နောက်ဆုံးသတင်း/ဆောင်းပါးများ

အပြစ်မရှိသူအားခဏဟုခေါ်သွားပြီးထောင်ဒဏ် (၄) နှစ်ချမှတ်


ကျော်သိန်း
RB News
၂၀၁၂ ဒီဇင်ဘာ ၂၀


မောင်းတော ။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှ ဦးဇော်ဇော်လတ် (ခ) နူရ်ဟာစန်အားခဏ ဟုဆို ၍ နေအိမ်မှခေါ်ဆောင် သွားပြီးထောင်ဒဏ် (၄) နှစ်ချမှတ်ခဲ့ကြောင်းသတင်းရရှိပါသည်။

မောင်းတောမြို့နယ် ဖေဇီရွာ (ဖရာဇီရွာ) တွင်နေထိုင်သောဒေါက်တာကမာလ်နှင့်ဒေါ်ကြည်ကြည်လှတို့၏ သားဖြစ်သူ ဦးဇော်ဇော်လတ် (ခ) နူရ်ဟာစန် (အသက် ၃၆ နှစ်) အား ဇူလိုင်လ (၁၉) ရက်နေ့ညနေ ၆ နာရီခန့် တွင် မောင်းတောမြို့စရဖအဖွဲ့ဝင်များလာ ရောက်၍ ခဏလိုက်ခဲ့ရန်ဆိုပြီး ခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ခေါ်ဆောင်သွားပြီး မောင်းတောမြို့အကျဉ်းထောင်တွင် နှစ်ရက်ချုပ်နှောင်ထားပြီး၊ စစ်တွေအကျဉ်း   ထောင်သို့ ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

စစ်တွေ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားမည့်နေ့တွင် စရဖများမှ ဦးဇော်ဇော်လတ်၏နေအိမ်မှ အ၀တ်နှစ် စုံတောင်းယူသွားခဲ့သည်။ ထို့နောက် စစ်တွေအကျဉ်းထောင်တွင် ဆက်လက် ချုပ်နှောင်ထား ခဲ့ပြီး ဒေါက် တာထွန်းအောင်အား စစ်တွေခရိုင်တရားရုံးမှထောင်ဒဏ် (၁၂) နှစ်ချ မှတ်ပြီးနောက် လေး ရက်မြောက်နေ့ (နိုဝင်ဘာ ၂၅) နေ့တွင် ဦးဇော်ဇော်လတ်အား ထောင်ဒဏ် (၄) နှစ်ချမှတ်ခဲ့ကြောင်း သိရ သည်။

နေအိမ်မှခေါ်ဆောင် သွားသည့်နေ့မှစ၍ ယနေ့ထိမိသားစုများနှင့်တွေ့ဆုံခွင့်မရသည့်အပြင်၊ ရှေ့နေငှားခွင့် လည်းမရ ကြောင်း    သိရသည်။ ဦးဇော်ဇော်လတ်သည် စစ်တွေတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ရ ထားသူ တစ် ဦး ဖြစ်ပြီး၊ မောင်းတောမြို့တွင် ဇွန်လဆန်း၌ဖြစ်ပွား ခဲ့သောပြဿနာ များတွင်လည်းပါ ၀င်ပတ် သက်ခဲ့ခြင်း မရှိ ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများမှသိရသည်။

မောင်းတောမြို့၌ ဇွန်လဆန်းတွင် အခင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် အသက် (၁၂) နှစ် အထက်ရိုဟင်ဂျာလူ ငယ်များ၊ ပညာတတ်များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့ရာ၊ အချို့မှာ အကျဉ်းထောင်အတွင်းနှိပ်စက်မှု ဒဏ်ကြောင့် အသက်ပင် ဆုံးရှူံးခဲ့ရပြီး၊ သေဆုံးသူများ၏ အလောင်းများကို အစဖျောက်သည် အထိရှိ ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခဲ့ရသူများကိုရှေ့နေငှားရမ်းခွင့်မပေးဘဲ၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus