နောက်ဆုံးသတင်း/ဆောင်းပါးများ



သို့ 

ဦးသိန်းစိန် 
နိုင်ငံတော် သမ္မတကြီး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နေပြည်တော်


စာအမှတ်၊ ဒလပ / သမ - ၀၃ / ၂၀၁၃
ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်


အကြောင်းအရာ။ သန်းခေါင် စာရင်း ကောက်ယူရေး ပုံစံတွင် မိမိတို့ လူမျိုးစု အတွက် နိုင်ငံတွင်းရှိ တစ်ခြား လူမျိုးစုများ နည်းတူ ကုဒ်နံပါတ် “Code No“ တစ်ခု သတ်မှတ် ပေးပါရန် တင်ပြခြင်း။

လေးစားစွာဖြင့် . . .

၁။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်တိုင်း လွှတ်တော်ရုံး သဘင်ဆောင်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြုလုပ်သော သန်းခေါင် စာရင်း ကောက်ယူရေး ရှင်းလင်း ပွဲ၌ နိုင်ငံရေး ပါတီ များအား ၀ိုင်းဝန်း ကူညီရန် မှာကြားခဲ့ ပါသည်။

၂။ ကျွန်တော်များ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီကလည်း သန်းခေါင် စာရင်း ကောက်ယူရေး ကိစ္စ တွင် ၀ိုင်း ၀န်း ပါဝင် ကူညီ ဆောင်ရွက် ပေးလို ပါသည်။

၃။ သို့ကူညီ ရာတွင် အခက်အခဲ တစ်ခုမှာ တိုင်းရင်းသား ဆိုသူ (၁၃၅) မျိုးအတွက် ကုဒ်နံပါတ် တစ်ခု ကိုယ်စီရှိပါသည်။ကျွန်တော်တို့ ပါတီ၏ အခြေခံ စည်းရုံးရေး နယ်မြေ ဖြစ်သော ရခိုင် ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင် များကို စာရင်း မှတ်ရန် ကုဒ်နံပါတ် (Code-No) တစ်ခု မရှိ ဖြစ်နေ ပါသည်။လူဦးရေ တစ် သန်းကျော် ရှိနေသည့် ထိုသူ များကို မည်သည့် ဇယား၌ ဖြည့်စွက် ရမည်ကို မရေမရာ ဖြစ်နေ ပါသည်။

၎။ ကုဒ်နံပါတ်များ စာရင်း၏ နောက်ဆုံး အမှတ်စဉ် (၁၁) တွင် တစ်ခြား (Others) ဟု ကုဒ်နံပါတ် (914) ဖြင့် ဇယား တစ်ခု ရှိပါသည်။ ကုဒ်နံပါတ် ပေးထားသော နိုင်ငံခြားသား (၁၃) မျိုးတွင် မပါသေးသည့် တစ်ခြား နိုင်ငံခြားသား များအတွက် ရည်ညွှန်းပုံ ရပါသည်။

၅။ အမှတ်စဉ် (၁၀) တွင် မြန်မာနှင့် နိုင်ငံခြားသား သွေးနှောများ အတွက် ကုဒ်နံပါတ် (၉၀၀) တစ်ခု ရှိပြန် သည်။ ကျွန်တော်များ ရခိုင်ပြည်နယ်မှ မူဆလင်များ တွင်သွေးနှောသူ ဦးရေ အလွန် နည်းပါသည်။ ကျွန်တော် များသည် လွတ်လပ်ရေး ရပြီးနောက် ၁၉၈၂ ခု နိုင်ငံသား ဥပဒေ ပြဌာန်း နိုင်ခဲ့သည့် အချိန်ထိ တိုင်းရင်းသား နိုင်ငံသားများ အဖြစ်နေလာသူများ ဖြစ်ကြပါသည်။ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင် ငံ ရွေးကောက်ပွဲ အားလုံး မှာ မဲထည့်ခွင့်၊ အရွေးခံ ခွင့်များ ရရှိခဲ့၍ ယနေ့ အထိ မြန်မာ နိုင်ငံသား များ ဟု သတ်မှတ် ရန်သာ ရှိပါ သည်။

၆။ တိုင်းရင်းသား (၁၃၅) မျိုးထဲတွင် မပါဝင်သော တစ်ခြား လူမျိုးစု များလည်း များစွာ ရှိနေကြောင်း စာ နယ်ဇင်း များတွင် ဖတ်ရှု နေရ ပါသည်။ ထိုသူ များလည်း မိမိ လူမျိုး အမည် အဖျောက်ခံပြီး တစ်ခြား လူမျိုး များနှင့် ပေါင်းရမည့် အနေ အထား ဖြစ်နေ ပါသည်။

၇။ ကျွန်တော်များ ရခိုင် ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင် များကို ရိုဟင်ဂျာ ဟူ၍ ယခင် အစိုးရများက သတ်မှတ် ခဲ့သော အထောက် အထား သာဓကများ မြောက်များစွာ ရှိပါသည်။

၈။ ကျွန်တော် တို့သည် နိုင်ငံတော် အပေါ် အစဉ် အဆက် သစ္စာရှိစွာ နေထိုင် လာခဲ့သော သာဓက များလည်း ရှိပါသည်။ တစ်ချို့မှာ -

(က) ၁၉၆၁-ခုကတည်းကလက်နက်ကိုင်မူဂျာဟစ်များကပြည်သူများ၏အကြပ်ကိုင် တောင်း ဆို မှု ကြောင့် လက်နက်ချ၍ ငြိမ်းချမ်းရေး ယူထား ခဲ့သည့် အပြင် ယနေ့အချိန် အထိ ရခိုင် မြောက် ပိုင်း ဒေသ တွင် ဒေ သခံ မူဆလင်များ ထဲမှ လက်နက်ကိုင် သောင်ကျန်းသူ အဖွဲ့ အစည်း မရှိချေ။

(ခ) အထက် မူဂျာဟစ် များကို တိုက်ခိုက် ချေမှုန်း ရာတွင် ရိုဟင်ဂျာ အမျိုးသား ထဲမှ ထိုဒေသရှိ ရဲအရာရှိ များနှင့် ရဲတပ်ဖွဲ့ဝင် များက သက်စွန့် ဆံဖျား စွန့်စွန့် စားစား တိုက်ပွဲပေါင်း များစွာ တိုက်ခိုက် ခဲ့သဖြင့် နိုင် ငံတော်နှင့် နိုင်ငံတော် သမ္မတ ထံမှ ဆုအမျိုးမျိုး၊ တံဆိပ် အမျိုးမျိုး ရရှိခဲ့သော သာဓကများ ယနေ့ အထိ လက်ထဲမှာ ရှိပါသည်။ ထိုရဲအရာရှိ များ၏ အမည်ကို အတိအကျ ဖော်ပြ ရသော် (၁) ဦးအဘူလ်ခိုရ် (နောင် ပါလီမန် အမတ်)၊ (၂) ဦးအဘူ ကာစင် (နောင်မြို့နယ် တရားသူကြီး အဖွဲ့ ဥက္ကဌ)၊ (၃) ဦးမိရ် အာမတ်၊ (၄) ဦးအာလီ ဟူဆိန် (ရဲအုပ်ကြီး)၊ (၅) ဦးဘိုနီ အာမင်(ရဲမှူးကြီး) တို့ ဖြစ်ကြ ပါသည်။

၉။ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီမံ ခန့်ခွဲရေး၊ စီးပွားရေးတို့အတွက် အရေးကြီး သလို သက်ဆိုင်ရာလူမျိုးစုများအတွက်လည်းသူတို့၏လူမျိုးစု ဦးရေ အတိ အကျ သိရှိရန် လိုအပ်နေပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်တွင် လူဦးရေ ပမာဏ အဆင့် အားဖြင့် ၅/၆ အဆင့်မှာ ရှိသော အထက် ရိုဟင်ဂျာ များကို နိုင်ငံခြားသား ဇယားတွင် နိုင်ငံခြားသား “ကုဒ်နံပါတ်” နှင့်ရောနှော၍စာရင်းတင်ခြင်း မပြုဘဲ သီးခြား ကုဒ်နံပါတ် “Code-No” တစ်ခုကို ၂၀၁၄ ခုနှစ် ပြည်လုံး ကျွတ်သန်းခေါင် စာရင်း ပုံစံအတွက်ဖော်ပြ သတ် မှတ် ပေး ပါရန် တင်ပြ တောင်းဆို အပ်ပါသည်။

(၁၅.၁၂.၂၀၁၃ ခု ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အစည်း အဝေး ဆုံးဖြတ်ချက် အရ။)


ကျော်မင်း
ဥက္ကဌ
ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ (ဌာနချုပ်)
အမှတ် (၁၁၆/၁၁၈)၊ ၆-လွှာ (B)၊ ဘိုကလေးဈေးလမ်း၊
ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။
Phone : 09-73247887

မိတ္တူကို 

- ပြည်ထောင်စု ၀န်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာန၊
- ဥက္ကဌ၊ ၂၀၁၄ သန်းခေါင် စာရင်း ကောက်ယူရေး ဗဟို ကော်မတီသို့ စီစဉ် ဆောင်ရွက် ပေးနိုင်ပါရန် ပို့ပေးအပ် ပါသည်။
- ရုံးလက်ခံ



ကြေညာချက် အမှတ် ၀၁/၂၀၁၃
ရက်စွဲ ။ ။ ၂၀၁၃ ဒီဇင်ဘာ (၁၀)

အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေးနေ့၌ MYARF ၏ ထုတ်ပြန် ကြေညာချက်

ရိုဟင်ဂျာ လူမျိုး များသည် လွန်ခဲ့သော ဆယ်စုနှစ် ငါးခုကျော် ကတည်းက စပြီး ခေတ်အဆက်ဆက်၊ အာဏာရှင် အစိုးရ၏ အမျိုးမျိုးသော ဖိနှိပ်မှုများ၊ ခွဲခြားမှုများ၊ ကွပ်မျက်မှုများ စသည်တို့ကို စီမံကိန်း ကျကျ ခံနေကြ ရသူများ ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ်မှ စ၍ မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ် အတွင်း နေထိုင် ကြသော ရိုဟင်ဂျာ လူမျိုး များနှင့် မြန်မာ နိုင်ငံ အနှံ့ နေထိုင် ကြသော အစ္စလာမ် ဘာသာဝင် တို့သည် နည်းမျိုး စုံနှင့် ပေါ်ပေါ် တင်တင် သတ်ဖြတ် သုတ်သင် ခံနေကြ ရသည်။ အထူး သဖြင့် ရခိုင် ပြည်နယ် အ တွင်း နေ ထိုင် ကြသော ရိုဟင်ဂျာ လူမျိုးများကို အမြစ်ပြတ် ရှင်းလင်းရန် မြန်မာ အစိုးရ ထိပ်တန်း တာဝန်ရှိသူ အချို့နှင့် ဗုဒ္ဓဘာသာ ၀င် အကြမ်းဖက် သများများ ပူးပေါင်း၍ အစုလိုက် အပြုံလိုက် မျိုးတုန်း သတ်ဖြတ် ခဲ့ သည်ကို ကျွန်ုပ်တို့ MYARF အဖွဲ့မှ လက်လှမ်း မှီသမျှ သတင်း အချက် အလက်များ ကောက်ခံ စုဆောင်း၍ ကမ္ဘာ့ အသိုင်း အ၀ိုင်းကို အချိန်နှင့် တပြေးညီ တင်ပြ သိစေခဲ့ ပါသည်။

ဤကဲ့သို့ လူနည်းစု အပေါ် အစုလိုက် အပြုံလိုက် မျိုးတုန်း သတ်ဖြတ် နေခြင်းကို ကမ္ဘာ့ အသိုင်း အ၀ိုင်း မှ မြန်မာ အစိုးရကို သတိပေးမှုများ၊ လူနည်းစုအခွင့်အရေးများအား ကာကွယ် စောင့်ရှောက် ပေး ရန် တောင်း ဆိုမှု များကို အကြိမ်ကြိမ် ပြုလုပ် ခဲ့သော်လည်း မြန်မာ အစိုးရ တာဝန် ရှိသူ များမှ လျစ် လျူ ရှူ နေသည် ကို တွေ့ရှိ ရသည့် အပြင် ၎င်းတို့သည် လူနည်းစု ရိုဟင်ဂျာ များနှင့် အခြားသော အစ္စ လာမ် ဘာသာဝင် များအား ဆက်လက်၍ အစုလိုက် အပြုံလိုက် သတ်ဖြတ် သုတ်သင်ရန် “၉၆၉” အကြမ်း ဖက် သံဃာ အဖွဲ့ များနှင့် အခြားသော ဗုဒ္ဓ ဘာသာဝင် မြေအောက် အကြမ်းဖက် အဖွဲ့ အစည်းများ စသည် တို့ကို ဖွဲ့စည်း ပြီး ပြုလုပ်စေ လျက်ရှိပါသည်။ 

သို့ဖြစ်ပါ၍ မြန်မာ အစိုးရဘက်က ကာကွယ် ပေးရန် ပျက်ကွက် နေသော လူနည်းစု ရိုဟင်ဂျာ များ၏ အခြေခံ အခွင့် အရေး များနှင့် အခြားသော အစ္စလာမ် သာသနာ ၀င်များ၏ အခြေခံ အခွင့် အရေး များကို ကမ္ဘာ့အသိုင်း အ၀ိုင်းမှအချိန်မီကာကွယ်လုပ်ဆောင်ပေးကြ ပါရန် အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး နေ့ တွင် ကျွနုပ်တို့ MYARF မှ တောင်းဆို လိုက်ပါသည်။

ဦးစားပေး တောင်းဆို ချက်များ

(၁) ရာနှင့် ချီသော အကာ အကွယ်မဲ့ ရိုဟင်ဂျာ မိန်းမသား များအား စစ်တပ်၊ လုံထိန်း၊ နစကနှင့် ဗုဒ္ဓ ဘာ သာဝင် အကြမ်းဖက် သမားများ ပူးပေါင်း၍ အစုလိုက် အပြုံလိုက် အတင်း အဓမ္မ မုဒိန်း ကျင့်ခဲ့ခြင်း များ ကို ထိရောက်စွာ အရေးယူပေး ရန်နှင့်နောက်နောင် ဤကဲ့သို့မဖြစ်ပွားရေးအတွက်ကာကွယ် စောင့်ရှောက် ပေး ရန် မြန်မာ အစိုးရကို ကမ္ဘာ့ အသိုင်း အ၀ိုင်းမှ ဖိအားပေး တောင်း ဆို ပေးကြ ရန်။

(၂) ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက် သမားများ (မြန်မာ အစိုးရ တစ်ချို့ အပါ အ၀င်) ၏ အကြမ်းဖက် တိုက် ခိုက် ခံရမှုဖြင့် ထောင်နှင့် ချီသော ရိုဟင်ဂျာ များနှင့် အခြားသော အစ္စလာမ် ဘာသာဝင် များ အသက် ဆုံး ရှုံး ခဲ့ရပါသည်။ သို့သော်လည်း မြန်မာ အစိုးရမှ အရေးယူရန် ပျက်ကွက် နေသော ၎င်းလူသတ် တရားခံ များကို နိုင်ငံ တကာ ဥပဒေ အရ အရေးယူ ပေးပါရန်။ 

(၃) ဗုဒ္ဓဘာသာဝင် အကြမ်းဖက် သမားများ (မြန်မာအစိုးရ တစ်ချို့အပါအ၀င်) ၏ အကြမ်းဖက် တိုက် ခိုက် ခံရမှုကြောင့် အိုးအိမ် စွန့်ခွာသွားကြရသူ ရိုဟင်ဂျာနှင့် အခြားသော အစ္စလာမ်ဘာသာဝင် ၂ သိန်း နည်း ပါး ခန့်အား မိမိ တို့၏ မူလ နေရာ၌ နေထိုင် နိုင်ရေး အမြန်ဆုံး စီစဉ် ပေးကြ ပါရန်။ 

(၄) လွန်ခဲ့သော ၂၀၁၂ ဇွန်လ ပဋိပက္ခ၌ ပါဝင် ပတ်သက်သည် ဆိုပြီး မဟုတ် မမှန် စွပ်စွဲ ဖမ်းဆီးပြီး မတ ရား ပုဒ်မများတပ်၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသော အပြစ်မဲ့ ရိုဟင်ဂျာနှင့် အခြားသော အစ္စ လာမ်ဘာသာဝင် တစ်ထောင်ကျော်အား အမြန်ဆုံး လွှတ်ပေးရေးအတွက် မြန်မာအစိုးရကို ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ ဖိအားပေး တောင်းဆို ပေးကြရန်။ 

(၅) နှစ်ပေါင်း ထောင်နှင့်ချီပြီး မြန်မာ နိုင်ငံ အတွင်း နေထိုင် လာကြသူများ ဖြစ်ပြီး၊ ရခိုင် ပြည်နယ်၏ မူလ လူမျိုးစုဖြစ်သော လူမျိုးစု တစ်စုအား နိုင်ငံသား၊ တိုင်းရင်းသား ဖြစ်ခွင့်မှ ပယ်ထုတ်ရန် တမင် ဖန်တီး ထားသော ၁၉၈၂ နိုင်ငံသား ဥပဒေအား နိုင်ငံတကာ စံချိန် စံညွန်းနှင့် အညီ ပြင်ဆင်ပြီး ရိုဟင်ဂျာ လူ မျိုး များ မြန်မာ နိုင်ငံ၏ နိုင်ငံသား၊ တိုင်းရင်းသား အဖြစ် ပြန်လည် ဖြစ်ခွင့် ရရေး အတွက် မြန်မာ အစိုးရကို ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ ဖိအားပေး တောင်းဆို ပေးကြရန်။ 

MYARF
Maungdaw Youth Activists for Rohingyas’ Freedom



ထုတ်ပြန် ကြေညာချက် ၁၂/၂၀၁၃ 
(၂၀၁၃ ခု ဒီဇင်ဘာလ ၆ ရက်)

ရိုဟင်ဂျာနှင့်မြန်မာမွတ်ဆလင်တို့အားအထူးကာကွယ်စောင့်ရှောက်ရေဥပဒေတစ်ရပ်ချက်ချင်းပြဌာန်း ပေး ရန် တောင်းဆိုချက် 

၂၀၁၂ ခုနှစ်မှ စ၍ မြန်မာ နိုင်ငံ အတွင်း အစ္စလာမ် သာသနာဝင် တို့အား နည်းမျိုးစုံနှင့် သတ်ဖြတ် သုတ် သင် ခဲ့သည်ကို ကမ္ဘာ့ အသိုင်း အ၀ိုင်းမှ ထဲထဲဝင်ဝင် သိနေပြီး ဖြစ်သည်။ ရခိုင် ဒေသ တစ်ခုလုံးနှင့် မိတ္ထီ လာတို့တွင် အစုလိုက်အပြုံလိုက် မျိုးတုံးသတ်ဖြတ်ခဲ့သည်ကို ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ အုတ်အော် သောင်း နင်း အော်ဟစ် တောင်းဆိုခဲ့ ပြီးနောက်ပိုင်း- ရုပ်ပိုင်း ဆိုင်ရာ အရ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း များကို ရပ်တန့်လျက် လျှို့ဝှက်ကြိတ် သတ်မှု များကိုသော် လည်းကောင်း၊ ကြောက်လန့် ထွက်ပြေး သွားစေ ရန် ကြံစည်မှု များကို သော်လည်းကောင်း၊ တာဝန်ရှိ ၀န်ထမ်း များမှ လူကုန်ကူး မှုဖြင့် ၀င်ငွေ ရှာနေ ခြင်း များကိုသော် လည်းကောင်း၊ စိတ်ပိုင်း ဆိုင်ရာ ညှင်းဆဲ မှုများကိုသော် လည်းကောင်း- မြန်မာ တာ ၀န်ရှိ ပုဂ္ဂိုလ် များက ကျောထောက် နောက်ခံ ပေးနေ ခဲ့သည်ကို ကျွန်ုပ်တို့ တိတိ ကျကျ သိရှိ ထားပေ သည်။

ထိုပုဂ္ဂိုလ် များအား အရေးယူ ဖမ်းဆီး အပြစ် ပေးမည့် အစား- ထိုရာဇ၀တ်ကောင် များအား အားပေး အားမြှောက်ပြု နေခြင်း များနှင့် ဆီးဂိမ်း ပြီးလျှင် ပြည်တွင်းမှ မွတ်ဆလင် တို့အား သုတ်သင် ပွဲကြီး ဆင်နွှဲ မည် ဟူသည့် ကမ္ဘာသိ သတင်းဖြန့်မှုကြီး ကိုပင် မြန်မာ အစိုးရနှင့် တာဝန်ရှိ သူများက မသိဟန် လွှဲ ဘေး မဲ့ ပေးထား သည်ကို ကျွန်ုပ်တို့ တွေ့မြင်နေ ရသည်။

ဤသို့ ရိုဟင်ဂျာ လူမျိုးတို့အား သမိုင်းဖျောက် သုတ်သင် နေမှု၊ ပြည်တွင်းရှိ မွတ်ဆလင် တို့အား စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာ ညှင်းဆဲ နေမှုနှင့် မွတ်ဆလင် ဆန့်ကျင်ရေး ၀ါဒ ဖြန့်ချီနေမှု တို့အား လက်ရှိ အာ ဏာရ အစိုးရမှ ထိရောက်စွာ ကာကွယ်ပေးရန်နှင့် ရိုဟင်ဂျာနှင့် မြန်မာ မွတ်ဆလင်တို့အား ကာ ကွယ် စောင့်ရှောက် သည့် အထူး အရေးပေါ် ဥပဒေ တစ်ရပ်အား ပြဌန်း ပေးရန် ကျွန်ုပ်တို့ တန်းတူညီမျှ အခွင့် အရေး လှုပ် ရှား ဆောင်ရွက်မှု အဖွဲ့ (Civil Rights Movement) မှ တောင်းဆို လိုက်သည်။

အကယ်၍ မြန်မာ အစိုးရ အနေဖြင့် ရိုဟင်ဂျာနှင့် မြန်မာ မွတ်ဆလင် တို့အား ကာကွယ် စောင့်ရှောက်သည့် အထူး ဥပဒေ တစ်ရပ်ကို ၂၁ ရက် အတွင်းတွင် မပြဌာန်း ပေးလျှင်-၊ ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် ကမ္ဘာ့ အသိုင်း အ၀ိုင်းအား မေတ္တာ ရပ်ခံလျှက် ကမ္ဘာ့ နိုင်ငံကြီး များနှင့် ကုလ သမဂ္ဂမှ ထို ဥပဒေ အား ပြဌာန်း စေကာ မြန်မာနိုင်ငံ အ၀ှမ်းရှိ အစ္စလာမ် သာသနာ ၀င်တို့အား ကာကွယ် ပေးသွား မည် ဖြစ် သည်။

မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့



RB News
19.11.2013

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စ လာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) တို့ ပူးတွဲ ထုတ်ပြန်ကြေညာချက်။

နေ့စွဲ - နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၃

၁။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့ အကြားတွင် မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြား မှုဖြင့် အို အိုင်စီ အထွေထွေ အတွင်းရေးမှူး၊ ဂျီဘူတီနှင့်တူရကီ နိုင်ငံခြားရေး ဝန်ကြီးများ၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့်ဆော်ဒီ အာရေးဗီးယားနိုင်ငံများ၏နိုင်ငံခြားရေးဝန်ကြီးဌာနမှအဆင့်မြင့် ကိုယ်စား လှယ် များမှ မြန်မာ နိုင်ငံသို့သွားရောက်လည်ပတ် ခဲ့ပါသည်။

၂။ ထိုသို့ သွားရောက် လည်ပတ် ရာတွင် မြန်မာပြည်သူ များ၏ လိုလားမှုနှင့် ကိုက်ညီသည့် ငြိမ်းချမ်း သာ ယာရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှု စီးပွား တိုးတက်ရေး တို့အား အာမ ခံ ပေးစေ ရန် အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှု အောက်တွင် ပြောင်းလဲ တိုးတက် နေသော မြန် မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍ အပြောင်း အလဲ များအား အိုအိုင်စီ ကိုယ်စားလှယ် များမှ ကိုယ်တိုင် ကိုယ်ကြ တွေ့မြင် နိုင်သည့် ထူးကဲသော အခွင့် အလမ်းများ ရရှိခဲ့ ပါသည်။

၃။လူမှုအသိုင်းအဝိုင်း၏ ကဏ္ဍအသီးသီးတွင် ကိုးကွယ်သည့် ဘာသာနှင့် လူမှုအသိုင်းအဝိုင်း မတူသူများအ ကြားပြောဆို ညှိနှိုင်းမှုများ၊ နားလည်မှုများ ရှိစေရန် အားပေး ကူညီခြင်း ဖြင့်သော် လည်းကောင်း၊ ယင်းသို့ သင့်မြတ်မှုလမ်းကြောင်း ပေါ်သို့ ရောက်ရှိ လာစေရန် အသိုင်း အဝိုင်း ခေါင်းဆောင် များအား အထောက် အကူပြုခြင်းဖြင့်သော်လည်းကောင်း ယှဉ်တွဲနေထိုင်ကြသူများ အကြားပြန်လည် သင့်မြတ်ရေး၊ သည်းခံခွင့် လွှတ်ရေး၊ငြိမ်းချမ်းစွာအတူတကွ နေထိုင်ရေး တို့အား ရှေ့ရှု၍ လုပ်ဆောင် နေသော နိုင်ငံတော် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်နေမှု များအား [အိုအိုင်စီ] ကိုယ်စားလှယ် များမှ အားပေး ထောက် ခံကြောင်း ဖော်ပြ ခဲ့သည်။

၎။ ရခိုင် ပြည်နယ် အပါ အဝင် [မြန်မာ နိုင်ငံတွင်] အကြမ်းဖက် မှုများအားလုံး ချုပ်ငြိမ်း စေရန်၊ ပြည်သူ များအား အကြမ်းဖက်မှု အန္တရာယ် များမှ ကာကွယ် ပေးနိုင် ရန်နှင့် လူ့အခွင့် အရေးနှင့် အခြေခံ လွတ်လပ်ခွင့် တို့အား အပြည့် အဝ လေးစားမှု ရှိစေရေး အတွက် အာမခံချက်များ ပေးနိုင်ရန် နိုင်ငံတော် အစိုးရမှ သံဌိဓါန်ထားမှုများနှင့် အမျိုးမျိုးသော ထုတ်ပြန် ကြေညာချက် များအား [အိုအိုင်စီ] ကိုယ်စားလှယ် များမှ ကြိုဆိုခဲ့ ပါသည်။

၅။ အထူးသဖြင့် အကြမ်းဖက်မှု ကျူးလွန် သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အပြစ်ပေး အရေးယူ သွားမည် ဖြစ်ကြောင်း မတ်လ ၁၈ ရက်၂၀၁၃ ခုနှစ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့ သည့် ကြေညာ ချက်၊ ရခိုင် ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်မှု အကောင် အ ထည် ဖော်ရေး ဗဟို ကော် မတီ ဖွဲ့စည်း ထားရှိမှု နှင့် အောက် တို ဘာလ ၁ ရက် ၂၀၁၃ ခုနှစ်တွင် ဘာ သာ ကြီး ငါးခု မှ ခေါင်းဆောင် များ အား သမ္မတ ဦးသိန်းစိန်ပြောကြား ခဲ့မှု များမှာ အထူး အရေး ကြီး ကြောင်း တွေ့ရှိ ရပြီး [အိုအိုင်စီ] ကိုယ်စားလှယ် များမှ ယင်းလုပ်ဆောင် ချက်များအား မှတ်တမ်းတင် ခဲ့ပါသည်။

၆။ မြန်မာ နိုင်ငံတော် အစိုးရမှာ အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်း များနှင့် ဆက်ဆံရေး ထားရှိ သကဲ့သို့ အိုအိုင်စီနှင့် အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံ များနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့် ရှိနေမှုနှင့် လာရောက် လည်ပတ်ရန် အတွက် ဖိတ်ကြား ခဲ့မှု တို့အား ကျေးဇူးတင် ရှိပါကြောင်း [အိုအိုင်စီ] ကိုယ်စား လှယ် များမှ လေးနက်စွာ ပြောကြား ခဲ့ပါသည်။ အကျိုးတူ စီးပွားနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု များအား ညှိနှိုင်း ဆောင်ရွက် ပေးနေသည့် လှုပ်ရှား ဆောင်ရွက်မှု ကော်မတီအား ကြီးကြပ် ဆောင်ရွက် ပေးနေမှု များနှင့် လာရောက် လည်ပတ်စဉ် အတွင်းစီစဉ်ဆောင်ရွက် ပေးမှုများ၊ ဒုသမ္မတ ဒေါက်တာ စိုင်း ခမ်းမောက် ဦးဆောင်သည့် ဗဟို ကော်မတီနှင့် တွေ့ဆုံ နိုင်ရေး အတွက် စီစဉ် ပေးမှု များအား ကိုယ်စားလှယ် များ မှ ကျေးဇူးတင် ခဲ့ပါသည်။

၇။ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အပါအဝင် တည်ဆဲ ဥပဒေ များအား အပြည်ပြည် ဆိုင်ရာ စံနှုန်းများ၊ ဒီမိုကရေစီ အခြေခံ မူများနှင့် ကိုက်ညီမှု ရှိစေရန် ပြန်လည် စမ်းစစ် မှုများ ပြု လုပ် နေ သည့် မြန် မာ နိုင်ငံတော် အစိုးရ၏ အစဉ် တစိုက် ကြိုးပမ်း ဆောင်ရွက် မှုအား ကိုယ်စားလှယ် များမှ ကျေးဇူးတင် ခဲ့ပါ သည်။ အခြေခံ လွတ်လပ်ခွင့် များအား ကန့်သတ် ချုပ်ချယ် ထားသည့် ဥပဒေ များအား ဖျက်သိမ်း ပေးရေး အပါအဝင် တရား ဥပဒေ ရေးရာ ပြုပြင် ပြောင်းလဲ မှုများအား ဆက်လက်ပြုလုပ် ပါရန် အစိုးရအား [အိုအိုင်စီ] ကိုယ်စားလှယ် များမှ တိုက်တွန်း နှိုးဆော်ခဲ့ ပါသည်။

၈။ ရခိုင် ပြည်နယ် အပါအဝင် လူ့အခွင့် အရေး၊ နိုင်ငံသား ဖြစ်တည်ရေး၊ စီးပွားရေး အခွင့် အလမ်း များနှင့် လူမျိုးစု- ဘာသာစု လူနည်းစု များနှင့် သက်ဆိုင်သည့် တိုးတက်မှု များနှင့် စပ်လျဉ်း၍ နိုင်ငံ အတွင်း ကြုံတွေ့ ရင်ဆိုင် နေရသော အခက် အခဲ များအား ကျော်လွားရန် အတွက် ကြိုးပမ်း ဆောင်ရွက် နေမှု များနှင့် သံဌိဓါန် ချထားမှု များအား မြန်မာ အာဏာပိုင်များမှ ရှင်းလင်း တင်ပြ ခဲ့သည် များကိုလည်း ကိုယ်စားလှယ် များမှ မှတ်တမ်း တင်ထား ခဲ့ပါသည်။

၉။ ရခိုင် ပြည်နယ် အပါအဝင် မြန်မာ နိုင်ငံရှိ လူ့အသိုင်း အဝိုင်းများ အတွင်း လိုအပ် နေသည့် ဖွံ့ဖြိုး တိုး တက်ရေး၊ လူသားချင်း စာနာ ထောက်ထားသည့် အကူ အညီ များနှင့် ပြန်လည် နေရာ ချထားရေး အကူ အညီ များကို အစိုးရမှ ကြိုးပမ်း လုပ်ဆောင် နေမှု များအား ထောက်ပံ့ ကူညီ ပေးရန်နှင့် လက်ရှိ လုပ်ဆောင် နေကြသော လူသားချင်း စာနာ ထောက်ထားသည့် အကူ အညီ များနှင့် ပြန်လည် နေရာ ချထားရေး အကူ အညီ များကို ထပ်လောင်း ကူညီ ပေးနိုင်ရန် အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံများ၊ လူမှု အဖွဲ့ အစည်းများမှထောက်ပံ့ကူညီပေးရန်အဆင်သင့်ရှိနေပါကြောင်း ကိုယ်စားလှယ် များမှ ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ ယင်းသို့ ထောက်ပံ့ ကူညီ ပေးရာတွင် လူမျိုးစု၊ မျိုးနွယ်စုနှင့် ကိုးကွယ် သည့် ဘာသာများ အပေါ် အခြေခံသည့် ခွဲခြားမှုများ မရှိဘဲ [ညီတူ ညီမျှ] အိုအိုင်စီနှင့် အိုအိုင်စီ အဖွဲ့ ဝင် နိုင်ငံ များမှ ထောက်ပံ့ ကူညီ ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် အစိုးရအား အာမခံ ပြောကြား ခဲ့ပါသည်။ ဤမူဝါဒ အပေါ် အခြေခံ၍ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ များအား ခွဲခြားမှု ကင်းမဲ့ စွာ ဖြင့် ဆောင်ရွက် သွားစေရန် အတွက် မြန်မာ နိုင်ငံတော် အစိုးရမှ တဆင့် ထောက်ပံ့ ကူညီမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း နှစ်ဖက် သဘော တူညီ ခဲ့ပါသည်။

၁၀။ “ထိခိုက်နစ်နာသည့်လူမှုအသိုင်းအဝိုင်းမနှစ်ရပ်လုံးအတွက်ရည်ရွယ်၍ခွဲခြားမှုကင်းမဲ့သော လူသားချင်း စာနာ ထောက်ထားသည့် အကူ အညီ များနှင့် အခြားသော ထောက်ပံ့ အကူ အညီ များအား အစ္စလာ မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၏ အဖွဲ့ဝင် နိုင်ငံများ အပါ အဝင် မည် သည့် နေ ရာ ဒေသမှ မဆို ကမ်းလှမ်း လာသော အကူ အညီ များအား လက်ခံရန်နှင့် ကူညီနိုင်မှု လမ်းကြောင်း များ အား ဖွင့်လှစ် ထားပေးရန် အတွက်မြန်မာ နိုင်ငံ အစိုးရမှ အဆင်သင့် ရှိနေသည်” ဟု ကုလသမဂ္ဂ အထွေထွေ ညီလာ ခံ တွင်မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ပြောကြား ခဲ့မှုအားလည်း ကျေနပ် အားရ ပါကြောင်း [အိုအိုင်စီ] ကိုယ်စား လှယ်များမှ ထုတ်ဖော်ပြော ဆိုခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသား စည်းလုံး ညီ ညွတ်မှုနှင့် ပြည်တွင်းရေး ကိစ္စရပ်တို့အား ဝင်ရောက် စွတ်ဖက်မှု မပြုလုပ်ရေး မူဝါဒအား အပြည့် အဝ လေး စားပြီး လူသားများ အချင်းချင်း ဘုံတူညီကြသည် ဟူသောလူသားစိတ်ဓါတ်ဖြင့် သာ မြန်မာ နိုင် ငံတော် အစိုးရ အား ထောက် ပံ့ ကူညီ ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ထောက် ပံ့ ကူညီ ပေးရာ တွင် လို အပ် ချက်များနှင့် သင့်တင့်လျှော်ညီမှု ရှိစေရေး၊ အခက် အခဲ များအား မှတ်တမ်း တင်နိုင်ရေး တို့အတွက် အစိုးရ အားလိုအပ်သည့်အကူအညီများပေးနိုင်စေရန်သတင်းအချက်အလက် များ ဖလှယ်ကြ မည် ဖြစ်ကြောင်းနှင့် အိုအိုင်စီ၏ အဖက်ဖက်မှ ပါဝင်ကူညီပေးမှုအား အစိုးရ ဖက်မှ ဆက်လက်၍ ညှိနှိုင်း ဆောင် ရွက် ပေး လို သည့် ဘုံတူညီချက် စိတ်သဘောထားများ ရှိကြောင်း မြန်မာနိုင်ငံတော် အစိုးရနှင့် [အိုအိုင်စီ] ကိုယ် စား လှယ်များ ဖော်ပြ ခဲ့ပါသည်။

၁၁။ အိုအိုင်စီ ကိုယ်စားလှယ် များနှင့် အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံ များမှာ မြန်မာ နိုင်ငံ အတွင်း အမျိုး သား ပြန် လည် သင့်မြတ် ရေးနှင့် ပြည့်စုံသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်း၍ တည်ငြိမ်မှု ရှိသော လူမှု ဖူလုံရေး တို့အ တွက် ဆက်လက် ဆောင်ရွက် ရာတွင် ကူညီပေးလို စိတ်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့မှု များ အား မြန် မာ နိုင်ငံတော် အစိုးရမှ အသိ အမှတ် ပြုခဲ့ ပါသည်။

မှတ်ချက်။ အိုအိုင်စီ ကိုယ်စားလှယ်များ မြန်မာ နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့စွဲ့ဖြင့် ထုတ်ပြန် ကြေညာ ခဲ့သည့် “Joint Communiqué between the Central Committee for Implementation of Stability and Development in the Rakhine State of the Republic of the Union of Myanmar and OIC” အား O’Laie Manzu မှ ဆီလျော်အာင် ဘာသာပြန် ထားပါသည်။



ထုတ်ပြန် ကြေငြာချက် ၁၁/၂၀၁၃
၂၀၁၃ ခု နိုဝင်ဘာလ ၁၅ ရက်

အစ္စလာမ် သာသနာဝင် များအား တိရစ္ဆာန်များဟု သုံးစွဲ ပြောဆိုသူ များအား ပြင်းထန်စွာ ချက်ချင်း အရေးယူ ပေးရန် တောင်းဆိုချက် 

မြန်မာ အစိုးရ ဖိတ်ကြားမှု အရ ၂၀၁၃ နိုဝင်ဘာလ ၁၃ ရက်မှ စ၍ မြန်မာ ပြည်တွင်းသို့ ရောက်ရှိ နေသော အိုအိုင်စီခေါ် အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အား မြန်မာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရှုံချ ဆန္ဒပြပွဲ များကို ကျွန်ုပ်တို့ သိမြင် ရသည်။ အစိုးရ ကိုယ်တိုင် ဖိတ်၍ UN Mandate ဖြင့် မြန်မာ နိုင်ငံသို့ သွားရောက်သော OIC အား မီးစ တစ်ဖက် ရေမှုတ် တစ်ဘက် ၀ါဒဖြင့် ကြေးစား ဆန္ဒပြသူ များအား အစိုးရမှ စေခိုင်း ခဲ့သည် ကိုလည်း ကျွန်ုပ်တို့ လေ့လာ တွေ့ရှိ ရသည်။

ဒီမိုကရေစီ စနစ် အောက်တွင် အိုအိုင်စီကို သာမက မည်သည့် အဖွဲ့အစည်း ကိုမဆို လွတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ် ပြသခွင့် ရှိသည်ကို ကျွန်ုပ်တို့ လက်ခံသည်။ သို့သော် ထိုဆန္ဒ ပြပွဲတွင် အစ္စလာမ် သာသနာအား တိရစ္ဆာန် ၀ါဒဟု ဆိုင်းဘုတ် တင်လျှက် အစ္စလာမ် သာသနာ တစ်ရပ်လုံးကို စော်ကား လိုက်သည့် အပြင်၊ ကမ္ဘာ့ မွတ်ဆလင်ထု တစ်ရပ် လုံးကိုလည်း ပြတ်ပြတ် သားသား စစ်ခေါ် လိုက်ခြင်း ဖြစ်သည်။

ရိုဟင်ဂျာ၊ ကမန်နှင့် မြန်မာ မွတ်ဆလင် တို့အား အကြမ်းဖက် သတ်ဖြတ် လူမျိုးတုံး သုတ်သင် မှုကြီးသည် ပြည်တွင်းရေး ကိစ္စ သီးသန့် မဟုတ်ဘဲ- ကမ္ဘာ့ ကုလ သမဂ္ဂတွင် မဖြစ် မနေ ဖြေရှင်း ရမည့် အရေးပေါ် အရေး ကိစ္စ နံပါတ် တစ်နေရာတွင် ရှိနေပြီး ဖြစ်ပြီး ထိုသို့ မဖြစ်ရ စေရန် အိုအိုင်စီမှ သွားရောက် ဖြန်ဖြေသည့် စေတနာအား အသိ အမှတ် မပြုသည့် အပြင် အစ္စလာမ် သာသနာထု တစ်ရပ် လုံးအား တိရစ္ဆာန်နှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ဦးသိန်းစိန် အစိုးရမှ ပြောင်ပြောင် တင်းတင်းပင် ခွင့်ပြု ခဲ့ခြင်းမှာ ကမ္ဘာ့ မွတ်ဆလင် ထုအား ဘာသာရေး စစ်ပွဲ အဖြစ် စိန်ခေါ် လိုက်ခြင်း ဖြစ်သည်။

ဦးသိန်းစိန် အစိုးရ အနေဖြင့် ဘာသာ တရား တစ်ခုအား ဤသို့ ရိုင်းစိုင်းစွာ ပြောဆိုသည့် စကားလုံး အပေါ်တွင် တာဝန် အပြည့် ရှိနေပြီး- ထိုသို့ ပြောဆို ဆန္ဒပြသူ များအား ပြင်းထန် ပြတ်သားစွာ ချက်ချင်း အရေးယူ ပေးရမည် ဖြစ်သည်။ အရေးယူ ပေးမှု ပျက်ကွက် ခဲ့လျှင် ဖြစ်လာ သမျှသော ဆိုးကျိုးများ အတွက် ဦးသိန်းစိန် အစိုးရ တွင်သာ တာဝန် အပြည့် ရှိပေသည်။ 

မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့




ထုတ်ပြန်ကြေငြာချက် ၁၁/၂၀၁၃ 
(၂၀၁၃ ခု နိုဝင်ဘာလ ၇ ရက်)

ရိုဟင်ဂျာ နှင့် ကမန် လူမျိုးများအား တိုင်းပြည်မှ နှင်ထုတ် နေမှုအား ချက်ချင်း ရပ် တန့် ရန် တောင်း ဆိုခြင်း

၂၀၁၃ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လှေနစ် သေဆုံး ရသူ များနှင့် ဒုက္ခသည် စခန်းအား ၀င်ရောက် စီးနင်း တိုက်ခိုက် ခံခဲ့ရသည့် ရိုဟင်ဂျာနှင့် ကမန် မိသားစု များနှင့် ထပ်တူ ကျွန်ုပ်တို့ Civil Rights Movement (တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့) မှ ၀မ်းနည်း ကြေကွဲ မိပါသည်။

ဤကိစ္စများ ဆက်လက် ဖြစ်ပေါ် ခြင်းသည် ၂၀၁၃ ခု စက်တင်ဘာလ UN လုံခြုံရေး ကောင်စီတွင် ဤကိစ္စ များ ဆက်မဖြစ်စေ ရပါဟု ကတိ ပေးထားသော မြန်မာ အစိုးရ အနေဖြင့် လုံးဝ တာဝန်ရှိ နေသည်။ အလားတူပင် ရိုဟင်ဂျာ၊ ကမန်နှင့် မြန်မာနိုင်ငံ ဇာတိ အစ္စလာမ် သာသနာဝင် တို့အား ဥပဒေမဲ့-၊ သတ်ဖြတ်၊ ခြောက်လှန့်မောင်း ထုတ်နေခြင်းအား ဖေါ်ထုတ် အရေးယူခြင်း မရှိသည့် အတွက် ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ တာဝန်ကို ယူထားသည့် ဒေါ်အောင်ဆန်း စုကြည် တွင်လည်း တာဝန် မကင်းဟု ကျွန်ုပ်တို့ Civil Rights Movement မှ သတ်မှတ်သည်။

ဆင်တပ်မော် (ပေါက်တော) ဒုက္ခသည် စခန်းတွင် ခိုလှုံနေသော ဒုက္ခသည် အများစုမှာ ကျောက်ဖြူ ဒေသ ခံ မွတ်ဆလင်များ ဖြစ်၍ အများစုမှာ အစိုးရမှ တိုင်းရင်းသား အဖြစ် သတ်မှတ်ပြီး ကမန် လူမျိုးစု များ ဖြစ် သဖြင့် ၎င်းတို့အား တိုင်းပြည်တွင် မနေထိုင် ရဲစေရန် အစုလိုက် အပြုံလိုက် သတ်ဖြတ် မောင်း ထုတ် ခြင်း၊ ခြောက်လှန့် မောင်းထုတ်ခြင်း တို့သည် အစ္စလာမ် သာသနာကို ကိုးကွယ် သည့် လူမျိုး များအား သီး သန့် မောင်းထုတ်ခြင်း ဖြစ် ပြီး မြန်မာ နိုင်ငံတွင် ဘာသာ တရား တစ်ခုအား အပျောက် ရိုက်ရန် ကြံ စည် ခြင်းလည်း ဖြစ်သည်။

တိုင်းပြည်တွင် ဘေးကင်း လုံခြုံမှု မရှိသည့် အတွက် အသက်လု ထွက်ပြေး ရသည့် ပင်လယ် သမုဒ္ဒရာ ထဲမှ ကမ်း မမြင် လမ်းမမြင် ဒုက္ခသည် များ၏ ဘ၀များနှင့် ပတ်သက်၍ ဖြစ်ပျက် သမျှ အားလုံးကို မြန်မာ အစိုးရမှ တာဝန်ယူ ဖြေရှင်း ပေးရမည် ဖြစ်သည်။

ဤသို့- လူမျိုးတုံး သုတ်သင်မှု၊ ဘာသာ တရား တစ်ခုအား အပျောက် ရှင်းရန် ကြံစည်မှု တို့အား ချွင်းချက် မရှိ ရပ်တန်းက ရပ်ရန် ကျွန်ုပ်တို့ Civil Rights Movement မှ တောင်းဆို လိုက်ပြီး။ ထိုသို့ မောင်းထုတ် ရာတွင် ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သော လူအုပ်စု၊ နောက်ခံ အဖွဲ့ အစည်း တို့အား ချက်ချင်း လက်ငင်း ဖမ်းဆီးပေး ရန် ဦးသိန်းစိန် အစိုးရအား တောင်းဆို လိုက်သည်။ ဥပဒေမဲ့ သတ်ဖြတ် အနိုင် ကျင့် နေသည့် ရာဇ၀တ်ကောင် တို့ အား ဥပဒေ အရ အရေးမယူ ပေးနိုင်လျှင် မိမိ ရယူ ထားသည့် တရား ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ ရာထူးမှ နှတ်ထွက် ပေးရန်လည်း ဒေါ်အောင်ဆန်း စုကြည် အား တောင်းဆို လိုက်သည်။


မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့

RB News
30.9.2013

ယာယီ သက်သေခံ လက်မှတ် (White Card) ကိုင်ဆောင် ရခြင်းနှင့် ပတ်သက်၍ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ (DHRP) က ရှင်းလင်း၍ သဘောထား ထုတ်ပြန်ထား ပါသည်။





RB News စာဖတ်ပရိသတ်များသိစေရန် အသိပေးခြင်း


သြဂုတ်လ (၁၂)၊ ၂၀၁၃





RB News (Rohingya Blogger) ကိုလွန်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ စတင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် မြန်မာ ပိုင်းကို တိုးချဲ့၍ တင်ဆက် ခဲ့သည်။ စတင်သည့် အချိန်မှ စ၍ ယနေ့ အချိန်ထိ နိုင်ငံ တကာ အဖွဲ့ အစည်းများ၊ သံတမန် များ၏ အသိ အမှတ် ပြုခြင်းကို ခံရပြီး၊ ၂၀၁၂ ခုနှစ်မှ စ၍ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့သည့် ရခိုင် ပြည်နယ်၊ မိတ္တီလာ၊ ဥက္ကံနှင့် လားရှိုးမြို့တို့၏ သတင်းများ အတွက် နိုင်ငံတကာ မီဒီယာ များဖြင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည့် အပြင် ယခု အချိန် ထိလည်း ပူးပေါင်း ဆောင်ရွက် နေသည့် Project များစွာ ရှိပါသည်။ 

RB News (Rohingya Blogger) နှင့်ပတ်သက်၍ မလိုသူ များမှ မဟုတ် မမှန်သည့် သွားပုတ် လေလွင့်များ လွှင့်ထုတ်လျက် ရှိသည်ကို ရှင်းလင်းရန် ဆန္ဒ မရှိသော်လည်း RB News ၏စာဖတ် ပရိသတ်များ ယုံမှား သံသယ ဖြစ်မည်ကို မလိုလား၍ ရှင်းလင်း တင်ပြအပ် ပါသည်။

RB News သည် ၀ါသနာ တူများ ပူးပေါင်း၍ စေတနာဖြင့် ဆောင်ရွက် နေသည့် သတင်း မီဒီယာ တစ်ခုသာ ဖြစ်သည်။ 

RB News သည် မည်သည့် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း၏ လက်အောက်ခံမှ မဟုတ်ဘဲ သီးခြား လွတ်လပ်သည့် မီဒီယာ ဖြစ်သည်။ 

RB News နှင့် အခြားသော မီဒီယာများနှင့် Partnership ပူးပေါင်း ဆောင်ရွက်မှု မရှိပါ။ RB ၏ Logo ကိုတရား မ၀င် သုံးစွဲ နေခြင်း အတွက် လိုအပ် သလို ဟန့်တား သွားမည် ဖြစ်သည်။ 

စတင် လည်ပတ်သည့် နေ့မှ စ၍ လိုအပ်သည့် ငွေကြေးကို RB News တည်ထောင်သူ ဦးဘစိန်နှင့် မိသားစုမှ အကုန် အကျ ခံခဲ့ပြီး၊ မည်သည့် အဖွဲ့အစည်း၊ တစ်သီး ပုဂ္ဂလ ထံမှ တောင်းယူ ခဲ့ခြင်း မရှိခဲ့ပါ။ 

ထို့ကြောင့် မလို မုန်းတီး၍ အခြေအမြစ် မရှိ ပြောဆို နေခြင်း များကို ဤတစ်ကြိမ်မှ လွှဲ၍ နောက်နောင် ဖြေရှင်း သွားမည် မဟုတ်ဘဲ၊ အမျိုးသားရေး စိတ်ဓါတ် ၀ါသနာ အရင်းခံဖြင့် ရိုဟင်ဂျာ လူမျိုး များနှင့် မြန်မာ မွတ်စလင်များ အရေးကို ဆက်လက် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း အသိ ပေးအပ် ပါသည်။ 


RB News (Rohingya Blogger) Team



ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

၁။ လူမျိုး ဘာသာ မရွေး တစ်နိုင်ငံလုံး အုံကြွ ပေးဆပ် ခဲ့ရသော သမိုင်းဝင် ရှစ်လေးလုံး မဟာ အရေးတော် ပုံကြီး (၂၅) နှစ်ပြည့် ကာလသည် လက်ရှိ အနေ အထားကို သုံးသပ်ရန် အကောင်းဆုံး အချိန် အခါ ဖြစ်၏။

၂။ ရှစ်လေးလုံး အရေးတော်ပုံ ကြီးက တစ်ပါတီ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချနိုင် ခဲ့သော်လည်း၊ စစ်အာ ဏာရှင်က မျက်နှာဖုံး ပြောင်းပြီး နှစ်နှစ်ဆယ်ကျော် ပြင်းထန် တင်းကြပ်စွာ ဆက်လက် ဖိနှိပ် အုပ် ချုပ် နိုင် ခဲ့ သည်။ ၄င်းစစ်အာဏာရှင်က သည်ပင်လျှင် ၂၀၀၈ဖွဲ့စည်းပုံက ကျားကန် ပေးထားသော စစ်အာ ဏာရှင် အသွင်သစ် တစ်မျိုးဖြင့် နိုင်ငံတော် အာဏာ သုံးရပ်လုံးကို ယနေ့တိုင် ခိုင်မြဲစွာ ချုပ်ကိုင် ထားဆဲ ဖြစ်၏။

၃။ အလုပ်သမား၊ လယ်သမားနှင့် ပြည်သူ များ၏ အဖိနှိပ်ခံ ဘဝများ၊ ပြည်တွင်းစစ်၊ ဘာသာရေး လူမျိုးရေး အစွန်းရောက် အကြမ်းဖက် မှုများ၊ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှု များအောက်တွင် လွှတ်တော်တွင်း လွှတ်တော် ပြင်ပရှိ ဒီမိုကရေစီ အင်အားစု များသည် အင်အားချိနဲ့ နေဆဲ ဖြစ်သည့် အပြင် အဆိုး ဝါးဆုံးမှာ ဒီမိုကရေစီရေးနှင့် စစ်အာဏာရှင် စနစ် ဆိတ်သုဉ်းရေး အတွက် လက်တွေ့ ကျကျ အလုပ် ဖြစ်အောင် ပူးပေါင်း လုပ်ဆောင် နိုင်သော ဘုံလုပ်ငန်းစဉ် ဟူ၍ မရှိ သလောက် ရှားပါး နေ ခြင်း ဖြစ်ပေ ၏။

၎။ မြန်မာ့ လူ့အဖွဲ့ အစည်း၏ အရင်းခံ ပဋိပက္ခသည် ပြည်တွင်းစစ်၊ လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ ချမ်းသာ ပဋိပက္ခများ မဟုတ်။ ဖိနှိပ်သူ စစ်အာဏာရှင်နှင့် အဖိနှိပ်ခံ လူထု၏ ပဋိပက္ခသာ ဖြစ်သည်ကို ဒီမိုကရေစီ အင်အားစုတွေ မျက်ခြေပြတ် လာကြသည်။ လက်အောက်ခံ ပဋိပက္ခ များတွင် နစ်မြော အချိန် ကုန် သဘောကွဲ လာကြသည်။ ရန်ဖက်ကို မိတ်ဖက် ထင်လာသည်။ မိတ်ဖက်ကို ရန်ဖက် ထင်လာ သည်။ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် လူမျိုးစုံ ဘာသာစုံတို့ စည်းလုံး ညီညွှတ်စွာ အတူ လက်တွဲ တိုက်ပွဲဝင် ခဲ့ကြသော ရှစ်လေးလုံး စိတ်ဓါတ် များသည် ၂၅နှစ် ကြာလာသော အခါ ပိုမိုမြင့်တက် လာရမည့် အစား တစတစ ပြိုကွဲယိုင်နဲ့ လာသည်ကို ကြေကွဲဖွယ်ရာ တွေ့မြင် လာရသည်။

၅။ သမိုင်းကို ပြန်ကြည့်သော် ဖက်ဒရယ်ကို လက်ညှိုးထိုးပြီး စစ်အာဏာရှင်က အာဏာသိမ်း သက်ဆိုး ရှည်ခဲ့သည်။ ကွန်မြူနစ်ကို တရားခံလုပ်ပြီး စစ်အာဏာရှင်တွေ အသက်ဆက် ခဲ့သည်။ ယနေ့ကာလ ဖက်ဒရယ်နှင့် ကွန်မြူနစ် သုံး၍ ခြောက်ရန် မဖြစ်နိုင်တော့ သောအခါ လူမျိုးရေး၊ ဘာသာရေး မှိုင်းများနှင့် လူထုကို အကြောက် တရား ဖိစီးစေသည်။ အကွဲ အပြဲများကို ဖန်တီးသည်။ ဒီမိုကရေစီ အင်အားစု များကို ချိနဲ့စေ သည်။

၆။ ဗိုလ်ချုပ် အောင်ဆန်းက အမျိုး၊ ဘာသာ၊ သာသနာကို ကိုင်စွဲ၍ ပြည်ထောင်စု တည်ဆောက်၍ မရဟု လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော် ပင်လုံ (ဖေဖေါ်ဝါရီ ၁၁၊ ၁၉၄၇) ၌ ပြတ်ပြတ် သားသား ပယ်ချ ခဲ့သော် လည်းအမျှော် အမြင်နည်း ပါးသော ယနေ့နိုင်ငံရေး သမား အချို့သည်စစ်အာဏာရှင်များ ခင်းပေးသော နှပ်   ကြောင်း အ  တိုင်း အမျိုး ဘာသာ သာသနာကို ခုတုံးလုပ် ၍ နိုင်ငံရေး ဖြတ်လမ်း လိုက် လို ကြ သည်။ လူမျိုး စုံ၊ ဘာ သာစုံ တို့၏ သွေးချွေးဖြင့် တည်ဆောက်ခဲ့ ရသော နိုင်ငံတော်ကို လူမျိုးရေး အရ၊ ဘာ သာရေး အရ စိတ်ဝမ်း ကွဲပြားမှုတွေ ဖန်တီးပြီး ကိုယ်ကျိုးရှာ များ၏ အသုံးချခံ ဖြစ်မှန်း မသိ ဖြစ်လာ ကြသည်။

၇။ အစ္စလာမ် သာသနာသည် ၁၉၄၇ ဖွဲ့စည်းပုံမှ စ၍ ယနေ့ ၂၀၀၈ ဖွဲ့စည်းပုံတိုင် မြန်မာပြည်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှန်သမျှတွင် နိုင်ငံတော်၏ သာသနာ တစ်ရပ် အဖြစ် ဂုဏ်ပေး အသိအမှတ်ပြု ထားသော သာသနာ ဖြစ်၏။ အစ္စလာမ် သာသနာသည် မြန်မာမြေတွင် အစဉ် တင့်တယ်စွာ တည်ရှိ နေမည်ဖြစ်၏။

၈။ မြန်မာ မွတ်စလင် (ပသီ) နှင့် ရိုဟင်ဂျာ အပါအဝင် အစ္စလာမ် သာသနာဝင် တိုင်းရင်းသား များသည် လည်း မူလဘူတ တိုင်းရင်းသား (၁၄၄) မျိုး စာရင်းဝင် တိုင်းရင်းသား များဖြစ်၏။ တိုင်းရင်းသား များကို တိုင်းရင်းသား စာရင်းမှ ပယ်ဖျက် နိုင်သော အခွင့် အာဏာ မည်သည့် အစိုးရ တွင်မှ မရှိ။

၉။ နှစ်တစ်ထောင်ကျော် မြန်မာ့ သမိုင်း၏ တိုင်းပြုပြည်ပြု လုပ်ငန်းများနှင့် လွတ်လပ်ရေး တိုက်ပွဲများတွင် လက်တွဲခေါ်စရာ မလိုဘဲ၊ တာဝန်သိသိ ဒိုးတူပေါင်ဖက် ပုခုံးချင်းယှဉ် ထမ်းဆောင်ခဲ့ ကြသည့် မြန်မာ မွတ်စလင် များသည် တိုင်းရင်းသားများ ဖြစ်သည်ဟု NLD နာယက ဦးတင်ဦးက အသိအမှတ်ပြု ပြောကြား ခဲ့ပေ သည်။ မြန်မာ မွတ်စလင် များသည် စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာ၊ အားကစား၊ ပညာရေး၊ စီး ပွါး၊ လူမှု စသော ကဏ္ဍစုံ တင်သာမက ရှစ်လေးလုံး၊ ရွှေဝါရောင် အပါအဝင် နိုင်ငံရေး၊ ဒီမိုကရေစီရေး တိုက်ပွဲ မှန်သမျှတွင် ဦးပဲ့ ကျရာ ထမ်းနေကြသော အစမ်း သတ်ခံပြီး သေဖေါ်သေဖက် များလည်း ဖြစ်ကြ သည်။ ပြည်ထောင်စု မြန်မာနိုင် ငံတော် ကို ကနဦး တည်ထောင်သူ များလည်း ဖြစ်ကြ၏။

၉။ တိုင်းရင်းသား ပေါင်းစုံ ပြည်သူ လူထုကြီးသည် တစ်ချိန်က ဖက်ဒရယ်နဲ့ ဟောက်စား၊ ကွန်မြူနစ် နဲ့ ခြောက် စား ခဲ့သော စစ်အာဏာရှင်၏ နောက်ဆုံးပေါ် လှည့်ကွက် ဖြစ်သည့် မြန်မာ မွတ်စလင် ဆန့် ကျင်ရေး မှိုင်းမိပြီး မြန်မာ့ ပြဿနာများ၏ ရင်းမြစ် စစ်အာဏာရှင် စနစ် အမြစ် ပြုတ်ရေးကို မျက်ခြေပြတ် ကြပါက ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေး ထပ်မံ အလှမ်းဝေး ကြပြီး စစ်အာဏာရှင် များ၏ အမျိုးမျိုးသော လှည့်ကွက် များဖြင့် ဖိနှိပ် အုပ်ချုပ်မှုများ အောက်မှ လွတ်မြောက်ဖွယ် မရှိတော့သည်ကို အ ထူး သတိချပ်ရာ၏။

၁၀။ မြန်မာ လူမျိုးစု ပြီးလျှင် ဒုတိယ လူဦးရေ အများဆုံး အုပ်စုဖြစ်သော တိုင်းရင်းသား မွတ်စလင် များကို ချန်လှပ်ပြီး မြန်မာပြည်တွင် ဒီမိုကရေစီ စနစ် အမြစ်တွယ်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ ထို့ကြောင့် တာဝန်သိ၍ တာဝန်ရှိသော တိုင်းရင်းသား မွတ်စလင် များနှင့် ခိုင်ခိုင်မြဲမြဲ လက်တွဲ၍ ပြည်ပ စွက်ဖက်မှု ကင်းပြီး အချုပ်အခြာ အာဏာပိုင် တန်းတူညီမျှ တည်ငြိမ် တိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် သစ်ကြီးကို တည်ဆောက် ကြပါရန် တိုင်းရင်းသား ပေါင်းစုံ ပြည်သူ လူထုကြီးကို အလေးအနက်ထား ပန်ကြားသည်။


မြန်မာ မွတ်စလင် အစည်းအရုံး 
သြဂုတ်လ ၈၊ ၂၀၁၃


Media Contact; - ကိုကျော်စွာ +44 782 842 6801 (UK) kyawzwa@b-m-a.org; ကိုမျိုးဝင်း 0950 70304 (မြန်မာ) starmywin@gmail.com; ဒေါ်မော်လီ +1 416 516 7383 Canada law4women@gmail.com; Ma Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net; ကိုကျော်ဝင်း +44-740-345-2378 (UK) kyawwin78@gmail.com
RB News
30.7.2013

ရန်ကုန် ။ ။ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေး ပါတီ နှစ်ခု ဖြစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ (DHRP) နှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ (NDPP) တို့မှ ဇူလိုင်လ (၂၁) ရက်နေ့ တွင် ဘာသာ ပေါင်းစုံ အဖွဲ့ များနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တို့တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည် များနှင့် ပတ်သက်၍ ပူးတွဲ ကြေညာချက် တစ်စောင်ကို ဇူလိုင်လ (၂၈) ရက်နေ့က ထုတ်ပြန် လိုက်သည်။ 

အဆိုပါ ကြေညာချက်တွင် ပါတီနှစ်ခုမှ နိုင်ငံတော် သမ္မတ၏ လမ်းညွန်ချက် များကို အပြည့်အ၀ ထောက်ခံ ထားသည်ကို တွေ့ရှိ ရသည်။ သို့သော်လည်း လ၀က ၀န်ကြီး ဦးခင်ရီ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၊ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြနှင့် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင် တို့၏ ပြောကြား ချက်များကို ကန့်ကွက် ပယ်ချ လိုက်သည်။ 

ကြေညာချက် အပြည့်အစုံကို အောက်တွင် ဖတ်ရှု နိုင်ပါသည်။


Rohingya Exodus