နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးစားကြူးတွင် စစ်သားများ၏ အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်းကို ခံရသည့် အမျိုးသမီး (၇) ဦးမှ တစ်ဦး သေဆုံး

MYARF
RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငါးစားကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာသို့ အောက်တိုဘာလ (၂၄) ရက်နေ့က မြန်မာစစ်သားများ ၀င်ရောက် စီးနင်းပြီး ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၇) ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ပြီး၊ မုဒိန်းကျင့်ခံရသည့် အမျိုးသမီး တစ်ဦး ယနေ့ သေဆုံးသွားကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၂၄) ရက်နေ့က မောင်တောမြို့နယ် ငါးစားကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာသို့ မြန်မာ့တပ်မတော်မှ စစ်သားများ စီးနင်းဝင်ရောက်ပြီး ရွာအတွင်းရှိ ရိုဟင်ဂျာ အမျိုးသမီး (၇) ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့သည်။

မုဒိန်းကျင့်ခံရသည့် အမျိုးသမီး (၇) ဦးထဲမှ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးသည် ငါးစားကြူး ကျေးရွာအုပ်စု၊ ရွာမ ရွာမှဖြစ်ပြီး၊ ဆွေမျိုးများ အိမ်သို့ အလည်ရောက်ရှိနေစဉ် စစ်သား (၁၀) ဦး၏ အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ မုဒိန်းကျင့်ခံရပြီး သွေးထွက်လွန်ကဲမှုကြောင့် သတိလစ်သွားခဲ့ပြီး၊ စစ်သားများ ထွက်ခွာသွားပြီးနောက် ရွာသားများက ၎င်းကို မိဘများရှိရာ ရွာမရွာသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

၎င်းအား မိဘများက ဆေးရုံသို့ ပို့ချင်ခဲ့သော်လည်း လမ်းများ ပိတ်ဆို့ထားသဖြင့် ဆေးရုံသို့ ပို့ခွင့်မရသည့် အပြင် ရွာအတွင်း ဆေးဝါးကုသမှုလည်း လုံးဝ မရခဲ့သောကြောင့် ယနေ့ အောက်တိုဘာလ (၂၆) ရက်နေ့ နံနက် ၉  နာရီအချိန်တွင် သေဆုံး သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းနှင့် အတူ မုဒိန်းကျင့်ခံရသည့် အခြား အမျိုးသမီး (၆) ယောက်တွင် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရှိရသည်။

မုဒိန်းကျင့်ခံရသည့် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကြောင့် ၎င်းတို့ အမည်များကို မဖော်ပြခြင်း ဖြစ်သည်။ 



Comment ရေးရန်

Rohingya Exodus