နောက်ဆုံးသတင်း/ဆောင်းပါးများ

အပြစ်မဲ့သူများကိုဓါးပြတိုက်သူများဟုအတင်းအဓမ္မ၀န်ခံခိုင်းနေ


မာတလိ
RB News
21.12.2012

ဘူးသီးတောင်။ ။ ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒိလ်မာမတ်အိမ်ကို ရခိုင်အကြမ်းဖက်များက ဒီဇင်ဘာလ (၁၄) နံနက်အစောပိုင်းတွင်သေနတ်ပစ်ဖောက် ၍ဓါးပြတိုက်ခဲ့သည်။ ထိုဓါးပြမှုအား ဦးဒိလ်မာမတ်မှ ဘူးသီးတောင်မြို့နယ်ရဲစခန်းသို့အမှုဖွင့်တိုင်ကြားခဲ့ရာ အပြစ်မဲ့ရိုဟင်ဂျာမွတ်စလင် (၁၄) ဦးကိုဖမ်းဆီး၍ (၉) ဦးထံမှ ငွေသိန်း (၂၀) ယူပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်ပြန်လွှတ်ခဲ့သည်။ (၅) ဦးကိုငွေညှစ်၍မရမချင်းဖမ်းဆီး၍ ရိုက်နှက်နှိပ်စက်ခဲ့ပြီး ငွေလက်ခံရ သည့်နောက်တွင်ပြန်လည်လွှတ်ပေးခဲ့သည်။ 

တစ်ဖန်ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြတ်ထွေးခေါင်းဆောင်သော ရဲတပ် ဖွဲ့ဝင်အင်အား (၂၀) ခန့်သည်၊ တပည့်ဖြစ်သူရခိုင်အစွန်းရောက် အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးနှင့် အတူ လက်ဝဲဒက်ပြင်ကျေးရွာအုပ်စုသို့လာရောက်ပြီး ရိုဟင်ဂျာမွတ်စလင် ၂၆ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။ ရဲစခန်းတွင်ထိုဖမ်း ဆီးသွားသူများကို လူမဆန်စွာညှင်းပန်းနှိပ်စက်၍ ဓါးပြတိုက် ခဲ့ကြောင်းအတင်း အဓမ္မ၀န်ခံ ခိုင်းသည်။(၁၈)ဦး ထံမှ ငွေ၃သိန်းစီယူ၍ ပြန်လွှတ်ပေးခဲ့ပြီး၊ ငွေကြေးမ တတ်နိုင်သောသူ (၈) ဦးဆက်လက်ဖမ်းဆီးထားခဲ့ပြန်သည်။ 

ဆက်လက်ဖမ်းဆီးခံရသူများမှာ 

(၁) ဦးဖူတီယာ (ခ) နူးရ်အာမတ် 
(၂) ဦးအီလီယာစ် 
(၃) ဦးအီဗရာဟီးမ် 
(၄) ဦးကာဒီရ်ဟူးစိန် 
(၅) ဦးအေနာမူလ်ဟောက် 
(၆) ဦးမော်နီရ်အာမတ် 
(၇) ဦးမာဘူရာမန် 
(၈) ဦးအာရဲဖ် - တို့ဖြစ်သည်။ 

ထို (၈) ဦးဆက်လက်ညှင်းဆဲပြီး ဓါးပြတိုက်ခဲ့သည်ဟုအတင်းအဓမ္မ၀န်ခံခိုင်းကြောင်းသိရသည်။ 

ဒုရဲအုပ်မြတ်ထွေးသည် သူ့၏တပည့်ဖြစ်သူအမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်လှိုင်စိုးအား ဆက် လက် ဖမ်းဆီးထားသူများထဲမှာ ဦးဖူတီယာ (ခ) နူးရ်အာမတ်နှင့်ဦးကာဒီရ်ဟူးစိန်တို့၏ခြံဝင်းနားရှိ ငှက်ပျော ပင်များကြားတွင် တူးမီးသေနတ်တစ်လက်၊ ဓါးများနှင့်လက်ပစ်ဗုံးကဲ့သို့အလုံးငယ်တစ်လုံးကို သွားရောက် ထားစေခဲ့သည်။ 

ထို့နောက်ဒုရဲအုပ်မြတ်ထွေးနှင့် ရဲတပ်ဖွဲ့ (၆) ဦးတို့ကပြင်းထန်စွာညှင်းပန်းနှိပ်စက်ထားသော ဦးဖူတီယာ (ခ) နူးရ်အာမတ်နှင့် ဦးကာဒီရ်ဟူးစိန်တို့ကိုစခန်းမှ ထိုငှက်ပျောပင်ရှိရာနေရာသို့ခေါ်ဆောင်လာပြီး၊ ဖုံးဝှက် ထားသော လက်နက်များရှိရာနေရာကိုပြပေးနေလေဟန်၊ လက်နက်များကိုကိုင်လျက်ဓါးပြများကိုလက်ပူး လက်ကြပ်ဖမ်းမိလေဟန်၊ အခြားအနေအထားအမျိုးဖြင့်လုပ်ကြံဓါတ်ပုံများရိုက်ယူခဲ့သည်။ 

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ဦးဖူတီယာ (ခ) နူးရ်အာမတ်နှင့် ဦးကာဒီရ်ဟူးစိန်တို့ကိုဘူးသီးတောင် အကျဉ်းထောင်သို့ ပို့လိုက်ပြီး ကျန် (၆) ဦးကိုရဲစခန်းတွင်ဆက်လက်ချုပ်နှောင်ထား၍ ညှင်းပန်းနှိပ် စက် နေကြောင်းသိရသည်။ 

ထိုကဲ့သို့မတရားသဖြင့် ဖမ်းဆီးခံရသူများအားလုံးမှာ ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူများဖြစ်ကြပြီး၊ ဦးဖူတီယာနှင့် ဦးကာဒီရ်ဟူးစိန်တို့မှာ ရွာသူရွာသားများကြည်ညိုလေးစားခြင်းခံရသူများကြောင်း ရွာသား များက RB News သို့ပြောသည်။ 

ယခုအခါရဲစခန်းက ထိုလုပ်ကြံဖန်တီးထားသော ဓါတ်ပုံများကိုပေးပို့လျက် ဓါးပြမှုကို ချက်ချင်းဖော်ထုတ်ရ မိလေဟန် အထက်ဌာနများသို့ အစီရင်ခံ တင်ပြနေကြောင်း သိရှိရသည်။ ယခင်ကလည်း ဇီးတုံနှင့် ငကျည် တောက်ကျေးရွာအုပ်စု ဓားပြမှုများတွင် ရဲများက တကယ့်ဓားပြများနောက်သို့ ဒုက္ခခံမလိုက်ဘဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်သော ရွာသားများကို ဓါးပြတိုက်မှုတွင် ပါသည်ဟုပြောကာ သိမ်းကျူံးဖမ်းလျက်နှိ ပ်စက်ငွေညစ်ခဲ့သည်။ အိမ်တိုင်းနီးပါးသို့ အဓမ္မ၀င်ရောက်ပြီး ရသမျှရွှေငွေ ပစ္စည်း များကို လုယက်ယူငင်ခဲ့ကြသည် ။နောက်ဆုံးတွင် အထက်ဌာန၏ အပြောမှလွတ်အောင် အပြစ်မဲ့ ရွာသားအချို့ကို တရားခံများအဖြစ် လုပ်ကြံဖန်တီးပြီးထောင်ကျအောင် လုပ်ခဲ့သည်။ ဒုရဲအုပ်မြတ်ေ ထွးခေါင်းဆောင်သော နယ်ထိန်းအဖွဲ့သည်ပြည်သူ အများ အားမဟုတ်မမှန်စွပ်စွဲချက် အမျိုးမျိုးဖြင့် ဖမ်းချင်တိုင်း ဖမ်း ၊နှိပ် စက်ငွေညှစ် အိမ်ထဲဝင်ရောက် လုယက်ယူငင်သောင်းကျန်း ချင်တိုင်းသောင်း ကျန်းနေသည်မှာကြာပြီဖြစ်သည် ။ပြည်သူများသည်တောထဲက“ဓားပြ” များကိုမကြောက် ရဘဲမြတ်ထွေး ကဲ့သို့ သောရဲ  “သေနတ်ပြ” များကိုပိုမိုကြောက်နေရသည်။

ဒုရဲအုပ်မြတ်ထွေးသည်ပြည်သူများထံမှနည်းမျိုးစုံဖြင့်မတရားရယူထားငွေများဖြင့်သိန်းပေါင်း (၃၀၀၀) ခန့် ချမ်းသာနေပြီး ထိုငွေများဖြင့်အထက်လူကြီးးများကို လာဘ်ထိုးသဖြင့် ဤကဲ့သို့ဥပဒေမဲ့သောင်း ကျန်း နေနိုင်ခြင်းဖြစ် သည်ဟုပြည်သူအများကယုံကြည်နေကြကြောင်းသတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus