတင်များကို အတင်း အဓမ္မ သိမ်းယူ၍ ယာယီ သက်သေခံ ကဒ်ပြားများ အစားထိုး ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအချိန်က စစ်အစိုးရမှ အုပ်ချုပ်နေသဖြင့် မိမိတို့၏ မိဘများမှာ သည်းခံခဲ့ ရကြောင်း၊ ယခုအခါ နိုင်ငံတော် အစိုးရက သန့်ရှင်းသည့် ဒီမိုကရေစီ အစိုးရဟု အကြိမ်ကြိမ် ပြောဆိုနေသည်ကို တွေ့ရသဖြင့် မိမိတို့၏ ရပိုင်ခွင့်ကို လွတ်လပ်စွာ တောင်းဆိုခွင့် ရှိသည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် မိမိတို့ မိဘလက်ထက်တွင် ဆုံးရှုံးခဲ့ရသည့် နိုင်ငံသား အခွင့်အရေး များကိုသာ ပြန်လည် လိုချင်ကြောင်း၊ မိမိတို့ ကျောင်းမှ အတင်း အကျပ် ကိုင်ဆောင် ခိုင်းနေသည့် ယာယီ သက်သေခံ ကဒ်ပြားများကို ကိုင်ဆောင် လိုသည့်စိတ် လုံးဝ မရှိသဖြင့် ကျောင်းမတက်ဘဲ နေကြခြင်း ဖြစ်ကြောင်း RB News သို့ပြောပါသည်။




MYARF
RB News
27.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၅) ရပ်ကွက်နှင့် (၆) ရပ်ကွက်တို့တွင် လူဦးရေ စာရင်း အတွက် အိမ်ထောင်စု စာရင်းများ လိမ်လည်၍ သိမ်းယူသွားပြီး ယခု အချိန်ထိ ပိုင်ရှင်များထံ ပြန်လည် မအပ်နှံ သေးကြောင်း သတင်း ရရှိပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ပူးပေါင်း၍ လူဦးရေ စာရင်း ကောက်ခံခြင်းဟု အမည်ခံ၍ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု ကောက်ခံလျက် ရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာများ နေထိုင်သည့် ရပ်ကွက်/ ကျေးရွာ များသို့ အကြိမ်ကြိမ် လာရောက်၍ စစ်ဆေးလျက် ရှိသော်လည်း ဒေသခံ ရိုဟင်ဂျာများက ပါဝင် စစ်ဆေးခံရန် ငြင်းဆိုလျက် ရှိကြသည်။

သြဂုတ်လ (၂၄) ရက်နေ့က မောင်တောမြို့နယ် အမှတ် (၆) ရပ်ကွက်သို့ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုး၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူး များကို အိမ်ထောင်စု စာရင်းများ လဲလှယ် ပေးရန်ဟု လိမ်လည် ပြောဆိုခိုင်းပြီး၊ ရိုဟင်ဂျာ အိမ်ထောင်စု ၅၀၀ ခန့်တို့၏ အိမ်ထောင်စု စာရင်းများကို သိမ်းယူ သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ အဆိုပါ အဖွဲ့သည် အမှတ် (၅) ရပ်ကွက်သို့လည်း သွားရောက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘာဆဲရ်ကို လိမ်လည် ပြောဆိုခိုင်းပြီး အိမ်ထောင်စု စာရင်း ၃၀၅ စောင် သိမ်းယူ သွားကြောင်း သိရှိရပါသည်။

အမှတ် (၅) ရပ်ကွက်နှင့် (၆) ရပ်ကွက် တို့မှ သိမ်းယူသွားသော အိမ်ထောင်စု စာရင်း ၈၀၀ ခန့်ကို ယခု အချိန်ထိ ပိုင်ရှင်များထံ ပြန်လည် အပ်နှင်းခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့၏ အမည်ခံ လူဦးရေ စာရင်း ကောက်ခံခြင်း အောင်မြင်ခြင်း မရှိသည့် အတွက် ယခုကဲ့သို့ လိမ်လည်၍ စာရင်းကောက် နေခြင်း ဖြစ်သည်။



ဒေါ်လှလှသန်း
26.8.2014

မြန်မာနိုင်ငံကို သီတင်း တစ်ပတ်ကြာ ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဘီဂျေး နမ်ဘီယားဟာ သြဂုတ်လ ၂၅ ရက်နေ့က သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ် လိုက်ပါတယ်။ မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို လေ့လာခဲ့သူ မစ္စတာ နမ်ဘီယားက အုပ်စုတွေ အားလုံး အနေနဲ့ ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ သတ္တိရှိရှိ လက်တွေ့ လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောဆို သွားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြ ပေးထား ပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဘီဂျေး နမ်ဘီယားဟာ လက်ရှိ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန် အပြင် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တခြား သက်ဆိုင်ရာ ဝန်ကြီးတွေကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်း၊ စစ်တပ် အကြီးအကဲ တွေနဲ့ နိုင်ငံရေး ပါတီဝင်တွေနဲ့ တိုင်းရင်း လက်နက်ကိုင် အုပ်စုတွေ အပြင် အရပ်ဘက် လူ့အဖွဲ့အစည်း၊ ကယ်ဆယ်ရေး အဖွဲ့အစည်းနဲ့ အမျိုးသမီးနဲ့ လူငယ် အဖွဲ့အစည်းတွေ အပြင် သံတမန်ရေး ကိုယ်စားလှယ် တို့နဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ မတွေ့ဆုံ ခဲ့ဘဲ စောစောပိုင်း ဇူလိုင်လ ခရီးစဉ်အတွင်းက တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

NCCT ခေါ် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့နဲ့ UPWC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အပြင် နိုင်ငံရေး ပါတီတွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကိုလည်း မစ္စတာ နမ်ဘီယားဟာ လေ့လာသူ အဖြစ် တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ တဝှမ်း အပစ်အခတ် ရပ်ရေးနဲ့ နိုင်ငံရေးအရ အခြေအတင် ဆွေးနွေးနိုင်မယ့် ဘောင်တရပ် ချမှတ်နိုင်ရေးကို ဆွေးနွေးနိုင် ခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ မစ္စတာ နမ်ဘီယားက အခုလို တိုက်တွန်း ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စတီဖဲန် ဒူဂျားရစ်ခ် က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြား သွားပါတယ်။

မစ္စတာ နမ်ဘီယားဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကြား နှစ်ဘက် ပထမဆုံး အကြိမ် ကျင်းပတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ညီလာခံကို လေ့လာသူ တစ်ဦးအဖြစ် တက်ရောက် ခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ကိုယ်စား မစ္စတာ နမ်ဘီယားက သွေးစည်း ညီညွတ်တဲ့ မြန်မာနိုင်ငံ ဖြစ်လာရေးနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ တပြေးညီတဲ့ အကျိုးစီးပွား အတွက် အမြင် ကွဲပြားမှုတွေကို ဘေးဖယ် ထားပြီး ယုံကြည်ချက် အပြည့်အဝနဲ့ သတ္တိရှိရှိ လက်တွေ့ လုပ်ဆောင်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။”

ဒါ့အပြင် မစ္စတာ နမ်ဘီယား အနေနဲ့ ၂၀၁၂ ဇွန်လပိုင်းက စပြီး ဘာသာရေး ပဋိပက္ခ ဖြစ်ပွားခဲ့လို့ ဒုက္ခသည် သိန်းနဲ့ချီရှိတဲ့ ရခိုင်ပြည်နယ် ကိုလည်း ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ သွားရောက် ခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှု တွေရဲ့ အကြောင်းရင်းခံ တွေကို ဘယ်လို လက်တွေ့ ဖြေရှင်းနေ ကြသလဲ၊ ဒေသခံ လူ့အဖွဲ့ အစည်း တွေကို အထောက် အကူ ပေးရာမှာ ဘယ်လို တိုးတက်မှုတွေ ရရှိ နေသလဲ ဆိုတာကို သူကိုယ်တိုင် သိရှိနိုင်ဖို့ သွားရောက် လေ့လာ ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ နမ်ဘီယားဟာ စစ်တွေမြို့ရှိ ရခိုင် ဒုက္ခသည် စခန်းနဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့သလို မြေပုံမြို့ကိုလည်း သွားရောက်ခဲ့ပြီး အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အပြင် ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့ပြီး ဒေသခံ တွေနဲ့လည်း တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

အခုလို တွေ့ဆုံမှုတွေ အတွင်း မစ္စတာ နမ်ဘီယားက နှစ်ဘက်တို့ နားလည်မှု ယူရာမှာ အားဖြည့်ကြဖို့ တိုက်တွန်း ပြောကြား ခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျားရစ်ခ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

“တွေ့ဆုံမှုတွေ အတွင်း မစ္စတာ နမ်ဘီယားက ပြုပြင် ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဖွံ့ဖြိုး တိုးတက်ရေး အပြင် လူ့အဖွဲ့ အစည်း တွေနဲ့ တိုင်းရင်းသား အုပ်စုတွေကြား ပူးပေါင်း ဆောင်ရွက်မှု အားဖြည့် ပေးရေး စတာတွေနဲ့ ပတ်သက်လို့ ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲရေး ကာလ အတွင်းမှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အနေနဲ့ ထောက်ခံ အားပေး သွားမယ် ဆိုတာကို ပြောကြား ခဲ့ပါတယ်။”

မစ္စတာ နမ်ဘီယားရဲ့ အခုနှစ် အတွင်း (၈) ကြိမ်မြောက် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ဟာ နယူးယောက်ခ်ရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာလမှာ ကျင်းပမယ့် (၆၉) ကြိမ်မြောက် အထွေထွေ ညီလာခံကြီး မတိုင်မီလည်း ဖြစ်ပါတယ်။




RB News
25.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီပြင်ရွာမှ အပြစ်မဲ့ ဒေသခံ တစ်ဦးကို သြဂုတ်လ (၂၃) ရက်နေ့ ညပိုင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ပစ်သတ်ခဲ့ပြီး၊ အသတ်ခံရသူ၏ အလောင်းကို မိသားစုထံ လွှဲပြောင်း မပေးဘဲ မြှပ်နှံ သဂြိုဟ်လိုက်ကြောင်း သတင်း ရရှိပါသည်။

ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီပြင် ကျေးရွာမှ လယ်သမား တစ်ဦး ဖြစ်သည့် ဦးအဒူလ်ဟောက်သည် သြဂုတ်လ (၂၃) ရက်နေ့ ည ၉ နာရီ အချိန်တွင် ရွာထဲရှိ လမ်းမှ သွားနေစဉ် ၎င်း၏ နောက်မှ လမ်းလျှောက်လာသည့် အမည်မသိသူ နှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ရာ၊ အဆိုပါ အမည်မသိသူ နှစ်ဦးက မတရား ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး သွားခဲ့ကြသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားသူ နှစ်ဦး နောက်ကို မလိုက်ဘဲ၊ လမ်းမှ လျှောက်သွားနေသည့် ဦးအဒူလ်ဟောက်ကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပစ်လိုက်သည့် ကျည်ဆန်သည် ဦးအဒူလ်ဟောက်၏ ၀မ်းဗိုက်ကို ထိမှန်၍ နောက်ကျောမှ ပေါက်ထွက်သွားခဲ့ပြီး ထိုနေရာတွင်ပင် လဲကျသွားခဲ့သည်။

ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မောင်တော ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မြို့နယ် ဆရာဝန်ကြီး ဖြစ်သူ ဒေါက်တာ ကျော်မောင်မောင်သိန်းက ဆေးကုသ မပေးခဲ့သောကြောင့် သြဂုတ် (၂၄) ရက်နေ့ ညနေ ၆း၄၀ နာရီ အချိန်တွင် သေဆုံး သွားခဲ့သည်။ မိသားစုဝင်များက သေဆုံးသွားသူ ဦးအဒူဟောက်၏ အလောင်းကို တောင်းခံခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိကြီး တစ်ဦးက ၎င်းတို့နှင့် သဘောတူညီချက် တစ်ခုကို လက်မှတ် ရေးထိုး ပေးမှသာ အလောင်းကို အပ်နှံမည်ဟု ပြောဆိုပြီး အလောင်းကို အပ်နှံခြင်း မရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးအဒူလ်ဟောက်၏ အလောင်းကို မိသားစုများထံ လွှဲပြောင်း ပေးအပ်ခြင်း မရှိဘဲ သြဂုတ်လ (၂၅) ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦး၊ အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး၊ အလယ်သံကျော် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး တို့က အမှတ် (၂) ရပ်ကွက်ရှိ သင်္ချိုင်းတွင် မြှပ်နှံ သဂြိုဟ် လိုက်ကြောင်း အဆိုပါဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဥပဒေမဲ့ ပစ်သတ်ခဲ့သော်လည်း၊ အသတ်ခံ ရသူ၏ အလောင်းကိုပင် မိသားစု များကို အပ်နှံခြင်း မရှိဘဲ သဂြိုဟ်လိုက်ခြင်းသည် ရခိုင်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိသည့်မှာ ပေါ်လွင် ထင်ရှား နေပါသည်။




MYARF
RB News
25.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ်တပ်၍ န.စ.က ကဲ့သို့ အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ငါးဖမ်းခွင့် ပိတ်ပင် ထားပြီး၊ ငါးဖမ်းခွင့် ရရှိထားသူ များနှင့် အတူ လိုက်ပါသွားသော ငါးဖမ်းခွင့် ပိတ်ပင်ခံရသူ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ် တပ်၍ န.စ.က ကဲ့သို့ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ဇူလိုင်လ (၁၂) ရက်နေ့မှ စ၍ ငါးဖမ်းခွင့် ပိတ်ပင် ထားခဲ့သည်။ စားဝတ်နေရေး ကျပ်တည်းမှုကို မခံနိုင်၍ စစ်ဆေးခံခဲ့သူ အချို့ကို ငါးဖမ်းခွင့် ပြန်လည် ပေးအပ် ထားပြီး၊ ၎င်းတို့နှင့် အတူ လိုက်ပါသွားသော ငါးဖမ်းခွင့် ပိတ်ပင်ခံထားရသူ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ ရွာကြီးရွာမှ ဦးအာမန်အုလ္လာ (ဘ) ဦးမာမတ် (အသက် ၅၀ နှစ်) ကို သြဂုတ်လ (၂၁) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းနှင့် ဦးရော်ဖိတ်တို့က ကျောက်ပန္ဒူရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၇) ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရုံးမှ G1 နှင့် တပ်ရင်းမှူးတို့သည် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာသို့ ရောက်ရှိလာပြီး အာဏာပိုင်များ၏ သတင်းပေး ဖြစ်သူ ဦးရော်ဖိတ် (ဘ) ဦးဟာဘီရာမန် တို့နှင့် တွေ့ဆုံပြီး၊ ငါးဖမ်း စက်လှေ အများအပြား ရှိသည့် အနက် စစ်ဆေးခံခဲ့သည့် စက်လှေ ပိုင်ရှင် (၃) ဦးကိုသာ ငါးဖမ်းခွင့် ပြန်လည် ပေးခဲ့ပြီး၊ ကျန်သည့် စက်လှေ ပိုင်ရှင်များကို ငါးဖမ်းခွင့် ရလိုလျှင် ဦးရော်ဖိတ်ထံတွင် စစ်ဆေးခံပြီးမှ ပြန်လည် ရရှိမည်ဟု ပြောကြား သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရိုဟင်ဂျာ စက်လှေ ပိုင်ရှင် အများစုမှာ ငါးဖမ်းခွင့် ပိတ်ပင်ခံရသော်လည်း ဘင်္ဂလီ အမည်ဖြင့် လုံးဝ စစ်ဆေးခံမည် မဟုတ်ဟု ပြောဆို နေကြကြောင်း သိရှိရပါသည်။



RB News
25.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လေးမြို့ ကျေးရွာ အုပ်စု၊ ကြာညိုပြင် ကျေးရွာမှ တာဝန်ခံ ညီအစ်ကို နှစ်ဦး တို့သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အမည်သုံး၍ ဒေသခံများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ လေးမြို့ ကျေးရွာ အုပ်စု၊ ကြာညိုပြင် ကျေးရွာမှ တာဝန်ခံ ဦးအာရောဖ်အာမတ်နှင့် ဦးဇော်မြင့်နိုင် တို့သည် ယခင် န.စ.က လက်ထက်တွင် န.စ.က များနှင့် ပူးပေါင်းပြီး ဒေသခံ ရိုဟင်ဂျာများကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြသည်။ န.စ.က ဖျက်သိမ်းပြီးနောက် န.စ.က နေရာတွင် အစားထိုး ရောက်ရှိလာသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဒေသခံများကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၆) ရက်နေ့တွင် ဦးဇော်မြင့်နိုင်နှင့် ဦးအာရောဖ်အာမတ် တို့သည် ကင်းတောင် ကျေးရွာမှ ဦးအနိုဝါရ် ဆာဒဲခ်နှင့် ပူးပေါင်း၍ အဆိုပါ ကျေးရွာမှ ဗလီ ရှေ့ဆောင် ဆရာ ဖြစ်သူ မော်လ၀ီ ဦးအေရ်ရှာဒ် (ဘ) ဦးအဒူဆော်တော်ရ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၁) သို့ ခေါ်ဆောင်သွားပြီး စစ်ဆေး စေခဲ့သည်။ မော်လ၀ီ ဦးအေရ်ရှာဒ်သည် အပြစ်မဲ့ တစ်ဦး ဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စစ်ဆေးပြီးနောက် ငွေကြေး တစ်စုံတစ်ရာ မပေးရဘဲ လွတ်မြောက် လာခဲ့သည်။

သို့သော်လည်း သြဂုတ် (၇) ရက်နေ့တွင် ဦးဇော်မြင့်နိုင်နှင့် ဦးအာရောဖ်အာမတ် တို့သည် မော်လ၀ီ ဦးအေရ်ရှာဒ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဗိုလ်ကြီးကို ငွေကျပ် ၃ သောင်း ပေးရမည်ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။

ဦးဇော်မြင့်နိုင်နှင့် အပေါင်းအပါ (၃) ဦး တို့သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အမည်ကို သုံး၍ ဒေသခံများ ထံမှ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်နေသောကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်သူ ရဲမှူးချုပ် တင်ကိုကိုမှ တားဆီး အရေးယူ ပေးရန် တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။




RB News
25.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မီးရထားဆိပ် ရပ်ကွက်မှ အပြစ်မဲ့ ရွာသား နှစ်ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရဲများ ပူးပေါင်း၍ ဖမ်းဆီးပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် မီးရထားဆိပ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးနိုင်နိုင်သည် ယခင် အမှတ် (၇) ရပ်ကွက်တွင် နေထိုင်ခဲ့သော မောင်နူရ်ဟာကီးမ် (ဘ) ဦးလော်ဖူလ် နှင့် မောင်ရှော်ဖီ (ဘ) ဦးမာမတ်ဆိဒိခ် တို့ကို ရဲစခန်းမှ အကြောင်းကြားစာ ရောက်ရှိနေသည်ဟု ပြောဆို၍ ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ရဲစခန်းသို့ အရောက်တွင် ဒုရဲအုပ် မြတ်ထွေးက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်မှ အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်လာသူ နှစ်ဦးကို ငွေမပေးပါက ထောင်ကျမည်ဟု အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုပြီး၊ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ငွေကျပ် ၅ သိန်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်က လက်ခံ ရယူခဲ့ပြီး၊ ဒုရဲအုပ် မြတ်ထွေးနှင့် အပေါင်းအပါ များကို ဝေစုများ ခွဲဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

