နောက်ဆုံးသတင်း/ဆောင်းပါးများ

မော်လ၀ီတစ်ဦးကို စစ်သားများကရိုက်နှက်၍ပြင်းထန်စွာဒဏ်ရာရ

ဌေးဇော်
RB News
22.12.2012
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ နယ်၊ ပြင်လှရွာကြီးနေ မော်လ၀ီဆရာ ဦးမာမတ် အာ ယုပ်အား တပ်ရင်း (၅၅၁)မှ အရာခံဗိုလ်နှင့် တပ်ဖွဲ့ ၀င် ၃ ဦးမှ ရိုက်နှက်ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ ကြောင်းသ တင်းရရှိပါသည်။

ဘူးသီးတောင်မြို့ နယ်၊ ပြင်လှရွာကြီး တွင်နေ ထိုင်သော မော်လဝီ ဆရာဦး မာမတ်အာယုပ် (ဘ)ဦး ရာ ဟမတု လ္လာ ကို ဒီဇင်ဘာလ (၂၀) ရက်နေ့ည ၈ နာရီခန့်တွင် တပ်ရင်း (၅၅၁) မှအရာခံ ဗိုလ်နှင့် တပ်ဖွဲ့ဝင် ၃ ဦး တို့ မော်လ၀ီ ၏ နေအိမ်သို့ လာရောက်၍ “ဟေ့မော်လ၀ီ ကုလားမင်းမှာ ဘင်္ဂလား Mobile ရှိတဲ့ သတင်း ရလို့ လာဖမ်းတာ။ ငွေ ၅ သိန်းပေးရင်ပေး မပေးရင် မင်းကို ငါတို့တပ်ရင်း ကိုခေါ် သွားမယ်ကွာ” ဟုပြောပြီး ထိုနေရာတွင် တပ်ဖွဲ့ဝင် ၃ ဦးမှ လူမဆန်စွာ ရိုက်နှက် ၍ ခေါ်ဆောင် သွားကြောင်းသိရသည်။

ထိုနေ့မှ စ၍ယမန်နေ့ထိရိုက်နှက်ညှင်းပန်းနှိပ်စက်နေခြင်းကိုမိဘများကမခံနိုင်၍ ငွေ၅သိန်းသွား ရောက်ပေး အပ်ခဲ့ပြီး ၊ မော်လ၀ီဦးမာမတ်အာယုပ် ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ကို ဖမ်းဖို့အကြောင်းရှာမရရင်ဘင်္ဂလားကMobileကိုင်တယ်ဆိုပြီးစွပ်စွဲပြီးဖမ်းတယ်။သူတို့လိုချင်တဲ့ငွေမရမချင်း ရိုက်မယ်၊ နှိပ်စက်မယ်။ ငွေမပေးနိုင်တဲ့သူကိုရဲကိုလွှဲပေးပြီးအမှုဖွင့်တယ်။ပြီးတော့ရှေ့နေတောင် ငှားခွင့် မပေး ဘဲ နှစ်ရှည်ထောင် ချမယ်။ ဒါတွေကနေ့စဉ်နေ့ တိုင်းကျွန်တော် တို့ကြုံ တွေ့နေရတဲ့ အခက် အခဲပါ။” ဟု ပြင် လှရွာကြီးမှ ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။

မော်လ၀ီဦးမာမတ်အာယုပ်မှ အရာခံဗိုလ်နှင့် တပ်ဖွဲ့ဝင်များ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးခရီးသွားလာခွင့်ကန့်သတ်ထားမှု ကြောင့်ရွာထဲတွင်လက်လှမ်းမှီရာဖြင့် ဆေးကုသခံလျက်ရှိ   ကြောင်းသတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus