နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
5.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် စခန်းမှ လ.၀.က အရာရှိ တစ်ဦး ဖြစ်သူ ဦးတင်ဇော်လင်း၏ ဓါးပြ သဖွယ် ငွေညှစ်မှု များကို အထက် အာဏာပိုင်များမှ စစ်ဆေးပေးရန် မောင်တောမြို့ ဒေသခံများက တောင်းဆိုကြောင်း ဒေသခံ များက RB News သို့ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် စခန်းမှ လ.၀.က အရာရှိ တစ်ဦးဖြစ်သူ ဦးတင်ဇော်လင်း (လ၀က ၅၅၁၄) သည် မတ်လ လဆန်းပိုင်းမှ စ၍ ပတ်ဝန်းကျင် ကျေးရွာများ ဖြစ်သော မြင်းလွတ်၊ သပြေတော၊ ကျောင်းတောင်နှင့် ဥဒေါင်း ကျေးရွာများမှ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် မလေးရှားနိုင်ငံနှင့် အခြား နိုင်ငံများသို့ ထွက်ခွာသူများကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခဟု ဆိုကာ ဥဒေါင်းရွာမှ ဦးဖော်ယာဇူလာ (ဘ) ဦးဘော်ဆိရ်ကို အသုံးပြု၍ ကျန်ရစ်ခဲ့သော မိသားစုများထံမှ လူတစ်ဦး အတွက် ငွေကျပ် ၇ ထောင်မှ တစ်သောင်း အထိ ကောက်ခံ ခဲ့သည်။ ဦးတင်ဇော်လင်းသည် မိသားစုပေါင်း ၅၀၀ ကျော်မှ ငွေကျပ် ၄၂ သိန်း ရယူခဲ့ခြင်းနှင့် ပတ်သက်၍ RB News တွင် မတ်လ ၂၅ ရက်နေ့က ရေးသား ဖော်ပြခဲ့သည်။ ထို့နောက် ဦးတင်ဇော်လင်းကို အထက် အာဏာပိုင်များက ခေါ်ယူ စစ်ဆေးခဲ့ပြီး၊ မတ်လ ၂၉ ရက်နေ့တွင် ကျေးရွာ အုပ်စု (၄) စုမှ အုပ်ချုပ်ရေးမှူး များကို ခေါ်ယူ တွေ့ဆုံ၍ ငွေကောက်ခံ ခဲ့ခြင်း မရှိကြောင်း အတင်း အဓမ္မ ထောက်ခံချက် လက်မှတ်များ ရယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးတင်ဇော်လင်းသည် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခ ဟူ၍ ငွေကျပ် ၄၂ သိန်းကျော် ရယူခြင်း သာမက လွန်ခဲ့သည့် မတ်လ အတွင်းက ငါးဖမ်းလှေသမား ၁၀၀၀ ဦးခန့်မှ ငွေကျပ် ၁၀၀၀ နှုန်း၊ ငါးဖမ်းလှေသမား ၂၀၀ ဦးခန့်မှ ငွေကျပ် ၅၀၀၀ နှုန်း၊ ငါးဖမ်း စက်လှေ သမား ၃၀ ဦးထံမှ ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ဓါးပြသဖွယ် ငွေညှစ်ခဲ့ပြီး စုစုပေါင်း ငွေကျပ် ၂၃ သိန်းခန့် ရယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ငါးဖမ်းလှေနှင့် စက်လှေ သမားများကို ငွေမပေးပါက အချိန်မှန် ငါးဖမ်း ထွက်ခွင့် ပေးမည် မဟုတ်ကြောင်း ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒေသခံများက အဆိုပါ ကိစ္စရပ်များကို တိတိကျကျ စစ်ဆေးပါရန် အထက် အာဏာပိုင်များကို တောင်းဆိုကြောင်း RB News သို့ပြောပါသည်။



RB News
5.4.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်းတွင် ၉၁၄ ဘေး၌ လူမျိုးအမည် မဖြည့်ဘဲ ကွက်လပ်ထားရန် ကိစ္စကို လက်ခံပေးရန် ဒေသဆိုင်ရာ အာဏာပိုင်များက ဧပြီလ ၄ ရက်နေ့တွင် ညှိနှိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၄) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ပြည်နယ် လ.၀.က မှူး ဦးကျော်ယဉ်ဦး ဦးဆောင်သည့် အဖွဲ့သည် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်သို့ လာရောက်၍ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၃၀ ဦးခန့်နှင့် တွေ့ဆုံ၍ သန်းခေါင်စာရင်း ကောက်ရာတွင် ကုဒ်နံပါတ် ၉၁၄ ဘေးတွင် လူမျိုးအမည် မဖြည့်ဘဲ ကွက်လပ် ထားရန် (သို့မဟုတ်) လူမျိုး အမည်နေရာတွင် မွတ်စလင်ဟု ရေးသားရန် လာရောက်၍ ညှိနှိုင်းခဲ့ကြောင်း အောင်မင်္ဂလာ ရပ်ကွက်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးက RB News သို့ ပြောပါသည်။ သို့သော်လည်း ဒေသခံ ရပ်မိရပ်ဖ များက ၎င်းတို့ အနေဖြင့် လက်မခံနိုင်ကြောင်း အကြောင်းပြန်ကြား ခဲ့ပြီး၊ ရိုဟင်ဂျာ သက်ကြီး တစ်ဦးနှင့် အမျိုးသမီးငယ် တစ်ဦးတို့က ဦးကျော်ယဉ်ဦးကို မေးခွန်းများ ထုတ်ခဲ့သော်လည်း ရေရာ သေချာသည့် အဖြေများ မပေးနိုင်ဘဲ တွေ့ဆုံ ညှိနှိုင်းပွဲကို အဆုံးသတ် ခဲ့ရကြောင်း သိရှိရပါသည်။

အလားတူ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များမှ ပြည်နယ် လွှတ်တော် အမတ်များ ဖြစ်သည့် ဦးအောင်မျိုးမင်းနှင့် ဒေါက်တာ ဘရှီးရ်အာမတ် တို့ကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်များ ဖြစ်သည့် တပ်မမှူး၊ ဗျူဟာမှူးများက မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးသို့ ဖိတ်ခေါ်၍ တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဒေသဆိုင်ရာ အာဏာပိုင်များက လူမျိုးအမည် နေရာတွင် ကွက်လပ် ထားရန် ညှိနှိုင်းခဲ့ပြီး၊ ပြည်နယ် လွှတ်တော်အမတ်များက ပြည်ထောင်စု အစိုးရက ကြေညာချက် ထုတ်ပြန်ပါက ထိုကိစ္စကို ဒေသခံ ပြည်သူများနှင့် ညှိနှိုင်းရန် လွယ်ကူမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

“၁၉၇၃၊ ၁၉၈၃ ခုနှစ်တုန်းက ကျွန်တော်တို့ ရိုဟင်ဂျာ ဖြည့်တာကို အစိုးရက ဖျက်ပြီး ဘင်္ဂလီလို့ ပြင်တယ်။ အခု ကွက်လပ် ထားပေးလိုက်ရင်တော့ အစိုးရ စိတ်ကြိုက်ပေါ့။ ကျွန်တော်တို့ အဲဒီလောက်ထိ ပညာမမဲ့သေးဘူး။ ကျွန်တော်တို့က ဥပဒေဘောင် အတွင်းက ကျွန်တော်တို့ လူမျိုးနာမည် ကျွန်တော်တို့ ရေးဖို့ ပြောနေတာပါ။ အစိုးရက ဥပဒေ ချိုးဖောက်ပြီး အမျိုးမျိုးလုပ်နေတာ။ အခုလည်း ကျွန်တော်တို့ သန်းခေါင်စာရင်းကို သပိတ်မှောက် နေတယ် ဆိုတာ လုံးဝ မမှန်ကန်ဘူး။ ကျွန်တော်တို့ သန်းခေါင်စာရင်း အကောက်ခံ နေတယ်။ အစိုးရက ရိုဟင်ဂျာ ဆိုရင် မကောက်တာ။ ကျွန်တော်တို့က ရိုဟင်ဂျာပါ။ ရိုဟင်ဂျာက အမြဲ ရိုဟင်ဂျာလို့ဘဲ ပြောမှာပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
4.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ရဲများက ကျေးရွာ အနှံ့အပြားက ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက ဖရုံချောင်း ပျဉ်တောင်ရွာမှ ကျောင်းသား တစ်ဦး ဖြစ်သည့် အိဒီရီစ် (ဘ) မော်လ၀ီ ဦးနာဇိရ်ကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလတွင် NDPD ပါတီ အတွက် ကျေးရွာသားများကို စည်းရုံးခဲ့သည်ဟု ဆို၍ ၂၀၁၁ ခုနှစ် ဇွန်လတွင် ရဲများနှင့် အမှုဆင်၍ ဖမ်းဆီးပြီး ထောင် ၆ လ ချခဲ့သည်။ အဆိုပါ ကျောင်းသား အိဒီရီစ် ထောင်မှ လွတ်မြောက် လာပြီးနောက် ရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက အမျိုးမျိုး မဟုတ်မမှန် ပြောဆို၍ ထပ်မံ ဖမ်းဆီးရန် ကြိုးစား သဖြင့် နောက်ဆုံးတွင် မလေးရှား နိုင်ငံသို့ စက်လှေဖြင့် ထွက်ပြေး သွားခဲ့ရသည်။ ယခုလည်း အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက ဖရုံချောင်း ကျေးရွာရှိ ရိုဟင်ဂျာ ကျောင်းသား ၆ ဦးကို ဒေသခံ ရွာသားများအား သန်းခေါင်စာရင်းတွင် မပါဝင်ရန် စည်းရုံး လှုံ့ဆော် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ရဲများနှင့် ပူးပေါင်းကာ ၎င်းကျောင်းသား များအား အိဒီရီစ် ကဲ့သို့ ဖမ်းဆီး၍ ထောင်ချမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ဒေသခံ ရွာသားများကို သန်းခေါင်စာရင်းတွင် မဟုတ်မမှန်သည့် ဘင်္ဂလီလူမျိုးဟု ထွက်ဆိုရန် ဖိအားပေး ခြိမ်းခြောက်မှုများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် မြင့်ဆွေက ဦးဆောင်ပြီး ဧည့်စာရင်း စစ်သည်ဟု ဆိုကာ ကကျက်ဘက် ကံပြင် ကျေးရွာ အုပ်စု၊ တပ်ရာရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ ၆ ဦးထံမှ ငွေကျပ် ၄ သိန်းစီ ယူပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း တစ်ဦးမှာ ငွေကြေး မတတ်နိုင်သဖြင့် ယခု အချိန်ထိ ဖမ်းဆီးချုပ်နှောင် ခံနေရဆဲ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဖမ်းဆီးခံရသူများမှာ --

(၁) ဒေါ်နူရ်ဂျာန် (ဘ) ဦးအဒူမော်တော်လော်ဖ် (အသက် ၅၂ နှစ်) နှင့် အခြား တစ်ဦး
(၂) ဦးဘာန်တုလ္လာ (ဘ) ဦးအလီဟူစိန်းနှင့် အခြား တစ်ဦး
(၃) ဦးမာမတ်အာလမ် (ဘ) ဦးမာမတ်ဇမာ
(၄) ဦးရှုနာမော်ဒါ (ဘ) ဦးမာမတ်ဇမာ
(၅) ဟာဖီးစ် ဦးမာမတ် -- တို့ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြာ ကျေးရွာ အုပ်စု အခြေစိုက် ခလရ (၂၃၄) မှ ဗိုလ်ကြီးနှင်းဝေက ဖိုးချောင်း၊ ဂူတာပြင်နှင့် သပိတ်တောင် ကျေးရွာ အုပ်စုများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို သန်းခေါင်စာရင်းကို အောင်အောင်မြင်မြင် ကောက်ယူပြီး ဖြစ်ကြောင်း လက်မှတ်ထိုးပေးရန် ဖိအားပေးလျက် ရှိသည်။ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်များ အားလုံးမှ ဒေသခံ ရိုဟင်ဂျာများသည် တညီတညွတ်တည်း ရိုဟင်ဂျာလူမျိုးဟု ဖြည့်ရန်သာ ပြောကြားခဲ့ခြင်းကြောင့် သန်းခေါင်စာရင်း ကောက်ယူမှုမှာ အောင်မြင်ခြင်း မရှိခဲ့သော်လည်း ဖိအားပေး၍ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း နေကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ညောင်ချောင်း ကျေးရွာ အခြေစိုက် ယခင် န.စ.က စခန်း အမှတ် ၂၆ သို့ ရောက်ရှိလာသည့် ရဲကင်း စခန်းမှူးကလည်း အနီးပတ်ဝန်းကျင်ရှိ အိမ်များကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ပြီး အမျိုးမျိုး ခြိမ်းခြောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ရခိုင်အကြမ်းဖက်သမား များ၏ ဓါးဖြင့် ခုတ်ခြင်းကို ခံရသည့် ရှဖီအာလမ်
ရခိုင်အကြမ်းဖက်သမား များ၏ ဓါးဖြင့် ခုတ်ခြင်းကို ခံရသည့် ရှဖီအာလမ်


RB News
4.4.2014

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ ပိစိ ပိုက်သည် ကျေးရွာမှ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ရခိုင် အကြမ်းဖက် များက ဓါးဖြင့်ခုတ်၍ အကြမ်းဖက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ည ၈ နာရီ အချိန်တွင် ကျောက်တော် မြို့နယ်၊ ပိစိ ပိုက်သည် ကျေးရွာမှ အသက် ၂၅ နှစ် အရွယ် ရှဖီအာလမ်သည် ပီချောင်းတွင် ပိုက်ချနေစဉ် ကျေးရွာ တစ်ဖက်ကမ်းရှိ မြင်းကြပ် ရခိုင်ရွာမှ ရခိုင် အကြမ်းဖက် အုပ်စု တစ်စု ရောက်ရှိလာပြီး ဖမ်းဆီး ခေါ်ဆောင်သွားပြီး ၀ိုင်းဝန်း၍ ဓါးဖြင့် ခုတ်ရာ ယာဘက် မျက်ခုံးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရှဖီအာလမ်မှ ဓါးဖြင့် ခုတ်ခံ ရပြီးနောက် အော်ဟစ် အကူအညီ တောင်းမှုကြောင့် ပီချောင်းတွင် ပိုက်ချ နေသည့် အခြားသော ပိုက်သမားများ ရောက်ရှိလာခဲ့ရာ ရခိုင် အကြမ်းဖက်သမားများ ထွက်ပြေး သွားခဲ့ကြောင်း သိရှိရပါသည်။



RB News
4.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များက သန်းခေါင်စာရင်းကို အကြောင်းပြ၍ မင်းမဲ့စရိုက် ဆန်ဆန် ဥပဒေမဲ့ ပြုလုပ်နေကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အုပ်စု အခြေစိုက် စခန်းအမှတ် (၂၆) မှ စခန်းမှူးနှင့် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ ခေါင်းဆောင် တိမွေးကု ဇာနည်ဇော် တို့သည် ညောင်ချောင်း ကျေးရွာအုပ်စု အတွင်းရှိ ကားများနှင့် ဆိုင်ကယ်များကို ချောဆွဲ ထားသည်မှာ မတ်လ (၃၀) ရက်နေ့ ကတည်းက ဖြစ်ပြီး၊ နေ့စဉ် လုပ်ကိုင် စားသောက်နေသူများမှာ စားဝတ်နေရေးပါ ထိခိုက်လာသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ယခုကဲ့သို့ မတရားသဖြင့် ချောဆွဲ ထားခြင်းကြောင့် ကားအငှားသမား များနှင့် ဆိုင်ကယ် တက္ကစီ သမားများ အကြား ပဋိပက္ခ ဖြစ်နိုင်သည့် အနေအထား ရှိနေသည့် အတွက် အဆင့်မြင့် အာဏာပိုင်များက အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် လိုကြောင်း ဒေသခံများက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ဘဇား ကျေးရွာ အုပ်စုတွင်လည်း သန်းခေါင်စာရင်း ကောက်ယူရန် လာသည့် အဖွဲ့နှင့် လုံခြုံရေး တာဝန်ယူရန် လိုက်ပါသည့် ဗိုလ်ကြီး နေပိုင်စိုးနှင့် အဖွဲ့က ဒေသခံများကို တယ်လီဖုန်းကဒ် ၅၀၀၀ တန် (၁၀) ကဒ်ကို အတင်း အဓမ္မ ၀ယ်ပေးခိုင်းကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အုပ်စုတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ယမန်နေ့ ဧပြီလ ၃ ရက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အားလုံးကို ဆင့်ခေါ်၍ ဘင်္ဂလီ ဖြည့်လိုသူ (၁၅) ဦး၊ ရိုဟင်ဂျာ ဖြည့်လိုသူ (၁၅) ဦးကို လက်မှတ်ထိုးရန် ပုံစံ တစ်စုံ ထုတ်ပေးခဲ့သည်။ ထုတ်ပေးခဲ့သည့် ပုံစံမှာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြုလုပ်ထားသည့် ပုံစံ ဖြစ်သောကြောင့်၊ ဒေသခံ ရိုဟင်ဂျာများက နိုင်ငံတော်မှ အသိအမှတ်ပြု၍ ထုတ်ပြန်ထားသည့် ပုံစံ မဟုတ်သဖြင့် လုံးဝ လက်မှတ် ရေးထိုးနိုင်မည် မဟုတ်ကြောင်း ပြောကြားပြီး ငြင်းဆို ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်သည် ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်းတွင် ဘင်္ဂလီဟု ပြောဆိုရန် အမျိုးမျိုး ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ် နေကြောင်း ဒေသခံများက ပြောပါသည်။



ယျာထင် (MYARF)
RB News
3.4.2014

"သား .. ဘယ်လိုလဲ .. ဘယ်အချိန် ရောက်လာမယ်လို့ ကြားလဲ"

မနက် (၇) နာရီတိတိ အချိန်မှာ ရောက်လာမယ်လို့ ပြောတဲ့ သန်းခေါင်စာရင်း ကောက်ခံရေး အဖွဲ့က (၁၁) နာရီထိ ရောက်မလာခဲ့သော အခါ အဖေ ဖြစ်သူက သူ့ သားလေးကို အပြင်ထွက် စုံစမ်းခိုင်းလိုက်ခြင်းမှ သားလေးပြန်လာလျှင် အဖေဖြစ်သူက မေးလိုက်ခြင်းဖြစ်သည်။

"ဘုန်းကြီးကျောင်းထဲမှာ အစည်းအဝေး လုပ်နေလို့တဲ့ အဖေ .. အုပ်ချုပ်ရေးမှူး ကတော့ ရောက်လာမယ်လို့ ပြောတာပဲ…" သားလေးရဲ့ စကားကိုကြားကြားချင်းပဲ အဖေဖြစ်သူရဲ့ ဒေါသစိတ်က အထွတ်အထိပ်သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ကြိတ်မှိတ်ခံထားလိုက်၏။

"သန်းခေါင်စာရင်း ကိစ္စကို ဘုန်းကြီးကျောင်းထဲမှာ ဘာဖြစ်လို့ စည်းဝေး ဆွေးနွေးနေရတာလဲ .. သေချာနေပြီ .. ဟိုတစ်နေ့တည်းက ထွက်လာတဲ့ ကောလဟာလ သတင်းစကားတွေက အမှန်ပေကိုး .. ရိုဟင်ဂျာလို့ ရေးခွင့် မပြုနိုင်ဘူးတဲ့ .. အာရ်ကာန်ဦး အစကတည်းက ရှိနေတဲ့ လူတွေကို မနေ့ တစ်နေ့ကဘဲ ခိုးဝင်လာသလိုလိုနဲ့ ပြောတာများ .. ဒီရခိုင်ပြည်နယ် အစိုးရကလည်းနော် .. တစ်နိုင်ငံလုံးမှာ တစ်မျိုး သူတို့ ဒီမှာ ကြံစည် လုပ်ဆောင်နေတာ တစ်မျိုး .. ဒီမြန်မာပြည်ကို သူတို့ ရခိုင်တွေ အုပ်ချုပ်နေတာ ကျနေတာပဲ .. တောက်"

အဖေဖြစ် သူ့ဘာသာသူ စိတ်ထဲပြောနေမိသည်။

"သား .. အဖေ သွားအနားယူ လိုက်တော့မယ် .. သူတို့ ရောက်လာရင်တော့ သားတစ်ခွန်းပဲ အရင် မေးလိုက် .. သန်းခေါင်စာရင်း ဥပဒေအတိုင်း လုပ်မလား .. ဒါမှမဟုတ် သူတို့ ရခိုင်တွေရဲ့ ကိုယ်တိုင် ဥပဒေ နဲ့ လုပ်မလား .. သန်းခေါင်စာရင်း ဥပဒေ အတိုင်း လုပ်မယ်ဆိုမှပဲ အဖေကို အိပ်ရာက နှိုးပေး မဟုတ်ရင်တော့ အကောက်မခံဘူးလို့ ဘဲ ပြောလိုက်တော့ .. ကြားလားသား…"

အဖေဖြစ်သူရဲ့ ပြတ်ပြတ်သားသား စကားကို ကြားလိုက်မိပြီးသည့်နောက် သားလေးရဲ့ မျက်လုံးမှ မျက်ရည်စက်တွေ စီးဆင်းလာနေသည်။ အာဏာရှင်ကြောင့် အတန်ကြာကြာ ဖြစ်တည်ခဲ့တဲ့ အကြောက်တရားတွေ အဖေ့ ရင်ထဲက နှလုံးသားထဲက လွင့်စင်သွား ပါပြီလား ဆိုတဲ့ အသိတရားက သားလေးကို အပျော် မျက်ရည်တွေ ယိုစေခဲ့တာ ဖြစ်၏။ ပါးပြင်ပေါ် စီးဆင်း လာနေသော အပျော် မျက်ရည်စက် တွေကို လက်ဖဝါးနှင့် အပြုံးမပျက် သုတ်နေရင်း သားလေးက အဖေဖြစ်သူကို ခေါင်းညိတ် ပြလိုက်သောအခါ အဖေဖြစ်သူလည်း အခန်းထဲဝင်ပြီး အနားယူ နေလိုက်တော့သည်။ ဖိနှိပ်ခံရလေ ခန္ဓာကိုယ်ထဲ သတ္တိသွေးတိုးလာလေပဲ ဆိုတာ သားအဖ နှစ်ယောက် ကိုယ်တွေ့ ကြုံ၍ သိရှိ ရပါတော့သည်။



O’Laie Manzu
RB News
3.4.2014

ပြန်လည် နေရာချထားရေး စခန်းတွေမှာရှိတဲ့ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ မွတ်စလင် တွေဟာ အစာရေစာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အနည်းငယ်သာ ရရှိတဲ့ အတွက် ပဋိပက္ခ တွေကြောင့် ယိုယွင်းနေတဲ့ ရခိုင်ပြည်နယ် အတွင်း ကယ်ဆယ်ရေး လုပ်သားတွေ အပေါ် ခရီးသွားလာရေး တားမြစ်ချက် တွေကို ဖယ်ရှားပေးဖို့ အမေရိကန် အစိုးရက မြန်မာအစိုးရကို တောင်းဆို လိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင် လူထုကြီးက ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ နေအိမ်နဲ့ ရုံးတွေကို ပြီးခဲ့တဲ့ အပတ်က ဝိုင်းဝန်း တိုက်ခိုက် ကြတဲ့အတွက် သူတို့တွေ ထွက်ပြေး တိမ်းရှောင် ခဲ့ကြ ရပါတယ်။ အချို့ ဝန်ထမ်းတွေက အဲဒီ နေရာတွေကို ပြန်လည် ဝင်ရောက်နိုင်ဖို့ ကြိုးစားပေမယ့် သူတို့ကို ပိတ်ပင် တားဆီး ထားတယ်လို့ ပြောကြ ပါတယ်။

“ရခိုင်ပြည်နယ်မှာ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေရသူတိုင်းကို ကူညီပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့ အတွက် ကုလသမဂ္ဂနဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အပေါ် ခရီးသွားလာရေး တားမြစ်ချက် တွေကို ဖယ်ရှား ပေးဖို့နဲ့ ခရီးသွားရာမှာ လိုအပ်သလို သင့်လျော်တဲ့ စီမံ ခွင့်ပြုချက်တွေ လုပ်ပေးဖို့ ကျွန်ုပ်တို့ အနေဖြင့် မြန်မာ အစိုးရကို တောင်းဆို ပါတယ်။” လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အမေရိကန် အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

အာဏာပိုင်တွေ အနေနဲ့ “လူသားချင်း စာနာထောက် ထားတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ အတွက် လုံခြုံ စိတ်ချစေရေးကို အဓိပ္ပါယ်ရှိရှိ လုပ်ဆောင် ပေးသင့်တယ်။” လို့လည်း ကြေညာချက်မှာ ရေးသားထား ပါတယ်။

မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ကိုတော့ သူတို့ရဲ့တုန့်ပြန်ချက် ရယူဖို့ ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။

လူဦးရေ သန်းခြောက်ဆယ် အနက် ဗုဒ္ဓဘာသာဝင် အများစုနေတဲ့ မြန်မာနိုင်ငံဟာ ရာစုနှစ် ထက်ဝက်လောက် စစ်အုပ်ချုပ်မှု အောက်က မကြာသေးမှီကမှ ခေါင်းမော့ လာခဲ့တာပါ။ ပြည်သူ အစိုးရ လက်အောက်မှာ မျှော်လင့်ချက် ရောင်ခြည် သန်းလာတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဟာ အားရစရာ ကောင်းလှပြီး နိုင်ငံတကာ အလှူရှင်တွေ ဆီကနေ ဒေါ်လာသန်း ရာပေါင်း များစွာလည်း စီးဝင်လာခဲ့ ပါတယ်။ ဒါပေမယ့် ဘာသာရေး အစွန်းရောက် လှုပ်ရှားမှုတွေက ဒီတိုးတက်မှု တွေကို ခြိမ်းခြောက် တားဆီး နေသလို ပါဘဲ။

လွန်ခဲ့တဲ့ နှစ် နှစ်လောက်က ဘာသာရေးကို ခုတုန်း လုပ်တဲ့ ဗုဒ္ဓဘာသာ လူစုကြီးရဲ့ တိုက်ခိုက်မှု တွေကြောင့် လူ ၂၈၀ ဦးသေဆုံး ခဲ့ရပြီး ၁၄၀၀၀၀ အိုးအိမ်စွန့်ခွာ ခဲ့ကြ ရပါတယ်။

ဓါးစာခံ အများစုကတော့ ကုလသမဂ္ဂက ကမ္ဘာပေါ်မှာ ဘာသာရေးပေါ် အခြေခံပြီး ညှဉ်းပန်း နှိပ်စက်ခံ ရဆုံးသော လူမျိုးလို့ သက်မှတ်ထားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဘဲ ဖြစ်ပါတယ်။ သူတို့ အများစု ကတော့ ရှေ့မျိုးဆက် များစွာကတည်းက ရောက်ရှိနေထိုင်ကြတဲ့ မိသားစုတွေ ကနေ ပေါက်ဖွားဆင်းသက် လာတာ ဖြစ်ပေမယ့် မြန်မာအစိုးရ ကတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားမဝင် ခိုးဝင်လာသူတွေလို့ သက်မှတ်ထားပါတယ်။

ဗုဒ္ဓဘာသာ အစွန်းရောက် တွေကတော့ လူသားချင်း စာနာထောက်ထားတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရိုဟင်ဂျာ တွေရဲ့ အသက်ရှုပေါက်လို့ ရှု့မြင်ကြပြီး မကြာခဏ ဆန္ဒပြလေ့ ရှိပါတယ်။ တချို့ကတော့ ဖေ့စ်ဘွတ် လို ဆိုရှယ်မီဒီယာ တွေကနေလည်း ဝန်ထမ်းတွေ၊ အိမ်ရှင်တွေ၊ ကားသမားတွေကို ခြိမ်းခြောက် တတ်ကြပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေအပေါ် ဖိအားကြီးထွား လာတဲ့အတွက် နိုဘယ်လ်ဆုရ အဖွဲ့ဖြစ်တဲ့ Doctors Without Borders ကို ရိုဟင်ဂျာတွေကို အလုပ်ခန့်တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဖေဖော်ဝါရီလမှာ နှင်ထုတ် လိုက်ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်တဲ့ ရခိုင်ပြည် တလျှောက်မှာ လူပေါင်း ခုနှစ်သိန်းကျော်ကို ဝန်ဆောင်မှု ပေးနေခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပါတ်ကလည်း ရာချီရှိတဲ့ ဗုဒ္ဓဘာသာဝင် တွေက ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရှိတဲ့ ကုလသမဂ္ဂ ရုံးတွေ၊ OXFAM, Save the Children, Solidarities International နဲ့ အခြားရုံးတွေ၊ နေအိမ်တွေကို နှစ်ရက်ကြာ တိုက်ခိုက်ကြလို့ ကယ်ဆယ်ရေး လုပ်သား ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

တချို့ကတော့ အဲဒီ နေရာတွေကို ပြန်သွား ခွင့်တောင်းခံခဲ့ပေမယ့် ခရီးသွားလာခွင့် တွေကို ပယ်ချ လိုက်တယ်လို့ ဂျာမန် ဆေးဝါး ဆိုင်ရာ အဖွဲ့ဖြစ်တဲ့ Malteser International အဖွဲ့ရဲ့ နိုင်ငံတွင်း တာဝန်ခံ Johannes Kaltenbach ကပြောပါတယ်။ ဒါဟာ “ကယ်ဆယ်ရေး အဖွဲ့တွေ အတွက် တကယ့်ကို စိုးရိမ်စရာဘဲ” လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က တိုက်ခိုက်မှု တွေဟာ အစာရေစာတွေ၊ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ အကာအကွယ်တွေ အတွက် စိုးရိမ်စရာ ဖြစ်နေပြီး အသက် ကယ်ဆယ်ရေး အကူအညီ တွေအပေါ် အနှောက်အယှက် ဖြစ်စေတယ်လို့ ကုလသမဂ္ဂ က ဆိုပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ကယ်ဆယ်ရေး တာဝန်ခံ Renata Dessallien က ဗုဒ္ဓဟူးနေ့မှာ ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် “ပြီးခဲ့တဲ့ အပတ်က စစ်တွေမှာ ဖြစ်ပျက် ခဲ့တာဟာ အပြည်ပြည် ဆိုင်ရာ အဖွဲ့တွေကို တိုက်ခိုက်ရုံ တင်မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူသားချင်း စာနာတဲ့ လုပ်ဆောင်ချက်ကြီး တစ်ခုလုံးကို တိုက်ခိုက် လိုက်သလိုဘဲ”လို့ ပြောပါတယ်။

အခြေအနေ တွေကတော့ တစ်ရက်ထက် တစ်ရက် ပိုမို စိတ်ပျက်စရာ ကောင်းလောက်အောင် ပါဘဲ… လို့ သူမ နဲ့ အခြားသူတွေ ပြောကြ ပါတယ်။

Robin McDowell ရေးသားပြီး Associated Press မှာဖော်ပြခဲ့တဲ့ US Urges Return of Aid Workers to Myanmar State သတင်းဆောင်းပါးကို O’Laie Manzu မှာ ဆီလျော်အောင် ဘာသာပြန် ထားပါသည်။




RB News
3.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စုရှိ မူလတန်း လွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်တင်ကြည်သည် သန်းခေါင်စာရင်း ကောက်ခံရာတွင်ပါ စာရင်းစစ် အဖြစ်ပါဝင်ပြီး ဖြေဆိုသူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စု မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်တင်ကြည်သည် ၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှ စ၍ ကျောင်းသို့ ပုံမှန် လာရောက်ခြင်း မရှိသည့် အပြင် လာသည့် အချိန်တွင်လည်း ကျောင်းသား လူမမယ်များကို မညှာမတာ ရိုက်နှက်ခြင်းများ အမြဲပြုလုပ်လေ့ ရှိသည်။ ၎င်းသည် ဇီးပင်ချောင်း အခြေစိုက် အမှတ် (၂) လုံထိန်း တပ်ရင်း စခန်းတွင် နေထိုင်ပြီး၊ စခန်းအတွင်းရှိ သက်သာ ချောင်ချိရေး လဘက်ရည်ဆိုင်ကို အရာရှိများအား လာဘ်ထိုး၍ ရယူခဲ့ပြီး၊ ယခုအခါ အရက်ဆိုင်နှင့် လဘက်ရည်ဆိုင် တွဲဖွင့်ကာ စီးပွားရေး လုပ်ကိုင်လျက် ရှိသည်။ မူလတန်း ကျောင်းအုပ်ကြီး တစ်ဦး အနေဖြင့် ကျောင်းတွင် အချိန်ပြည့် တာဝန် ထမ်းဆောင် ရမည်ဖြစ်သော်လည်း အရက်ဆိုင် လုပ်ငန်းသာ လုပ်ကိုင်နေခြင်းကြောင့် ကျောင်းသားငယ် များ၏ ပညာရေး ဆုံးရှုံးလျက် ရှိသည်။

ဦးအောင်တင်ကြည်သည် အစွန်းရောက် ၉၆၉ ဂိုဏ်းခေါင်းဆောင် တစ်ဦး ဖြစ်ပြီး၊ အမှတ် (၂) လုံထိန်း တပ်ရင်း အနီးရှိ ဆေးခန်းသို့ ဆေးကုရန် လာသူ တစ်ဦးကို ဆရာဝန်က ဆေးကုသနေစဉ် အဆိပ်ဆေး ထိုးပေးပါက ဤဘင်္ဂလီများ လူမျိုးတုံး သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဆေးကုသမှု ခံယူခဲ့သူက ဒေသခံများကို ပြန်လည် ပြောပြခဲ့သည်။ စခန်းတွင်းတွင်လည်း ၉၆၉ လှုပ်ရှားသူ များကို နေရာ ပေးထားပြီး ကျွေးမွေး စောင့်ရှောက် ထားသည်ကို ဒေသခံများက မြင်တွေ့ကြောင်း RB News သို့ပြောသည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ညပိုင်း အချိန်တွင် ရခိုင်လူမျိုး ၅ ဦးခန့်ဖြင့် လှည့်လည်လေ့ ရှိသော်လည်း အာဏာပိုင်များက တားမြစ်ခြင်း မရှိဘဲ၊ လွှတ်ပေးထားသည်ဟု ဒေသခံများက ဆိုသည်။

ယခု သန်းခေါင်စာရင်း ကောက်ယူသည့် အချိန်တွင်လည်း ဦးအောင်တင်ကြည်သည် စာရင်းစစ် အဖြစ် ပါဝင်လာပြီး၊ ဒေသခံ ရိုဟင်ဂျာများက ရိုဟင်ဂျာဟု ရေးသားလျှင်သာ ဖြေဆိုမည်ဟု ပြောသောကြောင့် နည်းမျိုးစုံဖြင့် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် နေသည်ဟု ဒေသခံများက ပြောပါသည်။ ယမန်နေ့ ဧပြီလ (၂) ရက်နေ့ နေ့လည်ပိုင်းတွင် ရေတွင်းပြင် ကျေးရွာ အုပ်စု၊ တောင်ရွာ၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကိုလင်းလင်းထိုက် (ခ) ကာလာမျာ (ဘ) ဦးအာမတ်သည် ဖခင် ရိုဟင်ဂျာ၊ မိခင် ကချင်လူမျိုး ဖြစ်သောကြောင့် သန်းခေါင်စာရင်းတွင် ကချင် လူမျိုးဟု မှတ်တမ်းတင်ရန် ပြောဆိုခဲ့သော်လည်း ကိုလင်းလင်းထိုက်က ပြောဆိုသည့် အတိုင်း မှတ်တမ်းမတင်သည့် အပြင် ရိုင်းပျစွာ ဆဲဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ကိုလင်းလင်းထိုက်၏ ဖခင်မှာ ယခုအချိန်ထိ မြန်မာ့ တပ်မတော်တွင် တပ်ကြပ်ကြီး အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
3.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နွားရုံတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ကို ၎င်း၏ ရွာတွင် ခေါ်ယူ၍ ကျွေးမွေး စောင့်ရှောက် ထားကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အကြမ်းဖက် အဖွဲ့သည် မတ်လ ၃၁ ရက်နေ့ ည ၁၁း၃၀ နာရီတွင် မောင်တောမြို့နယ်၊ နွားရုံတောင် ကျေးရွာ အုပ်စု၊ ပါစပ်ရွာ (ရခိုင်ရွာ) မှ ထွက်လာပြီး၊ ရေညှက်တောင် ရိုဟင်ဂျာ ရွာကို အကြမ်းဖက် မီးရှို့ရန် ကြိုးစားခဲ့သည်။ ဒေသခံ ရိုဟင်ဂျာ များက ခုခံ ကာကွယ်ပြီး မောင်းထုတ် နိုင်ခဲ့ခြင်းကြောင့် မီးရှို့ အကြမ်းဖက်ရန် လာသည့် အဖွဲ့ ထွက်ပြေး သွားခဲ့ရသည်။ ရိုဟင်ဂျာ ရွာသားများက နေ့ည ကင်းစောင့်ခြင်းကြောင့် ယခု အချိန်ထိ အကြမ်းဖက်ရန် ၀င်ရောက်၍ လာနိုင်ခြင်း မရှိသော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အကြမ်းဖက် အဖွဲ့ကို နွားရုံတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင်က ခေါ်ယူ လာခြင်း ဖြစ်ပြီး၊ ၎င်းတို့ကို ဧည့်ခံ ကျွေးမွေးရေး အစီအစဉ် အားလုံးကို တာဝန်ယူထားကြောင်း သိရှိရသည်။ ဦးစိန်မြအောင်သည် ၉၆၉ လှုပ်ရှားရေး တာဝန်ခံ တစ်ဦး ဖြစ်ပြီး၊ ရောက်ရှိနေသည့် ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အကြမ်းဖက် အဖွဲ့နှင့် ဒေသတွင်း ၉၆၉ အဖွဲ့နှင့် ဆက်စပ်၍ အကြမ်းဖက်မှုများ ပြုလုပ်လိမ့်မည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောမြို့နယ် အတွင်းတွင် ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အကြမ်းဖက် အဖွဲ့ အနည်းဆုံး ၁၂၀ ဦးခန့် လက်နက် အပြည့်ဖြင့် ရှိနေပြီး၊ အကြမ်းဖက်မှုများ ပြုလုပ်၍ ဒေသတွင်း ပဋိပက္ခ ဖြစ်အောင် ပြုလုပ်ရန် အစီအစဉ်များ ရှိနေသည်ဟု ဒေသတွင်း ငြိမ်းချမ်းရေး လိုလားသည့် ရခိုင် ဗုဒ္ဓဘာသာဝင် အချို့ထံမှ စုံစမ်း သိရှိ ရပါသည်။ မောင်တောမြို့တွင် ရောက်ရှိနေသည့် ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက် အဖွဲ့နှင့် ပတ်သက်၍ နေပြည်တော်သို့ အကြောင်းကြားထားပြီး ဖြစ်သော်လည်း ယခုအချိန်ထိ စစ်ဆေး အရေးယူခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။



Sindi Khan
RB News
3.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း၊ ဦးရှင်ကြား ကျေးရွာ (ဘူရာရှီဒါ ဖာရာ) သို့ သန်းခေါင်စာရင်း ကောက်သည့် အဖွဲ့နှင့် လိုက်ပါလာသည့် လုံထိန်းများက ရိုဟင်ဂျာ လူငယ် တစ်ဦးထံမှ ပုဇွန်များ လုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၂ ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် သန်းခေါင်စာရင်း ကောက်သည့် အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှင်ကြား ကျေးရွာ (ဘူရာရှီဒါ ဖာရာ) သို့ ရောက်ရှိလာခဲ့ပြီး၊ လုံထိန်း ၆ ဦးနှင့် စစ်သား ၃ ဦး ပါဝင်ခဲ့သည်။ ထိုအချိန်တွင် အသက် ၁၂ နှစ် အရွယ်ရှိ မောင်ရှော်ဖီအာလမ် (ဘ) ဦးဟာမီဒုလ္လာ သည် ပုဇွန်ကန်မှ ပုဇွန်များကို ဈေးထဲတွင် ရောင်းချရန် ယူလာစဉ် လုံထိန်းများက လုယက် ယူခဲ့သည်။ မောင်ရှော်ဖီအာလမ်က ၎င်းတွင် ရှိသော ငွေကျပ် ၃၀၀၀ ကိုပေး၍ ၎င်း၏ ပုဇွန်များကို မယူရန် တောင်းပန်ခဲ့သော်လည်း လုံထိန်းများက လုယက် ယူသွားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ လုံထိန်းများ လုယက်ခဲ့သည့် ပုဇွန်များမှာ ငွေကျပ် ၃ သောင်းခန့် တန်ဖိုး ရှိကြောင်း သိရှိရသည်။

သန်းခေါင်စာရင်း ကောက်ခံသည့် အဖွဲ့သည် အဆိုပါ ရွာသို့ ရောက်ရှိခဲ့ပြီး၊ ရိုဟင်ဂျာ လူမျိုးဟု ထွက်ဆိုသောကြောင့် သန်းခေါင်စာရင်း မကောက်ခံခဲ့သော်လည်း သန်းခေါင်စာရင်း စရိတ်ဟု ဆိုကာ ငွေကျပ် တစ်သိန်းကို အာဏာပိုင်များက ဓါးပြ သဖွယ် တောင်းယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
3.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် တစ်ဖက်နိုင်ငံမှ ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အကြမ်းဖက် အဖွဲ့များနှင့် ဒေသခံ ရခိုင်အကြမ်းဖက် အဖွဲ့များ ပူးပေါင်း၍ သောင်းကျန်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ နေ့လည် ၂း၃၀ နာရီတွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ရေနုပ်ငါးစား ကျေးရွာမှ ဦးဆယာဒ်အာလမ် (ဘ) ဦးရှိတ်အာမတ်သည် တောင်ပေါ်တွင် စိုက်ပျိုးထားသော ကွမ်းခြံမှ အိမ်သို့ အပြန်တွင် ရခိုင် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့နှင့် ထိပ်တိုက် တွေ့ဆုံခဲ့ပြီး၊ အဆိုပါ အကြမ်းဖက် အဖွဲ့က ၎င်းအား သေလုမြောပါး ရိုက်နှက်ခဲ့သည်။ ဦးဆယာဒ်အာလမ်သည် ဒဏ်ရာများကြောင့် အိမ်သို့ ထမပြန်နိုင်ခဲ့ဘဲ၊ ပုံမှန်အချိန် အတိုင်း အိမ်ပြန် မရောက်သဖြင့် ရွာသားများ လိုက်ရှာသည့်အခါ တွေ့ရှိ၍ အိမ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ရရှိထားသည့် ဒဏ်ရာများဖြင့် အသက်ရှင်ရန် လွယ်ကူမည် မဟုတ်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ဧပြီလ (၁) ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ၈၀ ဦးခန့် ရှိသည့် ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့သည် တမန်းသား တောင်ကြားလမ်းမှ တဆင့် မောင်တောမြို့ပေါ်သို့ ၀င်ရောက် လာခဲ့သည်ကို ဒေသခံ တစ်ဦးက တွေ့ရှိခဲ့သည်။ အခြားသော အဖွဲ့တစ်ဖွဲ့လည်း အောက်ပြူးမ ကျေးရွာတွင် ရှိနေကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အဖွဲ့များကို မောင်တောမြို့မှ အစွန်းရောက်များက ခေါ်သွင်း လာခြင်း ဖြစ်ပြီး၊ နယ်စပ် ခြံစည်းရိုးသို့ ရခိုင်အစွန်းရောက် များကိုယ်တိုင် ဆိုင်ကယ်များဖြင့် သွားရောက် ကြိုဆိုကြပြီး၊ အပြန်လမ်းတွင် လက်နက်ကိုင်ဆောင် ထားသည့် ဘင်္ဂလီ-ရခိုင် အုပ်စုကို ကားများဖြင့် ခေါ်ဆောင်လာသည်ကို တွေ့ရှိကြောင်း မျက်မြင်သက်သေ များက ပြောပါသည်။

ရခိုင်အစွန်းရောက် အဖွဲ့နှင့် ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အဖွဲ့တို့ ပူးပေါင်း၍ အစိုးရရုံးကို များကို အကြမ်းဖက်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။ အဆိုပါ အဖွဲ့ လှုပ်ရှားလျက် ရှိသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက သိရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည်ကို လေ့လာတွေ့ရှိရသည်။



MYARF
RB News
3.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရန် ချောဆွဲထားသည့် တက္ကစီကား၏ ယာဉ်မောင်းကို လုံခြုံရေး ရဲတစ်ဦးက ဓါးဖြင့်ထိုးရန် ကြိုးစားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ညနေ ၅း၃၀ နာရီတွင် သန်းခေါင် စာရင်း ကောက်ယူသည့် အုပ်စု တစ်စုသည် သရေကုန်ဘောင် ကျေးရွာ အုပ်စု၊ ရွာသစ်ကေ (န.တ.လ) ရွာမှ သန်းခေါင်စာရင်း ကောက်ယူပြီး ၎င်းတို့၏ စုရပ် ဖြစ်သော ဇော်မတက် ကျေးရွာ အုပ်စု၊ ကိုင်းကြီး (န.တ.လ) ကျေးရွာသို့ အပြန်လမ်း ခရီးတွင် စာရင်းကောက် အဖွဲ့နှင့် အတူ လိုက်ပါလာသော လုံခြုံရေး အဖွဲ့၏ တက္ကစီးကားမှာ သရေကုန်ဘောင် ဈေးအနီးတွင် ဘီးပေါက် သွားခဲ့သည်။ ယာဉ်မောင်း ဖြစ်သူ ဦးအဒူလ္လာ (ဘ) မော်လ၀ီ ဦးဝါရဲစ်က ဘီးပေါက်သွား သဖြင့် လိုက်ပို့နိုင်တော့မည် မဟုတ်ကြောင်း လုံခြုံရေးရဲများကို ပြောရာ ကားပေါ်မှ ရဲတစ်ဦးဆင်းလာပြီး ဓါးဖြင့် ကားဘီးကို ငါးချက်ခန့် ထိုးဖောက်ပြီး၊ ယာဉ်မောင်းကိုလည်း ဓါးဖြင့်ထိုးရန် ကြိုးစားခဲ့သည်။ ထို့နောက် ယာဉ်မောင်းကို ဘီးပေါက်နေသည့် အတိုင်း ကိုင်းကြီးရွာ အထိ အတင်းအဓမ္မ ပို့ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယာဉ်မောင်း ဖြစ်သူသည် သရေကုန်းတန်းရွာမှ ဖြစ်ပြီး၊ ၎င်း၏ တက္ကစီကားကို ငွေပေး၍ ငှားရမ်း ထားခြင်း မဟုတ်ဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူးက ချောဆွဲထားခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုန်ကျမည့် စရိတ်ကို နိုင်ငံတော် အစိုးရ၊ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံ များက ပေးထားသော်လည်း ရခိုင်ပြည်နယ်တွင် စာရင်းကောက်များနှင့် လုံခြုံရေးများကို ဒေသခံ ရိုဟင်ဂျာ များက နေ့လည်စာ ကျွေးမွေးရခြင်း၊ သန်းခေါင်စာရင်း ကောက်စရိတ်ဟု ဆိုကာ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ ထိပေး နေရသည့် အပြင် တက္ကစီကားများကိုလည်း ငွေမပေးဘဲ ချောဆွဲလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



RB News
2.4.2014

ရခိုင်ပြည်နယ် အ၀န်းရှိ မြို့နယ်များ အားလုံးတွင် မည်သည့် မွတ်စလင် တစ်ဦး တစ်ယောက်ကမှ မိမိတို့၏ စိတ်ဆန္ဒဖြင့် ဘင်္ဂလီ ဖြည့်ခဲ့ခြင်း မရှိခဲ့ဘဲ၊ မီဒီယာများ ပေါ်တွင် ပြောဆို ရေးသား နေခြင်းမှာ လုပ်ကြံမှုများ ဖြစ်သည်ဟု ဒေသခံ ရိုဟင်ဂျာများက RB News သို့ ပြောသည်။

မြစ်မခ မီဒီယာတွင် “မတ်လ(၃၀)ရက် သန်းခေါင်စာရင်းကောက်ယူသည့် ပထမနေ့၌ စစ်တွေမြို့ အနောက်စံပြရပ်ကွက် ဘာဆာရာကျေးရွာရှိ ဘင်္ဂါလီအများစုသည် လူမျိုးနေရာ၌ ဘင်္ဂါလီဟု စာရင်းပေးခဲ့ကြပြီး” ဟု ယနေ့ ဧပြီလ (၂) ရက်နေ့တွင် ရေးသားခဲ့သည်ကို တွေ့ရှိရသည်။ မတ်လ (၃၀) ရက်နေ့က စစ်တွေမြို့ ဘာဆာရာ ကျေးရွာသို့ စာရင်းကောက်များ ရောက်ရှိလာသည့် အချိန်မှ ထွက်ခွာသွားသည့် အချိန်ထိ ဒေသခံ ရိုဟင်ဂျာများနှင့် RB News က ဆက်သွယ် မေးမြန်းနေခဲ့သည်။ သက်ကြီး အဖွားအို တစ်ဦး၏ အိမ်တွင် မည်သူမှ မရှိဘဲ စာရင်းကောက်များ စိတ်တိုင်းကျ ရေးသား သွားသည်ဟုသာ သိရှိရပြီး၊ မည်သူတစ်ဦး တစ်ယောက်ကမှ ဘင်္ဂလီဟု ဖြည့်သွင်းခြင်း မရှိဘဲ၊ ရွာလုံးကျွတ် ရိုဟင်ဂျာ လူမျိုးဟု ပြောသောကြောင့် စာရင်းကောက်များ ထွက်ခွာသွားကြောင်း ဒေသခံများက RB News သို့ ပြောကြားခဲ့သည်။ မြစ်မခ မီဒီယာသည် ရိုဟင်ဂျာ လူမျိုးများနှင့် ပတ်သက်ပြီး လုပ်ကြံသည့် သတင်းပေါင်း များစွာကို ရေးသားသည့် သတင်း အေဂျင်စီ တစ်ခုဖြစ်ပြီး၊ Fortify Rights နဲ့ပတ်သက်၍လည်း သတင်းမှား ရေးသားခဲ့သော သတင်းဌာန ဖြစ်သည်။ ယနေ့ ရေးသားထားသည့် သတင်းမှာလည်း မှန်ကန်မှု မရှိဘဲ လုပ်ကြံခြင်းသာ ဖြစ်ကြောင်း ဒေသခံ ရိုဟင်ဂျာ များက ပြောပါသည်။

ထို့အပြင် ယနေ့ ဧရာဝတီ မြန်မာပိုင်းတွင် ဖော်ပြသည့် သတင်းတွင်လည်း ရခိုင်ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က “ပထမတုန်းကတော့ အဲဒီလို ထည့်သွင်းဖို့ကို ငြင်းကြတယ်၊ သေချာ ရှင်းပြတော့မှ လက်ခံ လာကြတာ၊ အခု စစ်တွေမှာ နေ တဲ့ ဘင်္ဂါလီတွေကတော့ ဘင်္ဂါလီလို့ ထည့်သွင်းဖို့ကို သဘောတူကြတယ်၊ ဘင်္ဂါလီတွေ အနေများတဲ့ သဲချောင်း ကျေးရွာတို့၊ ဒုံပြင်(တောင်/မြောက်)တို့၊ ကန်ဒေါ်လီ ကျေးရွာတွေမှာတော့ သန်းခေါင်စာရင်း ကောက်လို့ ရပါတယ်” ဟု ပြောကြား ခဲ့ကြောင်း ရေးသား ခဲ့သည်။ ဦးအောင်မြကျော် ပြောကြားသည် မှာလည်း မှန်ကန်မှု လုံးဝ မရှိဘဲ လိမ်ညာ၍ ပြောဆိုခြင်းသာ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ အချို့သော ဒေသခံ ရိုဟင်ဂျာ များကို မေးခွန်း (၁) မှ (၇) ထိ မေး၍ စာရင်းကောက်များ စိတ်တိုင်းကျ လူမျိုးကို ရေးသား သွားခြင်းမျိုးလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။ သို့သော်လည်း မည်သည် ရိုဟင်ဂျာ တစ်ဦး တစ်ယောက်ကမှ ဘင်္ဂလီဟု ပြောဆိုခဲ့ခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယမန်နေ့က လ.၀.က ညွန်ချုပ် ဦးမြင့်ကြိုင်ကို ဗွီအိုအေ မြန်မာပိုင်းမှ မေးမြန်းရာတွင်လည်း အချို့က ဘင်္ဂလီ ဖြည့်သည်ဟု ပြောဆိုခြင်းမှာ လုပ်ကြံခြင်းသာ ဖြစ်ပြီး၊ မြေပုံမြို့နယ်တွင် ဘင်္ဂလီ မပြောပါက ရေဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်တိုင်၊ မောင်တောမြို့နယ် ရိုဟင်ဂျာဟု ပြောသည့် အတွက် ဒဏ်ရာများ ဆိုးဝါးစွာ ရရှိအောင် ရိုက်သည့်တိုင် မည်သူ တစ်ဦး တစ်ယောက်ကမှ ဘင်္ဂလီဟု ရေးသားခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများကို ဆက်သွယ် မေးမြန်းချက်များ အရ လေ့လာ သိရှိရပါသည်။

RB News
2.4.2014

ရန်ကုန်မြို့ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဥပဒေကို လျစ်လျူရှု၍ ပြည်သူလူထုကြား ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီး သတင်းလွှင့်နေခြင်း တားဆီးပေးနိုင်ပါရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံသို့ မတ်လ ၃၁ ရက်နေ့ စာရေးသား ခဲ့သည်။



ရန်ကုန်မြို့ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဥပဒေကို လျစ်လျူရှု၍ ပြည်သူလူထုကြား ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီး သတင်းလွှင့်နေခြင်း တားဆီးပေးနိုင်ပါရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံသို့ မတ်လ ၃၁ ရက်နေ့ စာရေးသား ခဲ့သည်။


Rohingya Eye
RB News
1.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ (၂) အပိုင်ရှိ သစ်တောနား ခွဆုံ ကျေးရွာသို့ မြို လူမျိုး အုပ်စု တစ်စု ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ အိမ်တစ်လုံးကို မီးရှို့ အကြမ်းဖက်ရန် ကြိုးစားခဲ့သော်လည်း အကြမ်းဖက်ခံရသူ များထံမှ စစ်တပ်က ငွေ ၁၄ သိန်းညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၈ ရက်နေ့ ည ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနား ခွဆုံ ကျေးရွာ၏ အရှေ့ဘက်ရှိ ဦးရှော်ကတ်အလီ (ဘ) ဦးအမီးရ်နူရ်မာမတ် (အသက် ၃၂ နှစ်) ၏ နေအိမ်ကို မြို ဗုဒ္ဓဘာသာဝင် အုပ်စု တစ်စုက အကြမ်းဖက် မီးရှို့ရန် ကြိုးစား ခဲ့သည်။ အဆိုပါ မြိုအဖွဲ့မှ အကြမ်းဖက်ရန် ကြိုးစား နေစဉ် အိမ်ရှင် ဖြစ်သူက အော်ဟစ် အကူအညီ တောင်းမှုကြောင့် သစ်တောနား ခွဆုံရွာနှင့် နံရားရိုင်ရွာ (ရာဇားဘီလ်) တို့မှ ရွာသားများ ရောက်ရှိ လာသည့်ကြောင့် မီးမရှို့နိုင်ခဲ့ဘဲ ထွက်ပြေး သွားခဲ့ကြသည်။

ထို့နောက် ရွာသားများက ခမောင်းဆိပ် ကျေးရွာ အခြေစိုက် အင်ဂျီနီယာတပ် (ဂျီအီးတပ်) မှ တပ်ရင်းမှူးကို အကြောင်းကြားရာ၊ စစ်သား ၁၀၀ ခန့်ရောက်ရှိ လာပြီး စစ်သားများက ရွာသားများထံမှ တုတ်များကို သိမ်းဆည်း၍ ဆူပူ ကြိမ်းမောင်းပြီး လူစုခွဲ၍ ပြန်သွားခဲ့သည်။ ထို့နောက် မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တပ်ရင်းမှူးက ရွာနှစ်ရွာမှ ရွာသားများကို ဆင့်ခေါ်၍ ရွာသားများကို ပြစ်မှု ကျူးလွန်သူများ ဖြစ်ကြောင်း မဟုတ်မမှန် စွပ်စွဲ၍ အကြမ်းဖက် ခံရသူ ဦးရှော်ကတ်အလီနှင့် နံရားရိုင် ရွာသား ၉ ဦးကို ဖမ်းဆီး ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သစ်တောနားခွဆုံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရူအစ္စလာမ်နှင့် နံရားရိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆယာဒုလ် အာမီးန် တို့က တပ်ရင်းမှူး ထံလိုက်သွားပြီး အပြစ်မရှိသူများကို ဖမ်းဆီး မထားရန် တောင်းပန်၍ ပြောသောကြောင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေကျပ် ၁၄ သိန်းကို ဧပြီလ (၂) ရက်နေ့ နောက်ဆုံးထားပြီး မပေးပါက ပြန်လည် ဖမ်းဆီးမည်ဟု တပ်ရင်းမှူးက ပြောဆို ခဲ့သောကြောင့် ရွာသားများ စုပေါင်း၍ ငွေကျပ် ၁၄ သိန်း ပေးရန် စီစဉ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

တပ်ရင်းမှူးမှ ဓါးပြ သဖွယ် ငွေညှစ်နေသည့် ငွေကျပ် ၁၄ သိန်းကို အကြမ်းဖက် ခံရသူ ဦးရှောက်ကတ် အလီမှ (၁) သိန်း၊ သစ်တောခွဆုံ ကျေးရွာသားများက (၈) သိန်းနှင့် နံရားရိုင် ရွာသားများက (၅) သိန်း ကောက်ခံ၍ ဧပြီလ (၂) ရက်နေ့တွင် ပေးရန် စီစဉ်ထားသည်ဟု သိရှိရသည်။



Rohingya Eye
RB News
1.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နွားရုံတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင်က ဒေသခံ ရိုဟင်ဂျာ များကို သန်းခေါင်စာရင်းတွင် ဘင်္ဂလီ ဖြည့်ရန် အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၃၁) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း နွားရုံတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင်က ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အစည်းအဝေး ခေါ်ယူ၍ သန်းခေါင်စာရင်း စစ်ဆေးမှု ခံယူရန်၊ သန်းခေါင်စာရင်းတွင် ဘင်္ဂလီဟုသာ ထွက်ဆိုရန် ဆဲဆို ကြိမ်းမောင်း၍ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ရိုဟင်ဂျာဟု ဖြည့်ချင်သူများသည် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ စာရင်း ပေးသွင်းရန် လိုသဖြင့် စာရင်း ပေးသွင်းရန် ပြောဆိုခဲ့သည်။

ညပိုင်းတွင် ရွာများ၌ လုံခြုံရေး တာဝန်ကို ရွာသားများ တာဝန်ယူခြင်းကို ပိတ်ပင်လိုက်ပြီး ရာအိမ်မှူး များသာ ကင်းစောင့်ရန် ညွန်ကြားခဲ့သည်။ ကင်းစောင့်ရာတွင်လည်း အရေးပေါ် အသုံးပြုရန် တုတ်များ ကိုင်ဆောင်ခြင်းကို ပိတ်ပင်လိုက်ပြီး ညပိုင်းတွင် တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ်လာပါက ၎င်းအနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း၊ ရွာများသို့ အကြမ်းဖက်ရန် လာနိုင်သည့် အနေအထားမျိုး ရှိသည့် အသွင်သဏ္ဍန်ဖြင့် ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သိရှိ ရပါသည်။




MYARF
RB News
1.4.2014

မောင်တော ။ ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာဝင် ၈၀ ဦးခန့် လက်နက် အပြည့်ဖြင့် မောင်တောမြို့သို့ ၀င်ရောက်လာကြောင်း မျက်မြင် သက်သေ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တက်ခ်နာဖ်မြို့၊ အန်တော်လ္လာ ရှော်လာ ဗုဒ္ဓဘာသာရွာမှ ဘင်္ဂလီ-ရခိုင် ၈၀ ဦးခန့်သည် လက်နက် အပြည့်ဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း ငရန့်ချောင်း တောင်ကြားလမ်းမှ တဆင့် ၀င်ရောက်လာကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောသည်။ အဆိုပါ ဘင်္ဂလီ-ရခိုင် များသည် ယနေ့ နေ့လည်ပိုင်းတွင် ရေနောက်ငါးသားရွာမှ တမန်းသား ကျေးရွာသို့ တောင်ကြားလမ်းမှ လာနေစဉ် လမ်းတွင် တမန်းသား ကျေးရွာသား ရိုဟင်ဂျာ တစ်ဦးက တွေ့ခဲ့ပြီး၊ ၎င်းကို ဖမ်းဆီး၍ အကြမ်းဖက်ရန် ကြိုးစားသောကြောင့် ထွက်ပြေးခဲ့ရာ ကံကောင်း ထောက်မ၍ လွတ်မြောက် ခဲ့ကြောင်း RB News သို့ပြောပါသည်။ ၎င်းကို ဖမ်းဆီးရန် လိုက်ခဲ့သူ ၃ ဦးမှာ ဘောင်းဘီတိုများ ၀တ်ဆင်ထားပြီး၊ လက်နက် အပြည့်အစုံ ကိုင်ဆောင် ထားသည်ကို မြင်တွေ့ခဲ့သည်ဟု ဆိုသည်။

ဒေသခံများ၏ လိုက်လံ စုံစမ်းမှုအရ ၎င်းအဖွဲ့သည် တမန်းသားကျေးရွာမှ ညပိုင်းအချိန်တွင် ကြိမ်ချောင်း ကျေးရွာ အုပ်စုသို့ ရောက်ရှိ၍ ညအိပ်ဖွယ် ရှိပြီး၊ ဗုဒ္ဓဟူးနေ့တွင် မောင်တောမြို့ ပေါ်သို့ ရောက်ရှိမည်ဟု စုံစမ်းသိရှိရကြောင်း၊ ၎င်းအဖွဲ့သည် မောင်တောမြို့ပေါ် သို့မဟုတ် ကျေးရွာ တစ်ခုခုတွင် ဗုံးဖောက်ခွဲ၍ အကြမ်းဖက်မည်ဟု သတင်း ရရှိထားကြောင်း ခိုင်မာသည့် သတင်း အရင်းအမြစ်မှ သတင်း ရရှိထားသည်ဟု ဒေသခံများက ပြောပါသည်။

တမန်းသား ကျေးရွာသားမှ အဆိုပါ ဘင်္ဂလီ-ရခိုင် အကြမ်းဖက် အဖွဲ့ကို တွေ့ရှိခဲ့ပြီးနောက် တမန်းသား ကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ရှိ ရွာများတွင် ဒေသခံ ရွာသားများက ကင်းအဖွဲ့များ ထူထပ်စွာ ချထားသည်ဟု ဒေသခံများက ပြောပါသည်။



ကိုသားညွန့်ဦး
1.4.2014

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း သန်းခေါင်းစာရင်းကောက်ခံရာမှာ ရိုဟင်ဂျာလူမျိုး အမည် မထည့်ရဆိုတဲ့ အစိုးရရဲ့ ညွှန်ကြားချက်ဟာ ရှိပြီးသား သဘောတူညီချက်ကို သွေဖီတာအပြင်၊ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့လည်း ကွဲလွဲမှုဖြစ်စေတယ်လို့ UNFPA ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန် ဗွီအိုအေရုံးခွဲကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ အခု လူဦးရေသန်းခေါင်စာရင်း ကောက်ခံမှုကို UNFPA ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ကနေ ငွေကြေးနဲ့ နည်းပညာဆိုင်ရာ အကူအညီ အထောက်အပံ့တွေ ပေးခဲ့တာပါ။ အခု ရခိုင်မှာဖြစ်ခဲ့တဲ့ အစိုးရညွှန်ကြားချက်ကို UNFPA အနေနဲ့ လက်မခံနိုင်ဘူးဆိုတာ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ UNFPA ကြေညာချက်မှာ တွေ့လိုက်ရပါတယ်။

ရိုဟင်ဂျာလူမျိုး တပ်မယ်ဆိုရင် သန်းခေါင်စာရင်း ကောက်ခံမှု မလုပ်ဘူးဆိုတဲ့ အစိုးရညွှန်ကြားချက်ကြောင့် သန်းခေါင်စာရင်း ကောက်ခံမှုလုပ်ငန်းတွေကို ထိခိုက်လာမှာ သူတို့ စိတ်ပူမိတယ်လို့ UNFPA ရန်ကုန်ရုံး ပြောခွင့်ရသူ William A. Ryan က ပြောပါတယ်။

“သန်းခေါင်စာရင်း ကောက်ခံတဲ့နေရာမှာ လူမျိုးနေရာမှာ ရိုဟင်ဂျာလို့ အမည်ပေးလိုတဲ့သူတွေကို ခွင့်မပြုဘူးဆိုတဲ့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကျနော်တို့ UNFPA အနေနဲ့ အတော်ကြီးကို စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ သဘောတူထားချက်မှာ နိုင်ငံတကာမှာ သန်းခေါင်စာရင်း ကောက်ခံမှု စံနှုန်းစံထားတွေနဲ့ လူ့အခွင့်အရေး စံနှုန်းစံထားတွေအတိုင်း ဆောင်ရွက်ပါ့မယ်ဆိုပြီး အစိုးရက ကတိပြုထားတာပါ။”

မြန်မာနိုင်ငံမှာ လူမျိုးနွယ်စု ၁၃၅ မျိုးရှိတယ်ဆိုပြီး အစိုးရက သတ်မှတ်ထားတာမို့ အခု သန်းခေါင်စာရင်း ကောက်ခံရာမှာ အဲဒီလူမျိုး ၁၃၅ မျိုးကို အခြေခံ ယူထားတာပါ။ ဒါပေမဲ့လည်း ကိုယ်ဟာ အဲဒီစာရင်းထဲမှာ ပါဝင်တဲ့ လူမျိုးမဟုတ်ဘူးဆိုရင်လည်း၊ မိမိလူမျိုးအမည်ကို အခြားဆိုတဲ့ နေရာမှာ ဖြည့်စွက်နိုင်တယ်ဆိုပြီး သန်းခေါင်စာရင်း မတိုင်ခင်ကတည်းက မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်ကရော UNFPA ဘက်ကပါ ပညာပေး အသိပေးထားကြတာပါ။

ဒါပေမဲ့လည်း ဒီမတိုင်ခင်မှာပဲ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာဆိုတဲ့ မူဆလင်တွေကို လက်ခံ စာရင်းကောက်ယူမယ်ဆိုရင်၊ သပိတ်မှောက်မယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ဆော်သြမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မူဆလင်တွေအနေနဲ့ ရိုဟင်ဂျာဆိုပြီး ဖြည့်မယ်ဆိုရင် လက်မခံဘဲ၊ ဘင်္ဂါလီဆိုတဲ့ အမည်ပေးမှ စာရင်းလက်ခံဖို့ဆိုပြီး မြန်မာအစိုးရဘက်က ညွန်ကြားချက်တွေ ထုတ်ခဲ့ပါတယ်။ တကယ်တော့ မူလ သဘောတူညီချက်နဲ့ နိုင်ငံတကာ စံနှုန်းစံထားအရကိုက သန်းခေါင်စာရင်း ကောက်ခံရာမှာ လူတိုင်းဟာ သူသုံးစွဲလိုတဲ့ လူမျိုးအမည်ကို ပေးလို့ရတယ်လို့ UNFPA က ပြောပါတယ်။

အခု အစိုးရညွန်ကြားချက်ဟာ ဒီသဘောတူညီမှုကနေ သွေဖီလိုက်တာဖြစ်တယ်လို့ UNFPA ပြောခွင့်ရသူ William Ryan က ပြောပါတယ်။ ဒီအခြေအနေကြောင့် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးတင်းမာမှုတွေ ပိုကြီးလာမှာ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

“ရိုဟင်ဂျာလို လူမျိုးအမည် ပြောဆိုမယ့်သူတွေကို မပြောနိုင်အောင် အကြီးတန်း အရာရှိတွေက အခု သန်းခေါင်စာရင်းကောက်ခံမှု မစခင်ကလေးမှာပဲ ကြေညာထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာရဲ့ သန်းခေါင်စာရင်း ကောက်ခံမှု စံနှုန်းစံထားတွေ၊ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ သဘောတူပြီးသား လုပ်ငန်းစဉ်တွေကနေ အခုလို သွေဖီသွားတဲ့ ကိစ္စအပေါ်မှာ UNFPA ဘက်က အတော်လေးကို စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီကနေတဆင့် လူမျိုးရေး အကြမ်းဖက်မှုတွေရှိတဲ့ ရခိုင်ပြည်နယ်အတွင်း တင်းမာမှုတွေ ပိုပြီး ကြီးထွားလာမှာ၊ သန်းခေါင်စာရင်း ကောက်ခံရာမှာလည်း အများယုံကြည်လက်ခံမှု ထိခိုက်သွားမှာကို စိုးရိမ်မိပါတယ်။”

အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ လူ့အသက်တွေကို အကာအကွယ်ပေးဖို့နဲ့ ရိုဟင်ဂျာဆိုပြီး ကိုယ့်ကိုကိုယ် အမည်တပ်လိုတဲ့ လူပုဂ္ဂိုလ်တွေကိုရဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀ လိုက်နာ အကာအကွယ်ပေးရေးအတွက် အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်နိုင်ဖို့ UNFPA အနေနဲ့ မျှော်လင့်ထားတယ်လို့ သူ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု မြန်မာနိုင်ငံ လူဦးရေသန်းခေါင်စာရင်း ကောက်ခံနိုင်ဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံ လာရောက်စဉ်၊ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ပြောဆိုခဲ့ကြတာဖြစ်ပြီး လက်တွေ့ လုပ်ဆောင်မှုပိုင်းမှာ UNFPA က အနီးကပ် အကူအညီပေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခု UNFPA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ မြန်မာတာဝန်ရှိသူတွေဘက်က သဘောထား တုံ့ပြန်ချက်ရဖို့ ဖုံးနဲ့ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားမှု မရှိပါဘူး။




နေဆန်းလွင်
RB News
1.4.2014

သန်းခေါင်စာရင်း ကောက်ယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး လ.၀.က ၀န်ကြီး ဦးခင်ရီ၊ ဒု-၀န်ကြီး ဦးဝင်းမြင့်နဲ့ ညွန်ချုပ် ဦးမြင့်ကြိုင်တို့က ရိုဟင်ဂျာ ကိုယ်စားလှယ် များနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဦးခင်ရီ၊ ဦးဝင်းမြင့်နဲ့ ဦးမြင့်ကြိုင် တို့ကို ရိုဟင်ဂျာ လူမျိုး အမည်ကို ဖြည့်ခွင့် ပေးမလားလို့ အကြိမ်ကြိမ် မေးခဲ့ပါတယ်။ သုံးဦးစလုံးက ဖြည့်ခွင့် ရှိပါတယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဒါကို ငြင်းရဲရင် ငြင်းပါ။

သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် လိုအပ်တဲ့ ငွေကြေးကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရဖို့အတွက် လူတိုင်းကို လူမျိုးအမည် လွတ်လပ်စွာ ဖြည့်ခွင့် ပေးမယ်လို့ ကတိတွေ အကြိမ်ကြိမ် ပေးပြီးမှ လိုချင်တာ အားလုံး လက်ထဲရောက် လာတော့ ရိုဟင်ဂျာကို သန်းခေါင်စာရင်းမှာ ပါဝင်ခွင့် မပေးဘဲ သိက္ခာမဲ့တဲ့ နိုင်ငံတော် အကြီးအကဲများရဲ့ အသွင် ပုံသဏ္ဍန်ကို နိုင်ငံတကာ သိအောင် ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။

အခု ကျွန်တော် ပြောချင်တာက ညွန်ချုပ် ဦးမြင့်ကြိုင်ကိုပါ။ ဒီနေ့ ဧပြီလ ၁ ရက်နေ့ ညနေ ၆း၃၀ နာရီမှာ ဗွီအိုအေ မြန်မာပိုင်းက ကိုသားညွန်ဦး မေးမြန်းတာကို ဖြေသွားတာ နားထောင်တော့ ဧပြီဖူးလ်များ လုပ်နေသလားတောင် ထင်ရတယ်။ တစ်ဖက်က ဦးမြင့်ကြိုင်ကို မေးတာကို ဟန်ချက်ညီညီ မဖြေနိုင်တာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။ အရှိန် မထိန်းနိုင်တဲ့ ဦးမြင့်ကြိုင် ထုတ်လာတဲ့ မေးခွန်းကတော့ ရိုဟင်ဂျာ ဘယ်ကလာသလဲ? ဆိုတာပါ။ ပြီးတော့ White Card မှာ ဘင်္ဂလီတဲ့။ ကောင်းပါပြီ ဦးမြင့်ကြိုင် ..

ရိုဟင်ဂျာ ဘယ်ကလာသလဲ ဆိုတာကို မသွားခင် White Card ကိစ္စ ပြောပါမယ်။ ယနေ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒေသခံ ရိုဟင်ဂျာ တွေကို White Card တွေထုတ်ပေးထားတာ ဥပဒေနဲ့ ညီရဲ့လား? ဥပဒေနဲ့ ညီ/မညီကို လ.၀.က ညွန်ချုပ် တစ်ဦး ဖြစ်တဲ့ ဦးမြင့်ကြိုင်ကို ကျွန်တော်က တရားလို လုပ်ပြီး တရားဆွဲရင် ဘယ်သူက အမှုနိုင်မယ်လို့ ဦးမြင့်ကြိုင် ထင်ပါသလဲ? အဲဒီမေးခွန်းကို ဥပဒေ ပညာရှင်တွေရှေ့မှာ ရဲရဲဝံ့ဝံ့ ဖြေဆိုရဲတဲ့ သတ္တိ ရှိပါသလား? တစ်ချိန်တုန်းက ဂဏန်း ခြောက်လုံးနဲ့ နိုင်ငံသားများသာ ကိုင်ခွင့်ရခဲ့တဲ့ အမျိုးသား မှတ်ပုံတင် ကဒ်ပြားကို ဦးမြင့်ကြိုင်တို့ ကိုင်ခဲ့သလို ကျွန်တော်တို့လည်း ကိုင်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံခြားသားတွေက ဂဏန်း ငါးလုံးသာ ဖြစ်လို့ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်သူတိုင်းက နိုင်ငံသားတွေချည်း ဖြစ်ပါတယ်။ အဲဒီ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင် ခဲ့သူတွေကို အတင်းအဓမ္မ မှတ်ပုံတင် တွေသိမ်းပြီး ယာယီ သက်သေခံ ကဒ်ပြားတွေကို အစားထိုး ပေးခဲ့တာ ဘယ်ဥပဒေနဲ့ ငြိစွန်းသလဲ ဆိုတာ ဦးမြင့်ကြိုင် သိမှာပါ။ အဲဒီတော့ တရားမျှမျှတတနဲ့ ယောက်ျားကောင်း ပီပီ တရားခွင်မှာ ဖြေရှင်းရဲသလား ဦးမြင့်ကြိုင်?

၁၉၇၀ ခုနှစ်နှောင်းပိုင်းက စပြီး ဦးနေ၀င်းရဲ့ အမိန့်အရ ဘူးသီးတောင်နဲ့ မောင်တော အဝေးပြေးလမ်း ပေါ်မှာရှိတဲ့ စစ်ဆေးရေး ဂိတ်တွေမှာ ရိုဟင်ဂျာ ခရီးသွားတွေဆီက မှတ်ပုံတင် စစ်တဲ့ အချိန်မှာ ဘယ်နှစ်ယောက်ဆီက မှတ်ပုံတင်တွေ အတင်း အဓမ္မ သိမ်းခဲ့သလဲ? နဂါးမင်း စီမံကိန်းလို စီမံကိန်း ပေါင်းစုံ လုပ်ပြီး လူတွေကို အထိတ်တလန့် လုပ်ပြီး စာရွက်စာတမ်းတွေ မကျန်အောင် နည်းမျိုးစုံနဲ့ ဦးနေ၀င်းရဲ့ အမိန့်အရ လုပ်ခဲ့တာ ၀န်ခံရဲသလား? ရခိုင်ပြည်နယ် တောင်ပိုင်းက ရိုဟင်ဂျာတွေကို သင်္ဘောပေါ် အတင်းတင်ပြီး မြောက်ပိုင်းကို ပို့ခဲ့တာရော ငြင်းချင်သေးလား?

White Card မှာ ဘင်္ဂလီလို့ ဖြည့်ခဲ့တာ ရိုဟင်ဂျာတွေလား? လ.၀.က တွေလား? ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်း ကောက်တုန်းက စာရင်းကောက်လုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေ အခုထိ သက်ရှိ ထင်ရှား ရှိပါတယ်။ ရိုဟင်ဂျာလို့ ကျွန်တော့်လက်နဲ့ ရေးပေးခဲ့တာ ပါလို့ သက်သေခံမယ့် သူတွေ ရေတွက်လို့တောင် မကုန်ဘူး။ ၁၉၈၃ ခုနှစ်ကလည်း အဲဒီလိုဘဲ။ သန်းခေါင်စာရင်း ကောက်ပြီးမှ မသမာမှုတွေ လုပ်ပြီး ရိုဟင်ဂျာကို ဘင်္ဂလီလို့ ပြင်ခဲ့တာ ဦးမြင့်ကြိုင်တို့ လ.၀.က တွေဘဲ မဟုတ်လား?

နဂါးမင်း စီမံချက် အပြီး ဟင်္သာ စီမံချက်နဲ့ ပြန်ခေါ်လာတဲ့ အချိန် ရိုဟင်ဂျာလို့ ပြန်လည် လက်ခံရေး ပုံစံမှာ ရေးထားတဲ့ စာရွက်တွေ ကျွန်တော့်လက်ထဲမှာ တစ်ပုံကြီး၊ လ.၀.က ကတရားဝင် ထုတ်ပေးထားတဲ့ အိမ်ထောင်စု စာရင်းတွေမှာ ရိုဟင်ဂျာလို့ ရေးထားတဲ့ အိမ်ထောင်စု စာရင်းတွေ ကျွန်တော့်လက်ထဲမှာ တစ်ပုံကြီး ရှိတယ်။ အဲဒါတွေကို ထုတ်ပေးတုန်းက ရိုဟင်ဂျာက ဘယ်ကလာသလဲ ဆိုတာ ဘာကြောင့် မတွေးခဲ့တာလဲ ဦးမြင့်ကြိုင်?

ဦးနုက နိုင်ငံရေးသမားမို့၊ မဲလိုချင်လို့ ရိုဟင်ဂျာကို လက်ခံတာလို့ ဦးမြင့်ကြိုင်တို့ အားလုံး ပြောကြတယ်။ အခု ကျွန်တော့်လက်ထဲမှာ ရှိနေတဲ့ အထောက်အထား အားလုံးက ဦးနေ၀င်းနဲ့ န.၀.တ၊ န.အ.ဖ လက်ထက်မှာ ထုတ်ပေးခဲ့တဲ့ အထောက်အထား တွေပါ။ အဲဒါတွေကိုရော မဲလိုချင်လို့လို့ ပြောချင်သေးလား ဦးမြင့်ကြိုင်?

ဦးမြင့်ကြိုင်မေးတဲ့ ရိုဟင်ဂျာ ဘယ်ကလာသလဲ ဆိုတာ ဖြေပါမယ်။ ရိုဟင်ဂျာ ဘယ်ကမှ လာတာ မဟုတ်ဘူး။ ရိုဟင်ဂျာတွေ ရှိနေတဲ့ နေရာကို ဦးမြင့်ကြိုင်တို့ ရောက်လာတာ။ ယနေ့ ရခိုင်ပြည်နယ်လို့ ခေါ်နေတဲ့ အာရ်ကာန်ဆိုတာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်လာတာ ၁၇၈၄ ခုနှစ်မှာ ဆိုတာကိုတော့ ဦးမြင့်ကြိုင် သိလောက်ပါတယ်။ အဲဒီဒေသမှာ အင်ဒိုအာရီယန်တွေသာ ရှိခဲ့ပြီး၊ နောက်ပိုင်း ၁၁ ရာစုလောက်မှာ ယနေ့ ရခိုင်လူမျိုးလို့ ခေါ်နေတဲ့ တိဗက်တိုဘားမန်း မော့ဂ်တွေ ရောက်လာခဲ့တာပါ။ အာရ်ကာန်ဒေသရဲ့ မူလဘူတ လူမျိုးက အင်ဒိုအာရီယန်တွေသာ ဖြစ်ပြီး၊ ယနေ့ ရိုဟင်ဂျာ တွေဟာ အဲဒီ အင်ဒိုအာရီယန်တွေရဲ့ မျိုးဆက်တွေ ဖြစ်ပါတယ်။ ကြိုက်တဲ့ သမိုင်း ပညာရှင်ကို ခေါ်ခဲ့ပါ။ နိုင်ငံတကာ မီဒီယာ ရှေ့မှာ official debate လုပ်ရဲတယ် ဆိုရင်ပေါ့။ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရက ၁၉၅၀ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်မှာ ပါဝင်ခဲ့တဲ့ လွှတ်တော် အမတ် ဦးအဒူဂဖာရ် တီထွင်ခဲ့တာ မဟုတ်ဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရလည်း ရိုဟင်ဂျာတွေက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား တွေဖြစ်ပါတယ်။ ၁၈၂၃ ခုနှစ် မတိုင်မှီ ရိုဟင်ဂျာ လူမျိုးအမည်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့တဲ့ အထောက်အထား တွေအများကြီး ရှိပါတယ်။ ဦးမြင့်ကြိုင်တို့ရဲ့ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာ အပေါ်မူတည်ပြီး တိုင်းရင်းသား သတ်မှတ်ခြင်းကြောင့် ၁၄၄ မျိုးပါဝင်တဲ့ ရိုဟင်ဂျာ အပါအ၀င် မွတ်စလင် အများစုက တိုင်းရင်းသား စာရင်းက ပယ်ထုတ်ခံခဲ့ရတာပါ။

အကယ်၍ ဦးနေ၀င်းသာ အာဏာကို မတရားတဲ့နည်းနဲ့ မရယူခဲ့ဘူးဆိုရင် ဒီနေ့ ကြုံတွေ့နေရတဲ့ ပြဿနာ ရှိမှာ မဟုတ်ဘူး။ ကျွန်တော်ရေးတဲ့ အတိုင်း မကျေနပ်ဘူး၊ မမှန်ကန်ဘူး ထင်ရင် ဦးမြင့်ကြိုင်တင် မဟုတ်ဘူး၊ ကြိုက်တဲ့ သမိုင်းပညာရှင်ရှေ့မှာ အလှဲထိုးဖို့ လာလိုက်ပါ။ ကျွန်တော်တို့ဘက်က အဆင်သင့် ရှိတဲ့ အကြောင်း သတင်းကောင်း ပါးပါရစေ။

အာဏာရှိတယ်ဆိုပြီး အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ အကျင့်ဆိုးကို ပြင်ဆင်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကောင်း တစ်နိုင်ငံ တည်ဆောက်ဖို့ ကြိုးစားကြပါ။


အယ်ဒီတာ့အာဘော်
RB News
1.4.2014

ဒီနေ့ဆိုရင် သန်းခေါင်စာရင်း ကောက်ယူနေတာ သုံးရက်မြောက်နေ့ ရှိပါပြီ။ ရခိုင်ဒေသမှာ လူမျိုးအမည်ကို ရိုဟင်ဂျာလို့ ထည့်ပြီး ဖော်ပြခွင့်ကို ပြည်နယ် အာဏာပိုင်တွေက အာဏာသုံးပြီး ပိတ်ပင်လိုက်တာကြောင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလို့ ပြောတဲ့သူတိုင်းကို သန်းခေါင်စာရင်းမှာ စာရင်း မသွင်းတော့ပါဘူး။ ရိုဟင်ဂျာတွေ အားလုံးက မိမိတို့ ချစ်မြတ်နိုးတဲ့ လူမျိုးအမည်ကို ကာကွယ်တဲ့ အနေနဲ့ သန်းခေါင်စာရင်း မကောက်လည်း ရိုဟင်ဂျာက လွှဲလို့ အခြား ဘယ်လူမျိုး အမည်ကိုမှ မထည့်ဘူးလို့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည် နေကြပါတယ်။

အဲဒီလို ရပ်တည်မှုကြောင့် မတ်လ ၃၁ ရက်နေ့က မောင်တောမြို့မှာ ရိုဟင်ဂျာ အမျိုးသား နှစ်ယောက်ကို ရဲတွေနဲ့ ဗိုလ်ကြီး တစ်ယောက်တို့က လူမဆန်စွာ ရိုက်နှက် ခဲ့တာ သိရလို့ ကျွန်တော်တို့ RB ၀ိုင်းတော်သားတွေ အလွန် ၀မ်းနည်း ကြေကွဲခဲ့ရပါတယ်။ ဘူးသီးတောင်မြို့နယ် မှာလည်း ရဲတွေက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာတွေ၊ မြေပုံ မြို့နယ်မှာ ရိုဟင်ဂျာလို့ ပြောရင် ရေမပေးတော့ဘူးလို့ ခြိမ်းခြောက် နေတာတွေကို ကြားရပြီး အလွန် စိတ်မကောင်း ဖြစ်ရပါတယ်။

ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ လူမျိုးအမည် အတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေတာ အခုဆိုရင် နှစ်ပေါင်း ၄၀ နီးပါး ရှိနေပါပြီ။ ကျွန်တော်တို့ ပန်းတိုင်ရောက်တဲ့ အထိ ဆက်လက် တိုက်ပွဲဝင် ရမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းကြောင့် စိတ်အနှောက် အယှက် ဖြစ်ရသူတွေ၊ စိုးရိမ်မှု ရှိလာတဲ့သူ ပေါင်းများစွာ ကျွန်တော်တို့ရဲ့ Hotline ကို ဆက်သွယ် လာခဲ့ပါတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး အားလုံးကို နှစ်သိမ့်နိုင် ခဲ့ပါပြီ။

ပြဿနာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုး နှစ်ဘက်လုံးမှာ ရှိပါတယ်။ သန်းခေါင်စာရင်း ကောက်ယူခြင်းကို မြန်မာ အစိုးရ တစ်ခုတည်းက တာဝန်ယူပြီး လုပ်နေတာ မဟုတ်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရ၊ ရခိုင် ပြည်နယ် အစိုးရက ဘယ်လိုဘဲ တာဝန်မဲ့၊ ဥပဒေမဲ့ စကားတွေ ပြောနေပါစေ၊ နောက်ဆုံးမှာ ဘယ်လို ဖြစ်နိုင်သလဲ ဆိုတာ ကျွန်တော်တို့ သုံးသပ် ထားတာတွေ ရှိလို့ ရိုဟင်ဂျာများ အားလုံးကို ကိုယ့်လူမျိုး ဖြည့်ခွင့် မရှိရင် အေးချမ်းစွာ နေကြဖို့၊ စိုးရိမ်ကြောင့်ကြမှုတွေ မဖြစ်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ဥပဒေ၊ လုပ်ထုံး လုပ်နည်း တွေအရ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ် ပြောတဲ့စကားက တရားဝင်မှု မရှိသလို၊ ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးကျော်ယဉ်ဦး လက်မှတ်ထိုးပြီး ထုတ်လိုက်တဲ့ စာကလည်း တရားမ၀င်ဘူးလို့ ပြောရမှာပါ။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ နိုင်ငံမို့ ဥပဒေကြောင်း အရ ကျွန်တော်တို့မှာ ပြောရေးဆိုခွင့် မရှိလို့ နှုတ်ပိတ် နေရခြင်း ဖြစ်ပါတယ်။ ဦးကျော်ယဉ်ဦး လက်မှတ်ရေးထိုးထားတဲ့ စာမှာ ရေးထားတာတွေက အလွန်တရာကို ရင့်သီးလွန်းပြီး၊ ပြည်နယ် အစိုးရ အဖွဲ့က အတွင်းရေးမှူး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းနဲ့ မတူညီတာကို လေ့လာ တွေ့ရှိရပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ မိဘ ပြည်သူများရဲ့ ခံယူချက် အတိုင်း ရှေ့ဆက်လျှောက် ပါလို့သာ နှိုးဆော်ပါတယ်။

သန်းခေါင်စာရင်းထဲ မပါရင် ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် မေးခံရတဲ့ အတွက် အတိုချုန်းပြီး ဖြေဆိုရရင် အခု ဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ ဆိုးကျိုးက အစိုးရဘက်မှာ ပိုများနေပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးတွေ ပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကတည်းက ဆိုးရွားလာတဲ့ အခြေအနေက အခု အချိန်ထိ တစ်ပုံစံတည်း ဖြစ်ပါတယ်။ အခွင့်အရေး မျိုးစုံကို ဆုံးရှုံးခံနေရတဲ့ ကျွန်တော်တို့ လူမျိုးအတွက် ထူးခြားပြီး ဆုံးရှုံးစရာ မရှိတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ မိဘ ပြည်သူများကို အသိပေးလိုတာကတော့ သန်းခေါင်စာရင်းမှာ မပါဝင်ရလို့ စိတ်မကောင်း မဖြစ်ဖို့နဲ့၊ ခြိမ်းခြောက်မှု အားလုံးကို အန်တုပြီး ကျွန်တော်တို့ အားလုံး ချစ်တဲ့ “ရိုဟင်ဂျာ” ကိုကာကွယ်ပါလို့ ပြောကြား လိုပါတယ်။

ချစ်ခြင်းများစွာဖြင့်

RB ၀ိုင်းတော်သားများ



RB News
1.4.2014

ပလက်ဝ ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်း ကောက်ယူသည့် စာရင်းကောက်များနှင့် လုံခြုံရေး ရဲများက ဘင်္ဂလီ ဇတ်သွင်းရန် အတင်းအဓမ္မ နည်းဖြင့် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာ များကို ယနေ့ နံနက် ၇ နာရီတွင် သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များနှင့် လုံခြုံရေး ရဲများ အင်အား အများအပြာ့းဖြင့် လာရောက်ခဲ့ရာ ဒေသခံများက ရိုဟင်ဂျာ လူမျိုးဟု ပြောသဖြင့် စာရင်းကောက်များက စာရင်းမယူဘဲ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ယခုအခါ ယနေ့ နေ့လည် ၃ နာရီ အချိန်တွင် စာရင်းကောက်များ ပြန်လာမည်ဟု အကြောင်းကြား ထားပြီး၊ ပြန်လာသည့် အခါတွင် လူမျိုး အမည်ကို ဘင်္ဂလီဟု လက်မခံပါက ပြဿနာ တတ်မည်ဟု ခြိမ်းခြောက်၍ အကြောင်းကြား ထားသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖြေဆိုသူများ၏ ဆန္ဒအတိုင်းသာ ဖြည့်သွင်းရမည်မှာ စာရင်းကောက် များ၏ တာဝန် ဖြစ်သည်။ ရခိုင်ပြည်နယ် အစိုးရမှ ဦးကျော်ယဉ်ဦး ထုတ်ပြန်ခဲ့သည့် စာသည် သန်းခေါင်စာရင်း ဥပဒေ အရ တရားဝင်မှု မရှိသော်လည်း လူနည်းစုက လူများစုက အနိုင်ကျင့်သည့် ပုံသဏ္ဍန်ဖြင့်သာ လုပ်ဆောင် နေခြင်း ဖြစ်သည်။

ရိုဟင်ဂျာ လူမျိုးများက ၎င်းတို့၏ လူမျိုး အမည် အမှန် ရိုဟင်ဂျာကို ဖြည့်သွင်းခွင့် မပေးပါက ပါဝင်မည် မဟုတ်သလို၊ ပါဝင်ခွင့် မရသည့် အတွက် ၀မ်းနည်းလိမ့်မည် မဟုတ်ကြောင်း ဒေသခံ အများစုက RB News သို့ပြောပါသည်။

ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်တွင် ရိုဟင်ဂျာ အိမ်ခြေ ၁၉ လုံးသာ ရှိပြီး၊ အားကိုးရာမဲ့ ပုံစံဖြစ်နေသည့် လူနည်းစုကို စာရင်းကောက်များနှင့် ရဲများက အုပ်စုဖွဲ့၍ အနိုင်ကျင့် ခြိမ်းခြောက် နေခြင်းသည် ဥပဒေမဲ့ မင်းမဲ့ စရိုက် သဏ္ဍန် ပြုလုပ်နေခြင်းသာ ဖြစ်သည်။



သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် သတင်းများကို ဤသတင်းတွင် ဆက်လက် ဖော်ပြမည် ဖြစ်သဖြင့် ဤစာမျက်နှာကိုသာ ပြန်လည် ဖတ်ရှုကြပါ။

RB News

စစ်တွေ (31.3.2014) -- ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ ဘုမေ ကျေးရွာနှင့် မန်ကျည်းမြိုင် ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များသည် လုံခြုံရေး အင်အား အများအပြားဖြင့် သွားရောက် ခဲ့သည်။ စာရင်းကောက်များက တစ်အိမ်တက်ဆင်း၍ လူမျိုး အမည်ကို မေးမြန်းသော အခါ အိမ်ထောင်ဦးစီး များက ရိုဟင်ဂျာ လူမျိုးဟု ဖြေဆိုသောကြောင့် စာရင်းကောက်များက စာရင်း မကောက်ဘဲ ပြန်လည် ထွက်ခွာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စစ်တွေမြို့ ဘုမေ ကျေးရွာတွင် ရိုဟင်ဂျာ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး မန်ကျည်းမြိုင် ကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် ရှိသည်။

-------------------

မောင်တော (31.3.2104) -- ယနေ့ နံနက်ပိုင်းတွင် သန်းခေါင်စာရင်း စာရင်းကောက်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် အမှတ် (၅) နယ်မြေရှိ သ၀င်ချောင်း ကျေးရွာ အုပ်စု၊ ရွာသစ်ရွာသို့ သွားရောက်၍ ဦးမိုဟာမတ်အလီ၊ ဦးလေရူးနှင့် ဦးနူရူဟောက် တို့၏ အိမ်များတွင် သန်းခေါင် စာရင်း ကောက်မည့် အကြောင်း ပြောရာ၊ အိမ်ရှင်များက လူမျိုး အမည် ရိုဟင်ဂျာဟု ဖြည့်ခွင့် ရှိ/မရှိကို မေးမြန်း ခဲ့သည်။ စာရင်းကောက်များက ရိုဟင်ဂျာဟု ဖြည့်ခွင့် မရှိကြောင်း ပြောသဖြင့် အိမ်ရှင်များက ၎င်းတို့အနေဖြင့် ရိုဟင်ဂျာဟု ဖြည့်ခွင့် ရှိမှသာ ပါဝင်နိုင်မည် ဖြစ်ကြောင်း ပြန်ပြော ခဲ့သည်။ ထို့နောက် စာရင်းကောက် များက စာရင်းမကောက် တော့ဘဲ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

အမှတ် (၆) နယ်မြေသို့ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း ရောက်ရှိလာပြီး နယ်မြေ အတွင်းရှိ အုပ်စု (၉) စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အစည်းအဝေး ခေါ်ယူခဲ့သည်။ ဦးကြည်စန်းက ကျေးရွာ အုပ်ချုပ်ရေးမှူး များကို သန်းခေါင်စာရင်းတွင် အမှတ်စဉ် (၇) နှင့် (၈) ကို ကွက်လပ် ထားရန် သဘောတူ/မတူ (သို့) ဘင်္ဂလီ ဖြည့်မည်/ မဖြည့်မည်ကို ရွာသားများကို မေးမြန်း၍ ညနေ ၄ နာရီတွင် အစီရင်ခံစာ တင်ရန် ပြောကြားခဲ့သည်။ ညနေ ၄ နာရီ အချိန်တွင် နယ်မြေ ရုံးခန်းသို့ ကျေးရွာ များမှ ရပ်မိရပ်ဖများ သွားရောက်၍ သန်းခေါင်စာရင်း ကော်မတီ ဥက္ကဌကို ၎င်းတို့ အနေဖြင့် သန်းခေါင်စာရင်းကို ဖြေဆိုရန် အမြဲအသင့် ရှိနေခဲ့ကြောင်း၊ ယခုအခါ သန်းခေါင်စာရင်းတွင် လွတ်လပ်စွာ ဖြေဆိုခွင့် မပေးခြင်းသည် သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေဘောင် အတွင်းကသာ မေးမြန်းရန် ပြောဆိုခဲ့ ကြသည်။ သို့သော်လည်း သန်းခေါင်စာရင်း ကော်မတီ ဥက္ကဌက မြို့နယ် အုပ်ချုပ်ရေးမှူးထံ မပါဝင်ရခြင်း အကြောင်းရင်းကို အစီရင်ခံစာ တင်သွင်းရန် ပြောကြားခဲ့သည်။ တဖန် ညပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဧပြီလ (၁) ရက်နေ့ နံနက် ၉ နာရီတွင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဒေသခံများကို အကြောင်းကြား ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

အလားတူပင် ယနေ့ နေ့လည်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းသည် ကြိမ်ချောင်း ကျေးရွာ အုပ်စုသို့ သွားရောက်၍ အနီး ပတ်ဝန်းကျင်မှ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်၍ ဧပြီလ ၁ ရက်နေ့ နံနက် ၉ နာရီ နောက်ဆုံးထား၍ ဘင်္ဂလီ အမည်ခံမည့် သူများ စာရင်း၊ လူမျိုး အမည်ကို ကွက်လပ် ထားမည်ကို လက်ခံမည့်သူများ စာရင်းကို တင်သွင်းရန် ပြောကြားခဲ့သည်။ ဦးကြည်စန်းက ရိုဟင်ဂျာ လူမျိုး ဖြည့်မည်သူ များကို မလိုလားကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ [Report: MYARF]

ယမန်နေ့ (မတ်လ ၃၀ ရက်) က မြင်းလွှတ်ကျေးရွာ ဇုံကာရွာသို့ သန်းခေါင်စာရင်း ကောက်ခဲ့ရာ ဦးမာမတ်ရော်ဖိခ် (ဘ) ဦးဘော်ဆိရ်အာမတ်၊ ဦးမာမတ်ရော်ရှိတ် (ဘ) ဦးဘော်ဆိရ်အာမတ်နှင့် ဒေါ်ဒေါလူး (ဘ) ဦးဆော်လာမတ် တို့၏ အိမ်ထောင်စု များကို မေးမြန်းခဲ့သည်။ စာရင်းကောက်က အမှတ် (၁) မှ (၆) ထိ မေးမြန်းပြီး၊ အမှတ် (၇) နှင့် (၈) တို့ကို ကျော်လွန်၍ မေးမြန်းရန် ကြိုးစားရာ အိမ်ရှင်များက လူမျိုးနေရာကို မမေးမြန်း ရသည့် အကြောင်းကို မေးမြန်းခဲ့သည်။ သို့သော်လည်း စာရင်းကောက်က ပြန်လည် ဖြေကြားခြင်း မရှိဘဲ စာရင်းစစ်ပြီးကြောင်း စာကပ်၍ ပြန်လည် ထွက်ခွာ သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

----------------------------

ကျောက်တော် (31.3.2014) -- ယနေ့ ကျောက်တော်မြို့နယ်တွင် လက်ဆောင်ကောက် ကျေးရွာ၊ အပေါက်ဝ ကျေးရွာ၊ ပြားဘက် ကျေးရွာ၊ ရွှေလှိုင် ကျေးရွာ များတွင် သန်းခေါင် စာရင်း ကောက်ခံခဲ့သည်။ ဒေသခံ ရိုဟင်ဂျာ များကို မေးခွန်း အမှတ် (၁) မှ (၇) အထိ မေးမြန်းပြီး၊ အမှတ် (၈) လူမျိုး အမည်ကို မေးမြန်းသည့် အခါ 914 ရိုဟင်ဂျာဟု ဖြေကြား သဖြင့် စာရင်းကောက် များက ဆက်လက် မမေးမြန်း တော့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အချို့သော ဒေသခံ ရိုဟင်ဂျာများကို လူမျိုး အမည်ကို မမေးမြန်းဘဲ ကွက်လပ် ထားခဲ့ပြီး၊ ကျန်သည့် မေးခွန်းများကို အပြည့်အစုံ မေးမြန်းခဲ့ကြောင်း သိရှိရသည်။ စာရင်းကောက်များက လက်ဆောင်ကောက် ကျေးရွာမှ ရွှေလှိုင် ကျေးရွာသို့ အသွားတွင် ရိုဟင်ဂျာ စကားပြန် များကို အသိမပေးဘဲ ထွက်ခွာ သွားခဲ့ကြပြီး၊ ပေါက်တော ပလောင် ကျေးရွာနှင့် ဆင်အိုး ပေါက်တော ကျေးရွာများသို့လည်း စကားပြန် မပါဘဲ သွားရောက်၍ သန်းခေါင်စာရင်း ကောက်ယူ ခဲ့ကြောင်း သိရှိရသည်။

---------------

ပေါက်တော (31.3.2014) -- ပေါက်တော မြို့နယ်၊ ဆင်တက်မော် ကျေးရွာသို့ သန်းခေါင်စာရင်း စာရင်းကောက်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၀၀ ကျော်တို့ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ရောက်ရှိခဲ့ကြပြီး၊ တစ်အိမ်တက်ဆင်း၍ ဖြည့်မည့် လူမျိုး အမည်ကို မေးမြန်း ခဲ့ရာ၊ အိမ်တိုင်း အားလုံးမှ ရိုဟင်ဂျာ လူမျိုးဟု ဖြေဆို ခဲ့သောကြောင့် သန်းခေါင်စာရင်း မကောက်ယူဘဲ ပြန်လည် ထွက်ခွာ သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

ဆင်တက်မော် ကျေးရွာတွင် အိမ်ထောင်စု ၇၀၀ ကျော်ခန့် ရှိသည်ဟု ဆိုသည်။

----------------

မင်းပြား (31.3.2014) -- မင်းပြားမြို့နယ်၊ ကင်းဆိပ် ကျေးရွာ အုပ်စု၊ ပိုက်သည်ရွာသို့ သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များသည် ဌာနပေါင်းစုံ၊ မင်းပြားမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ အားလုံးနှင့် ယမန်နေ့ (မတ်လ ၃၀ ရက်) နေ့ နေ့လည် ၂း၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။ ပိုက်သည်ရွာသို့ ရောက်ရှိပြီးနောက် အိမ်ထောင်စု ၄ စုကို လူမျိုး အမည်ကို စတင် မေးမြန်းရာ အားလုံးက ရိုဟင်ဂျာ လူမျိုးဟု ဖြေကြားသဖြင့် နေ့လည် ၂း၃၀ နာရီတွင် သဒ္ဒါကျေးရွာသို့ ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

