နောက်ဆုံးသတင်း/ဆောင်းပါးများ

လှေစီးဒုက္ခသည် ၂၇၃ ဦးလှေတိမ်းမှောက်၍သေဆုံးသွားကြောင်းအတည်ပြု




Qutub Shah 
RB News
22.12.2012

မောင်းတော။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အင်းဒင်နယ်မြေမှနစကမှ အရာရှိများ ကိုယ်တိုင်ငွေယူ၍ ပြုလုပ်ခဲ့သော လူကုန်ကူးမှု တစ်ခုဖြစ်သည့် မလေးရှားသို့ တင်ဆောင်သွား သောလှေ စီးဒုက္ခသည် ၂၇၃ ဦးပါစက်လှေသည် လမ်းခုလပ်တွင် စက်လှေဝမ်းဗိုက်   ပေါက်၍ရေ၀င်ပြီးတိမ်း မှောက်ခဲ့ပြီး ခရီးသည်အားလုံး အသက်ဆုံးရှူံးသွားသည်ဟု သတင်း ရရှိပါသည်။

လွန်ခဲ့သည့်ရက်ပိုင်းတွင်လည်း ဗီယက်နမ်နိုင်ငံကုန်တင်သင်္ဘောတစ်စင်းမှ ရိုဟင်ဂျာမွတ်စလင် ၄၀ ဦး ကယ်တင်ခဲ့ပြီး၊ စင်ကာပူနိုင်ငံမှဝင်ခွင့်မပေးခဲ့သော်ကြောင့်၊ မလေးရှားနိုင်ငံမှကယ်တင်ခဲ့ရသည်။ ထို ၄၀ ဦးနှင့်အတူရှိခဲ့သော ၁၆၀ ဦးမှာ အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

အင်းဒင်မှ ထွက်ခွာသွားသော စက်လှေနစ်မြှပ်၍ လူ ၂၇၃ ဦးသေဆုံးခဲ့သည့် သတင်းကြောင့် ကွမ်းတောင် ကောက်ရွာမှ ထွက်ခွာရန် စီစဉ်ခဲ့သည့် စက်လှေမှာ ထွက်ခွာခြင်း မပြုတော့ဘဲ အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ လူကုန်ကူးမှုခေါင်းဆောင် တစ်ဦးဖြစ်သည့် နယ်စပ်ဒေသ ကွပ်ကွဲရေး နယ်မြေ (၈) စခန်းအမှတ် (၁၈) မှ ဗိုလ်မှူးဇော်ထွန်းမြင့်သည် ၀င်ငွေနစ်နာမှုနှင့် ရိုဟင်ဂျာများ ကိုနိုင်ငံအတွင်းမှ အပြီးအပိုင်နှင်ထုတ်ရေးစီမံကိန်းများ ထိခိုက်သောကြောင့် ကွမ်းတောင်ကောက် ရွာသား များအား ငွေကျပ် သိန်း ၇၀ ဒဏ်ငွေအဖြစ်ပေးရန်တောင်းခံနေသည်။ ထိုဒဏ်ငွေမပေးနိုင်ပါက မူလအစီအစဉ်အတိုင်းစက်လှေထွက်ရန်ခြိမ်းခြောက်နေကြောင်းသိရသည်။

“သွားတဲ့စက်လှေမှောက်သွားတယ်။ လူတွေအားလုံးသေသွားတယ်ဆိုတော့ ကျွန်တော်တို့လည်း မသွားရဲ တော့ဘူး။ ကျွန်တော်တို့ စက်လှေထွက်ရင် ဗိုလ်မှူးဇော်မြင့်ထွန်းနဲ့အဖွဲ့က ပိုက်ဆံရမယ်လေ။ စက်လှေက သူတို့စီစဉ်ပေး တာကိုး။ အခုကျွန်တော်တို့ မသွားတော့ဘူး ဆိုတော့ သူတို့ ပိုက်ဆံမရတော့ ဘူးဆိုတော့ မသွားရင် သိန်း ၇၀ ပေးရမယ် ဆိုပြီး တောင်းနေတယ်။ သူကစက်လှေ အတွက်  ငွေကြေး ရင်းနှီးထား ပြီးပြီလို့ ပြောတယ်။ အမှန်တော့ တချက်ခုတ်နှစ်ချက်ပြတ် လုပ်နေတာပါ။ တဖက်ကငွေ လည်းရှာမယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေ လည်းနိုင်ငံထဲက အပြီးထွက်ပေါ့။ ကံကောင်းရင်တော့ မလေး ရှား ရောက်မယ်။ များသော အားဖြင့်လမ်းမှာသေ တာများတယ်လေ။ အဲဒီတော့ ကျွန်တော် တို့ကို သတ်ဖို့ ကျည်ဆံလည်းမလို ဘူး။ ငွေလည်း ရတယ်ဆိုတဲ့သဘောပါ” ဟုဒေသခံတစ်ဦးမှ RB News သို့ပြောသည်။

ကွမ်းတောင်ကောက်ရွာမှ ဆယ်အိမ်မှူးတစ်ဦးဖြစ်သူ ဦးအဘူဖယာစ်အား မလေးရှားသွားရန် လူများကို မစည်းရုံးသည့် အတွက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus