နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောခရိုင်တွင်ရခိုင်လူမျိုးများကိုသာကျေးရွာအုပ်ချုပ်ရေးမှူးခန့်အပ်ရန်စီစဉ်နေ


မာတလိ
RB News
၂၀၁၂ ဒီဇင်ဘာ ၂၁


မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းလိုက်သော ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို၂၀၁၂ ခုဒီဇင်ဘာလအတွင်း အပြီးသတ်ရွေးချယ် ခန့်အပ်သွား ရန်ညွှန်ကြားထားကြောင်းသိရှိရသည်။ ဤကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရိုဟင်ဂျာမူဆလင် အများစုနေထိုင်ရာမြို့နယ်များတွင် ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးများက ရိုဟင်ဂျာ မူဆလင် များရွေးကောက် တင်မြှောက်မခံရရေးအတွက်လုပ်ဆောင်လျက်ရှိသည်။

ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ် ခန့်အပ်ရေးအတွက် ရပ်မိရပ်ဖ(၅)ဦး ပါဝင်သော “ကြီးကြပ်ရေးအဖွဲ့” များကို ဦးစွာဖွဲ့စည်းလျက်ရှိရာ ထိုအဖွဲ့များ၌ ရိုဟင်ဂျာမူဆလင်များ အတတ်နိုင်ဆုံး မပါဝင်စေဘဲဖွဲ့စည်းလျက်ရှိသည်။ ရခိုင်လူမျိုးချည်းနေထိုင်သောရွာများတွင် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)စလုံးရခိုင် လူမျိုးဖြစ်နေခြင်းသည် သဘာဝကျသော်လည်း ရိုဟင်ဂျာအများးစုနှင့် ရခိုင်အနည်း ငယ်ရောနှောနေထိုင်သောကျေး ရွာအုပ်စုများတွင် လည်းကောင်း၊ ရိုဟင်ဂျာများ ချည်းနေ ထိုင်သောကျေး ရွာ အုပ်စု များတွင်လည်းကောင်း၊ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးစလုံး ရခိုင်လူမျိုးဖြစ်အောင် ခန့် အပ်နေကြောင်းသိရှိရသည်။

ထိုသို့ခန့်အပ်နေခြင်းမှာ တရားနည်းလမ်းမကျပေ။ ဤသို့ဥဒေမဲ့ လုပ်ဆောင်နေခြင်းကို၊ ရိုဟင်ဂျာများက မကျေနပ်၍ ကန့်ကွက်သောအခါ “မင်းတို့ မှာနိုင်ငံသား စိစစ်ရေးကပ်ပြားမရှိဘူး။ ဒါ့ပြင်နိုင်ငံသားမိဘနှစ်ပါး ကမွေးဖွားတဲ့နိုင်ငံသားဖြစ်မှဒီအဖွဲ့၊ဒီအုပ်ချုပ်ရေးမှူးတွေလုပ်ခွင့်ရှိတာ၊အမျိုးသားမှတ်ပုံတင်ကပ်ပြားရှိရင်   တောင်မင်းတို့အရွေးခံပိုင်ခွင့်မရှိတော့ဘူး”ဟုမြို့နယ်အုပ်ချုပ်ရေးမှူးများကပြောကြားပါသည်။

ခေတ်အဆက်ဆက်တွင် ရိုဟင်ဂျာ မူဆလင်များသည် မဲထည့်ခွင့် ၊ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်၊နိုင်ငံ့ ၀န်ထမ်းများအဖြစ် ထမ်းဆောင်ခွင့် စသော နိုင်ငံသားအခွင့်အရေးအာလုံးကိုရရှိခဲ့ကြသည်။သို့ရာတွင် စစ်အုပ်စု အာဏာရလာပြီးနောက် လူမျိုးဘာသာသွေးခွဲ အုပ်ချုပ်လာသောအခါကျမှ ရိုဟင်ဂျာ လူမျိုးများ သည်နိုင်ငံသား အခွင့်အရေးများကို တစတစ ဆုံးရှူံး လာခြင်းဖြစ်သည်။ ဗိုလ်နေ၀င်း၊ ဗိုလ်ခင်ညွှန့်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန် ဒေါ်အောင်ဆန်းစုကြည် အပါဝင်မြန်မာနိုင်ငံသားအားလုံးသည် ယနေ့ရိုဟင်ဂျာ လူမျိုးများ ကိုင်ဆောင်ထားသော အမျိုးသားမှတ်ပုံတင် ကပ်ပြားမျိုးကို အတူတူကိုင်ဆောင် ခဲ့ကြ သည်။ နောက်ပိုင်းတွင် ဗိုလ်နေ၀င်း၏ကောက်ကျစ်ယုတ်မာမှုကြောင့် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် တို့ ကိုင်ဆောင် ကြသော မှတ်ပုံတင်ကပ်ပြားများ ကွဲပြားသွားရသည်။ ဗိုလ်ခင်ညွှန့်၊ ဗိုလ်သိန်းစိန် တို့သည် ရိုဟင်ဂျာလူမျိုး များအပေါ် ကောက်ကျစ်လိုသော ဆန္ဒဖြင့်နောက်ပိုင်း ဖန်တီးလာသော  နိုင်ငံသားစိစစ်ရေး ကပ်ပြားများပြောင်းလဲကိုင် ဆောင်နေသော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်ကမူရိုဟင်ဂျာများကိုင်ဆောင်သော အမျိုးသားမှတ်ပုံတင်ကပ်ပြားမျိုးကို ကိုင်ဆောင်မြဲကိုင်ဆောင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပင်တစ် ဦးဖြစ်လာခဲ့ပေပြီ။ လ၀က၀န်ကြီးဦးခင်ရီကလည်း အမျိုးသားမှတ်ပုံတင်ကပ်ပြားနှင့်နိုင်ငံ သားစိစစ်ရေး ကပ်ပြားတို့သည်အတူတူ ပင်ဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။
ဤသို့ရှိပါလျက်မောင်တော၊ ဘူးသီးတောင်မှ ခရိုင်၊မြို့နယ်အုပ် ချုပ်ရေးမှူးများက ရိုဟင်ဂျာလူမျိုးများ သည်နိုင်ငံခြားသားများဖြစ်သယောင်၊ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအဖြစ်ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိသယောင်ပြောဆိုနေပြီး ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ လုပ်ထုံး လုပ်နည်းမျာကို ချိုးဖောက်လျက် ရိုဟင်ဂျာလူဦးရေ (၁၆၀၀၀)ရှိပြီး ရခိုင်လူဦးရေ(၁၀၀)ပင် မပြည့်သော ရိုဟင်ဂျာရွာကြီးများ၌ပင် ရခိုင်လူမျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဖြစ်လာရန် ကြံစည် လုပ်ဆောင် လျက်ရှိသည်။  မောင်တာခရိုင်မှ ခရိုင်၊မြို့နယ်အုပ် ချုပ် ရေးမှူးများသည် “ပစ္ဆိမရပ်ဝန်း” ကဲ့သို့အစွန်းရောက်မဂ္ဂဇင်း တစ်စောင်ကိုထုတ်ဝေ၍ “၂၀၁၂ခုဇွန်လ ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ် ပွဲ”ကိုလှုံ့ဆော်ဖန်တီးခဲ့သည့် အစွန်းရောက် “တရားလွန် လူမျိုးရေးဝါဒီ၊ဗုဒ္ဓ၀ါဒီ”တရားခံ များဖြစ်ကြသည်။

ထိုသူတို့က ဥပဒေကပြဌာန်းသည့်အတိုင်း ဒီမိုကရေစီနည်းကျကျရွေးချယ် ခန့်အပ်ရမည့်အစား ဥပဒေ ချိုး ဖောက်လူမျိးရေး၊ ဘာသာရေးရှေ့တန်းတင်လုပ်လာခြင်းသည် နောက်ထပ်ပြဿနာတစ်ခုကို ဖန် တီးနေခြင်း ပင်ဖြစ်သည်။ ထို့ကြောင့်ဤကိစ္စနှင့်ပတ်သက်၍သက်ဆိုင်ရာသို့တိုင်တန်းသွားရန် မူဆလင် များ က စဉ်စားနေကြောင်းသိရှိရသည်။

Comment ရေးရန်

Rohingya Exodus