March 16, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တော၌ အပြစ်မဲ့ ရိုဟင်ဂျာပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်နေခြင်း အတွက် တိုကျိုမြို့ မြန်မာသံရုံးရှေ့ ကန့်ကွက် ဆန္ဒပြ

RB News

20.10.2016

တိုကျို ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရိုဟင်ဂျာ ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်နေခြင်း အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ယနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကန့်ကွက် ဆန္ဒပြပွဲ တစ်ရပ်ကျင်းပခဲ့သည်။ 

ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း - ဂျပန် (BRAJ) မှ ဦးစီး၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ ဂျပန်နိုင်ငံရောက် ရိုဟင်ဂျာများ၊ ရိုဟင်ဂျာအရေး အားပေးသည့် အသိုင်းအ၀ိုင်းများ ပေါင်း၍ ၈၀ ကျော် ပါဝင်ခဲ့သည်။ ဂျပန်နိုင်ငံမှ မီဒီယာကြီး ၄ ခု လာရောက်၍ သတင်းယူခဲ့သည်။ 

ဦးစွာ BRAJ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်က ယခုလ ၉  ရက်နေ့တွင် မောင်တောမြို့၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြောကြားပြီး၊ အဆိုပါ တိုက်ခိုက်မှုကို အကြောင်းပြ၍ မောင်တောမြို့နယ် မြောက်ပိုင်းမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း ဖမ်းဆီးခြင်းများကို ကန့်ကွက် ရှုတ်ချကြောင်း၊ လက်နက်ကိုင် အာဏာပိုင်များက ဥပဒေမဲ့ ပြုလုပ်နေခြင်းများကို အမြန်ဆုံး ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။ 

BRAJ ဒု-ဥက္ကဌ ဦးအောင်တင်က မြန်မာအစိုးရ အနေဖြင့် ဥပဒေမဲ့ လုပ်ရပ်များကို ပြုလုပ်နေသောကြောင့် ဂျပန်အစိုးရအနေဖြင့် စီးပွားရေး ပိတ်ဆို့ရန်၊ အခြားသော အကူအညီများ ပိတ်ဆို့ရန်၊ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ဥပဒေမဲ့ အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်မှုအတွက် နိုင်ငံတကာ စုံစမ်းရေးအဖွဲ့မှ ဖြစ်စဉ် အစအဆုံးကို စုံစမ်း၍ အရေးယူပေးရန် တောင်းဆိုခဲ့သည်။ 

ဆန္ဒပြပွဲသို့ ပါဝင်ခဲ့သည့် လူငယ်တစ်ဦး ဖြစ်သူ မရှီဂုဖ်ယာစ်မီးန် က နိုင်ငံတွင်းရှိ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ၏ အခွင့်အရေးသည် ငှက်တစ်ကောင်လောက်တောင် မရှိကြောင်း၊ ငှက်တစ်ကောင်သည် လွတ်လွတ်လပ်လပ် ငှက်သိုက်ပြုလုပ်ပြီး ကလေးမွေးနိုင်ကြောင်း၊ အဲဒီကလေးအတွက် လွတ်လပ်စွာ အစားအစာ ရှာနိုင်ကြောင်း၊ ရိုဟင်ဂျာများမှာ သွားလာရေး၊ စီးပွားရေး၊ ပညာရေးနှင့် လက်ထပ်ခွင့် အစစအရာရာ ပိတ်ပင်ခံထားရကြောင်း ၎င်း၏ အမြင်ကို နှိုင်းယှဉ်ပြခဲ့သည်။

ထို့နောက် မောင်အာတာရ်ကာမာလ် က သမ္မတထံ ပေးမည့် မြန်မာဘာသာဖြင့် စာကို ဖတ်ကြားခဲ့ပြီး၊ BRAJ မှ ဦးမိုဟာမတ်ဆော်လိမ်က အင်္ဂလိပ်ဘာသာဖြင့် စာကို ဖတ်ကြား၍ ဆန္ဒပြပွဲကို ညနေ (၄) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။ 

























Comment ရေးရန်

Pages 22123456 »
Rohingya Exodus