နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
22.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာ အခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်နှင့် တောင်ပိုင်း ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာအခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကား၊ ဆိုင်ကယ်များဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ဆင်ခြေဖုံး ကျေးရွာများသို့ အမြဲသွားရောက်၍ ဒေသခံရိုဟင်ဂျာများကို အကြောင်းအမျိုးမျိုး ခေါင်းစဉ်တပ် စွပ်စွဲကာ ငွေညှစ်လျက် ရှိသည်။

အနီးအနားကျေးရွာများမှ မြို့မဈေးသို့ ဈေးဝယ်ရန် လာရောက်သူများကို မြို့မကညင်တန်းရှိ ၎င်းတို့ စခန်းရှေ့မှ ဖြတ်သန်းသွားစဉ် ဖမ်းဆီး၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု၊ ဘက္ကားဂုံးနား ကျေးရွာမှ ဦးရာဟဲလ် (ဘ) ဦးကာလာမျာသည် မြို့မဈေးသို့ ဈေးဝယ်ရန် သွားနေစဉ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ စခန်းရှေ့မှ ဖြတ်သန်းသွားစဉ် ရဲများက အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း တောင်းခံရာ၊ ဦးရာဟဲလ်က ငွေပေးရန် ငြင်းဆန်သဖြင့် ရဲများက “ရဲတွေမှာ နည်းလမ်းပေါင်းစုံ ရှိတယ်၊ ပုဒ်မတစ်ခုခုတပ်ပြီး ထောင်ကျအောင် လုပ်လို့ရတယ်” ဟု ခြိမ်းခြောက်၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် ကျီးကန်းပြင် ကျေးရွာမှ မြို့မတောင်ရပ်ကွက် (အမှတ် (၂) ရပ်ကွက်) ဖေဇီရွာသို့ ပြောင်းရွှေ့နေထိုင်သူ ဦးဆာလေအာမတ် (ဘ) ဦးကာလာမျာကို မြို့ပေါ် လမ်းမကြီးမှ အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်ရာ ဦးဆာလေအာမတ်က ငွေမပေးသဖြင့် ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်ကို တိုက်ခိုက်ရာတွင် ပါဝင်သူဟူ၍ အမှုဖွင့် ထောင်ချမည်ဟု ခြိမ်းခြောက်၍ ၎င်းတို့ စခန်းတွင် တစ်ရက် ချုပ်နှောင်ထားကာ ဇန်န၀ါရီလ (၁၆) ရက်နေ့ ညနေပိုင်းတွင် ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ယင်းနေ့ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင်ပင် ဖေဇီရွာမှ ဦးနော်ဂျူမ် (ဘ) ဦးအဒူဆူဘာန် (ရွှေဆိုင်ပိုင်ရှင် ဦးယာစီးန်၏ တူတော်မောင်) ကိုလည်း ဖမ်းဆီး၍ လူကုန်ကူး ပွဲစားဟု လုပ်ကြံစွပ်စွဲကာ ငွေကျပ် ၈ သိန်း ညှစ်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် မြို့ဦး (ဧတာလျာ) ကျေးရွာအုပ်စု၊ ဟော်ရီတူလ္လာရွာမှ မြို့မတောင်ရပ်ကွက်၊ ဖေဇီရွာသို့ ပြောင်းရွှေ့နေထိုင်သူ ဦးရှောမ်ရှု (ဘ) ဦးမာမတ်ဟူစိန်းကို အကြောင်းမဲ့ ဖမ်းဆီး၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် ဖေဇီရွာမှ ဦးဇော်ဟိရ်အာမတ်ကို ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၂၀) ရက်နေ့တွင်လည်း အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော်ဈေးသို့ သွားရောက်၍ ဆိုင်ရှင်အချို့ထံမှ ငွေညှစ်ခဲ့သည်။ ယင်းနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဥဒေါင်းကျေးရွာသို့ သွားရောက်၍ ဥဒေါင်းမှ အပြန်တွင် ဥဒေါင်းနှင့် ကံပူးကျေးရွာ အကြား တံတားအနီးတွင် ဆိုင်ကယ်စီးလာနေသည့် ကံပူးကျေးရွာသား ဦးအာဘူဟားယတ်ကို ရဲတပ်ဖွဲ့ဝင်များ၏ ကားကို လမ်းမပေးခဲ့ဟုဆိုကာ ဆဲဆို၍ ဖမ်းဆီးရန် လုပ်သဖြင့် ဦးအာဘူဟားယတ်သည် ဆိုင်ကယ်ကို ထိုနေရာတွင် ထား၍ ထွက်ပြေး၍ ရဲများက ၎င်း၏ ဆိုင်ကယ်ကို ကားပေါ်တင်၍ မောင်တောမြို့သို့ ယူဆောင် သွားခဲ့သည်။ ၎င်းကို မတရားဖမ်းဆီးရန် ကြိုးစားခြင်းမှာ ဥဒေါင်းကျေးရွာတွင် ငွေညှစ်ရန် အဆင်မပြေခဲ့သဖြင့် ဒေါသထွက်၍ လမ်းတွင်တွေ့သည့်သူကို ယခုကဲ့သို့ လုပ်ခြင်းဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။



MYARF
RB News
22.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာမှ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကို နယ်ခြားစောင့်ရဲ တစ်ဦးက ရိုက်နှက်၍ ရွှေ၊ ငွေ၊ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာအုပ်စု မှ ဦးအလီဟူစိန်း၏ သမီး မရှောမ်ရှီဒါ (အသက် ၂၅ နှစ်) သည် ကျောင်းတောင် (ဂေါ်ရာခါလီ) ကျေးရွာသား တစ်ဦးနှင့် အိမ်ထောင်ကျပြီး ကလေးနှစ်ဦး ထွန်းကားခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူမှာ အလုပ်အကိုင်မရှိသောကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေရသဖြင့် ဇန်န၀ါရီလ (၁၅) ရက်နေ့ ယင်းကျေးရွာအုပ်စုရှိ မိဘများထံ သွားရောက်၍ အကူအညီတောင်းခံခဲ့ရာ မိဘများက ၎င်းအား ငွေကျပ် ၆ သောင်း ပေးခဲ့သည်။ 

မရှောမ်ရှီဒါသည် ယင်းနေ့  နေ့လည် ၃ နာရီ အချိန်တွင် မိဘများပေးသည့် ငွေကျပ် ၆ သောင်းနှင့် နေအိမ်သို့ ပြန်နေစဉ် ဥဒေါင်းနှင့် ကျောင်းတောင်ရွာ အကြားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ဆိုင်ကယ်စီးနင်း သွားနေသော နယ်ခြားစောင့်ရဲတစ်ဦးက ဆိုင်ကယ်ကို ရပ်တန့်ပြီး၊ မရှောမ်ရှီဒါ၏ ခန္ဓာကိုယ် အနှံ့ ရှာဖွေခဲ့သည်။ ထို့နောက် ငွေကျပ် ၆ သောင်းနှင့် ရွှေနားပွင့် တစ်ပွင့် (တန်ဖိုးအားဖြင့် ၅ သောင်းကျပ်) တို့ကို အတင်းအဓမ္မ လုယက်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

မရှောမ်ရှီဒါက ၎င်း၏ ရွှေနှင့် ငွေကျပ် ၆ သောင်းကို ပြန်တောင်းသဖြင့် နယ်ခြားစောင့်ရဲက ၎င်းကို ရိုက်နှက်ခဲ့သည်။ ထိုစဉ် ကျောင်းတောင် ကျေးရွာတာဝန်ခံ ရောက်ရှိလာပြီး အမျိုးသမီးထံမှ လုယက်ခဲ့သည့် ရွှေနှင့် ငွေကျပ် ၆ သောင်းကို ပြန်ပေးရန် ပြောဆိုသောအခါ နယ်ခြားစောင့်ရဲက ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ ထွက်သွားခဲ့သည်။ 

ထို့နောက် ကျောင်းတောင် ကျေးရွာတာဝန်ခံက ကျောင်းတောင် ကျေးရွာအပိုင် တောင်အနီးတွင် ရှိသော စစ်တပ်စခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ စစ်သားများက နယ်ခြားစောင့်ရဲကို မရှောမ်ရှီဒါ ထံမှ လုယက်ခဲ့သည့် ရွှေနှင့် ငွေကျပ် ၆ သောင်း ပြန်ပေးခိုင်းသော်လည်း ငွေကျပ် ၆ သောင်းသာ ပြန်ပေးခဲ့ပြီး ရွှေနားပွင့်ကို ပြန်လည် မပေးခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ နယ်ခြားစောင့်ရဲသည် ဥဒေါင်းကျေးရွာထဲမှ ဆိုင်ကယ်စီးနင်းသွားစဉ် ဆိုင်ကယ်စီးနင်းသွားနေသော ကံပူးကျေးရွာမှ အဒူလ္လာ (ဘ) ဦးအာဘူဆီဒိတ် ကိုလည်း ဆိုင်ကယ်ရပ်တန့်ခိုင်းပြီး အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 






RB News
22.1.2017

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာတွင် ဒေသခံရိုဟင်ဂျာများကို ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုထွက်ပေါ်ပြီးနောက် ယနေ့ ဇန်န၀ါရီလ (၂၂) ရက်နေ့ နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များမှ ခြံစည်းရိုးများ ဖြိုဖျက်နေသည့် ဗီဒီယိုတစ်ခု ထွက်လာသည်။

ယခုထွက်လာသည့် ဗီဒီယိုမှာ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာတွင် ရိုက်ကူးထားသည့် ဗီဒီယိုဖြစ်ပြီး၊ မည်သည့်နေ့ရက်တွင် ရိုက်ကူးထားသည်ကို စုံစမ်းနေဆဲဖြစ်သည်။

ဗီဒီယိုအပြည့်အစုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။




Rohingya Eye
RB News
21.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒု-ရဲအုပ်အဆင့် ရှိသူက ကင်းစခန်းရှေ့မှ ဖြတ်သန်း သွားလာသူများကို ကိုယ်ထိလက်ရောက် စော်ကား၍ ငွေများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲ၊ ဟော်ရော်သိလ္လာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒု-ရဲအုပ် အဆင့်ရှိသူသည် ဇန်န၀ါရီလ (၁၉) ရက်နေ့ မွန်းလွှဲ (၃) နာရီ အချိန်တွင် အဆိုပါ ကင်းစခန်းရှေ့မှ ဖြတ်သန်း သွားလာသူများကို ကိုယ်ထိလက်ရောက် စော်ကား၍ ငွေများ လုယက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဟော်ရော်သိလ္လာ ကျေးရွာမှ ရော်ဖိတ် (ဘ) ဦးဟာဘီအူလ္လာ (အသက် ၂၅ နှစ်) သည် မော်တော်ဆိုင်ကယ် ကယ်ရီသမား တစ်ဦးဖြစ်ပြီး အဆိုပါ ကင်းစခန်းကို ဖြတ်သန်းသွားနေစဉ် ၎င်း၏ ဆိုင်ကယ်ကို ဒု-ရဲအုပ်အဆင့်ရှိသူက ရပ်တန့်ခိုင်း၍ ရိုက်နှက်၍ အိတ်ထဲတွင် ပါသည့် ငွေကျပ် တစ်သောင်းကို အတင်းအဓမ္မ လုယက်ယူခဲ့သည်။

တောင်ရွာမှ ကာဆိမ်းအလီ (ဘ) ဦးဇာနာလီ (အသက် ၂၀ နှစ်) သည်လည်း မော်တော်ဆိုင်ကယ် ကယ်ရီသမား တစ်ဦးဖြစ်ပြီး အဆိုပါ ကင်းစခန်းကို ဖြတ်ကျော်သွားနေစဉ် ဒု-ရဲအုပ်အဆင့်ရှိသူက ရိုက်နှက်၍ အိတ်ထဲတွင် ပါသည့် ငွေကျပ် နှစ်ထောင်ကို လုယက်ယူခဲ့သည်။

အလားတူ ဟော်ရော်သိလ္လာရွာမှ ဦးဆွေယော့ဒူရော်န် (ဘ) ဦးနော်ဇိရ် (အသက် ၃၀ နှစ်) သည် နေအိမ်ခြံဝင်း အတွင်းမှ အမှိုက်များကို မီးရှို့၍ ရှင်းလင်းခဲ့ရာ ကောက်ရိုးပုံသို့ မီးကူးစက် လောင်ခဲ့သည်ကို အကြောင်းပြု၍ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ငွေကျပ် (၇) ထောင် အတင်းအဓမ္မ ညှစ်ယူခဲ့သည်။

“လူငယ်တွေ အသက်မွေးဝမ်းကျောင်းပြု နေတာကို အားပေးရမယ့် အစား ငွေလုယက်နေတာက အတော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ နယ်ခြားစောင့်ရဲတွေက ရထားတဲ့ အခွင့်အာဏာကို အလွဲသုံးစား ပြုနေတာတွေကို အထက်လူကြီးတွေ အနေနဲ့ အရေးယူသင့်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




RB News
20.1.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်းနှစ်ခုမှ ဒုက္ခသည်များမှာ စားနပ်ရိက္ခာပြတ်လပ်လျက်ရှိပြီး၊ ဆောင်းတွင်း အ၀တ်အစားများ အတွက် အခက်အခဲ ကြုံတွေ့လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာအုပ်စု အတွင်းရှိ ဒုက္ခသည် စခန်း နှစ်ခုဖြစ်သည့် ချိန်ခါလီ ဒုက္ခသည် စခန်းတွင် မိသားစု ၂၅၅ စု၊ လူဦးရေ ကျား ၆၅၂ ဦး၊ မ ၇၈၅ ဦး၊ စုစုပေါင်း ၁၄၃၇ ဦးနှင့် ကိုးတန်ကောက် ဒုက္ခသည် စခန်းတွင် မိသားစု ၁၈၄ စု၊ လူဦးရေ ကျား ၄၇၆ ဦး၊  မ ၅၅၄ ဦး၊ စုစုပေါင်း ၁၁၃၀ ဦး - စခန်းနှစ်ခု စုစုပေါင်း ကျား ၁၁၂၈ ဦး၊ မ ၁၃၃၉  ဦး၊ စုစုပေါင်း ၂၄၆၇ ဦး နေထိုင်လျက် ရှိသည်မှာ ၂၀၁၂ ခုနှစ် ဇွန်လမှ ဖြစ်သည်။

အဆိုပါ ဒုက္ခသည် ၂၄၆၇ ဦးတို့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် လစဉ်ရိက္ခာ ထောက်ပံ့ပေးနေသည့် WFP မှ နိုဝင်ဘာလ တစ်လအတွက်သာ ရိက္ခာထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် ဒုက္ခသည်စခန်း အပြင်သို့ သွားရောက်၍ အလုပ်လုပ်ခွင့်ကို လွန်ခဲ့သည့် ၄ လခန့်မှစ၍ အာဏာပိုင်များက တားဆီး ပိတ်ပင်လိုက်သောကြောင့် ဒုက္ခသည်များ စားဝတ်နေရေး အလွန် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။

ယခုအခါ ဆောင်းရာသီတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များမှာ ဆောင်းတွင်းဝတ် အနွေးထည်များ လုံလောက်စွာ မရှိသောကြောင့် အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ သွေးတိုးခြင်းများ အမျိုးမျိုး ခံစားနေရသည်ဟု ဆိုသည်။

ကျန်းမာရေးဆိုင်ရာ အကူအညီများကို ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ MHAA ဟူသည့် အဖွဲ့အစည်းမှ ၂၀၁၅ ခုနှစ်တွင် တစ်လတစ်ကြိမ် (၅) ကြိမ် လာရောက်စောင့်ရှောက် ပေးခဲ့ကြောင်း၊ အခြား မည်သည့် အဖွဲ့အစည်းကမှ စောင့်ရှောက် ကူညီပေးခြင်း မရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ လာရောက်ရန် ခက်ခဲသည့် နေရာဖြစ်သည်ကို အခွင့်ကောင်းယူ၍ အစိုးရက ရိက္ခာဖြတ်၊ ကျန်းမာရေး စောင့်ရှောက်မှု မပေးသည့် အပြင် အပြင်ထွက် အလုပ်လုပ်ခွင့်ပါ ပိတ်ပင်၍ အနုနည်းဖြင့် သတ်ဖြတ်နေခြင်း ဖြစ်သည်ဟု ဒုက္ခသည်များက ဝေဖန် ပြောဆိုနေကြသည်။

ချိန်ခါလီ ဒုက္ခသည်စခန်း၌ စားဝတ်နေရေး ခက်ခဲနေချိန်တွင် ဒုက္ခသည်စခန်း ခေါင်းဆောင်ဖြစ်သူ ဦးအဒူရော်ကိမ်း (ဘ) ဦးဆွေယော့မာမောက်က လွန်ခဲ့သည့် နှစ်လခန့်က ဆွဲ၊ တင်၊ စစ် အမည်ဖြင့် ဓါတ်ပုံ ရိုက်သွားခဲ့သည့် ဓါတ်ပုံရိုက်ခဆိုကာ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၀၀၀/- နှုန်းဖြင့် ဇန်န၀ါရီလ (၁၈) ရက်နေ့မှစ၍ ကောက်ခံလျက် ရှိသည်။ ကိုးတန်ကောက် ဒုက္ခသည်စခန်းတွင် စားဝတ်နေရေး အကျပ်အတည်းကြောင့် ကောက်ခံမှု မရှိသေးသော်လည်း ချိန်ခါလီဒုက္ခသည် စခန်းတွင် ကောက်ခံနေသည်ဟု သိရှိရသည်။




MYARF
RB News
20.1.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အပိုင် လိပ်ရ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူးသည် ယမန်နေ့ ညပိုင်းမှ စ၍ ပျောက်ဆုံးနေခဲ့သည့် အသွင်ဖြင့် နေခဲ့ပြီး၊ နယ်မြေအတွင်း စစ်ကြောင်းများပင် အလုပ်ရှုပ်ရသည့် အနေအထား အခြေအနေသို့ တွန်းပို့ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အပိုင် လိပ်ရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှနယ်မြေမှူးသည် ဇန်န၀ါရီလ (၁၉) ရက်နေ့ ည (၇) နာရီ အချိန်ခန့်မှစ၍ ပျောက်ဆုံးသွားသည့် ပုံစံမျိုး ဖန်တီးခဲ့ရာ နယ်ခြားစောင့်ရဲများက တစ်ညလုံး လိုက်လံ ရှာဖွေခဲ့ကြောင်း၊ နယ်ခြားစောင့်ရဲများ ၎င်းကို ရှာဖွေ မတွေ့ရှိ၍ ညသန်းခေါင်ယံ (၁) နာရီ အချိန်ခန့်တွင် တပ်မတော် စစ်ကြောင်းကို လှမ်းခေါ်သဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ နံနက် မိုးလင်းအချိန်တွင် နယ်မြေမှူးသည် နေအိမ်တစ်အိမ်မှ ထွက်လာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

နယ်မြေမှူးသည် ယင်းကျေးရွာမှ ၀င်းလတ် ဆိုသူ၏ နေအိမ်သို့ ည (၇) နာရီ အချိန်မှစ၍ သွားရောက် တည်းခိုနေခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

ဝင်းလတ် ဆိုသူသည် ယခင်ကတည်းက နယ်မြေမှူး၊ စခန်းမှူး အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ၎င်း၏ ဆယ်ကျော်သက် အရွယ် သမီးရင်းဖြစ်သူ မ ------- နှင့် ကာမစိတ် ဖျော်ဖြေရေး အတွက် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသောသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

“နယ်မြေ လုံခြုံရေး တာဝန်ယူထားတဲ့ နယ်မြေခံ အကြီးတန်း အရာရှိကြီး တစ်ဦးက ညအချိန်မှာ သူ့ရဲ့ လက်အောက်ငယ်သား တပ်ဖွဲ့ဝင်တွေ မသိအောင် ပြည့်တန်ဆာ လိုက်နေတာက ဒေသတည်ငြိမ် အေးချမ်းရေး အတွက် အလွန် အန္တရာယ်ကြီးတဲ့ ဖြစ်ရပ်တစ်ခုပါ။ သက်ဆိုင်ရာ အကြီးအကဲတွေ အနေနဲ့ အခုလို မဖြစ်ပွားအောင် အချိန်မီ မဆောင်ရွက်ဘူးဆိုရင် ပေါ်ပေါက်လာမယ့် မလိုလားအပ်တဲ့ ပြဿနာတွေရဲ့ ဆိုးကျိုးတွေကို ခါးခါးသီးသီးခံရမှာက ကျွန်တော်တို့ ဒေသခံ ပြည်သူတွေဖြစ်တဲ့ အတွက် အစိုးရအနေနဲ့ အခုကိစ္စကို အလေးအနက်ထားပြီး အရေးယူစေချင်တယ်” ဒေသခံတစ်ဦးက စိုးရိမ်တကြီးဖြင့် ပြောသည်။


RB News
20.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရှိ ဗလီများကို ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ပိတ်ထားခဲ့ပြီး၊ ယခုအခါ မြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ပေး၍ ၀တ်ပြုခိုင်းပြီး ဓါတ်ပုံရိုက်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၈) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ ဒေသခံများကို ဖေဇီဂျာမေဗလီနှင့် မြို့မငါးခူရ ဗလီများသို့ ခေါ်ဆောင်သွားပြီး နေ့လည်ပိုင်း နှစ်ချိန် (ဇဟိုရ်နှင့် အစွာရ်) ၀တ်ပြုခိုင်း၍ ၀တ်ပြုနေစဉ် ဓါတ်ပုံ ရိုက်ယူရန် ညွန်ကြားခဲ့ကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့ပေါ်ရှိ ဗလီများကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို အကြောင်းပြု၍ ပိတ်ထားခဲ့သည်မှာ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ဖြစ်ပြီး၊ စုံစမ်းရေး ကော်မရှင်များ သွားလျှင် ခရိုင်နှင့် မြို့နယ် အာဏာပိုင်များက ပုဒ်မ ၁၄၄ တွင် ဗလီများ ပါဝင်ခြင်း မရှိဟု ဆိုကာ ငြင်းဆိုလေ့ရှိသည်။ အမှန်တကယ်တွင် မြို့ခံ ရိုဟင်ဂျာမွတ်စလင်များ ဗလီတွင် ၀တ်ပြုခွင့် ပိတ်ပင်ထားခြင်း ခံနေရသည်မှာ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ဖြစ်သည်။

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ သွားရောက်သည့် အချိန်တွင်လည်း ဒေသခံများက ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် ကို ဗလီများပိတ်ထားသည်နှင့် ပတ်သက်၍ တင်ပြခဲ့သည်။ ဒေသခံတစ်ဦးက “ကျွန်တော်တို့ ဆရာဦးအေးလွင်ကို တင်ပြတော့ ရန်ကုန် ပြန်သွားပြီးမှ ဖုန်းနဲ့ ပြန်ဆက်သွယ်ပြီး ပြောတယ်။ ကျွန်တော်တို့ ဗလီမှာ ၀တ်ပြုခွင့် ရှိတယ်ပေါ့။ သဘောက ပြည်ထောင်စု အစိုးရက ခွင့်ပြုတယ်လို့ ဆိုချင်တာပါ။ ဒါပေမယ့် အမှန်တကယ် မြေပြင်မှာ မရဘူး။ ဥပမာ အနေနဲ့ ပြောရရင် မြို့ပေါ်မှာ  နယ်ထိန်း တပ်ကြပ်ကြီး လှမြင့်နဲ့အဖွဲ့က အရမ်းသောင်းကျန်းတယ်။ ၁၈ ရက်နေ့ ညနေပိုင်းမှာ မောင်နီရွာထဲကို အဲဒီ တပ်ကြပ်ကြီး ၀င်လာတယ်။ ထိုင်နေတဲ့ ရွာသားတွေဆီက ဟိုဟာတောင်း ဒီဟာတောင်း၊ ရွာသားတွေကလည်း ပိုက်ဆံမရှိတော့ မပေးနိုင်ဘူး ပြောတဲ့အခါ ကျတော့ မင်းတို့တွေထဲမှာ ဗလီဘယ်သူတွေ သွားလဲ ငါသိတယ်။ ဘယ်သူတွေ ဘာလုပ်လဲ ငါသိတယ်၊ မင်းတို့ ဗလီသွားရင် ဖမ်းပြီး ထည့်ပလိုက်မယ် ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော် အစိုးရဆီက တရားဝင် အမိန့် ကြေညာစာ လိုတယ်” ဟု RB News သို့ပြောသည်။

မြို့မတောင် ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးသည် မြို့နယ် အုပ်ချုပ်ရေးမှူး မှာကြားသည့် အတိုင်း မြို့မများကို ခေါ်သွားပြီး ဗလီတွင် ဓါတ်ပုံ ရိုက်ယူ၍ မြို့နယ် အုပ်ချုပ်ရေးမှူးထံ ပို့ပေးခဲ့ကြောင်း သိရှိရပါသည်။


RB News
20.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာများကို  ဖောင်တော်ပြင်ရှိ ဈေးသွား သွား၍ မရအောင် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားလိုက်ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စု အခြေစိုက် ခမရ (၅၆၄) မှ ဒု-တပ်ရင်းမှူးက ခြင်းသမားပုလဲတောင်ရွာမှ ရွာလူကြီး အချို့ကို ဆင့်ခေါ်၍ တပ်ရင်းဘေး၌ ရှိသည့် လမ်းမှ ဖြတ်သန်းသွားလာခြင်း မပြုတော့ရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ကျွန်တော်တို့ တစ်ရွာလုံးက ဖောင်တော်ပြင် ဈေးကနေသာ ၀ယ်နေရတယ်။ စားသောက်စရာ အကုန် အဲဒီဈေးက ၀ယ်ရတာပါ။ အခု တပ်ရင်းဘေးမှာ ရှိတဲ့ လမ်းမကနေ ဖြတ်သန်း သွားလာခွင့် မရှိတော့ဘူး ဆိုတော့ ဈေးကို သွားခွင့် မရှိတော့ဘူး။ ဈေးကို အဲဒီ လမ်းတစ်လမ်းထဲက သွားလို့ရတာပါ။ အခုလို သွားခွင့် ပိတ်ပင်လိုက်တဲ့ အတွက် ကျွန်တော်တို့ ရွာမှာ အငတ်ဘေး ကြုံရမယ့် အနေအထား ရောက်သွားပါလိမ့်မယ်” ဟု ရွာသားတစ်ဦးက RB News သို့ပြောသည်။

ခမရ (၅၆၄) တပ်ရင်းသည် ခြင်းသမား ပုလဲတောင် ကျေးရွာ၏ မြောက်ဘက်တွင် ရှိပြီး၊ ဖောင်တော်ပြင် ဈေးသည် တပ်ရင်း၏ မြောက်ဘက်တွင် ရှိသောကြောင့် တပ်ရင်းဘေးမှ ရှိသည့် လမ်းမှ ဖြတ်သွားမှသာ ဈေးသို့ ရောက်နိုင်သည်ဟု အဆိုပါ ရွာသားက ပြောပါသည်။



Rohingya Eye
RB News
19.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာအုပ်စုတွင် ဆွဲ၊ တင်၊ စစ် ပြုလုပ်ခဲ့ပြီး၊ ဓါတ်ပုံရိုက်ခဟု ဆိုကာ ငွေကျပ် ၅၀၀၀ စီ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာတွင် အိမ်ထောင်စု (၆၃၇) စု ရှိပြီး၊ လူဦးရေ အားဖြင့် ၈ ထောင်ကျော် ရှိသည်။ ဇန်န၀ါရီလ (၁၂) ရက်နေ့မှ စ၍ (၁၆) ရက်နေ့ထိ ဆွဲ၊ တင်၊ စစ် စစ်ဆေးခဲ့သည်။ ဓါတ်ပုံရိုက်ခငွေကျပ် ၅၀၀၀/- စီ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ကောက်ခံသည့် ငွေကျပ် ၅၀၀၀/- မှ တပ်မတော် တပ်ရင်း (၅၅၂) မှ တပ်ရင်းမှူး အတွက် ငွေကျပ် ၂၀၀၀/- ၊ နယ်မြေ (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူး အတွက် ငွေကျပ် ၂၀၀၀/- ဟု ဆိုကာ ယင်းကျေးရွာ ယာယီ အုပ်ချုပ်ရေးမှူး ဦးအာဘူလ်ကာလာမ် က ကောက်ခံခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

အိမ်ထောင်စု (၅၀၀) နီးပါးသာ ဓါတ်ပုံ ရိုက်နိုင်ခဲ့ပြီး၊ ကျန်အိမ်ထောင်စုများမှာ ငွေကျပ် ၅၀၀၀/- မတတ်နိုင်သောကြောင့် ဓါတ်ပုံရိုက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 

ဇန်န၀ါရီလ (၁၅) ရက်နေ့နှင့် (၁၆) ရက်နေ့များတွင် အစိုးရ အစီအစဉ်ဖြင့် ဆန်အိတ် (၁၆၁) အိတ် ထောက်ပံ့ခဲ့ရာ၊ ဆွဲ၊ တင်၊ စစ် တွင် ပါဝင်နိုင်ခဲ့သူများကို ခွဲဝေ ပေးခဲ့ပြီး၊ တစ်ဦးလျှင် ဆန် ၅ ဗူးနှင့် ပဲ တစ်ဗူးစီသာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ရွာသားများကို ခွဲဝေပြီးနောက် ပိုလျှံသည့် ဆန်အိတ် (၂၅) အိတ်ကို ယာယီအုပ်ချုပ်ရေးမှူးက သိမ်းဆည်း လိုက်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

တပ်ရင်း (၅၅၂) မှ တပ်ရင်းမှူးသည် ကျေးရွာ တောင်ဘက်ရှိ ဦးဆာဒဲခ် (အသက် ၃၃ နှစ်) ၏ နေအိမ်တွင် နေထိုင်လျက် ရှိပြီး၊ အိမ်ပိုင်ရှင် ဖြစ်သူ ဦးဆာဒဲခ်ကို နေအိမ်မှ နှင်ထုတ်လိုက်ကြောင်း အခြား ဒေသခံတစ်ဦးက ပြောပါသည်။ 

“ရွာသူရွာသားတွေကို တစ်ရွာကနေ တစ်ရွာကို သွားလာခွင့် ပိတ်ပင်ထားတယ်။ အလုပ်လည်း လုပ်လို့မရဘူး။ စားဝတ်နေရေး အကျပ်အတည်း ဖြစ်နေတဲ့ အချိန်မှာ ငွေ ၅၀၀၀ ဘယ်ကရမလဲ၊ ကျွန်တော်တို့မှာ ရှိနေတဲ့ အခက်အခဲတွေကို အာဏာပိုင်တွေက စာနာမှု မရှိဘူး။ ငွေကြေး မတတ်နိုင်တဲ့သူတွေကို ဓါတ်ပုံရိုက် မပေးဘဲ စာရင်းက ဖျောက်ပစ်နေတာက နိုင်ငံတွင်းမှာ စာရင်းမဲ့ ဖြစ်အောင်လုပ်ပြီး တစ်ဖက်နိုင်ငံကို တွန်းပို့ နေတာနဲ့ အတူတူပဲ” ဟု ကျေးရွာလူကြီး တစ်ဦးက ပြောပါသည်။ 




RB News
18.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ ရွာသား (၄) ဦးကို စစ်သားများက ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီးနောက် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၇) ရက်နေ့ နံနက် ၅ နာရီခန့် အချိန်တွင် ငါးစားကြူး ကျေးရွာအုပ်စု လိပ်အိုင်ရွာမှ ဒေသခံ ရိုဟင်ဂျာ ရွာသား (၃) ဦးကို စစ်သားများက ၎င်းတို့၏ ခြံဝင်းများ အတွင်းမှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ညနေ ၅း၃၀ နာရီခန့်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဖမ်းဆီးခံရသူများမှာ --

(၁) ဦးအဒူရော်ရှိတ် (ဘ) ဦးဘာဆူ (အသက် ၂၇ နှစ်)
(၂) ဦးအဗ်ဒူလ္လာ (ဘ) ဦးအဒူဂိုဖာရ် (အသက် ၂၈ နှစ်)
(၃) ဦးဘာရှားမျာ (ဘ) ဦးဂိုရာမျာ (အသက် ၂၈ နှစ်) -- တို့ဖြစ်ကြပြီး၊ စစ်သားများက ဦးအဗ်ဒူလ္လာ ထံမှ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့သည်။ ၎င်းအား လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ထားခြင်းကြောင့် ယခုအခါ အိပ်ရာမှ ထ၍ မရလောက်အောင်ပင် ဖြစ်နေသည်ဟု အဆိုပါ ဒေသခံကပြောပါသည်။

အလားတူ ဇန်န၀ါရီလ (၁၆) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီခန့် အချိန်တွင် ငါးစားကြူးကျေးရွာအုပ်စု၊ ဂူးနားရွာမှ ဆိုင်ကယ် အငှားလိုက်သည့် ဦးနူရူအာမီးန် (ဘ) ဦးကော်ရူးမ်အလီ (အသက် ၂၆ နှစ်) ကို စစ်သားများက ပြောင်းပိုက်ရွာမှ ဖမ်းဆီး၍ လောင်းဒုံကျေးရွာအုပ်စု ရှိ စခန်းသို့ ခေါ်ဆောင်သွားပြီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် ငွေကျပ် တစ်သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဆိုင်ကယ်ကို သိမ်းဆည်း ထားခဲ့ကြောင်း၊ ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် ဆိုင်ကယ်ကို ပြန်ပေးမည်ဟု အကြောင်းကြားသဖြင့် လူလွှတ်၍ ယူခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။

အစိုးရသတင်းများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့မှ ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်ခြင်း မရှိဟု အကြိမ်ကြိမ် ငြင်းဆိုလျက်ရှိသော်လည်း မောင်တောခရိုင်တွင် နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ၎င်းတို့ စိတ်ထင်သလို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်လျက် ရှိသည်။




(ဖော်ပြပါ ဓါတ်ပုံများမှာ ဦးနူရူအာမီးန်၏ ပုံများ ဖြစ်သည်)

ရခိုင်ပြည်နယ်တွင်းက အခြေအနေမှန်ကို သိရှိနိုင်ဖို့ အတွက် အမှန်တကယ် သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး တစ်ရပ် ပြုလုပ်ဖို့ လိုတယ်လို့ မြန်မာပြည်တွင်းက အဖွဲ့အစည်း ၄၀ ကျော်က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။






O’Laie Manzu
RB News
17.1.2017

၁၉၇၀ ခုနှစ်ရဲ့ ဆယ်စုနှစ်အကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်အရှေ့ပိုင်းနယ်စပ်ဒေသက ရှုပ်ထွေးပြီး အငြင်းပွားဖွယ်ရာကိစ္စတခုဖြစ်တဲ့ “ဒုက္ခသည်များအား မွေရပ်ဌာနေ ပြန်ပို့အရေးအစီအစဉ်”မှာ UNHCR ရုံးက ပါဝင်ပတ်သက်ခဲ့ရပါတယ်။ သူတို့ကတော့ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ မြန်မာနိုင်ငံ၊ အာရကန်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်အဖြစ်ထွက်ပြေးခိုလှုံခဲ့ကြတဲ့ လူနည်းစု မွတ်စလင် ရိုဟင်ဂျာ တွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ မတူကွဲပြားသူတွေရဲ့ ရွေ့ပြောင်းနေထိုင်မှုကိစ္စတွေနဲ့ လူမျိုးစုအကြား အငြင်းပွားဖွယ်ရာကိစ္စတွေ သမိုင်းအဓွန့်ရှည်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဗြိတိသျှလက်အောက်က ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး ချက်ချင်းဆိုသလိုပဲ အာရကန်ပြည်နယ်က ရိုဟင်ဂျာ နဲ့ ဒေသခံ ရခိုင်တွေအကြား တင်းမာမှုတွေ တိုးလာခဲ့ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတာ အိန္ဒိယတိုက်က ရွှေ့ပြောင်းလာတဲ့ လူသစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒီလူတွေဟာ မူရင်းဌာနေ တိုင်းရင်းသားအစုအနေနဲ့ နိုင်ငံသား ဖြစ်ခွင့်ထဲမှာ မပါဝင်ပါဘူးလို့ ယူဆပါတယ်။ ဒါလို ရိုဟင်ဂျာတွေကို ခွဲခြားထားတဲ့အတွက် သူတို့အနေနဲ့ အခြေခံ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိနိုင်ဖို့အတွက် အလွန်ခက်ခဲသွားစေခဲ့ပါတယ်။

‘နယ်စပ်ဒေသမှာနေထိုင်သူတွေကို စနစ်တကျ စီစစ်ဖို့’ နဲ့ ‘နိုင်ငံအတွင်း တရားမဝင်ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေကို အရေးယူဖို့’ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာလူဝင်မှု ကြီးကြပ်ရေးဟာ “နဂါးမင်းစစ်ဆင်ရေး” ကို ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမခံရတဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားဦးတည်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးတာတွေ၊ နေအိမ်ကနှင်ထုတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့အတွက် ၁၉၇၈ ခုနှစ် ဇူလိုင်လမှာ ရိုဟင်ဂျာအမြောက်အမြားဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ နှစ်သိန်းခွဲကျော် ဒုက္ခသည်အဖြစ် ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ တစ်ဖက်မှာ ထွက်ပြေးသွားသူ ဦးရေဟာ တစ်သိန်းခွဲတောင်မပြည့်ဘူးလို့ မြန်မာအစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ဒုက္ခသည်အများအပြားရောက်ရှိလာတာဟာ လူဦးရေထူထပ်ပြီး စီးပွားရေးချွတ်ခြုံကျနေတဲ့ ဘင်္ဂလားဒေ့ရှ်အဖို့ အကျပ်အတည်းတွေ ပိုမိုဖြစ်စေခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်စေခဲ့ပါတယ်။ ဒီအကျပ်အတည်းတွေအပြင် ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုတွေကို အခြားမွတ်စလင်နိုင်ငံရဲ့ စိုးရိမ်းမှုမြင့်မားလာတာကြောင့် ဘင်္ဂလားဒေရှ့်အစိုးရဟာ ကုလသမဂ္ဂ (UN) ထံ အကူအညီတောင်းခံခဲ့ပါတယ်။

ဒုက္ခသည်အများစုဟာ စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေတွေမှာ နေထိုင်ကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဒီဒုက္ခသည်တွေကို အမြဲတမ်းကြည့်ရှုထားဖို့အတွက် ဆက်လက် မလုပ်ဆောင်ပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ အထောက်အကူပြု အစီအစဉ်ကြီးတစ်ရပ်ကို စတင်ခဲ့ပြီး UNHCR ရုံးက ၁၉၇၈ ခုနှစ်မေလ မှာစတင် ကိုင်တွယ်ခဲ့ပါတယ်။ ဒီအစီအစဉ်နဲ့ စုစုပေါင်း ဒုက္ခသည်စခန်း (၁၃) ခုကို တည်ထောင်ပေးခဲ့ပါတယ်။

အခက်အခဲ ပြေလည်စပြုလာတဲ့အခါ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဒုက္ခသည်ပြဿနာ တာရှည်ပြေလည်နိုင်ဖို့ နည်းလမ်းရှာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ နှစ်နိုင်ငံလုံးဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ညီလာခံ သဘောတူညီချက်မှာ ပါဝင်ခဲ့လက်မှတ်ထိုးထားခြင်း မရှိခဲ့ပါဘူး။ ရိုဟင်ဂျာတွေကို မြန်မာပြည်တွင်းရှိ သူတို့ရဲ့မွေးရပ်ဌာနေကို ပြန်ပို့ပေးဖို့အတွက် ၁၉၇၈ ခုနှစ် ဇူလိုင်လမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီသဘောတူညီချက်မှာတော့ (UNHCR) ရုံးက မပါဝင်ခဲ့ပါဘူး။ ဒုက္ခသည်တွေကို ပြန်ပို့မယ့်အစီအစဉ်ကို ဆန့်ကျင်မှုတွေလည်း အများအပြား ပေါ်ပေါက်ခဲ့ပါတယ် ။ဒုက္ခသည်တွေနဲ့ ဘင်္ဂလာဒေ့ရှ် အရာရှိတွေအကြား ရုန်းရင်းဆန်ခတ် အကြီးအကျယ်ဖြစ်ခဲ့ပြီး လူပေါင်းရာနှင့်ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒုက္ခသည်စခန်းက အခြေအနေပိုဆိုး လာတာတွေ၊ ရိုဟင်ဂျာခေါင်းဆောင် အတော်များများ ဖမ်းဆီးခံရတာတွေ၊ စားနပ်ရိက္ခာ လျှော့ချမှုတွေနဲ့ ရင်ဆိုင်ရတာတွေကြောင့် ဒုက္ခသည်တွေအနေနဲ့ မွေးရပ်မြေကို ပြန်ကြဖို့ တိုက်တွန်းသလို ဖြစ်လာပါတော့တယ်။ ဒါကြောင့် ၁၉၇၉ ခုနှစ်အကုန်လောက်မှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းရှစ်သောင်းလောက်ဟာ မြန်မာပြည်ထဲက သူတို့ရဲ့ မွေးရပ်ဒေသဆီ ပြန်လည် ဝင်ရောက်ခဲ့ကြပါတယ်။ နေရပ်ပြန်သူတွေရဲ့ အခြေအနေ တိုးတက်လာဖို့ကို ရည်ရွယ်ပြီး ပြန်လည် အခြေချနေထိုင်ရေး အစီအစဉ်တွေအတွက် (UNHCR) ရုံးက အမေရိကန်ဒေါ်လာ (၇) သိန်းလောက် အကုန်အကျခံခဲ့ပါတယ်။ (UNHCR) ရဲ့ ဝင်ရောက်နိုင်မှု အတိုင်းအတာကို မြန်မာအစိုးရက ကန့်သတ် ထားခဲ့ပါတယ်။ ဒါကြောင့် ပြန်သွားတဲ့ဒုက္ခသည်တွေရဲ့ အရေးကိစ္စကို အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုတွေ၊ မျှတမှု အတိုင်းအတာတွေကို (UNHCR) အနေနဲ့ စောင့်ကြည့်ဖို့ အခြေအနေမပေးခဲ့ပါဘူး။ သူတို့အပေါ် ခွဲခြားမှုတွေ ဆက်လက်ရှိနေဆဲပါပဲ။ ၁၉၈၂ ခုနှစ်မှာ နိုင်ငံသားအဆင့် သုံးဆင့်ခွဲထားတဲ့ နိုင်ငံသားဥပဒေသစ်တရပ်ကို မြန်မာအစိုးရကပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုဟင်ဂျာတွေအဖို့ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရဖို့ အလွန်မှပင်ခက်ခဲနေတုန်းပါပဲ။

၁၉၉၁ -၉၂ မှာ ရခိုင်ပြည်နယ် နောက်ပိုင်းမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေ ထပ်တခါ ထွက်ပြေးကြရပြန်ပါတယ်။ (အဲဒီအချိန်မှာတော့ အာရကန်ပြည်နယ်ကနေ ရခိုင်ပြည်နယ်လို့ နာမည်ပြောင်းလိုက်ပါပြီ)။ ဒီတစ်ချီမှာလည်း လူ နှစ်သိန်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်း (၂၀) လောက်မှာ မှတ်ပုံတင်ခဲ့ကြပါတယ်။ သူတို့ကို မြန်မာပြည် ပြန်ပို့တဲ့ အစီအစဉ်ဟာလည်း ထပ်မံ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြန်ပါတယ်။ (မြန်မာနိုင်ငံဟာလည်း Burma ကနေ Myanmar လို့ ၁၉၈၉ ခုနှစ်မှာ အမည်ပြောင်းလိုက်ပါတယ်။)

၁၉၉၂-၉၃ ခုနှစ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ရဲ့ မွေးရပ်မြေပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူခဲ့ပြန်ပါတယ်။ ဒီဆွေးနွေးဝိုင်းမှာလည်း (UNHCR) ပါဝင်ခွင့် မရရှိခဲ့ပြန်ပါဘူး။ ၁၉၉၃ ခုနှစ်မှာ မြန်မာအစိုးရက UNHCR ကို ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ပေးခဲ့ပါတယ်။ ဧပြီလ ၁၉၉၄ ခုနှစ်မှာ UNHCR က ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လိုပါက ပြန်ခွင့်ရနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာတွေရဲ့ လုံခြုံမှုအတွက် လုံလောက်တဲ့ တိုးတက် ပြောင်းလဲမှုတွေမရှိသေးပဲ ဒုက္ခသည်တွေကို ပြန်ခွင့်ပြုတယ် ဆိုတဲ့ ဝေဖန်မှုတွေ၊ တကယ်ပဲ တိုက်တွန်းမှုမပါပဲ ကိုယ့်သဘောနဲ့ ကိုယ်ခွင့်ပြုတာမှ ဟုတ်ရဲ့လားဆိုတဲ့ သံသယတွေနဲ့ အဲဒီအချိန်တုန်းက လူအခွင့်အရေးအဖွဲ့အစည်းတွေက (UNHCR) ကို အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။ (UNHCR) အနေနဲ့ နယ်စပ်နှစ်ဘက်လုံးကို ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာတွေကို ကိုယ့်မွေးရပ်ဇာတိဆီ ပြန်လိုက (တိုက်တွန်းမှုမပြုပဲ) ကိုယ့်သဘောနဲ့ကိုယ်ပြန်ခွင့်ပြုမယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြုပေမယ့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ နေထိုင်တာထက် မြန်မာပြည်တွင်းက ကိုယ့်နေအိမ်မှာ သွားပြန်နေထိုင်တာက ပိုမိုသင့်လျော်တယ်လို့ လေ့လာသုံးသပ်ခဲ့ပါတယ်။

၁၉၉၆ နဲ့ ၁၉၉၇ မှာလည်း ထောင်ပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံ ပြေးခဲ့ရပြန်ပါတယ်။ ပထမမှာ ဘင်္ဂလားဒေရှ့်ဘက်က အတင်းအကြပ် ပြန်ပို့ခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ (UN) ရဲ့ ကြားဝင်ဖြန်ဖြေပေးမှုကြောင့် အတင်းပြန်ပို့တဲ့အစီအစဉ်တွေ အတော်လေးရပ်သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းကို (UN) ဝင်ခွင့်ရပြီးနောက်ပိုင်းမှာ ပြန်လည် နေရာချထားရေးကို လုပ်ငန်းဆောင်တာတွေ၊ အခြေခံ အဆောက်အဦ တိုးတက်ဖို့တွေ အတွက်ကို လုပ်ဆောင်ပေးခဲ့ပါတယ်။ အစိုးရအဆင့်ဆင့်နဲ့လည်း ပြောဆို ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ ပေါ်တာဆွဲပြီး အလုပ်ခိုင်းစေမှုတွေ အဆုံးသတ်ပေးဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသား သတ်မှတ်ရေးကိစ္စတွေကို ကိုင်တွယ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

၁၉၉၀ ခုနှစ်ရဲ့ ဆယ်ရာစု အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့သူတွေအနက် နှစ်သိန်းလောက်ဟာ ၁၉၉၀ ဒီဇင်ဘာလလောက်မှာ သူတို့နေရပ်ဌာနေကို ပြန်သွားခဲ့ကြပါပြီ။ နှစ်သောင်းနှစ်ထောင် လောက်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ကျန်နေပါတော့တယ်။ အစောပိုင်းတုန်းကလို ရိုဟင်ဂျာတွေကို နယ်မြေစွန့်ခွာပြီး အစုအလိုက်အပြုံလိုက် ထွက်ပြေးရလောက်တဲ့ အခြေအနေတင်းမာမှုတွေ လျှော့လာပြီ ဖြစ်ပေမယ့် မြန်မာပြည်က ရိုဟင်ဂျာ အရေးဟာ အပြည်ပြည်ဆိုင်ရာ အရေးကိစ္စရပ်တခုအနေနဲ့ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

‘ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)’ က ၂၀၀၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “ကမ္ဘာ့ဒုက္ခသည်အခြေအနေနှင့် နှစ်ငါးဆယ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု အစီအရင်ခံစာ” ရဲ့ စာမျက်နှာ (၇၅) မှာ ဖော်ပြထားတဲ့ “The plight of the Rohingyas” ဆောင်းပါးကို O’Laie Manzu က ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ 

Rohingya Eye
RB News
17.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရဲစခန်းမှ တပ်ကြပ်ကြီးလှမြင့်နှင့် အဖွဲ့သည် ဆိုင်ကယ်ဖြင့် မတော်တဆ တိုက်မိသည့် ကျောင်းသားလေး တစ်ဦးကို ရိုက်နှက်၍ ဆိုင်ကယ် အသစ်တစ်စီး လျော်ကြေး ယူသည့်အပြင် ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင် အလယ်ရွာမှ အဒူလ်အာမီးန် (ဘ) ဦးနူရူဟူဆောင်း (အသက် ၁၆ နှစ်) သည် ဇန်န၀ါရီလ (၁၄) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မော်တော်ဆိုင်ကယ်စီး၍ မြို့ပေါ်မှ ရွာသို့ ပြန်နေစဉ်၊ ရွှေဇားကျေးရွာအုပ်စု၊ ဂုံးန္နာဟ်ရွာ အလယ်ရှိ ဦးရှုနာမျာ (ကွယ်လွန်) ၏ နေအိမ်ရှေ့တွင် စေတီပြင်မှ ဆိုင်ကယ်များဖြင့် ပြန်လာနေသည့် မြို့မရဲစခန်းမှ နယ်ထိန်း တပ်ကြပ်ကြီးလှမြင့်နှင့် ရဲတပ်ဖွဲ့ဝင် (၄) ဦးတို့အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ဆိုင်ကယ်နှင့် တိုက်မိခဲ့သည်။ 

ဆိုင်ကယ်တိုက်မိရာတွင် ဆိုင်ကယ်ပျက်စီးမှု မရှိသော်လည်း နယ်ထိန်းအဖွဲ့က ဆိုင်ကယ်စီးလာသူ အဒူလ်အာမီးန်ကို ၀ိုင်းဝန်း၍ ရိုက်နှက်ခဲ့သည့်အပြင် ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသူ နော်ဘီဟူဆောင်း (အသက် ၁၈ နှစ်) ကိုလည်း ၀ိုင်းဝန်း၍ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

နယ်ထိန်း တပ်ကြပ်ကြီးလှမြင့်နှင့် အဖွဲ့သည် ဆိုင်ကယ်တိုက်မိမှုကို အကြောင်းပြုပြီး၊ အဒူလ်အာမီးန် ထံမှ ဆိုင်ကယ် အသစ်တစ်စီး လျော်ကြေးအဖြစ် ယူခဲ့သည့်အပြင် ငွေကျပ် ၁၀ သိန်းလည်း ညှစ်ယူခဲ့သည်။ 

“ဆိုင်ကယ်တိုက်မိတဲ့သူက ကျောင်းသားလေး တစ်ယောက်ပါ။ မတော်တဆ တိုက်မိတာကို အခွင့်ကောင်း ယူပြီး လူမဆန်စွာ ရိုက်တယ်။ နောက်ထပ် ဆိုင်ကယ်တစ်စီး ၀ယ်ပေးရတဲ့ အပြင် ငွေ ၁၀ သိန်းပါ ညှစ်တာ အခွင့်အာဏာကို အလွဲသုံးစား လုပ်တာပဲ။ အထက်လူကြီးတွေနဲ့ သေချာ စုံစမ်းပြီး ထိထိရောက်ရောက် အရေးယူသင့်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။



Rohingya Eye
RB News
17.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒေသခံများကို အတင်းအဓမ္မ ခိုင်းစေခြင်း၊ ပလတ်စတစ်ဖြင့် ကာရံထားသည့် ရေချိုးခန်း၊ အိမ်သာများ၏ အကာအရံများကို ဖြုတ်ချ၍ အမျိုးသမီးများကို ကန်ကျောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (နယ်မြေ ၈) မှ တာဝန်ခံ ရဲမှူးသည် ဇန်န၀ါရီလ (၉) ရက်နေ့မှစ၍ မြင်းလွတ်မြို့ရှိ ဟော်ရော်သိလ္လာရွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း အသစ်တစ်ခု ဆောက်လုပ်ရန် အတွက် ရွာသစ်ရွာ၊ မောရီးချောင်းရွာနှင့် ဟော်ရော်သိလ္လာ ရွာများမှ လူ (၁၀) ဦးစီ အတင်းအဓမ္မ လုပ်အားပေးခိုင်းလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ယခင်က ယင်းရွာတွင် ကင်းစခန်းတစ်ခုရှိရာမှ နောက်ထပ်တစ်ခု တိုးနေခြင်းဖြစ်သည်။ ဒေသခံများက အလုပ်အကိုင် အတွက် အခက်အခဲဖြစ်နေသည့် အချိန်မျိုးတွင် အတင်းအဓမ္မ ခိုင်းစေနေခြင်းမှာ အလွန်တရာ ရက်စက်မှုတစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။

ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ယင်းရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် နေ့လည် ၃း၃၀ နာရီ အချိန်တွင် အဆိုပါရွာရှိ အိမ်ခြံဝင်းအတွင်းတွင် ပလတ်စတစ် အကာအရံများဖြင့် အသုံးပြုနေသော ရေချိုးခန်းများနှင့် အိမ်သာများမှ ပလတ်စတစ် အကာအရံများကို ဖြုတ်ချခဲ့ပြီး၊ အမျိုးသမီးများကိုလည်း ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သည်။

ကန်ကျောက်ခံရသည့် အမျိုးသမီးများမှာ --

(၁) ဒေါ်ဖာတေမာ (ဦးအဒူလ်ဟူးဆောင်း၏ ဇနီး) အသက် ၄၅ နှစ်
(၂) ဦးဆွေယော့ဒူလ္လာ၏ ဇနီး -- တို့ဖြစ်ကြသည်။

ထို့အပြင် အမျိုးသမီးများကို ဒဏ်ဆောင်ရမည်ဟု ဆိုကာ ကြက်တစ်ကောင်စီ ဒဏ်ရိုက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“အိမ်သာမှာ အကာမရှိရင် ဘယ်လို အိမ်သာတက်နိုင်မှာလဲ၊ ရေချိုးခန်းမှာလည်း အကာအရံမရှိရင် အမျိုးသမီးတွေ ဘယ်လိုရေချိုးကြမလဲ၊ ချမ်းသာတဲ့ လူတွေက အိမ်ထဲမှာ လုပ်နိုင်ပေမယ့် ဆင်းရဲတဲ့ လူတွေ ကတော့ အတော်လေး အခက်အခဲ တွေ့နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




MYARF
RB News
16.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း သင်္ဂနာကျေးရွာ အခြေစိုက် တပ်ရင်း ၅၅၂ မှ စစ်သားများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဘာသာရေးဆရာတစ်ဦး တပ်ရင်း၌ပင် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ မြောက်ပိုင်း၊ သင်္ဂနာကျေးရွာ အခြေစိုက် တပ်ရင်း ၅၅၂ မှ စစ်သားများသည် ဇန်န၀ါရီလ (၉) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် ငရန့်ချောင်းကျေးရွာအုပ်စုသို့ သွားရောက်၍ ဦးအာဘူဆူဖီယာန်နှင့် ၎င်း၏ သားများဖြစ်သူ ဘုရှ့်ရှာနှင့် ဆုလ်တာန်အာမတ် တို့ကို နေအိမ်မှ ဖမ်းဆီး၍ တောင်ဘဇာ ဆေးရုံနှင့် ရဲစခန်းကြား တစ်နေရာတွင် တစ်နေကုန် ကြိုးများဖြင့် ချည်နှောင်ထားခဲ့ပြီး ညနေပိုင်းတွင် တပ်ရင်း ၅၅၂ သို့ ခေါ်ဆောင်သွားခဲ့သည်။ ဇန်န၀ါရီလ (၁၂) ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့ (၃) ဦးကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

၎င်းတို့ (၃) ဦးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများဟု စွပ်စွဲလျက် ရှိကြောင်း စုံစမ်း သိရှိရသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် တပ်ရင်း ၅၅၂ မှ စစ်သား (၈) ဦးသည် ဆိုင်ကယ် ငါးစီးဖြင့် ငါးရန့်ချောင်း ချောင်းကမ်းသို့ ရောက်ရှိလာပြီး၊ ဆိုင်ကယ်များကို ကမ်းနားတွင် ထားရှိကာ ချောင်းကူး၍ ငါးရန့်ချောင်းသို့ သွားရောက်ခဲ့သည်။ ထို့နောက် စစ်သား (၃၀) ဦးခန့် စက်လှေဖြင့် ရောက်ရှိလာပြီး၊ နေအိမ်များကို ၀င်ရောက် စစ်ဆေး၍ မော်လ၀ီဘာဒူလ္လာ (အသက် ၆၀ နှစ်) နှင့် ၎င်း၏ သား ဦးဟာလာဘောဒါ (အသက် ၃၀ နှစ်)၊ မော်လ၀ီ အာဘုလ်အာလောမ် (အသက် ၁၈ နှစ်)၊ ဦးရှိုအိုင်ဘ် (ဘ) ဦးမူဇေမဲလ် (အသက် ၃၀ နှစ်)၊ ဦးမိုဟာမတ်ကာဆိမ်း (အသက် ၄၈ နှစ်) တို့ကို ဖမ်းဆီး၍ တပ်ရင်း ၅၅၂ သို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့အပြင် ဦးအာမိရ်ဟာကိမ်းနှင့် ဦးယာစီးန် တို့ကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညပိုင်းတွင် ဦးအာမိရ်ဟာကိမ်း၏ မိခင် သေဆုံးသွားသဖြင့် ဦးအာမိရ်ဟာကိမ်းက မိခင်၏ ရုပ်အလောင်းကို ကြည့်ရှုရန် လာရောက်မည်ဟု ဆိုသဖြင့် စစ်သားများက ၎င်း၏ အိမ်သို့ လာရောက်၍ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် စစ်သားများသည် ငါးရန့်ချောင်း ကျေးရွာသို့ ပြန်လည် ရောက်ရှိလာပြီး ဦးအာမိရ်ဟာကိမ်း၏ အိမ်ရှေ့ရှိ အိမ်မွေးငါးကန်ကို လက်နက်များ ၀ှက်ထားသည်ဟု ဆိုကာ ရေစုပ်စက် သုံးလုံးဖြင့် ရေစုပ်၍ ရှာဖွေခဲ့သည်။ သို့သော်လည်း မည်သည့် လက်နက်မှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စစ်သားများက ဦးအာမိရ်ဟာကိမ်းနှင့် ဦးယာစီးန် တို့ကို ရွာသားများက ဖမ်းဆီး၍ တပ်ရင်း ၅၅၂ သို့ အပ်နှံရန်၊ မအပ်နှံပါက ငရန့်ချောင်း တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် တပ်ရင်း ၅၅၂ မှ ဒု-တပ်ရင်းမှူးသည် တပ်ရင်းသို့ ရောက်ရှိလာပြီး၊ ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် ဖမ်းဆီးခဲ့သူ (၅) ဦးကို တောင်ဘဇာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွား၍ စစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် တပ်ရင်း ၅၅၂ သို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။

တပ်ရင်းတွင် စစ်သားများ၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယင်းနေ့ ညပိုင်းတွင် မော်လ၀ီ ဘာဒူလ္လာသည် တပ်ရင်း၌ပင် သေဆုံးသွားခဲ့သည်။

ယနေ့ ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၉း၄၀ နာရီ အချိန်တွင် ဒု-တပ်မမှူးနှင့် တပ်ရင်း ၅၅၂ မှ ယာယီတပ်ရင်းမှူး အပါအ၀င် စစ်သား (၅၀) ဦးခန့်သည် စစ်လှေများဖြင့် မော်လ၀ီဘာဒူလ္လာ၏ ရုပ်အလောင်းကို တောင်ဘဇာ ဆေးရုံသို့ သယ်ဆောင်လာပြီး နံနက် ၁၀ နာရီကျော် အချိန်တွင် စစ်သားများသည် မော်လ၀ီဘာဒူလ္လာ၏ နေအိမ်သို့ သွားရောက်၍ မော်လ၀ီဘာဒူလ္လာ၏ ဇနီး၊ မိခင်၊ သားသမီးများနှင့် ပတ်ဝန်းကျင်မှ လူကြီး အချို့ကို ဆေးရုံသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားကာ မော်လ၀ီဘာဒူလ္လာသည် ပန်းနာရင်ကျပ် ရောဂါဝေဒနာရှင် တစ်ဦး ဖြစ်ကြောင်း အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းခဲ့သည်။ ထို့နောက် သေဆုံးသွားသူ၏ ရုပ်အလောင်းကို မိသားစုများထံ အပ်နှံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မိသားစုများက နေ့လည်ပိုင်းတွင် ဘာသာရေး ထုံးထမ်းစဉ်လာနှင့် အညီ ယနေ့ နေ့လည်ပိုင်းတွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။

ထို့နောက် ဒု-တပ်မမှူးက ငါးရန့်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လုံမှ တဆင့် ငါးရန့်ချောင်း ရွာသားများကို မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ရန်၊ ၎င်းတို့ကို စစ်သားများက ဖမ်းဆီးမည် မဟုတ်ကြောင်း၊ အကယ်၍ အခြားနေရာများတွင် တွေ့ရှိပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက နေ့လည်ပိုင်းတွင် ရွာသားများကို ခေါ်၍ ဒု-တပ်မမှူး ပြောကြားခဲ့သည်များကို ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
15.1.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မီးတိုက်ကျေးရွာအုပ်စု၊ ရဲအောင်ချေင်း ကျေးရွာ အတွင်းသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ၀င်ရောက် စခန်းချထားမှုကြောင့် ဒေသခံများ စိုးရိမ်လျက် ရှိနေကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ မီးတိုက်ကျေးရွာအုပ်စု၊ ရဲအောင်ချောင်း ကျေးရွာမှ ဒေသခံတစ်ဦး ဖြစ်သည့် ဦးဖောယာစ် (ဘ) ဦးအန်ဒါဟူဆောင်း (အသက် ၄၈ နှစ်) သည် ဇန်န၀ါရီလ (၁၄) ရက်နေ့ ညနေပိုင်းတွင် ရွာမှ ရုတ်တရက် ပျောက်သွားပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာ ယနေ့ ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် စစ်သား အင်အား ၁၀၀ ခန့်နှင့် နယ်ခြားစောင့်ရဲ အင်အား ၅၀ ခန့် ရွာအတွင်းသို့ ၀င်ရောက်လာခဲ့သည်။

“တပ်ဖွဲ့ဝင်တွေ ရွာထဲကို ၀င်လာပြီး လမ်းမှာတွေ့သမျှ လူတွေကို ရိုက်နှက်တာတွေ လုပ်တယ်။ အဲဒီတော့ ရွာက အမျိုးသား တော်တော်များများ ရွာကနေ ထွက်ပြေးသွားတယ်။ ရွာထဲမှာကျန်ခဲ့တဲ့ အမျိုးသား ၁၀ ယောက်လောက်ကို ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ရွာအတွင်းရှိ ကျောင်းတွင် စခန်းချထားကြောင်း၊ ဖမ်းဆီးထားသူများကို တပ်ဖွဲ့ဝင်များ ညအိပ်ရန် အတွက် ကျောင်းတွင် အိပ်ရာများ ပြင်ဆင်ခိုင်းကာ ညပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရွာအတွင်းတွင် အမျိုးသမီးများသာ ကျန်နေပြီ၊ အမျိုးသားများ မရှိသလောက် ဖြစ်နေသောကြောင့် အင်အား အပြည့်နှင့် ရွာထဲတွင် စခန်းချနေသည့် တပ်ဖွဲ့ဝင်များ ညပိုင်းတွင် အကြမ်းဖက်မည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သိရှိရသည်။





မြန်မာအစိုးရမှ ရိုနေဆန်းလွင် နှင့် Rohingya Blogger သတင်းများ အပေါ် အခြေအမြစ်မရှိသည့် လုပ်ကြံစွပ်စွဲချက်များ ပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း ၍ Rohingya Blogger ၏ ထုတ်ပြန်ကြေညာချက်

လန်ဒန်မြို့၊ ဗြိတိန်နိုင်ငံ
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၁၃) ရက်

Rohingya Blogger (RB News) သတင်းအဖွဲ့၏ ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းက ရိုဟင်ဂျာများ အပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ရေး သားချက်များ အပေါ် မြန်မာအစိုးရဖက်မှ အခြေအမြစ်မရှိ၊ တစ်ဖက်သတ် လုပ်ကြံစွပ်စွဲချက်များ ထုတ် လွှင့်ရေးသားခဲ့သည့် အတွက် ကျွန်ုပ်တို့အဖွဲ့အနေဖြင့် များစွာ စိတ်အနှောက်အယှက်ဖြစ်ရပါသည်။

ကျွန်ုပ်တို့ အဖွဲ့သည် နိုင်ငံရပ်ခြား နှင့် ရိုဟင်ဂျာအများစု နေထိုင်ရာ မြန်မာနိုင်ငံ၏ အနောက်ပိုင်း အာရ်ကာန်ဒေသ မြောက်ပိုင်းမှ ရိုးသားသော နိုင်ငံကြီးသား ပီသသည့် စာနယ်ဇင်း သတင်းသမားများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

ကျွန်ုပ်တို့သည် မြန်မာအစိုးရ အဆက်ဆက်၏ ရိုဟင်ဂျာအသိုင်းအ၀ိုင်း အပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်လျက်ရှိသော ရာဇ၀တ်မှုမြောက်သည့် လူမျိုးတုန်းသတ်ဖြတ်နေမှုများကို နက်နက်ရှိုင်းရှိုင်း သိရှိထားသူများ ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ ဒေသဆိုင်ရာ ကျွမ်းကျင်နှံ့စပ်မှုများအပေါ် ယုံကြည်အား ထားသောကြောင့် နိုင်ငံတကာ သတင်းဌာနကြီးများကပင် ကျွန်ုပ်တို့ထံမှ သတင်းအရင်းအမြစ်များကို ရယူပြီး သတင်းထုတ်ပြန်နိုင်ရန် ညှိနှိုင်းဆွေးနွေး တိုင်ပင်လေ့ရှိကြပါသည်။ ကျွန်ုပ်တို့၏ သတင်းအဖွဲ့ အား နိုင်ငံတကာ သတင်းဌာနများမှ ယုံကြည်မှုရှိသည်ကို ဖျက်လိုဖျက်ဆီးလုပ်ရန် ရည်ရွယ်၍ တမင်တကာ ကြံစည်အားထုတ်ကာ မနှစ်မြို့ဖွယ်ကောင်းလောက်အောင် ၀ါဒဖြန့်ချီနေမှုများ၏ နောက်ကွယ် တွင် မြန် မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းထုတ်ပြန်ရေး ကော်မတီနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့မှ တရားဝင် ပါဝင် ပတ်သက်နေပါသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၇) ရက်နေ့နှင့် (၈) ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ် တောင် ပိုင်း၊ ဂေါ်ဒူသာရကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့ဘက်မှ ရေးသားခဲ့ သည့် သတင်းမှာ လုပ်ကြံထားသည့် သတင်းများသာဖြစ်သည်ဟု မြန်မာအစိုးရက လွဲမှားစွာ စွပ်စွဲခဲ့သည်။ Rohingya Blogger ၏ ဂုဏ်သိက္ခာ ထိခိုက်အောင် မြန်မာစစ်တပ်ပိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာမှ ပထမဆုံး စတင် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ကျွန်ုပ်တို့သည် ဂေါ်ဒူသာရ ကျေးရွာ၌ ရိုဟင်ဂျာ အမျိုးသမီးနှင့် မိန်းကလေး (၁၃) ဦးတို့ကို မြန်မာ တပ်ဖွဲ့ဝင်  များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ကျွန်ုပ်တို့၏ ရေးသားခဲ့သည့် သတင်း များ အပေါ်တွင်လည်း အခိုင်အမာ ရပ်တည်ပါသည်။ အမှန်တကယ်လည်း ကျွန်ုပ်တို့၏ Rohingya Blogger သတင်းအဖွဲ့သည် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများနှင့် သာမက မျက်မြင်သက်သေများနှင့်ပါ စကားပြော ဆိုခဲ့ပါသည်။ ထို့အတူ အစကနဦးတွင် ရရှိထားခဲ့သည့် မြန်မာတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာရွာသားများ အပေါ် ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ လုယက်ခြင်းနှင့် မုဒိမ်းကျင့်ခြင်း စသည့် သတင်းများကို လည်း သေချာစွာ စီစစ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၇) ရက်နေ့ ညပိုင်းတွင် မောရ၀တီကျေးရွာ အခြေစိုက် စစ်တပ် တပ်ရင်းမှ စစ်သားများနှင့် မန်ကျည်းချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ အမျိုးသမီးနှင့် မိန်းကလေး (၁၃) ဦးတို့ကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့သည့် သတင်းအချက်အလက်များကိုလည်း ကျွန်ုပ်တို့အဖွဲ့မှ တာဝန်ယူပါသည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ (၈) ရက်နေ့တွင်လည်း ရိုဟင်ဂျာရွာသား (၇) ဦးကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ဇန်န၀ါရီလ (၈) ရက်နေ့ နံနက်ပိုင်းတွင် ရဲမှူးကျော်သူရီ ဦးဆောင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖြစ်ရပ် အသေးစိတ်ကို မှတ်တမ်းယူ၍ အထက်အရာရှိများကို တင်ပြခဲ့သည်။ တပ်ဖွဲ့ဝင်များက အမျိုးသမီး (၃၀) ဦးနှင့် အမျိုးသား (၇) ဦးတို့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ သေလုမျောပါး ရိုက်နှက်ခြင်း၊ အခြားသော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် မောရ၀တီ အခြေစိုက် တပ်ရင်းမှူးက ညှဉ်းပန်းနှိပ်စက်ခံရသည့် အမျိုးသားများကို ခေါ်ဆောင်သွားပြီး ဆေးကုသပေးခဲ့သည်။

ဇန်န၀ါရီလ (၁၀) ရက်နေ့တွင်လည်း မြန်မာ တပ်ဖွဲ့ဝင်များသည် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ရိုဟင်ဂျာ ရွာသား (၄) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး အတင်းအကျပ် လက်မှတ်ရေးထိုး ခိုင်းခဲ့သည်။ ထို့နောက် လက်မှတ်ထိုးပေးရသူများကို ငွေကျပ် ၅ သောင်းစီ ပေး၍ ၎င်းတို့ မျက်ဝါးထင် ထင် တွေ့ကြုံ မြင်တွေ့ခဲ့ရသည့် လိင်အကြမ်းဖက်မှုများ၊ လုယက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှု များကို မည်သူ့ကိုမှ ပြန်မပြောရန် အမိန့်ပေး ညွန်ကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ ခိုင်မာတိ ကျသော သက်သေ၊ အထောက်အထားများ အားလုံးကို Rohingya Blogger မှ စုဆောင်းခဲ့ပြီး၊ သတင်း အဖွဲ့၏ လက်ဝယ်တွင် ရရှိထားပြီ ဖြစ်သည်။

Rohingya Blogger အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စွပ်စွဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကလည်း အလားတူ စွပ်စွဲသည့် သတင်းမျိုးကိုပင် ကျွန်ုပ်တို့သတင်းအဖွဲ့၏ အမည်ကို အသုံးမပြု ဘဲ အင်တာနက်တွင် ၀ါဒဖြန့်ချီသည့် စာမျက်နှာဟု ဆိုကာ ရေးသားဖော်ပြခဲ့ပြန်ပါသည်။ မြန်မာအစိုးရပိုင် သတင်းဌာနနှင့် ပြည်တွင်း သတင်းဌာနများကပါ အဆိုပါ မမှန်မကန် စွပ်စွဲသည့် သတင်းကို အွန်လိုင်းတွင် ရေးသားဖြန့်ချီခဲ့သည့် အပြင် သတင်းစာများတွင်လည်း ရေးသားဖော်ပြခဲ့ပါသည်။

နိုင်ငံတကာ သတင်းသမားများ အကြားတွင် ကျွန်ုပ်တို့သတင်းအဖွဲ့သည် ရိုဟင်ဂျာများနှင့် ပတ်သက် သည့် နောက်ဆုံးရသတင်းနှင့် သတင်းအရင်းအမြစ်များကို ဆယ်စုနှစ်တစ်စုတိုင်အောင် တင်ဆက်နိုင် ခဲ့သည့် ယုံကြည်စိတ်အချရဆုံး သတင်းရင်းမြစ်များအနက် တစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အမေရိကန် အခြေစိုက် အဖွဲ့အစည်း ၉ ခုမှ Rohingya Blogger ကို ဆုတံဆိပ် ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

ယခုအခါ မြန်မာအစိုးရက ရိုဟင်ဂျာများအပေါ် ဖိစီးနှိပ်စက်နေမှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ လူမျိုးတုန်းသုတ်သင်ခြင်း၊ လူသားမျိုးနွယ်စု တစ်ခုအပေါ် ရာဇ၀တ်မှု ကျူးလွန်ခြင်း၊ လူမျိုးတုန်း သတ်ဖြတ်ခြင်းဟု သတ်မှတ်ခေါ်ဝေါ်လာလျက်ရှိရာ ကျွန်ုပ်တို့ အနေဖြင့် ရိုဟင်ဂျာများ၏ ကြုံတွေ့နေသည့် အခြေအနေမှန်များကို ကမ္ဘာအနှံ့ သိရှိစေရန် အတွက် CNN နှင့် BBC မှသည် Al Jazeera နှင့် New York Times အထိ ကျော်ကြားသည့် သတင်းဌာနများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့နှင့် မြန်မာစစ်ခေါင်းဆောင်းများ ပူးပေါင်း၍ ကျွန်ုပ်တို့သတင်းအဖွဲ့အား အခြေအမြစ်မရှိ စွပ်စွဲသည်များကို ကျွန်တော်များဘက်မှ ပြတ်ပြတ်သား သား ငြင်းဆန်ပယ်ချ ၍ ပြင်းပြင်း ထန်ထန် ရှုတ်ချပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းထုတ်ပြန်ရေး ကော်မတီမှ Rohingya Blogger က သတင်းတုများကို လုပ်ကြံဖန်တီး၍ ကမ္ဘာသို့ ဖြန့်ချီနေသဖြင့် Al Jazeera အင်္ဂလိပ်ပိုင်း အစီအ စဉ်မှ သတိပေးနေရသည့်သဖွယ် ထင်ယောင်ထင်မှား ဖြစ်စေရန် Al Jazeera ၏ ဗီဒီယို သတင်း (ကိုးကား #AJNewsGrid, ၂၀၁၆ နိုဝင်ဘာလ ၂၁) ကို မမှန်မကန် ဘာသာပြန်ပြီး မူရင်းဆိုလိုချက်များ ပျောက် ကွယ်သွားအောင် ပြုလုပ်ခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့အဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ Al Jazeera သတင်းဋ္ဌာန မှ ကျွန်ုပ်တို့၏ သတင်းအရင်းအမြစ်များကို အသုံးပြုခြင်းမှာလည်း ၎င်းတို့၏ အယ်ဒီတာများ၊ သတင်းထုတ်လုပ်သူများမှာ ကျွန်ုပ်တို့သတင်းအဖွဲ့၏ Blogger များနှင့် ပူးပေါင်း၍ ယုံကြည်စိတ်ချစွာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ပုဂ္ဂိုလ်​ရေး သိကျွမ်းခြင်းတို့အပြင် ယုံကြည်စိတ်ချရသည့် မြေပြင်မှ ရိုဟင်ဂျာများ၏ သတင်းအရင်းအမြစ်များ ရရှိနိုင်ကြောင်း သိရှိကြ၍ဖြစ်သည်။ 

မြန်မာအစိုးရ၏ အာဘော်ဖြစ်သည့် The Global New Light of Myanmar မှ ကျွန်ုပ်တို့သတင်းအဖွဲ့၏ ဘလော့ဂါများနှင့် သတင်းသမားများထဲမှ Blogger တစ်ဦးဖြစ်သည့် ရိုနေဆန်းလွင် ဆိုသူအား သတင်းမှား များကို ပေးပို့ ဖြန့်ချီနေသူတစ်ဦးအဖြစ် မမှန်မကန် စွပ်စွဲထားသည့် သတင်းဆောင်းပါးအား ရေး သားဖော်ပြ ခဲ့သည်။ (#AJNewsGrid, ၂၀၁၆ နိုဝင်ဘာလ ၂၁) ကို ကိုးကား၍ အင်တာနက် အသုံးပြုသူများ အကြား တွင် အချို့သော ဓာတ်ပုံများကို ရခိုင်ပြည်နယ်မှ ဓါတ်ပုံများဟု မှားယွင်းစွာ ဖော်ပြနေခြင်းအကြောင်း Al Jazeera မှတင်ဆက်ခဲ့ရာ The Global New Light of Myanmar မှ ဖျက်လိုဖျက်ဆီးစိတ်ဖြင့် ကျွန်ုပ်တို့၏ Blogger ရိုနေဆန်းလွင်မှ ဖြန့်ချီနေသယောင် လိုရာဆွဲ၍မမှန်မကန် လွဲမှားစွာ ဘာသာပြန် ဖော်ပြမှု ကို မေးခွန်းထုတ်ရန် လိုပေသည်။ The Global New Light of Myanmar မှ မမှန်မကန် စွပ်စွဲရေးသား ရာတွင် ရည်ညွန်းထားသည့် ဓါတ်ပုံများမှာ Al Jazeera သတင်းဋ္ဌာန မှ အသုံးပြုထားသည့် ရိုနေဆန်းလွင်၏ Twitter account တွင် Tweet ထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အခြေအနေမှန်ကို သေချာစီစစ်၍ တင်ထားသော မှန်ကန်သည့်ဓာတ်ပုံများသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ သတင်းဌာနမှ ယခုကဲ့သို့ လိုရာဆွဲကာ မမှန်မကန် ဖော်ပြခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့ထိပ် တန်း ခေါင်းဆောင်များအကြား အမှန်တရားကို မျက်ကွယ်ပြုကာ ထင်ရာမြင်ရာကို အရဲစွန့်လုပ်ခြင်း လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ အာဏာနှင့် သြဇာလွှမ်းမိုးမှု ရှိသည်ဟု ထင်ရသည့် မြန်မာ့ခေါင်းဆောင် များ သည် နိုင်ငံတကာတွင် မီဒီယာအသုံးချ ၀ါဒဖြန့်ချီမှု စစ်ပွဲ၌ အရှုံးကြီး ရှုံးနိမ့်လျက်ရှိပြီး ၎င်းတို့၏ လူမျိုးတုန်း သုတ်သင်နေသည့် လုပ်ရပ်များကို ဖုံးကွယ်ရန် ကြံစည်အားထုတ်နေခြင်းနှင့် ဖြစ် ရပ်မှန်များ ကို ငြင်းဆန်နေခြင်းမှာလည်း ထင်ရှားနေပေသည်။

ကျွန်ုပ်တို့၏ အဓိကကျသည့် ပန်းတိုင်မှာ ရခိုင်ညီအစ်ကို၊ မောင်နှမများနှင့် ရှေးယခင်ကတည်း က အေး အတူပူအမျှ အတူယှဉ်တွဲနေခဲ့သည့် ရိုဟင်ဂျာများအပေါ် ကျူးလွန်လျက်ရှိသည့် စက်ဆုပ်ဖွယ်ကောင်းသော ရာဇ၀တ်မှုများ ရပ်တန့်သွားရန်သာ ဖြစ်ပါသည်။  

မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျွန်ုပ်တို့ဘက်မှ သတင်းအမှာစကား ပါးလိုသည်မှာ ကျွန်ုပ်တို့သည် ဟိုးယခင်ကတည်းက အသင့်အား ချစ်မြတ်နိုးခဲ့ကြပြီး၊ ကျွန်ုပ်တို့၏ မိတ်ဆွေ မွန်အဖြစ်သာမက “အမေ” ဟူ၍ပင် ခေါ်ဝေါ်ခဲ့ကြသည်။ အသင့်ကိုယ်အသင် လူသားတစ်ဦး အနေဖြင့် ရှုမြင်သကဲ့သို့ ရိုဟင်ဂျာများကိုလည်း လူသားတစ်ဦးအနေဖြင့် ရှုမြင်ပါရန် ကျွန်ုပ်တို့အနေနှင့် အလေး အ နက် တောင်းဆိုလိုက်ပါသည်။ ကမ္ဘာကြီးတစ်ခုလုံးက အသင့်ကို သနားကရုဏာ သက်ခဲ့ကြ သကဲ့သို့ ရိုဟင်ဂျာများကိုလည်း တူညီစွာ ကရုဏာသက်ပါရန် ကျွန်ုပ်တို့ တောင်း ဆိုပါ သည်။ နောက်ဆုံး အနေဖြင့် ကျွန်ုပ်တို့ တောင်းဆိုလိုသည်မှာ အသင်၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို အသုံးချ၍ ကျွန်ုပ်တို့၏ အဖိနှိပ် ခံပြည်သူများ လွတ်မြောက်ရေး အတွက် ကြိုးပမ်းပေးပါ ရန် တောင်းဆိုပါသည်။  

မြန်မာအစိုးရ၏ RB အပေါ် မဟုတ်မမှန် စွပ်စွဲချက်ကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ http://www.globalnewlightofmyanmar.com/report-on-rb-news-website-fabricated-government-says/ 

Al Jazeera ဗီဒီယိုသတင်းကို မြန်မာအစိုးရက လုပ်ကြံရေးသားထားသည့် သတင်းကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ 

Al Jazeera ၏ ဗီဒီယိုသတင်းကို အောက်ပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ https://www.youtube.com/watch?v=EBhXhOsbMJc 

Rohingya Blogger (RB News) အဖွဲ့ 

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် - ရိုနေဆန်းလွင် + 49 69 26022349  

အောက်ဖော်ပြပါ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက ဤထုတ်ပြန်ကြေညာချက်ကို ထောက်ခံ အတည်ပြုပါသည်။

1. International State Crime Initiative (ISCI)
2. Burma Campaign UK
3. Burma Task Force USA
4. Global Minorities Alliance (GMA)
5. Centre for Human Rights Research & Advocacy (CENTHRA), Malaysia
6. Burma Human Rights Network (BHRN)
7. Burmese Muslim Association
8. Protect The Rohingya (South Africa)
9. Civil Rights Movement
10. International Campaign for the Rohingya
11. Al Kanz (France)
12. Arakan Rohingya National Organisation
13. Burmese Rohingya Organisation UK
14. Burmese Rohingya Community in Denmark
15. Rohingya Community in Germany
16. Rohingya Community in Switzerland
17. Rohingya Organisation Norway
18. Rohingya Community in Finland
19. Rohingya Community in Italy
20. Rohingya Community in Sweden
21. Rohingya Society in Netherlands
22. Burmese Rohingya Association in Japan
23. Rohingya American Society
24. Burmese Rohingya Association in Thailand
25. Rohingya Advocacy Network in Japan
26. Burmese American Muslim Association (BAMA)
27. Rohingya Society in Malaysia (RSM)
28. Burmese Rohingya Association in Queensland-Australia (BRAQA)
29. Burmese Rohingya Community Australia
30. British Rohingya Community UK
31. Rohingya Culture Center Chicago
32. Rohingya Association Canada
33. Rohingya Peace Network of Thailand
34. Dr. Maung Zarni
35. Dr. Azeem Ibrahim
36. Jamila Hanan
37. Jennifer Sawicz
38. Andrew Day
39. Ahsan Khan
40. Janice Ahmed
41. BarakaCity
42. Dr. Habib Siddiqui
43. Paul Mooney

MYARF
RB News
13.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ သေကံခွဆုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဝင်းသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ စ၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ သေကံခွဆုံ ကျေးရွာအုပ်စ၊ ၀က်မကျ ကျေးရွာသား အများစုမှာ အလွန်ဆင်းရဲ၍ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသည်။ တံငါးသည်များသည် ရွာအနီးအနားရှိ ချောင်းများတွင် ပိုက်ချ၍ ငါးဖမ်းလေ့ရှိပြီး၊ ထိုသို့ ငါးဖမ်း၍ ရောင်းချနေသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းဝင်းက ပိတ်ပင် တားမြစ်ခဲ့သည်။ 

အုပ်ချုပ်ရေးမှူးက တံငါးသည် တစ်ဦးလျှင် လစဉ်ငွေကျပ် ၂၅၀၀၀/- ပေးနိုင်မှသာ ငါးဖမ်းခွင့်ပြုမည်ဟု ပြောကြားခဲ့ပြီး၊ အကယ်၍ ငွေမပေးဘဲ ငါးဖမ်းပါက ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်၍ အောက်ဖော်ပြပါ ရွာသားများထံမှ ငွေညှစ်ခဲ့သည်။ တံငါးသည်များကလည်း အခြား လုပ်ငန်းလုပ်ကိုင်ရန် မရှိသဖြင့် မတတ်သာသည့် အဆုံး အုပ်ချုပ်ရေးမှူး တောင်းခံသည့် ငွေများကို ပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးအာဘူဆီဒိတ် (ဘ) ဦးအဒူဇော်လိလ်
(၂) ဦးမာမတ်အာယုပ် (ဘ) ဦးအာလီအာခ်ဘောရ်
(၃) ဦးဖောဇောရ်အာလီ (ဘ) ဦးဇော်ဘောရ်ဟာကိမ်း
(၄) ဦးမာမတ်အီလီယာမ် (ဘ) ဦးအဒူဆူးဖီး
(၅) ဦးမာမတ်ဇူဘိုင် (ဘ) ဦးမာမတ်ကာဆိမ်း
(၆) ဦးအဒူမာလဲခ် (ဘ) ဦးမာမတ်ကာဆိမ်း
(၇) ဦးအဒူဇော်လိလ် (ဘ) ဦးနူရ်မာမတ်
(၈) ဦးအဒူဇော်ဘောရ် (ဘ) ဦးအဒူမော်တော်လောဖ်
(၉) ဦးအဒူမော်ဂျိတ် (ဘ) ဦးအဒူမော်တော်လောဖ်
(၁၀) ဦးအဒူဟာဘဲစ် (ဘ) ဦးဆုလ်တာန်
(၁၁) ဦးဟာဆောင်း (ဘ) ဦးဆုလ်တာန်
(၁၂) ဦးဆော်ယာဒ်အာလောမ် (ဘ) ဦးနူရ်ကာဆိမ်း
(၁၃) ဦးအာဘူတာဟဲရ် (ဘ) ဦးအာဘူဆီဒိတ်
(၁၄) ဦးဆော်တာဘောရ် (ဘ) ဦးအဒူဆောလာမ်
(၁၅) ဦးအာဘူးလူး (ဘ) ဦးဆုလ်တာန်
(၁၆) ဦးနူရ်အာလောမ် (ဘ) ဦးနူရ်ကာဆိမ်း
(၁၇) ဦးနူရ်မာလ်ဟာကိမ်း (ဘ) ဦးအီဆုဖ်
(၁၈) ဦးမာမတ်အာမီးန် (ဘ) ဦးအီဆုဖ်
(၁၉) ဦးရှောရှုအာလောမ် (ဘ) ဦးအာမီးရ်ဟူစိန်း
(၂၀) ဦးနူရ်အာလောမ် (ဘ) ဦးအီဇောတ်အာလီ
(၂၁) ဦးအဒူဇော်လိလ် (ဘ) ဦးကုလ္လာမျာ
(၂၂) ဦးဟောလိလ် (ဘ) ဦးအာဘူလူးဆောင်း
(၂၃) ဦးဆော်လာမတ်အုလ္လာ (ဘ) ဦးအီနုစ်
(၂၄) ဦးယာစီးန် (ဘ) ဦးအဒူဇော်လိလ်
(၂၅) ဦးအာဘူလ်ဘော်ရှော်ရ် (ဘ) ဦးအော်လီမျာ
(၂၆) ဦးဟာဘဲစ်အာမတ် (ဘ) ဦးအီလီယာစ်
(၂၇) ဦးဆုလ်တာန်အစ္စလာမ်
(၂၈) ဦးအဒူကော်ရီးမ် (ဘ) ဦးအဒူမူနာဖ်
(၂၉) ဦးအာဘူဆီဒိတ် (ဘ) ဦးနော်ဘီဟူစိန်း
(၃၀) ဦးကော်ဘိရ်အာမတ် (ဘ) ဦးအာဘူလ်အာမတ်
(၃၁) ဦးဆီးရူး (ဘ) ဦးကာလူ
(၃၂) ဒေါ်ဒိလ်ဘာရ် (ဘ) ဦးရော်ရှိတ် -- တို့ဖြစ်ကြသည်။ 

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွက် ငွေညှစ်ပြီးနောက် ယခုအခါ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ အတွက် ဆက်လက် တောင်းခံလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဝင်းသည် ကျေးရွာရှိ လယ်သမားများနှင့် ငွေကြေးတတ်နိုင်သူများကိုလည်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။  

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးဆွေတာဘောရ် (ဘ) ဦးမားဆောင်း (အသက် ၄၉ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၂) ဦးမာမတ်ရော်ရှိတ် (ဘ) ဦးအလီဟူစိန်း (အသက် ၄၅ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၃) ဦးမာမတ်ရှာကဲရ် (ဘ) ဦးအလီဟူစိန်း (အသက် ၅၀ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ငွေညှစ်ခံရသူမှာ -- 

(၁) မော်လ၀ီရှော်ဘိအာလောမ် (ဘ) ဦးမားဆောင်း (အသက် ၃၂ နှစ်) -- ညှစ်ခံရငွေကျပ် လေးသိန်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးအာဘူကာလာမ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၄၈ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၂) ဦးမာမတ်ဆိဒိတ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၄၆ နှစ်) -- ညှစ်ခံရငွေကျပ် သုံးသိန်း -- တို့ဖြစ်ကြသည်။ 



Rohingya Eye
RB News
11.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မအရှေ့ ရပ်ကွက်မှ ကောင်းမွန်စွာ လုပ်ကိုင် စားသောက်နေသည့် လူငယ်တစ်ဦးကို နယ်ထိန်း တပ်ကြပ်ကြီး လှမြင့်နှင့် အဖွဲ့ လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ်၊ မြို့မအရှေ့တောင် ရပ်ကွက်မှ ကိုမာဒူး (ဘ) ဦးဆွေတာမတ် (အသက် ၂၆ နှစ်) သည် မြို့တော်ခန်းမရှေ့၊ ရှေ့နေ ဦးသာထွန်းအောင်၏ ဆိုင်တန်းလတွင် စားကုန်ဆိုင် တစ်ဆိုင်ဖွင့်၍ မိသားစုအတွက် အသက်မွေးဝမ်းကျောင်း ပြုခဲ့ရာ ၂၀၁၂ ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် ၎င်း၏ ဆိုင်မှ ပစ္စည်းများကို မြို့မ အရှေ့ရပ်ကွက်၊ ရွာသစ်ရွာမှ ရခိုင်အစွန်းရောက်များက ၃ ရက်တိုင်တိုင် ဖောက်ထွင်း၍ ယူဆောင် သွားခဲ့သည်။ ဆိုင်ဖောက်ထွင်းခံရခြင်းကြောင့် ၎င်း၏ လုပ်ငန်းလည်း ပျက်ပြားသွားခဲ့ပြီး မိသားစု စားဝတ်နေရေး အကျပ်အတည်း ဖြစ်ခဲ့ရသည်။ ယင်းအချိန် မောင်တောမြို့နယ်၌ ပဋိပက္ခ ဖြစ်ပွားနေချိန် ဖြစ်ပြီး၊ မီးရှို့မှုတွင် ပါဝင်သူများဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ချိတ်ဆွဲထားသည့် စွပ်စွဲခံရသူများ စာရင်းတွင်လည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။

ကိုမာဒူးသည် အရင်းအနှီး အနည်းငယ်ဖြင့် မြို့မတောင်ရပ်ကွက်ရှိ မြို့မငခူရဈေး (ယခုအခေါ် ရိုဟင်ဂျာဈေး) တွင် ၂၀၁၃ ခုနှစ်မှစ၍ စားကုန်ဆိုင် တစ်ဆိုင် ဖွင့်လှစ်၍ လုပ်ကိုင်စားသောက် နေသည်မှာ ယနေ့တိုင်ဖြစ်ရာ၊ ၎င်းကို မည်သည့် အခါကမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ရှာဖွေခဲ့ခြင်းမျိုး မရှိခဲ့ပေ။

ယနေ့ ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက် ၁၀း၃၅ နာရီ အချိန်တွင် မြို့မရဲစခန်းမှ နယ်ထိန်း အဖွဲ့ တပ်ကြပ်ကြီးလှမြင့်၊ ဒုတပ်ကြပ်ထွန်းလှကျော် အပါအ၀င် ရဲတပ်ဖွဲ့ဝင် (၄) ဦးက ၎င်းကို ဖမ်းဆီး၍ ရဲစခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

၎င်းကို ရဲတပ်ဖွဲ့ဝင်များက ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်သည်ဟု မဟုတ်မမှန် လုပ်ကြံ ဖန်တီး၍ ဖမ်းဆီးထားခြင်း ဖြစ်ပြီး၊ ၎င်း၏ လုပ်ငန်းပါ ပျက်ပြားသွားအောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ကိုမာဒူးသည် ရိုးသား၍ အေးချမ်းစွာ နေထိုင်သူ ဖြစ်ပြီး၊ အကျင့်စာရိတ္တ ကောင်းမွန်သူ တစ်ဦး ဖြစ်ကြောင်း၊ ၎င်းကို မတရားသဖြင့် ဖမ်းဆီးထားခြင်းသာ ဖြစ်သည်ဟု ရပ်ကွက်သူ/သားများက တညီတညွတ်တည်း ပြောဆိုလျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

“တပ်ကြပ်ကြီး လှမြင့်က စီးပွားရေး အဆင်ပြေတဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီးတော့ ဖမ်းဆီးပြီး မီးရှို့မှုနဲ့ လုပ်ကြံနေတာ အတော်လေး ဆိုးတယ်။ ပဋိပက္ခ ဖြစ်ခဲ့တာ အခုဆိုရင် (၅) နှစ်ရှိပြီ၊ အခုထိ မီးရှို့မှုမှာ ပါနေတယ်ဆိုပြီး စာရင်းလုပ်နေတာ အတော်လေး အံ့သြစရာကောင်းတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ဥပဒေကို မိမိရဲ့ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်နေတဲ့ အကျင့်ပျက် ဦးလှမြင့်လို ရဲတပ်ဖွဲ့ဝင်ကို ထိရောက်စွာ အရေးယူပေးဖို့နဲ့ အခုဖမ်းထားတဲ့ လူငယ်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။ 




MYARF
RB News
11.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေများကို ထပ်မံ သိမ်းယူလိုက်ကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနေရာတွင် လွန်ခဲ့သည့် (၈) နှစ်ခန့်က န.စ.က နယ်မြေ (၁၁)စခန်းအခြေစိုက်စဉ် ဘုရားပြင်အောင်ပ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေ (၂၀) ဧက ကျော် သိမ်းပိုက်၍ စခန်းကို တည်ဆောက်ခဲ့သည်။

ယခုနှစ် ဇန်န၀ါရီလ (၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲများက လယ်မြေပိုင်ရှင်များကို အကြောင်းကြားခြင်း တစ်စုံတစ်ရာပင် မပြုလုပ်ဘဲ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေ (၈) ဧက ကို အဖက်ဖက်မှ အလံနီများ စိုက်ထူကာ အုတ်များဖြင့် ခြံစည်းရိုး ကာရံရန် အတွက် အုတ်များ စုဆောင်း ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“လွန်ခဲ့တဲ့ (၈) နှစ်ကလည်း လယ်မြေ ဧက ၂၀ ကျော် သိမ်းယူပြီး အခု (၈) ဧက ထပ်သိမ်းတာ ပိုင်ရှင်တွေ အကြောင်းတောင် မကြားဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

လယ်မြေ (၈) ဧက သိမ်းဆည်းခံရသည့် ပိုင်ရှင်များမှာ --

(၁) ဦးမူဇေရ် (ဘ) ဦးအဒူလော်တီ (သိမ်းခံရသည့် လယ်မြေဧက ၀.၄ ဧက)
(၂) ဦးဆောမောတ် (ဘ) ဦးကာလူ (သိမ်းခံရသည့် လယ်မြေဧက ၁ ဧက)
(၃) ဦးအဒူရောန် (ဘ) ဦးအာနိုမျာ (သိမ်းခံရသည့် လယ်မြေဧက ၂.၄ ဧက)
(၄) ဦးရော်ရှိတ်အာမတ် (ဘ) ဦးအဒူရှကူရ် (သိမ်းခံရသည့် လယ်မြေဧက ၂.၈ ဧက)
(၅) ဦးအာမိရ်ဟူဆောင်း (ဘ) ဦးဆိဒိတ် (သိမ်းခံရသည့် လယ်မြေဧက ၁.၄ ဧက) -- တို့ဖြစ်ကြသည်။




MYARF
RB News
11.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း မှ ရဲမှူးက ဒေသခံ ရိုဟင်ဂျာများကို NVC ကဒ် လက်ခံရန် ခြိမ်းခြောက် ပြောဆိုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၀) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ မန်ကျည်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း ၁၅) မှ ရဲမှူး ကျော်သူရီ အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးသည် ဆိုင်ကယ် ငါးစီးဖြင့် တပ်ဦးချောင်း (ဘဂုံးနား) ကျေးရွာအုပ်စုသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်း၊ ရပ်မိရပ် ဦးမာမတ်နုရ် တို့ကို ခေါ်ယူကာ ယင်းကျေးရွာအုပ်စု၊ နူရူလ္လာရွာ သို့သွားရောက်၍ ယင်းရွာမှ NVC လက်ခံမည်ဟု ပြောကြားထားသော အာမတ်ရှား (ဘ) ဦးအာမိရ်ဟမ်ဇား (ပါတီကောင်စီခေတ် ကျေးရွာ အတွင်းရေးမှူးဟောင်း) နှင့် ရှောမ်ရှုအာလောမ် (ဘ) ဦးလာလ်မာမတ် တို့နှင့် အတူ ရွာအတွင်း လှည့်လည်၍ တွေ့သမျှ ရွာသားများကို NVC လက်ခံမည်လားဟု မေးမြန်းခဲ့သည်။

ရွာသားများက လက်မခံနိုင်ဟု ဖြေကြားသောအခါ ရဲမှူးနှင့် အဖွဲ့က NVC လက်မခံလျှင် ပိုင်ဆိုင်မှုတွေ အကုန်သိမ်းမည် ဖြစ်ကြောင်း၊ တစ်နေရာမှ တစ်နေရာသို့ သွားခွင့် ပေးမည် မဟုတ်တော့ကြောင်း၊ လုပ်ငန်းများ အားလုံး ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးထောင်ချမည် ဖြစ်ကြောင်း အမျိုးမျိုး ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ခြိမ်းခြောက်မှုမျိုးစုံ လုပ်သော်လည်း ရွာသားတစ်ဦး တစ်ယောက်ကမှ NVC ကဒ် လက်ခံရန် သဘောမတူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ရဲမှူးနှင့် အဖွဲ့ ညနေ ၄ နာရီထိ ရွာအတွင်း လှည့်လည်၍ ရွာသားများကို ခြိမ်းခြောက်ခဲ့သော်လည်း NVC ကဒ် လက်ခံမည့်သူ မရသဖြင့် ညနေ ၄ နာရီ အချိန်တွင် ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။




RB News
11.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျီးကန်းပြင် ကျေးရွာအုပ်စုတွင် တူရကီနိုင်ငံ အစိုးရနှင့် ပြည်သူများက လှူဒါန်းသည့် ဆန်အိတ်များ လက်ခံရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စုသို့ တူရကီနိုင်ငံသူ နှစ်ဦးနှင့် အတူ မြန်မာနိုင်ငံသား (၄) ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး၊ ဆန်အိတ် ၃၀၄ အိတ် လှူဒါန်း၍ ဓါတ်ပုံများ ရိုက်ကူးယူပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

လှူဒါန်းသည့် အဖွဲ့အစည်းမှာ TIKA ဖြစ်ပြီး၊ တူရကီနိုင်ငံနှင့် ပြည်သူပြည်သားများကို ကိုယ်စားပြုသည့် အဖွဲ့အစည်း ဖြစ်သည်။

ကျီးကန်းပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဖြိုးထွန်းက ဆန်အိတ် ၃၀၄ အိတ်မှ ၄၄ အိတ်ကို န.တ.လ ရွာငယ်များ ဖြစ်သည့် အောင်ဇေယျနှင့် အောင်သာယာ များသို့ ခွဲဝေပေးခဲ့ပြီး၊ အလယ်ရွာသားများ အတွက် ၆၂ အိတ်၊ အနောက်ရွာသားများ အတွက် ၆၁ အိတ်၊ ၀ါးပိတ်ရွာသားများ အတွက် ၆၀ အိတ်၊ တောင်ရွာသားများ အတွက် ၆၀ အိတ် အသီးသီး ခွဲတမ်း ပေးခဲ့ကြောင်း၊ ကျန်သည့် ၁၇ အိတ်ကို အုပ်ချုပ်ရေးမှူးက လမ်းစရိတ်ဟု ဆိုကာ ဖြတ်တောက်ယူခဲ့ကြောင်း သိရှိရသည်။

“အုပ်ချုပ်ရေးမှူးက သူ့မှာ ကုန်ကျစရိတ်ရှိတယ်။ လမ်းစရိတ်၊ သယ်စရိတ် ဆိုပြီး ၁၇ အိတ် ဖြတ်ယူလိုက်တယ်။ အခုပေးတဲ့ ဆန်အိတ်တွေက အနည်းဆုံး ၂ သောင်း တန်ပါတယ်။ ၁၇ အိတ်ဆိုတော့ ၃၄၀၀၀၀ ပေါ့။ တကယ်တမ်း စရိတ်ရှိမယ် ဆိုရင်တော့ အများဆုံး ၈ သောင်းပါ။ အုပ်ချုပ်ရေးမှူးရဲ့ အခွင့်အာဏာ ရထားတော့ ဆင်းရဲသားတွေဆီက ရသလို ဖြတ်တာပေါ့ဗျာ” ဟု ကျီးကန်းပြင်မှ ဒေသခံတစ်ဦးက ပြောပါသည်။

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ၀ါးပိတ်ရွာမှ ရိုဟင်ဂျာ ရွာသားများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပစ်ခတ်၍ ရွာမှ မောင်းထုတ်ပြီးနောက် ရွာလုံးကျွတ် မီးရှို့ခဲ့သည်။ တစ်လကျော်ခန့် အကြိမ်ကြိမ် မီးရှို့ခဲ့သည့် အတွက် ၀ါးပိတ်ရွာတွင် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ် လုံးဝ မရှိတော့ကြောင်း ကျီးကန်းပြင်မှ ဒေသခံများက ပြောပါသည်။ အလားတူ အောက်တိုဘာလ တတိယပတ်တွင် ကျီးကန်းပြင် အလယ်ရွာမှ ဒေသခံရိုဟင်ဂျာများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော်၏ အမိန့်အရဟု ဆိုကာ ရွာမှ မောင်းထုတ်ခဲ့သည်။

ဝါးပိတ်ရွာနှင့် အလယ်ရွာများမှ ဒေသခံများသည် အခြားသော ရွာများတွင် ခိုလှုံနေထိုင်လျက် ရှိပြီး၊ အချို့လည်း တဖက်နိုင်ငံသို့ သွားရောက် ခိုလှုံနေကြကြောင်း သိရှိရသည်။

ဆန်အိတ်များ ခွဲတမ်းကို ရွာငယ်များ အလိုက် ပေးခဲ့သောကြောင့် ၎င်းတို့၏ ရွာငယ် အမည်များ ပါဝင်နေခြင်း ဖြစ်ပြီး၊ ၀ါးပိတ်ရွာနှင့် အလယ်ရွာများတွင် ဒေသခံများ လုံးဝ နေထိုင်နိုင်ခြင်း မရှိတော့ကြောင်း ဒေသခံများက ရှင်းပြသည်။




RB News
10.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လှဖိုးခေါင် ကျေးရွာမှ အုပ်ချုပ်ရေးမှူးက အာဏာပိုင်များ၏ အမည်များကို အသုံးချ၍ ဒေသခံ ရွာသားများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသည့် ရိုဟင်ဂျာအချို့သည် လှဖိုးခေါင် ကျေးရွာမှတဆင့် တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ကြိုးစားနေစဉ် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ လှဖိုးခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆယာဒုလ်အာမီးန်က ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်အောင် ပြုလုပ်ပေးမည်ဟု ဆိုကာ မိသားစု တစ်စုလျှင် ငွေကျပ် ၂၁ သိန်း ပေးရမည် ဆိုကာ ဖမ်းဆီးခံရသူများ ထံမှ ငွေညှစ်ခဲ့သည်။ ဖမ်းဆီးခံရသူများ ထဲတွင် လှဖိုးခေါင် ကျေးရွာမှ ဒေသခံ ရွာသား (၁၀) ဦးပါဝင်ကြောင်း သိရှိရသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဇိုင်နာသ်အုလ္လာ (ဘ) ဦးမိုဂုလ်အာမတ် (ငွေကျပ် ၉  သိန်း လက်ငင်း ပေးရ၊ ကျန်သည့် ၁၂ သိန်းကို အုပ်ချုပ်ရေးမှူးက ယခုအချိန်ထိ တောင်းခံလျက်ရှိ)
(၂) ဦးဇူဘိုင်ရ် (ဘ) ဦးအဒူဆူဘူရ် (ငွေကျပ် ၂၁ သိန်းပေးရ)
(၃) ဦးကရိမူလ္လာ (ဘ) ဦးရှုနာမျာ (ငွေကျပ် ၂၆ သိန်းပေးရ)
(၄) ဦးအဟဆန် (ဘ) ဦးအာဘူဂျမိလ် (ငွေကျပ် ၂၁ သိန်းရ)
(၅) ဦးအီဆက် (ဘ) ဦးအီဗရာဟီးမ် (ငွေကျပ် ၂ သိန်းပေးရ) -- တို့ဖြစ်သည်။

ငွေညှစ်ခံရသူများအနက် ဦးအီဆက်၊ ၎င်း၏ ဇနီး၊ သား၊ ခယ်မနှင့် ယောက္ခမ တို့ ပြန်လည် လွတ်မြောက် မလာဘဲ ထောင်ဒဏ် (၆) လစီ ချမှတ်ခံရကြောင်း၊ အလားတူ ဦးအဟဆန် (ဘ) ဦးအာဘူဂျမိလ် ဆိုသူလည်း ထောင်ဒဏ် (၆) လ ချခံရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးသည် နေအိမ်များနှင့် ဆိုင်ခန်းတစ်ခန်း ဖြိုဖျက်ခံရမည်ဟု ခြိမ်းခြောက်၍ ဒေသခံ ရွာသား (၉) ဦးထံမှ ငွေညှစ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးမိုဟာမတ်အာမီးန် (ညှစ်ခံရငွေ ၂ သိန်း)
(၂) ဒေါ်ရော်ရှီဒါ (ဦးဆေတာယာ၏ ဇနီး) (ညှစ်ခံရငွေ ၂ သိန်း)
(၃) ဒေါ်ရရှီဒါ (ဦးအေဒရီစ်၏ ဇနီး) (ညှစ်ခံရငွေ ၂ သိန်း)
(၄) ဦးရော်ဖိခ် (ညှစ်ခံရငွေ ၂ သိန်း)
(၅) ဦးဆလာမတ်အုလ္လာ (ချိန်ခါလီမှ) (ညှစ်ခံရငွေ ၅ သိန်း)
(၆) ဦးမာမတ်ကာဆိမ်း (ဘ) ဦးဟာဂျီအေလီယာစ် (ညှစ်ခံရငွေ ၂ သိန်း)
(၇) ဦးအီမာန်ဟူစိန်း (ဘ) ဦးနာဇီမျာ (ညှစ်ခံရငွေ ၂ သိန်း)
(၈) ဦးမာမတ်ဆီဒိတ် (ဘ) ဦးအူလာမျာ (ညှစ်ခံရငွေ ၂ သိန်း)
(၉) ဦးဘိုဒူ (ဘ) ဦးဟန်ဒူ (ညှစ်ခံရငွေ ၂ သိန်း) -- တို့ဖြစ်သည်။

လှဖိုးခေါင်ရွာမှ ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ် သက်တမ်း ပြည့်၍ ပြန်လည် လွတ်မြောက်လာသူ ဦးနူရ်မိုဟာမတ် (ဘ) ဦးအီမာန်ဟူစိန်းကို အုပ်ချုပ်ရေးမှူးက ပြန်ရောက်လာသည့် အကြောင်း ၎င်းအား အကြောင်းမကြားဟု ဆိုကာ ငွေကျပ် တစ်သိန်းငါးသောင်း တောင်းခံလျက်ရှိကြောင်း၊ အကယ်၍ ငွေကျပ် တစ်သိန်းငါးသောင်း မပေးပါက အာဏာပိုင်များက ပြန်လည် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

အုပ်ချုပ်ရေးမှူးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ အမိန့်အရဟု ဆိုကာ နေအိမ်နှစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်းကို ဖြိုဖျက်ခဲ့ပြီး၊ ဆိုင်ခန်းကို ဖြိုဖျက်နေစဉ် ဆိုင်ခန်းမှ ပစ္စည်းများကို အပြင်သို့ လွှင့်ပစ်၍ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

နေအိမ်နှစ်လုံး၏ ပိုင်ရှင်များမှာ ဟာဖီးဇ် ဒိလ်မိုဟာမတ် (ဘ) ဦးဂူရာမျာနှင့် ဦးအာဘူဆိဒိတ် (ဘ) ဦးမာဒူး တို့ဖြစ်ကြပြီး၊ ဆိုင်ခန်းပိုင်ရှင်မှာ ဦးယူနုစ် (ဘ) ဦးအာဘူလ်ကာဆိမ်း တို့ဖြစ်ကြသည်။


Rohingya Eye
RB News
10.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာမှ ဒေသခံတစ်ဦးကို ကံပြင် အခြေစိုက် တပ်ရင်းမှ ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာတွင် ဇန်န၀ါရီလ (၈) ရက်နေ့၌ အာဏာပိုင်များ ဆန်အိတ် (၅၄) အိတ် ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ ဆန်အိတ်များကို ရွာသူရွာသားများအား အညီအမျှ ပေးရန်အတွက် ရွာလူကြီး (၅) ဦးကို တာဝန်ပေးခဲ့သဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်ခန့်စီ ခွဲဝေပေးခဲ့သည်။ 

ယင်းနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများ ရွာထဲသို့ရောက်ရှိလာပြီး ဆန်ခွဲဝေပေးသည့် ရွာလူကြီး (၅) ဦးကို ရဲမှူးနှင့် တွေ့ဆုံရန်ဟု ဆိုကာ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ရွာလူကြီးများက ကင်းစခန်းတွင် ရဲမှူးနှင့် စကားပြောနေစဉ် ည ၆ နာရီခွဲ အချိန်တွင် ကံပြင်ကျေးရွာ အခြေစိုက် စစ်တပ်မှ တပ်ရင်းမှူးနှင့် စစ်သား ၅၀ ကျော် ရောက်ရှိလာပြီး၊ ကင်းစခန်းကို ၀ိုင်းကာ ရွာလူကြီး တစ်ဦးဖြစ်သူ ဆရာဦးကော်ရိမူလ္လာ (ဘ) ဦးရှာဟာသ်တူလ္လာ (အသက် ၃၇ နှစ်) ကို စစ်သားများက ကြိုးဖြင့် ချည်နှောင်၍ ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်လာပြီး၊ လက်နက်များ မြှပ်ထားသည့် နေရာကို ပြပေးရန် ပြောဆိုခဲ့သည်။ ဦးကော်ရီမူလ္လာက အကြိမ်ကြိမ် ငြင်းဆိုနေခဲ့သော်လည်း စစ်သားများက ၎င်း၏ နေအိမ်တွင်ပင် တစ်ညလုံး လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

ထို့နောက် နံနက် (၄) နာရီ အချိန်တွင် ဦးကော်ရိမူလ္လာကို စစ်သားနှစ်ဦးက ထမ်း၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ စစ်တပ်မှ တပ်ရင်းမှူး ဖြစ်သူက ဦးကော်ရိမူလ္လာကို ပြန်လည် လွှတ်ပေးရန် အတွက်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့သည်။ ဦးကော်ရိမူလ္လာ၏ မိသားစုကလည်း ပိုမို ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ တပ်ရင်းမှူး တောင်းခံသည့် ငွေကျပ် ၁၀ သိန်းကို ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဦးကော်ရိမူလ္လာကို ယနေ့ ဇန်န၀ါရီလ (၁၀) ရက်နေ့ နံနက် အစောပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

အဆိုပါ တပ်ရင်းမှူးသည် ကျားခေါင်းတောင် ကျေးရွာတွင် စစ်သားများက ရွာသားများကို အကြမ်းဖက်မှုတွင် အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ငွေညှစ်ခံရသူ ဦးကော်ရိမူလ္လာသည် WFP ၀န်ထမ်းဟောင်း တစ်ဦး ဖြစ်ပြီး၊ အေးချမ်းစွာ နေထိုင်သူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 


MYARF
RB News
10.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှ နယ်ခြားစောင့်ရဲများနှင့် မြောက်ပိုင်းမှ နယ်ခြားစောင့်ရဲများက ဒေသခံ ရိုဟင်ဂျာများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ကံပူးကျေးရွာ အပိုင်း အုန်းတောချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၈) ဦးသည် ဆိုင်ကယ် (၅) စီးဖြင့် ကံပူးကျေးရွာသို့ ဇန်န၀ါရီလ (၈) ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် ရောက်ရှိလာပြီးနောက် ရွာသားများက ခြံစည်းရိုးများ ဖျက်ခံရပြီးနောက် ပလတ်စတစ်များဖြင့် ကာထားသည့် ရေချိုးခန်းများ၊ အချို့က လမ်းမှ အိမ်ထဲသို့ မမြင်ရအောင် တံခါးတွင် ပလတ်စတစ်များဖြင့် ကာထားသည်ကို တွေ့ရှိပြီး၊ အိမ်ရှင်များထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးမိုဂျီဘုလ္လာ (ဘ) ဦးဆာလေ (အသက် ၅၅ နှစ်)
(၂) ဦးရိုဟီဒူလ္လာ (ဘ) ဦးအုမာရ်ဟာကိမ်း (အသက် ၄၀ နှစ်)
(၃) ဦးအဒူကရိမ်း (ဘ) ဦးဆာလေ (အသက် ၄၅ နှစ်)
(၄) ဦးဒူဒူမျာ (အသက် ၅၀ နှစ်)
(၅) ဦးနူရူလ်ဟောက် (အသက် ၆၀ နှစ်)
(၆) ဦးအဒူမူနာဖ် (အသက် ၅၀ နှစ်)
(၇) ဦးအိုဘိုက်ဒူလ္လာ (အသက် ၅၀ နှစ်)
(၈) ဦးအဒူဆလာမ် (အသက် ၅၀ နှစ်)
(၉) ဦးဒူဒူမျာ (အသက် ၅၅ နှစ်) -- တို့ဖြစ်ကြသည်။ 

သပြေတော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘိစ်အာမတ် သည် ကျေးရွာတွင်း နေအိမ်များ ဖြိုဖျက်ရန် စာရင်းတွင် ပါဝင်နေသည့် အိမ်များဟု ဆိုကာ အိမ်ထောင်စု (၆) စုမှ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့သည်။ ငွေညှစ်ခံရသူများထဲတွင် မုဆိုးမတစ်ဦး ပါဝင်ပြီး၊ ငွေညှစ်ခံရပြီးနောက် နေအိမ်ဖြိုဖျက်ခံရသောကြောင့် ငွေများ ပြန်တောင်းသည့် အခါ အုပ်ချုပ်ရေးမှူးက ငွေပြန်မပေးဘဲ ဆဲဆိုခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ကျိန်း တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက တံတားဖြတ်သန်းခဟု ဆိုကာ ကိုယ်ပိုင် ဆိုင်ကယ်သမားများထံမှ တစ်စီးလျှင် ငွေကျပ် ၅၀၀ နှင့် ဆိုင်ကယ်နောက်တွင် လူပါလျှင် (အငှားဆွဲနေသည့် ဆိုင်ကယ်) ၁၀၀၀ ကျပ်စီ ကောက်ခံလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ 


MYARF
RB News
10.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ဒေသခံ ရွာသားများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် ဇန်န၀ါရီလ (၅) ရက်နေ့တွင် ဦးနူရ်ဆော်လာမ် (ဘ) ဦးမူဇဲရ် (အသက် ၄၀ နှစ်) ကို ရခိုင်လူစိမ်းတစ်ဦးကို ထမင်းကျွေးပြီး နေအိမ်တွင် ညနေပိုင်း ပေးနေသည်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ဇန်န၀ါရီလ (၃) ရက်နေ့တွင်လည်း ဦးရော်ရှိတ် (ဘ) ဦးနူရ်မာမတ် (အသက် ၅၂ နှစ်) ဆိုသူက သားမက်ဖြစ်သူကို တရားမ၀င် အလုပ်လုပ်ရန် ငွေကြေးထောက်ပံ့နေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် သုံးသိန်းနှစ်သောင်း ညှစ်ယူခဲ့သည်။ ယင်းနေ့တွင်ပင် ဦးရှော်ဘိရ်အာမတ် (ဘ) ဦးလာလ်မောတ် (အသက် ၅၀ နှစ်) ကိုလည်း နိုင်ငံခြားမှ အထောက်အပံ့ရသည်ဟု စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ကို --

(၁) ဦးကော်ဘိရ်အာမတ် (ဘ) ဦးဘော်ရှိရ်
(၂) ဦးဘော်ရှိရ် (ဘ) ဦးရှာအိုရ်မာမတ်
(၃) ဦးမာမတ်အာမီးန် (ဘ) ဦးရော်ဇက်ဘော်လိ 
(၄) ဦးရော်ရှိတ် (ဘ) ဦးဟာမ်ဇား
(၅) ဦးရွှေလုံး (ဘ) ဦးအစ္စမိုင်လ် -- တို့ကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်ကြီးက အဆိုပါ ဒေသခံ (၅) ဦးကို အတွင်းရေးမှူးဟောင်း ဦးမိုဟာမတ်တာဟဲရ် (ဘ) ဦးကာဆိမ်း (အသက် ၆၂ နှစ်)၊ ဦးအစ္စမိုင်လ် (ဘ) ဦးကာဆိမ်း (အသက် ၄၆ နှစ်) နှင့် ဦးနူရ်အစ္စလာမ် (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၄၁ နှစ်) တို့ကဲ့သို့ ဖမ်းဆီးချုပ်နှောင်ခံထားရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၆ သိန်းစီ - စုစုပေါင်း သိန်း ၃၀ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ညှစ်ယူခဲ့သည့် ငွေများကို အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ကိုယ်တိုင် မယူဘဲ၊ ရာအိမ်မှူး ဖြစ်သူ ဦးမူဟိဖ်ဘူလ္လာ ထံမှ တဆင့် ယူခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးက ဦးမူဟိဖ်ဘူလ္လာကို လက်ကိုင်တုတ်သဖွယ် အသုံးချလျက် ရှိကြောင်း သိရှိရသည်။ 




MYARF & Rohingya Eye
RB News
10.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူး ကျေးရွာမှ ရွာသားများ ငွေညှစ်ရခံကြောင်း၊ သ၀န်ချောင်း ကျေးရွာမှ ရွာသားများ ခြိမ်းခြောက်ခံရပြီး နေအိမ်များနှင့် ဆိုင်ခန်းများ ဖြိုဖျက်ခံရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း (ယခု မြင်းလွတ်မြို့အပိုင်) ကျောက်ပန္ဒူး ကျေးရွာအုပ်စု၊ ရွာကြီးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ရွာကြီးရွာမှ ဦးဒိလ်မာမတ် (ဘ) မော်လ၀ီ မာမတ်ဆီဒိတ် (အသက် ၃၇ နှစ်) အား ဇန်န၀ါရီလ (၇) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် နေအိမ်မှ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဦးဒိလ်မာမတ်သည် အိမ်ဆောက်ရန် အတွက် သစ်သားများ စုဆောင်းထားသည်ကို တွေ့ရှိ၍ နယ်ခြားစောင့်ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သော်လည်း၊ အဆိုပါ နေအိမ် ဆောက်လုပ်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် လျှောက်ထားခဲ့ကြောင်း သိရှိရသည်။ ၎င်းအား ပြန်လည် လွှတ်ပေးရန် အတွက် နယ်ခြားစောင့်ရဲများက ငွေကျပ် (၈) သိန်း တောင်းခံနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယင်းနေ့ ညနေ (၄) နာရီ အချိန်တွင် ဟိုက်ဒေါရ်ဂူန္နားရွာမှ ဦးဆွေယောဒ်ကာဆိမ်း (ဘ) ဦးမာမတ် (အသက် ၄၀ နှစ်) သည် စပါးရိတ်သိမ်းနေစဉ် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် (၄) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ နယ်ခြားစောင့်ရဲများ၏ ရိုက်နှက်မှုကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ကျောက်ပန္ဒူး ကျေးရွာအုပ်စု၊ စေတီရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် တပ်ဖွဲ့ဝင် ၂၀ ဦးရှိပြီး၊ ခွေး ၁၀ ကောင် မွေးထားသည်။ အဆိုပါ ခွေးများသည် စခန်း၏ အနီးအနားရှိ လယ်ကွင်းများတွင် ကျက်စားနေသော ဆိတ်များကို ကိုက်သတ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ခွေးများက ကိုက်သတ်သည့် ဆိတ်များကို နယ်ခြားစောင့်ရဲများက ချက်ပြုတ်စားသောက်လေ့ ရှိသည်။ နယ်ခြားစောင့်ရဲများက ခွေးများကို ထိန်းထားရမည့် အစား ဆိတ်များ ကျက်စားနေသည့် လယ်ကွင်းသို့ မကြာခဏစေလွှတ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။

ဇန်န၀ါရီလ (၂) ရက်နေ့က စေတီရွာမှ မော်လ၀ီ အာဘုလ်ကာဆိမ်း (ဘ) ဦးဖောဇောလောက် (အသက် ၂၅ နှစ်) ၏ ဆိတ်တစ်ကောင်၊ ဦးမာမတ်အာလောမ် (ဘ) ဦးဇော်နူ (အသက် ၃၀ နှစ်) ၏ ဆိတ်တစ်ကောင် တို့ကို ခွေးများက ကိုက်သတ်ပြီးနောက် နယ်ခြားစောင့်ရဲများက ယူ၍ ချက်ပြုတ် စားသောက်ခဲ့သည်။ ဆိတ်ပိုင်ရှင်များက နယ်ခြားစောင့်ရဲများအား တိုင်ကြားသော်လည်း နယ်ခြားစောင့်ရဲများ၏ ဆဲဆို ခြိမ်းခြောက်ခြင်းကိုသာ ခံခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။

အဆိုပါ နယ်ခြားစောင့်ရဲများသည် နေ့စဉ် ရွာထဲသို့ ၀င်ရောက်၍ ရွာသားများကို မဟုတ်မမှန် စွပ်စွဲကာ ငွေညှစ်လျက် ရှိသည်။ ဇန်န၀ါရီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ပန္ဒူး ကျေးရွာအုပ်စု၊ စေတီရွာမှ ဆင်းရဲသား လယ်သမား (၈) ဦးကို ၎င်းတို့၏ ရွာနှင့် ကပ်လျက်ရှိသော စိုက်ခင်းမှ နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ အကြောင်းမကြားဘဲ စိုက်ခင်းသို့ သွားရောက်ခဲ့သည့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သောင်းစီ - စုစုပေါင်း ငွေကျပ် ရှစ်သောင်း ညှစ်ယူခဲ့သည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဆီးရာဇ်အာမတ် (ဘ) ဦးဟာလာမျာ (အသက် ၄၇ နှစ်)
(၂) မော်လ၀ီရှော်ဖိခ် (ဘ) ဦးအဒူလော်တီ (အသက် ၄၂ နှစ်)
(၃) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးအီလီယာစ် (အသက် ၂၆ နှစ်)
(၄) အာဆော်ဒူလ္လာ (ဘ) ဦးဆော်လီမူလ္လာ (အသက် ၂၂ နှစ်)
(၅) မူဟိဖ်ဘူလ္လာ (ဘ) ဦးအီဆက် (အသက် ၂၃ နှစ်)
(၆) အဒူရှကူရ် (ဘ) ဦးမူဘာရဲခ် (အသက် ၁၉ နှစ်)
(၇) ဇော်ဖော်ရ် (ဘ) ဦးကော်ရီမူလ္လာ (အသက် ၂၅ နှစ်)
(၈) ဦးဟိုက်ရူး (ဘ) ဦးဂေါ်နူမျာ (အသက် ၃၅ နှစ်) -- တို့ဖြစ်ကြသည်။

အဆိုပါ နယ်ခြားစောင့်ရဲများကို စေတီရွာမှ နေ့စဉ် ဆိုင်ကယ် နှစ်စီးစီ ပေးထားရကြောင်း ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၄) ရက်နေ့တွင် သ၀န်ချောင်း ကျေးရွာအုပ်စုရှိ နယ်ခြားစောင့်ရဲများက ယင်းကျေးရွာအုပ်စုရှိ ကျွဲ၊ နွား၊ ဆိတ်၊ နေအိမ်များ၏ စာရင်းများ ပြုစု၍ နယ်ခြားစောင့်ရဲများအား ပေးရန်၊ အိမ်၌ ဧည့်စာရင်း မတိုင်ကြားဘဲ ဧည့်သည်များ မထားကြရန်၊ အကယ်၍ တွေ့ရှိပါက အိမ်ရှင်ကို ထောင်ဒဏ် (၃) နှစ်၊ ဧည့်သည်ကို ထောင်ဒဏ် (၅) နှစ် အသီးသီး ချမှတ်သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။

ထို့နောက် အဆိုပါ နယ်ခြားစောင့်ရဲများသည် ယင်းနေ့တွင်ပင် သ၀န်ချောင်း ကျေးရွာအုပ်စု၊ သ၀န်ချောင်းရွာမှ နေအိမ်တစ်လုံး၊ ဆူရာလီရွာမှ နေအိမ် (၄) လုံး၊ ခွဆုံရွာမှ နေအိမ် (၆) လုံးနှင့် ဆိုင်ခန်း (၈) ခန်း တို့ကို န.စ.က မြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ အခြားအိမ်ရှင် အမြောက်အမြားကိုလည်း အိမ်ဖြိုဖျက်ခံရမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း၊ စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် နေ့စဉ် ရွာထဲသို့ ၀င်ရောက်၍ ကြက်၊ ဘဲ၊ ခိုများကို လေးခွနှင့် ပစ်ခတ်၍ ဖမ်းယူလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။


Rohingya Eye
RB News
9.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ အောင်ဗလရွာနှင့် မြောက်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းနှစ်ခုမှ နယ်ခြားစောင့်ရဲများသည် ဇန်န၀ါရီလ (၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ယင်းကျေးရွာ အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများ၏ အိမ်ခြံများ အတွင်း၌ ပလတ်စတစ် အကာများဖြင့် အသုံးပြုနေသော ရေချိုးခန်းများ၊ အိမ်သာများကို ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ရိုဟင်ဂျာများ၏ ခြံဝင်းများ အတွင်း၌ ပလတ်စတစ် အကာများဖြင့် အသုံးပြုနေသော ရေချိုးခန်းများ၊ အိမ်သာများကို ဖျက်ဆီးခဲ့သည့် အပြင် ယင်းနေ့တွင်ပင် စေတီပြင်ရွာ၏ တောင်ဘက်ဗလီ၏ အနောက်ဘက်ခြမ်း ခြံစည်းရိုးများကို ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ရွှေဇားကျေးရွာအုပ်စု၊ ကမ်းပိုင်နာရွာမှ အခြေခံ အရဗီ စာသင်ကျောင်း တစ်ကျောင်းကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့သည်။ ထို့အပြင် မြောက်ရွာမှ ဦးဆွေယောဒ်နူရ် (ဘ) ဦးအီနုစ် (အသက် ၃၀ နှစ်) ၏ တဲအိမ်ကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

နယ်ခြားစောင့်ရဲများက ခြံစည်းရိုး တိုင်တစ်လုံး တွေ့လျှင်ပင် ဒဏ်ငွေဆောင်ရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ခြံစည်းရိုး မရှိတော့သဖြင့် အမျိုးသမီးများ နေအိမ်မှ အပြင်ထွက်၍ အိမ်သာတက်ခြင်း၊ ရေချိုးခြင်း၊ ရေခတ်ခြင်းများ လုပ်ဆောင်ရန် အလွန် ခက်ခဲနေကြောင်း၊ ထိုကဲ့သို့သော အခက်အခဲများကို ဇန်န၀ါရီလ (၆) ရက်နေ့တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းရေး ကော်မရှင်အဖွဲ့က မြို့သူကြီး ကျေးရွာတွင် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံစဉ် ကျေးရွာသားများက တင်ပြခဲ့ရာ၊ ဦးမြင့်ဆွေက အဆိုပါ အခက်အခဲများ ပြေလည်အောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကို ပြောသွားမည်ဟု ပြောကြားခဲ့သော်လည်း ယခုအခါ ခြံစည်းရိုး အတိုအစ၊ အိမ်ခြံဝင်း အတွင်းရှိ ရေချိုးခန်း၊ အိမ်သာများပါ ဖြိုဖျက် နေသည်ကို ကြည့်ခြင်းအားဖြင့် ဦးမြင့်ဆွေ၏ ပြောဆိုချက်များသည် လိမ်ညာခြင်းသာ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 


Rohingya Exodus