ဒုရဲအုပ် မြတ်ထွေး၏ မတရား သဖြင့် အနိုင်ကျင့် ရက်စက်မှု၊ ငွေညှစ်မှု များမှာ နေ့စဉ်နှင့် အမျှ ပိုမို များပြားလာသဖြင့် ဒေသခံ ပြည်သူများ စိတ်ဒုက္ခရောက် နေကြရသောကြောင့် ဒေသခံများက နေပြည်တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာနမှ လွတ်လပ်သည့် စုံစမ်းရေး ကော်မရှင် တစ်ရပ် စေလွှတ်၍ စစ်ဆေး ပေးစေလိုကြောင်း၊ ဒုရဲအုပ် မြတ်ထွေး၏ ဥပဒေမဲ့ လုပ်ရပ်များအတွက် သက်သေ အဖြစ် ထွက်ဆို၍ ဒေသခံ ၅၀၀၀ ကျော် အသင့်ရှိနေကြောင်း၊ နိုင်ငံတော် အကြီးအကဲများ အနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးမှသာ တရား ဥပဒေ စိုးမိုးမှု ရှိမည်ဟု ဆိုသည်။




RB News
24.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီပြင် ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၃) ရက်နေ့ ည ၉း၀၅ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အုပ်စု စေတီပြင် ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သူ ဦးအဒူလ်ဟောက် (ဘ) ဦးမာမတ်ဇော်လိလ် (အသက် ၃၅ နှစ်) ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီပြင် ကျေးရွာမှ လယ်သမား တစ်ဦး ဖြစ်သည့် ဦးအဒူလ်ဟောက်သည် ရွာထဲရှိ လမ်းမှ သွားနေစဉ် ၎င်း၏ နောက်မှ လမ်းလျှောက်လာသည့် အမည်မသိသူ နှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ရာ၊ အဆိုပါ အမည်မသိသူ နှစ်ဦးက မတရား ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး သွားခဲ့ကြသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားသူ နှစ်ဦး နောက်ကို မလိုက်ဘဲ၊ လမ်းမှ လျှောက်သွားနေသည့် ဦးအဒူလ်ဟောက်ကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပစ်လိုက်သည့် ကျည်ဆန်သည် ဦးအဒူလ်ဟောက်၏ ၀မ်းဗိုက်ကို ထိမှန်၍ နောက်ကျောမှ ပေါက်ထွက်သွားခဲ့ပြီး ထိုနေရာတွင်ပင် လဲကျသွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အင်းဒင်ရှိ စခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ရာ၊ အင်းဒင် စခန်းမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး သေနတ်ပစ်ခံရသည့် ဦးအဒူလ်ဟောက်ကို မောင်တော ဆေးရုံသို့ ခေါ်ဆောင် သွားခဲ့ရာ သြဂုတ်လ (၂၄) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မောင်တော ဆေးရုံသို့ ရောက်ရှိခဲ့သည်။ ဦးအဒူလ်ဟောက်ကို ဆေးရုံသို့ ခေါ်ဆောင် လာခဲ့သော်လည်း မိသားစု များကို အကြောင်းမကြား ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဆေးရုံသို့ ရောက်ရောက်ချင်း မြို့နယ် ဆရာဝန်ကြီး ဖြစ်သူ ဒေါက်တာ ကျော်မောင်မောင်သိန်းကို အကြောင်းကြား ခဲ့သော်လည်း လာရောက်၍ ဆေးကုသပေးခြင်း မရှိသည့်အပြင် နံနက် ၁၀ နာရီ အချိန်တွင် ဆေးရုံသို့ မြို့နယ် ဆရာဝန်ကြီး ရောက်ရှိလာသော်လည်း ဒဏ်ရာ ပြင်းထန်စွာဖြင့် ဝေဒနာ ခံစား နေရသည့် ဦးအဒူလ်ဟောက်ကို ဆေးကုသ ပေးခြင်းမရှိဘဲ ပြန်သွားခဲ့သည်။ ဒေါက်တာ ကျော်မောင်မောင်သိန်းသည် နံနက် ၁၁ နာရီခန့် အချိန်တွင် ဆေးရုံသို့ တဖန် ပြန်လာ၍ သူနာပြု ဆရာများကို “ဒီကောင် ခုထိ မသေသေးဘူးလား” ဟု မေးမြန်းခဲ့ရာ သူနာပြု ဆရာမများက မသေဆုံး သေးကြောင်း ပြန်လည် ဖြေကြားသည်ကို နားထောင်၍ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ဒဏ်ရာများဖြင့် နာကျင်မှု ဝေဒနာ ပေါင်းစုံကို ခံစားနေရသည့် ဦးအဒူလ်ဟောက်သည် ဆေးရုံတွင် ၎င်းကို စာနာစိတ်ဖြင့် ဆေးကုသ ပေးမည့်သူ မရှိသဖြင့် ညနေ ၆း၄၀ နာရီ အချိန်တွင် သေဆုံးသွားခဲ့သည်။

မိသားစုများက သေဆုံးသူ၏ အလောင်းကို အိမ်သို့ သယ်ဆောင် သွားရန် အာဏာပိုင်များကို တောင်းဆိုခဲ့သော်လည်း အာဏာပိုင်များက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ လူကြီး ရောက်လာမှသာ သိရမည်ဟု ဆို၍ အလောင်း သယ်ဆောင်ခွင့်ကို တားမြစ် ထားခဲ့သည်။ ည ၇း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လူကြီးဆိုသူ ရောက်ရှိလာပြီး မိသားစုဝင်များအား သဘောတူညီချက် တစ်ခု လက်မှတ်ရေးထိုးမှသာ အလောင်းထုတ် ပေးမည် ဖြစ်ကြောင်း၊ ၎င်းတို့နှင့် သဘောတူညီချက်ကို လက်မှတ် မရေးထိုးပါက အလောင်း ထုတ်ပေးမည် မဟုတ်ကြောင်း၊ ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။

ဦးအဒူလ်ဟောက်သည် လယ်ယာ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ပြီး၊ သားသမီး နှစ်ဦး၏ ဖခင် ဖြစ်သည်။ 




RB News
24.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်မြေ အခြေစိုက် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက ဖမ်းဆီး၍ ထိပ်တုံးခတ် ထားပြီး ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ ၂၂ ရက်နေ့ ည ၉ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ဖွဲ့ဝင် များသည် ညောင်ချောင်း ကျေးရွာ အုပ်စု၊ ဘုရားပြင် အောင်ပ ကျေးရွာသို့ ၀င်ရောက်ပြီး ဦးနူရ်အလီ (ဘ) ဦးအစ္စလာမ်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆဲဆိုသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး လူမဆန်စွာ ရိုက်နှက် နှိပ်စက်ကာ ထိပ်တုံးခတ် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးနူရ်အလီကို ဖမ်းဆီးပြီးနောက် အဆိုပါ ခြေမြန်တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီးက ငွေကျပ် ၃ သိန်း တောင်းခံလျက် ရှိကြောင်း သိရှိရသည်။ လုပ်ကြံ စွပ်စွဲခံရပြီး ဖမ်းဆီးခံရသည့် အပြစ်မဲ့ ဒေသခံ ဦးနူရ်အလီသည် အလွန် ဆင်းရဲသူ တစ်ဦး ဖြစ်သောကြောင့် တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီး ညှစ်သည့် ငွေကို ပေးနိုင်ခြင်း မရှိသည့် အတွက် ယခု အချိန်ထိ ဖမ်းဆီး ချုပ်နှောင် ခံနေရကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ဘူးသီးတောင်မြို့နယ်၏ အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိသော်လည်း ဌာန ဆိုင်ရာနှင့် လက်နက်ကိုင် အာဏာပိုင်များက လိုင်စင်ရ ဓါးပြများ ကဲ့သို့ ပြုမူ နေသောကြောင့် ဒေသခံ ရိုဟင်ဂျာ အများစုမှာ နေ့စဉ်နှင့် အမျှ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခံရခြင်း၊ ငွေညှစ်ခံရခြင်းများ ကြုံတွေ့ နေရသည်။ အဆိုပါ တပ်ရင်း ၂၆၃ မှ မကြာခဏ ဆိုသလို ဒေသခံ ပြည်သူများကို ဒုက္ခပေးလျက် ရှိသည်ဟု ဆိုသည်။ ၎င်းတို့ကို ဆန်၊ ကြက်နှင့် အခြားသော ဒေသ ထွက်ကုန်များကို ဆက်ကြေး သဖွယ် ပေးနေရသည့် အတွက် ဒေသခံများ နေ့စဉ် စိတ်အနှောက် အယှက် ဖြစ်နေရပြီး၊ တပ်ရင်းမှူး ဖြစ်သူက လက်အောက် ငယ်သားများက ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း များကို သိရှိသော်လည်း ဟန့်တား အရေးယူခြင်း မရှိကြောင်း၊ အဆိုပါ တပ်ရင်း၏ စားစရိတ်ကိုလည်း ဒေသခံ ရွာသားများထံ ကောက်ခံလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။




Rohingya Eye
RB News
24.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းမှုတွင် ပါဝင် စစ်ဆေးခံရန် ငြင်းဆန်သည့်သူများ၏ နေအိမ် တံခါးများကို ဖျက်ဆီး၍ အိမ်အသုံး အဆောင် ပစ္စည်းများ ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ (ဘူရာရှီဒါ ဖာရာ) သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အမည်ခံ လူဦးရေ စစ်ဆေးရန် သြဂုတ်လ (၂၁) ရက်နေ့က ရောက်ရှိလာခဲ့ရာ၊ ကျေးရွာသား အများစုက ပါဝင် စစ်ဆေးရန် ငြင်းဆန်ပြီးနောက် ရွာမှ တိမ်းရှောင် သွားခဲ့သည်။ ထို့နောက် စစ်ဆေးရေး အဖွဲ့နှင့် လုံထိန်းရဲများသည် တိမ်းရှောင်သွားသည့် ကျေးရွာသား များ၏ နေအိမ်များသို့ သွားရောက်၍ ၎င်းတို့၏ ဇနီးများကို ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမီရ်ဟာကီးမ်၏ နေအိမ်သို့ ခေါ်ဆောင်လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ --

(၁) ဒေါ်ဟာမီဒါ (ဘ) ဦးရှာကဲရ် (အသက် ၄၇ နှစ်)
(၂) ဒေါ်ဇော်မီ (ဘ) ဦးဟာနီဖာ (အသက် ၄၀ နှစ်)
(၃) ဒေါ်ရာဇော်မာ (အသက် ၄၈ နှစ်)
(၄) ဒေါ်မော်ရီယမ်ခါတူ (ဘ) ဦးကော်ရီမျာ (အသက် ၄၇ နှစ်)
(၅) ဒေါ်ဖော်ရီဇာ (ဘ) ဦးဟာလာမျာ (အသက် ၄၅ နှစ်)
(၆) ဒေါ်ဟာမီဒါ (အသက် ၄၇ နှစ်) --- တို့ဖြစ်သည်။

ဖမ်းဆီးခံရသူများကို အတင်းအဓမ္မ ခြိမ်းခြောက်၍ စစ်ဆေးခံခိုင်းရာ (၅) ဦး စစ်ဆေးခံခဲ့သည့် အတွက် အဆိုပါ (၅) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း၊ စစ်ဆေးခံရန် ငြင်းဆန်သည့် ဦးအဒူဂေါ်နီ၏ ဇနီး ဒေါ်ဟာမီဒါကို ရေမျက်တောင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ခေါ်ဆောင် သွားခဲ့သည်။ ညနေ (၆) နာရီ အချိန်တွင် ဒေါ်ဟာမီဒါကို စစ်ဆေးခံလျှင် ပြန်လည် လွှတ်ပေးမည်ဟု ဆို၍ အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း၊ စစ်ဆေးရေး အဖွဲ့က ၎င်း၏ နေအိမ်တံခါး ရိုက်ချိုး၍ အိမ်အတွင်းရှိ အိမ်အသုံး အဆောင် ပစ္စည်းများ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အလားတူ ၎င်းရွာရှိ မော်နူမာ (ဘ) ဦးအဘူတာလဲခ် (အသက် ၂၅ နှစ်) ၏ နေအိမ်သို့ စစ်ဆေးရေး အဖွဲ့သွားရောက်၍ စစ်ဆေးခံရန် ပြောရာ၊ မော်နူမာက ငြင်းဆိုသဖြင့် စစ်ဆေးရေး အဖွဲ့က ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ လူမဆန်စွာ ကိုယ်ထိလက်ရောက် စော်ကားမှုကို ကြောက်ရွံ့၍ အိမ်ထောင်စု ၅၀ နီးပါး စစ်ဆေးခံခဲ့ ရသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ သြဂုတ် (၂၁) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ (ဇာမိုက်န္နား) ကျေးရွာသို့လည်း စစ်ဆေးရေး အဖွဲ့များ ရောက်ရှိလာခဲ့ရာ၊ ကျေးရွာသားများက စစ်ဆေးခံရန် ငြင်းဆိုသဖြင့်၊ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ဦးအာမာန်အူလ္လာ (ဘ) ဦးဆူဂျူးတ်ခါးန် (အသက် ၆၅ နှစ်) ၏ နေအိမ်တံခါးကို ရိုက်ချိုး၍ ခြိမ်းခြောက် အကျပ်ကိုင်၍ အစစ်ဆေးခံခိုင်းသည်။ ထိုကဲ့သို့ ကြမ်းတမ်းစွာ ပြုမူမှုများကြောင့် ရွာသား အများအပြား ရွာမှ တိမ်းရှောင် သွားခဲ့ကြောင်း သိရှိရပါသည်။




RB News
22.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၂) ရပ်ကွက်မှ ဒေါ်ဇော်မီလာကို ဘူးသီးတောင် ရဲစခန်းမှ ရဲများက လုပ်ကြံ ဖမ်းဆီး၍ မုဒိန်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၁) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် မြတ်ထွေး ဦးဆောင်၍ ရဲတပ်ဖွဲ့ (၁၀) ဦးတို့သည် ဘူးသီးတောင်မြို့နယ် အမှတ် (၂) ရပ်ကွက်မှ ဒေါ်ဇော်မီလာ (ဘ) ဦးအဒူရှကူရ်ကို ရွှေခိုးသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။

ဒေါ်ဇော်မီလာကို ချုပ်နှောင်ထားစဉ် ကာလတွင် ဒုရဲအုပ် မြတ်ထွေး အပါအ၀င် ရဲတပ်ဖွဲ့ (၁၀) ဦးက ပါးစပ်ကို အ၀တ်များဖြင့် ဆို့ထားပြီး၊ လူမဆန်စွာ မုဒိန်းကျင့်ခဲ့သည့် အပြင် ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ည (၇) နာရီ အချိန်တွင် အမှတ် (၂) ရပ်ကွက်မှ ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးမာမတ်ရိယာစ်က ငွေကျပ် ၃ သိန်းကို အာမခံငွေ အဖြစ် ရဲများကို ပေးမှသာ ဒေါ်ဇော်မီလာကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ရဲများက အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း၊ ရိုက်နှက်ခြင်းကြောင့် ဒေါ်ဇော်မီလာ၏ အခြေအနေမှာ အလွန်ဆိုးရွားလျက် ရှိပြီး၊ အသက် အန္တရာယ် စိုးရိမ်ရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဒုရဲအုပ် မြတ်ထွေးသည် ၂၀၀၇ ခုနှစ်က ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာမှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်ခဲ့သည်ကို ရဲချုပ် အပါအ၀င် အာဏာပိုင် အကြီးအကဲများက သိရှိခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ ၎င်းသည် ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ အဆိုးဆုံး ရဲတစ်ဦး ဖြစ်သည်ကို မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အခြား အာဏာပိုင်များက သိရှိနေသော်လည်း အရေးယူခြင်း မရှိကြောင်း၊ ယခု ဒေါ်ဇော်မီလာကို လူမဆန်စွာ မုဒိန်းကျင့်ခြင်းနှင့် ပတ်သက်၍ အာဏာပိုင်များက အရေးယူ ဆောင်ရွက် မပေးလျှင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို အာဏာပိုင် သိရှိရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
21.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရာ ကျေးရွာ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ခရီးသွားများ ထံမှ ငွေညှစ်ခြင်း၊ အမျိုးသမီး များကို စစ်ဆေးမည်ဟု ဆိုကာ မဖွယ်မရာ ပြုလုပ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၀) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာမှ မောင်တောမြို့သို့ သွားနေသည့် အားမာန်သစ် ကားဖြင့် သ၀န်ချောင်း ကျေးရွာ ဥက္ကဌဟောင်း ဦးဂျဟာန်ဂိရ်၏ ဇနီး ဖြစ်သူသည် ပန်းတောပြင် ကျေးရွာရှိ မိဘများ အိမ်သို့ အလည်အပတ်၊ ဂေါ်ဒူသာရ တံတား ကင်းစခန်းသို့ အရောက်တွင် ကားပေါ်တွင် ပါလာသည့် ခရီးသည်များကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုတပ်ရင်းမှူး တစ်ဦး ထွက်လာပြီး “ငါတို့က န.စ.က မဟုတ်ဘူးနော်၊ ငါတို့ ဒီဒေသကို လာတာ ရခိုင် တိုင်းရင်းသား တွေနဲ့ ပူးပေါင်းပြီး ဘင်္ဂလီ ကုလား တွေကို မျိုးဖြုတ်၊ နှင်ထုတ်ဖို့ ဖြစ်တယ်” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် သေနတ် တစ်ချက် မိုးပေါ်ထောင် ပစ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဦးဂျဟာန်ဂိရ်၏ ဇနီးဖြစ်သူကို မသင်္ကာသည်ဟု ဆိုကာ စခန်းတွင်းသို့ ခေါ်သွင်းပြီး စစ်ဆေးစဉ်၊ ယာဉ်မောင်း ဖြစ်သူက မိမိနှင့် ဆွေမျိုးတော်စပ်သူ ဖြစ်ကြောင်း ၀င်ရောက် ပြောဆိုသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ငွေကျပ် နှစ်သောင်း ပေးမှသာ သွားခွင့်ပေးမည်ဟု ပြောကာ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။

အဆိုပါ စခန်းထဲတွင် အခြားသော ကားများဖြင့် ပါလာသည့် ရိုဟင်ဂျာ အမျိုးသမီး ၄ ဦးကိုလည်း စစ်ဆေးရန် ဟုဆိုကာ ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။ အမျိုးသမီးများကို စစ်ဆေးရာတွင် မဖွယ်မရာ ပြုလုပ်၍ ပြောဆို ဆက်ဆံ နေကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောပါသည်။ ယခင်က ရိုဟင်ဂျာ ခရီးသည်များ ကဒ်ပြား ပါမလာပါက ငွေကျပ် ၅၀၀ သာညှစ်လေ့ ရှိသော်လည်း ယခုအခါ ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ ထိ ညှစ်ယူလျက် ရှိကြောင်း သိရှိရပါသည်။




MYARF
RB News
21.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ရခိုင်ရွာရှိ မူလတန်း လွန်ကျောင်းရှိ ကျောင်းသား/သူ များကို ဆရာ/မ များက ပညာသင်ကြား ပေးခြင်း မရှိသည့် အတွက် ပညာရေး နစ်နာလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်စု၊ ရခိုင်ရွာရှိ မူလတန်း လွန်ကျောင်းတွင် ဆရာ/မ (၇) ဦး ရှိပြီး၊ ကျောင်းသား/သူ ၆၀၀ နီးပါး ရှိသည့်အနက် ရခိုင်လူမျိုး ကျောင်းသား/သူ ၅၀ ကျော်သာ ဖြစ်ပြီး၊ ကျန်သည့် ၅၀၀ ကျော်မှာ ရိုဟင်ဂျာ လူမျိုး ကျောင်းသား/သူ များ ဖြစ်ကြသည်။ ကျောင်းအုပ်ကြီး ဖြစ်သူမှာ ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး၏ ဇနီး ဒေါ်ဦးမြသိန်း ဖြစ်ကြောင်း သိရှိရပါသည်။

ကျောင်းအုပ်ကြီး အပါအ၀င် ဆရာ/မ (၇) ဦး စလုံးသည် ကျောင်းသို့ ပုံမှန် လာရောက်ခြင်း မရှိသည့် အပြင် ကျောင်းစတင် ဖွင့်လှစ်သည့် နေ့မှစ၍ ကျောင်းတွင် စာသင်ကြားခြင်း မရှိဘဲ ၀ိုင်း၍ စကားပြောခြင်းဖြင့် စာသင်ချိန်များ ပျက်ကွက်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် ယခုနှစ် စာသင်နှစ် အတွက် အစိုးရမှ ထောက်ပံ့ ပေးခဲ့သည့် ပုံနှိပ်စာအုပ်များနှင့် ဗလာ စာအုပ်များကို ကျောင်းအုပ်ကြီး ဒေါ်ဦးမြသိန်းက ကျောင်းသား/သူ များကို အပြည့်အစုံ မပေးဘဲ အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ UNICEF မှ မူလတန်း ကျောင်းသား/သူ များအတွက် ထောက်ပံ့သည့် ငွေကျပ် ၁၀၀၀ စီကိုလည်း ကျောင်းသား/သူ များအား ပေးအပ်ခြင်း မရှိကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
21.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်တောင်း ကျေးရွာ အုပ်စု၊ ရွာသစ်ရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လာရောက်၍ ဒေသခံ ရွာသား များကို မတရား ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၉) ရက်နေ့ နေ့လည် ၃း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာ အခြေစိုက် နယ်မြေ (၄) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၁၃) ဦးတို့သည် ကျောက်တောင်း (ရှိတ်ခါလီ) ကျေးရွာ အုပ်စု၊ ရွာသစ်ရွာသို့ ရောက်ရှိလာပြီး၊ ကိုဟာရှိမ်း (ဘ) ဦးဆော်ယာဒ်ဆာလမ် (အသက် ၂၈ နှစ်) နှင့် ကိုဆော်လမ် (ဘ) ဦးဘာဆာမျာ (အသက် ၂၅ နှစ်) တို့ကို တဖက်နိုင်ငံမှ ငွေများ ကိုင်ဆောင်သည်ဟု မဟုတ်မမှန် စွပ်စွဲပြီး မတရား သဖြင့် ဖမ်းဆီး၍ လိပ်ရကျေးရွာရှိ နယ်မြေ စခန်းသို့ ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ကျောက်တောင်း ကျေးရွာ အုပ်စု၊ အလယ်ရွာရှိ ကိုအဘူဆော်ယာဒ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၅ နှစ်) ၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေပြီး၊ တဖက်နိုင်ငံမှ ငွေများ တွေ့ရှိသည်ဟု ဆိုကာ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီးနောက် ထိုအိမ်ထဲတွင်ပင် ငွေကျပ် ၈၁၀၀၀/- ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ရွာသစ်ရွာရှိ ဇိုတ်ဟူဆောင်း (ဘ) ဦးရှာဟဲမျာ (အသက် ၁၈ နှစ်) ၏ ကွမ်းယာဆိုင်သို့ ၀င်ရောက်၍ ငွေကျပ် ၇၀၀၀/- တန်ဖိုးရှိ ဆေးလိပ်နှင့် ကွမ်းများကို လုယက် ယူဆောင် သွားခဲ့သည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကို ဦးဆောင်သူမှာ ဒု-ရဲအုပ် တစ်ဦး ဖြစ်ပြီး၊ နယ်မြေ (၄) သို့ လွန်ခဲ့သည့် တစ်လခန့်က ရောက်ရှိလာသူ ဖြစ်သည်။ ရောက်ရှိလာသည့် နေ့မှစ၍ ကျေးရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရွာသားများကို မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် လုယက်ခြင်း များကို နေ့စဉ် အဆက် မပြတ် ပြုလုပ်လျက် ရှိသည်ကို နယ်မြေမှူးနှင့် အထက် အရာရှိ များက သိရှိသော်လည်း တားဆီး အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
20.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ဦးဆန်းဝင်းက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၆) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာမှ ဦးအာဇီရာမန် (ဘ) ဦးရှုကူရ်နှင့် ဦးရှောမ်ရှုအာလာမ် (ဘ) ဦးဆယာဒ်ကရီးမ် တို့ကို လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ဦးဆန်းဝင်းက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသည့် အပြစ်မဲ့ နှစ်ဦးသည် အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်နေသည့် အဖွားအို တစ်ဦးကို လိုက်လံ ပို့ဆောင်ပေး ခဲ့သူများ ဖြစ်ပြီး၊ အပြန်လမ်းတွင် ပြည်သူ့ ဆေးရုံးအနီး၌ လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဦးဆန်းဝင်း ဆိုသူက ၎င်းတို့ နှစ်ဦးကို လူကုန်ကူးမှု တားဆီးရေး ရုံးသို့ ခေါ်ဆောင် သွားပြီး ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်သည်ဟု ဆိုကာ ချုပ်နှောင် ထားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အပြစ်မဲ့ ဖမ်းဆီးခံရသူ နှစ်ဦးက ၎င်းတို့ အနေဖြင့် မီးရှို့မှုတွင် ပါဝင်ခြင်း ရှိ/မရှိကို ကျေးရွာ အုပ်ချုပ်ရေးမှူးကို မေးမြန်း နိုင်ကြောင်း ပြောဆိုရာ၊ ဦးဆန်းဝင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူကို ဖုန်းဆက်၍ ဆင့်ခေါ်ခဲ့သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး ဖမ်းဆီးခံရသူ နှစ်ဦးမှာ အပြစ်မဲ့များ ဖြစ်ကြောင်း၊ အကျင့် စာရိတ္တ ကောင်းမွန်သူများ ဖြစ်သည့် အပြင် မီးရှို့မှုတွင် ပါဝင်သူများ မဟုတ်ကြောင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး အနေနှင့် အာမခံ နိုင်ကြောင်း၊ ဖမ်းဆီးခံရသူ နှစ်ဦးမှ ဦးရှော်မ်ရှုအာလမ်သည် ရာအိမ်မှူး တစ်ဦး ဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြ ပြောဆိုခဲ့သော်လည်း၊ ဦးဆန်းဝင်းက ကုလားဟူသမျှ မွေးကတည်းက အပြစ်ရှိသူများ ဖြစ်ကြောင်း၊ လူကုန်ကူးမှု တားဆီးရေး ရုံးသို့ ယခုကဲ့သို့ လာရောက်၍ အာမခံရုံနှင့် လွှတ်ပေးမည် မဟုတ်ကြောင်း ပြောဆိုသဖြင့် နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

လူကုန်ကူးမှု တားဆီးရေး အဖွဲ့၏ လုပ်ပိုင်ခွင့်မှာ လူကုန်ကူးမှုနှင့် ပတ်သက်သည် များကို တားဆီး အရေးယူရန်သာ ဖြစ်ပြီး၊ ၎င်းတို့၏ လုပ်ငန်းနှင့် မဆိုင်သည်များတွင် ၀င်ရောက် စွက်ဖက်ခွင့် မရှိသော်လည်း၊ ရရှိထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်၍ ဖမ်းဆီး ငွေညှစ်ခြင်းသည် ဥပဒေမဲ့ ပြုလုပ်ခြင်းသာ ဖြစ်သည်။ ဒေသတွင်းရှိ အာဏာပိုင် အကြီးအကဲများက ဌာနဆိုင်ရာများမှ ယခုကဲ့သို့ ဥပဒေမဲ့ ဖမ်းဆီး ငွေညှစ်ခြင်းများကို သိရှိသော်လည်း မည်သည့် အခါမှ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
20.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ်တပ်၍ န.စ.က ကဲ့သို့ အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ငါးဖမ်းခွင့် ပိတ်ပင် ထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ် တပ်၍ န.စ.က ကဲ့သို့ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ဇူလိုင်လ (၁၂) ရက်နေ့မှ စ၍ ငါးဖမ်းခွင့် ပိတ်ပင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ငါးဖမ်းခွင့် ပိတ်ပင် ထားသည့်အတွက် ငါးဖမ်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ဒေသခံ ရိုဟင်ဂျာများမှာ စားဝတ် နေရေး ကျပ်တည်းလျက် ရှိသည်ဟု ဆိုသည်။ ငါးဖမ်း စက်လှေ ပိုင်ရှင် များထဲမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ လူဦးရေ စာရင်း ကောက်ခံခြင်း အမည်ခံ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံသည့် စက်လှေ ပိုင်ရှင်အချို့ကို ငါးဖမ်းခွင့် ပြန်လည် ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

မြို့မ ကညင်တန်းနှင့် မောင်နီရွာများတွင် ငါးဖမ်း စက်လှေ ၁၇ စီး ရှိသည့်အနက် စစ်ဆေးခံခဲ့သည့် ဦးလာလ်မျာကို ပင်လယ်ပြင်တွင် ငါးဖမ်းရန် ပြန်လည် ခွင့်ပြုခဲ့ပြီး၊ အခြားကျေးရွာ များတွင်လည်း ပါဝင် စစ်ဆေးခံသည့် စက်လှေ ပိုင်ရှင်များကို ငါးဖမ်းခွင့် ပေးခဲ့သည်။ စက်လှေ ပိုင်ရှင် အများစုမှာ ငါးဖမ်းခွင့် ဆုံးရှုံးနေပြီး၊ စားဝတ် နေရေး ကျပ်တည်းလျက် ရှိသော်လည်း မိမိတို့၏ ဘိုးစဉ်ဘောင်ဆက် လူမျိုးအမည် အတွက် စည်းလုံးစွာ ရပ်တည် နေသည်ဟု ဒေသခံများက ပြောပါသည်။

သြဂုတ်လ (၁၇) ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရုံးမှ G1 နှင့် တပ်ရင်းမှူးတို့သည် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာသို့ ရောက်ရှိလာပြီး အာဏာပိုင်များ၏ သတင်းပေး ဖြစ်သူ ဦးရော်ဖိတ် (ဘ) ဦးဟာဘီရာမန် တို့နှင့် တွေ့ဆုံပြီး၊ ငါးဖမ်း စက်လှေ အများအပြား ရှိသည့် အနက် စစ်ဆေးခံခဲ့သည့် စက်လှေ ပိုင်ရှင် (၃) ဦးကိုသာ ငါးဖမ်းခွင့် ပြန်လည် ပေးခဲ့ပြီး၊ ကျန်သည့် စက်လှေ ပိုင်ရှင်များကို ငါးဖမ်းခွင့် ရလိုလျှင် ဦးရော်ဖိတ်ထံတွင် စစ်ဆေးခံပြီးမှ ပြန်လည် ရရှိမည်ဟု ပြောကြား သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရိုဟင်ဂျာ စက်လှေ ပိုင်ရှင် အများစုမှာ ငါးဖမ်းခွင့် ပိတ်ပင်ခံရသော်လည်း ဘင်္ဂလီ အမည်ဖြင့် လုံးဝ စစ်ဆေးခံမည် မဟုတ်ဟု ပြောဆို နေကြကြောင်း သိရှိရပါသည်။



