March 19, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တောတွင် ရိုဟင်ဂျာပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်နေခြင်း အတွက် လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြ

RB News
19.10.2016

လန်ဒန် ။ ။ ယနေ့ အောက်တိုဘာလ (၁၉) ရက် နေ့လည် ၁ နာရီမှ ၂ နာရီထိ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာများ အသင်း (BROUK) မှ ဦးစီး၍ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်နေခြင်း အတွက် လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြပွဲ တစ်ရပ်ကျင်းပခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲသို့ လန်ဒန်မြို့ရှိ ရိုဟင်ဂျာများ၊ ဘရတ်ဖို့ဒ်ရှိ ရိုဟင်ဂျာများ ၆၀ ကျော် ပါဝင်ခဲ့ပြီး၊ အခြား အဖွဲ့အစည်းများမှ ၂၀ ကျော် ပါဝင်ခဲ့သည်။

ရှေးဦးစွာ BROUK မှ ဥက္ကဌ ဦးထွန်းခင်က ဆန္ဒပြရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး၊ အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူ ၁၀၀ ကျော်ခန့်ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း၊ ရိုဟင်ဂျာရွာ အချို့ကို ရွာလုံးကျွတ်နီးပါး မီးရှို့မှုများ ရှိခဲ့ကြောင်း၊ အပြစ်မဲ့ ပြည်သူ တစ်သောင်းကျော် အိုးအိမ် စွန့်ခွာခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေရကြောင်း၊ စစ်တပ်မှ စားနပ်ရိက္ခာ လာရာ လမ်းကြောင်းများ ပိတ်ဆို့ ထားသဖြင့် အပြစ်မဲ့ ပြည်သူများမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း၊ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် အငတ်ဘေးဖြင့် ပြည်သူအများအပြား သေကြေနိုင်သောကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အမြန်ဆုံး ကာကွယ်ပေးရန် လိုအပ်ကြောင်း၊ ရိုဟင်ဂျာများသည် ငြိမ်းချမ်းသော နည်းဖြင့် မိမိတို့ ဆုံးရှုံးနေသော အခွင့်အရေးများကို ပြန်လည် ရယူလိုကြောင်း၊ မိမိတို့ အနေဖြင့် ဆုံးရှုံးနေသော အခွင့်အရေး အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံးမှ ဦးနူရူအစ္စလာမ်က ယခု ဖြစ်ပျက်နေသည့် ပြဿနာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမြန်ဆုံး ၀င်ရောက် ဖြေရှင်းပြီး အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးရေး၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပနှင့် ကုလသမဂ္ဂ တို့မှ Responsibility to Protect (R2P) ဖြင့် အမြန်ဆုံး ကာကွယ်ပေးရေး တို့အတွက် တောင်းဆိုခဲ့သည်။

လန်ဒန် အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် Restless Beings မှ ဒါရိုက်တာ Mr Marbur Ahmed က ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်နေသည်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြောင်း၊ ရိုဟင်ဂျာများ ဆုံးရှုံးနေသည့် အခွင့်အရေးများ ပြန်လည် ရရှိရေးအတွက် အမြဲ အားပေး ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။














Comment ရေးရန်

Pages 22123456 »
Rohingya Exodus