နောက်ဆုံးသတင်း/ဆောင်းပါးများ

ထင်းခုတ်သမား များကို စစ်သားများက ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်



Rohingya Eye
RB News
4.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ ထင်းခုတ်သမား (၁၅) ဦးကို စစ်သားများက ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာမှ ရော်ဖိခ် (ဘ) ဦးဆော်လီမူလ္လာ (အသက် ၂၀ နှစ်)၊ ရာဟမတ်အုလ္လာ (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၄၀ နှစ်) နှင့် ဦးအိဒိရီစ် (အသက် ၄၅ နှစ်) အပါအ၀င် ထင်းခုတ်သမား (၁၅) ဦးတို့သည့် နံနက်လင်းအားကြီး အချိန်တွင် ရွာ၏ အရှေ့ဘက် တောင်တန်းသို့ သွားရောက်၍ ထင်းခုတ်ပြီး နံနက် ၉ နာရီအချိန်တွင် ရွာသို့ ပြန်လာရာ လမ်းတွင် အဆိုပါ ကျေးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများက တွေ့၍ ဖမ်းဆီးရန် ကြိုးစားစဉ် ထွက်ပြေးကြသဖြင့် မိုးပေါ်ထောင်၍ သေနတ် ၆ ချက် ပစ်ဖောက်၍ ဖမ်းဆီးပြီး ရိုက်နှက်၍ စစ်တပ် စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် နေ့လည် ၁၂ နာရီ အချိန်တွင် စစ်သားများက အဆိုပါ ထင်းခုတ်သမား များထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် နောက်နောင် တောင်တန်းသို့ မသွားရန်လည်း တားမြစ်ခဲ့သည်ဟု ဆိုသည်။

ဒေသခံ တစ်ဦးက “ကျွန်တော်တို့ အနေနဲ့ တောင်ပေါ်ကို သွားပြီး လုပ်ကိုင် စားသောက် နေရတဲ့လူတွေပါ၊ အခုလို တောတောင်ကို မသွားနိုင်ရင်၊ ပင်လယ်ပြင် ငါးဖမ်းဖို့ အတွက် ခွင့်ပြုချက် ရဖို့ ပိုက်ဆံပေးရရင် ကျွန်တော်တို့ ဘာလုပ်ငန်း လုပ်ကိုင် စားသောက်ပြီး အသက်ရှင် နေရမှာလဲ” ဟု စိတ်မကောင်းစွာဖြင့် ပြောပါသည်။

Comment ရေးရန်

Rohingya Exodus