------------------
ကျောက်တော် (30.3.2014) -- ကျောက်တော်မြို့နယ်၊ ပိုက်သည် မွတ်စလင် ကျေးရွာသို့ သန်းခေါင်စာရင်း စစ်ဆေးရန် ယနေ့ မွန်းလွှဲ တစ်နာရီ အချိန်တွင် စာရင်းကောက်များ၊ လုံခြုံရေး အဖွဲ့များ ရောက်ရှိခဲ့သည်။ စာရင်းကောက်များက လူမျိုး အမည် မေးမြန်းသည့် အခါ ဒေသခံ ရိုဟင်ဂျာများက ရိုဟင်ဂျာ လူမျိုးဟု ဖြေကြား သဖြင့်၊ စာရင်းကောက်များ ဆက်လက်၍ စာရင်းမကောက်ဘဲ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မတ်လ ၃၁ ရက်နေ့တွင် အပေါက်ဝ ကျေးရွာနှင့် လက်ဆောင်ကောက် ကျေးရွာများတွင် သန်းခေါင်ကောက်ခံမည်ဟု သိရှိရသည်။
-------------

ရသေ့တောင် (30.3.2014) ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်း နယ်မြေ၊ ဆင်ခုန်းတိုင် ကျေးရွာ အုပ်စု၊ လွန်းတောင် ရိုဟင်ဂျာရွာသို့ စစ်တပ်မှ ဗိုလ်ကြီး အဆင့် ရှိသူ (၆) ဦး၊ ရဲတပ်ဖွဲ့ဝင် (၈) ဦး၊ မြို့နယ် လ.၀.ကမှ ဒုဦးစီးမှူး အပါအ၀င် (၆) ဦး၊ သန်းခေါင်စာရင်း ကောက်ခံရေး ကော်မတီ (၇) ဦး၊ ဒေသခံ ရခိုင် လူမျိုး (၆) ဦး၊ စုစုပေါင်း ၃၃ ဦးတို့ ရောက်ရှိ လာပြီး ယနေ့ နေ့လည် ၃ နာရီ အချိန်မှ ၅ နာရီ အထိ သန်းခေါင်စာရင်း ကောက်ခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

သန်းခေါင်စာရင်း ကောက်ယူမည့် အဖွဲ့က ဒေသခံများကို မေးခွန်း ၄၁ ချက် အနက် လူမျိုး အမည်ကို ပထမဆုံး မေးမြန်းရာ အိမ်ထောင်ဦးစီး များအားလုံးက ရိုဟင်ဂျာဟု တညီတညွတ်တည်း ဖြေဆိုခဲ့သည်။ ထို့နောက် စာရင်းကောက်များက အဆောက်အအုံ အကွက်တွင် သန်းခေါင်စာရင်း ကောက်ပြီးသည့် အမှတ်အသားကို ထည့်၍ နှစ်နာရီ အတွင်း အိမ်ထောင်စု ၄၀၀ ကျော်ကို စာရင်းကောက်ခဲ့သည်ဟု သိရှိရသည်။

အိမ်ထောင်စု ၄၀၀ ကျော်က ၎င်းတို့ အနေဖြင့် ရိုဟင်ဂျာ လူမျိုးဟု ထွက်ဆို၍ ပြောကြား ခဲ့သော်လည်း စာရင်းကောက် များက ၎င်းတို့ စိတ်တိုင်းကျ ထည့်သွင်း ရေးမှတ် သွားသည်ဟု သံသယ ဖြစ်ပြီး စိုးရိမ်လျက် ရှိကြသည်။

----------

ဘူးသီးတောင် (30.3.2014) -- ဘူးသီးတောင် မြို့နယ်၊ အမှတ် (၃) ရပ်ကွက် သို့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များ ရောက်ရှိခဲ့သည်။ စာရင်းကောက်များက ရိုဟင်ဂျာ လူမျိုးဟု ဖြည့်လျှင် စာရင်းကောက်မည် မဟုတ်ကြောင်း၊ အခြား လူမျိုး အမည် ပြောမှသာ စာရင်းကောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ၊ ဒေသခံ ရိုဟင်ဂျာများကလည်း ရိုဟင်ဂျာဟု လက်ခံ၍ စာရင်းသွင်းမည် ဆိုလျှင် မိမိတို့ဘက်မှ ဖြေဆိုရန် အသင့်ရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။

သို့သော်လည်း စာရင်းကောက်များက ၂ ရက် ၃ ရက်ခန့် စဉ်းစား၍ အကြောင်းပြန်ရန် ပြောကြားခဲ့ရာ၊ ဒေသခံများက လူမျိုးအမည် ပြောသည့် ကိစ္စသည် စဉ်းစား စရာ၊ ရွေးချယ် စရာ ကိစ္စမဟုတ်ဘဲ၊ မိမိတို့၏ လူမျိုးအမည်မှန် ရိုဟင်ဂျာ ကို ပြောခြင်း ဖြစ်သဖြင့် စဉ်းစားရန် မလိုကြောင်း ပြန်လည် ဖြေကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
-----------------------------------

မောင်တော (30.3.2014) -- ယနေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ အနောက် ရပ်ကွက် (အမှတ် ၁ ရပ်ကွက်) တွင် သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များ ရောက်ရှိလာခဲ့သည်။ အိမ်ထောင်စု ၇ စုခန့်ကို မေးမြန်းပြီး၊ အားလုံးက ရိုဟင်ဂျာ လူမျိုးဟုသာ ထွက်ဆိုသဖြင့် ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။ စာရင်းကောက်များနှင့် အတူ လ.၀.ကမှူး ကိုယ်တိုင် လာရောက် ခဲ့ကြောင်း သိရှိရပါသည်။

နေ့လည် ၃ နာရီ အချိန်တွင် တောင်ပြိုလက်ယာ ကျေးရွာသို့ စာရင်းကောက်အဖွဲ့ ရောက်ရှိလာပြီး အိမ်ထောင်စု (၄) စုကို မေးမြန်းခဲ့သည်။ အိမ်ထောင်စု အားလုံးက လူမျိုးနှင့် သက်ဆိုင်သည့် မေးခွန်း ရောက်သည့်အခါ ရိုဟင်ဂျာဟု ဖြေဆိုသဖြင့် စာရင်းကောက်များက ဆက်လက်၍ မေးမြန်းခြင်း မပြုလုပ်ဘဲ ထွက်ခွာသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ စာရင်းကောက် များက မြန်မာနိုင်ငံ၏ တိုင်းရင်းသား စာရင်းတွင် ရိုဟင်ဂျာ မပါသဖြင့် မဖြည့်ပေးနိုင်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ တောင်ပြိုလက်ယာတွင် မေးခွန်းအမှတ် (၆) အထိသန်းခေါင်စာရင်း ဖြေဆိုခဲ့သူများမှာ --

(၁) ဦးမာဂျေးဒ် (ဘ) ဦးဂူလာလ် (အသက် ၈၅ နှစ်)
(၂) ဦးအေခ်ဘာလ် (ဘ) ဦးအဒူလ်အာမီးန် (အသက် ၂၇ နှစ်)
(၃) ဦးအဒူလ္လာ (ဘ) ဦးရှာကဲရ် (အသက် ၃၂ နှစ်)
(၄) ဦးယာကုဘ် (ဘ) ဦးမာမတ်ဟာဆောင် (အသက် ၃၀ နှစ်) -- တို့ဖြစ်သည်။

[တောင်ပြိုလက်ယာ Report: Rohingya Eye]
-----------------------------

စစ်တွေ (30.3.2014) ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘာဆာရာ (စံပြ) ကျေးရွာသို့ ယနေ့ နေ့လည်ပိုင်းက သန်းခေါင်စာရင်း ကောက်ယူမည့် အဖွဲ့ရောက်ရှိခဲ့ပြီး၊ အိမ်ထောင်စု ၂၀ ခန့်ကို မေးမြန်းခဲ့ရာ၊ လူမျိုးအမည်ကို ရိုဟင်ဂျာဟု ထွက်ဆိုသဖြင့် စာရင်းကောက်များက မေးမြန်းရမည့် မေးခွန်းများကို မမေးမြန်းတော့ဘဲ ပြန်လည် ထွက်ခွာ သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒေသခံ ရိုဟင်ဂျာများကို ဘင်္ဂလီဟု ထွက်ဆိုရန် ဖိအား အမျိုးမျိုး ပေးခဲ့သော်လည်း ဒေသခံများက ၎င်းတို့သည် ရိုဟင်ဂျာများ ဖြစ်သဖြင့် ဘင်္ဂလီဟု မထွက်ဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။ စာရင်းကောက်များက သန်းခေါင်စာရင်း ကောက်ယူရာတွင် သတ်မှတ်ထားသည့် ပုံစံကို အသုံးမပြုခဲ့ဘဲ၊ သာမာန် ဗလာစာအုပ်တွင်သာ အမှတ်စဉ် (၁) မှ (၇) ထိ ရေးမှတ်ခဲ့ပြီး၊ မေးခွန်း (၈) ကို ၎င်းတို့ စိတ်တိုင်းကျ အဖြေ မရသဖြင့် ဆက်လက်၍ မေးမြန်းခြင်း မရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

---------------------------
ဘူးသီးတောင် (29.3.2014) -- ယနေ့ နေ့လည် ၂ နာရီအချိန်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ တည်းခိုခန်းများ၊ ဘော်ဒါဆောင်များတွင် သန်းခေါင်စာရင်း ကောက်ခံ ခဲ့သည်။ စာရင်းကောက်ခံသည့် အဖွဲ့မှာ လုံခြုံရေးများ အပါအ၀င် ၇၀ ဦးခန့် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ကျူရှင်ဆရာ တစ်ဦးကို စတင်၍ မေးမြန်းရာတွင် အမှတ်စဉ် (၁) မှ (၇) အထိ မေးမြန်းပြီးနောက်၊ အမှတ်စဉ် (၈) တွင် လူမျိုးကို ရိုဟင်ဂျာ လူမျိုးဟု ဖြေဆိုသောအခါ စာရင်းကောက်များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း၊ အခြား လူမျိုး တစ်ခုခု ပြောရန် ပြန်ပြောရာ ဖြေဆိုသူက မိမိသည် ရိုဟင်ဂျာ လူမျိုး ဖြစ်ပြီး အခြား ဖြေဆိုရန် မရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း စာရင်းကောက်များက အခြား လူမျိုး တစ်ခုခု ဖြေဆိုရန် အကြိမ်ကြိမ် ဖိအား အမျိုးမျိုး ပေးခဲ့ပြီး၊ နောက်ဆုံးတွင် ဖြေဆိုသူက ရိုဟင်ဂျာဟု လက်မခံလျှင် အခြား ဖြေကြားရန် မရှိဟု ပြောသဖြင့် စာရင်းကောက်များ ထိုနေရာမှ ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

စာရင်းကောက်များက ဖြေဆိုခဲ့သည် များကို မှတ်တမ်းတင်ရာတွင် ကွယ်ဝှက်သည့် ပုံစံမျိုးဖြင့် မှတ်တမ်းတင်ကြောင်း သိရှိရပါသည်။



31.3.2014

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ တိုက်ခိုက်ခံနေရမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မတ်လ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောကြားခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်နဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့နဲ့ အဲဒီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တည်ဆဲ သဘောတူညီချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်စေမယ့်လုပ်ရပ်ကို လုပ်ဆောင်သူတွေအပေါ် အပြစ်ပေး အရေးယူခြင်း မရှိတာမျိုး မဖြစ်စေသင့်တဲ့အကြောင်းနဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးပြီးတော့ တရားဥပဒေကို လေးစားလိုက်နာဖို့အတွက်လည်း အဲဒီ တယ်လီဖုန်းနဲ့ ပြောဆိုမှုအတွင်းမှာ တောင်းဆိုခဲ့ပါတယ်။

စစ်တွေ ပဋိပက္ခအတွက် အာဏာပိုင်တွေဘက်က လက်ရှိအခြေအနေအထိ ဆောင်ရွက်ချက်တွေအပေါ်မှာ ကြိုဆိုကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားကြောင်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေမှုနဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ တခြား အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အဲဒီဒေသမှာ အင်အားကောင်းစွာ တည်ရှိနေရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်သင့်ကြောင်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေတဲ့ သန်းခေါင် စာရင်း ကောက်ယူမှု အပေါ်မှာ မတူညီတဲ့ လူမျိုးစု တွေကြား စိုးရိမ်မှုတွေ ရှိနေတာကြောင့် အခုလိုမျိုး အရေးကြီးတဲ့ကိစ္စမျိုးကို ငြိမ်းချမ်းစွာနဲ့ ယုံကြည်တဲ့ကိုင်တွယ်မှုမျိုးဖြစ်အောင် သတိထားဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်က ထည့်သွင်းပြောသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှန်းမှာ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ နည်းပညာပိုင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

နိဂုံးချုပ်အနေနဲ့တော့ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အပြုသဘောဆောင်တဲ့ဘက်က ကုလသမဂ္ဂအနေနဲ့ ဆက်လက်ပြီးတော့ ပံ့ပိုးပေးသွားမှာဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။



RB News
31.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေး တာဝန်ယူသည့် ရဲများက အလွန် ရိုင်းပျစွာ ဆက်ဆံခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို ၀က်မကြ၊ ပေါင်တောပြင်၊ ဆေးအိုးကျ ကျေးရွာ၊ ၀ရကျွန်း၊ ငကျဉ်တောက်၊ ဂူဖိ၊ ဂူဒါပြင်၊ ကြာညိုပြင်၊ သိမ်တောင်ပြင် ကျေးရွာ အုပ်စု များနှင့် အမှတ် (၄) ရပ်ကွက်တို့တွင် ယနေ့ ဆက်လက်၍ ပြုလုပ်ခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းကောက်များက ဒေသခံ ၅၀ ဦးခန့်ကို အိမ်တစ်အိမ် စုပြီး အမည်များကို မေး၍၊ လူမျိုးအမည်ကို ဆက်လက် မေးမြန်းရာတွင် ရိုဟင်ဂျာ လူမျိုးဟု ဖြေသဖြင့် စာရင်းမယူကြောင်း၊ ရေးမှတ်သည့် စာရွက်များမှာလည်း သာမာန် ကျောင်းသုံး ဗလာစာအုပ်မှ စာရွက်ပေါ်တွင်သာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ အချို့ စာရင်းကောက်များက နေအိမ်ရှေ့မှ လူမျိုးအမည်ကို မေးပြီး ရိုဟင်ဂျာဟု ပြောလိုက်ပါက မမေးမြန်းတော့ဟု သိရှိရသည်။

စာရင်းကောက်များနှင့် အတူ လိုက်ပါလာသည့် လုံခြုံရေး ရဲများသည် ဒေသခံ ရိုဟင်ဂျာများကို အလွန် ရိုင်းပျစွာ ဆက်ဆံကြောင်း သိရှိရသည်။

“ရဲတွေက ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးလို့ ပြောလိုက်ရင် -ီးရိုဟင်ဂျာလား၊ မင်းတို့ ရိုဟင်ဂျာ ရေးလို့ မရဘူးဆိုတာ နားမလည်ဘူးလား၊ ရိုဟင်ဂျာ မရှိဘူးကွလို့ ပြောပြီး အိမ်ရဲ့ တံခါးတွေကို ခြေထောက်နဲ့ ကန်တယ်။ ပြီးတော့ သေနတ်ပြတယ်။ အမျိုးမျိုး ညစ်ညမ်းတာတွေ သုံးပြီး ဆဲဆိုတယ်။ ရိုဟင်ဂျာလို့ ပြောတာနဲ့ ပြောတဲ့လူကို ဓါတ်ပုံ ရိုက်ယူတယ်။ ကျွန်တော်တို့က သည်းခံလို့သာ ပြဿနာ မတက်တာ။ ပြဿနာ ဖြစ်အောင် အမျိုးမျိုး ဖန်တီးတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စာရင်းကောက်များသည် ရိုဟင်ဂျာ လူမျိုး မရှိဟု ဆိုကာ စာရင်းမှတ်ယူ သွားခြင်း မရှိသော်လည်း ရိုဟင်ဂျာ များ၏ နေအိမ်များတွင် နေ့လည်စာ သုံးဆောင် သွားသည့် အပြင် ၎င်းတို့၏ အသုံးစရိတ် ဆိုကာ အာဏာပိုင်များက ဓါးပြ သဖွယ် တောင်းခံသောကြောင့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀ စီပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။



RB News
31.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တမန်းသား ကျေးရွာ အုပ်စု၊ ဖောင်ဆိပ်ရွာမှ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးကို သန်းခေါင်စာရင်း ကောက်ရာတွင် ရိုဟင်ဂျာဟု ထွက်ဆိုသည့် အတွက်ဟု ဆိုကာ ရဲနှင့် စစ်တပ်ပေါင်း၍ လူမဆန်စွာ နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း တမန်းသား ကျေးရွာ အုပ်စု၊ ဖောင်ဆိပ်ရွာသို့ သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းကောက်များ ရောက်ရှိလာရာ ၎င်းတို့နှင့် အတူ လုံထိန်း ၁၅ ဦးနှင့် စစ်သား ၁၅ ဦးတို့ လုံခြုံရေး အဖြစ် လိုက်ပါလာကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ သန်းခေါင်စာရင်း လုပ်ထုံး လုပ်နည်းအရ တစ်အိမ်တက်ဆင်း မေးရမည် ဖြစ်သော်လည်း လုပ်ထုံး လုပ်နည်း အတိုင်း မပြုလုပ်ဘဲ၊ ဒေသခံ ရွာသားများ အားလုံးကို ယခင် န.စ.က ဆွဲ၊တင်၊စစ် ပုံစံအတိုင်း တစ်နေရာတွင် စု၍ ပထမ ဦးစွာ ရိုဟင်ဂျာများ လက်မြှောက်ရန် မေးမြန်း ခဲ့ရာ တစ်ရွာလုံး လက်မြှောက် ခဲ့ကြသည်။ ထို့နောက် ဘင်္ဂလီများ လက်မြှောက်ရန် မေးမြန်းရာ တစ်ဦးတစ်ယောက်မှ လက်မြှောက်ခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

