April 29, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအစည်းအဝေးကျင်းပ


ကျော်စွာဝင်း
RB News
၂၀၁၂ ဒီဇင်ဘာ ၂၀

နေပြည်တော် ။ ။ ရခိုင်ပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ် ကိုနေပြည်တော်ရှိ နယ်စပ်ဒေသရေးရာဝန်ကြီးဌာန၌ အင်္ဂါနေ့က ကျင်းပ ခဲ့ကြောင်း မြန်မာနိုင်ငံပြန်ကြားရေး ၀န်ကြီး ဌာန၏ သတင်းအရသိရသည်။

အဆိုပါ အစည်းအဝေးသို့ နယ်စပ်ဒေသရေးရာ ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်း ဌေးနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ UNDP ဌာနေကိုယ်စားလှယ် Mr. Ashok Nigam၊ NGOများမှ ကိုယ်စားလှယ်များ၊  မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်နှင့် အစ္စလာမ် သာသနာရေး ရာကောင်စီတို့မှ ကိုယ်စားလှယ်များအပါအ၀င် ၇၈ ဦးတက်ရောက်ကြောင်းရေး သားဖော်ပြ ထားသည်။ ထိုအစည်း အဝေးတွင် ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ်များ၊ ရိုဟင်ဂျာနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များကို တက်ရောက်ရန် ဖိတ်ကြားခြင်း မပြုခဲ့သော်လည်း၊ ရိုဟင်ဂျာများကိုအစဉ် အမြဲတဖက်နိုင်ငံမှ ခိုးဝင်လာ သူများဟုစွပ်စွဲ၍ ရိုဟင်ဂျာမွတ်စလင်ဆန့်ကျင်ရေးများ ကိုပေါ်ပေါ်တင်တင် အလုပ်ရုံဆွေးနွေးပွဲ များပင်ပြုလုပ်လေ့ရှိသော ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ကဲ့သို့အဖွဲ့ အစည်းကို ဖိတ်ကြားခဲ့သည်။

အစည်းအဝေးတွင် UNDP ဌာနေ ကိုယ်စားလှယ် Mr. Ashok Nigam က မိမိတို့သည် အကူအညီ လိုအပ်နေသည့် လူ့အဖွဲ့အစည်းများသို့ လူသားချင်းစာနာသော အထောက်အပံ့ များပေးအပ် ရန်ဆောင် ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ လူသားချင်းစာနာသော အထောက်အပံ့များတွင်ကျန်းမာရေး၊ ပညာရေး၊ ရေနှင့် သန့်ရှင်းရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ်ရေရှည်စီမံကိန်း ချမှတ် ၍ဆောင် ရွက်သွားရန် အကြံပြုလိုကြောင်းတို့ အကျယ်တ၀န့်ပြောကြားခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်း များမှကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ လက်ရှိ လူသားချင်း စာ နာ ထောက်ပံ့ရေး အစီ အစဉ် များတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ များ၊ ရှေ့ဆက် မည့် လုပ် ငန်းစဉ် များနှင့် ပတ် သက်၍ အသေး စိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးဒုဗိုလ်ချုပ်ကြီးသိန်းဌေးမှမြန်မာနိုင်ငံသားဖြစ်မှုကို ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေစံချိန်စံညွန်းဖြင့်သာ ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းဟုပြောဆိုခဲ့ကြောင်းသိရသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus