နောက်ဆုံးသတင်း/ဆောင်းပါးများ

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် အတွင်း လှေစီး ဒုက္ခသည် ၇ဝဝ ကျော်ကို မေလ ၂၉ ရက်နေ့က ဖမ်းဆီးမိစဉ်

6.6.2015

လှေစီး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ရေးရာ ဝန်ကြီး ရဲ့ပြောဆိုချက် တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဌာနက မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း ကို မနေ့က ဆင့်ခေါ် သတိပေး ခဲ့တယ်လို့ ဒါကာမြို့က လာတဲ့ BDnews သတင်းတစ်ပုဒ် မှာ ရေးသား ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စီးပွားရေးနိမ့်ကျပြီး နိုင်ငံသားတွေကဆင်းရဲကြတဲ့အတွက် တခြားနိုင်ငံတွေကို တရားမဝင် သွားရောက်အလုပ်လုပ်ကြဖို့ အခြေအနေဖြစ်လာခဲ့တယ်လို့ မှတ်ချက်ပေးပြောဆိုခဲ့တဲ့အပေါ် ခေါ်ယူသတိပေးတာ လို့ ဆိုပါတယ်။

ရိုဟင်ဂျာကိုအသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာ ဒုက္ခသည်အရေးကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ကသိကအောက်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာဘက်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ခိုလှုံခွင့်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အခုဆိုရင် မြန်မာဘက်ကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည်တွေထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ လောက်ကို ဇွန်လ ၈ ရက်နေ့ နောက်ပိုင်းကစပြီး ပြန်လည်ခေါ်ယူမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်က တရားဝင်ကတိပေးထား တယ်လို့ BD သတင်းမှာ ဖော်ပြထားပါတယ်။

(ဓါတ်ပုံ - Reuters)

RB News
5.6.2015

လှေစီးပြေး ဒုက္ခသည်များ အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာက အပြစ်တင်နေခြင်းကို သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး၊ အာရှ လူ့အခွင့် အရေး ကောင်စီမှ ဦးမင်းလွင်ဦး၊ အင်္ဂလန် နိုင်ငံရောက် ဘူးသီးတောင် မြို့နယ်မှ ကျောင်းဆရာဟောင်း ဒေါ်ခင်လှတို့က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် ဇွန်လ ၅ ရက်နေ့ ညနေပိုင်းတွင် ဆွေးနွေး ထားသည်။

ဘီဘီစီ မြန်မာပိုင်းမှ ဦးမောင်မောင်သန်းက တင်ဆက်ထားသည်။



လှေစီး ဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင် ပြည်နယ် မောင်တော မြို့နယ် တောင်ပြို လက်ဝဲ မြို့နယ်မှာ တွေ့ရစဉ် 

RFA မြန်မာပိုင်း
4.6.2015

ဟိုင်းကြီး ကျွန်းဘက် ကနေ ရခိုင်ပြည်နယ် မောင်တော ဘက်ကို ရွှေ့ပြောင်း လိုက်ပြီ ဖြစ်တဲ့ လှေစီး ဒုက္ခသည် ၇၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံက အယောက် ၁၀၀ ကျော်ပါဝင်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။

ဒီလှေစီး ဒုက္ခသည်တွေကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမြင့်နဲ့ အဖွဲ့ အပါ အဝင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်တဲ့ အဖွဲ့တို့ သွားရောက် စစ်ဆေး ခဲ့ရာမှာ မြန်မာနိုင်ငံက ဘင်္ဂါလီ လူမျိုး အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အယောက် ၁၀၀ ကျော် စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။

"အားလုံးပေါင်း အရေအတွက်က ၇၃၄ ဦး လို့သိရတယ်၊ ယောက်ျားက ၆၁၁ ယောက်၊ အမျိုးသမီးက ၇၂ ယောက်၊ ကလေးက ၅၁ ယောက် သူတို့ကို ယနေ့စပြီးတော့စစ်နေပြီ၊ ၁ဝဝ ကျော်လောက်ကတော့ မြန်မာနိုင်ငံဖက်ကပေါ့နော်၊ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ပြီးတော့မှ ကျန်တာတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ အကြမ်းဖျင်းသိရပါတယ်"

ဒီမြန်မာနိုင်ငံသားလှေစီးဒုက္ခသည်တွေကို လောလောဆယ်မှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးချက်တွေပေါ် မူတည်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အစောပိုင်း ရခိုင်ပြည်နယ်ဘက်မှာ ဖမ်းမိထားတဲ့ ဘင်္ဂလားဒေ့ရှ် လှေစီးထွက်ပြေးသူ ၂၀၀ ကျော်ထဲက ၁၅၀ ကို ဇွန်လ ၇ ရက်နေ့မှာ ပထမအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည်တွေအရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တာဝန်ရှိသူတွေ ရန်ကုန်မြို့နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီကနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

James Nachtwey for TIME

RFA မြန်မာပိုင်း
4.6.2015


ရိုဟင်ဂျာနဲ့ ဘင်္ဂလီဆိုတဲ့ အသုံးအနှုန်း အငြင်းပွားမှု အကြောင်း မေးမြန်းချက် 

မောင်တော ဒေသခံ တစ်ဦးကို အဲ့ဒီမှာ ရောက်ရှိနေတဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက လက်ရှိ အငြင်းပွားနေတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလီ ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး သူတို့ အနေနဲ့ ဘယ်လို မြင်သလဲ ဆိုတာကို တွေ့ဆုံ မေးမြန်း ထားပါတယ်။





စည်သူအောင်မြင့် 
3.6.2015

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး ကျွန်တော်ဟာ နော်ဝေနိုင်ငံကို ရောက်နေပါတယ်။ မေလ ၂၆ ကနေ ၂၈ ရက်နေ့အထိ အော်စလိုမြို့က နိုဘယ်လ် အင်စတီကျုမှာ ကျင်းပတဲ့ The Oslo conference to end Myanmar's systematic persecution of Rohingyas ဆိုတဲ့ နိုင်ငံတကာ ကွန်ဖရင့်တစ်ခု တက်ရောက်ခဲ့တာပါ။ အဲဒီ ကွန်ဖရင့်ကို နိုင်ငံတကာက ထင်ရှားတဲ့ ပညာရှင်တွေ၊ လူ့အခွင့်အရေး ဆိုင်ရာ တာဝန်ထမ်းဆောင်ခဲ့ဖူး သူတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ ရိုဟင်ဂျာ လူမျိုးတွေ၊ သတင်းစာ ဆရာတွေ၊ သုတေသီတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကတော့ ဆရာတော်(၃) ပါး၊ ခရစ်ယာန်ဘုန်းတော်ကြီး (၂) ပါး၊ ကျွန်တော်နဲ့ မန္တလေးမြို့က စာရေးဆရာ ညီပုလေးတို့ အတူတကွ သွားရောက်ခဲ့ကြပါတယ်။ ကျွန်တော်နဲ့ ဆရာညီပုလေးက လေ့လာသူအဖြစ်နဲ့ တက်ရောက်ရတာပါ။ ကွန်ဖရင့်ကို မတက်ရောက်နိုင်တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေ၊ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယို ဖိုင်တွေကနေ တဆင့် အမှာစကားတွေ ပါးခဲ့ကြပါတယ်။

အော်စလို နိုင်ငံတကာ ကွန်ဖရင့်ကို နော်ဝေဂျီယန် နိုဘယ်လ် အင်စတီကျုက ကမကထ လုပ် ဦးစီးကျင်းပတာပါ။ အစည်းအဝေးအတွက် Justice for All, Burma Task Force USA; Parliament of the World's Religions; Refugees International (USA); International State Crime Initiative (ISCI) Queen Mary University of London; Harvard Global Equality Initiative (HGEI); Oxford Poverty and Human Development Initiative (OPHI) စတဲ့ အဖွဲ့အစည်းတွေက ဝိုင်းပြီး ကူညီပံ့ပိုးပေးကြပါတယ်။ ပြောရရင် ဒီလို ညီလာခံမျိုးကို ငြိမ်းချမ်းရေးကို လိုလားတဲ့၊ နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးလေ့ရှိတဲ့၊ မြန်မာနိုင်ငံကိုလည်း ကူညီထောက်ပံ့မှုတွေ ပေးနေတဲ့၊ နှစ်စဉ် နိုဘယ်လ် ငြိမ်းချမ်းရေး ဆု ချီးမြှင့်လေ့ရှိတဲ့ နော်ဝေနိုင်ငံက နိုဘယ်လ် အင်စတီကျု အဆောက်အအုံမှာ ကျင်းပတာကိုက ထူးခြားနေတယ်လို့ ထင်ပါတယ်။

ကွန်ဖရင့်ကို တက်ရောက်ခဲ့သူတွေထဲမှာ ထင်ရှားတဲ့ သူတွေကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကို အစီရင်ခံစာ တင်သွင်းသူဟောင်း မစ္စတာ ကင်တားနား၊ နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီး၊ နော်ဝေဝန်ကြီးချုပ်ဟောင်း၊ စကင်ဒီနေးဗီးယား နိုင်ငံတွေရဲ့ အစိုးရ တာဝန်ရှိသူတွေ၊ နော်ဝေ-မြန်မာ ကော်မတီက တာဝန်ရှိသူတွေ၊ လန်ဒန် ကွင်းမေရီ တက္ကသိုလ်က ပရော်ဖက်ဆာ Penny Green၊ မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ မောင်ဇာနည်တို့ ပါဝင်ကြပါတယ်။

အစည်းအဝေးကို ဗီဒီယို ရိုက်ကူးပြီး အမှာစကား ပါးသူတွေကတော့ မြန်မာ့ဒီမိုကရေစီရေးကို ကူညီအားပေးနေတဲ့၊ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ဖူးပြီး အစိုးရအဖွဲ့နဲ့လည်း ရင်းနှီးတဲ့ အိုးပင်းဆိုဆိုက်တီး ဖောင်ဒေးရှင်း တည်ထောင်သူ ဘီလျံနာ သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ်၊ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ မိုဟာမက်၊ နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူတူ၊ နိုဘယ်လ်ဆုရ အိုင်းရစ် ငြိမ်းချမ်းရေး လှုပ်ရှားသူ မာရီမက်ဂွဲ၊ နိုဘယ်လ်ဆုရ တီမော သမ္မတ နဲ့ ဝန်ကြီးချုပ်ဟောင်း ဂျိုဆေးရာမို့ဟော်တာ၊ စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရ အမာတာဆင်း စတဲ့ သူတွေ ဖြစ်ကြပါတယ်။

ကိုမျိုးသန့်ရေ
ကွန်ဖရင့်ကတော့ နှစ်ပိုင်းပါ။ ပထမ တစ်ပိုင်းကတော့ အများပြည်သူ မည်သူမဆို တက်ရောက်နိုင်တဲ့ အပိုင်းဖြစ်ပြီး ကွန်ဖရင့် ကျင်းပနေပုံကို ကွန်ပျူတာ အင်တာနက် စနစ်ကနေ တစ်ကမ္ဘာလုံးကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။ အစည်းအဝေးမှာ ကျွန်တော် ထိထိခိုက်ခိုက် ရှိခဲ့တာကတော့ ဘီလျံနာ သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ်ရဲ့ ပြောကြားချက်တွေပါ။ သူဟာ မြန်မာနိုင်ငံထဲ အကြိမ်ကြိမ်ရောက်ဖူးသလို၊ အစိုးရ တာဝန်ရှိသူတွေ၊ အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖူးသူပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် နှစ်ပေါင်းများစွာ အကူအညီပေးနေသူ တစ်ယောက်ဖြစ်သလို၊ လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းအတွက် အကူအညီတွေ အများကြီးပေးဖို့ စိတ်အားထက်သန် နေသူလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူဟာ အစိုးရရဲ့ အစီအစဉ်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ရိုဟင်ဂျာ-ဘင်္ဂါလီတွေ နေထိုင်ရာ ရပ်ကွက်တွေကို သွားရောက်ကြည့်ရှုခွင့် ရခဲ့ပါတယ်။ ကွန်ဖရင့်ကို ပေးပို့တဲ့ ဗီဒီယို မှတ်တမ်းထဲမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ဂျော့ဆိုးရော့စ်ရဲ့ မျက်နှာဟာ ဝမ်းနည်းကြေကွဲ နေပုံတွေ့ရပြီး ကျွန်တော်တို့နိုင်ငံအတွက် မျှော်လင့်တာတွေ၊ စိတ်မကောင်း ဖြစ်နေပုံကိုလည်း တွေ့မြင်ရပါ တယ်။ သူပြောတာက ရိုးရိုးရှင်းရှင်းလေးပါ။

“နှစ်ပေါင်းများစွာတုန်းကလိုပဲ ဇန်နဝါရီလက မြန်မာပြည်ကို စတုတ္ထအကြိမ်မြောက် ကျွန်တော် သွားရောက်လည်ပတ်ခဲ့စဉ်အတွင်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင်တပ်အပ် မြင်တွေ့နိုင်ဖို့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေကို ခဏသွားလည်ခဲ့ပါတယ်။

ပြည်နယ် ခေါင်းဆောင်တွေ၊ ဒေသခံ ခေါင်းဆောင်တွေနဲ့ သာမက ရခိုင်လူထုနဲ့ရော ရိုဟင်ဂျာလူမျိုးတွေနဲ့ပါ တွေ့ဆုံ ခဲ့ပါတယ်။ နောက်ပြီး ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များနှင့်ရော၊ ဂက်တို (ghetto) လို့သာ ခေါ်ဝေါ်ဖို့ကောင်းတဲ့ အောင်မင်္ဂလာရပ်ကွက် အမည်ရ ရိုဟင်ဂျာအများစု နေထိုင်ကြရတဲ့ စစ်တွေမြို့ရဲ့ အစိတ်အပိုင်းတစ်ခုမှာ နေထိုင်ကြသူတွေနဲ့ပါ စကားပြောခဲ့ပါတယ်။ အောင်မင်္ဂလာရပ်ကွက်မှာ ကျွန်တော့်ရဲ့ ကလေးဘဝက ပဲ့တင်သံတွေကို ပြန်ကြားရပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်း ၁၉၄၄ ခုနှစ်တုန်းက ဘူဒါပက်စ်မြို့က ဂျူးတစ်ယောက်အနေနဲ့ ကျွန်တော်ဟာလည်း ရိုဟင်ဂျာ တစ်ယောက်လိုပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့ဥရောပ တခွင်မှာ နာဇီတွေ တည်ထောင်ထားတဲ့ ဂျူးရပ်ကွက်တွေလိုပဲ အောင်မင်္ဂလာရပ်ကွက်ဟာလည်း မိသားစု ထောင်ပေါင်းများစွာရဲ့ မနေချင်ဘဲ နေရတဲ့ အိမ်ရာဖြစ်လာပါတယ်။ ဒီမိသားစုတွေဟာ တစ်ခါက ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းတွေကို ရရှိခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။

“အခုအချိန်မှာတော့ သူတို့တတွေဟာ တွင်းဆုံးကျအောင် ချို့ချို့ငဲ့ငဲ့ အခြေအနေနဲ့ ခွဲခြားကန့်သတ်ခံရတဲ့ဘဝမှာ ဆက်လက်ကျရောက်နေအောင် ဖိအားပေးတွန်းပို့ခြင်းကို ခံနေရပါတယ်။ နာဇီတွေရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တုနှိုင်းယှဉ်ဖွယ် လုပ်ရပ်တွေဟာ အလန့်တကြား ဖြစ်လောက်ပါတယ်။ ကံကောင်းထောက်မစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း အဆင့် အထိတော့ မရောက်သေးပါဘူး” လို့ ပြောခဲ့ပါတယ်။

ကျွန်တော်ဟာ အဲဒီ ကွန်ဖရင့်ကနေ နိုင်ငံတကာက မြန်မာကို ဘယ်လိုမြင်သလဲ၊ ရိုဟင်ဂျာ-ဘင်္ဂါလီ အသိုင်းအဝိုင်းကို မြန်မာအစိုးရ ကိုင်တွယ်ပုံကို ဘယ်လို ရှုမြင်၊ ဘယ်လိုသဘောထားကြသလဲ ဆိုတာ ပိုပြီး သိလာရပါကြောင်း။

ကျန်းမာပါစေ
စည်သူအောင်မြင့်



ဗမာ ပြည်သူတွေက ဗုဒ္ဓဘာသာ ဆိုပြီး သိမ်မွေ့တယ်၊ ယဉ်ကျေးတယ် ဆိုတာ ကျွန်တော် လက်ခံတယ်။ ကျွန်တော်လည်း ဗမာလူမျိုး ဗုဒ်္ဒဘာသာ တစ်ယောက်ပဲ။ ဒါပေမယ့် အနှစ်လေးဆယ်လောက် ၀ါဒဖြန့် မှိုင်းတိုက်တာ ဆိုလို့ရှိရင် ကျွန်တော်တို့  ဗုဒ္ဓဘာသာ ကလည်း ဘယ်ခံနိုင်မလဲ။

ဒေါက်တာဇာနည်နဲ့ အင်တာဗျူး
ပြည်သူ့ခေတ်ဂျာနယ်၊ ၃-၆-၁၅။ အချပ်ပို -၁


ပြည်သူ့ခေတ် - ငြိမ်းချမ်းရေးကို လိုလားတဲ့ နော်ဝေနိုင်ငံ အော်စလို မြို့က နိုဘယ်လ် အင်စတီကျုမှာ The Oslo conference to end Myanmar's systematic persecution of Rohingyas ဆိုတဲ့ ကွန်ဖရင့် လုပ်တယ်။ အစည်းအဝေး တက်သူတွေထဲမှာ နိုင်ငံတကာက ထင်ရှား တဲ့ လူတွေ၊ နိုဘယ်လ်ဆုရသူတွေ၊ လူ့အခွင့်အရေး တာဝန်ယူကြသူတွေ၊ နော်ဝေ၊ ဆွီဒင်လို စကင်ဒီနေးဗီးယန်းက အစိုးရ တာဝန်ရှိသူတွေ၊ ဒီ အရေးကို လေ့လာနေတဲ့ ပညာရှင်တွေ စသဖြင့် တက်ကြတာတွေ့ရ တယ်။ လက်ရှိ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ မလေးရှားက အငြိမ်းစား စစ်ဗိုလ်ချုပ်တောင်ပါတယ်။ ဒါပေမယ့် ပြဿ နာနဲ့ အဓိက သက်ဆိုင်နေတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဒါမှ မဟုတ်၊ မြန်မာ သံတမန်တွေ၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ တက်တာ မတွေ့ရဘူး။ သူတို့ကို မဖိတ်ဘူးလား။ သူတို့မပါဘဲ ကျင်းပရင် ဒီ ကွန်ဖရင့် ဆုံးဖြတ်ချက်တွေဟာ တဖက်သတ် ဆန်မနေနိုင်ဘူးလား။

မောင်ဇာနည် - အစိုးရဘက်က လူတွေကို ကျွန်တော်ဖိတ်ဖို့  ကြိုးစားတယ်။ပြောမယ်ဆိုရင် သမ်္မတအကြံပေး ဦးကျော်ရင်လှိုင်ဆိုတာ အမေရိကန် ကို ရောက်လာတဲ့ ပထမနှစ်ကတည်းက သူ့ကိုသိတာ။ လက်ရှိ ရခိုင်ပြည် နယ် ၀န်ကြီးချုပ် ကိုမောင်မောင်အုန်းက ကျွန်တော်ကို တော်တော် ချစ်တဲ့ သူငယ်ချင်းရဲ့ အစ်ကို။ ဖိတ်မယ်ဆို ဖိတ်လို့ရတာပေါ့ဗျာ။ နံပါတ်တစ်က လာမှာမဟုတ်ဘူး။ သူတို့က လာမယ့်သူတွေကို ကြည့် လိုက်မယ်။ လာမယ့်သူတွေက ကုလသမဂ်္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ ပြုစုသူ မစ်္စတာ ကင်တာနားတို့၊ ပြောမယ့် သူတွေက ဒက်စမွန်တူးတူးတို့ ဂျော့ဆိုးရော့စ်တို့၊ အဲဒီတော့ မြန်မာ အစိုးရဘက်က လာမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစား သေးတယ်။ နော်ဝေမှာ မြန်မာသံရုံးရှိလား ကျွန်တော်တို့ လိုက်ရှာ တယ်။ ရှိရင် မြန်မာသံအမတ်ကြီးကို ဖိတ်ပါ၊ သံအရာရှိကို ဖိတ်ပါဆို တော့။ ကွန်ဖရင့် ပေါင်းလုပ်တဲ့လူတွေက ဒီနော်ဝေမှာ မြန်မာသံရုံး လုံးဝမရှိဘူး။ ဘယ်သူ့ကိုမှ ဖိတ်လို့မရဘူးတဲ့။ ရခိုင်တိုင်းရင်းသားတွေကို ဘာကြောင့် မဖိတ်တာလဲဆိုတော့ ပြည်သူ့လွှတ်တော်အမတ် ဦးအေး မောင်က အစ ပညာရှင်လုပ်တဲ့ ဦးအေးချမ်း သူတို့ကစပြီး တိုင်းပြည်ကို ဗြောင်လိမ်နေတာဗျာ။ က်္ဘာကြီးကို လိမ်တယ်။ လိမ်တဲ့သူတွေကို ခေါ်လာပြီးတော့ ရိုးရိုးသားသား ဒိုင်ယာလော့ခ်ဖြစ်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။ နံပါတ်သုံးအချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ တွေကြားထဲမှာ ပြဿနာတက်နေလို့ ပြေလည်အောင် ကြားထဲကနေ Mediate လုပ်တယ်ပေါ့နော်။ ဖြန်ဖျေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ ကွန်ဖရင့် မဟုတ်ဘူး။ ဒီကွန်ဖရင့်ဟာ ကျွန်တော်အပါအ၀င် ဟားဗတ်တက်္ကသိုလ်မှာပဲ ဖြစ်ဖြစ် လန်ဒန်မှာပဲ ဖြစ်ဖြစ် အောက်စဖို့ဒ် မှာပဲ ဖြစ်ဖြစ် သုတေသနလုပ်တဲ့သူ အများစု၊ နောက်ဆုံး ယူအန်မှာ လုပ်ခဲ့တဲ့ မစ်္စတာ ကင်တာနားလို ပုဂ်္ဂိုလ်တွေက အစ ကျွန်တော်တို့က ဒီမြန်မာပြည်မှာ ရိုဟင်ဂျာတွေ ဒုက်္ခသုက်္ခရောက်တဲ့ရင်းမြစ်ကို လိုက် လိုက်တော့ ကျွန်တော်တို့ ဘာသွားတွေ့လဲဆိုတော့ သူက လူမျိုးတုန်း သတ်တာမဟုတ်ဘူး။ အခေါ်အဝေါ်က မှားနေတယ်။ Genocide ဆိုတာ လူမျိုးတုန်းသတ်တာမဟုတ်ဘူး။လူမျိုးတစ်မျိုး ဘာသာတစ်ခုကို ယုံကြည်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖျက်ဆီးပစ်တာ။ ၁၉၉၄ ခုနှစ် ဧပြီလ ရ၀မ်ဒါနိုင်ငံမှာ လူ ရှစ်သိန်းနဲ့ ကိုးသိန်းကြားကို သုံးလလေးလ အတွင်းမှာ သတ်ပြစ်လိုက်တယ်။ နောက် ကေ်္ဘာဒီးယားနိုင်ငံမှာ ဖြစ် တာလည်း ဒီတိုင်းပဲ။ ၁၉၇၅ နဲ့ ၇၉ ကြား လေးနှစ်နီးနီးကြာတဲ့အခါမှာ ခမာလူမျိုး နှစ်သန်းနီးနီးကို ဒီကွန်မြူနစ်အစိုးရက နည်းမျိုးစုံနဲ့ သတ် လိုက်တာ သေသွားတယ်။ အဲတော့ သန်းနဲ့ချီပြီး သေတာတင် မဟုတ် ဘူး။ ဒီရိုဟင်ဂျာပဲ ခေါ်ခေါ် ဘင်္ဂါလီပဲခေါ်ခေါ် ဒီလူတွေ မြန်မာပြည်မှာ သန်းဂဏန်းနဲ့ ချီပြီးရှိတာကို ထောက်ပြပြီးတော့ လူမျိုးပြုန်းအောင် အမျိုးပြုတ်အောင် သတ်တယ်လို့ဆိုတာ မဟုတ်ပါဘူး။ ဒီမွတ်စ်လင် နိုင်ငံတွေနဲ့ အနောက်နိုင်ငံ သတင်းဌာနတွေက ၀ါဒဖြန့်တာပါလို့ဆိုပြီး ပြည်သူကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် NLD လို နိုင်ငံရေးပါတီကြီး ကပဲဖြစ်ဖြစ် တုံ့ပြန် ပြောဆိုလာတယ်ဆိုရင် Genocide ဆိုတဲ့ အဓိပ်္ပာယ်ကို နားမလည်လို့။ လူ ၂၀ ပဲ သတ်သတ် လူတစ်ထောင်ပဲ သတ်သတ် လူနှစ်သောင်းပဲ သတ်သတ် နှစ်သိန်းပဲ သတ်သတ် နှစ်သန်း ပဲ သတ်သတ်။ ဘယ်လောက်သတ်တယ် ဆိုတဲ့ အရေအတွက်က အဓိက မကျဘူး။ လူတွေကို သွားပြီး ဒုက်္ခပေး တာ။ မုန်းလို့ မဟုတ်ဘူး။ သူတို့ ဥစ်္စာပစ်္စည်းကို လုတာမဟုတ်ဘူး။ ဓားပြ တိုက်တာ မဟုတ်ဘူး။

အဲဒီလူတွေက သူတို့ကို သူတို့ ရိုဟင်ဂျာလို့ ခေါ်ကြတယ်။ တချိန်တုန်းက ဦးနုလက်ထက်ကအစ ဗိုလ်ချုပ်ကြီးနေ၀င်း တော်လှန်ရေး ကောင်စီ လက်ထက်အထိ သူတို့ကို သက်သေအထောက်အထားနဲ့ တိုင်းရင်းသား ပါလို့ အသိအမှတ်ပြုခဲ့တာ ကျွန်တော်တို့ နိုင်ငံမှာ ရှိပြီးသား။ အဲတော့ ဒီကိစ်္စမှာ ရိုဟင်ဂျာလို့ ခေါ်နေတာ ခေါ်ချင်လို့ခေါ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့က ဆယ်စုနှစ်ကျော်ကျော် ရိုဟင်ဂျာဟာ တိုင်းရင်းသား ပါလို့ သတ်မှတ်ခဲ့တဲ့ အနေအထား၊ အခွင့်အရေးပေးခဲ့တဲ့ အနေအထား၊ ပြည်သူအနေနဲ့ ဆက်ဆံခဲ့တဲ့ အနေအထားပေါ် မူတည်ပြီး သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ဆက်ပြောတာ။ အပြစ်က သူတို့မှာ ရှိတာမဟုတ်ဘူး။ နံပါတ်တစ် တာဝန်ရှိတာက စစ်အစိုးရအဆက်ဆက်၊ ဦးနေ၀င်း
လက်ထက် ၁၉၇၀ ခုနှစ်က အစ ဦးသိန်းစိန် အစိုးရလက်ထက်ထိ၊ အစိုးရ လေးဆက်လောက်က တိုင်းပြည်ကို ညာခဲ့တယ်။

စစ်အစိုးရ အဆက်ဆက် ပြည်သူကို အနှစ်လေးဆယ်လောက် မျက်စိပိတ် နားပိတ်ထားတယ်။ ကျောင်းသုံးစာအုပ်ကိုလည်း သူတို့ ပဲကိုင်တယ်။ မီဒီယာကိုလည်း သူတို့ပဲကိုင်တယ်။ အမှန်တရားပြောတဲ့ မီဒီယာ။ ကိုပါကြီးလိုလူမျိုး။ ပစ်သတ်ခံရတယ်။ နောက် ယူနတီကလူ တွေ၊ မွန်းတည့်နေက လူတွေကို ဖမ်းပြီး ထောင်ချလိုက်တယ်။ ဗမာ ပြည်သူတွေက ဗုဒ်္ဓဘာသာဆိုပြီး သိမ်မွေ့တယ်၊ ယဉ်ကျေးတယ်ဆိုတာ ကျွန်တော် လက်ခံတယ်။ ကျွန်တော်လည်း ဗမာလူမျိုး ဗုဒ်္ဒဘာသာ တစ်ယောက်ပဲ။ ဒါပေမယ့် အနှစ်လေးဆယ်လောက် ၀ါဒဖြန့် မှိုင်းတိုက် တာ ဆိုလို့ရှိရင် ကျွန်တော်တို့  ဗုဒ်္ဓဘာသာကလည်း ဘယ်ခံနိုင်မလဲ။

အဲဒီလူတွေက ကျွန်တော်တို့ ပြည်သူတွေကို မျက်မှန်စိမ်းတပ် ပေးထားတယ်။ ရိုဟင်ဂျာကိစ်္စမှာ ကျွန်တော်တို့ ပြည်သူတွေက မျက် မှန်စိမ်းတပ်ပြီးတော့ ကြည့်ကြတယ်။ ကြည့်တဲ့အခါကျတော့ အစိမ်း ရောင်ကိုပဲ မြင်ရတယ်။ အဖြူရောင်ဖြစ်နေလည်း အစိမ်းရောင်မြင်တယ်။အ၀ါဖြစ်နေလည်း အစိမ်းရောင် မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာ ပြည်သူတွေက အနှစ်လေးဆယ်လောက် မျက်မှန်စိမ်းတပ်ခံထားရတဲ့ ဘ၀မှာနေခဲ့ရတယ်။ အဲဒီဘ၀က မကျွတ်သေးဘူး။

ကျွန်တော် ဒီရိုဟင်ဂျာကိစ်္စ ဆက်ပြောမယ်။ ရှင်းရှင်းပြောမယ်။ လူပိန်း အတွေးနဲ့ တွေးကြည့်ပါ။ ရိုဟင်ဂျာတွေကို ဒုက်္ခပေးတာ ၂၀၁၂ မှ ပေးတာမဟုတ်ဘူး။ တော်လှန်ရေးကောင်စီခေတ် ဗိုလ်ချုပ်နေ၀င်း လက်ထက် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ နဂါးမင်းစစ်ဆင်ရေးမှာ ဗိုလ်မှူး ချုပ်စိန်လွင် ဦးဆောင်ပြီး “မြေမြို၍ လူမျိုးမပြုန်း၊ လူမြို၍ လူမျိုးပြုန်း မည်” ဆိုတဲ့ ၀ါဒဖြန့် စကားလုံးသုံးပြီး မရိုသေ့စကားနဲ့ ကုလားပေါ့နော်။ ဒီကုလားတွေကို အမျိုးဖြုတ်ဖို့ လုပ်ခဲ့တယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်း ဗမာ့တပ်မတော်မှာ တိုင်းရင်းသားပေါင်းစုံပါတယ်။ ဘာသာပေါင်းစုံပါတယ်။ အဲဒီတပ်က အနှစ် ၇၀ လောက်ကြာတဲ့ ခုချိန်မှာ ထိပ်ပိုင်းမှာ ဗမာ၊ ဗုဒ်္ဓဘာသာလို့ အမည်မခံဘူးဆိုရင် ဘယ်အရာရှိမှ မတက်ဘူး။ ဆိုလိုတာက ဗိုလ်ချုပ် ကြီးနေ၀င်းက လူမျိုးရေးမုန်းတီးမှုကို အခြေခံပြီးတော့ ပေါ်လစီတွေ ချသွားတယ်ဗျာ။ ၁၉၈၂ နိုင်ငံသားဥပဒေဆိုတာ ဦးနေ၀င်းက လုပ် ချင်တာ လုပ်သွားတာ။ အဲတော့ ဦးနေ၀င်းလို အာဏာရှင်ကြီး ပြဋ္ဌာန်း သွားတဲ့ ဥပဒေကြီးကို ဒီမိုကရေစီခေတ်မှာ ပြည်သူတွေကလည်း စွဲ ကိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အတိုက်အခံပုဂ်္ဂိုလ်ကလည်း ဒီဥပဒေကြီးကိုပဲ စွဲကိုင်တယ်။ ဒီဘုရားသားတော် ဖြစ်တဲ့ သံဃာတွေ ကလည်း ဒီ အာဏာရှင်ကြီး ပြဋ္ဌာန်းသွားတာကိုပဲ လက်စွဲကိုင်တယ်။ ရခိုင် တိုင်းရင်းသားတွေကလည်း ဒါကိုပဲကိုင်တယ်။ အဲတော့ စစ် အစိုးရဘက် တစ်ဖက်ကပဲ မကောင်းဘူး၊ မှားနေတယ်ဆိုရင် ကျွန် တော်တို့က ပြည်သူကို အားကိုးပြီးပြင်ဖို့ မျှော်လင့်ချက်ရှိတယ်။ အခု ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ မုန့်လုံးစက်္ကူကပ်ပေါ့ဗျာ။ ပြည်သူက ကောင်းတယ်။ စစ်အာဏာရှင် အစိုးရက ပြည်သူကို အနှစ်လေးဆယ် လောက် မျက်မှန်စိမ်း တပ်ပေးလိုက်တယ်။

အဲဒီပြည်သူက ဒီမိုကရေစီခေတ်မှာ အခွင့်အရေးစရပြီ။ ပြောရေး ဆိုခွင့် ရှိလာပြီဆိုတဲ့ အခါမှာလည်း အဲဒီမျက်မှန်စိမ်းတွေ တပ်ပြီးတော့ ကြည့်တုန်းပဲ။ ဒါကြောင့်မို့လို့ ပြည်သူကလည်း မှားနေတယ်။ အစိုးရ ကလည်း မှားနေတယ်။ ကြားထဲမှာ ဒါကို ဂဃနဏသိတဲ့ ပညာရှင်တွေ ရှိတယ်။ သမိုင်းဆရာတွေ ရှိတယ်။ ရှေ့က လူကြီးသူမတွေရှိတယ်။

ပါလီမန် ဒီမိုကရေစီခေတ်မှာ ဦးနေ၀င်းပြီးရင် ဒုတိယအကြီးဆုံး ဖြစ်တဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်အောင်ကြီးလို ပုဂ်္ဂိုလ်က ရိုဟင်ဂျာတွေဟာ ရှမ်းလို၊ ကချင်လို၊ ချင်းလို နယ်စပ် နှစ်ဖက် ခွနေထိုင်တဲ့ တိုင်းရင်းသားတွေပါလို့ ပြောသွားတာကို အခုတက်နေတဲ့ ဦးသိန်းစိန်အစိုးရက မရှိပါဘူးလို့ ပြောတယ်။ ဦးသိန်းစိန်မတိုင်ခင် ဦးခင်ညွှန့်တို့ကလည်း ဒီလိုပဲပြောတယ်။ တကယ်တော့ ဒီစစ်အာဏာ ရှင် အစိုးရက ပြည်သူကို ညာနေတာ။ တခြားကိစ်္စတွေမှာ ဒီအာဏာ ရှင်တွေကို လူလိမ်၊ လူညာ၊ သူခိုး၊ သူဝှက် ခေါင်းဆောင်တွေ ဆိုပြီးလက်ခံထားတယ်။ ဘာဖြစ်လို့ ဒီရိုဟင်ဂျာကိစ်္စမှာ ငါတို့ပြည်သူတွေ ကို ညာနေတာရော မဖြစ်နိုင်ဘူးလားဆိုပြီး မေးခွန်း ဒါ မေးရမှာပေါ့ဗျာ။ပြည်သူက မမေးဘူးဆိုရင်လည်း စာနယ်ဇင်းသမားတွေက မေးရမှာ ပေါ့။ စာနယ်ဇင်းသမားတွေမှာလည်း တာဝန်ရှိတယ်။

အခုကြည့်ပါလား။ မီဒီယာ တချို့မှာ ရိုဟင်ဂျာကို ဘင်္ဂါလီ ဆိုပြီး ဇွတ်အတင်းကြီးခေါ်တာ။ ခင်ဗျားနာမည်က စည်သူအောင်မြင့်။ ကျွန် တော်က ခင်ဗျားနာမည်က ငခွေးဖြစ်တယ်။ ခင်ဗျားက ဆက်ပြောတယ်။ကျွန်တော်က စည်သူအောင်မြင့်ပါ။ နောက်တစ်ခွန်း ပြောမယ်။ ခင်ဗျား ငခွေးလို့ လက်မခံရင် ကျုပ်ထိုးမယ်ဆိုပြီး ခင်ဗျားကို ထိုးတယ်။ ဒါပဲ။ တကယ်တမ်းပြောရရင် စစ်တွေပဲသွားသွား မောင်းတောပဲသွားသွား ဒီရိုဟင်ဂျာ ကလေးတွေကို ကိုယ်သားသမီးချင်း စာနာရမယ်ဗျာ။ လူ သားချင်း စာနာရမယ်။ ကျွန်တော်က ဗမာ၊ ဗုဒ်္ဓဘာသာ၊ ခင်ဗျားက ဖက်ဆစ် ကင်ပေတိုင်ဆိုရင် မင်းက ငပေါဆိုပြီး လက်သည်းခွံခွာတဲ့ အလုပ်လုပ်တယ်။ ကျွန်တော် ဘယ်ခံနိုင်မလဲ။ ဒါကြောင့်မို့ ဒီနေ့မနက် ကွန်ဖရင့်မှာ ဂျော့ဆိုးရော့စ်က သူကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေ မြို့က အောင်မင်္ဂလာ ရပ်ကွက်ကို ရောက်သွားခဲ့တဲ့အကြောင်း၊ အဲဒီမှာ ရိုဟင်ဂျာတွေကို တွေ့ရတာဟာ သူငယ်ငယ် ၁၉၄၄ ၀န်းကျင် နာဇီဂျာမန်တွေ ထူထောင်ထားတဲ့ Ghetto လို့ခေါ်တဲ့ ရပ်ကွက်က ဂျူးတွေနဲ့ ဆင်တူတဲ့အကြောင်း၊ သူကိုယ်တိုင် ဘူဒါပက်စ်က အဲဒီ ဂက်တိုမှာ နေခဲ့ရတာကို ပြန်မြင်ယောင်မိကြောင်း ပြောသွားခဲ့တယ်။

Genocide ဆိုတာ လူသတ်တာတင် မဟုတ်ဘူး။ သတ်္တ၀ါတစ် ကောင်ကို ဒုက်္ခပေးတယ်ဆိုရင် နည်းမျိုးစုံနဲ့ ပေးလို့ရတယ်။ စစ်ထောက် လှမ်းရေးက ပုဂ်္ဂိုလ်တွေ SB က ပုဂ်္ဂိုလ်တွေ ဆိုရင် ညှင်းဆဲတဲ့နည်းတွေ သူတို့ဆီမှာ ထောင်နဲ့ သောင်းနဲ့ချီပြီး ရှိတယ်။ လူတစ်ယောက်ကို ဘယ်လိုညှင်းဆဲမလဲ။ ဘယ်လို ဒုက်္ခရောက်အောင် လုပ်မလဲ။ ဘယ်လို ဦးနှောက်ပျက်အောင် လုပ်မလဲ။ လက်ဖျားနဲ့မတို့ဘဲ ဒီလူတွေ လုပ် တတ်တယ်။ ဒီနည်းနဲ့ ရိုဟင်ဂျာတွေကို သိန်းနဲ့ချီပြီး ဒုက်္ခရောက်အောင် လုပ်နေတာ ဖြစ်တယ်။

ပြည်သူ့ခေတ် - အဲဒီတော့ အခု ဘာဖြစ်နေတယ်ကြားလို့ အခုလို့ Slow Genocide နာမည်တပ်တဲ့အဆင့် ရောက်သွားသလဲ။ ရခိုင်ပြည် နယ်မှာ ဘာဖြစ်နေတယ်လို့ သိထားသလဲ။

မောင်ဇာနည် - နံပါတ် ၁ က ဒီလူတွေကို အစာရေစာ ၀အောင် လင်အောင် စားလို့မရအောင် လုပ်တယ်ဗျာ။ သာမန်ပြည်သူတွေက တစ်နေ့ကို ထမင်းနှစ်နပ် သုံးနပ် စားကြတယ်။ ဒီလူတွေကို ထမင်း စားဖို့အတွက် လွတ်လွတ်လပ်လပ် လယ်စိုက်ဖို့ ခွင့်မပေးဘူး။ ဒီဒုက်္ခ သည် စခန်းထဲမှာ ရှိတဲ့ သူကြတော့လည်း စိုက်ဖို့က ခက်ခဲသွားပြီဗျာ။ သူများ သဒ်္ဒါလို့ လာကျွေးတဲ့အဆင့် အလှူစာလောက်ပဲ စားရတာပေါ့။ နောက် ရွာတွေမှာဆိုရင်လည်း ဟိုဘက်ရွာတွေကို မသွားရဘူးဗျာ။ ကိုယ်က ဒီရွာမှာနေပြီး ဟိုရွာမှာ လယ်စာရင်းငှား သွားအလုပ်မလုပ်ဘူး ဆိုရင် ဗိုက်မှောက်နေရမှာပေါ့။ တစ်ယောက် နှစ်ယောက် မဟုတ်ဘူး။ ကိုယ်ဝန်ရှိတဲ့သူနဲ့ မိခင်အို၊ ဖခင်အိုကြီးတွေနဲ့ စားစရာမရှိအောင် လုပ် တယ်ဗျာ။ သန့်ရှင်းတဲ့ရေလည်း မသောက်ရဘူး။ နောက် နေမကောင်း ဘူးဆိုရင် မီးနေသည်က အစဗျာ ဆရာဝန်မရှိဘူး။ နောက်ဆုံး ကျွန်တော် တို့လို မွဲတဲ့နိုင်ငံမှာ ရခိုင်ပြည်နယ် စစ်တွေပဲ ကြည့်ကြည့် ရန်ကုန်ပဲ ကြည့်ကြည့် မ်္တလေးပဲကြည့်ကြည့် ဆေးခန်းတွေ အများကြီးရှိတယ်။ပိုက်ဆံတတ်နိုင်တဲ့ သူတွေက သွားလို့ရတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ရှစ်သောင်းလောက် ရှိတဲ့နေရာမှာ ဆရာဝန်တစ်ယောက်ပဲ ရှိတယ်။ ရိုဟင်ဂျာ ဆိုလို့ရှိရင် ဆေးကျောင်းတက်ပြီး ဆရာဝန်လုပ်ဖို့တို့ နာ့စ် လုပ်ဖို့တို့ မပြောနဲ့ နောက်ဆုံး ၀မ်းဆွဲတဲ့ အတတ်ပညာကိုတောင် သင်ခွင့်မပေးဘူး။ အစာရေစာကိုလည်း နိုင်ငံတော်အနေနဲ့ လောက် လောက်လားလား မပေးဘူး။ အပြင်က လာတဲ့သူကိုလည်း အမျိုးမျိုး ကန့်သတ်တယ်။ စားစရာမရှိအောင် လုပ်တယ်။ ငတ်သေအောင် လုပ် တယ်။ ဆရာဝန်မရှိဘူး။ ဆေးမရှိဘူး။ ဆေးရုံမရှိဘူး။ လူဆိုတာ အစား အသောက်နဲ့ ရေရှိမှ အသက်ရှင်လို့ရတာ။ ဒါတွေကို ဖြတ်တောက်ဖို့ လုပ်တယ်ဆိုရင် လုပ်တဲ့အစိုးရရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲရှိတယ်။အဲဒီဟာက ဒီလူတွေကို ဖြည်းဖြည်းချင်းနဲ့ ညှင်းပြီးသတ်တာ။ ကျွန် တော်က နားစွန်နားဖျား ကြားရုံနဲ့ ဒီအလုပ် လုပ်နေတာ မဟုတ်ဘူး။ သုံးနှစ်တိတိ သုတေသန လုပ်တယ်။ တချို့ ရခိုင်မှာ တာဝန်ကျဖူးတဲ့ ဗမာ့တပ်မတော် အရာရှိဟောင်းတွေကို စကားပြောဖူးတယ်။ အင်တာ ဗျူးဖူးတယ်။ တပ်မတော် မော်ကွန်းတိုက်ထဲက ထွက်လာတဲ့ စာရွက် စာတမ်းတွေကိုလည်း ဖတ်တယ်။ ဗမာလိုလည်း ဖတ်တယ်။ အင်္ဂလိပ်လို စာရွက်စာတမ်းလည်း ဖတ်တယ်။ နောက်ပြီး ကျွန်တော်နဲ့ တွဲလုပ်တဲ့ သုတေသီ အမျိုးသမီးက မြန်မာပြည်သွားတယ်။ ရခိုင်ကိုလည်း သွား တယ်။ ဘင်္ဂလားဒေ့ရှ်ကိုလည်း သွားတယ်။ ကျွန်တော်တို့ မလေးရှားကို လည်း သွားတယ်။ အဲဒီမှာ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ရိုဟင်ဂျာတွေနဲ့ အင် တာဗျူးလုပ်တယ်။ ဆေးလိပ်မီးနဲ့ ထိုးတယ်။ တုတ်နဲ့ ရိုက်တယ်။ ရိုဟင်ဂျာလို့ ပြောလို့ရှိရင် သွေးထွက်အောင် လက်သီးနဲ့ ထိုးတယ်။ တစ်ယောက် နှစ်ယောက် ပြောတာမဟုတ်ဘူး။ ရာနဲ့ချီပြီး ပြောတာ။ အဲဒါတွေ ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့နှစ်ကစ ရိုဟင်ဂျာ လူ့အဖွဲ့အစည်း တစ်ခုလုံးကို တစ်စစီဖြစ်အောင် လုပ်နေတယ်၊Slow Genocide ဆိုပြီး ကျွန်တော် စ ရေးတာ။

ပြည်သူ့ခေတ် - ကောင်းပါပြီ။ ဒီလိုဆို လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းရင် ရမယ်လို့ ထင်သလဲ။

မောင်ဇာနည် - ကျွန်တော်ထင်တာကတော့ ပြည်တွင်းမှာ အဖြေမရှိဘူး။ အာဏာပိုင်တွေဟာ သန်းနဲ့ချီရှိတဲ့ လူ့အဖွဲ့အစည်းကြီးကို ရိုဟင်ဂျာ မရှိပါဘူး ဆိုပြီး က်္ဘာအထိ တက်လိမ်နေတာ။ အိပ်ချင်ယောင် ဆောင်နေသူတွေကို သွားနှိုးနေလို့ အကျိုးမထူး ဘူးလို့ ထင်တယ်။ သူတို့ကို ပြောင်းလဲလာအောင် လုပ်ဖို့ ပြည်တွင်းမှာ အင်အားမရှိဘူး။ နိုင်ငံတကာမှာပဲ အင်အားရှိတာ။ ၁၉၄၉ ခုနှစ် ဦးနု လက်ထက်မှာ ဗမာပြည်က Genocide Convention ကို လက်မှတ် ထိုးခဲ့တယ်။ အဲဒီတော့ ဒီ ကိုယ်ထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းတွေကို ဖောက်ဖျက်တယ်။ ပြည်သူကိုလည်း လိမ်တယ်။ ဒီလူတွေက နောင်တရဖို့ အလားအလာ မရှိဘူး။ နောင်တရသည် မရ သည် ခဏထား၊ သူတို့ လုပ်တာကို ကျွန်တော်တို့ ရပ်အောင် လုပ်ရ မယ်။ ရပ်ဖို့က အပြည်ပြည်ဆိုင်ရာမှာ နည်းလမ်းတွေရှိတယ်။ ရိုဟင်ဂျာ တွေကို လူတွေလို ဆက်ဆံပါ၊ လူ့အခွင့်အရေးပေးပါ၊ အသက်ရှင်နေထိုင် စားသောက်နိုင်အောင် လုပ်ကိုင်ခွင့်ပေးပါ၊ ခရီးသွားခွင့် ပေးပါ၊ ပညာ သင်ခွင့်ပေးပါ အစရှိသဖြင့် လုပ်ပေးလာဖို့ အပြည်ပြည်ဆိုင်ရာက ဖိအား ပေးလာအောင် လုပ်ရမယ်။ အဲဒါတွေ မလုပ်ဘူးဆိုရင် မြန်မာပြည်မှာ စီးပွားရေး မလုပ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကမ်ပိန်းတွေလုပ်မယ်။ ခုဆိုရင် ဒီလို ကွန်ဖရင့်မျိုးကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးတဲ့ နိုင်ငံ မှာ ကျင်းပခွင့်ရတယ်။ အဲဒီနိုင်ငံက ဒုနိုင်ငံခြားရေးဝန်ကြီးလာတယ်၊ ၀န်ကြီးချုပ်ဟောင်း တက်တယ်။ ကျွန်တော်တို့ စ ကြိုးစား တာပေါ့ဗျာ။

ဒေါက်တာမောင်ဇာနည်၏ ကိုယ်ရေးအကျဉ်း
MA (California)
PhD (Wisconsin) Visiting Fellow (2011 - 13),
Human Security and Civil Society Research Unit, Department of International Development, LSE (London School of Economics)

Sithu Aung Myint - Facebook စာမျက်နှာမှ ကူးယူ ဖော်ပြသည်။




MYARF
RB News
3.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း အ.ထ.က ကျောင်းအုပ်ကြီး ဦးကျော်သိန်းက ကျောင်းသားများ လက်ခံရာတွင် ကျောင်းသားများနှင့် မိဘများကို လူမျိုး ဘာသာ ခွဲခြား၍ စော်ကားဆဲဆိုသည့် အပြင် ရိုက်နှက်ခြင်းများပါ ပြုလုပ်လျက် ရှိသည်။

၂၀၁၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသားများ လက်ခံရာတွင် ကြိမ်ချောင်း အ.ထ.က ကျောင်းအုပ်ကြီးက ရှစ်တန်းအောင်၍ ကိုးတန်းတက်မည့် ကျောင်းသားများကို ၎င်းကိုယ်တိုင် လက်ခံလျက် ရှိသည်။ ကျောင်းသားများ ကျောင်းအပ်ရာတွင် မိဘကိုယ်တိုင် လာရောက်၍ သားသမီးများကို ကျောင်းအပ်ရသည်။ ကျောင်းအုပ်ကြီး ဦးကျော်သိန်းက ရှစ်တန်းအောင်ထားသည့် ကျောင်းသား အချို့ကို အောင်စာရင်းတွင် အမည်မပါဟု ဆိုကာ ကျောင်းလက်မခံဘဲ ဆဲဆို စော်ကား ပြောဆိုလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

သားသမီးများ ကျောင်းအပ်ရန် အတူလိုက်ပါသွားသည့် မိဘများကို ပညာသင်ကြားဖူးခြင်း ရှိ/မရှိကို မလိုအပ်ဘဲ မေးမြန်းပြီး၊ ပညာမသင်ကြားဘူးသော မိဘများကို “နွားကုလား၊ ခွေးကုလား၊ အသုံးမကျတဲ့ ကုလား” ဟု ဆဲဆို၍ စော်ကားကြောင်း ကျောင်းသားမိဘ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် အချို့ ကျောင်းသားများကို မိဘများ ရှေ့မှောက်တွင် ရိုက်နှက်သည့် အပြင်၊ အချို့မိဘများကိုလည်း သားသမီးများ ရှေ့မှောက်တွင် ပါးရိုက်၊ လက်သီးဖြင့်ထိုး၊ ဖိနပ်ဖြင့် ပါးရိုက်ခြင်း အထိ ပြုလုပ်ကြောင်း အဆိုပါ ကျောင်းသားမိဘက ပြောပါသည်။

အချို့ကျောင်းသားများကို ရှစ်တန်း စာမေးပွဲ အောင်မြင်ခြင်း မရှိခဲ့ဟု ဆိုကာ လျှောက်လွှာများ စုတ်ပြဲကာ ဆူပူ ကြိမ်းမောင်းသည်ဟု ဆိုသည်။ ကျောင်းအုပ်ကြီး ဦးကျော်သိန်းက စော်ကား၍ ရိုက်နှက်ခြင်းကို ခံရသည့် ကျောင်းသား အချို့မှာ --

(၁) အာဆာတ်ခါန် (ဘ) ဦးနူရ်အာလောမ် -- လောင်းဒုံး ကျေးရွာအုပ်စု၊ ဖောကီတောင်
(၂) ဂျာဟာန်ဂိရ် (ဘ) ဦးအီဆုပ်အာလီ -- အောင်စစ်ပြင် ကျေးရွာ
(၃) အာဘူတာလဲခ် (ဘ) ဦးရော်ရှိတ်အာမတ် -- အောင်စစ်ပြင် ကျေးရွာ
(၄) မူရှော်ရော်ဖ် (ဘ) ဦးအဒူလ်ဟိုင်ရ် -- အောင်စစ်ပြင် ကျေးရွာ
(၅) အေဆာန်အုလ္လာ (ဘ) ဦးအဒူလ်ဟိုင်ရ် -- အောင်စစ်ပြင် ကျေးရွာ

ရိုက်နှက်ခံရသည့် ကျောင်းသား မိဘ အချို့မှာ --

(၁) မနုနုခင်နှင့် မနုနုအေး တို့၏ ဖခင် ဦးဒိလ်မာမတ် -- ရေတွင်းပြင် ကျေးရွာ
(၂) ဦးအာဂျီမုလ်ဟာဆောင်း (ဘ) ဦးဘော်ရှော်ရ် -- ကြိမ်ချောင်း အလယ်ရွာ

ဟိန္ဒူလူမျိုး တစ်ဦး ဖြစ်သူ မောင်မောင်တင် (ဘ) ဦးဘာဘုလ္လာကို ဟိန္ဒူလူမျိုး ဖြစ်ရက်နှင့် ရခိုင်နာမည် ထားသည်ဟု ဆိုကာ ရိုက်နှက်ခြင်း ဖြစ်သည်ဟု သိရသည်။ ထို့အပြင် ရှစ်တန်း မအောင်ခဲ့ဟု ဆိုကာ လျှောက်လွှာကို စုတ်ပြဲ၍ ရိုက်နှက် ကြိမ်းမောင်းခဲ့သည်။ ထိုကဲ့သို့ ကျောင်းသား အမြောက်အမြားကို ကျောင်းလက်မခံဘဲ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို ကြိမ်းမောင်း ရိုက်နှက်ခဲ့ကြောင်း ကျောင်းသား မိဘများက ပြောပါသည်။

ကြိမ်ချောင်း အ.ထ.က ကျောင်းတွင် တာဝန် ထမ်းဆောင် နေသော ကျောင်းဆရာ ဦးကာမာလ်သည် အခြား ရခိုင်လူမျိုး ဆရာမ နှစ်ဦးနှင့် အတူ အခန်းတစ်ခန်းတွင် ထိုင်၍ ကျောင်းသားများ ကျောင်းလက်ခံနေစဉ် ကျောင်းအုပ်ကြီး ဦးကျော်သိန်းက “ဟေ့ နွားကုလား၊ နှာဘူးကုလား၊ ဘာကြောင့် ဆရာမတွေနဲ့ အတူ တစ်ခန်းထဲ ထိုင်နေလဲ” ဟု ဆဲဆို စော်ကား၍ ကျောင်းဆရာ ဦးကာမာလ်ကို ထိုအခန်းမှ နှင်ထုတ်ခဲ့သည်။

ထိုသို့ ကျောင်းသားများနှင့် ကျောင်းသား မိဘများကို ရိုင်းစိုင်းစွာ ဆဲဆို ရိုက်နှက် ဆက်ဆံရခြင်းမှာ နိုင်ငံတော်က အခြေခံပညာကို အခမဲ့ သင်ကြားမည်ဟု ကြေညာခဲ့သဖြင့် ကျောင်းဝင်ကြေး မကောက်ခံနိုင်တော့ကြောင့် ရိုဟင်ဂျာ ကျောင်းသားများကို ကျောင်းမနေတော့အောင် စိတ်ဓါတ် စစ်ဆင်ရေး ဆင်နွဲနေသည်ဟု ကျောင်းသား မိဘများက ဝေဖန် ပြောဆိုနေကြသည်။ ကျောင်းအုပ်ကြီး ဦးကျော်သိန်းသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ခံ တစ်ဦး ဖြစ်ပြီး ၉၆၉ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။ ၎င်းသည် ပညာတတ် တစ်ဦး ဖြစ်သော်လည်း ၎င်း၏ အပြုအမှုမှာ ပညာမဲ့ လူရိုင်း တစ်ဦးလို ဖြစ်နေသည်။

၎င်းသည် ကြိမ်ချောင်းဈေး မီးလောင်မှုတွင် အဓိက ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် တောင်ကုတ်မြို့မှ ရခိုင်အကြမ်းဖက် သောင်းကျန်းသူ ၉၆၉ အဖွဲ့ဝင် ရခိုင်လူငယ်များကို ခေါ်ဆောင်လာပြီး၊ ကြိမ်ချောင်း တောင်ပေါ် ကျောင်းတိုက် (ဘုန်းကြီးကျောင်း) တွင် ထားရှိခဲ့သည်။ လောင်းဒုံး ကျေးရွာအုပ်စု၊ ဆင်သေပြင်နှင့် ငါးစကြူး ကျေးရွာအုပ်စု ပန်းမြိုင်ရွာ ရွာလုံးကျွတ် မီးလောင်မှုတွင်လည်း ပါဝင်ပတ်သက် နေသည်ဟု ဒေသခံများက ပြောပါသည်။

၎င်းသည် ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပြီး နောက်ပိုင်းတွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာတွင် ဆူပူ အကြမ်းဖက်မှု ဖြစ်အောင် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော် စစ်တပ်၏ ထိန်းချုပ်မှုကြောင့် မအောင်မြင်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

၎င်းသည် စာသင်ခန်းတွင် စာသင်ကြား ပေးနေသည့် ဆရာ/မ များကိုလည်း ကျောင်းသားများ ရှေ့မှောက်တွင် ညစ်ညမ်း ကြမ်းတမ်းစွာ ဆက်ဆံလေ့ ရှိသည်။ ၎င်း၏ လုပ်ရပ်များကို အမြဲအားပေးနေသူမှာ ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နှင့် စာရေး၊ ကြိမ်ချောင်း ရဲစခန်းမှ ရဲဘော် ဇော်ဇော်အောင် တို့ဖြစ်သည်။ ၎င်းသည် ကြိမ်ချောင်း အ.ထ.က တွင် ဆက်လက် တာဝန်ထမ်းဆောင် နေမည် ဆိုပါက ၎င်းကျောင်းတွင် ရိုဟင်ဂျာ ကျောင်းသားများ ပညာသင်ကြား နိုင်မည် မဟုတ်ကြောင်း ဒေသခံများက ပြောပါသည်။

နိုင်ငံတော်က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာ မသင်မနေရ စနစ် ကျင့်သုံးနေချိန်တွင် ကျောင်းအုပ်ကြီး ဦးကျော်သိန်း၏ အပြုအမှုမှာ နိုင်ငံတော် မူဝါဒနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်။ သို့ဖြစ်၍ ကျောင်းသား မိဘများက သက်ဆိုင်ရာ တာဝန်ရှိသူများက ကျောင်းအုပ်ကြီး ဦးကျော်သိန်းအား စီစစ် အရေးယူပေးပါရန် အထူး လိုလားသည်ဟု ပြောပါသည်။



RB News
3.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျေးရွာ အသီးသီးရှိ လူကုန်ကူး ပွဲစားများအား ဥပဒေ အရ အရေးမယူဘဲ ငွေယူ၍ လွှတ်ပေးထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ် ကျေးရွာမှ အထင်ရှားဆုံး လူကုန်ကူး ပွဲစား တစ်ဦးဖြစ်သူ ဦးအေနာတူလ္လာ (ရ.ယ.က ဥက္ကဌ ဟောင်း) (ဘ) ဦးဖော်ဇော်လ်ကော်ရိမ်ကို လွန်ခဲ့သည့် ငါးလက ဖမ်းဆီးခဲ့ပြီး၊ နှစ်လကျော်ကြာ မောင်တောမြို့ ရဲစခန်းတွင် စစ်ဆေးခဲ့ပြီး ငွေကြေး အမြောက်အမြား ယူ၍ ထိုမှတဆင့် စစ်တွေသို့ ပို့ဆောင်ကာ နှစ်လ နီးပါး ချုပ်နှောင် ထားခဲ့ပြီး လွန်ခဲ့သည့်လတွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။ ၎င်း၏ မိသားစုဝင်များ၏ ပြောကြားချက်အရ ပြန်လည် လွတ်မြောက်လာရန် ငွေကျပ် သိန်း ၅၀၀ ကျော် ကုန်ကျခဲ့ကြောင်း သိရှိရသည်။

မြင်းလွှတ်ကျေးရွာမှ လူကုန်ကူးမှုတွင် အဓိက ပါဝင် ပတ်သက်နေသူ များမှာ --

(၁) ဦးနော်ဇိရ်အာမတ် (လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး)
(၂) ဦးအေနာတူလ္လာ (ဘ) ဦးဖော်ဇော်လ်ကော်ရိမ်
(၃) မူဖိစ် (ဘ) ဦးဖော်ဇော်လ်ကော်ရိမ်
(၄) မော်လ၀ီ အေနာမ်
(၅) ဦးမော်န်တာစ်အုလ္လာ (ခ) ဂျက်ဘူး (ဘ) ဦးဟာရှိမ် -- တို့ဖြစ်သည်။

လူကုန်ကူးမှုတွင် အဓိက ပါဝင်ပတ်သက်နေသော အထက်ပါ (၅) ဦးကို အာဏာပိုင်များက ဖမ်းဆီး အရေးယူခြင်း မပြုဘဲ မကြာခဏဆိုသလို ၎င်းတို့၏ နေအိမ်များသို့ အာဏာပိုင်များ လာရောက်၍ ငွေညှစ်လေ့ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ အာဏာပိုင်များ ငွေညှစ်သည့် အချိန်တွင် ငွေမပေးပါက ဖမ်းဆီး၍ ချုပ်နှောင် ထားလေ့ ရှိသည်ဟု ဆိုသည်။

အလားတူ အလယ်သံကျော် ကျေးရွာအုပ်စု၊ ကံပူး ကျေးရွာတွင်လည်း လူကုန်ကူးမှုတွင် အကြီးအကျယ် ပါဝင် ပတ်သက်နေသူ (၃) ဦး ရှိကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းတို့မှာ --

(၁) မော်လ၀ီကော်ရိမ်
(၂) ဦးဟာရှိမ်
(၃) ဦးအာယုပ် (ဘ) ဦးအာမတ် -- တို့ဖြစ်သည်။ ၎င်းတို့ (၃) ဦး၏ ခေါင်းဆောင်မှာ လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ယောက်ဖ တော်စပ်သူ ဦးဇော်ထူး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းတို့လည်း အာဏာပိုင်များကို မကြာခဏ ငွေကြေး ပေး၍ လုပ်ကိုင် နေသူများ ဖြစ်သည်ဟု ဆိုသည်။

မေလ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့ အတွင်း ထိုင်းလူကုန်ကူး စက်လှေ တစ်စီးမှ ရိုဟင်ဂျာ (၇၀၀) ကျော်ကို ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး၊ တစ်ဦးကို နှစ်သိန်း ငါးသောင်းကျပ်ဖြင့် ရွေးယူခဲ့ရသည်။ အာဏာပိုင်များ အားလုံးကို ငွေပေးခဲ့သော်လည်း လူကုန်ကူး ပွဲစားဖြစ်သူ ဦးအာယုပ်က အထူးသတင်းတပ်ဖွဲ့ (SB) သို့ အချိန်မှီ ငွေမပေးသဖြင့် မေလ (၂၉) ရက်နေ့ ညနေပိုင်းတွင် SB ရဲနှစ်ဦးနှင့် ၎င်းတို့၏ တပည့်ဖြစ်သူ ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးဟာမိတ် တို့မှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး မေလ (၃၀) ရက်နေ့တွင် ငွေကျပ် ၁၃ သိန်း ဝေစုပေးမှသာ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရသည်။

လူကုန်ကူးသူများ ဝေစုခွဲဝေပုံမှာ ---

(၁) စစ်တပ်မှ ၂၅%
(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၂၀%
(၃) စ.ရ.ဖ မှ ၁၀%
(၄) အထူးသတင်းတပ်ဖွဲ့ (SB) မှ ၁၀%
(၅) မောရ၀တီ ရဲစခန်းမှ ၅%
(၆) ဌာနဆိုင်ရာ တပည့်များ ၅%
(၇) ပွဲစားကြီး ဦးဇော်ထူး၊ ဦးတင်မောင်နှင့် ရခိုင်များ အဖွဲ့ကို ၁၀%
(၈) ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၅%
(၉) လူကုန်ကူး ပွဲစားငယ်များ ၁၀% -- အသီးသီး ခွဲဝေ ယူကြကြောင်း လူကုန်ကူးသည့် ပွဲစား တစ်ဦးထံမှ စုံစမ်း သိရှိရပါသည်။

(ဓါတ်ပုံ - Reuters)

2.6.2015

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေ အပေါ် ခွဲခြား ဆက်ဆံတာတွေ အဆုံးသတ်ဖို့ အရေးကြီးတဲ့ အချိန် ရောက်နေပြီလို့ အမေရိကန် သမ္မတ အိုဘားမားက ဇွန်လ ၁ ရက်နေ့က တိုက်တွန်း လိုက်ပါတယ်။

သမ္မတ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ အာဆီယံ လူငယ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာ ဖြစ်ပြီး လူနည်းစုတွေကို တန်းတူ ဆက်ဆံပြီး အကာအကွယ် ပေးတာဟာ မြန်မာနိုင်ငံရဲ့ အာဏာရှင် အစိုးရကနေ ဒီမိုကရေစီ အစိုးရ အဖြစ် ပြုပြင် ပြောင်းလဲရေးမှာ အရေးပါတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အောင်မြင်မှုအတွက် အရေးကြီးဆုံးတခု တောင်းဆိုချင်တာက လူတွေအပေါ် ခွဲခြားဆက်ဆံတာတွေကို ရပ်တန့်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ထင်ထင်ရှားရှားရှိလို့ တိုင်းပြည်ကနေ သူတို့ ထွက်ခွာသွားကြတယ်ဆိုတဲ့ အကျိုးအကြောင်းတခု ဖြစ်ပါတယ်။ တကယ်လို့ ကျနော် ရိုဟင်ဂျာတယောက်အနေနဲ့ပြောရရင် အရေးကြီးဆုံးဟာ ငါ့မွေးဖွားခဲ့တဲ့နေရာ၊ ငါ့မိဘတွေ နေထိုင်ခဲ့တဲ့မြေပေါ်မှာပဲ နေချင်တယ်။ ဒါပေမယ့် အစိုးရက ကျနော့်ကို အကာအကွယ်ပေးနေတယ်ဆိုတာ သေချာဖို့နဲ့ လူတွေ ကျနော့်ကို တန်းတူဆက်ဆံဖို့ ဖြစ်ပါတယ်။ ဒါပဲ လိုချင်ပါတယ်။ ရိုဟင်ဂျာတွေ ဘယ်လိုဆက်ဆံခံခဲ့ရလဲ ဆိုတာဟာ ဒီမိုကရေစီအပြောင်းအလဲရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ဒီကိစ္စအပေါ် လေးလေးနက်နက် ဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”

လက်ရှိပင်လယ်ပြင်မှာ အသက်အန္တရာယ် ကြုံနေရတဲ့ လူကုန်ကူးခံရသူတွေကို ဆက်လက် အကူအညီတွေ ပေးနိုင်အောင် ဆောင်ရွက်ဖို့ကိုလည်း အင်ဒိုနီးရှားနဲ့ မလေးရှားကို တိုက်တွန်းတယ်လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

နိုင်ငံတာကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပေမယ့် မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပဲ လှေစီးဒုက္ခသည်တွေ အရေးဟာ လူကုန်ကူးတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလော ပင်လယ်ပြင် လှေစီးဒုက္ခသည်အရေး ပြဿ နာဟာ ဒေသတွင်း ပြဿ နာတခုလို ဖြစ်လာနေပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာလည်း လူ ၂၀၀ ကျော်ပါ လူမှောင်ခိုလှေတစီး မြန်မာရေတပ်က ဖမ်းမိခဲ့သလို ဧရာဝတီတိုင်းမှာလည်း ဘင်္ဂါလီ ၇၀၀ ကျော် လိုက်ပါလာတဲ့ လှေတစီး ဖမ်းမိထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့တွေကတော့ လူပေါင်း ၂၆၀၀ ကို တင်ဆောင်ထားတဲ့ လှေ ၇ စီးလောက်ဟာ ပင်လယ်ထဲမှာ ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။



ဒေါ်လှလှသန်း
2.6.2015

ကပ္ပလီ ပင်လယ်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ မျောနေတဲ့ စက်လှေတွေနဲ့ လိုက်ပါ လာတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အတွက် ဘေးအန္တရာယ် လုံခြုံရေးဟာ နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့ ဦးစားပေး လုပ်ဆောင်ရမယ့် တာဝန် ဖြစ်ကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုက လိုအပ်တဲ့ အကူအညီ တွေပေးဖို့ အဆင်သင့် ရှိကြောင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဒီကနေ့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြ ပေးထား ပါတယ်။

ကပ္ပလီနဲ့ ဘင်္ဂလား ပင်လယ်အော်မှာ လူမှောင်ခိုကူးသူတွေ စွန့်ပစ်ခဲ့ကြတဲ့ စက်လှေတွေမှာ လိုက်ပါခဲ့ကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘင်္ဂါလီလှေစီးပြေး ဒုက္ခသည်တွေကို ကယ်တင်နိုင်ရေးအတွက် နိုင်ငံတကာရဲ့တိုက်တွန်းမှုတွေ တိုးလာချိန်မှာ မြန်မာရေတပ်က ဟိုင်းကြီးကျွန်း အနီး သမီးလှကျွန်းကမ်းလွန်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တဲ့စက်လှေပေါ်မှာ လိုက်ပါလာတဲ့လူ ၇၀၀ တို့ကို လူသားချင်းစာနာမှု အထောက်အကူပေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက တိုက်တွန်းလိုက်ပါတယ်။

ပြောခွင့်ရပုဂ္ဂိုလ် Marie Harf က တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ

“အခြေချပြောင်းရွှေ့ကြသူ ၇၂၇ ဦးတို့ကို မေလ ၂၉ ရက်နေ့က ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့ကို လောလောဆယ် မြန်မာကမ်းလွန်ပိုင်းမှာ ထိန်းသိမ်း ထားပါတယ်။ ဒီလူ ၇၂၇ ဦးကို အကာအကွယ်ပေးနိုင်ဖို့ ချက်ခြင်းကမ်းဆင်းခွင့်ပြုပြီး လူသားချင်းစာနာမှု အထောက်အကူပေးဖို့ အတွက် မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂအပြင် IOM နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ ဒီ အခြေချပြောင်းရွှေ့သူတွေရဲ့ ဘေး အန္တရာယ် လုံခြုံရေးဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ထိပ်တန်းဦးစားပေးရမယ့်အချက် ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း အထောက်အကူပေးဖို့ အဆင်သင့်ရှိပါတယ်”- လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harfက ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မောင်းတောအနီးမှာ စောစောပိုင်းက လှေစီးပြေးဒုက္ခသည်တွေကိုကယ်ဆယ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း -

“မေလ ၂၂ ရက်မှာ ရခိုင်ကမ်းလွန်ပိုင်းမှာမျောနေတဲ့ ၂၀၈ ဦးတို့ကို မြန်မာရေတပ်က ကယ်တင်နိုင်ခဲ့တာကိုလည်း အမေရိကန်က ကြိုဆိုပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု ရှုဒေါင့်ကနေ ကြည့်ရင် အခြေအနေသိပ်ဆိုးနေတဲ့ ဒီလူတွေကို အကာအကွယ်ပေးနိုင်ဖို့ ဒေသတွင်းရှိ နိုင်ငံတိုင်းက အရေးယူ ဆောင်ရွက်ကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်” - လို့ Marie Harf က ပြောသွားတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဇွန်လ ၁ ရက်နေ့က အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ YSEALI ခေါ် အရှေ့တောင် အာရှလူငယ်များ ခေါင်းဆောင်မှု ရှေ့ရှုဆောင်ရွက်ရေး အစီအစဉ်နဲ့ ရောက်လာတဲ့အာဆီယံ ဆယ်နိုင်ငံက လူငယ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာလည်း ဒေသတွင်း လူကုန်ကူးမှုပြဿနာနဲ့ ပတ်သက်လို့ သမ္မတအိုဘားမားက ပြောကြားရာမှာ - မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုကို ဝေဖန်ပြောဆိုခဲ့ပြီး အခုလို လှေစီးပြေးဒုက္ခသည်တွေ အရေးကို ဒေသတွင်း အစိုးရတွေနဲ့ အကူအညီပေးကြဖို့နဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း တချို့ လှေစီးပြေး ဒုက္ခသည်တွေကို ပြန်လည်အခြေချဖို့ ကူညီဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ထောင်နဲ့ချီပြီှးရှိတဲ့ အိုးအိမ်မဲ့ဖြစ်နေကြသူတွေကို ကယ်တင်ပေးထားတဲ့ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့ကို ကျနော် ချီးကျူးပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်အခြေချခွင့် ပေးရေးအတွက် ကျနော်တို့ဘက်က လက်ခံဖို့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းကလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားလူနည်းစုတွေကို အကာအကွယ်ပေးရေး အတွက် ဒေါ်လာ သိန်းနဲ့ချီပြီးတော့ အထောက်အကူပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။”

ဒါ့အပြင် လှေစီးပြေး ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ဖို့ မလေးရှားနိုင်ငံမှာ သုံးရက်ကြာရောက်ရှိနေတဲ့ လူဦးရေပြောင်းရွှေ့နေထိုင်မှုနဲ့ ဒုက္ခသည်များ ဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲန်း၊ ရစ်ချတ်က မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ လောလောဆယ် လှေစီးပြေးဒုက္ခသည်တွေကို တနှစ် ယာယီလက်ခံထားတဲ့ အစီအစဉ်နဲ့ပတ်သက်လို့ ဒီဒုက္ခသည်တွေကို ပြန်လည်အခြေချရေးအတွက် ၁၈ လကနေ ၂၄ လအထိ ကြာနိုင်တယ်လို့ ခန့်မှန်းပြောဆိုပြီး ဒုက္ခသည်လူနည်းစုကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်အခြေချခွင့်ပြုဖို့ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လို့လည်း အခုလို လက်ခံရာမှာ အဓိက နှိပ်စက်ညှင်းပမ်းခံရသူတွေ၊ မုဆိုးမတွေ၊ မိဘမဲ့တွေနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု လိုအပ်သူတွေကို ဦးစားပေးတဲ့မူအားဖြင့် လက်ခံမှာဖြစ်တဲ့အကြောင်းနဲ့ ဒီနည်းဟာ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးအဖြေမဟုတ်တဲ့အကြောင်း အခုလို ပြန်လည်အခြေချခွင့်ကိုသာ ခွင့်ပြုမယ်ဆိုရင် နောက်ထပ်ထွက်လာကြမယ့်သူတွေကို အားပေးရာရောက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဖြေရှင်းရာမှာ နိုင်ငံသားခံယူခွင့်ပေးခြင်းနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးကို ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲန်း ရစ်ချတ်က တိုက်တွန်းခဲ့ပါတယ်။



1.6.2015

အမေရိကန် ဟောလိဝုဒ်က ဒါရိုက်တာနဲ့ ရုပ်ရှင်မင်းသား Matt Dillon ဟာ ပင်လယ်ပြင်ကို ထွက်ပြေး နေကြတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

သူဟာ ဒုက္ခသည် စခန်းကို ပထမဆုံး ရောက်လာတဲ့ အမေရိကန်က နာမည်ကြီး သရုပ်ဆောင် ဖြစ်ပါတယ်။

မေလ ၂၉ ရက်နေ့က ဒုက္ခသည် စခန်းတချို့ကို သွားကြည့်ရာမှာ တဲငယ်တွေ အတွင်း အဟာရ ချို့တဲ့နေတဲ့ ကလေးတွေကို ချီထားတဲ့ မိခင်တွေကို တွေ့ခဲ့ရတယ်လို့ Matt Dillon က ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ခြေထောက် ဒဏ်ရာရသူ တစ်ယောက်ကို တွေ့ရတဲ့ မြင်ကွင်းကတော့ ရင်ထဲမှာ ထိခိုက်မိတယ်လို့ သူက ပြောပါတယ်။

ခြေထောက် ဒဏ်ရာက အတော်ပြင်းထန်တဲ့ အတွက် မှတ်ပုံတင် မထားတဲ့ စခန်းတွေမှာ ဆေးကုဖို့ မဖြစ်နိုင်တဲ့ အကြောင်း၊ သူရောက်ခဲ့တဲ့ စခန်းမှာ လူသုံးသောင်း အတွက် ဆရာဝန် တစ်ယောက်လောက်နဲ့ တစ်ပါတ်မှာ ၄ရက် တစ်နေ့ကို ၂ နာရီ ဖွင့်တဲ့ ဆေးခန်းပဲ ရှိတဲ့အကြောင်း Matt Dillon က ပြောပါတယ်။

ဒုက္ခသည် စခန်းက လူတွေ ဘင်္ဂလား ပင်လယ်အော်ထဲက လှေကြီးတွေ ဆီကို ကူးတို့ လှေငယ်လေးတွေနဲ့ ထွက်ပြေးကြတာတွေ၊ ငွေနဲ့ပြန်ရွေးဖို့ သူတို့ လှောင်ပိတ် ခံထားရလို့ ဒုက္ခရောက်ခဲ့ ရတဲ့ အကြောင်းတွေနဲ့ ဒုက္ခသည် စခန်းတွေကို ပြန်ရောက် လာသူတွေ ကတော့ ကံကောင်းတယ်လို့ စခန်းက လူတွေ ပြောပြလို့ သိရကြောင်း Matt Dillon က ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်က ဝါရှင်တန်မှာလုပ်တဲ့ Refugees International ရဲ့ ရန်ပုံငွေ ရှာဖွေပွဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေဆိုးကို သိရလို့ ဂျပန်ပြည်မှာ Wayward Pines ဆိုတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ရိုက်ဖို့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက ဒုက္ခသည်စခန်းတွေကို မျက်မြင် ကွင်းဆင်းကြည့်တာလို့ သူက ပြောပါတယ်။



မအေးအေးမာ
1.6.2015

အရှေ့တောင် အာရှ ဒေသတွင်း ပင်လယ်ပြင်မှာ လှေစီး ထွက်ပြေး နေသူတွေ အရေး နိုင်ငံတကာအကူအညီနဲ့ အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်တဲ့ အကြောင်း အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး တခု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကပြောပါတယ်။ လူသားချင်း စာနာ ထောက်ထားတဲ့ အနေနဲ့ အကူအညီ ပေးဖို့၊ နိုင်ငံသား အဖြစ် စိစစ်တဲ့ လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့လည်း တိုက်တွန်း ခဲ့တာပါ။ အပြည့်အစုံ ကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကသတင်း ပေးပို့ ထားပါတယ်။

လှေစီးပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ လူသားချင်း စာနာတဲ့ အကူညီတွေပေးဖို့၊ နိုင်ငံတကာနဲ့ ပူးပေါင်းဖြေရှင်းဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကတော့ လှေစီးပြေးဒုက္ခသည်တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာတဲ့အထောက်အပံ့တွေ ပေးဖို့ အခုလို ပြောသွားပါတယ်။

“နိုင်ငံတကာကလည်း …၊ ပြည်တွင်းမှာရောက်လာရင်လည်း ကျနော်တို့ပြည်တွင်းမှာ မြန်မာပီပီ လူသားဆန်တဲ့အထောက်အပံ့အကူအညီမျိုးပေးဖို့တော့ ကျနော်တို့က အားပေးပါတယ်။ သဘောလည်းတူပါတယ်။ လှေတွေ ဆက်တိုက် ဆက်တိုက် တွေ့တဲ့ဥစ္စာက အရင်တုန်းက မဖြစ်ခဲ့ဖူးဘူးလေ။ အခုက တဖြည်းဖြည်းနဲ့ လက်ရဲဇက်ရဲနိုင်လာပြီလို့ ယူဆရတာပေါ့။ ကျနော်တို့ကတော့ ဘာမှ မစီစဉ်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ အုပ်ချုပ်မှုယန္တရားလည်း ကျနော်တို့ပိုင်တာမဟုတ်ဘူး။ သက်ဆိုင်ရာဒေသမှာတော့ NLD တော့ရှိတယ်။ သို့သော်လည်း အဲဒီ NLD တွေကလည်း သက်ဆိုင်ရာနဲ့ဆက်သွယ်ပြီးတော့ စုံစမ်းမေးမြန်းခွင့် လုပ်ပေးလို့ မရနိုင်ဘူး၊ ဒါကြောင့်မို့လို့ နိုင်ငံတကာရယ်၊ ပြည်တွင်းသတင်းတွေရဲ့ ရယူမှုအပေါ်မူတည်ပြီး ကျနော်တို့က ပြောရတာပါ။”

လှေစီးပြေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ ဒေသတွင်းက အစိုးရတွေ၊ ပြည်တွင်းအင်အားစုနဲ့ နိုင်ငံတကာအစိုးရတွေ ပူးပေါင်းဖြေရှင်းကြဖို့နဲ့ လှေစီးပြေးသူတွေဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာ စိစစ်အတည်ပြုဖို့ကိုလည်း NLD က တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့နေရာမှာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရေးကိစ္စကိုတော့ လက်ခံမှာမဟုတ်ဘူးလို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့က ရိုဟင်ဂျာ-ဆိုတဲ့အသုံးအနှုန်းကို သုံးဖို့ကတော့ မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် သမိုင်းကြောင်းအရဆိုလို့ရှိရင် သူတို့ဖာသာသူတို့ ဘယ်လိုပဲ ရေးထား၊ ရေးထား၊ ကျနော်တို့ မြန်မာနိုင်ငံလူမျိုးစုတွေရဲ့သမိုင်းမှာ ရိုဟင်ဂျာဆိုတာ ရှိမှ မရှိဘဲနဲ့။ တရားဝင် အသုံးအနှုန်းနဲ့ပတ်သက်လို့ ကျနော်တို့က အသိအမှတ်မပြုဘူး။”

ဒီကနေ့မှာပဲ မလေးရှားနိုင်ငံမှာရောက်နေတဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard ကတော့ လှေစီးပြေးပြဿနာကို ဖြေရှင်းတဲ့ အနေနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံဖို့ တိုက်တွန်းခဲ့တာပါ။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လှေစီးပြေး ဒုက္ခသည်တွေကိစ္စနဲ့ ရိုဟင်ဂျာအရေးတွေကို မပြောဆိုဘူးဆိုပြီး နိုင်ငံတကာက ဝေဖန်မှုတွေအပေါ်မှာလည်း ဦးဝင်းထိန်က အခုလို တုံ့ပြန်ပါတယ်။

“လူသားချင်းစာနာထောက်ထားတဲ့သဘောမျိုးနဲ့ ထုတ်ပြန်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်သဘောတူလို့ ထုတ်တဲ့ထုတ်ပြန်ချက်လေ။ ဒေါ်အောင်ဆန်း စုကြည်က အရင်တုန်းကလည်း ဒီ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို မကြာမကြာ ပြောလေ့ပြောထရှိတယ်။ ဒါပေမယ့် နိုင်ငံတကာ communities တွေက သိပ်မကြားဘူးလား၊ ဂရုမစိုက်တာလား၊ တခုခုတော့ တခုခုပဲ။ အဲလို လျစ်လျှူရှုသလား။ အခုလို ရှုထားပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မပြောဘူး၊ မပြောဘူးလို့ စွပ်စွဲတာတော့ တဘက်သတ် စွပ်စွဲတယ်လို့ ယူဆရမှာပေါ့။”

လှေစီးဒုက္ခသည်တွေရဲ့အရေးကိစ္စဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ လွန်ခဲ့တဲ့ သုံး၊လေးနှစ်ခန့်က ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ရှုမြင်ကြောင်း - တရားဥပဒေစိုးမိုးရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဒေသနဲ့သက်ဆိုင်တဲ့ အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်း ရေး၊ လူသားချင်းစာနာတဲ့ အကူအညီအထောက်အပံ့များ လိုအပ်သူများထံ လျင်မြန်ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဒုက္ခသည်စခန်းတွင်း နေထိုင်သူများ အမြန်ဆုံး ပြန်လည်နေရာချထားရေး၊ ဒေသတွင်းနေထိုင်သူများရဲ့ လူမှုစီးပွားအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စရပ်များကို တရားမျှတပွင့်လင်းစွာ အမြန်ဆုံးဆောင်ရွက်ဖို့လည်း NLD က ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။



MYARF
RB News
30.5.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၇) ဦးသည် မေလ (၂၅) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဘုရားပြင် အောင်ပ ကျေးရွာသို့ သွားရောက်ပြီး လမ်းဘေးတွင် ထိုင်၍ MPT ဆင်းမ်ကဒ်ပါ ဖုန်းဖြင့် သီးချင်းနားထောင် နေသော နူရ်ဆော်လာမ် (ဘ) ဦးအဒူဂေါ်ဖာရ်နှင့် အာဘူကာလာမ် (ဘ) ဦးဇော်ကိရ်တို့၏ ဖုန်းများကို နယ်ခြားစောင့်ရဲ များက စစ်ဆေးမည်ဟု ဆိုကာ ဖုန်းများကို ယူ၍ MPT ဆင်းမ်ကဒ်များကို ဖြုတ်ယူကာ ဘင်္ဂလား ဆင်းမ်ကဒ်များ ထည့်သွင်းပေးပြီး ဘင်္ဂလား ဆင်းမ် မိသည်ဟု ဆို၍ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ည ၁၀း၃၀ နာရီ အချိန်တွင် လမ်းလျှောက် သွားနေသည့် ဂျောမိလ် (ဘ) ဦးဆုလ်တာန်နှင့် ယာစီးန် (ဘ) ဦးမာမတ်ဆိဒိခ် တို့ကိုလည်း စစ်ဆေးခဲ့ရာ မည်သည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့်ရဲများက ၎င်းတို့က မြင်တွေ့ပြီးနောက် ဘင်္ဂလားဖုန်းကို အဝေးသို့ ပစ်လိုက်သည်ဟု လုပ်ကြံ စွပ်စွဲကာ ၎င်းတို့နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ တစ်ဖန် ည ၁၁ နာရီ အချိန်တွင် မာဆောင်း (ဘ) ဦးအဒူကာဒဲရ်နှင့် အဒူဂေါ်နီ (ဘ) ဦးအစ္စမိုင်လ် တို့ကို လမ်းလျှောက်၍ အိမ်ပြန်နေစဉ် ညမထွက်ရ အချိန်ကျော်လွန်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။

နယ်ခြားစောင့် ရဲများက ဖမ်းဆီးထားသူ (၆) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ညှဉ်းပန်း နှိပ်စက်ပြီးနောက် မေလ (၂၆) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် နူရ်ဆော်လာမ် ထံမှ ငွေကျပ် ၄ သိန်း၊ အာဘူကာလာမ် ထံမှ ငွေကျပ် ၄ သိန်း၊ ဂျောမိလ် ထံမှ ငွေကျပ် ၅ သောင်း၊ ယာစီးန် ထံမှ ငွေကျပ် ၅ သောင်း၊ မာဆောင်း ထံမှ ငွေကျပ် ၁၂၅၀၀၀/- နှင့် အဒူဂေါ်နီ ထံမှ ငွေကျပ် ၁၂၅၀၀၀/- ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



30.5.2015

အရှေ့တောင် အာရှဒေသက ပင်လယ်ထဲမှာ လှေတွေနဲ့ မျောနေတယ်လို့ ယုံကြည်ကြတဲ့ ထောင်ပေါင်း များစွာသော ရွှေ့ပြောင်း ၀င်ရောက်သူတွေ အတွက် စားရေ ရိက္ခာနဲ့ ဆေးဝါး ပစ္စည်း ကိရိယာတွေကို ထိုင်းစစ်သင်္ဘော တစင်းနဲ့ တင်ဆောင် သွားဖို့ သောကြာ နေ့မှာ ထိုင်းရေတပ် တာဝန်ရှိသူတွေ ပြင်ဆင် ကြပါတယ်။

လူမှောင်ခို ကူးတဲ့ ဂိုဏ်းတွေကို ထိုင်းနိုင်ငံက ဒီလအတွင်း နှိမ်နင်းဖြိုခွဲချိန် ကစလို့ ရွှေ့ပြောင်း ၀င်ရောက်သူ ၄၀၀၀ ကျော်ဟာ အင်ဒို နီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေ မှာ ရောက်နေကြ ပါတယ်။ နောက်ထပ် လူ ၂၀၀၀ လောက်ဟာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ စက်လှေတွေနဲ့ မျောနေဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

Ang Thong လို့ခေါ်တဲ့ ထိုင်းရေတပ်စစ်သင်္ဘောဟာ လူသားချင်းစာနာမှု အကူအညီပေးရေး ကမ်းလွန်အခြေစိုက်စခန်းတခု သဖွယ် လုပ်ဆောင် သွားမှာပါ။ ရေဘူး ၁၀၀၀၀၊ အသင့်စားခေါက်ဆွဲခြောက် အထုတ် ၁၀၀၀၀ လောက်နဲ့ ငါးသေတ္တာဗူး ၅၀၀၀ လောက်ကို ထိုင်းတာဝန်ရှိသူတွေက အဲဒီသင်္ဘောပေါ်တင်ကြတာပါ။ အဲဒီအကူအညီအရေအတွက်ဟာ လူ ၅၀၀ လောက် အတွက် ခုနစ်ရက်စာ လုံလောက်နိုင်တယ်လို့ ထိုင်းရေတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

Ang Thong သင်္ဘောဟာ ထိုင်း ရေပြင်ပိုင်နက်တလျှောက် မောင်းနှင်ပြီး ပင်လယ်ထဲမှာရှိနေနိုင်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရဟတ်ယာဉ်တွေ သုံးပြီးတော့ ရှာဖွေမှာပါ။ ဒါပေမဲ့လည်း ထိုင်းရေပိုင်နက်ထဲမှာ ရွှေ့ပြောင်း ၀င်ရောက်သူတွေကို ရှာတွေ့ဖို့ အလားအလာကတော့ နည်းသွားပြီလို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာကို နေရပ်ရင်းပြန်ပို့ဖို့လုပ်ငန်းစဉ် ကို ဖြစ်နိုင်သမျှ အမြန်ဆုံး စတင်ဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းတာဝန်ရှိသူ တဦးက သောကြာနေ့ မှာ ပြောပါတယ်။

ဒေသတွင်း ရွှေ့ပြောင်းဝင်ရောက်သူဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ညီလာခံတခုအတွင်း ထိုင်းနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်က အဲဒီလိုပြောသွားတာပါ။



MYARF
RB News
30.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာရှိ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်တွင် လုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက် ရှေ့ရှိ ကယ်ဆယ်ရေးရုံးစောင့် ရခိုင်လူမျိုးများ ပူးပေါင်း၍ လမ်းဘေးနှင့် အနီးအနား လယ်ကွင်းတွင် ကျက်စားနေသည့် နွားများကို ကျောင်းတိုက်နှင့် ကယ်ဆယ်ရေးရုံး ခြံဝင်းထဲသို့ ၀င်သည်ဟု ဆို၍ ဖမ်းဆီး ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မေလ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် ကယ်ဆယ်ရေးရုံးစောင့်က နွား ၆ ကောင်ကို လမ်းဘေးမှ ကယ်ဆယ်ရေးရုံး ခြံဝင်းထဲသို့ မောင်းသွင်းပြီး ကြိုးချည်ထားခဲ့သည်။ နွားပိုင်ရှင်များ ရောက်လာသည့် အခါ စစ်တပ်ထံမှ မေးမြန်းရန် ပြောကြားခဲ့သည်။ ထို့နောက် စစ်သားများကို မေးမြန်းသောအခါ စစ်သားများက ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။ စစ်သားများက ဦးမာမတ်ကော်ဘိရ်၏ နွား ၃ ကောင် အတွက် ငွေကျပ် ၂၅၀၀၀/- ဦးမာမတ်အာယုဖ်၏ နွား ၂ ကောင် အတွက် ငွေကျပ် ၂၁၀၀၀/- နှင့် မော်လ၀ီနူရ်အာလောမ်၏ နွား ၁ ကောင် အတွက် ငွေကျပ် ၁၀၀၀၀/- ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မေလ (၂၀) ရက်နေ့ မွန်းလွှဲပိုင်း အချိန်တွင် ၎င်းကျေးရွာမှ ဒေါ်ရှားဂျူး၏ နွားမ နှစ်ကောင်နှင့် ဆိတ် နှစ်ကောင် ဖမ်းဆီးပြီး ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။ မေလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင်လည်း ဒေါ်ရှားဂျူး၏ နွားမတစ်ကောင်ကို စစ်သား တစ်ဦးက လမ်းဘေးမှ ကြိုးဆွဲ၍ ကျောင်းတိုက် ခြံဝင်းထဲ သွင်းသွားပြီး ငွေကျပ် ၁၂၀၀၀ ညှစ်ယူခဲ့သည်။ ယခုလ လဆန်းပိုင်းတွင်းလည်း ဈေးဆိုင်ရှင် တစ်ဦး၏ နွားထီး တစ်ကောင်းကို လမ်းဘေးမှ ဆွဲယူသွားပြီး ငွေကျပ် ၁၄၀၀၀ ညှစ်ယူခဲ့သည်။ ထို့အပြင် ဦးနူရ်အာလောမ်၏ နွားနှစ်ကောင်ကိုလည်း ထိုကဲ့သို့ ဆွဲယူသွားပြီး ငွေကျပ် ၂၀၀၀၀/- ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

၎င်းစစ်သားများက ကျောင်းတိုက်ရှေ့ လမ်းမကြီးမှ ဖြတ်သန်းသွားသည့် ဈေးသည်များထံမှ ငါး၊ ဟင်းသီးဟင်းရွက်၊ ကွမ်းသီး၊ ကွမ်းရွက်နှင့် ထင်းများကို လမ်းမှ ဖြတ်သန်းသွားခ ဆိုသည့် ပုံစံမျိုးဖြင့် အတင်းအဓမ္မ ကောက်ခံလျက် ရှိသည်။ ထိုသို့ ကောက်ခံ၇ာတွင် ဈေးသည်များ ပေးသည်ကို လက်မခံဘဲ စစ်သားများ၏ ဆန္ဒအတိုင်း ယူလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ အကယ်၍ ဈေးသည်များက ၎င်းတို့ တောင်းသည့် အတိုင်း မပေးလျှင် ရိုက်နှက်သည့် အပြင် ပစ္စည်းများလည်း ပိုမို ပေးရသည်ဟု ဆိုသည်။

၎င်းကျောင်းတိုက်၏ အနောက်မြောက် ဘက်တွင် နေထိုင်သော ကာလာယာ (ခ) အာမောတ်ကော်ဘိရ် (ဘ) ဦးဆော်ယာဒ်ဟူစိန်း ဆိုသူသည် ၎င်းစစ်သားများနှင့် အတူ အမြဲနေထိုင်ပြီး စစ်သားများအတွက် WY မူးယစ်ဆေးပြား များနှင့် ဆေးခြောက်များ ယူလာပြီး အတူ သုံးစွဲကြသည်။ ကာလာယာက အဆိုပါ စစ်သားများ အတွက် ပြည့်တန်ဆာ အမျိုးသမီးများလည်း ခေါ်ယူလာပေးသည်ဟု ဒေသခံများက ဆိုသည်။

မေလ (၂၂) ရက်နေ့တွင် ကာလာယာက ၎င်း၏ ဦးလေး ဖြစ်သူ ဦးအာလ်တူထံမှ အမွေရရန် ရှိသည်ဟု ဆိုကာ ၎င်းစစ်သားများနှင့် အတူ ဦးအာလ်တူ၏ အိမ်သု့ သွားရောက်ပြီး ဦးအာလ်တူအား ဖမ်းဆီးကာ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်တွင် ကြိုးဖြင့် ချည်နှောင် ထားကာ ရိုက်နှက်၍ ငွေကျပ် ၅၂၅၀၀၀/- ညှစ်ယူခဲ့သည်။ ထိုငွေမှ ကာလာယာက ၃ သိန်းယူပြီး ကျန်ငွေ ၂၂၅၀၀၀/- ကို စစ်သားများက ယူခဲ့ကြောင်း သိရှိရသည်။



သားညွန့်ဦး
29.5.2015

လှေစီး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ လုပ်တဲ့ ဒေသတွင်း အစည်းအဝေး ကနေ ပင်လယ်ထဲမှာ ရှိနေတဲ့ ဒုက္ခသည် တွေကို အရေးပေါ် ကယ်ဆယ်မှုတွေ လုပ်သွားဖို့ ဆုံးဖြတ်ချက် ထွက်လာပါတယ်။ ဒါပေမယ့်လည်း လှေစီး ဒုက္ခသည် တွေနဲ့ ပတ်သက်လို့ အရင်းအမြစ် အကြောင်းရင်းကို ရှာဖွေ ဖော်ထုတ်ဖို့ အချိန် ယူရမယ်လို့ တက်ရောက် လာတဲ့ အစိုးရ အာဏာပိုင် တွေက ယူဆတာ တွေ့ရပါတယ်။ အစည်း အဝေး အပြီး ဒီကနေ့ ညနေပိုင်းမှာ အိမ်ရှင် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဌာန အမြဲတမ်း အတွင်းဝန် ကနေ သတင်းစာ ရှင်းလင်းပွဲကို တတ်ရောက် သတင်းယူ နေတဲ့ ဗွီအိုအေ ရုပ်သံ သတင်းထောက် ကိုဇင်လတ်ကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်း ထားပါတယ်။

ကိုဇင်လတ်။ ။ "ဒီနေ့ အစည်းအဝေး ကနေ အဓိကနေပြီးတော့ ပင်လယ်ပြင်မှာ ကျန်နေဦးမယ့် ဒုက္ခသည်တွေကို အမြန်ဆုံး ရှာဖွေဖို့ ပြီးတော့ကျတော့ ဒီ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ တွေမှာ ဒီဒုက္ခသည်တွေကို အမြန်ဆုံး အကူအညီပေးဖို့၊ ဆေးဝါးတို့ စားဝတ်နေရေးတွေကို အကူအညီပေးဖို့ပေါ့ အဲ့တာတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်ပေါ့။"

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ အဲ့ဒီ့အတွက် အဖြေရှာကြတာပေါ့။ သူတို့ ပထမပြောတုန်းက ဒီပြသနာရဲ့ အရင်းအမြစ်ကို ရှာကြမယ် လို့ ပြောပါတယ်။ အဲ့ဒီ့တော့ ဘယ်လောက်အထိ ထဲထဲဝင်ဝင် ဆွေးနွေးဖြစ်ကြသလဲ။ သူတို့ ဘာပြောပါလဲ။

ကိုဇင်လတ်။ ။ လောလောဆယ်တော့ ဒီပြသနာရဲ့အရင်းအမြစ်ကို ရှာဖို့က သဘောတူညီမှု အကြမ်းအားဖြင့်တော့ ရတယ်ပေါ့။ ပြီးတော့ ဒီပင်လယ်ပြင်မှာ ကျန်နေဦးမယ့် ဒုက္ခသည်တွေကို ရှာဖွေဖို့အတွက် အမေရိကန်နိုင်ငံက ရှာဖွေရေးလေယာဉ်တွေ စေလွှတ်မယ်ပေါ့။ အဲ့ဒီ့အတွက် ထိုင်းနိုင်ငံမှာ ခေတ္တ ယာယီ လေတပ်စခန်း ထပ်ဖွင့်ပေးမယ်။ ဖူးခက်မှာဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် တနေရာရာမှာဖြစ်ရင်ဖြစ်မယ်ပေါ့။ နောက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့လည်း UNHCR ၊ IOM အဖွဲ့အစည်းတွေကို ရခိုင်ဒေသမှာ ရှိတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခွင့်၊ လွတ်လွတ်လပ်လပ် မေးမြန်းခွင့် အဲ့တာတွေကို ပေးဖို့ပေါ့ အဲ့တာတွေကို အကြမ်းအားဖြင့် သဘောတူညီမှုရပါတယ်။

ကိုသားညွန့်ဦး။ ။ အခုဆွေးနွေးပွဲကနေပြီးတော့ ခုနက လှေစီးပြေး ဒုက္ခသည်တွေကို ကယ်တင်မယ်ဆိုတော့ ဒီ့အတွက် ရံပုံငွေတွေ ဘာတွေ ရော သူတို့ ထည့်ပြီးတော့ ဆုံးဖြတ်တာမျိုး ရှိပါသလား။

ကိုဇင်လတ်။ ။ လောလောဆယ် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာအဖွဲ့ IOM ကနေ လှေစီးပြေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ရံပုံငွေ ၂၇သန်း သူတို့ က တောင်းဆိုထားတယ်။ ဒီ ၂၇သန်း မှာ ဒီကနေ့ အမေရိကန်ပြည်ထောင်စု ကနေပြီးတော့ ၃သန်းပါဝင်မယ်။ ပြီးတော့ သြစတြေးလျကလည်း ဒီရခိုင်နဲ့ ရခိုင်ဒေသမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ဆိုပြီး တော့ သြစတြေးလျဒေါ်လာ ၆သန်း ထည့်ဝင်မယ်။ ပြီးတော့ ဂျပန်နိုင်ငံကလည်း တချို့တဝက်ထည့်ဝင်မယ်ဆိုပြီးတော့ သိရတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သတ်လို့ရော သူတို့ ဘာတွေ ဆွေးနွေးလဲ။ ဘာတွေ တိုက်တွန်းခဲ့ကြတယ်လို့ ပြောပါလဲ။

ကိုဇင်လတ်။ ။ မြန်မာနိုင်ငံကိုပဲ သီးသန့်တင်ပြီး ဆွေးနွေးတာထက် သူက လှေစီးပြေးဒုက္ခသည်တွေပေါ့။ အိန္ဒိယ ပင်လယ်ထဲမှာ ဖြစ်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေရဲ့အရေး ကိုပဲ ဦးတည်ပြီး ဆွေးနွေးသွားတာ များတယ်ခင်ဗျ။ သူတို့ နောက်ထပ် ပင်လယ်ပြင်မှာ ကျန်ရှိနေဦးမလား။ အခုအင်ဒိုနီးရှားနဲ့ မလေးရှားမှာ ရှိတဲ့ ဒုက္ခသည်တွေ ရဲ့စားဝတ်နေရေး၊ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်ဖို့ အဓိက အမြန်လိုအပ်နေတဲ့ အရာတွေကိုပဲ ဒီနေ့က ဦးတည်ပြီး ပြောသွားတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ နောက်တချက်က ဒီဆွေးနွေးပွဲ မတိုင်ခင်မှာ မြန်မာဘက်က Condition တခု သူတို့ တောင်းတယ်ခင်ဗျ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံး သုံးလာရင် မတက်ဘူးဆိုတာ သူတို့ပြောထားတယ်။ ဒီဆွေးနွေးပွဲအတွင်းမှာ ရိုဟင်ဂျာကိစ္စတွေရော ပြောပါလား။ ပြောကြပါလားခင်ဗျ။

ကိုဇင်လတ်။ ။ လုံးဝ မပြောပါဘူးခင်ဗျ။ ဆွေးနွေးပွဲမှာ အသုံးအနှုံးကအစ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးမပါအောင် အားလုံးက ထိန်းပြီးတော့ ဆွေးနွေးကြတာကို တွေ့ရတယ်ခင်ဗျ။ သတင်းထောက်တွေက ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ဘာလို့ မသုံးတာလဲ။ ဘာကြောင့် ဒီလိုမျိုး မဆွေးနွေးတာလဲ။ နောက် ဘာကြောင့် နိုင်ငံက ရိုဟင်ဂျာ လူမျိုးတွေကို နိုင်ငံသား မပေးတာလဲ အဲ့လိုမျိုး မေးခွန်းတွေ မေးပေမဲ့လည်း ဆွေးနွေးပွဲမှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လုံးဝ ထည့်သွင်း ဆွေးနွေးတာမျိုး မတွေ့ရဘူးခင်ဗျ။

နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်လို့တော့ ပြောတယ်။ တိတိကျကျတော့ ပြောသွားတာတော့ မရှိဘူးပေါ့နော်။ နောက်ထပ် ဆွေးနွေးပွဲတွေ မလေးရှားနိုင်ငံမှာ ဖြစ်ရင်ဖြစ်မယ်။ ထိုင်းနိုင်ငံမှာဖြစ်ရင်ဖြစ်မယ်။ နောက်ထပ် ဆက်လုပ်ဖို့ ရှိတယ်လို့တော့ သိရပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဒီလူတွေနဲ့ပတ်သက်လို့ရော ဘယ်လိုပြောလဲ။ ဒုက္ခသည်တွေလို့ သုံးသလား။ ဒါမှမဟုတ် ဒီလူတွေဟာ လူကုန်ကူးခံရတဲ့သူတွေလို့ သုံးသလား။ ဘယ်လိုလုပ် အဖြေထုတ်ကြပါသလဲ။

ကိုဇင်လတ်။ ။ ဒီလူတွေကို လောလောဆယ်တော့ Boat People ပေါ့။ ပြသနာ ရဲ့ အကြောင်းအရင်းကို အတိအကျသိဖို့တော့ ခက်သေးတယ်ပေါ့။ စီးပွားရေး အရ ရွှေ့ပြောင်းနေထိုင် သူတွေ ရှိသလို၊ ပြီးတော့ လူကုန်ကူးခံရသူတွေ လည်းပါတယ်။ အမျိုးမျိုးပါနေတာပေါ့။ ပြီးတော့ နိုင်ငံကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတွေလည်းဖြစ်နိုင်သလို၊ မြန်မာပြည် ရခိုင်ဘက်က သူတွေလည်းဖြစ်နိုင် တယ်ပေါ့နော် အဲ့ တာတွေ အသေးစိတ်ကတော့ သူတို့ ထပ်ပြီးတော့ လေ့လာမယ်။ ပြီးတော့ ဒီသဘောတူညီချက်ထဲမှာလည်း အကြောင်းအရင်း အစစ်အမှန်ကို သူတို့ရှာမယ်ပေါ့။

အိမ်ရှင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်ကနေ သတင်းစာရှင်းလင်းပွဲကို တက်ရောက် သတင်းယူနေတဲ့ ဗွီအိုအေ ရုပ်သံသတင်းထောက် ကိုဇင်လတ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

လှေစီးပြေး ၇၀၀ ကျော် မြန်မာ့ရေတပ် ကယ်ဆယ်။ သတင်း ဓာတ်ပုံ-မြန်မာ ပြန်ကြားရေး ဝန်ကြီး ဌာန။

မသိင်္ဂီထိုက်
29.5.2015

မြန်မာ့ ပင်လယ်ပြင် ရေပိုင်နက် ထဲကနေ လှေစီးပြေး ၇၀၀ ကျော် တို့ကို မြန်မာ့ ရေတပ်က ကယ်ဆယ်ပြီး ဟိုင်းကြီးကျွန်း ဓည၀တီ ရေတပ် စခန်းမှာ ယာယီ စောင့်ရှောက် ပေးထား ပါတယ်။ ထိုင်းနဲ့ မလေးရှား နိုင်ငံတို့ဘက်က လူကုန်ကူးသူ တွေကို နှိမ်နင်း လာတဲ့ နောက်ပိုင်း မြန်မာ့ ရေပိုင်နက် ထဲကို ၀င်ရောက် လာကြတဲ့ လှေစီးပြေး အရေး နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အပြည့်အ၀ အကူအညီ ပေးဖို့ လိုအပ်နေပြီလို့လည်း မြန်မာ အစိုးရ အရာရှိ တဦးက ပြောဆိုပါတယ်။ မြန်မာနိုင်ငံ မှာရော လှေစီးပြေး အရေး ကိုင်တွယ်နိုင်တဲ့ ထိရောက်တဲ့ မူဝါဒတွေ ရှိနေပြီလား ဆိုတာ ကိုတော့ မသိင်္ဂီထိုက် စုစည်း တင်ပြ ပေးထား ပါတယ်။

လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို ဦးတည်သွားရင်း ကမ်းကပ်ခွင့်မရဘဲ ပင်လယ်ထဲမှာ မျောပါနေခဲ့တဲ့ လှေစီးပြေး ဒုက္ခသည် ၇၀၀ ကျော်တို့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင်းက မြန်မာ့ ပင်လယ်ပြင် ရေပိုင်နက် အတွင်းကနေ မြန်မာ့ ရေတပ်က ထပ်မံကယ်ဆယ်လိုက်ရတာ ဖြစ်ပါတယ်။ ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် ၃၄ မိုင်အကွာက မြန်မာ့ပင်လယ်ပြင် ပိုင်နက်အတွင်းက သောကြာနေ့ မနက် ၆ နာရီ ကယ်ဆယ်လိုက်ရတဲ့ လှေစီးပြေး ၇၂၇ ဦးတို့ထဲမှာ အမျိုးသမီး ၇၀ ကျော်နဲ့ ကလေးငယ် ၅၀ လောက် ပါရှိခဲ့တယ်လို့ မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။

ဒီလူတွေကို အနီးဆုံး ဖြစ်တဲ့ ဟိုင်းကြီးကျွန်း ဓည၀တီ ရေတပ် စခန်းမှာ ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားပြီး တပ်ရဲ့ ရိက္ခာထဲကနေ ခွဲဝေ ထောက်ပံ့ပေးနေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

"ဟိုင်းကြီးကျွန်းမှာ ဓည၀တီ ရေတပ်စခန်းရှိတယ်လေ။ Navy (ရေတပ်) ကပေါ့နော် အဲဒီမှာ ကျနော်တို့ ယာယီ ပေါ့နော် အဲဒီ ဟိုင်းကြီးကျွန်းကို ခေါ်သွားတယ်။ ခနယာယီ ထားပြီးတော့ သူတို့ကို အခုလောလောဆယ် စစ်ဆေးမေးမြန်းမှုလေးတွေ လုပ်နေတယ်ဗျ။ လုပ်နေတော့ ကနဦး သိရတာက ဘင်္ဂလားဒေရှ့် နိုင်ငံသား အများစုလို့ သိရတယ်။ တချို့ ဘင်္ဂါလီပေါ့နော် ဘင်္ဂါလီကတော့ ဟိုဘက် သည်ဘက် ရောနေတယ်။ အဲဒါလေးတွေတော့ တွေ့ရတယ်။ အဲဒါကို သူတို့ ဘင်္ဂါလီ စကားပြောတတ်တဲ့သူနဲ့ ဘာနဲ့ ကျနော်တို့ စိစစ်မှုတွေ လုပ်နေပါတယ်။ လုပ်ပြီးရင် သူ့သက်ဆိုင်ရာ ဘင်္ဂလားဒေရှ့် နိုင်ငံသား အများစု ပါတဲ့အတွက် ဘင်္ဂလားဒေရှ့် သံရုံးပေါ့ ကျနော်တို့ ဒီမှာ ရှိတဲ့ ဘင်္ဂလားဒေရှ့် သံရုံး နဲ့ ဆက်သွယ်ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်သွားမှာပါ။"

လှေစီးပြေး ဒုက္ခသည်တွေကို ကနဦး မေးမြန်းချက်တွေအရတော့ သူတို့ဟာ မလေးရှားနိုင်ငံကို မတ်လ နောက်ဆုံးပတ်က စတင်ထွက်လာပြီး မလေးရှားနိုင်ငံကို ကမ်းကပ်နိုင်ဖို့ ပင်လယ်ထဲမှာ တလခွဲနီးပါး စောင့်ဆိုင်းခဲ့ရပြီး ကမ်းမကပ်နိုင်တဲ့ အဆုံး လူကုန်ကူးသူတွေ နဲ့ ပင်လယ်ပြင်မှာ လမ်းခွဲပြီး ဌာနေကို ပြန်လာခဲ့ကြတာ ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ထားပါတယ်။

လမ်းခရီးမှာ လှေစီးပြေး ၅၀ လောက် သေဆုံးခဲ့ကြရတယ်လို့လည်း လှေစီးပြေး ဒုက္ခသည်တွေကို ကိုးကားဖော်ပြထားပါတယ်။ ဒီလ အတွင်းမှာဘဲ ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှာ လှေစီးပြေး ၂၀၀ ကျော်တို့ကို မြန်မာဘက်က ကယ်ဆယ်လိုက်ရပြီး သတင်းပတ်တခု အကြာမှာ ဧရာဝတီတိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ဒုတိယ အကြိမ် ထပ်ပြီး ကယ်ဆယ် လိုက်ရတာကြောင့် လှေစီးပြေး ဒုက္ခသည် ၁ ထောင်နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကနိုင်ငံတွင်း လူမှောင်ခိုကူးသူတွေကို တင်းတင်းကြပ်ကြပ် ဖြိုခွင်းနှိမ်နင်းနေတာကြောင့် ကမ်းကပ်မရဘဲ ပင်လယ်ပြင် မှာ မျောပါနေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ နောက်ထပ် တွေ့လာရနိုင်တဲ့ အခြေအနေတွေကို မြန်မာ အစိုးရဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အတွက်က နိုင်ငံတကာ ရဲ့ ပူးပေါင်းဆောင်ရွက်မှု ၊ အကူအညီပေးမှုတွေ လိုနေတယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"Information Exchange ( သတင်းဖလှယ်ရေး) ပေါ့။ Information Exchange မှာ ကျနော်တို့ ဒီ လှေတွေ သွားလာတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့နော် သတင်းအချက်အလက်တွေ ဖလှယ်ဖို့ ထွက်သွားတယ် မြင်လိုက်တယ် ဒါမျိုးမှာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ကျနော်တို့ မြှင့်တင်ဖို့တွေ လိုပါတယ်။ နောက်တချက်က ခုနလို ဖြစ်တဲ့ အချိန်မှာ သက်ဆိုင်ရာ နိုင်ငံပေါ့ ဥပမာ ဘင်္ဂလားဒေရှ့် နိုင်ငံက သူ့နိုင်ငံသားတွေ စိစစ်တာ မှန်ကန်တယ် ဆိုရင် မှန်ကန်ပြီ ဆိုတာနဲ့ သူ့ Verification ပြီးပြီဆိုတာနဲ့ သေချာပြီ ဆိုတာနဲ့ သူ့နိုင်ငံသားတွေကို အမြန်ဆုံး ပြန်ခေါ်ပေးဖို့ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ နိုင်ငံတွေမှာလည်း ဒါက လူသားချင်း စာနာထောက်ထားမှု အရ ပေးနေရသော်လည်း ကျနော်တို့ ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူ လူထုရဲ့ သဘောထားရှိတယ်ပေါ့နော်။

နောက် ကျနော်တို့ နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုပေါ့နော် အနိမ့်ဆုံးမှာ ကျနေတဲ့ အနေအထားမှာ ကိုယ့်နိုင်ငံသားတွေတောင်မှ ဒီလိုမျိုး စားဝတ်နေရေးပေါ့လေ ဒီလိုမျိုး အခက်အခဲ ဖြစ်နေတဲ့ အချိန်မှာ ဒီလိုမျိုး ရေရှည်ကြီးတော့ ထောက်ပံ့ ကူညီပေးဖို့ ဆိုတာ အခက်အခဲ ရှိတယ်။ အဲတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကျနော်တို့က လူသားချင်း စာနာထောက်ထားမှု ပေါ့နော် ဒီဘောင်ပေါ်မှာ အပြည့်အ၀ ပေးဖို့ လိုပါတယ်။"

ပြီးခဲ့တဲ့ သတင်းပတ် က ရခိုင်ကမ်းလွန်မှာ ကယ်တင်လိုက်ရသူ ၂၀၈ ဦးတို့ထဲမှာတော့ ၂၀၀ တို့က ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေ ဖြစ် တယ်လို့ မြန်မာဘက်က ပြောဆိုထားပေမယ့် ဘင်္ဂလားဒေရှ့်နိုင်ငံ ဘက်ကတော့ နိုင်ငံသား ဟုတ်မဟုတ်စိစစ်နေဆဲ ဖြစ်ပါတယ်။

ဒီဒေသတွင်း လှေစီးပြေး ဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်ရေး သမ္မတ ဦးသိန်းစိန်နဲ့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာတော့ ဒေသတွင်းနိုင်ငံတွေရဲ့ တရားမ၀င် အလုပ်သမား အရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ မြန်မာဘက်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ မြန်မာ့ပင်လယ်ပြင် အတွင်းရောက်လာတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ကယ်ဆယ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီလလပိုင်းက ကြေညာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


29.5.2015

မြန်မာနိုင်ငံက လူ့အခွင့် အရေး အခြေ အနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ကြာသပတေးနေ့က တံခါးပိတ် ကြားနာ ဆွေးနွေးခဲ့ ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက၊ ကုလသမဂ္ဂ အခေါ်အားဖြင့် ရိုဟင်ဂျာ မူစလင် လူနည်းစု တွေရဲ့ ဆိုးရွားတဲ့ အခြေအနေကို အလေးထား ပြောဆို ကြတယ်လို့ တက်ရောက်တဲ့ သံတမန်တွေက ပြောပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သမိုင်းဝင် ဆွေးနွေးပွဲ၊ မြန်မာ့ လူ့အခွင့်အရေး အခြေအနေပေါ် အဓိက ပြောဆို၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးအတွက် လူ့အခွင့်အရေး အခရာကျ” ဆိုပြီး အဓိပ္ပါယ်ရမယ့် မှတ်ချက် တခုကို ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က ဗွီဒီယိုကနေတဆင့် လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြပါတယ်။ “မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ဆိုးရွားတဲ့အခြေအနေနဲ့ စနစ်တကျ ခွဲခြားဆက်ဆံခံရမှုတွေ အကြောင်း မဟာမင်းကြီး Zeid က အခိုင်အမာ တင်ပြခဲ့တယ်” လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ အမည်မဖော်လိုတဲ့ သံတမန်တဦး ကပြောတာကို ရိုက်တာသတင်းဌာနက ကိုးကားရေးထားပါတယ်။

မဟာမင်းကြီးရဲ့ တင်ပြချက်အကြောင်း နောက်ထပ် သံတမန် တဦးကလဲ အတည်ပြုပြီး ကောင်စီအနေနဲ့ ချက်ခြင်း အရေးယူ လုပ်ဆောင်တာမျိုး ထွက်လာဖို့တော့ မျှော်လင့်မထားဘူးလို့ ဆိုပါ တယ်။ ပြဿနာရဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက တုန့်ပြန်ပြောဆိုကြပြီး အရှေ့တောင် အာရှဒေသက ရွှေ့ပြောင်းနေထိုင်သူတွေ အရေး ဘန်ကောက်မှာ ကျင်းပမယ့် အစည်းအဝေးကို ကြိုဆိုတဲ့ အကြောင်း ပြောကြပါတယ်။

လုံခြုံရေးကောင်စီဟာ လူ့အခွင့်အရေးကိစ္စကို ဆွေးနွေးဖို့ သင့်တင့်လျောက်ပတ် တဲ့နေရာ မဟုတ်ဘဲ ဂျီနီဗာမှာရှိတဲ့ လူ့အခွင့် အရေးကောင်စီက ကိုင်တွယ် လုပ်ဆောင်သင့်တယ်လို့ ရုရှားကိုယ်စားလှယ်တဦးကပြောတာကိုလဲ သံတမန်တဦးက ပြန်ပြောပြ ပါတယ်။ မြန်မာနိုင်ငံရဲ့ အစဉ်အလာမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ဒါဟာ ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ ဆိုပေမဲ့ အခြေအနေပေါ် စိုးရိမ်တဲ့အကြောင်းပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ မေလ ၂၉ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်

29.5.2015

White Card ခေါ် ယာယီ သက်သေခံ လက်မှတ် ပြန်လည် အပ်နှံခဲ့သူ တွေကို နိုင်ငံ အတွင်း နေထိုင်ခွင့် ကတ်ပြားသစ် အဖြစ် အစိမ်းရောင် ကတ်တွေ ပြန်လည် ထုတ်ပေးမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ သတင်းထောက် တွေကို ဒီနေ့ ပြောကြား လိုက်ပါတယ်။

ပန်းရောင် နိုင်ငံသားကတ် လျှောက်ထားလို့ မရခင်မှာ ယာယီ သက်သေခံ လက်မှတ် အပ်နှံသူ တွေကို အထောက် အထား တစ်ခု အဖြစ် ထုတ်ပေး သွားမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

"ယာယီ သက်သေခံ လက်မှတ် အဲ့လူတွေကို ကျနော်တို့က ကတ်ပြား တစ်မျိုးမျိုး ပြန်ပေးရမယ်၊ ကျနော်တို့ နောက်ပြန်ပေးမဲ့ကတ်ကလည်း အစိမ်းနုရောင်လေးပါ၊ နိုင်ငံသား စိစစ်ခံရမည့်သူများ ကိုင်တွယ်ရန်လက်မှတ်ဆိုပြီး အဲ့ဒါပြန်ပေးမှာ၊ သို့သော်လည်း ကာလက ၂ လပဲရှိတယ်၊ မတ်လ ကုန်ကနေ မေလကုန်အထိ ဒီကြားထဲမှာကျရင် အခုနက ကတ်ပြားကြီးပေးဖို့ဆိုတာက ဓါတ်ပုံရိုက်ရမယ် ဟိုဟာတွေလုပ်ရမယ် မလွယ်ဘူး၊ အဲ့ဒီတော့ လောလောဆယ် လက်ခံရရှိကြောင်း ပေးထားတယ်"

ယာယီသက်သေခံလက်မှတ်ဟာ နိုင်ငံသားအတိအကျ မရှိသူတွေကို ၁၉၉၅ ခုနှစ်က စတင်ထုတ်ပေးထား တာဖြစ်ပြီး သက်တမ်းကုန်ဆုံးရက် အတိအကျမပါရှိတဲ့အတွက် ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ကြောင်း အစိုးရကကြေညာခဲ့တာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီက ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ ယာယီသက်သေခံလက်မှတ် ၇ သိန်းကျော်ရှိပြီး လက်ရှိအချိန်မှာ ၄ သိန်းကျော် ပြန်လည်အပ်နှံ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပ်နှံပြီးသား လူပုဂ္ဂိုလ်တွေကို နိုင်ငံအတွင်း နေထိုင်ခွင့်ကတ် အစိမ်းရောင် ကတ်ပြားတွေပေးအပ်ဖို့ စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။



ဗွီအိုအေမြန်မာပိုင်း
28.5.2015

အရှေ့တောင် အာရှ ဒေသမှာ ဖြစ်ပွားနေတဲ့ လှေစီးပြေးသူ များရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ပင်လယ်တွင်းမှာ မျောနေတဲ့ လူတွေကို ကယ်တင်ရေး၊ ချွင်းချက် မရှိ ဒီလူတွေကို ကမ်းတက် ခွင့်ပြုရေး၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့ ခိုလှုံခွင့် တောင်းဆိုသူ တွေရဲ့ အခွင့်အရေးတွေ အတွက် အကာကွယ် ပေးဖို့ ၀င်ရောက် ဆောင်ရွက်တဲ့ နေရာမှာ ကြန့်ကြာမှု မဖြစ်စေရေး စတာတွေကို မေလ ၂၉ ရက်နေ့မှာ ဆွေးနွေးဖို့အတွက် အစိုးရ တာဝန်ရှိသူ တွေဟာ ဘန်ကောက်မြို့မှာ စုဝေး ရောက်ရှိနေ ကြပြီလို့ HRW လူ့အခွင့် အရေးအဖွဲ့ကြီးက မနေ့က ပြောလိုက် ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ဖိနှိပ်မှုတွေ မပြုလုပ်တော့ဘူးဆိုတဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းလှမ်းဖို့ ကို အစိုးရတွေအနေနဲ့ တောင်းဆိုသင့်ပါတယ်။ ဒီလိုဖြစ်ပွားနေတဲ့ ဖိနှိပ်မှုတွေကြောင့် အခုလို လူတွေဟာ အန္တရာယ်များတဲ့ ပင်လယ်ပြင်ခရီးကို လှေတွေနဲ့ ထွက်ပြေးနေကြတာလို့ ဆိုပါတယ်။

ဒီပုံမှန်မဟုတ်တဲ့ အိန္ဒိယ သမုဒ္ဒယာအတွင်းက ရွှေ့ပြောင်းနေထိုင်သူတွေ အရေး ဆွေးနွေးကြမဲ့ အထူးအစည်းဝေးကို အာဖဂန်နစ္စတန်၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ လာအို၊ မလေးရှား၊ နယူးဇီလန်၊ ပါကစ္စတန်၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ထိုင်း အပါဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ အမေရိကန် ပြည်ထောင်စု ဆွစ်ဇာလန်နိုင်ငံတွေနဲ့ UNHCR ၊ IOM စတဲ့ အဖွဲ့တွေက ထိပ်တန်း တာဝန်ရှိသူတွေကလည်း လေ့လာသူတွေအဖြစ် တက်ရောက်ကြဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီညီလာခံကနေ ခိုင်မာတဲ့ အဖြေတခု ရရှိလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း HRW အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ပြောပါတယ်။

“အဖြေရှာရာမှာ မဖြစ်မနေ လိုက်နာရမယ့် အဖြေမျိုးတွေ ထွက်လာဖို့လိုပါတယ်။ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ အရေးယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနဲ့ တခြားနိုင်ငံတွေအနေနဲ့ တချို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်အခြေချဖို့ လက်ခံသင့်ပြီး တချိန်တည်းမှာပဲ ဒေသတွင်းအစိုးရတွေအနေနဲ့ ဒီဒုက္ခသည်တွေအပေါ် လက်မဆန်စွာ ပြုမူဆက်ဆံတာတွေ၊ ပင်လယ်ထဲ ပြန်လွှတ်တာတွေကို ရပ်တန့်ဖို့လိုပြီး၊ လူမှောင်ခိုဂိုဏ်းတွေကိုလည်း ဖြိုခွင်းဖို့ လိုပါတယ်။”

ပြီးခဲ့တဲ့ ၁၅ လကြာ ကာလအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်တွေကနေ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဆီကို အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအ၀င် ခန့်မှန်းခြေ လူပေါင်း ၈,၈၀၀၀ လောက် ထွက်ပြေးခဲ့ကြတယ်လို့ HRW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအထဲမှာ တော်တော်များများဟာ မြန်မာနိုင်ငံအတွင်း ဖိနှိပ်ညှဉ်းပန်းမှု ခံရလို့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေဖြစ်ကြသလို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ အများအပြားလည်း ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အများစုဟာ ထိုင်းနိုင်ငံကို လှေနဲ့သွားကြပြီး အဲဒီကတဆင့် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေအတွင်း တောထဲမှာဖွင့်ထားတဲ့ စခန်းတွေကို ကုန်းလမ်းကနေ ပို့ဆောင်ပေးကြပါတယ်။ အဲဒီစခန်းတွေမှာ အကျဉ်းချထားတာ၊ ငွေညစ်တာ၊ နှိပ်စက်တာတွေ ပြုလုပ်ခဲ့ကြပြီး မကြာသေးခင်ကပဲ နှစ်နိုင်ငံ နယ်စပ်တွေမှာ လူသေအလောင်းတွေ မြှုပ်နှံထားတာကို တွေ့ခဲ့ရပါတယ်။



မမေခ
28.5.2015

ဝေဖန်မှုတွေရှိတဲ့ မျိုးစောင့်ဥပဒေ ၄ခုထဲက မြန်မာ ဗုဒ္ဓဘာသာ ဝင်များ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းမှာ ဘာသာခြား တဦး အနေနဲ့ မြန်မာ ဗုဒ္ဓဘာသာဝင် တဦးကို လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ သားသမီး ထိန်းသိမ်းခြင်းနှင့် အိမ်ထောင်ရေး ဆိုင်ရာ အငြင်းပွားသည့် ကိစ္စရပ်တို့ကို ဆုံးဖြတ်ချက် ချမယ် ဆိုပါက မည်သည့် ဥပဒေ၊ ဓလေ့ ထုံးတမ်း တို့နှင့်မှ ဆုံးဖြတ်ပိုင် ခွင့်ပေးမှာ မဟုတ်ဘဲ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနဲ့ပဲ ဆုံးဖြတ် ရမယ်လို့ ပါဝင်ထားပြီး ဒီဥပဒေကို မေလ ၂၇ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသား လွှတ်တော်မှာ ဒီဥပဒေကို အတည်ပြု ခဲ့ပါတယ်။ ဒီဥပဒေ အပေါ် လွှတ်တော် အမတ် တချို့ရဲ့သဘောထားနဲ့ လူ့အခွင့် အရေးအဖွဲ့ တချို့ရဲ့ တုန့်ပြန်ချက်တွေ ကို စုစည်းပြီး ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ ထားပါတယ်။

ဒီဥပဒေကို မေလ ၁၈ရက်နေ့က အမျိုးသားလွှတ်တော်မှာဆွေးနွေးခဲ့ပြီး မနေ့က အတည်ပြုလိုက်တာပါ။ ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးကို ဘာသာခြား အမျိုးသားယောက်ျးတစ်ဦးက ထိမ်းမြားလက်ထပ်တဲ့ အခါ ကျင့်သုံးရမယ့် ဥပဒေကြမ်းတခုဖြစ်ပါတယ်။ ဒီဥပဒေကို ဝေဖန်မှုတွေရှိနေဆဲဖြစ်ပေမယ့် အမျိုးသားလွှတ်တော်က ဒါကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး အနေနဲ့ ဘာသာခြားတဦးနဲ့ လက်ထပ်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ကန့်ကွက်သူမရှိမှ အုပ်ချုပ်ရေးမှူး က ထိမ်းမြားလက်ထပ်ပေးခွင့်ရှိတယ်လို့လည်း ပါရှိပါတယ်။

ဒီဥပဒေမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ယောက်ျားကမိန်းမဖြစ်သူ ( ဗုဒ္ဓဘာသာဝင် အမျိုးသမီး) ကို ကိုယ်ထိလက်ရောက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်းနဲ့အကြမ်းဖက်ခြင်းတို့ ပြုလုပ်ပါက အမျိုးသမီးမှ သက်ဆိုင်ရာသို့ တိုင်ကြားနိုင် ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ယောက်ျား မှာ ထောင်ဒဏ် ၂ နှစ် (သို့) ငွေဒဏ် သိန်း ၂၀ ကို တရားရုံးသို့ ပေးဆောင်ရမယ်လို့ ပါဝင်ပါတယ်။း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးရဲ့ယုံကြည် ကိုးကွယ်ရာ ဗုဒ္ဓရုပ်ပွားပုံတော်များ၊ ဆင်းတုတော် များ၊ စေတီပုထိုး ပုံတော်များ ၊ ဗုဒ္ဓဘာသာ ရဟန်းပုံတော်များ ထားရှိကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတို့၏ အသုံး အဆောင်များကို နေအိမ်တွင် ထားရှိခွင့်ပြုရမည် ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဆိုင်ရာ ကိစ္စရပ် အားလုံးကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးရမည်လို့ဥပဒေမှာပါဝင်ပါတယ်။

ဒီဥပဒေဟာ ကာလဒေသအရပေါ်ထွန်းလာတဲ့ ဥပဒေတခုဖြစ်ကြောင်း မြန်မာ ဗုဒ္ဓဘာသာဝင်အချို့မှာ ဘာသာခြားနဲ့ လက်ဆက် ပြီး ပါက ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓရုပ်ပွားပုံတော်များ၊ ဆင်းတုတော်များ၊ စေတီပုထိုးပုံတော်များ ၊ ဗုဒ္ဓဘာသာ ရဟန်းပုံတော်များ ထားရှိကိုးကွယ်မှုကို ကန့်ကွက်ခံရမှုတွေရှိခဲ့ကြောင်းဒီလို သာဓကတွေကြောင့် အခုလို ဥပဒေပေါ်ပေါက်လာရတာဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက ခုလိုပြောပါတယ်။

"အခြားဘာသာတွေရဲ့ အခြားနိုင်ငံတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့စာရင် ဒါက တော်တော်ပျော့နေပါသေးတယ်။"

ဒီအပြင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးကို အခြားဘာသာသို့ အတင်းအကျပ်ပြောင်း ကိုးကွယ်စေသူ အား ချမှတ်တဲ့ ထောင်ဒဏ် ချမှတ်နိုင်ကြောင်း ဥပဒေမှာဖော်ပြ ထားပါတယ်။ မူလက ဘာသာပြောင်း ကိုးကွယ်စေသူအား ချမှတ်တဲ့ ထောင်ဒဏ်ကို ယခင်က ၅နှစ်သတ်မှတ်ထားပေမယ့် အခု အခါ ၂နှစ်သို့ပြင်ဆင်လိုက်ကြောင်း လွှတ်တော်အမတ်တွေကပြောပါတယ်။

ဒီဥပဒေပေါ်ပေါက်လာတာဟာ မူစလင်ဘာသာနဲ့ ပတ်သတ်ပြီး ဖြစ်တည်ပေါ်ပေါက် လာတာဖြစ်ပေမယ့် အခြားဘာသာ ဝင်တွေအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိနေခဲ့တယ်လို့ ချင်းတိုးတက်ရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးစတီဖင်ဆာဆိတ် ကပြောပါ တယ်။

"ကျနော်တို့ မဆိုင်တဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၊ မဆိုင်တဲ့ ဘာသာရေးဘက် ကလည်း နည်းနည်းလေးတော့ အကုန်လုံး ကသိကအောက် ထိခိုက်တဲ့ သဘောပေါ့။ ပြဿနာ မပေါ်တဲ့ဟာလည်း ပေါ်အောင် လုပ်တယ်ဆိုတဲ့ သဘော။ ကာကွယ်သင့်တဲ့အရာ တခုလို့ပဲ ကျနော့်အနေနဲ့မြင်တယ်။ ဒါပေမဲ့ တခုတော့ ရှိတာပေါ့။ ကျနော်တို့ ကျန်တဲ့ အမျိုးသမီး ကျန်တဲ့ဘာသာ ကျန်တဲ့လူမျိုး နဲ့ပတ်သက်လို့ကတော့ ဒါက မလိုအပ်ပဲနဲ့ လာပြီးတော့ ပြဿနာက လာပြီးတော့ ရိုက်တာပေါ့။ အကုန်လုံးပေါ့နော့်။"

အမျိုးသမီးရေးလှုပ်ရှားသူအချို့ကလည်း ဒီဥပဒေအပေါ်ကိုလက်မခံတာ တွေရှိပြီး Rainbow အဖွဲ့က အမျိုးသမီးအရေး ပါဝင်လှုပ်ရှားသူတဦးက ဒီဥပဒေမှာ ကန့်သတ်မှုတွေရှိတယ်လို့ခုလိုပြောပါတယ်။

"ကျမတို့ တချိန်လုံး ကျမတို့ရှေ့က အစဉ်အဆက်ပေါ့နော် ကျမတို့ မိဘတို့က အစ အစဉ်အဆက်ပေါ့နော်။ ကန့်သတ်ချက်တွေ နဲ့ ဘောင်ခတ်ခံ ထားရတယ်။ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးတယ်ပေါ့နော်။ ဥပဒေအရ ကန့်သတ်ထားတဲ့ အခါကျတော့ အမျိုးသမီးတွေ တွေအတွက်ကို ဒါက အရမ်းကြီးကို ခွဲခြားထား သလိုများဖြစ်နေမလားလို့ ကျမကတော့ အဲ့လိုမြင်ပါတယ်ရှင့်

ဥပဒေမှာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားတစ်ဦးဟာ ဥပဒေကြမ်းပါ ပြဌာန်းချက် တစ်ခုခုကို ဖောက်ဖျက်ခဲ့ရင် အနည်းဆုံး ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ချမှတ်နိုင်သလို အများဆုံး ငွေဒဏ် ၅သိန်း ဒါမှမဟုတ် ဒဏ်နှစ်ရပ် လုံးဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။ လက်ရှိမှာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့ မှာဖြစ်ပြီး နိုင်ငံတော် သမ္မတက လက်မှတ်ထိုးပါက ဒီဥပဒေဟာ အတည်ဖြစ် လာမှာပါ။ ဒီဥပဒေ အတည်ဖြစ်ပါက မူလ တည်ဆဲဥပ ဒေဖြစ်တဲ့ ၁၉၅၄ အထူး ထိမ်းမြားခြင်း ဥပဒေဟာပယ်ဖျက်မှာဖြစ်ပြီး ဒီဥပဒေအတိုင်းသာ လိုက်နာရမှာဖြစ်ပါတယ်။



မခင်ဖြူထွေး
28.5.2015

မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ ထိရောက်တဲ့ လက်တွေ့ ဆောင်ရွက်မှုတွေ ချမှတ် လုပ်ဆောင် သင့်တယ်လို့ လူ့အခွင့် အရေး အဖွဲ့ တချို့က တိုက်တွန်း နေကြပါတယ်။ အရှေ့တောင် အာရှဒေသက ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ရှိခဲ့ပြီး တဲ့နောက် လုံခြုံရေး ကောင်စီမှာ ဒီကိစ္စ ဆွေးနွေးကြမှာ ဖြစ်သလို၊ မနက်ဖြန် မေလ ၂၉ ရက်နေ့မှာလည်း အာရှနိုင်ငံတွေက ကိုယ်စားလှယ်တွေ ဘန်ကောက်မြို့ မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ အိမ်နီးချင်း နိုင်ငံတွေကို လှေတွေနဲ့ ထွက်ခွာလာကြတဲ့ ဒုက္ခသည် ထောင်နဲ့ချီမှာ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေ ကို ရောက်လာကြသူ တချို့ရှိသလို ပင်လယ်ထဲမှာ မျောနေ သူတွေလည်း အများအပြား ရှိတယ်လို့ ဆိုပြီး ဒီလူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ နိုင်ငံတကာရဲ့ တိုက်တွန်း ပြောဆိုသံတွေ ထွက်လာခဲ့ ပြီးတဲ့နောက် ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း ဒီကိစ္စ ဆွေးနွေးကြမှာပါ။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein က ဦးဆောင်ပြီး လုံခြုံရေးကောင်စီကို တင်ပြမှာလည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကနေ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ချမှတ်သင့်တယ်လို့ လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာအရေး ဆွေးနွေးမယ့်ကိစ္စကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်တာက ဒီလို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို မကြာခဏ ဆွေးနွေးပေမဲ့ တကယ် လက်တွေ့ ဘာမှမလုပ်တာကိုပါ။ အပြောသက်သက်နဲ့ မလုံလောက်ပါဘူး။ ကျနော်တို့ မြင်ချင်တာက ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးနိုင်အောင် လုံခြုံရေး ကောင်စီ ကနေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဒီကိစ္စ မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ဦးဆောင်လုပ်ဖို့ ပြောတာမျိုးပါ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာအစိုးက ရခိုင်ပြည်နယ်တွင်း ပြည်တွင်းပြည်ပ အကူအညီပေးရေး လုပ်ငန်းတွေမှာ ခုထိ အကန့်အသတ်တွေ လုပ်ထားတာ ကြောင့်ပါ။”

ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား ပင်လယ်ဖြတ် ထွက်ပြေးနေကြရတဲ့ အဓိက အကြောင်းတခုထဲမှာ ဆင်းရဲနွမ်းပါးမှု နဲ့ အထောက်အပံ့ မရတာတွေကြောင့် ဖြစ်တယ်လို့လည်း လို့ မာ့ခ် ဖာမနာက ပြောပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်အောင် မြန်မာအစိုးရက အကန့်အသတ်မထားဖို့ လုံခြုံရေးကောင်စီက ဖိအားပေး လုပ်ဆောင်သင့်တယ်လို့ မာ့ခ် ဖာမနာက ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုလုပ်ငန်းတွေကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်အောင် မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့အတွက် ကမ္ဘာ့ သြဇာအရှိဆုံး အဖွဲ့ဖြစ်တဲ့ လုံခြုံရေးကောင်စီ ကနေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လုပ်ပိုင်ခွင့် ပေးဖို့ လိုပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့် ပေးတာကမြန်မာအစိုးရကိုလည်း သူတို့လက်ရှိ မူဝါဒတွေ ပြောင်းလဲလာအောင်၊ ရခိုင်ပြည်နယ်တွင်း အကူအညီတွေကို ၀င်ရောက်ခွင့်ပြုအောင် ခိုင်မာတဲ့ သတင်းစကား တရပ် ပေးရာလည်း ကျပါတယ်။”

ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လှေစီးပြေး ဒုက္ခသည်တွေ အရေး ဆွေးနွေးကြဖို့ ရှိသလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပဲ မြန်မာအပါအ၀င် ဒေသတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေဟာလည်း မနက်ဖြန် မေလ ၂၉ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေး ကြဖို့ ရှိနေတာပါ။ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ Human Rights Watch ရဲ့ အာရှရေးရာ တာဝန်ခံတဦးဖြစ်တဲ့ Phil Robertson ကတော့ ဒီ အစည်းအဝေး ကနေ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းပါဝင်တဲ့ မဖြစ်မနေ လိုက်နာရမယ့် သဘောတူညီချက်တွေကို ချမှတ် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် သဘောတူညီချက်တွေ ရဖို့လို ပါတယ်။ အရင်ဆုံး ဦးစားပေး လုပ်ရမှာက ပင်လယ်ထဲမျောနေတဲ့သူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ပါ။ ပြီးရင်တော့ UNHCR နဲ့ IOM တို့ကို ဒီလူတွေနဲ့ တွေ့ဆုံခွင့် ပြုပြီး သူတို့ဟာ ဒုက္ခသည်တွေ လား၊ ဒါမှမဟုတ် လူမှောင်ခိုကူးခံရတဲ့ သူတွေလား စသဖြင့် စိစစ် အတည်ပြုပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်အောင် စီစဉ်ပေးရပါမယ်။ နောက်တခုကတော့ မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မူဝါဒကို ပြောင်းလဲပြီး ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့် ရပါမယ်။ သူတို့တွေ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် မှာ ပြန်နေခွင့် ပြုပြီး နိုင်ငံသားအဖြစ် လက်ခံပေးရပါလိမ့်မယ်။”

ဘန်ကောက်မြို့က အစည်းအဝေးကို အာရှနိုင်ငံ ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ့်အပြင် အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေ က စောင့်ကြည့်လေ့ လာသူတွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR နဲ့ နိုင်ငံတကာ ရွှေ့ပြောင်း ၀င်ရောက်သူများဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IOM တို့လည်း တက်ရောက်ကြမှာပါ။

ဒီအတောအတွင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ဆက်ဆံ မှုတွေ အဆုံးသတ်ဖို့ ကိစ္စ အပါအ၀င် လှေစီးပြေး ဒုက္ခသည် ပြဿနာ အရင်းခံကို လာမယ့် အစည်းအဝေးမှာ အဓိကထား ဆွေးနွေးကြဖို့ မလေးရှား အစိုးရကို တိုက်တွန်းနေပါတယ်။



မေ ၂၆၊ ၂၀၁၅
အောစလို၊ နော်ဝေး

မြန်မာပြည်က ရိုဟင်ဂျာ လူမျိုးတွေ အတွက် တသားတည်း ရှိမှုနဲ့ ထောက်ခံမှု ပြသတဲ့ သတင်း စကားကို ကျမ ပါးလိုက် ပါရစေ။ ရိုဟင်ဂျာ တွေဟာ သူတို့ ဘိုးစဉ် ဘောင်ဆက် အိမ်တွေမှာ နေလာ ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ဌာနေဖွား တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ သူတို့ တောင်းဆိုတာဆိုလို့ သူတို့ထံကနေ မြန်မာ စစ်အစိုးရက သိမ်းယူသွားတဲ့ နိုင်ငံသားအဆင့်အတန်းကို ပြန်လည်ပေးအပ်ဖို့ဆိုတာပါပဲ။ သူတို့ပိုင်ဆိုင်ရာမြေပေါ်မှာ သူတို့ကို နိုင်ငံသားမဟုတ်သလို ဆက်ဆံတာဟာ ကိုယ်ကျင့်ပိုင်းဆိုင်ရာ မှားယွင်းနေပါတယ်။

၂၀၁၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဘေးဒုက္ခဟာ ပိုမိုဆိုးရွားလို့ လာခဲ့ပါတယ်။ အခုအချိန်မှာ သူတို့ဟာ ညီတူညီမျှလောက် အန္တရာယ်များတဲ့ ရွေးချယ်စရာ လမ်းနှစ်ခုသာ ရှိတယ်လို့ ထင်မြင်ခံစားနေကြရပါတယ်။ တလမ်းက မြန်မာပြည်ထဲမှာ ဆက်နေပြီး အသေခံမလား။ နောက်တလမ်းက လှေစီးပြီး ထွက်ပြေးမလား ဆိုတာပါပဲ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဆိုအရ ၂၀၁၄ ခုနှစ်အတွင်းမှာ ထိုင်း နဲ့ မလေးရှား ကို ဦးတည်သွားတဲ့ လှေတွေထဲမှာ ကလေးသူငယ်နဲ့ မိန်းမများအပါအဝင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာလာတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၅၃၀၀၀ ခန့် ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေဆီကို အခြေခံ လူသားချင်းထောက်ထားတဲ့ အကူအညီတွေ အရောက်ပေးပို့ကြဖို့ လိုပါတယ်။ အခုလောလောဆယ်မှာ အဲဒီ လူသားချင်းထောက်ထားတဲ့ အကူအညီတွေဟာ သူတို့ထံကို မရောက်ရှိသေးပါဘူး။ ရိုဟင်ဂျာတွေဟာ လက်နက်မကိုင်၊ အကြမ်းမဖက်နည်းနဲ့ ရုန်းကန်တိုက်ပွဲဝင်နေကြရတဲ့ မြန်မာပြည်က တခုတည်းသော လူနည်းစုတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် အသုံးပြုနေတဲ့ သူတို့ရဲ့ အကြမ်းမဖက်တဲ့ တိုက်ပွဲကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက အသိအမှတ်ပြုပြီး ထောက်ခံအားပေးကြဖို့ လိုပါတယ်။

ရိုဟင်ဂျာလူမျိုးတွေ ခံစားနေရတဲ့ ဒုက္ခ နဲ့ သူတို့ဟာ သူတို့အစိုးရလက်ထဲမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကြုံတွေ့ခံစားနေရတယ်ဆိုတဲ့ အချက်ကို ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းတွေက အသိအမှတ်ပြုလက်ခံဖို့ ကျမတို့ လိုလားပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်တာကို အဆုံးသတ်ဖို့ ကျမတို့ အလိုရှိပါတယ်။ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေလုပ်မယ်၊ အပြုသဘောဆောင်ဆက်ဆံမယ်ဆိုရင် အဲဒီအချက်ဟာ အရေးကြီးတဲ့အခြေခံ ဖြစ်ရပါမယ်။

ကျမရဲ့ မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သူ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးအပါအဝင် အခြားသော ခေါင်းဆောင်များနှင့်အတူ လက်တွဲပြီး ကျမ တိုက်တွန်းပါတယ်။ ရိုဟင်ဂျာလူမျိုးတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်ပေးဖို့နဲ့ သူတို့အသက်တွေကို ကယ်တင်နိုင်အောင် ရပ်တည်ပြောကြားပေးဖို့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းတခုအနေနဲ့ ကျမတို့မှာ တာဝန်ရှိပါတယ်။ သူတို့တိုင်းပြည်အတွင်းမှာ၊ သူတို့လူ့အဖွဲ့အစည်းကြားမှာ သူတို့ရဲ့နေရာမှန် ပြန်လည်ရရှိဖို့ နဲ့ မြန်မာပြည်ဟာ သူ့လူမျိုးအားလုံးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရှာဖွေဖို့ ရှေ့သို့ ဆက်ရွေ့လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။ မိုင်ရိဒ် မက်ဂွဲ ပါ။ ကျေးဇူးတင်ပါတယ်။



မေ ၂၆၊ ၂၀၁၅
အောစလို၊ နော်ဝေး

ဟဲလို… ငြိမ်ချမ်းရေး မြတ်နိုးသူများ၊ လုပ်ဖော် ကိုင်ဖက် များနှင့် မိတ်ဆွေများ ခင်ဗျား။

အီလက် ထရောနစ် နည်းနဲ့ ခင်ဗျား တို့ကို မိန့်ခွန်း ပြောရတဲ့ အတွက် ဝမ်းနည်း ပါတယ်။ အသက် အရွယ်ကြီးရင့်လာခြင်းရဲ့ ဆိုးကျိုးတွေ ထဲက တခုကတော့ ခရီးသွားရတာ တမျိုးတမည် ခက်ခဲ လာတတ် တာပါပဲ။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး လူ့အခွင့်အရေး ကပ်ဘေးကြီးတွေထဲက တခုကို ဖြေရှင်းဖို့ အတွက် ခင်ဗျားတို့ရဲ့ အာရုံ စူးစိုက်မှုတွေကို အထိုင် ချနေကြတဲ့ အချိန်မှာ အားပေး စကားနဲ့ တသားတည်း ရှိမှု စကား အနည်းငယ်ကို ပြောကြားခွင့် ရတဲ့ အတွက် အားလုံးကို ကျေးဇူး တင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့တဲ့အတွက် မြန်မာအစိုးရပေါ် အမှတ်ပေးသော်လည်း ဒီအချက်က ကိုယ့်တိုင်းရင်းသားလူနည်းစုတွေဖြစ်တဲ့ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ငြင်းဆန်မှု နဲ့ ဖိနှိပ်မှုတွေကို မမြင်တော့လောက်အောင် ကျနော်တို့ကို ကြောင်တောင်မကန်းစေခဲ့ပါဘူး။ တိုင်းပြည်တပြည်ဟာ သူ့ကိုယ်သူ ပြန်ပြီး ရန်လိုနေခဲ့ရင်၊ သူတိုင်းသူပြည်သားအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဘိုးကို အသိအမှတ်ပြုဖို့ ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် အဲဒီတိုင်းပြည်ဟာ လွတ်လပ်တဲ့ တိုင်းပြည်တခု မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာ ခွဲခြမ်းပေးလို့ ရတာမျိုးမဟုတ်။ အားလုံးကို ဖိတ်ခေါ်ရမယ်။ အားလုံးကို တခုလုံးပေးရမယ်။

ဗြိတိသျှတွေက ဗမာပြည်နယ်စပ်မျဉ်းကို မြေပုံပေါ်မှာဆွဲခဲ့တုန်းက ရိုဟင်ဂျာလူမျိုးတွေကို တိုင်ပင်ဆွေးနွေးခြင်း မရှိခဲ့ဘူး။ အဲဒီ ဖောင်တိန်ဆွဲသားချက်တွေနဲ့အတူ ရိုဟင်ဂျာတွေဟာ နယ်နိမိတ်အနားသတ်မြေပေါ်က လူသားတွေ ဖြစ်ခဲ့ရတယ်။ သူတို့ရဲ့ ဘိုးဘွားစဉ်ဆက်နေလာခဲ့တဲ့ မြေဟာ နိုင်ငံရေးနယ်နိမိတ်စည်းမျဉ်းတွေကို ကျော်ဖြတ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုလိုနီခေတ်လွန် ဗမာအစိုးရက ရိုဟင်ဂျာတွေကို မူလကတည်းက အခြေချနေထိုင်တဲ့ တိုင်းရင်းသားတွေအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ပထမ စစ်အစိုးရကလည်း ထိုနည်းတူစွာ အသိအမှတ်ပြုခဲ့ပါတယ်။

တိုင်းပြည်အနောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုများအပေါ် စစ်တပ်က ခြယ်လှယ်မှုဟာ သက္ကရာဇ်ကို နောက်ပြန်သွားကြည့်ရင် ၁၉၅၀ ခုနှစ်လောက်အထိ ပြန်သွားပါတယ်။ ပထမတော့ ရခိုင်ခွဲထွက်ရေးသမားများကို ချေမှုန်းပြီးတဲ့နောက်ပိုင်းမှာ ဗုဒ္ဓဘာသာရခိုင်တွေကို ခေါင်းမထောင်နိုင်အောင် နှိမ်နင်းဖို့ စစ်တပ်ဟာ မွတ်ဆလင်ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းခဲ့တယ်။ နောက်တော့ စစ်တပ်က ရိုဟင်ဂျာတွေဖက်လှည့်လာတယ်။ ၁၉၇၈ ခုနှစ်မှာ အရှေ့ဖျားစီးပွားရေးစောင့်ကြည့်စာစောင်မှာ ရိုဟင်ဂျာတွေကို ဗမာ အသားအရောင်ခွဲခြားမှုရဲ့ သားကောင်တွေလို့ ဖော်ပြခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာပြီးနောက် နိုင်ငံသားဥပဒေတရပ်က ရိုဟင်ဂျာတွေကို တိုင်းရင်းသားစာရင်းက ပယ်ဖျက်လိုက်ပါတယ်။ သူတို့ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောင်းရွှေ့လာသူ မွတ်ဆလင်တွေလို့ ပုံဖော်ပါတယ်။ မြန်မာပြည်မှာ မွတ်ဆလင်ဆန့်ကျင်ရေး ရေချိန်မြင့်မားလာချိန် ဗုဒ္ဓဘာသာဝင်အများစုဟာ အထူးသဖြင့် ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေဟာ ရိုဟင်ဂျာတွေကို ခိုးဝင်လာသူတွေလို့ သတ်မှတ်ကြပါတယ်။ ရိုဟင်ဂျာတသိန်းကျော်ဟာ ယာယီဒုက္ခသည်စခန်းတွေမှာ ပိတ်မိနေပါတယ်။ “သူတို့ရဲ့ လုံခြုံမှုအတွက်”ဆိုပြီး သူတို့ကို အဲဒီစခန်းတွေထဲက အပြင်ထွက်ခွင့်မပေးပါဘူး။ သူတို့ဟာ ယာယီသက်သေခံ ကပ်ပြားတွေကို ကိုင်ဆောင်ထားပါတယ်။ ဖေဖော်ဝါရီလမှာတော့ သူတို့ရဲ့ မဲပေးခွင့်တွေ ဆုံးရှုံးသွားခဲ့တော့ပါတယ်။

မြန်မာအစိုးရဟာ ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေအကြားက ပဋိပက္ခကို သာမန် ဘာသာရေးအရ ခိုက်ရန်ဖြစ်ပွားမှု သို့မဟုတ် လူမျိုးစုတွေအကြား ခိုက်ရန်ဖြစ်ပွားမှုလို့ ပုံဖော်ကာ တာဝန်ကနေ ရှောင်လွှဲဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော့်အနေနဲ့ကတော့ စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုရှင် အမ္မာတီယာဆင် အပါအဝင် ထင်ရှားတဲ့ ပညာရှင်များနဲ့ သုတေသနသမားများရဲ့ သတိပေးချက်ကိုပဲ ပိုပြီး အလေးဂရုပြုမှာ ဖြစ်ပါတယ်။ အမ္မာတီယာဆင်ရဲ့ အဆိုအရ အစိုးရရဲ့ ပြောကြားချက်ဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာ ကျူးလွန်တဲ့ တဖြည်းဖြည်းမျှင်းသတ်နေသော လူမျိုးတုန်းသတ်ဖြတ်မှုကို ဖုံးကွယ်ဖို့ တမင်တကာ မဟုတ်မမှန် ဆင်လုံးမျှသာ ဖြစ်ပါတယ်။ ရိုဟင်ဂျာမုန်းတီးရေးစိတ်တွေကို အစိုးရကိုယ်တိုင်က ဂရုတစိုက်နဲ့ ပျိုးထောင်ခဲ့တဲ့ အထောက်အထားတွေ ရှိနေပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။

လူသားတွေဟာ တယောက်နဲ့တယောက် ပုံပန်းသဏ္ဍာန် နဲ့ ပြုမူပုံ ကွဲလွဲမှု ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်သူကမှ ပိုပြီးသာလွန်မြင့်မြတ်တယ်လို့ မပြောကြားနိုင်ကြပါဘူး။ သဘာဝအတိုင်းကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား ကွဲပြားခြားနားမှုမရှိပါဘူး။ ခရစ်ယာန်တယောက်ရဲ့ နှလုံးသားကိုယူပြီး ဟိန္ဒူတယောက်ရဲ့ ရင်ဘတ်ထဲမှာ အစားထိုး ထည့်ပေးလို့ရပါတယ်။ အစ္စရေးနိုင်ငံသားတယောက်ရဲ့ ကျောက်ကပ်ကို ပါလက်စတိုင်းတယောက်ထံ ပေးလှူလို့ရပါတယ်။ ကျနော်တို့ မွေးဖွားလာကြတယ်ဆိုတာ တယောက်နဲ့တယောက် အထင်အမြင်လွဲမှားမှုမရှိဘဲ၊ မယုံမကြည် မဖြစ်ဘဲ ချစ်ခင်ကြဖို့ ။ လူသားဆိုတဲ့ မိသားစုတခုရဲ့ မိသားစုဝင်တွေသာ ဖြစ်ကြပြီး တယောက်နဲ့ တယောက် အထောက်အကူဖြစ်ဖို့နဲ့ ကောင်းကျိုးအတွက်သာ ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးပါပဲ။

ခွဲခြားဆက်ဆံဖို့၊ မနှစ်သက်ဖို့ နဲ့ မုန်းတီးဖို့ဆိုတာ သင်ကြားပေးလို့ တတ်မြောက်လာကြတာပါ။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတွေအနေနဲ့၊ မိသားစုဝင်အားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံမှုအတွက် အခွင့်အရေးတွေအပေါ် ယုံကြည်သူများအနေနဲ့ ကျနော်တို့မှာ ရိုဟင်ဂျာတွေအတွက် သတ်သတ်မှတ်မှတ် တာဝန်ရှိပါတယ်။

၂၀၁၅ ဟာ မြန်မာပြည်အတွက် ကြီးကျယ်တဲ့ နှစ် တခုပါ။ ဖွဲ့စည်းပုံအတွက် လူထုဆန္ဒခံယူပွဲရော၊ အထွေထွေရွေးကောက်ပွဲပါ ဒီနှစ်ထဲမှာ ရှိပါတယ်။ စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ဆက်လက်တည်ဆောက်ဖို့ ဒီတိုင်းပြည်ကို ကျနော်တို့ အားပေးနေတဲ့ တချိန်တည်းမှာ ရိုဟင်ဂျာတွေရဲ့ ကပ်ဘေးဒုက္ခကို မျက်ခြေပြတ်မသွားစေဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့ အစိုးရတွေ၊ ကော်ပိုရေးရှင်းကြီးတွေအနေနဲ့ အကျိုးအမြတ်ကို ရှာဖွေရင်း မြန်မာပြည်နဲ့ ဆက်ဆံရေးအသစ်တွေ ပြုလုပ်ကြတဲ့အခါ အဲဒီ ဆက်ဆံရေးတွေဟာ ကောင်းမွန်တဲ့ ကျင့်ဝတ်အခြေခံတွေပေါ်မှာ တည်ဆောက်လာကြစေဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။

ဥရောပသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာ နဲ့ ဒေသဆိုင်ရာ အကူအညီများ၊ ချေးငှားမှုများ ပြုလုပ်ကြတဲ့ အဖွဲ့အစည်းတွေက မြန်မာပြည် ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေ ပေးတဲ့အခါမှာ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအဆင့်အတန်း၊ အမျိုးသားအမှတ်အသားနဲ့ အခြေခံလူ့အခွင့်အရေးများကို ပြန်လည်ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်ရမယ့် သတ်မှတ်ချက်တွေ ထားရှိပြီးမှ ရန်ပုံငွေတွေကို ပေးအပ်ကြဖို့ဆိုတဲ့ ဘုံရပ်တည်ချက်တခုကို လက်ခံကျင့်သုံးလာကြစေရန် စည်းရုံးရမယ့်တာဝန် ကျနော်တို့မှာ ရှိပါတယ်။

ဒါပါပဲ ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။

Rohingya Exodus