April 13, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ငါးစားကြူးနှင့် ကြက်ရိုးပြင်မှ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ ၂၀ ဦးခန့် ဖမ်းဆီးထား

MYARF

RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စုနှင့် ကြက်ရိုးပြင် ကျေးရွာအုပ်စု တို့မှ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ ၂၀ ဦးခန့် ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၂၆) ရက်နေ့ နံနက် ၆း၃၀ နာရီအချိန်တွင် ငါးစားကြူး ကျေးရွာအုပ်စု၊ တောင်ရွာမှ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ (၁၁) ဦးကို ဖမ်းဆီးခဲ့သည်။ သက်ကြီးရွယ်အို တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၁၀) ဦးကို ယခုအချိန်ထိ ဖမ်းဆီးထားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ (၁၀) ဦးမှာ --

(၁) ဦးနူရ်ဟူစိန်း (ဘ) ဦးအဒူရှကူရ် (အသက် ၇၀ နှစ်)
(၂) ဦးအာလ်တာဟူစိန်း (ဘ) ဦးအော်လီဟူစိန်း (အသက် ၂၇ နှစ်)
(၃) ဦးအာခ်ဘောရ်ကာမာလ် (ဘ) ဦးအော်လီဟူစိန်း (အသက် ၂၅ နှစ်) 
(၄) ဦးရှော်ဘိရ် (ဘ) ဦးဘော်ဒူဇာမာ (အသက် ၆၀ နှစ်)
(၅) ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးမာရာဇာ (အသက် ၆၇ နှစ်)
(၆) ဦးရှုနာအလီ (ဘ) ဦးမောဂူလ်အလီ (အသက် ၆၅ နှစ်)
(၇) ဦးဇာဖောရ် (ဘ) ဦးရှုနာအလီ (အသက် ၆၃ နှစ်)
(၈) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဟားဆူမျာ (အသက် ၆၀ နှစ်)
(၉) ဦးအော်လီဟူစိန်း (ဘ) ဦးဟားဆူမျာ (အသက် ၆၂ နှစ်)
(၁၀) မော်လ၀ီဦးအော်လီဟူစိန်း (ဘ) ဦးအဒူရှကူရ် (အသက် ၆၅ နှစ်) -- တို့ဖြစ်သည်။ 

စစ်သားများသည် ညပိုင်းတွင် ရွာထဲ၌ တဲထိုး၍ စောင့်နေသည့် အတွက် ရွာသားများက အကြောင်းမဲ့ ဖမ်းဆီးမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိသည်။ နေ့ပိုင်းတွင် စစ်သားများက ဆိုင်ခန်းများကို ဖျက်ဆီး၍ ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အောက်တိုဘာလ (၂၃) ရက်နေ့တွင် စစ်သားများသည် ကြက်ရိုးပြင် ကျေးရွာသို့ ၀င်ရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကြီး၊ ရာအိမ်မှူး ဦးဇူရီးယာ၊ ဦးအနိုဝါရ်နှင့် အခြားရွာလူကြီး တစ်ဦး တို့ကို မေးမြန်းရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။

အောက်တိုဘာလ (၂၄) ရက်နေ့ နေ၀င်ချိန်တွင် စစ်သား (၅) ဦးက ဦးအနိုဝါရ်နှင့် ရာအိမ်မှူး ဦးဇူရီးယာ တို့နှင့် အတူ ကြက်ရိုးပြင်ရွာသို့ ပြန်လည်ရောက်ရှိလာပြီး ကျေးရွာတာဝန်ခံရန် လူကြီးများ လိုအပ်နေကြောင်း၊ ကျေးရွာလူကြီးများနှင့် အုပ်ချုပ်ရေးမှူး တို့က တာဝန်ယူလျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၀င်ရောက် စီးနင်းမည် မဟုတ်ကြောင်း ပြောဆိုကာ ဦးဟာရှိမ်း၊ ဦးအီနုစ်၊ ဦးဇော်ဘူ၊ ဦးဒိလ်ဒါရ်ကာမာလ် တို့ကိုလည်း ခေါ်ဆောင် သွားခဲ့သည်။

“သူတို့ကို ဘယ်နေရာ ခေါ်သွားလဲ ဆိုတာ အသေအချာ မသိရသေးဘူး။ ကျွန်တော်တို့ကတော့ BGP ဌာနချုပ်ကို ခေါ်သွားတယ်လို့ ထင်တယ်။ လူကြီး (၇) ယောက်နဲ့ အုပ်ချုပ်ရေးမှူး တို့ဆီက ခံဝန်ချက် ယူပြီး ၂၅ ရက်နေ့ ပြန်လွှတ်ပေးမယ်လို့ ကြားပေမယ့်လည်း အခုထိ ပြန်ရောက်မလာသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 



Comment ရေးရန်

Pages 22123456 »
Rohingya Exodus