ကိုမိုးဇော်
19.8.2014

ရခိုင်ပြည်နယ် အတွင်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ ပေးနေတဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ၀င်ရောက် ကူညီရေးကို ပြည်နယ် အစိုးရက ခွင့်ပြု ခဲ့ပေမဲ့ ဒေသခံ ပြည်သူ တချို့က ကန့်ကွက် နေတာကြောင့် လုပ်ငန်း လည်ပတ်မှု ပြန်လည် မစတင်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ဒုက္ခသည် စခန်း တချို့မှာတော့ ကျန်းမာရေး ဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်နေ ရပါတယ်။

ဒီကနေ့ ကျရောက် နိုင်ငံတကာ လူသားချင်းစာနာမှု အထိမ်း အမှတ်နေ့မှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက် နေတဲ့ အခြေ အနေတွေကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်း ပေးပို့ ထားပါတယ်။

၂၀၁၁ ခုနှစ်က စတင်လို့ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်တာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အိုးအိမ် စွန့်ခွာနေရသူ ၂ သိန်း ၄ သောင်းရှိပြီး ၈ သောင်းကျော်ဟာ လူသားချင်း စာနာမှု ဆိုင်ရာ အထောက် အပံ့တွေ လိုအပ်နေကြောင်း ဒီကနေ့ကျရောက် နိုင်ငံတကာ လူသားချင်း စာနာမှု အထိမ်း အမှတ်နေ့မှာ ကုလသမဂ္ဂက သတင်း ထုတ်ပြန် ထားပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ ဒီနှစ် ဇန်န၀ါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဒုချီးရာတန်းနဲ့ စစ်တွေ ပဋိပက္ခတွေကြောင့် နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့တွေဟာ လုံခြုံရေး အခြေအနေ အရ ရခိုင်ပြည်နယ်က ထွက်ခွာ ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ နိုင်ငံတကာ ကူညီ ထောက်ပံ့ရေး အဖွဲ့တွေကို ရခိုင်ပြည်နယ် အတွင်း လုပ်ငန်း ပြန်လည် ဆောင်ရွက် ခွင့်ပေး ခဲ့ပေမဲ့ အဖွဲ့အစည်း တချို့က လုပ်ငန်း ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ ဒီလို မဆောင်ရွက် နိုင်တာဟာ ဒေသခံ ပြည်သူ တချို့က ကန့်ကွက် နေတာကြောင့် ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရရဲ့ သတင်းနဲ့ မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ လက်ရှိ အနေအထား မှာတော့ ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က MSF ကို လုပ်မယ် ဆိုလို့ရှိရင်တော့ ဒါ လုပ်ပါ ပေါ့နော် ကမ်းလှမ်းတဲ့ အခါမှာ အနီးစပ်ဆုံး ကတော့ စစ်တွေပေါ့ဗျာ အဲဒီမှာရှိတဲ့ မြို့မိမြို့ဖတွေ၊ ပြည်သူ လူထုတွေ ကတော့ ဒါ ကျနော်တို့ အစိုးရ အဖွဲ့ကို တခါ ပြန်ပြီးတော့ ---- ပတ်သက်ပြီးတော့ ကန့်ကွက်တယ် ပေါ့နော်။ အဲ သူတို့ကတော့ ဒီ MSF ကို သူတို့ လက်မခံဘူး ပေါ့နော်။ နောက် Malteser လက်မခံဘူး။ ဒေသပြည်သူ လူထုတွေရဲ့ သဘောထားက လက်မခံဘူးပဲ ရှိတယ် ပေါ့နော်။ ကန့်ကွက် ကြတဲ့ဟာကို ၀န်ကြီးချုပ် ဦးဆောင်ပြီးတော့ ပြေလည်အောင် ဖြေရှင်း ပေးနေတာ လေးတွေ ရှိပါတယ်။”

စစ်တွေ ရပ်မိရပ်ဖ အဖွဲ့မှာ ပါဝင်တဲ့ ဦးသန်းထွန်းကတော့ ဘာကြောင့် ကန့်ကွက် ရသလဲ ဆိုတာကို အခုလို ပြောပါတယ်။

“ဘယ်လိုကြောင့်လဲ ဆိုတော့ MSF က ကျန်းမာရေး စောင့်ရှောက်မှု ဆိုပြီးတော့ MOU နဲ့လာတယ်။ ဒါပေမဲ့ ဒီမှာကျတော့ အဲ့ဒီ ကိစ္စတွေ အပြင် နိုင်ငံရေးဟာတွေ ၀င်ရောက် စွက်ဖက်တယ်။ အထူးသဖြင့် ဒီဘင်္ဂါလီတွေကို ရိုဟင်ဂျာ ဖြစ်ရေးကို သူတို့ပဲ ဦးဆောင်ပြီး လုပ်တာလေ။ အဲ့ဒီ အထောက် အထားတွေ ရခိုင်တွေမှာ အများကြီးရှိတော့ အဲ့ဒါကြောင့် သူတို့အဖွဲ့ကို ရခိုင်တွေက လက်မခံဘူးလေ။ Malteser ကိုတော့ လက်မခံဘူး။ Malteser က ဟို သန်းခေါင် စာရင်းကိစ္စ ဆန္ဒပြတုန်းက ထောင်ထားတဲ့ သာသနာ့ အလံကို Malteser တာဝန်ခံ အမျိုးသမီးက မဆီမလျော် လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဲ့ဒီကိစ္စ လက်မခံတာလေ။”

Malteser International အဖွဲ့ကတော့ လူသားချင်း စာနာကူညီတဲ့ အဖွဲ့အစည်း မူအရ ဘာသာရေး ဒါမှမဟုတ် နိုင်ငံရေး အထိမ်း အမှတ်တွေကို အသုံးပြုခွင့် မရှိတာကြောင့် ဖြုတ်ချတာ ဖြစ်ကြောင်း၊ မဖွယ်မရာ လုပ်တာ မရှိကြောင်း တုံ့ပြန် ဖြေရှင်းခဲ့သလို၊ MSF အဖွဲ့ကလည်း သူတို့ လုပ်ငန်းတွေ ပြန်လည် စတင်ရေး အတွက် အစိုးရက ဆောင်ရွက်ပေးဖို့နဲ့ ဒီလို လုပ်ငန်း ရပ်ဆိုင်းထား ရတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေဟာ ဆိုးဆိုးရွားရွား ကျဆင်းလာ နေကြောင်း လွန်ခဲ့တဲ့ တပတ်က သတိပေး ထားပါတယ်။ MSF အဖွဲ့ကို ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

MSF ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်း နေတာကြောင့် သူတို့ ကူညီ ထောက်ပံ့မှုကို ရယူ နေသူ တွေဟာ လောလောဆယ် အခက်အခဲ ကြုံနေတယ်လို့ အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ဒုက္ခသည် စခန်းက ဦးအောင်ဝင်းက ပြောပါတယ်။

“ဒီ MSF အဖွဲ့ ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ တီဘီရောဂါ ကုတဲ့ အခါမှာ အဆင် မပြေဘူး။ MSF ရှိတုန်းက ဆိုရင် သူတို့မှာ ကိုယ်ပိုင် laboratory ရှိတယ်။ ကျနော်တို့ ဒီတီဘီ သလိပ်ကို သွားအပ် လို့ရှိရင် ၄ နာရီ အတွင်းမှာ သူတို့ အဖြေ ပေးတယ်။ သူတို့ ပြန်သွားတဲ့ နောက်ပိုင်းမှာ ဒီစစ်တွေ ဆေးရုံကြီး ဓာတ်ခွဲခန်းကို ပို့လို့ရှိရင်ပေါ့ တလလောက်ကြာ ပြီးတော့ နောက် အဖြေ ရောက်လာတဲ့ အချိန်မှာလည်း ရောဂါ မရှိဘူး ဆိုတဲ့ အဖြေပဲ လာတယ် အမြဲတမ်း။ အဲ့ဒီတော့ ဒီတီဘီ ရောဂါက အရမ်းများ နေတယ် ဒီဘက်မှာ အခုလောလောဆယ်။”

အခြား ဖြစ်ပွားမှု များတာကတော့ အခက်အခဲ ကတော့ ငှက်ဖျား ရောဂါ ဖြစ်ကြောင်းနဲ့ အခုအခါ အစိုးရရဲ့ နယ်လှည့် ကုသရေး အဖွဲ့က အောင်မင်္ဂလာ စခန်းကို တပတ်ကို ၂ ကြိမ် လာရောက် ကုသပေးနေကြောင်း ပြောပါတယ်။ နိုင်ငံတကာ ထောက်ပံ့ ကူညီရေး အဖွဲ့တွေ ကတော့ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် တွေဟာ နှစ်ပေါင်းများစွာ ခွဲခြား ဆက်ဆံခံ ခဲ့ရသလို ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ဒုက္ခရောက်ရသူ အများစု ဖြစ်ကြောင်းလည်း ဖော်ပြကြပါတယ်။



Rohingya Eye
RB News
19.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စုရှိ အစိုးရ ဆေးရုံ အဆောင် ဆောက်လုပ်ရန်ဟု ဆိုကာ အာဏာပိုင်များက ကြိမ်ချောင်း ဈေးအတွင်းရှိ ဈေးဆိုင်ရှင်များထံမှ အတင်း အဓမ္မ အလှူငွေ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စု (ဘော်လီဘာဇား) အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး၊ စ.ရ.ဖ အဖွဲ့ဝင်များ၊ ယခင် ဥက္ကဌဟောင်း ဦးအီဒီရိစ် တို့နှင့် အတူ ကြိမ်ချောင်းဈေး အတွင်းရှိ ဈေးဆိုင်ပိုင်ရှင် များထံမှ ကြိမ်ချောင်း ဆေးရုံတွင် အဆောင် တစ်ခု ဆောက်လုပ်ရန်ဟု ဆိုကာ အလှူငွေများ အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကြိမ်ချောင်း ဆေးရုံသည် အစိုးရ ဆေးရုံ ဖြစ်သဖြင့် ယခုကဲ့သို့ အလှူငွေ ပေးနေရခြင်းနှင့် ပတ်သက်၍ ဈေးဆိုင် ပိုင်ရှင်များက မကျေမနပ် ဖြစ်လျက် ရှိနေကြသည်ဟု ဆိုသည်။ အစိုးရ အနေဖြင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိဘဲ၊ အဖက်ဖက်မှ ပိတ်ဆို့ခံ ထားရသည့် ပြည်သူများထံမှ အလှူငွေ ကောက်ခံခြင်းမှာ မတရားလုပ်ခြင်းသာ ဖြစ်သည်ဟု ၎င်းက ပြောပါသည်။