သန်းခေါင်စာရင်း ဖြေဆိုရန် ရောက်ရှိနေသည့် လူအုပ်ထဲမှ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးကို စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးနှင့် လ.၀.က အရာရှိ တစ်ဦးတို့က ဆွဲထုတ်၍ ရိုဟင်ဂျာလို့ ပြောဖို့ ဘယ်သူက သင်ပေးထားတာလဲ ဟုမေးရာ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးက မိမိတို့သည် ဘိုးစဉ် ဘောင်ဆက် ရိုဟင်ဂျာများ ဖြစ်ပြီး၊ မွေးကတည်းက ရိုဟင်ဂျာများ ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်နှင့် တပြိုင်နက် အဆိုပါ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးကို လူအုပ်ကြီး၏ ရှေ့တွင် စစ်သားများနှင့် လုံထိန်းများက လူမဆန်စွာ ရိုက်နှက်၍ ကျေးရွာရှိ အထက်တန်းကျောင်းသို့ ခေါ်ဆောင် သွားခဲ့သည်။

အထက်တန်းကျောင်းသို့ ရောက်သည့်အခါ ထိတ်တုံး ယူလာ၍ ခြောက်ပေါက် ထိတ်ထုံး ခတ်ထားပြီး၊ ရဲများနှင့် စစ်သားများက ယခု သတင်းရေးနေသည့် အချိန်ထိ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက် ရိုက်နှက် လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးကို စတင်ရိုက်နှက်သူမှာ တပ်ရင်း ၅၃၆ မှ ဗိုလ်ကြီး တစ်ဦး ဖြစ်ပြီး၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံ နေရသူ နှစ်ဦးမှာ ဦးဘော်ဒီအာလမ် (ဘ) ဦးအဘူအာလမ်နှင့် ဦးဟာဘဲစ် အာမတ် (ဘ) ဦးအလီမိုဒမ် တို့ ဖြစ်သည်။




MYARF
RB News
30.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရခိုင်ကျေးရွာ များတွင် တစ်ဖက်နိုင်ငံမှ ဘင်္ဂလီ-ရခိုင်များ ခိုအောင်းလျက် ရှိနေကြပြီး၊ ယခင် မီးရှို့မှုများနှင့် ဆက်စပ်လျက် ရှိနေသူများ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

မောင်တော ခရိုင်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အနောက် မြောက်ပိုင်းနှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ များရှိ ရခိုင်ရွာများတွင် တစ်ဖက်နိုင်ငံမှ ဘင်္ဂလီ-ရခိုင်များ တွေ့နေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ၎င်း ဘင်္ဂလီ-ရခိုင် များသည် လွန်ခဲ့သည့် ရက်ပိုင်းများက မောင်တော မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဓာတု ပစ္စည်းများ သွင်းယူလာပြီး ပြုလုပ် ခဲ့သူများ ဖြစ်ပြီး၊ ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် ပြန်လည် ကူးရန် စောင့်ဆိုင်း နေသူများ ဖြစ်သည်ဟု အခိုင်အမာ ပြောဆို နေကြသည်။ လွန်ခဲ့သည့် ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် ကူးသွားသည့် ဘင်္ဂလီ-ရခိုင် ၃၀ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်များက ဖမ်းဆီးရမိ ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်မှ လုံခြုံရေး ထူထပ်စွာ ချထားသဖြင့် မပြန်နိုင်ဘဲ ခိုအောင်း နေသူများ ဖြစ်သည်ဟု ဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက်လင်း အားကြီး ၂း၃၀ နာရီတွင် မောင်တော မြောက်ပိုင်း နယ်မြေ (၆) ရှိ ကျောက်လှေကား ကျေးရွာသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ခိုးဝင်လာသည့် ဓါးနှင့် လေးခွများ ကိုင်ဆောင် ထားသည့် ဟိန္ဒူ လူငယ် ၁၀ ယောက်ကို ကင်းစောင့်နေသည့် လူငယ်များက ဖမ်းဆီး၍ နယ်မြေ (၆) စခန်းသို့ အပ်နှံ ခဲ့သည်။

မတ်လ ၂၉ ရက်နေ့ ည ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒု ကျေးရွာ အုပ်စု ရခိုင်ရွာမှ ရခိုင် နှစ်ဦးသည် စေတီရွာ (ရိုဟင်ဂျာရွာ) သို့ ဖားရှာရန် ဆိုကာ ၀င်ရောက်၍ ရွာတစ်ရွာလုံးကို ပတ်ခဲ့သည့် အတွက် အထိတ် တလန့် ဖြစ်ခဲ့ရသည်။ ကျောက်ပန္ဒု ကျေးရွာတွင် အသစ်ချ ထားသည့် လုံခြုံရေး စခန်းက ရဲများသည် ရိုဟင်ဂျာ ရွာများသို့ ၀င်ရောက်၍ ၀ါး၊ သစ်၊ နွား၊ ဆိတ်နှင့် အခြား ပစ္စည်းများကို မကြာခဏ လုယက် လေ့ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ ရဲများကသာ လုယက်ခြင်း မဟုတ်ဘဲ ကျောက်ပန္ဒု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းနှင့် သားမက် ဖြစ်သူ ကျော်အေး တို့ကလည်း မကြာခဏ လုယက်မှုများ ကျုးလွန် လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် မြို့မ ကညင်တန်း ကျေးရွာရှိ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF ရုံးကို ခဲများဖြင့် ပစ်ပေါက်ခံရသဖြင့် ရုံးအကြီးအကဲ ဖြစ်သူ (နိုင်ငံခြားသူ) က လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်ရာ လုံထိန်း ၃ ဦးကို မြင်တွေ့ခဲ့ကြောင်း၊ အဆိုပါ လုံထိန်းများသည် အောင်မြေ ဗောဓိ ကျောင်းတိုက်တွင် လုံခြုံရေး ယူထားသည့် လုံထိန်းများဟု ယူဆရကြောင်း ဒေသခံများက ပြောပါသည်။



RB News
30.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လိပ်ရကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို အမှတ် (၂) ရဲတပ်ရင်း၊ တပ်ရင်းမှူး ဒုရဲမှူးကြီး ဝေလင်းကိုက အကျပ်ကိုင်၍ ဒေသခံ ရိုဟင်ဂျာများကို ဘင်္ဂလီ မဖြည့်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

လိပ်ရ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို အမှတ် (၂) ရဲတပ်ရင်း၊ တပ်ရင်းမှူး ဒုရဲမှူးကြီး ဝေလင်းကိုက ၎င်း၏ ကျေးရွာ အုပ်စု အတွင်းရှိ ဒေသခံ ရိုဟင်ဂျာ များကို သန်းခေါင်စာရင်း ကောက်ရာတွင် ဘင်္ဂလီများ အဖြစ် ထွက်ဆိုခိုင်းခြင်း မပြုလုပ်နိုင်ပါက အလုပ်မှ ဖြုတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒုရဲမှူးကြီး ဝေလင်းကိုက အကယ်၍ ဒေသခံ ရိုဟင်ဂျာများက ဘင်္ဂလီဟု သန်းခေါင်စာရင်းတွင် မဖြည့်ပါက ၎င်းအနေဖြင့် အထက်အရာရှိများ ရှေ့တွင် မျက်နှာငယ် ရမည် ဖြစ်ကြောင်း၊ ၎င်း၏ မျက်နှာကို မကြည့်ပါက အားလုံးကို ပစ်သတ်ပြီး၊ ထကြွပုန်ကန်၍ သတ်ပစ်လိုက်ကြောင်း စာရေးပြီး အထက်သို့ တင်လိုက်လျှင် ပြီးပြီ ဖြစ်ကြောင်း၊ ကောင်းကောင်း မွန်မွန် နေချင်ပါက ကျွန်ကဲ့သို့ နေရန် လိုကြောင်း အမျိုးမျိုး ပြောဆို၍ လိပ်ရ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို ခြိမ်းခြောက် ခဲ့ကြောင်း သိရှိ ရပါသည်။

ဒုရဲမှူးကြီး ဝေလင်းကိုသည် အောင်သပြေ ကျေးရွာမှ ရခိုင် အမျိုးသမီး တစ်ဦးနှင့် လက်ထပ် ထားသူ တစ်ဦးဖြစ်ပြီး၊ ဒေသခံ ရိုဟင်ဂျာ များကို လူ့ဂုဏ်သိက္ခာ ကင်းမဲ့ သွားသည့် အထိ ရိုင်းပျစွာ ဆက်ဆံခြင်း များကို အမြဲတစေ ပြုလုပ်သူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။



RB News
30.3.2014

ရန်ကုန် ။ ။ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်း ရေးသားခွင့် ပြုမည် မဟုတ်ကြောင်း ဥပဒေချိုးဖောက်၍ မီဒီယာများကို ပြောဆိုခဲ့ပြီးနောက် ဗြိတိန်သံရုံးက ယမန်နေ့ ညပိုင်းတွင် အရေးပေါ် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရက သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖြေဆိုသူများ အားလုံးကို မိမိတို့၏ လူမျိုးအမည်ကို နိုင်ငံတကာ စံချိန်စံညွန်းနှင့် အညီ လွတ်လပ်စွာ ဖော်ပြခွင့် ပေးမည်ဟု ကတိပြုထားကြောင်း၊ သို့သော် လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေအရ အစိုးရက ကတိ ပေးထားသည့် အတိုင်း ဖြည့်ဆည်း မပေးမည်ကို စိုးရိမ်ကြောင်း၊ ယခု ကျင်းပမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာတွင် ပါဝင် ဖြေဆိုမည့် သူတိုင်း ခြိမ်းခြောက်မခံရဘဲ လွတ်လပ်စွာ ဖြေဆိုခွင့် ရရန် အစိုးရ အနေဖြင့် စီမံပေးရန် လွန်စွာ အရေးကြီးကြောင်း ထည့်သွင်း ဖော်ပြထားပါသည်။

ဗြိတိန်သံရုံးက ရခိုင်ပြည်နယ် အရေးကို စိုးရိမ်ကြောင်း ကိုလည်း ရေးသား ဖော်ပြထားပါသည်။



RB News
29.3.2014

ရန်ကုန် ။ ။ ရန်ကုန်မြို့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲသည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေးနှင့် ပတ်သက်ခြင်း မရှိဘဲ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများနှင့် ပူးပေါင်း၍ ပွဲဆူအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေး ပါတီဝင် တစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ ကျင်းပခဲ့သည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီ ၆၃ ခု တွေ့ဆုံပွဲသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ခြင်း မရှိသလို၊ နိုင်ငံတော် သမ္မတက သန်းခေါင်စာရင်းနှင့် ပတ်သက်သည်ကို ပြောကြားခဲ့ခြင်းလည်း မရှိခဲ့ကြောင်း၊ တွေ့ဆုံပွဲသည် နိုင်ငံတော် အတွင်း ငြိမ်းချမ်းရေး ရရှိရေး အတွက် ဦးတည်ပြီး၊ တစ်နိုင်ငံလုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး ရရှိရန် အတွက် အမြန်ဆုံး ဆွေးနွေး အကောင် အထည် ဖော်နိုင်ရေး တို့အတွက် ဖြစ်ကြောင်း အဆိုပါ နိုင်ငံရေး ပါတီဝင်က RB News သို့ပြောပါသည်။

သန်းခေါင်စာရင်း ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခြင်း မရှိခဲ့သော်လည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်းနှင့် လက်ဝါး ရိုက်ထားသည့် မီဒီယာများကို သန်းခေါင်စာရင်းနှင့် ပတ်သက်သည်ကို ဥပဒေ ချိုးဖောက်၍ ပြောဆိုပြီး ပွဲဆူအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ၎င်းမှ ဆက်လက်၍ ပြောပါသည်။

ဦးရဲထွဋ် ပြောကြားခဲ့ခြင်းသည် ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းထားသည့် သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၆ (ဂ) ကို ချိုးဖောက်၍ ပြောဆိုခြင်းသာ ဖြစ်ပြီး ၎င်း၏ ပြောဆိုမှုမှာ တရားဝင်ခြင်း မရှိသကဲ့သို့ ၎င်းတွင် သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်လည်း မရှိပေ။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ပြန့်ပွားနေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟူသည်မှ လုံးဝ မှန်ကန်ခြင်း မရှိသလို၊ နိုင်ငံတော် သမ္မတ အနေဖြင့်လည်း ဥပဒေ အထက်က မဟုတ်သဖြင့် ဥပဒေကို ချိုးဖောက်၍ ပြောဆိုခွင့် မရှိကြောင်းကို ရိုဟင်ဂျာ လူမျိုး အနေဖြင့် သိရှိရန် အထူး အရေးကြီးကြောင်း အဆိုပါ နိုင်ငံရေး ပါတီဝင်က RB News သို့ ပြောပါသည်။



RB News
29.3.2014

ရခိုင်ပြည်နယ်တွင် နိုင်ငံတော် အစိုးရက သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်၍ သန်းခေါင်စာရင်း ကောက်ခံရန် စီစဉ်လျက်ရှိရာ ဒေသခံ ရိုဟင်ဂျာများက သန်းခေါင်စာရင်း ဥပဒေနှင့် အညီ စာရင်းကောက်ခံမှသာ ဖြေဆိုမည်ဟု ပြောဆို နေကြသည်။

နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေး ၀န်ကြီး ဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ရန်ကုန်မြို့တွင် မီဒီယာများကို ရိုဟင်ဂျာဟု ပြောဆိုပါက စာရင်းကောက်မည် မဟုတ်ကြောင်း ပြောဆိုသည့် အပြင် ယမန်နေ့က ကာကွယ်ရေး ၀န်ကြီးဌာနက စစ်တွေမြို့သို့ သွားရောက် ခဲ့သည့် ကိုယ်စားလှယ် များကလည်း ရိုဟင်ဂျာ အမည် ထည့်သွင်းခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်၍ ပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ ဒေသခံ ရိုဟင်ဂျာများက မိမိတို့သည် ဘိုးစဉ်ဘောင်ဆက် ရိုဟင်ဂျာများသာ ဖြစ်၍ သန်းခေါင်စာရင်း မေးခွန်းများကို ဖြေဆိုရာတွင် ရိုဟင်ဂျာဟုသာ ဖြေဆိုမည် ဖြစ်ပြီး၊ သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်ပြီး အတင်းအဓမ္မ မဟုတ်မမှန်သည့် လူမျိုးအမည်ကို ဖြေဆိုခိုင်းလျှင် လုံးဝ လက်ခံမည် မဟုတ်ကြောင်း၊ အကယ်၍ ရိုဟင်ဂျာ လူမျိုးဟု ဖြေဆိုသည့် အတွက် စာရင်းမကောက် ပါကလည်း စာရင်းကောက် များနှင့် အခင်း ဖြစ်ပွားအောင် ပြန်လည် ပြောဆိုမည် မဟုတ်ဘဲ၊ ငြိမ်းချမ်းစွာ နေထိုင်မည် ဖြစ်ကြောင်း၊ သို့သော် ရိုဟင်ဂျာဟု ဖြေဆိုခြင်းကို လက်ခံမှသာ ဆက်လက်၍ မေးခွန်းများကို ဖြေဆိုမည်ဟု ဒေသခံ အများစုက RB News သို့ ပြောပါသည်။

ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းထားသည့် ဥပဒေအရ ဦးရဲထွဋ် ပြောဆိုခဲ့သည်မှာ ဥပဒေကို ချိုးဖောက်၍ ပြောဆိုခြင်းသာ ဖြစ်ပြီး၊ မည်သူ တစ်ဦး တစ်ယောက်ကမှ ယခုကဲ့သို့ ပြောဆိုခွင့် မရှိကြောင်း သန်းခေါင် စာရင်း ဥပဒေတွင် အတိအလင်း ပြဌာန်း ထားပြီး ဖြစ်သည်။

ထို့ကြောင့် ဒေသခံ ရိုဟင်ဂျာများက သန်းခေါင်စာရင်း ဥပဒေနှင့်အညီ မှန်ကန်စွာ ဖြေဆိုရန် အသင့်ရှိနေကြပြီး၊ နှစ်ပေါင်း ၃၀ ကျော် အကြာတွင် စတင် ကောက်ခံသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကြိုဆိုကြောင်း၊ သို့သော် အစိုးရက လက်နက် အားကိုးဖြင့် အနိုင်ကျင့်မည် ဆိုလျှင်လည်း မိမိတို့ အနေဖြင့် ဥပဒေ အတိုင်း လိုက်နာမည် ဖြစ်၍ ဥပဒေ အတိုင်းသာ ဖြေဆိုမည်ဟု ဒေသခံများက ပြောပါသည်။

နိုင်ငံတော် အစိုးရသည် လူမျိုးအမည်ကို ဥပဒေ ချိုးဖောက်၍ ကန့်သတ် နေခြင်းသာမကဘဲ၊ နိုင်ငံတကာ အလှူရှင်များမှ သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ကုန်ကျစရိတ်များ အားလုံးကို လှူဒါန်း ထားသော်လည်း ဒေသခံ ရိုဟင်ဂျာ များထံမှ ဓါးပြများ သဖွယ် အတင်းအဓမ္မ ကောက်ခံလျက် ရှိသည်။

Rohingya Exodus