နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
20.10.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ဦးသီဟန်က အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ဦးသီဟန်သည် မောင်တောမြို့နယ် မြောက်ပိုင်း ယခင် န.စ.က နယ်မြေ (၂) အောင်ဇံ ကျေးရွာရှိ နယ်မြေရုံးသို့ ရောက်ရှိလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကို အစည်းအဝေး ခေါ်ယူ၍ ကျေးရွာတိုင်းတွင် လူဆိုးလူမိုက်များ၊ အကြမ်းဖက် အဖွဲ့အစည်း များနှင့် ဆက်နွယ်သူများ ရှိနေကြောင်း၊ ၎င်းတို့ကို ၃ ရက်အတွင်း ကျေးရွာသားများက စာရင်းပြုစု၍ ဖမ်းဆီး ပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ ဖမ်းဆီးမပေးပါက ၎င်းတို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးမည် ဖြစ်ကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးချိန်တွင် လူဆိုး လူကောင်း မရွေးဘဲ တွေ့ရှိသမျှ လူကို ဖမ်းဆီးသွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ညအချိန် မတော် ရွာထဲသို့ ၀င်ရောက်၍ အပြစ်မဲ့များကို ဖမ်းဆီးလျက် ရှိရာ၊ အမျိုးသား အများစုမှာ မိမိတို့၏ နေအိမ်များတွင် မအိပ်ရဲကြတော့ဘဲ၊ ညအချိန်တွင် ရွာအပြင်သို့ တိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက လူဆိုးများ ဖြစ်သောကြောင့် ညပိုင်းတွင် ရွာအပြင်သို့ တိမ်းရှောင် နေကြသည်ဟု စွပ်စွဲ ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် လမှစ၍ ဒေသခံ ရိုဟင်ဂျာများကို အကြမ်းဖက် အဖွဲ့များနှင့် အဆက်အသွယ် ရှိသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးလျက် ရှိသည့်အပြင် အသက် သေဆုံးသည့် အထိ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။



MYARF
RB News
20.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ပြန်ပေးဆွဲထားမှုကို သိရှိသူဟု စွပ်စွဲ၍ ဖမ်းဆီးပြီး လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ကာ ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြို့မတောင် ရပ်ကွက် (အမှတ် ၂ ရပ်ကွက်) မှ ဦးအီနုစ်၏ ဇနီးဖြစ်သူ ဒေါ်လိုင်လာကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ကျေးရွာ အုပ်ချုပ်ရေး ရုံးစာရေး အဖြစ် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ ကညင်တန်း ကျေးရွာတွင် ခန့်အပ်၍ တာဝန်ချထားသည်။ ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးအီနုစ်က ဗျူဟာမှူးထံမှ ပုဇွန်ကန် တစ်ကန် ငှား၍ လုပ်ကိုင်လျက် ရှိပြီး၊ ဒေါ်လိုင်လာသည် ခင်ပွန်းနှင့် အတူ ပုဇွန်ကန်တဲတွင် နေထိုင်လေ့ ရှိသည်။ အောက်တိုဘာလ (၂) ရက်နေ့က ခင်ပွန်းဖြစ်သူ မြို့မတောင် ရပ်ကွက်ရှိ နေအိမ်သို့ ပြန်နေစဉ် ပုဇွန်ကန်တွင် အငှားလုပ်သားများနှင့် အတူ ရှိနေခဲ့ရာ၊ အမည်မသိ လူတစ်စု ရောက်ရှိလာပြီး၊ သူမ၏ ခင်ပွန်းထံမှ ငွေရရန် ရှိသည်ဟု ပြောဆို၍ သူမကို ခေါ်ဆောင် သွားခဲ့သည်။

ဒေါ်လိုင်လာကို ပြန်ပေးဆွဲထားသည်ဟု ယုံကြည်ရသော်လည်း ယခုအချိန်ထိ နောက်ဆက်တွဲ သတင်းများကို စုံစမ်း၍ မရသေးပေ။ ထိုကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ (၄) ရက်နေ့တွင် သရေကုန်တန်း ကျေးရွာမှ ပုဇွန်များ စုဆောင်း၍ ပြန်လည်ရောင်းချသူ ဦးဇူဘိုင်ရ် (ဘ) ဦးအဒူကော်ရီးမ်ကို အလယ်သံကျော် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေါ်လိုင်လာ ရှိသည့် နေရာကို သိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

လူမဆန်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဦးဇူဘိုင်ရ်၏ လိင်အင်္ဂါတွင် အုတ်တစ်လုံးကို ကြိုးဖြင့်ချည်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းဝင်း အတွင်း ပတ်ပြေးခိုင်းခဲ့သည်။ ဦးဇူဘိုင်ရ်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် ယခုအချိန်ထိ ပြင်းထန်စွာ ခံစားနေရဆဲ ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဦးဇူဘိုင်ရ်ကို စိတ်တိုင်းကျ ညှဉ်းပန်း နှိပ်စက်ပြီးနောက် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ငွေကျပ် ငါးသိန်း ငါးသောင်း ညှဏ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။



MYARF
RB News
19.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အုပ်စု၊ သရေကုန်းဘောင် ရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ အချို့၏ နေအိမ်များ ဖျက်ဆီး၍ ဒေသခံ အချို့ကို ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၇) ရက်နေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း မန်းကျည်းချောင်း အခြေစိုက် စခန်း အမှတ် (၁၅) မှ ရဲအုပ်သန်းလွင် ဦးဆောင်သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဂေါ်ဒူသာရ ကျေးရွာ အုပ်စု၊ သရေကုန်းဘောင် ရွာသို့ ၀င်ရောက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်ရီမုလ္လာ (ဘ) ဦးအိုမောရ်အာဘာစ်၏ နေအိမ်ကို အသေးစိတ် ရှာဖွေ စစ်ဆေးခဲ့သည်။ သို့သော်လည်း တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ပြန်လည် ထွက်ခွာ သွားခဲ့သည်။

ထို့နောက် အဆိုပါ ကျေးရွာမှ ဦးရော်ဖိတ် (ဘ) ဦးနာဂူး၊ ဦးမော်ဂျီအုလ္လာ (ဘ) မော်လ၀ီ ဦးဟာဘီအုလ္လာ နှင့် ဦးဆော်လီမုလ္လာ (ဘ) ဦးကုလ္လာမျာ တို့၏ နေအိမ် တံခါးများကို ရိုက်ချိုး ဖျက်ဆီး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဖမ်းအဆီး မရှိခဲ့သော်လည်း နေအိမ် တံခါးများ ဖျက်ဆီးခဲ့သည့် အပြင် အိမ်သား အချို့ကို ရိုက်နှက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မော်လ၀ီ (ဘာသာရေး ဆရာ) များ ပုန်းအောင်း နေသည်ဟု အကြောင်းပြ၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုတလော မောင်တောမြို့တွင် အာဏာပိုင်များက မော်လ၀ီများကို ပစ်မှတ်ထား၍ စစ်ဆေးလျက် ရှိသည့် အပြင် အကြောင်းမဲ့ ဖမ်းဆီးမှုများလည်း ပြုလုပ်လျက် ရှိသည်။ လမ်းများရှိ စစ်ဆေးရေး ဂိတ်များတွင်လည်း မော်လ၀ီများကို အထူး ဦးစားပေး၍ စစ်ဆေးလျက် ရှိပြီး၊ မောင်တောမြို့နယ် တောင်ပိုင်းတွင် စစ်ဆေးရေး ဂိတ် ၂၀ ခန့်ရှိသည့် အနက် ဒုချီးရားတန်းနှင့် ဂေါ်ဒူသာရ ကြားရှိ တံတား ကင်းစခန်း၊ သရေကုန်းဘောင်ရွာ ဘုန်းကြီးကျောင်းစောင့် အဖွဲ့နှင့် ဇော်မတတ်ရှိ စခန်းများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လမ်းသွားလမ်းလာ များကို ရိုက်နှက်ခြင်း၊ ငွေနှင့် ပစ္စည်းများကို လုယက်ခြင်း၊ အမျိုးသမီး များကို မဖွယ်မရာ ပြုလုပ်၍ ဆက်ဆံခြင်းများ ပြုလုပ်လျက် ရှိသည်။ ထို့အပြင် ရွာများအတွင်းသို့လည်း ညပိုင်းဝင်၍ ဒေသခံများကို နှောက်ယှက်လျက် ရှိကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
19.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ ဒေသဆိုင်ရာ အာဏာပိုင်များက ငွေယူ၍ အလယ်သံကျော်မှ မလေးရှားနိုင်ငံသို့ လူကုန်ကူးသည့် စက်လှေ တစ်စီး ထွက်ခွာခွင့်ပြု ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၆) ရက်နေ့ ညသန်းခေါင်ယံ (၁) နာရီအချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာဈေး၏ တောင်ဘက် မောင်တူလာရွာနှင့် ကပ်လျက်ရှိသည့် ဂူးဒါချောင်းမှ ထွက်ခွာသော မလေးရှားနိုင်ငံသို့ လူကုန်ကူးသည့် စက်လှေ တစ်စီးကို ဒေသဆိုင်ရာ အာဏာပိုင်များက ငွေယူ၍ ထွက်ခွာခွင့်ပြု ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ စက်လှေတွင် လူ (၅၀) ခန့်လိုက်ပါသွားပြီး လူကုန်ကူးသည့် ပွဲစားများက တစ်ဦးလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းစီ ယူခဲ့ကြောင်း သိရှိရပါသည်။ လူကုန်ကူးမှုကို ဦးဆောင်သူမှာ ဦးဇော်ထူး (ယခင် ဥက္ကဌဟောင်း၊ ရခိုင်လူမျိုး) ဖြစ်ပြီး၊ ၎င်းနှင့် အတူ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဟာမ်ဖူရာရွာနေ ဦးဆော်လိမ် (ဘ) ဦးမာမတ်အာမီးန် (အသက် ၄၇ နှစ်)၊ ဦးရှော်မ်ရှုကော်ရီးမ် (ဘ) ဦးမာမတ်အာမီးန် (အသက် ၄၂ နှစ်) နှင့် ဦးကော်ရီးမ် (ဘ) ဦးမာမတ်အာမီးန် (အသက် ၄၀ နှစ်) တို့ပါဝင်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

စက်လှေထွက်ခွာစဉ် ဗျူဟာမှူးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများ လာရောက်၍ လုံခြုံရေး တာဝန်ယူ ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

လူကုန်ကူးသူများ ရရှိသည့် ငွေကျပ် ၇၅ သိန်းမှ စစ်တပ်သို့ ငွေကျပ် ၆ သိန်း၊ အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ရဲမှူးအား ငွေကျပ် ၅ သိန်း၊ သတင်းတပ်ဖွဲ့ (SB) အား ငွေကျပ် ၄ သိန်း၊ စ.ရ.ဖ အဖွဲ့အား ငွေကျပ် ၃ သိန်းနှင့် အလယ်သံကျော် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအား ငွေကျပ် ၄ သိန်း ပေးခဲ့ရကြောင်း လူကုန်ကူးသူများနှင့် နီးစပ်သူများမှ တဆင့် စုံစမ်း သိရှိရပါသည်။

အာဏာပိုင်များနှင့် လူကုန်ကူးသူများသည် မကြာမီ ရက်ပိုင်း အတွင်းတွင် မြင်းလွှတ် ကျေးရွာမှ စက်လှေများဖြင့် မလေးရှားနိုင်ငံသို့ လူကုန်ကူးရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။




တို့ရွှေပြည် (၃) 

ရေးသားသူ -- ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
19.10.2014

ထလော့ထလော့ | အိုရိုဟင်ဂျာ့ 
အားမပျော့နှင့် | မလျှော့လုံ့လ 
သူကစ၍ | ငါကအားလုံး 
ကိုယ့်စွမ်းကိုယ့်စ | ဥာဏ်အမြင်နှင့် 
ငါတို့အရေး | အကျိုးဆောင်လော့ 
ဤမြေဤရွာ | ဘယ်သူ့ရွာလဲ 
ဤယာစပါး | ဘယ်သူ့စပါးလဲ 
ဤဗလီတွေ | ဘယ်သူ့ဗလီလဲ 
ကိုယ်စီတာဝန် | ခံယူပါလော့ 
ဥာဏ်သုံးချ၍ 
တစ်ဝမ်းတစ်စိတ် | ညီစေသတည့်း့ 
တစ်သွေးတစ်သား | ဖြစ်စေသတည့်း့။



RB News
19.10.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၅၅၂ မှ တပ်ရင်းမှူး အမိန့်အရဟု ဆိုကာ ဒေသခံများထံမှ ငွေနှင့် ပစ္စည်းများကို ဓါးပြများကဲ့သို့ တောင်းယူလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၅၅၂ မှ တပ်ရင်းမှူး အမိန့်အရဟု ဆိုကာ တပ်ရင်းမှ ဗိုလ်မှူး တစ်ဦးနှင့် တပ်ထောက် ဗိုလ်ကြီးတို့က အောက်တိုဘာလ (၁၇) ရက်နေ့တွင် သင်္ဂနာ ကျေးရွာ အုပ်စု၊ ယင်းမကျောင်းတောင် ကျေးရွာ အုပ်စုနှင့် ငရန်းချောင်း ကျေးရွာ အုပ်စု တို့မှ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အစည်းအဝေး ခေါ်ယူ၍ ဆိုင်ကယ် ပိုင်ရှင်များ၊ လဘက်ရည်ဆိုင် ပိုင်ရှင်များနှင့် ဗီဒီယိုရုံ ပိုင်ရှင်များကို တပ်ရင်း အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် ဓါးပြများကဲ့သို့ ခြိမ်းခြောက်၍ တောင်းခံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ဆိုင်ကယ်ပိုင်ရှင်များ၊ လဘက်ရည်ဆိုင် ပိုင်ရှင်များနှင့် ဗီဒီယိုရုံ ပိုင်ရှင်များကို ရုံးစာဖြင့် ဆင့်ခေါ်၍ --

- ဆိုင်ကယ်ပိုင်ရှင်များမှ ငွေကျပ် ၁၅၀၀၀/- စီပေးရန်
- လဘက်ရည်ဆိုင်ပိုင်ရှင်များ စုပေါင်း၍ ပလတ်စတစ် ထိုင်ခုံ ၅၀ ပေးရန်
- ဗီဒီယိုရုံ ပိုင်ရှင်များ စုပေါင်း၍ ၂၁ လက်မ တီဗွီ တစ်လုံး ပေးရန် -- ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၎င်းတို့ တောင်းခံသည့် အတိုင်း အချိန်မှီ မပေးပါက မပေးသူများ၏ တာဝန်သာ ဖြစ်သည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

တပ်ရင်း ၅၅၂ ၏ မတရားသဖြင့် တောင်းခံမှုကို ယင်းမကျောင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းမြင့်က အကောင်အထည် ဖော်မပေးနိုင်ဟု ပြောသောကြောင့် ၎င်းကို တရာဂူ ကျေးရွာ အုပ်စုရှိ ဦးအောင်ထွန်းလှ၏ လဘက်ရည်ဆိုင်တွင် တပ်ရင်းမှ အရာရှိများက လူမဆန်စွာ ရိုက်နှက်၍ အမျိုးမျိုး ခြိမ်းခြောက် ခဲ့ကြောင့် သိရှိရပါသည်။



MYARF
RB News
18.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ဖမ်းဆီး၍ ရက်စက်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့ ရကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၃) ရက်နေ့ နေ့လည် (၃) နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၅) နယ်မြေ စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ငါးစားကြူး ကျေးရွာ အုပ်စု ရွာသစ်မှ ဦးအာဘူတော်ယုဖ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၂၇ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဦးအာဘူတော်ယုဖ်ကို မုတ်ဆိတ်ရှိ၍ ဗလီဆရာဟု ပြောဆိုပြီး၊ လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ခဲ့ရာ အခြေအနေ ဆိုးရွားလာသဖြင့် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ကြိမ်ချောင်း တိုက်နယ် ဆေးရုံသို့ ပို့ဆောင် ခဲ့သည်။ ဦးအာဘူတော်ယုဖ်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ရက်စက်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ယင်းနေ့ ညနေ (၆) နာရီ အချိန်တွင် သေဆုံး သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဦးအာဘူတော်ယုဖ်၏ ရုပ်အလောင်းကို ကြိမ်ချောင်း တိုက်နယ် ဆေးရုံတွင် ခွဲစိတ်ပြီး မိသားစုများထံ ပြန်လည် အပ်နှံ ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။



MYARF
RB News
18.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပညောင်ပင်ကြီး ကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ပုဇွန်ကန် စောင့်နေသည့် အစောင့်များကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၆) ရက်နေ့ ည (၁၁) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီး ကျေးရွာ (ဒေါင်းခါလိ) အုပ်စု၊ မှော်ရွာ (ဘော်ဒ္ဒော်ဖာရာ) အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ပညောင်ပင်ကြီး ကျေးရွာတွင် ပုဇွန်ကန် စောင့်နေသူ နှစ်ဦးကို ဖမ်းဆီး၍ တစ်ညလုံး ချုပ်နှောင် ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသူ နှစ်ဦးထံမှ ငွေကျပ် တစ်သိန်း ငါးသောင်းစီ ညှစ်ယူ၍ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခံရသူ နှစ်ဦးမှာ --

(၁) ဦးဒိလ်မာမတ် (ဘ) ဦးကာလူ (အသက် ၃၅ နှစ်)
(၂) ဦးနူရ်မာမတ် (ဘ) ဦးလာလ်မျာ (အသက် ၃၅ နှစ်) -- တို့ဖြစ်သည်။

ဦးဒိလ်မာမတ်သည် ပုဇွန်ကန် အစောင့် လုပ်သား တစ်ဦး ဖြစ်ပြီး၊ ဦးနူရ်မာမတ်သည် ငါးဖမ်းသမား တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။



တို့ရွှေပြည် (၂) 

ရေးသားသူ -- ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
18.10.2014

ထလော့အစ်ကို | အိုရိုဟင်ဂျာ့ 
တို့အာရ်ကာန်မြေ | တို့ရွှေမြေဝယ် 
ရေချိုသောက်ရန် | မြစ်ချောင်းကန်နှင့် 
ဘိုးဘွားပေးမွေ | ရိုဟင်မြေဝယ် 
သီးနှံချိုပျား | များလည်းများ၏ 
များပါလေလည်း | တမွဲမွဲနှင့် 
ဆင်းရဲကာသာ | ကာလကြာလျှင် 
မြင်သာမြင်ရ | မစားရ၍ 
သူတောင်းစားတွေ | မဖြစ်မြောက်အောင် 
ရိုဟင်ဂျာတွေ | သတိနှင့်ဆောင် 
ရွှေမြေအာရ်ကာန် | မဆုံးရှုံးအောင် 
အားလုံးညီညွှတ်ကြရအောင့့်။


အပိုင်း (၃) -- ဆက်ရန် ..



အင်ကြင်းနိုင်
17.10.2014

ရမည်းသင်းထောင်မှာ ထိန်းသိမ်း ထားတဲ့ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ခရိုင် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ဒဏ်ငွေတစ်သိန်း ချမှတ် လိုက်ပါတယ်။ ဒီစီရင်ချက်ကို မကျနပ်တဲ့အတွက် အယူခံ အဆင့်ဆင့် ၀င်သွားမယ်လို့ ဦးဆန်းဆင့်ရှေ့နေက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ထောင်ဒဏ် စီရင်ချက် ချမှတ်လိုက်တာ နဲ့ ပတ်သက်လို့ တရားခံ ရှေ့နေ ဦးတင်ထွန်းကို မေးကြည့်ပါတယ်။

"ဒီကနေ့ မနက် ဆယ်နာရီခွဲကျော်ကျော်လောက်မှာ ဒက္ခိဏာတရားရုံးက စွဲဆို ထားတဲ့ ပုဒ်မ ၄၀၉ နဲ့ပဲ ရာဇဝတ် မကင်းတဲ့ ယုံကြည် အပ်နှံမှု ဖောက်ဖျက်လို့ ဆိုပြီးတော့ ထောင်ဒဏ် သုံးနှစ် ချတယ်။ နောက်တခါ ပြစ်မှုကြီး အမှတ် ၄၂/ ၂၀၁၄ တရားလိုက ဦးခင်ဋ္ဌေး၊ သတင်းတပ်ဖွဲ့က တရားလို ရဲမှူးကြီး တရားလိုပြု လုပ်ပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေပေါ့ ရာဇသတ်ကြီး ဥပဒေ ၁၂၄ (က) အရ နိုင်ငံတော် အစိုးရအပေါ်မှာ အကြည်ညိုပျက်စေတဲ့ အမှုနဲ့ တရားစွဲတယ်။

အဲ့ဒီ့အမှုကိုလည်း တရားလို၊ တရားခံ သက်သေတွေ အားလုံးကို ကျနော်တို့ အကုန်လုံးကို စစ်ဆေးပြီးတော့ ဒီနေ့ မနက်ပဲ ဦးဆန်းဆင့်အပေါ်မှာ ပြစ်မှုထင်ရှား စီရင်ပြီးတော့ ထောင်ဒဏ် ဆယ်နှစ်၊ ဒဏ်ငွေက တစ်သိန်း အဲ့ဒီ့ဒဏ်ငွေတစ်သိန်းကို ကျနော်တို့ဘက်က ဒဏ်ဆောင်လိုက်တော့ ဆယ်နှစ်ပဲပေါ့။

VOA။ ။ အဲ့တော့ ဒီစီရင်ချက်အပေါ် ဘယ်လို သဘောထား ရှိပါလဲရှင့်။

"အန်ကယ်လ်တို့က မကျေနပ်ဘူးပေါ့။ အန်ကယ်လ်တို့က လွှတ်ဖို့ပဲ ပြောတာပေါ့။ အယူခံမယ် ကျနော်တို့ မကျေနပ်ဘူး။ အမိန့်ကို ကုးလိုက်ပြီ လာမယ့် အင်္ဂါနေ့မှာ ရမယ်။ ရရင် ကျနော်တို့ မန္တလေးတိုင်း ဒေသကြီးကို တက်မယ်။ အဲ့ဒီ့ကမှ မအောင်မြင်ဘူးဆိုရင် တရားလွှတ်တော်ချုပ်ကို တက်မယ်။ တရားလွှတ်တော်ချုပ် မှာမှ ပြင်ဆင်မှု မအောင်မြင်ဘူးဆိုရင် အထူးအယူခံကို တက်မယ်။

VOA။ ။ ဦးဆန်းဆင့်ဟာ နိုင်ငံပိုင်ငွေ ကျပ်သိန်း၁၀၀ အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွဲချက်ကရော ရှင့် ။

"နောက်ဆုံး စစ်စစ်ပေါက်ပေါက် လုပ်တော့ ၇၂သိန်းတည်းပါ။ အလွဲသုံးစား လုပ်တယ် လို့ ဆိုတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တလကို ဝန်ကြီးတစ်ပါးက သိန်း ၃၀ လစာ ရတယ်။ Facility တွေအပြည့်ရှိတယ်။ အဲ့ဒီ့လို ရတဲ့ လူတစ်ယောက်ဟာ ၇၂သိန်းကို ကိုယ်ကျိုးအတွက်နော် ကျနော်တို့ ဥပဒေစကားပဲပြောတာ။ ကိုယ်ကျိုးအတွက် သုံးပါ့မလား။ ကျနော်တို့က that is the question? ။

VOA။ ။ နောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆိုတဲ့ပုဒ်မမှာ အစိုးရဘက်က ဦးဆန်းဆင့်ကို ဘာကြောင့် ဒီလိုမျိုးစွဲချက်တင်ခဲ့တာလဲရှင့်။

"ရှင်းရှင်းပြောရရင် ကျနော်တို့ မပြောခဲ့တဲ့ စကားတွေကို သက်သေတွေနဲ့ ဖွဲ့စည်းပြီးတော့ ပြောတယ်လို့ ဆိုတယ်ပေါ့ဗျာ။ ဥပမာဆိုပါတော့ တရုတ်ပြည် လောက်ရမ်မြို့မှာ ရွှေတိဂုံစေတီ ဘုရားပုံစံ တည်တယ်။ အဲ့ဒီ့တည်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီး ဦးဆောင်ပြီး ကျင်းပပါတယ်။ အဲ့ဒီ့ဝန်ကြီးဦးဆောင်ပြီး ကျင်းပတဲ့ အစည်းအဝေးမှာ ဒီအစိုးရက အတု၊ အခုတက်မယ့် အစိုးရ အတုလို့ ဘာအကြောင်းအရာနဲ့မှ ဆက်စပ်မှု မရှိပဲ ပြောတယ်လို့ စွပ်စွဲတာ။ ဦးဆန်းဆင့်ကိုယ်တိုင်က ပြည်ထောင်စုဝန်ကြီး သူကိုယ်တိုင် ပါဝင်တဲ့ အစိုးရကို အတုလို့ သူပေါ်တင်ပြောမလား။ ဒါ တချက်။ ဒါ ဘာအကြောင်းအရာနဲ့ဆက်စပ်သလဲ ဒီလိုသဘောပေါ့။

အစည်းအဝေးတက်တာလည်း နိုင်ငံဝန်ထမ်းတွေ၊ အဆင့်မြင့်ဝန်ထမ်းတွေ၊ ညွှန်ချုပ်တို့ ညွှန်ကြားရေးမှူးတို့ ဒုဝန်ကြီးတို့ အဲ့ဒီ့ဝန်ထမ်းတွေအပြင်ကို အဲ့ဒီ့ လူငါးဆယ်လောက် တက်တဲ့ အစည်းအဝေးမှာ ပညာရှင်တွေ ပါတယ်။ ကျနော်တို့က အဲ့ဒီ့အထဲက နှစ်ယောက်ကို ခေါ်ပြတယ်။ အဲ့ဒီ့လူတွေက ဘာပြောလည်းဆိုတော့ အဲ့လိုဝန်ကြီးက တစ်လုံးမှ မပြောပါဘူးတဲ့။ ကဲ... ဘယ့်နှယ့်လုပ်မလဲ ကျနော်ပြောတာက။"

တရားရုံးစီရင်ချက် မချခင် ရက်ပိုင်းအလိုက ဦးဆန်းဆင့်ကို စွဲဆိုထားတဲ့ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးရဲ့ လက်မှတ်ရေး ထိုးတောင်းဆို ထားချက်တွေကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ကို ပေးပို့ထားပါတယ်။

ဦးဆန်းဆင့် လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ဦးဆောင်သူ တဦးဖြစ်တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကို မေးကြည့်တော့-

"ဦးဆန်းဆင့်အပေါ် ထားတဲ့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား ကို အရင်ပြောရမယ်။ ဦးဆန်းဆင့်ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့သူအဖြစ် ကျနော်တို့ အတိုက်အခံ ပါတီတွေက အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လက်ခံ ယုံကြည် ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်နိုင်ငံရေး အဖြစ် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ လွှတ်တော်ကနေ အစိုးရ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ မမှန်မကန် လုပ်ဆောင် တာတွေ တွေ့ရတဲ့ အခါမှာ အစိုးရ အဖွဲ့ကို စွပ်စွဲပြစ်တင်တဲ့အနေနဲ့ Impeach လုပ်လာတဲ့ ဥက္ကဋ္ဌ တယောက် အဖြစ် ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက အရင်ဆုံး အသိအမှတ်ပြုထားတာဖြစ်တယ်။"

ဦးဆန်းဆင့်ဟာ အရင်နအဖ စစ်အစိုးရ လက်ထက်က ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် အာဏာရ ပါတီဖြစ်တဲ့ ကြံ့ခိုင် ဖွံဖြိုးရေး ရဲ့လွှတ်တော် ကိုယ်စားလှယ် တဦး အဖြစ် ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူ ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဇွန်လ အဖမ်း မခံရခင်မှာ သာသနာရေး ၀န်ကြီး အဖြစ် လွှဲပြောင်း တာဝန် ပေးခြင်းခံ ခဲ့ရပါတယ်။



Rohingya Eye
RB News
17.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွန်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၅) ဦး ကို စစ်သား များက လူမဆန်စွာ ရိုက်နှက် ခဲ့ရာ၊ ဒေသခံ နှစ်ဦး၏ အသက် အန္တရာယ် စိုးရိမ် ရကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၅) ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွန်း (ရာမ်မီးဘီးလ်) ကျေးရွာ အတွင်းသို့ ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်တပ် စခန်းမှ စစ်သားများ ၀င်ရောက် လာစဉ် ဒေသခံ ရိုဟင်ဂျာ ရွာသား တစ်ဦး ဖြစ်သူ ဦးယူမာယူ(န်) ကော်ဘိရ် (ဘ) ဦးအီဆုပ် (အသက် ၂၉ နှစ်) က စစ်သားများကို တွေ့ရှိပြီး အကြောင်းမဲ့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးသွားခဲ့ရာ၊ စစ်သားများက လိုက်လံ ဖမ်းဆီးပြီး စစ်ဖိနပ်များ ကန်သည့် အပြင် သေနတ်ဖြင့် မျက်နှာကို ထုရိုက်၍ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် သွားများ ကျိုး၍ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရိုက်နှက်ခံရသူမှာ ယခု အချိန်ထိ သွေးများ အန်လျက် ရှိပြီး၊ အသက် အန္တရာယ် အလွန် စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ဦးဟူမာယူ(န်) ကော်ဘိရ်ကို စစ်သားများ လိုက်လံ ဖမ်းဆီးနေစဉ် လမ်းတွင် တွေ့ရှိသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးကိုလည်း လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သိရှိရပါသည်။

ရိုက်နှက်ခံရသူ (၄) ဦးမှာ --

(၁) မော်ဂျီအူလ္လာ (ဘ) ဦးရှော်ဖီ (အသက် ၂၁ နှစ်)
(၂) ဟာမီဒူလ္လာ (ဘ) ဦးဟာဘီအူလ္လာ (အသက် ၁၇ နှစ်)
(၃) ဟာရွန် (ဘ) ဦးအစ္စလာမ် (အသက် ၁၇ နှစ်)
(၄) ဦးရှောဖီကူလ္လာ (ဘ) ဦးမူဖီဇူရာမန် (အသက် ၃၇ နှစ်) -- တို့ဖြစ်ပါသည်။

ရိုက်နှက်ခံရသူ (၄) ဦးမှ မော်ဂျီအူလ္လာ၏ အခြေအနေမှာလည်း အထူး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရှိရပါသည်။

လူမဆန်စွာ ရိုက်နှက် နှိပ်စက်သည့် စစ်သားများကို ဗိုလ်ကြီး တစ်ဦးက ဦးဆောင်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
17.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရနှင့် ဒုချီးရားတန်း ကျေးရွာ အကြားရှိ တံတား စစ်ဆေးရေး ဂိတ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လမ်းသွားလမ်းလာ များထံမှ ငွေညှစ်ခြင်း၊ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်းကြောင့် လမ်းသွားလမ်းလာ နည်းပါးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂၅) ရက်နေ့ နောက်ပိုင်းမှ စ၍ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရနှင့် ဒုချီးရားတန်း ကျေးရွာ အကြားရှိ တံတား စစ်ဆေးရေး ဂိတ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများ ထံမှ ရွာထွက်လက်မှတ် တောင်းခံခြင်း၊ ရွာထွက် လက်မှတ်ပြလျှင် ယာယီကဒ်ပြား တောင်းခံခြင်း၊ ယာယီကဒ်ပြား ပြလျှင်လည်း ငွေကျပ် ၅၀၀ ညှစ်ယူခြင်း၊ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ အမျိုးသားများကို ကိုယ်ထိ လက်ရောက် စော်ကားခြင်းတို့ကို နေ့စဉ် ရက်ဆက် ပြုလုပ်လျက် ရှိသောကြောင့် လမ်းသွားလမ်းလာများ နည်းပါးလာသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုကဲ့သို့ ငွေညှစ်ခြင်း၊ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်းနှင့် အမျိုးသားများကို ကိုယ်ထိ လက်ရောက် စော်ကားခြင်းများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တာဝန်ခံ ရဲမှူး ငြိမ်းချမ်းအောင်က ဦးဆောင်၍ ပြုလုပ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

အောက်တိုဘာလ (၁၁) ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း လှဘော်ဇား ကျေးရွာမှ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူဟာလဲခ် (အသက် ၂၄ နှစ်) သည် ကျီးကန်းပြင် ကျေးရွာမှ ပြန်လာစဉ် ဇင်ပိုင်ညှာ ကျေးရွာ အုပ်စု၊ ဖူးတ်ခါလီရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အကြောင်းမဲ့ ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ခဲ့သည်။ အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ရှေ့မှ ဖြတ်ကျော် သွားသူများကို နေ့စဉ် ရက်ဆက် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ယခုရက်ပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာနှင့် မြောက်ပိုင်း ဇင်ပိုင်ညှာ ကျေးရွာ တို့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများသည် အဆိုးဝါးဆုံးနှင့် အရက်စက်ဆုံး စခန်းများ ဖြစ်လာသည်ဟု ဒေသခံများက ဆိုသည်။



Rohingya Eye
RB News
17.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ဘာသာရေး ဆရာများကို လမ်းထွက်ရန် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၄) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ရပ်မိရပ်ဖများကို နယ်မြေရုံးသို့ ဆင့်ခေါ်၍ အစည်း အဝေး တစ်ရပ် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ဘာသာရေး ဆရာ (မော်လ၀ီ) များသည် တဖက်နိုင်ငံမှ အစွန်းရောက် အဖွဲ့များနှင့် အဆက်အသွယ် ရှိနေသူများ ဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ပြောကြားခဲ့ပြီး၊ မော်လ၀ီများကို သတိထားရန်၊ မုတ်ဆိတ်ရှည် ရှိသူများ မုတ်ဆိတ်ရိတ်ရန် ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်၍ ခြိမ်းခြောက်​ ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် မော်လ၀ီများကို ကျောင်းများနှင့် ဈေးများတွင် မမြင်ရစေရန် အတွက် လမ်းမထွက်ရန်ပင် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါရဲမှူးက ဒေသခံ ရိုဟင်ဂျာများကို ည (၆) နာရီမှ နံနက် (၆) နာရီ အတွင်း အပြင်မထွက်ရန် အလယ်သံကျော် အုပ်ချုပ်ရေးမှူး ရုံးက တဆင့် အမိန့် ထုတ်ပြန် ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

အစည်းအဝေးကို ညနေ (၄) အချိန်တွင် ရုတ်သိမ်းခဲ့ပြီး၊ ဒေသခံ အချို့ကို ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သောကြောင့် ကျေးရွာအတွင်း အထိတ်တလန့်များ ဖြစ်ပေါ်လျက် ရှိနေကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
16.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ၊ နံ့သာဒေါင်ရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများသည် ဒေသခံများထံမှ အကြောင်းမဲ့ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ အုပ်စု၊ နံ့သာဒေါင်ရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများသည် ဦးမောန်တာစ်အုလ္လာ (ဘ) ဦးဘော်ရှီးရ်အာမတ် နှင့်အတူ တော်လူသ်ဖူရှု ရွာသို့ သွားရောက်၍ ပုဇွန်ကန် စောင့်နေသည့် အစောင့်များ ဖြစ်သူ ဦးအဘူဆော်ယာဒ် (ဘ) ဦးယာကုပ် (အသက် ၃၀ နှစ်) နှင့် ဦးဆွေယာဒူ အစ္စလာမ် (ဘ) ဦးအဟာမတ် (အသက် ၃၅ နှစ်) တို့ထံမှ ငွေကျပ် ၁၂၀၀၀/- စီ အကြောင်းမဲ့ ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ စစ်သားများသည် အောက်တိုဘာလ (၁၀) ရက်နေ့တွင် လစ်သူရှားရွာသို့ သွားရောက်၍ ကင်းစောင့်နေသည့် ကင်းသမား (၈) ဦးကို ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ပြီး ကင်းသမားများ ထံမှ ငွေကျပ် ၅၆၀၀၀/- ကျော် တန်ဖိုးရှိ ကြက် (၈) ကောင် ယူခဲ့သည်။ စစ်သားများကို ကြက်တစ်ကောင်စီ ပေးရသည့် ကင်းသမားများမှာ -- ဦးဆုလ်တာန်အာမတ် (ဘ) ဦးဂူရာဆာန် (အသက် ၃၃ နှစ်)၊ ဦးကာလာမျာ (ဘ) ဦးရှော်ကူမော်ဒိန်း (အသက် ၂၈ နှစ်)၊ ရော်ဖိခ် (ဘ) ဦးမာမတ်ကော်ရီးမ် (အသက် ၂၃ နှစ်) တို့အပါအ၀င် စုစုပေါင်း (၈) ဦး ဖြစ်သည်။

နံ့သာဒေါင်ရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများသည် ယခုရက်ပိုင်းတွင် ရွာများထဲသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



မအေးအေးမာ
16.10.2014

နိုင်ငံတော် အကြည်ညို ပျက်စေမှု ဆူပူအောင် လှုံ့ဆော်မူ ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံ ထားရတဲ့ ဘိုင်မွန်းတည့် နေဂျာနယ်က ထုတ်ဝေသူ အယ်ဒီတာနဲ့ သတင်းထောက် အပါအ၀င် ၅ဦးကို ပန်းဘဲတန်း တရားရုံးကနေ ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့ပါတယ်။ မီဒီယာ ဥပဒေ ရှိနေပြီ ဖြစ်ပေမဲ့ မီဒီယာ ဥပဒေနဲ့ စီရင်မူ မရှိခဲ့တဲ့အတွက် တိုင်းတရားရုံး ကို ဆက်တက်မယ်လို့ သတင်းသမားတွေ ရဲ့ ရှေနေ့ က ပြောဆို လိုက်ပါတယ်။ မအေးမာ သတင်းပေးပို့ ထားပါတယ် ။

ဘိုင်မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူ အယ်ဒီတာ အပါအ၀င် သတင်းသမား ၅ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမူ ဆူပူအောင် လှုံ့ဆော်မူပုဒ်မ ၅၀၅ (ခ) နဲ့ အမြင့်ဆုံးထောင်ဒဏ် ကို အောက်တိုဘာလ ၁၆ရက်နေ့မှာ ပန်းဘဲတန်း တရားရုံးကနေ ထောင်ချခဲ့တာပါ ။

သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေ ကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက် ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ ရဲ့ ထုတ်ပြန်ချက်ကို ဂျာနယ်မှာ ဖော်ပြခဲ့ တာကြောင့် အခုလို ပြစ်ဒဏ်များ ချခဲ့တာပါ။

သတင်းသမားတွေရဲ ရှေ့နေ ဦးကျော်ဝင်းကတော့ မီဒီယာသမားတွေဖြစ်တာကြောင့် မီဒီယာဥပဒေနဲ့သာ စီရင်ဖို့ ဒီထက်မြင့်တဲ့ တရားရုံးမှာ အယူခံ ဆက်လျောက်မယ်လို့ ပြောပါတယ်။

"ပိုင်ရှင်က နှစ်ယောက်ဗျ။ ပိုင်ရှင်နှစ်ယောက်က ဦးကျော်မင်းခိုင်ရယ်။ ယဉ်မင်းထွန်းရယ်။ ပိုင်ရှင်က နှစ်ယောက်၊ နောက် အယ်ဒီတာက နှစ်ယောက်ပေါ့နော်။ အယ်ဒီတာကတော့ ဦးဝင်းတင်ဆိုတာရယ်၊ ဦးအောင်သန့် ဆိုတာရယ်။ သတင်းထောက်ကတော့ မင်းဝသန် ဆိုတာရယ်။ နှစ်နှစ်စီ ချတယ်ခင်ဗျ။ ငါးယောက်ရှိတယ်။ တစ်ယောက်ကို နှစ်နှစ်စီပေါ့။ (၅၀၅) ခ ပြစ်ဒဏ်က အမြင့်ဆုံး ချလိုက်တာပဲခင်ဗျ။

သတင်းတရပ်ကို ဖော်ပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်တဲ့ကိစ္စလေ ။ ကျနော်တို့က ဒီကိစ္စမှာ ပြစ်ဒဏ်က ကြီးလွန်းအားကြီးတယ်ပေါ့ဗျာ။ အမြင့်ဆုံးပြစ်ဒဏ် ချထားတယ်ပေါ့။ သတင်းနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ၊ သတင်းမီဒီယာသမားတွေဖြစ်နေတော့ သတင်းမီဒီယာဥပဒေက အကာအကွယ်ပေးဖို့ပေါ့။ ရုံးမှာ လျှောက်ခဲ့တာပဲဗျ။"

ဘိုင်မွန်းတည့်နေဂျာနယ် က သတင်းသမားတွေကို အခုလို ပြင်းထန် တဲ့ ပြစ်ဒဏ်ပေးမူ အပေါ်မှာ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဇော်သက်ထွေးက မီဒီယာဥပဒေ ရှိနေတဲ့အချိန်မှာ မီဒီယာဥပဒေအရ ကျင့်သုံးခြင်း မရှိတဲ့အတွက် တရားရေး မဏ္ဍိုင် အပေါ်မေးခွန်းထုတ်စရာ အဖြစ် ပြောဆို လိုက်ပါတယ်။

"ဘိုင်မွန်းတည့်နေ ဂျာနယ်က သတင်းသမားတွေကို ထောင်နှစ်နှစ် ချလိုက်တာ ကတော့ တော်တော် လည်း အံ့သြဖို့ကောင်းတယ်။ စိတ်ပျက်စရာ လည်း ကောင်းတယ်။ ကျနော် ကိုယ်တိုင် ဘိုင်မွန်းတည့်နေ သတင်းသမားတွေကို မီဒီယာဥပဒေနဲ့ သာ အရေးယူသင့်ကြောင်း သွားရောက် သက်သေထွက်ခဲ့ပြီးပါပြီ။ ကျနော်တို့ ပြီးခဲ့တဲ့ တစ်လလောက်က ဥရောပ သံအမတ်ကြီးတွေရော နိုင်ငံတကာ က သံတမန်တွေနဲ့ ပြည်တွင်းမီဒီယာသမားတွေလုပ်တဲ့ သတင်းမီဒီယာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က ထုတ်ဖော်ပြောခဲ့ပြီးသားပါ။

ပါလီမန်က အတည်ပြုပြီး သမ္မတက လက်မှတ်ရေးထိုးထားတဲ့အတွက် မီဒီယာ ဥပဒေက အသက်ဝင်နေပါပြီတဲ့။ ဒါကြောင့် မီဒီယာဥပဒေကို မီဒီယာသမားတိုင်း ခံစားခွင့်ရပါတယ်လို့ ပြောခဲ့ပြီးသားပါ။ အဲ့လို အုပ်ချုပ်ရေးက ပြည်ထောင်စု ဝန်ကြီးတစ်ယောက်က ဒီလိုပြောတယ်။ ဒီဘက်က တရားစီရင်ရေးမဏ္ဍိုင်က ကိုယ်လုပ်ချင်သလို လုပ်တယ်ဆိုတာက မဏ္ဍိုင်တခုနဲ့တခုကြားမှာ လင့်မရှိဘူး။ တယောက်နဲ့တယောက် ရမ်သမ်မဖြစ်ဘူး။ ထိုနည်းတူစွာပဲ သတင်းရယူပြီး သတင်းရေးသားနေတဲ့ မီဒီယာသမားတွေကိုလည်း မင်းတို့ ဥပဒေချိုးဖောက်ရင် အမြင့်ဆုံး ပြစ်ဒဏ်နဲ့သာ သင်္ခန်းစာပေးလိုက်မယ် ဆိုတာမျိုး ခံစားနေရပါတယ်။"

ဘိုင်မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဇူလိုင်လတုန်းကတော့ ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ထားခဲ့ပြီး အဲဒီ့ထဲက တိမ်းရှောင်လာတဲ့ ထုတ်ဝေသူ တချို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သြဂုတ်လမှာတော့ ပုဒ်မ ၅၀၅(ခ) နဲ့ ပြောင်းလဲ အမူဖွင့်ခဲ့ပြီး အခုအခါမှာတော့ သူတို့ကို ထောင်ဒဏ် ၂နှစ်စီ ချလိုက်တာဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ ခ ဟာ ငွေဒဏ် သို့မဟုတ် ငွေဒဏ်နဲ့ ထောင်ဒဏ် ဆိုပြိး ပြစ်ဒဏ်ချလို့ ရသလို့ အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ထောင် ဒဏ် ၂နှစ်ထိ ချလို့ရတဲ့ ပုဒ်မ လည်းဖြစ်ပါတယ်။



MYARF
RB News
16.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်းမှ စစ်သားများသည် သရက်အုပ် ကျေးရွာ အုပ်စုသို့ ၀င်ရောက်၍ ဒေသခံများကို အကြမ်းဖက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၅) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်း (စခန်း ၁၂) မှ စစ်သား ၂၅ ဦးသည် သရက်အုပ် ကျေးရွာ အုပ်စု၊ အနောက်ရွာသို့ ၀င်ရောက်၍ ဦးအစ္စလာမ် (ဘ) ဦးအီဗြာဟိမ်း၏ နေအိမ် တံခါးကို ရိုက်ချိုး ၀င်ရောက်ပြီး အိမ်သုံး ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ဘီဒိုနှင့် သေတ္တာများကို ဖျက်ဆီးခဲ့သည့် အပြင် အိမ်ထောင်စု စာရင်းနှင့် အခြားသော အရေးကြီးသည့် စာရွက်စာတမ်း များပါ ယူဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စစ်သားများက ဦးအစ္စလာမ်၏ နေအိမ်ကို ၀င်ရောက်လာစဉ် ဦးအစ္စလာမ်က နေအိမ်မှ ထွက်ပြေး တိမ်းရှောင် သွားခဲ့ပြီး၊ စစ်သားများက ၎င်းကို ဖမ်းဆီးရန် ရှာဖွေလျက် ရှိကြောင်း သိရှိရပါသည်။

စစ်သားများက စိတ်တိုင်းကြိုက် အကြမ်းဖက် ဖျက်ဆီးပြီးနောက် ရွာမှ ပြန်လည် ထွက်ခွာလာရာ၊ ကင်းသမား များက ၎င်းတို့၏ လုံခြုံရေး တာဝန်အရ အော်ဟစ်၍ “ဘယ်သူတွေလဲ” ဟု မေးမြန်းသည်ကို အကြောင်းပြု၍ ကင်းသမား များကို အဆိုပါ စစ်သားများက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အောက်တိုဘာလ (၁၄) ရက်နေ့ ည ၈ နာရီ အချိန်တွင်လည်း အဆိုပါ စစ်သားများက ၎င်းရွာနေ ဦးဟာကီးမ် အလီ (ဘ) ဦးအီဗြာဟိမ်းနှင့် အရှေ့ရွာမှ မော်လ၀ီ ဦးအုစ်မာန် (ဘ) ဦးအဒူလ်အာမီးန် တို့ကို အကြောင်းမဲ့ ရိုက်နှက် ခဲ့သည်။

ယခုရက်ပိုင်းတွင် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့များ အပြင် ကျေးရွာများတွင် လုံခြုံရေး တာဝန်ယူ ထားသည့် စစ်သားများပါ ကျူးလွန်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။



တို့ရွှေပြည် (၁) 

ရေးသားသူ -- ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
16.10.2014

ထလော့အစ်ကို | အိုရိုဟင်ဂျာ့ 
တို့ရွာတို့မြေ | တို့ရွာမြေဝယ် 
ဗလီစပါး | များလည်းများ၏ 
များပါလေလည်း | တမွဲမွဲနှင့် 
ဆင်းရဲကာသာ | ကာလကြာလျှင် လ
ယ်ယာစပါး | တညိုးညိုးနှင့် 
ဗလီစင်မြင့် | ဗလီကျောင်းကြား 
ဝတ်ပြုသွားလျက် 
မစားလေရ | ဝမ်းမဝ၍ 
စိတ်ဝမ်းမသာ | ဖြစ်မည်တကား။ 
စိတ်ဝမ်းမသာ့ မဖြစ်ရအောင့့် 
ရိုဟင်ဂျာတွေ့ ညီညွှတ်ပါစေ ။


အပိုင်း (၂) -- ဆက်ရန် ..




Rohingya Eye
RB News
15.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဘာသာရေး ဆရာ (မော်လ၀ီ) များကို အဓိက ပစ်မှတ်ထား၍ ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

အောက်တိုဘာလ (၁၁) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ လှဘော်ငါး ကျေးရွာ (ဘောက်ခ်ရှု ဖာရာ) မှ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအာဒူဟာလဲခ် (အသက် ၂၄ နှစ်) သည် ကျီးကန်းပြင် ကျေးရွာရှိ ယောက္ခမအိမ်မှ ပြန်လာနေစဉ် ဇင်ပိုင်ညှာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မာမတ်ဇူဘိုင်ရ်၏ ဦးလေးဖြစ်သူက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို တောင်းပန်၍ အသနားခံမှုကြောင့် ပြန်လည် လွတ်မြောက် လာခဲ့သော်လည်း ယခုအချိန်ထိ စကားပင် မပြောနိုင်အောင် ပြင်းထန်သော ဒဏ်ရာများ၏ ဝေဒနာများ ခံစားနေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

၎င်းကို ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ရခြင်းမှာ မုတ်ဆိတ်ရှိ၍ ဘာသာရေး (မော်လ၀ီ) ဟုယူဆပြီး ယခုကဲ့သို့ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဘာသာရေး ဆရာ (မော်လ၀ီ) များကို အဓိက ပစ်မှတ်ထားပြီး ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



RB News
15.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်သည် ဒေသခံ ရွာသားများကို ခြိမ်းခြောက်၍ ငွေကျပ် ၂၃ သိန်းကျော် ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်ကို လွန်ခဲ့သောနှစ်က အုပ်ချုပ်ရေးမှူး ရာထူးမှ ရပ်စဲခဲ့ပြီး၊ ၎င်း၏ ယောက်ဖ တော်စပ်သူ ဦးမောင်မြကို ယာယီ အုပ်ချုပ်ရေးမှူး အဖြစ် အာဏာပိုင်များက ခန့်အပ်ခဲ့သည်။ ဦးတင်မောင်သည် ရာထူးမှ ဖြုတ်ချခံ ခဲ့ရသော်လည်း ယခုအချိန်ထိ အုပ်ချုပ်ရေးမှူး ရုံးခန်းရှိ အုပ်ချုပ်ရေးမှူး နေရာတွင် ထိုင်၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ယခင် အတိုင်း ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ယာယီ အုပ်ချုပ်ရေးမှူး ခန့်အပ်ခံရသူ ဦးမောင်မြမှာ ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့သာ ဖြစ်နေပြီး၊ ဒေသခံ ရွာသားများမှာ ညှဉ်းပန်း နှိပ်စက်မှု မျိုးစုံ ခံစားနေရသည်ဟု ဆိုသည်။ ယခု ရက်ပိုင်းတွင် အာဏာပိုင်များက ဒေသခံ ရိုဟင်ဂျာများကို မတရား ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်နေသည်ကို ဦးတင်မောင်က အခွင့်ကောင်းယူ၍ ဒေသခံ ရွာသား (၁၃) ဦးကို ခြိမ်းခြောက်ပြီး ငွေကျပ် ၂၃ သိန်းကျော် ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသည့်သူများမှာ --

(၁) ​မော်လဝီ အဘုလ်​ဟာရှိမ်​ (ဘ) ဦးဘာသာမျာ (အ​ရှေ့ရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၀၀၀၀၀/-
(၂) ​ဦးရှောမ်​ရှုအာလာမ်​(ဘ)​ ဦးမော်​နူ (ဇုံမာရွာ) ညှစ်ခံရသည့် ငွေကျပ် ၂၀၀၀၀၀/-
(၃) ဦး​ဆော်​လာမတ်​ (ဘ) ဦးမာမတ်​ (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၂၅၀၀၀၀/-
(၄) ဦးဒိလ်​မာမတ်​ (ဘ) ဦး​ဇော်​လာလ်​ (အ​ရှေ့ရွာ) ညှစ်ခံရသည့် ငွေကျပ် ၂၅၀၀၀၀/-
(၅) ဦးမာမတ်​​ရော်​ဖိခ် ​(ဘ) ဦး​နော်​ဇူ (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၅၀၀၀၀/-
(၆) ဦးဟာဘီအုလ္လာ(ဘ) ဦးဆူလူး (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀၀/-
(၇) ဦးဖေါယာဇူ (ဘ) ဦးဆုလ်​တာန်​ (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀၀/-
(၈) ဦးနူရ်​မာမတ် ​(ဘ) ​ဦးဇော်​မုလုခ်​ (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀၀/-
(၉) ဦးအဘုလ်​ကာသိမ်း (ဘ) အာမာန်​အုလ္လာ (ဇုံမာရွာ) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀/-
(၁၀) ​ဦးဘော်​​ခေါ်ရီ (ဘ) နာဇိရ်​ (အ​နောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၂၅၀၀၀၀/-
(၁၁) ဦးရာမတ်​အုလ္လာ (ဘ) ဦးအုံမဒရာစ်​ (ပါစ်​ကိုရီရွာ) ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀၀/-
(၁၂) ဦးဟာဘီအုလ္လာ(ဘ) ဦးအဘူ​ဆော​ယောတ်​ (အ​နောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၅၀၀၀၀/-
(၁၃) ဦးအဘုလ်​ဟာရှိမ် ​(ဘ) ဦးကာလူ (ဇုံမာရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၅၀၀၀၀/- -- တို့ဖြစ်​ပါသည်။



ဘယ်လိုဆယ်ကြမလဲ ..

ရေးသားသူ -- ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
15.10.2014

ပြင်ကျယ်ကျယ် ပင်လယ် စခန်းဝယ် 
မျှော်လင့်ချက်မဲ့ မျောပါနေတဲ့ 
ရိုဟင်ဂျာတွေ့။ 
အမိရင်ခွင်မှသည် ဘဝ ရင်ခွင်ဆီသို့ 
တစ်ကိုယ်တော် ခရီးနှင်နေတဲ့ 
ရိုဟင်ဂျာတွေ့။ 
ပန်းခင်းလမ်းမှသည် ဆူးခင်းလမ်းဆီသို့ 
ကူဖော်မဲ့ ရှေ့ချီတက်နေတဲ့ 
ရိုဟင်ဂျာတွေ့။ 
မျောနေသူကို ဆယ်မယ့်သူ 
ခရီးကြမ်းကို ကြိုမယ့်လူ 
ဆူးခင်းလမ်းကို ကူမယ့်မူ 
မတွေ့ရတာ ကံခေသူ့။ 
ဘယ်သူလာပြီး ဆယ်မှာတုံး 
ဘယ်သူလာပြီး ကြိုမှာတုံး ဘယ်သူလာပြီး ကူမှာတုန့်း့။ 
ဒို့ဟာဒို့ ဖြိုရမှာမို့ 
ရိုဟင်ဂျာတွေ ညီညွှတ်ကြပါစို့။



Rohingya Eye
RB News
14.10.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အာဏာပိုင်များ ကိုယ်တိုင် တဖက်နိုင်ငံမှ လူကုန်ကူးသည့် ပွဲစားကို ခေါ်ယူလာပြီး လူကုန်ကူးရန် လူများ စုဆောင်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၆) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာ အုပ်စု၊ ငပိချီးရွာ အခြေစိုက် စစ်တပ် စခန်းမှ ဗိုလ်ကြီး ရဲရင့်အောင်နှင့် ဦးသန်းဝင်း တို့သည် တဖက်နိုင်ငံမှ လူကုန်ကူးသည့် ပွဲစားဖြစ်သူ ဘိုက်လာ (အသက် ၃၅ နှစ်) ကို ခေါ်ဆောင်လာပြီး၊ ကိုးတန်ကောက် ကျေးရွာ အုပ်စု၊ မိုင်နာရွာရှိ ဦးအာယုဖ် (ဘ) ဦးကာဒိရ်ဟူစိန်း (အသက် ၄၅ နှစ်) ၏ နေအိမ်တွင် ထားရှိကာ ဒေသခံ ရိုဟင်ဂျာများကို မလေးရှား နိုင်ငံသို့ စက်လှေဖြင့် ပို့ပေးမည်ဟု ဆိုကာ လူများ စုဆောင်းလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထိုနေ့မှစ၍ မလေးရှား နိုင်ငံသို့ သွားလိုသူများကို ငွေကျပ် ၆ သိန်းဖြင့် ပို့ပေးမည်ဟု ဆိုကာ စည်းရုံးလျက် ရှိပြီး၊ အမျိုးသမီး (၃၀) ဦးနှင့် အမျိုးသား (၇၀) ဦးခန့် စုဆောင်း ထားကြောင်း သိရှိရပါသည်။

ပွဲစား ဖြစ်သူ ဘိုက်လာမှ လူတစ်ဦးလျှင် ငွေကျပ် ၆ သိန်း တောင်းခံလျက် ရှိပြီး၊ ငွေကျပ် ၆ သိန်းမှ --

- စ.ရ.ဖ အား ငွေကျပ် ၂ သောင်း
- နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တာဝန်ခံ ဒုရဲမှူး လင်းလင်းနိုင် အား ငွေကျပ် ၂ သောင်း
- ဗိုလ်ကြီး ရဲရင့်အောင် အား ငွေကျပ် ၂ သောင်း
- သတင်း တပ်ဖွဲ့ (SB) အား ငွေကျပ် ၂ သောင်း - စီ ခွဲတမ်း အဖြစ် ပေးသွင်း ရကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
14.10.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများက ဒေသခံ ရိုဟင်ဂျာများထံမှ လုယက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာ အုပ်စု (ဒူမ်ဆေးဖာရာ)၊ ငပိချီးရွာ အခြေစိုက် စစ်တပ်စခန်းမှ တာဝန်ခံ ဗိုလ်ကြီး ရဲရင့်အောင်နှင့် စစ်သား (၄) ဦးတို့သည် ငပိချီး ရခိုင်ရွာမှ ရပ်မိရပ်ဖ ဖြစ်သူ ဦးသန်းဝင်းနှင့် အတူ ပင်လယ် ကမ်းခြေတွင် ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသော ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံ သွားရောက်ပြီး အကြောင်းမဲ့ ငွေကျပ် ၅ သိန်း တောင်းခံခဲ့ရာ၊ ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူ များက ၎င်းတို့ အနေဖြင့် ငွေကျပ် (၅) သိန်း ပေးရန် မတတ်နိုင်ကြောင်း ပြောဆိုခဲ့သော်လည်း ဗိုလ်ကြီး ရဲရင့်အောင်နှင့် အဖွဲ့က ငွေကျပ် ၅ သိန်းကျော် တန်ဖိုးရှိ ငါးခြောက်များကို လုယက်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ဦးသန်းဝင်းက ၎င်းတို့ (၄) ဦးကို ကိုယ်ထိလက်ရောက် စော်ကားပြီး ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ဗိုလ်ကြီး ရဲရင့်အောင်က ၎င်းတို့ (၄) ဦးထံမှ ငွေကျပ် ၂၅၀၀၀/- စီညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

လုယက်၊ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ များမှာ --

(၁) ဦးအာယုဖ် (ဘ) ဦးဆုလ်တာန် (အသက် ၄၅ နှစ်)
(၂) ဦးဟာကီးမ်အလီ (ဘ) ဦးအဒူဂေါ်ဖော်ရ် (အသက် ၃၅ နှစ်)
(၃) ဦးအီနုစ် (ဘ) ဦးအဒူဇော်လိလ် (အသက် ၄၅ နှစ်)
(၄) ဦးအာဘူလ်ကာဆီးမ် (ဘ) ဦးဖူရူခ်အာမတ် (အသက် ၄၆ နှစ်) -- တို့ဖြစ်ပါသည်။

ဦးသန်းဝင်း ဆိုသူသည် စစ်သား တစ်ဦး ဖြစ်ပြီး၊ စစ်တပ်မှ အရာရှိများနှင့် ပူးပေါင်းကာ ဒေသခံ ရိုဟင်ဂျာများကို အမြဲ ညှဉ်းပန်း နှိပ်စက်လေ့ ရှိသူ ဖြစ်သည်။ အာဏာပိုင်များထံမှ ပင်လယ်တွင် ငါးဖမ်းခွင့် ကိုယ်စားလှယ် ရယူသူ ဖြစ်ပြီး၊ ဒေသခံ ရိုဟင်ဂျာများ ငါးဖမ်းရန် စက်လှေဖြင့် ထွက်တိုင်း တစ်စီးလျှင် ငွေကျပ် တစ်သိန်း၊ စက်လှေငယ် တစ်စီးလျှင် ငွေကျပ် နှစ်သောင်းစီ ဓါးပြကဲ့သို့ တောင်းယူနေသူ ဖြစ်ကြောင်း သိရှိရပါသည်။




RB News
13.10.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ကျေးရွာ အုပ်စုများ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် လည်းကောင်း၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို ပေးအပ်သည့် ရုံးစရိတ်နှင့် လစာများ ပေးအပ်ရာတွင် လည်းကောင်း လူမျိုးခွဲခြား၍ အုပ်ချုပ်သည့် စနစ်ဖြင့်သာ လုပ်ဆောင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာ အုပ်စု (၇၈) အုပ်စုနှင့် ရပ်ကွက်ပေါင်း (၇) ရပ်ကွက်၊ စုစုပေါင်း (၈၅) အုပ်စု ရှိသည်။ ၎င်း (၈၅) အုပ်စုတွင် ရိုဟင်ဂျာ လူမျိုးများသာ နေထိုင်သည့် အုပ်စု (၂၀) ရှိပြီး၊ ရခိုင်နှင့် ဒိုင်းနက် လူမျိုးများ နေထိုင်သည့် အုပ်စု (၂၀) နှင့် ကျန်သည့် (၄၅) အုပ်စုတွင် ရိုဟင်ဂျာနှင့် ရခိုင်များ ရောနှော နေထိုင်လျက် ရှိသည်။ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ် ခန့်ထားရာတွင် ရိုဟင်ဂျာ လူမျိုး ၉၈% ရှိသည့် ကျေးရွာ အုပ်စုတွင်လည်း ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူး မရွေးချယ်ဘဲ၊ ၂% ခန့်သာ ရှိသည့် ဗုဒ္ဓဘာသာဝင်များ ထဲမှ ရွေးချယ်၍ ခန့်ထားခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ ရိုဟင်ဂျာနှင့် ရခိုင်များ ရောနှော နေထိုင်သည့် အုပ်စု (၄၅) အုပ်စုတွင် ရိုဟင်ဂျာ လူမျိုးများ ၉၀% ကျော်ရှိသော်လည်း ရိုဟင်ဂျာ လူမျိုးများ အတွက် ပိုမို အဆင်ပြေနိုင်မည့် အုပ်ချုပ်ရေးမှူးကို ရွေးချယ် ခန့်ထားခြင်း မရှိဟု ၎င်းတို့က ဆိုသည်။