အတင်းအဓမ္မ ဖိအားပေးမှုကြောင့် အလှူငွေ ပေးခဲ့ရသူ အချို့မှာ --

(၁) ဦးဖေရာန် (ဘ) ဦးဘာဒီး (အသက် ၄၅ နှစ်) --- (ငွေကျပ် ၃ သောင်း)
(၂) ဦးဖော်ရိဒ် (ဘ) ဦးအူလ္လာမျာ (အသက် ၄၂ နှစ်) --- (ငွေကျပ် ၂ သောင်း)
(၃) ဦးအိုစ်မာန် (အသက် ၃၃ နှစ်) --- (ငွေကျပ် ၂ သောင်း)
(၄) ဦးဆော်လိမ် (ဘ) ဦးခေါ်လိမ် (အသက် ၄၈ နှစ်) --- (ငွေကျပ် ၃ သောင်း)
(၅) ဦးဟာလာ (ဘ) ဦးလာလ်မျာ (အသက် ၅၅ နှစ်) --- (ငွေကျပ် ၂ သောင်း)
(၆) ဦးအစ္စမိုင်လ် (အသက် ၂၃ နှစ်) --- (ငွေကျပ် ၃ သောင်း)
(၇) ဦးအုစ်မာန် (အသက် ၃၈ နှစ်) --- (ငွေကျပ် ၃ သောင်း)
(၈) ဦးအုစ်မာန် (ဘ) ဦးဒူဒူမျာ (အသက် ၄၀ နှစ်) --- (ငွေကျပ် ၅ သောင်း)
(၉) ဦးဒိလ်မိုဟာမတ် (ဘ) ဦးအမိရ်ဇူဟာရ် (အသက် ၅၂ နှစ်) --- (ငွေကျပ် ၃ သောင်း) --- တို့အပါအ၀င် ကြိမ်ချောင်း ဈေးအတွင်းရှိ ဈေးဆိုင်များမှ ငွေကျပ် ၁၄ သိန်းကျော် ကောက်ခံ သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Rohingya Eye
RB News
19.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာ များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ လူဦးရေ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် ဖိအားပေးမှုများ ပြုလုပ်လျက် ရှိနေကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၈) ရက်နေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ အရှေ့ ရပ်ကွက်ရှိ စံပြမူလတန်း ကျောင်းသို့ မ.က.ဖ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ထွန်းဘော် ဦးဆောင်သည့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များအား ခေါ်ယူ တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မ.က.ဖ တာဝန်ခံ အရာရှိက အချို့ကျေးရွာ များတွင် လူဦးရေ စစ်ဆေးခြင်းတွင် ပါဝင် စစ်ဆေးခံခြင်းများ ရှိကြောင်း၊ အချို့ ကျေးရွာများတွင် စစ်ဆေးခံခြင်း မရှိကြောင်း၊ ယခု စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် လိုအပ်ကြောင်း၊ အကယ်၍ စစ်ဆေးမခံပါက ညပိုင်းတွင် ဧည့်စာရင်း စစ်ဆေးသည့် ပုံစံဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အင်အား သုံး၍ စစ်ဆေး သွားမည် ဖြစ်ကြောင်း၊ ဥပမာ အားဖြင့် ခမောင်းဆိပ် ကျေးရွာတွင် စစ်ဆေးသည့် ပုံစံမျိုးဖြင့် စစ်ဆေး သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာတွင် စစ်ဆေးစဉ် မတွေ့ရှိခဲ့သူများကို ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယခု စစ်ဆေးမှုကို ပြည်နယ် အစိုးရ၏ အမိန့်ဖြင့် စစ်ဆေး နေခြင်း ဖြစ်ကြောင်း၊ မောင်တောမြို့နယ်တွင် ရှိသည့် လူဦးရေ စာရင်း အတိအကျကို ပြည်နယ် အစိုးရသို့ တင်ပြရမည် ဖြစ်ကြောင်း၊ အစရှိသဖြင့် ခြိမ်းခြောက်သည့် အသွင်သဏ္ဍန်ဖြင့် ဖိအားပေး ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ သြဂုတ်လ (၁၄) ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းသည် မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း အပါအ၀င် မြို့မိမြို့ဖ များနှင့် တွေ့ဆုံခဲ့ပြီး၊ ယခု စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် ရမည် ဖြစ်ကြောင်း၊ စစ်ဆေးခံပြီးပါက ဗလီများတွင် ပြန်လည် ၀တ်ပြုခွင့် ပေးမည် ဖြစ်ကြောင်း၊ တက္ကသိုလ် ပညာ ဆက်လက် သင်ယူခွင့် ပေးမည် ဖြစ်ကြောင်းဟု ကတိပြု ပြောဆိုသွားခဲ့ပြီး၊ ယခု စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးမခံပါက လက်ရှိ ရရှိနေသည့် အခွင့်အရေး များပင် ဆုံးရှုံးသွားမည်ဟု ခြိမ်းခြောက် ပြောဆို၍ ဖိအားပေး ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



ဦးဘစိန်
RB News
18.8.2014

ခုတလော တစ်ဦးအပေါ်တစ်ဦး နားလည်မှု လွှဲမှားတာတွေကို အခြေခံပြီး သဘောထား ကွဲလွဲနေကြတာ တွေ့ရတယ်။ ၀မ်းနည်းစရာ ကောင်းတာက မကောင်းမှု ဟူသမျှဆိုရင် ရှေ့တန်းကပါလာမှ မျက်နှာသာ၊ မျက်နှာရမယ်လို့ ယူဆတဲ့လူတွေ (ပညာတတ်သော်ငြားလည်း ရိုဟင်ဂျာ လူမျိုးတွေ အတွက် ခံစားချက် မရှိတဲ့သူတွေ) ဘေးက အလွန် အောက်တန်းကျကျ လှုံ့ဆော် နေတာ တွေ့နေရတယ်။ သူတို့တတွေရဲ့ နောက်ကြောင်းကို ဆန်းစစ် ကြည့်လိုက်တော့ ရိုဟင်ဂျာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ စိတ်ဝင်စားမှု၊ ပါဝင်လှုပ်ရှားခဲ့မှု ဆိုရင် Zero လို့ ပြောမယ် ဆိုရင်လည်း ပြောနိုင်ပါတယ်။

တစ်ချို့သူတွေက အဲဒီလို ထောက်ခံမှုတွေကို လိုလားကောင်း လိုလားလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလားမှုဟာ ဘယ်တော့မှ ကောင်းကျိုးပေးမယ့် လိုလားမှုတော့ မဟုတ်ပါဘူး။ နှစ်ဖက် အမြင်နဲ့ လေ့လာကြည့်ကြပါစို့။ ပြည်တွင်းနေ၊ ပြည်ပနေ ရိုဟင်ဂျာများရဲ့ အသံတွေဟာ ၀မ်းနည်မှုတွေ ရောပြွန်းပြီး အားကိုးရမယ့်သူတွေ ပျောက်ကွယ် သွားပြီလားလို့ ခံစား နေကြတယ်။ ဒါက တကယ် ခံစားချက်တွေပါ။ ရိုဟင်ဂျာ နိုင်ငံရေး ခေါင်းဆောင်များ အနေနဲ့ (ပြည်တွင်း လွှတ်တော် အမတ်များကို ရည်ညွန်း ပါသည်) နိုင်ငံရေး ဘေးကျပ် နံကျပ်မှုတွေ အများအပြားကို ခံစားလွန်မြောက်၊ ခံစားနေဆဲလည်း ဖြစ်ပါတယ်။ အခက်အခဲပေါင်း မြောက်မြားစွာလည်း ကျော်လွှား လာနေပြီလည်း ဖြစ်ပါတယ်။ နောက်ထပ် ကျော်လွှား ရမယ့် အကြောင်းအရာ တွေလည်း အမြောက်အမြား ရှိနေပါတယ်။ အဲဒီ ကျော်လွှားမှု အားလုံးဟာ ရိုဟင်ဂျာ လွှတ်တော် အမတ်အားလုံးရဲ့ စွမ်းဆောင်မှုလို့ ပြည်တွင်း၊ ပြည်ပနေ ရိုဟင်ဂျာတွေက အသိအမှတ် ပြုကြပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းလို့ မယူဆခဲ့ကြဘူး။ စည်းစည်းလုံးလုံး လုပ်ဆောင်မှုတွေကို ကမ္ဘာ တစ်ဝှမ်းလုံး သတင်းပျံ့နှံ့ပြီး ကမ္ဘာ့ မီဒီယာတွေနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက မှတ်တမ်းတွေ တင်နေခဲ့ကြတယ်။

အဲဒီလို လှုပ်ရှားမှုတွေကြောင့် ယနေ့ မြန်မာအစိုးရက ရိုဟင်ဂျာ ဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ မကြားဖူးပါဘူး။ လုပ်ကြံ ဖန်တီးမှုနဲ့ နိုင်ငံရေး အမြတ်ထုတ်လိုသူ တစ်စုရဲ့ လှုံ့ဆော်မှုသာ ဖြစ်တယ်လို့ လက်ရှိ အာဏာရ ပါတီနဲ့ နိုင်ငံရေး ပါတီ အချို့ လက်ဝါး ရိုက်ကြပြီး ပြည်တွင်းမှာ ပြည်သူလူထုထဲ ပျံ့နှံ့အောင် ဆန္ဒ ထုတ်ဖော်ရေး၊ အာဏာရ အစိုးရက နောက်က ကြိုးကိုင် လှုပ်ရှားနေရတဲ့ အနေအထားကို ရောက်နေရတာ ဖြစ်ပါတယ်။

