March 17, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်နှမ ကျေးရွာတွင်းသို့ စစ်သားများ ၀င်ရောက်၍ လုယက်၊ အပြစ်မဲ့ ရွာသား ၁၄ ဦးကို ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်

RB News
19.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နှမ ကျေးရွာအုပ်စုသို့ စစ်သားများနှင့် န.တ.လ ရွာသားများ ၀င်ရောက်၍ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးခြင်း၊ ရိုက်နှက်၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာအုပ်စု၊ တောင်ရွာသို့ စစ်သားများနှင့် န.တ.လ ရွာသား ၃၀ ခန့် ရောက်ရှိလာပြီး၊ တစ်အိမ်တက်ဆင်း စစ်ဆေးကာ အမျိုးသားများကို ထိုးကြိတ် ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို အိမ်အပြင်ဘက်တွင် ထိုင်ခိုင်းထားပြီး အိမ်ထဲသို့ ၀င်ရောက်ပြီး ရွှေ၊ ငွေ၊ ရတနာများ၊ အဖိုးတန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ မီးဖိုချောင်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီပါ မကျန် လုယက်၍ အိတ်များနှင့် ထည့်ပြီး အစိုးရမှ တရားဝင် လိုင်စင်ထုတ်ပေး ထားသည့် ဓါးပြများကဲ့သို့ ယူဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသော ရွှေ၊ ရတနာများကို စစ်သားများ ကိုယ်တိုင် ချွတ်ယူ၍ လုယက်ခဲ့သည်။ အ၀တ်အစားများ ထဲသို့ လက်ထည့်၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ မုဒိန်းကျင့်ခံရသည့် အမျိုးသမီး အချို့ ရှိသော်လည်း အမျိုးသမီးများ၏ သိက္ခာကြောင့် ဖော်ပြရန် မလွယ်ကူကြောင်း ဒေသခံများက ပြောပါသည်။

ရက်စက်ကြမ်းကြုတ်သည့် စစ်သားများ၏ လုပ်ရပ်ကို သိရှိ၍ ရွာထဲမှ အမျိုးသားများ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သောကြောင့် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှု လွတ်မြောက် ခဲ့သော်လည်း ရွာအတွင်းတွင် ကျန်ခဲ့သည့် သက်ကြီး ရွယ်အို အပါအ၀င် အမျိုးသား (၁၈) ဦး အဖမ်းခံခဲ့ရသည်။ ဖမ်းဆီးခဲ့သူ (၁၈) ဦးမှ သက်ကြီးရွယ်အို (၄) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၁၄) ဦးကို မောင်နှမ ကျေးရွာနှင့် ကပ်လျက် ရှိသော အောင်မင်္ဂလာ ရခိုင်ရွာသို့ ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။




Comment ရေးရန်

Pages 22123456 »
Rohingya Exodus