ထို့အပြင် ရိုဟင်ဂျာ လူမျိုး သီးသန့် နေထိုင်သည့် အုပ်စုများရှိ ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူး များကို လစာ၊ ရုံးစရိတ် လုံးဝ ထောက်ပံ့ ပေးခြင်း မရှိကြောင်း၊ ရခိုင် အုပ်ချုပ်ရေးမှူး များကို ရုံးစရိတ် ၂၀၀၀၀/- နှင့် လစာ ၅၀၀၀၀/- လစဉ် ထုတ်ပေးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

အုပ်ချုပ်ရေးမှူး များ၏ ရုံးစရိတ်နှင့် လစာများကို လစဉ် ထုတ်ပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေတွင် တာဝန် ရှိသော်လည်း မထုတ်ပေးဘဲ အာဏာကို အလွှဲသုံးစား ပြုလုပ်၍ ကိုယ်ကျိုးအတွက်သာ အသုံးပြုလျက် ရှိနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုကြသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိလာသည့် နေ့ရက်မှစ၍ ယခု အချိန်ထိ အုပ်ချုပ်ရေးမှူး တစ်ဦး ထိန်းသိမ်းရမည့် ဂုဏ်သိက္ခာ၊ သမာဓိနှင့် အညီ အုပ်ချုပ်ခဲ့ခြင်း မရှိဘဲ၊ အမြဲတစေ လူမျိုးခွဲခြား၍ အုပ်ချုပ်သည့် စနစ်ဖြင့်သာ အုပ်ချုပ်လျက် ရှိသည်ဟု ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။




MYARF
RB News
13.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ညောင်ချောင်း ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ရွှေရင်အေး န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် န.တ.လ ရွာသားများ ၀င်ရောက်ပြီး အကြမ်းဖက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၃) ရက် နံနက် ၂ နာရီခန့် အချိန်တွင် (၃) မိုင်ဂိတ်စခန်းမှ ရဲမှူး ခေါင်းဆောင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ရွှေရင်အေး န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလှ အပါအ၀င် ၎င်းရွာမှ န.တ.လ ရွာသား ၁၅ ဦးတို့သည် ကား ၄ စီးဖြင့် ညောင်ချောင်း ကျေးရွာသို့ ၀င်ရောက်ပြီး အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ဦးဆောင်သော အဖွဲ့ ရောက်ရှိလာပြီး ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းမကြားသည့် အပြင် ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များကို ဖျက်ဆီးခြင်း၊ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက်သည့် အပြင် အပြစ်မဲ့ ရွာသား (၇) ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ အဖွဲ့သည် နေအိမ်များထဲသို့ တံခါးများ၊ ပြတင်းပေါက်များ ဖျက်ဆီး၍ ၀င်ရောက်ပြီး ၎င်းတို့ မျက်စိရှေ့တွင် တွေ့ရှိသည့် အမျိုးသားများကို ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ထို့အပြင် နေအိမ်များ အတွင်းရှိ အဖိုးတန် အိမ်သုံး ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ရာတွင် န.တ.လ ရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ ရွာသားများက ဓါးပြများဟု အော်ဟစ်၍ အကူအညီ တောင်းခံသည့်အခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ် ၃ ချက် ပစ်ဖောက်၍ ဒေသခံ ရိုဟင်ဂျာ များကို ခြိမ်းခြောက်ခဲ့သည်။ သေနတ် ပစ်ဖောက်သည့် အခါမှသာ ဒေသခံ ရိုဟင်ဂျာများက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက န.တ.လ ရွာသားများနှင့် ပူးပေါင်း၍ အကြမ်းဖက် နေသည်ကို သိရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အကြောင်းမဲ့ ဖမ်းဆီးခံရသူများမှာ --

(၁) ဟာရွန် (ဘ) ဦးဘော်ဆိရ်အာမတ် (အသက် ၂၆ နှစ်)
(၂) မာမတ်အာလမ် (ဘ) ဦးနူရ်အာမတ် (အသက် ၃၀ နှစ်)
(၃) နူရ်ဆော်လမ် (ဘ) ဦးကော်လိလ် (အသက် ၂၄ နှစ်)
(၄) အဒူလ်ဟာဖီးဇ် (ဘ) ဦးကော်လိလ် (အသက် ၁၆ နှစ်)
(၅) ဟာဖီးဇ် မာမတ်အနိုဝါရ် (ဘ) ဦးမာမတ်ဟာရွန် (အသက် ၂၀ နှစ်)
(၆) ဦးအာဘူဘာဆဲရ် (ဘ) ဦးဖော်ဇော်ရာမန် (အသက် ၄၉ နှစ်)
(၇) နူရ်မာမတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ပါသည်။

ဖမ်းဆီး ခေါ်ဆောင် သွားသူများထဲမှ ဟာရွန် (ဘ) ဦးဘော်ဆိရ်အာမတ်ကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ပြီးနောက် အခြေအနေ ဆိုးဝါးလာသဖြင့် မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး၊ ကျန်သည့် (၆) ဦးကို အမှုဆင်၍ တရားစွဲဆိုရန် စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။ ကျန်သည့် (၆) ဦးကို (၃) မိုင်ရှိ ဂိတ်စခန်းတွင် ယခုအချိန်ထိ ထိန်းသိမ်းထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

(၃) မိုင်ဂိတ်စခန်းရှိ ရဲမှူးနှင့် အဖွဲ့သည် ရိုဟင်ဂျာရွာများ ထဲသို့ အချိန်မတော် ၀င်ရောက်၍ အိမ်များကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများ ညတိုင်းလိုလို ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့ရှိ နိုင်ငံရေး လေ့လာ သုံးသပ်သူများက လာမည့်လတွင် အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်နှင့် ရိုဟင်ဂျာ အရေး ဆွေးနွေးမည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိခြင်းကို ရခိုင်လူမျိုး အများအပြား ပါဝင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မကျေနပ်၍ ယခုကဲ့သို့ လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ယခင် န.စ.က များထက်ပင် ပိုမို၍ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေသည်ကို ပြည်ထောင်စု အစိုးရမှ တာဝန်ယူ ဖြေရှင်း ပေးရန် ဒေသခံ ရိုဟင်ဂျာများက အထူး လိုလားလျက် ရှိနေကြသည်။



ပင်ရင်းမူရင်း ရိုဟင်ပင်

ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
12.10.2014


• တစ်ချို့ကပြောကြတယ်
"ဒီဥယျာဉ်မှာ ဒီအပင်မျိုး 
ဘယ်တော့မှမပေါက်ခဲ့ဘူး".....။

• တစ်ချို့ကပြောကြတယ် 
"ဒီဥယျာဉ်မှာ ဒီပန်းမျိုး 
ဘယ်တော့မှ မပွင့်ခဲ့ဘူး"....။

• တစ်ချို့က ပြောကြတယ် 
"တိုင်းတစ်ပါးက ခိုးဝင်မျိုးစေ့ 
ဒီဥယျာဉ်မှာ လာပေါက်နေသတဲ့"....။

• တစ်ချို့ကပြောကြတယ် 
"မျိုးမတူအပင် လာပေါက်နေတော့ 
ရှိရင်းအပင်များ အမျိုခံနေရသတဲ့"...။

• အခြေမခိုင် သမိုင်းမနိုင် 
မဟုတ်စကား အဟုတ်ပြောပြီး 
အားနှင့်အင်နှင့် အပြင်းစွပ်စွဲ 
အာဏာလက်ကိုင် အနိုင်ကျင့်နေသမို့...။

• သမိုင်းစာရွက် လှန်ကြည့်မိတော့ 
ဟောင်းနွမ်းသွားတဲ့ စာရွက်ပေါ်ဝယ် 
သစ္စာရှိရှိ နေတဲ့စာသား 
"ရိုဟင်ဂျာဆိုတဲ့ မျိုးအပင်က 
အာရ်ကာန်ဥယျာဥ့် ပင်ရင်းမူလ 
မျိုးမတူတဲ့ ဘာအပင်ကိုမှ 
နှောက်ယှက်ဖျက်ဆီး အကယ်မရှိ 
သူဟာနဲ့သူ ရိုးသားကြိုးစား 
ငြိမ်းချမ်းတဲ့ပွင့် ခေတ်အဆက်ဆက် 
ဒီဥယျာဉ်မှာ ဝေဝေဆာဆာ"...။

• အမြစ်ကခိုင် အမှန်သမိုင်း 
အာရ်ကာန်မြေရဲ့ နေရာတိုင်းမှာ 
မလှဲမယိုင်း ရှင်သန်လာတဲ့ 
ရိုဟင်ဂျာဆိုတဲ့ မျိုးအပင်ကို 
လူတစ်စုက
စုံအကွက်ဆောင် မျိုးတုံးအောင်ရွယ်
အမြစ်ပြုတ်အောင် ခုတ်ထွင်ရှင်းလင်း
စီမံကိန်းကျ ဖော်ဆောင်နေတာ
ဒီအပင်မျိုးမှာ ဘာအပြစ်များ 
ရှိလို့ပါလိမ့်...။

• ပြောပါရစေ
မနာလိုမှု ဘယ်လောက်များများ
စီမံကိန်းတွေ ဘယ်လိုဖော်နေ
ထက်ဓားသွားနဲ့ ခုတ်ထစ်နေလည်း
အမြစ်ခိုင်တဲ့ မျိုးရိုဟင်ပင်
မပျက်ကမ္ဘ္ဘ္ဘာ ထိုနေ့အထိ
အားမာန်ဝံ့လျက် ရှုံးမပေးဘဲ 
ဝံ့ဝံ့ရင်ဆိုင် မားမားရပ်၍
ခေါင်းမော့ရင်မော့ ရှင်သန်နေရင်း
အမွှေးကြိုင်ကြိုင် ရောင်စုံပန်းနှင့်
သစ္စာရှိရှိ ဂုဏ်ယူအသိ
ရင်မှာပိုက်ဝယ် တို့တွေကိုယ်စီ
မိအာရ်ကာန်မြေ ဥယျာဉ်လေးကို
အမြဲမပြတ် အလှဆင်နေမှာ
ဧကန် အမှန်ပါ....။



Rohingya Eye
RB News
12.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ များကို တဖက်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်လျက် ရှိရာ စက်တင်ဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၇) ရက်နေ့ အတွင်း ဒေသခံ ရိုဟင်ဂျာ (၂၄) ဦးကို ဖမ်းဆီး ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မဟုတ်မမှန် စွပ်စွဲခံရပြီး ဖမ်းဆီးခံထား ရသည့် ဒေသခံ ရိုဟင်ဂျာ (၂၄) ဦးမှာ --

(၁) ဦးမူဖီဇူရာမန် (ခ) ဦးကျော်မြင့် (ဘ) ဦးဘာဆာမျာ (အသက် ၄၀ နှစ်) - ဗန္ဓုလ ကျေးရွာမှ
(၂) ဟာမိတ်ဟူဆောင်း (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၂၅ နှစ်) - ဗန္ဓုလ ကျေးရွာမှ
(၃) မာမတ်အီလီယာစ် (ဘ) ဦးနော်ဇီရ်အာမတ် (အသက် ၂၃ နှစ်) - အောင်သပြေ ကျေးရွာမှ
(၄) နူရ်မာမတ် (အသက် ၂၈ နှစ်) - အောင်သပြေ ကျေးရွာမှ
(၅) မာမတ်အာလမ် (ဘ) ဦးမီးရ်အာမတ် (အသက် ၃၀ နှစ်) - အောင်ဇံ ကျေးရွာမှ
(၆) ဆွေယာဒူလောက်ခ် (ဘ) ဦးအဒူမော်တော်လောက်ဖ် (အသက် ၂၅ နှစ်) - ခမောင်းဆိပ် ကျေးရွာမှ
(၇) ယာဆဲရ် အာရာဖတ် (ဘ) ဦးဆွေယာဒ်ဟူဆောင်း (အသက် ၂၈ နှစ်) - သစ်တောနား ခွဆုံ ကျေးရွာမှ
(၈) မော်လ၀ီ အေနာသ်အူလ္လာ (ဘ) ဦးလုခ်မာန် (အသက် ၄၇ နှစ်) - တမန်းသား ကျေးရွာမှ
(၉) ဆိုက်ဖူလ္လာ (ဘ) ဦးဘော်ဒီအာလမ် (အသက် ၂၄ နှစ်) - တမန်းသား ကျေးရွာမှ
(၁၀) ဆိုက်ဖူလ္လာ (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၄ နှစ်) - တမန်းသား ကျေးရွာမှ
(၁၁) ဦးအလီဇူဟာရ် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၃၅ နှစ်) - တမန်းသား ကျေးရွာမှ
(၁၂) ကမာလ်ဟူဆောင်း (ဘ) ဦးအဒူမာလဲခ် (အသက် ၂၄ နှစ်) - တမန်းသား ကျေးရွာမှ
(၁၃) ဦးအာမိရ်ဟာမ်ဇား (ဘ) ဦးမာဆောင်း (အသက် ၅၂ နှစ်) - ငရန်းချောင်း ကျေးရွာမှ
(၁၄) မာမတ်တော်ယုဖ် (ဘ) ဦးမာမတ်အီနုစ် (အသက် ၂၅ နှစ်) - ပဒကာဒေ၀န် အလီ ကျေးရွာမှ (ဂါရာသီးဘိလ်)
(၁၅) မာမတ်တော်ယုဖ် (ဘ) ဦးဂူရာမျာ (အသက် ၂၂ နှစ်) - ပဒကာဒေ၀န် အလီ ကျေးရွာမှ
(၁၆) မာမတ်ရှာကဲရ် (အသက် ၂၄ နှစ်) - ပဒကာဒေ၀န် အလီ ကျေးရွာမှ
(၁၇) မာမတ်ဝါရီစ် (ဘ) ဦးဇာဟတ်ဟူဆောင်း (အသက် ၃၂ နှစ်) - ပဒါးကား ရွာသစ်မှ
(၁၈) မော်လ၀ီအဒူလ်ဟိုက် (ဘ) ဦးအာမတ်ဟူဆောင်း (အသက် ၃၃ နှစ်) - ၀ါးချောင်း ကျေးရွာမှ (၀ါးကော်မ် ဖာရာ)
(၁၉) မော်လ၀ီ ဆွေဒူလာမီးန် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) - မင်းကြီး ကျေးရွာ၊ သူလာသူလီရွာမှ
(၂၀) ဟာဆောင်းအူလ္လာ (ဘ) ဦးအဒူလ်ကာဒိရ် (အသက် ၁၄ နှစ်) - ကွမ်းသီးပင် ကျေးရွာ၊ မယ်ဒီရွာမှ
(၂၁) ဖဲထားန်အလီ (ဘ) ဦးမာမတ်ရော်ရှိတ် (အသက် ၂၅ နှစ်) - ကွမ်းသီးပင်ကျေးရွာ၊ မယ်ဒီရွာမှ
(၂၂) ဖာရုခ် (အသက် ၂၁ နှစ်) - ကွမ်းသီးပင် ကျေးရွာ၊ မယ်ဒီရွာမှ
(၂၃) ဆွေတာလမ် (ဘ) ဦးဟာလူ (အသက် ၁၈ နှစ်) - ကွမ်းသီးပင် ကျေးရွာ၊ နံသာဒေါင်ရွာမှ
(၂၄) ဦးဖော်ရီဒ် (ခ) ဦးလှတင် (ဘ) ဦးဘော်ဒူရာမန် (အသက် ၃၈ နှစ်) - အောင်ဇံ ကျေးရွာ (၀ယ်လာဒေါင် ဖာရာ) -- တို့ဖြစ်ပါသည်။



Rohingya Eye
RB News
12.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှ ဒေသခံ ရိုဟင်ဂျာ လူငယ်များကို အာဏာပိုင်များက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ပြီး သတ်ဖြတ်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ လူငယ် (၁၁) ဦးကို တဖက်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင် သွားပြီး ထိုမှ တဆင့် မည်သည့် နေရာသို့ ခေါ်ဆောင် သွားသည်ကို မိသားစုဝင်များက ယခု အချိန်ထိ သိရှိခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ယခင်က ဖမ်းဆီး ထားသည့် အောင်ဇံကျေးရွာ (၀ယ်လာဒေါင်ရွာ) မှ ဦးဖော်ရီဒ် (ခ) ဦးလှတင် (ဘ) ဦးဘော်ဒူရာမန် (အသက် ၃၈ နှစ်) ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ သေလုမျောပါး ညှဉ်းပန်း နှိပ်စက်၍ သေဆုံးခါနီးတွင် ဆေးရုံသို့ ပို့ဆောင်၍ သေဆုံး သွားသည့် အခါ မြို့နယ် ဆရာဝန် ဒေါက်တာ ကျော်မောင်မောင်သိန်းကို ရောဂါဖြင့် သေဆုံးသည်ဟု ဆေးစစ်ချက်တွင် လက်မှတ်ရေး ထိုးခိုင်းခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးဖော်ရီဒ်၏ ရုပ်အလောင်းကို အောက်တိုဘာလ (၅) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မြို့မတောင် ရပ်ကွက်ရှိ သင်္ချိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်၍ အစ္စလာမ် ထုံးစံနှင့် အညီ သဂြိုဟ်ခဲ့ကြောင်း သိရှိရပါသည်။ သို့သော်လည်း မတရား ညှဉ်းပန်း နှိပ်စက်ခံရပြီး သေဆုံးသွားသူ ဦးဖော်ရီဒ်၏ မိသားစုကို အကြောင်းကြားခြင်း မရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

မင်းကြီး ကျေးရွာ အုပ်စု၊ သူလာသူလီ ကျေးရွာမှ မော်လ၀ီ ဆွေယာဒူလ် အာမီးန် (ဘ) ဦးဆုလ်တာန် (အသက် ၃၃ နှစ်) ကိုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက သတ်ဖြတ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း မည်သည့် သင်္ချိုင်းတွင် သဂြိုဟ်ခဲ့သည်ကို မသိရှိရသေးကြောင်း၊ ထို့အပြင် အခြား လူငယ် (၃) ဦးကို (၄) မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် သတ်ဖြတ်လိုက်သည်ဟု သိရှိရသော်လည်း အလောင်းများကို ဒေသခံ ရိုဟင်ဂျာများကို အပ်နှံခြင်း မရှိသောကြောင့် ၎င်းလူငယ် (၃) ဦး၏ မိသားစုဝင်များ စိုးရိမ် သောက ရောက်လျက် ရှိကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

အာဏာပိုင်များက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးထားသည့် ဒေသခံများကို ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက ဥပဒေကြောင်း အရသာ အပြစ်ပေး ရမည်ဖြစ်သော်လည်း ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်၍ သတ်ဖြတ်ခြင်းသည် အာဏာပိုင်များ ကိုယ်တိုင် ရာဇ၀တ်မှုများကို ကျူးလွန်ခြင်း ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် ရာဇ၀တ်မှုများကို နေ့စဉ် အဆက်မပြတ် ကျူးလွန်လျက် ရှိသော်လည်း နေပြည်တော် အစိုးရက ဟန့်တား အရေးယူခြင်း မရှိသည်ကို တွေ့ရှိရသည်။

အောက်တိုဘာလ (၈) ရက်နေ့က မဟုတ်မမှန် စွပ်စွဲ ခံရပြီး ဖမ်းဆီးခံရသည့် မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၁) ဦးမှာ --

(၁) မိုဟာမတ်အာယုပ် (ဘ) ဦးကာလာမျာ (အသက် ၂၀ နှစ်)
(၂) ဟာဖီးဇ် မိုဟာမတ်ဆော်လိမ် (ဘ) ဦးအဒူလ်ဟူစိန်း (အသက် ၂၅ နှစ်)
(၃) မော်လ၀ီ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူလ်အာမီးန် (အသက် ၂၀ နှစ်)
(၄) မာမတ်အာမီးန် (ဘ) ဦးဆီဒိခ် (အသက် ၂၂ နှစ်)
(၅) မိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးရှော်ရိဖ်ဟူစိန်း (အသက် ၁၈ နှစ်)
(၆) ဆွေယာဒူအာမီးန် (ဘ) ဦးဟိုက်ရ်ဟူစိန်း (အသက် ၂၇ နှစ်)
(၇) နူရ်မာမတ် (ဘ) ဦးအဒူဆော်မော်တ် (အသက် ၂၂ နှစ်)
(၈) မိုဟာမတ်ဟူစိန်း (ဘ) ဦးကာဒိရ်ဘောက်ခ်ရှုး (အသက် ၂၃ နှစ်)
(၉) မာမတ်တာဟဲရ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၃ နှစ်)
(၁၀) ဇာကဲရ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၀ နှစ်)
(၁၁) မာမတ်အီလီယာစ် (ဘ) ဦးမိုဟာမတ်ဆော်ယာဒ် (အသက် ၃၀ နှစ်) -- တို့ဖြစ်ပါသည်။

အာဏာပိုင်များက လူငယ်များကို ပစ်မှတ်ထား၍ မောင်တောမြို့နယ် မြောက်ပိုင်းရှိ လူငယ်များ အထိတ်တလန့် ဖြစ်လျက် ရှိပြီး၊ အောက်တိုဘာလ (၁၁) ရက်နေ့က ငရန့်ချောင်းဈေး ကျေးရွာကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀န်းရံ ပိတ်ဆို့၍ ဒေသခံ ရွာသားများကို ဖမ်းဆီးရန် ကြိုးစား ခဲ့သော်လည်း ဖမ်းဆီး နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

နော်ဝေ အခြေစိုက် Nobel ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ Thorbjorn Jagland (ဝဲ) ပါကစ္စတန် ပညာရေး တက်ကြွ လှုပ်ရှားသူ မာလာလာနဲ့ အိန္ဒိယ ကလေး အလုပ်သမား ဆန့်ကျင်ရေး လှုပ်ရှားသူ Satyarthi တို့ကို ငြိမ်းချမ်းရေး ဆုရှင် အဖြစ် ကြေညာစဉ်။

10.10.2014

ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးငယ်များ ပညာသင်ခွင့် ရရှိရေး ဆောင်ရွက်သူ Malala Yousafzai နဲ့ အိန္ဒိယနိုင်ငံမှာ ကလေး အခွင့်အရေး ဆောင်ရွက်သူ Kailash Satyathi တို့ ၂ ဦး အခုနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ပူးတွဲ ရရှိသွားပါတယ်။

သူတို့ ၂ ဦးအနေနဲ့ ကလေးသူငယ်များနဲ့ လူငယ်တွေ ဖိနှိပ်ခံနေကြတာကို ဆန့်ကျင် တိုက်ပွဲဝင် သူတွေဖြစ်သလို့ ကလေးငယ်တွေ ပညာသင်ခွင့် ရရှိရေး ကြိုးပမ်း ဆောင်ရွက် မှုတွေကြောင့် အခုလို နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ရခြင်းဖြစ်ကြောင်း နော်ဝေ နိုဘဲလ် ဆုရွေးချယ်ရေး ကော်မီတီက ဒီကနေ့ ဆုရရှိသူတွေအမည်စာရင်းကို ကြေညာတဲ့အထဲ ထည့်သွင်း ဖော်ပြသွားပါတယ်။

အိန္ဒိယနိုင်ငံသားနဲ့ ပါကစ္စတန် နိုင်ငံသူဖြစ်တဲ့ သူတို့ ၂ ဦးရဲ့ ဆောင်ရွက်ချက်ဟာ ပညာရေးမြှင့်တင်ဖို့နဲ့ အစွန်းရောက်ဝါဒ ဆန့်ကျင်ရေးအတွက် ဟိန္ဒူဘာသာဝင်နဲ့ မူဆလင် ဘာသာဝင်တို့ ပူးတွဲလုပ်ဆောင်ချက်အဖြစ် အရေးပါလှတယ်လို့ မှတ်ယူကြောင်း နိုဘဲလ်ဆုရွေးချယ်ရေးကော်မီတီက ဖော်ပြထားပါတယ်။

ပါကစ္စတန်မှာ မိန်းကလေးတွေ ပညာသင်ကြားနိုင်ရေး တက်ကြွလှုပ်ရှားသူ မာလာလာ

အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ မာလာလာဟာ အမျိုးသမီးငယ်များ ပညာသင်ခွင့် ရရှိရေးအတွက် နှစ်အတော်ကြား ဆောင်ရွက်နေခဲ့ရာက ၂၀၁၂ ခုနှစ်မှာ ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။ ခေါင်းမှာ ရခဲ့တဲ့ ဒဏ်ရာကို ဗြိတိန်နိုင်ငံမှာ အထူးကုသမှုခံယူပြီးတဲ့နောက် အမျိုးသမီးအခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။

အိန္ဒိယက ကလေးအလုပ်သမားဆန့်ကျင်ရေးလှုပ်ရှားသူ Satyarthi
မာလာလာနဲ့အတူ ပူးတွဲ ဆုရရှိတဲ့ Kailash Satyarthi ကတော့ ငွေးကြေး အမြတ်အစွန်း အတွက် ကလေးငယ်တွေကို အသုံးချနေမှုကို ကန့်ကွက်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ အများအပြားကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ကလေးအခွင့်အရေး ပြဌာန်းချက် ပေါ်ထွက်လာရေးအတွက် ပါဝင်ဆောင်ရွက် ခဲ့သူလည်း ဖြစ်ပါတယ်။



အင်ကြင်းနိုင်
10.10.2014

ကုလသမဂ္ဂ ကနေ မြန်မာနိုင်ငံကို အထူး စောင့်ကြည့် နေတဲ့ နိုင်ငံတခု အနေနဲ့ နှစ်စဉ် ဆုံးဖြတ်ချက်တွေ ချမှတ် နေတဲ့ အနေအထား ပယ်ဖျက်ဖို့ အချိန် ရောက်နေပြီလို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုသွား ပေမဲ့ မြန်မာ လူထု အခြေပြု အဖွဲ့အစည်းတွေ ကတော့ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ နောက်ကြောင်းပြန် လှည့်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သက်ဆိုင်ရာ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို တင်ပြခဲ့ကြ ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကိုရောက်ရှိနေတဲ့ Women Peace Network Arakan ရဲ့တာဝန်ခံ မဝေေ၀နုကိုမေးကြည့်တော့

"ကျမတို့အခုတွေ့တာက အဓိက ကတော့ UN Mission တွေပေါ့နော် နိုင်ငံတကာ UN Missionsတွေ အထူးသဖြင့် EU တို့ နောက်ပြီးတော့ ဒီအခြားအပြင် Member အဖွဲ့ဝင်တွေ အထူးသဖြင့်ဒီ Third Committee Member ဝင်တွေပေါ့နော် မြန်မာပြည် အတွက် Resolutions ရေးတဲ့ အဖွဲ့တွေနဲ့ ကျမတို့ ဆွေးနွေးတင်ပြဖြစ်ပါတယ်"

မေး။ ။ ဟုတ်ကဲ့ရှင့် အဲလိုမျိုး ဒီနှစ်လာရောက် တွေ့ဆုံတဲ့ အခါမှာ မြန်မာ့အရေးနဲ့ ပါတ်သက်ပြီးတော့ သူတို့ရဲ့ တုံ့ပြန်ချက်တွေ ဘယ်လိုတွေ့ရသလဲရှင့်။

"ကျမတို့အခု တွေ့ဆုံဆွေးနွေးသလောက်ဆိုရင် နိုင်ငံတော်တော် များများ ကမြန်မာပြည် ဟာ ပြောင်းလဲနေပြီ ဆိုတဲ့ဟာလောက်ကိုပဲ သိထား တယ်ပေါ့။ နောက် ဒီအပေါ်မှာ အားရ ကျေနပ်မှုရှိတယ်ပေါ့နော်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေကလည်း ဥပမာ EU တို့ US တို့ဘာတို့ သူတို့တွေကလည်း တစ်ချို့နေရာတွေမှာ တချို့အပိုင်းတွေမှာ ဆိုးဝါးလာနေတာကိုလည်း သူတို့ အသိအမှတ်ပြုပါတယ်။ အဲဒီအပေါ်မှာ သူတို့ အလေးထားပြီး လက်ခံဆွေးနွေးတာကိုလည်း သူတို့တွေ့ရတယ်။ အဲဒီအပေါ်မှာလည်း သူတို့နဲ့ တွေ့ဆုံဆွေးနွေးရတာ အားရကျေနပ်မှုရှိပါတယ်။ အဓိက ကတော့ ကျမတို့ လိုချင်တဲ့ ပွိုင့်က ကျမတို့ တကယ်ပဲ ဒီမိုကရေစီကို သွားနိုင်ဖို့ အဓိက ဒါကိုပဲ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။"

အထူးသဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ ဟာ မြန်မာနိုင်ငံ မှာ သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့နောက် ဘယ်လို အပြောင်း အလဲတွေဖြစ်လာလဲ ဆိုတဲ့ အချက်တွေကို ပိုပြီးစိတ်ဝင်စား တာတွေ့ရတဲ့ အပြင် ၂၀၁၂ခုနှစ်နောက်ပိုင်း အခြေအနေတွေ ဆိုးလာတဲ့အပေါ်မှာလည်း စိတ်ဝင်တစားမေးမြန်းခဲ့တယ်လို့ CCTU အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (နိုင်ငံခြားရေးရာ) တာဝန်ခံ ကိုဇာနည်ကပြောပါတယ်။

"သူတို့အရမ်းအံ့ဩတယ်ပေါ့နော် ဒီလို အကျဉ်းသား (၃) ထောင်ကျော်လွှတ်တဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသားက (၁) ယောက်ပဲပါတာ အဲ့ဒါကိုပဲ သူတို့ အရမ်းအံ့ဩ တယ်။ ပြီးတော့ ကျနော်ပြောခဲ့တဲ့ဥစ္စာတွေက လယ်ယာမြေတွေ လိုအပ်တာထက် ပိုပြီး သိမ်းထားတယ်။ ဦးသိန်းစိန်နဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင် ကိုယ်တိုင် ပြောပြီးတဲ့ နောက်ပိုင်းမှာ သူတို့ ပြန်ပေးပါ့မယ်လို့ ကတိပေးပြီး တဲ့ နောက်ပိုင်း မှာ လယ်သမားတွေ ၃၀၀ လောက် အဖမ်းခံလိုက်ရ တယ်ပေါ့နော်။ ဒီဟာတွေက တကယ့်ကို သူတို့ပြောတဲ့စကား နဲ့ လက်တွေ့ တကယ်ဖြစ်နေတဲ့ လက်တွေ့ အောက်ခြေက အခြေအနေလေးတွေက တော်တော်လေးကို ကွာဟချက်တွေရှိနေတယ်ဆိုတာ ကျနော်က ယှဉ်ထိုးပြတာပါ။"

မေး။ ။ အဲဒီတော့ ကိုဇာနည် အနေနဲ့ဘယ်လိုသုံးသပ်လဲရှင့်။ ဒီ အခုလို ကုလသမဂ္ဂမှာ ကိုယ်တိုင် လာပြီးတော့ ဆွေးနွေးတင်ပြတဲ့အခါ ဒီ မြန်မာ့အရေး ဘက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းဖက်က ဘယ်လိုဆက်ဆံသွားမယ်ဆိုတဲ့ အနေအထားပေါ့လေ။ အဓိက က ကုလသမဂ္ဂ ရဲ့ အခန်းကဏ္ဍပါရှင့်။

"ကျနော်တို့အဓိက တွေ့တာတော့ UN Mission တွေ အဓိက ဦးစားပေးပြီး တွေ့ တာပေါ့နော်။ ဒီ UN Mission တွေ ဦးစားပေးပြီးတွေ့တဲ့ အခါကျတော့ သူတို့အနေနဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်အပေါ်မှာ သူတို့အနေနဲ့ မြန်မာနိုင်ငံရေးကို ဆုံးဖြတ်တဲ့ နေရာမှာ အချက်အလက် တိတိကျကျ တွေ့ချင်တာ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ လိုအပ်တာကို အသေအချာ ပြောပြနိုင်ခဲ့တယ်လို့ ကျနော်တို့ ကိုယ် ကျနော်တို့ ယုံကြည်မှု ရှိပါတယ်။ အဲဒီတော့ ဒီပြောပြချက်တွေ အင်ဖော်မေးရှင်းတွေ အချက်အလက်တွေ အပေါ်မှာ သူတို့အနေနဲ့ ဒီလာမယ့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေ အပေါ်မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ကို သူတို့ လုပ်ပေးနိုင် လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်"

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက တတိယ ကော်မတီကို တင်သွင်းတဲ့ မြန်မာ့ အရေး ဒီနှစ် အစီရင်ခံစာမှာလည်း တိုင်းရင်းသားရေး ပဋိပက္ခတွေနဲ့ ဘာသာရေးတင်းမာမှုတွေကို သူ့အနေနဲ့ အထူးစိုးရိမ်မိကြောင်း ဖေါ်ပြထားပါတယ်။

တတိယ ကော်မတီဟာ လူ့အခွင့်အရေးကို အဓိက ထားလေ့လာတဲ့ကော်မတီဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို ဆုံးဖြတ်ချက်တွေ တင်သွင်းဖို့ နှစ်စဉ်အောက်တို ဘာလ နှောင်းပိုင်းမှာ ကော်မတီ ၀င်နိုင်ငံကိုယ်စားလှယ်တွေ အစည်း အဝေးပြုလုပ်လေ့ ရှိပါတယ်။

ဒီအစည်းအဝေး မတိုင်ခင် မြန်မာ လူထု အခြေပြု အဖွဲ့အစည်းတွေက ကုလသမဂ္ဂ တတိယ ကော်မတီကို နှစ်စဉ် သွားရောက် တွေ့ဆုံ ဆွေးနွေးလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ လယ်ယာမြေ ပြဿ နာ၊ အလုပ်သမား အခွင့်အရေး၊ တိုင်းရင်းသား ဒေသတွေက ပဋိပက္ခ တိုက်ပွဲတွေ အတွက် Women Peace Network Arakan ၊ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ CCTU အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ က ကိုယ်စားလှယ်တွေ သွားရောက်ပြီး ကုလသမဂ္ဂမှာ တပတ်ကြာ ဆွေးနွေး တင်ပြ ခဲ့တာပါ။ 



Rohingya Eye
RB News
8.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် မောရ၀တီရွာမှ ရခိုင်များ ၀င်ရောက်၍ ဒေသခံများထံမှ လုယက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၅) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် အမှတ် (၇) နယ်မြေမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မောရ၀တီရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများ၊ မောရ၀တီရွာမှ ရခိုင်ရွာသားများ၊ စုစုပေါင်း အင်အား ၁၅၀ ကျော်တို့သည် ၀ါးချ ကျေးရွာ အတွင်းသို့ ၀င်ရောက်၍ ၂၀၁၂ ခုနှစ် ဇွန်လ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ရှာဖွေသည်ဟု အကြောင်းပြ၍ ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ် တံခါးများကို ရိုက်ချိုးခြင်း၊ ဒေသခံ များကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ တန်ဖိုးရှိ ပစ္စည်းများကို လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုတွင် ပါဝင်သည်ဟု ဆို၍ အောက်ဖော်ပြပါ (၆) ဦးကို ဖမ်းဆီး၍ အလယ်သံကျော်ရှိ အမှတ် (၇) နယ်မြေ စခန်းတွင် ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။

(၁) ဦးဟာဘီအုလ္လာ (ဘ) ဦးအာမီးရ်ဟူဆောင်း (အသက် ၅၀ နှစ်) (ဥက္ကဌဟောင်း)
(၂) ဦးမာမတ်ဆုလ်တာန် (ဘ) ဦးလာလ်မျာ (အသက် ၅၀ နှစ်)
(၃) ဦးနူရ်ဟူဆောင်း (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၄၈ နှစ်)
(၄) ဟာလာဘော်ဒါ (ဘ) ဦးမာမတ်အာမီးန် (အသက် ၁၈ နှစ်)
(၅) မာမတ်အာလမ် (ဘ) ဦးအုမောရ်ဘော်ရာတ် (အသက် ၁၃ နှစ်)
(၆) တော်ယုဖ်ဂူလ္လာဟ် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၁၅ နှစ်)

ထို့အပြင် ဥက္ကဌဟောင်း ဦးဒိလ်မိုဟာမတ်ကို ရှာဖွေ မတွေ့ရှိသဖြင့် ၎င်း၏ သမီးများ ဖြစ်သော ဖော်ရ်မီးန် (အသက် ၁၇ နှစ်) နှင့် ချော်ဖာ (အသက် ၁၅ နှစ်) နှင့် ၄ နှစ်သား အရွယ် ကလေးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး လမ်းတစ်ဝက်မှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးဒိလ်မိုဟာမတ်၏ နေအိမ်မှ ရွှေ (၄) ကျပ်သားကိုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် ရခိုင်များက လုယက်ယူဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။

ဦးရှော်မ်ရှု အစ္စလာမ် (အသက် ၅၀ နှစ်) ကိုရှာဖွေ မတွေ့ရှိသဖြင့် ၎င်း၏ နေအိမ်မှ တံခါးများ ရိုက်ချိုး ဖျက်ဆီးခဲ့သည့် အပြင် မော်လ၀ီ ဒိလ်မိုဟာမတ် (ဘ) ဦးနော်ဘီဟူဆောင်း (အသက် ၄၂ နှစ်) နှင့် ဦးအာစ်မောတ်အုလ္လာ (ဘ) ဦးဖော်ယာစ် (အသက် ၄၀ နှစ်) တို့၏ နေအိမ် တံခါးများကို ရိုက်ချိုး ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ဝါးချရွာကို အကြမ်းဖက် လုယက်ရန် ၀င်ရောက်ခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် မောရ၀တီရွာမှ ရခိုင်များသည် မိုးပေါ်သို့ သေနတ် အချက် ၂၀ ခန့် ပစ်၍ ဒေသခံ ရိုဟင်ဂျာများကို ခြိမ်းခြောက်ခဲ့ပြီး ရွာသား အများအပြားကိုလည်း ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သိရှိရပါသည်။

Rohingya Exodus