နောက်ဆုံး လေ့လာ သုံးသပ်ကြည့်မယ် ဆိုရင် “ရိုဟင်ဂျာ” ဆိုတာ သမိုင်း အထောက်အထား ရှိတယ်။ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး နိုင်ငံရေး နှိပ်ကွပ်မှုကြီး တစ်ရပ်ဖြစ်ကြောင်း ကမ္ဘာ့ နိုင်ငံ အသီးသီးနဲ့ ကမ္ဘာ့ လူ့အခွင့် အရေး အဖွဲ့အစည်းများ အပါအ၀င်၊ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တညီတညွတ်တည်း “ရိုဟင်ဂျာ” ဆိုတာကို ထောက်ခံကြတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးမားသော အောင်မြင်မှု တစ်ရပ် ဖြစ်ပါတယ်။

ချီးကျူးထိုက်သူကို ချီးကျူးပြီး၊ ကိုယ်စား တာဝန်လွှဲအပ် နိုင်စွမ်းရှိသူ တွေဟာ ခေါင်းဆောင်ကောင်း တွေရဲ့ အရည်အချင်း တွေပါ။ အခက်အခဲ ရင်ဆိုင်ရတိုင်း ဆွေးနွေး တိုင်ပင်ခဲ့ရတဲ့ သာဓက တွေရဲ့ ရလာဒ်ဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အပေါင်း လက္ခဏာတွေပါ။ လူတစ်ဦးချင်း အပေါ်မှာ စိတ်ဝင်စားမှု၊ ရိုဟင်ဂျာ လူထုရဲ့ အသံတွေကို အလေးထားမှု တွေကြောင့် အရေးကြီးတဲ့ အကြောင်းအရာ တစ်ခု (သို့မဟုတ်) အရေးပေါ် ကိစ္စ တစ်ခုခု ပေါ်ပေါက်လာတိုင်း ရိုဟင်ဂျာ တစ်ရပ်လုံးက ခေါင်းဆောင်တွေရဲ့ ညွန်ကြားချက်ကို စောင့်မျှော် နေခဲ့ရတာ ဖြစ်ပါတယ်။ ပေါ်ပေါက်လာတဲ့ အခြေအနေ တွေကို လျင်လျင် မြန်မြန် နိုင်ငံရေး ဦးဆောင်မှုပေးနိုင်မယ့် သူတွေဟာ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ် တွေဘဲ မဟုတ်လား?

“ရိုဟင်ဂျာ လူထုကို ဦးဆောင်မှု ပေးနိုင်ရန်၊ လူကြီးမင်းတို့ကို စောင့်မျှော်နေပါတယ်”

မောင်နူရ်ဟာကီးမ်

MYARF
RB News
17.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြို့နယ် ဆရာဝန်ကြီး ဒေါက်တော ကျော်မောင်မောင်သိန်း ထံမှ ဆေးကုသမှု ခံယူပြီး ၁၀ တန်းကျောင်းသား လူငယ် တစ်ဦး သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၂) ရက်နေ့က မောင်တောမြို့နယ် ဘဂုံးနား ကျေးရွာ အုပ်စု ဖော်အီရာရွာမှ ၁၀ တန်း ကျောင်းသား တစ်ဦး ဖြစ်သည့် မောင်နူရ်ဟာကီးမ် (ဘ) ဦးနူရ်အာမတ်သည် ဖျားနာနေသောကြောင့် ကျောင်းမတက်မီ နံနက်ပိုင်းတွင် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၏ ဆေးခန်းသို့ ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့သည်။ ဆရာဝန်က ၎င်းအား အလုပ်အကိုင် မေးမြန်းခဲ့ရာ ၁၀ တန်းကျောင်းသားဟု ဖြေဆိုခဲ့သည်။ ထို့နောက် မောင်နူရ်ဟာကီးမ်နှင့် အတူ လိုက်ပါသွားသော ယောက်ဖ ဖြစ်သူကို ဆရာဝန်ကြီးက ဆေးခန်း အပြင်သို့ နှင်ထုတ်ပြီး မောင်နူရ်ဟာကီးမ်ကို ဆေးထိုး ပေးကာ ဆေးစာရေးပေးပြီး နောက် နှစ်ရက်ကြာမှ ပြန်လာရန် မှာကြားခဲ့သည်။

ဆရာဝန်ကြီးမှ ဆေးထိုးပြီးနောက် မောင်နူရ်ဟာကီးမ်၏ အခြေအနေမှာ ကောင်းမွန် မလာဘဲ ချက်ချင်းဆိုသလို ပိုမို ဆိုးရွား သွားခဲ့သည်။ ထို့ကြောင့် မောင်နူရ်ဟာကီးမ်သည် ကျောင်းသို့ မသွားခဲ့ဘဲ ၎င်း၏ နေအိမ်သို့ ပြန်သွားခဲ့သည်။ အိမ်သို့ ရောက်သည့်အခါ အသက်ရှုကျပ်ခြင်း၊ ခန္ဓာကိုယ်၊ ခြေ၊ လက် ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း တို့ကို အလူးအလဲ ခံစားခံရသည်။ မောင်နူရ်ဟာကီးမ်က ဆရာဝန် ဆေးထိုးပြီးသည်နှင့် တပြိုင်နက် ၎င်း၏ အခြေအနေမှာ အလွန် ဆိုးရွား ခဲ့ကြောင်း၊ ၎င်းအနေဖြင့် အသက်ဆက်ရှင်ရန်ပင် မလွယ်ကူသည့် အခြေအနေမျိုး ခံစားနေရကြောင်း မိသားစုဝင်များကို ပြောခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်နူရ်ဟာကီးမ်သည် ဒေါက်တာ ကျော်မောင်မောင်သိန်း၏ ညွန်ကြားချက် အတိုင်း သြဂုတ်လ (၁၄) ရက်နေ့တွင် ဆေးခန်းသို့ ပြန်လည် သွားနေစဉ် ပန်းတောပြင် ကျေးရွာနှင့် မြို့မ ကညင်တန်း ကျေးရွာကြားရှိ တံတားနား အရောက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၂ ခုနှစ် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေါက်တာ ကျော်မောင်မောင်သိန်းထံမှ ဆေးကုသမှု ခံယူခဲ့သည့် လူနာအချို့သည် မောင်နူရ်ဟာကီးမ် ကဲ့သို့ ပြင်းထန်သည့် ဝေဒနာ ခံစားရပြီး သေဆုံးခဲ့ရသည် များကို အာဏာပိုင်များက သိရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း၊ စုံစမ်း စစ်ဆေးခြင်း တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

မဇ္ဇူရီ ပြည်နယ်၊ Ferguson မြို့မှာ ဆန္ဒပြ သူတွေကို အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့က ရှင်းလင်း နေစဉ်။ (သြဂုတ် ၁၃၊ ၂၀၁၄)

ဗွီအိုအေမြန်မာပိုင်း
17.8.2014

အမေရိကန် ပြည်ထောင်စု Missouri ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Nixon က St. Louis မြို့နယ် စီရင်စု ထဲက Ferguson မြို့မှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် African American ဆယ်ကျော်သက် တယောက် August လ ၉ ရက်နေ့က သေဆုံးခဲ့ ပြီးနောက် ဆန္ဒပြ ဆူပူ လုယက်မှုတွေ သောကြာနေ့ ညအထိ ဆက်လက် ဖြစ်နေတဲ့ အတွက် ခုလို အရေးပေါ် အခြေ အနေ ထုတ်ပြန် ခဲ့တာပါ။

ခုလို အရေးပေါ် အခြေအနေ ထုတ်ပြန် ရတာဟာ ဆန္ဒပြသူ တွေရဲ့ အသံတိတ် သွားအောင် လုပ်တာ မဟုတ်ဘဲ လူမှု အသိုင်း အဝိုင်း အတွက် အန္တရာယ် ရှိတဲ့ လက်တဆုတ်စာ လုယက်သူ တွေကို ထိန်းသိမ်းနိုင်ဖို့ ဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Nixon က စနေနေ့က ပြောကြား ခဲ့ပါတယ်။
ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု ပေါ်ပေါက်ရေး အတွက် အသေအချာ လုပ်သွားဖို့လည်း သူက အာမခံ ခဲ့ပါတယ်။ သောကြာနေ့ တုန်းက ဆိုင်တွေကို ဖျက်ဆီး လုယက် ကြတဲ့ သူတွေကို တားနိုင်ဖို့ ကြိုးစားခဲ့တဲ့ ပြည်သူ တွေကိုလည်း အုပ်ချုပ်ရေးမှူးက ကျေးဇူးတင် ခဲ့ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အရွယ် Michael Brown မသေဆုံးခင် သူဟာ ကုန်စုံဆိုင်လေး တခုမှာ လုယက်ပြီး ဆိုင်ဝန်ထမ်းကို ခြိမ်းခြောက် နေပုံရတဲ့ Video အပါအဝင် သေဆုံးမှု အစီရင်ခံစာကို Ferguson ရဲတပ်ဖွဲ့က သောကြာနေ့က ထုတ်ပြန်ခဲ့ ပြီးနောက်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တာပါ။ အခင်း ဖြစ်ခဲ့တဲ့ ကုန်စုံဆိုင်နားမှာ သောကြာနေ့က လူတွေ စုဝေးခဲ့ပြီး အဲဒီထဲက တချို့က ဆိုင်တော်တော် များများကို ဖျက်ဆီး လုယက်ခဲ့ ကြပါတယ်။ ဒါကို ဆန္ဒပြ နေသူတွေက တားဆီးဖို့ ကြိုးစား ခဲ့တာ ဖြစ်ပါတယ်။

ပြဿနာဖြစ်တဲ့ နေရာကို ရောက်လာတဲ့ အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေကို ဆန္ဒပြသူ တချို့က ပုလင်းတွေ တခြား အရာတွေနဲ့ ပစ်ပေါက် ခဲ့ကြပါတယ်။

Rohingya Exodus