April 07, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘယ်သူက ကျွန်ဖြစ်သလဲ


ဌေးလွင်ဦး
RB News
13.10.2012

ရခိုင်သမိုင်းပညာရှင်လို့ ခံယူထားတဲ့ ဒေါက်တာအေးချမ်းက- ရခိုင်မှာ သမိုင်းအရ ရိုဟင်ဂျာ ဆိုတာ မရှိခဲ့ ဘူး၊ ရိုဟင်ဂျာ ဆိုတာ သမိုင်းလိမ်နေသူတွေ ဖြစ်တယ်။ တစ်ကယ်တော့သူတို့က အင်္ဂလိပ်က လယ် ကူလီ လုပ်ဘို့ ခေါ်ယူခဲ့တဲ့ ကျွန်တွေသာ ဖြစ်တယ် ဆိုပြီး စွပ်စွဲ ပြောဆိုခဲ့တယ်။

ဒီလိုဆိုရင် ဒေါက်တာဘွဲ့ ခံယူထားတဲ့ ဦးအေးချမ်းကို မေးလိုပါတယ်။ ရခိုင်မှာ ရခိုင် ဆိုတာကော ရှိခဲ့ပါ သ လား၊ ဘယ်ခုနှစ်က စတင်ရှိခဲ့ပါသလဲ။ ဆိုတာများပါ။

မြန်မာ့သမိုင်းကို ကြည်ရင်- ဗမာသမိုင်းတစ်ခုတည်းကို ကြည့်ပြီး ပြောနေလို့ ပြည့်စုံမှာ မဟုတ်ပါ၊ မွန်တို့ရဲ့ သမိုင်း ရှမ်းတို့ရဲ့ သမိုင်း၊ ကချင်၊ ချင်း၊ ကရင် စတဲ့ လူမျိုးပေါင်းစုံရဲ့ သမိုင်းများကိုလည်း ပြန်ကြည့်ရမှာ ဖြစ်ပါ တယ်။ ဒီတော့မှ သမိုင်းကြောင်းနဲ့ နိုင်ငံ ဖြစ်တည်လာမှုက ပိုမိုပြည့်စုံလာမှာ ဖြစ်ပါတယ်။

အလားတူပဲ- ရခိုင်သမိုင်းကို ဖေါ်ပြရင်- ရခိုင်လူမျိုးတစ်ခု ဖြစ်တည်မှုကိုသာ ဖေါ်ပြမယ်ဆိုရင် ရခိုင်တို့ရဲ့ သမိုင်း တစ်ခုတည်ကိုသာ ဖေါ်ပြနိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ရခိုင်ဒေသ တစ်ခုလုံးကို ဖေါ်ပြတဲ့အခါ- ရခိုင်၊ ကမန်၊ ခမွီး၊ မြို၊ ဒိုင်းနက်၊ ချင်း၊ ရိုဟင်ဂျာ တို့ရဲ့ သမိုင်းအားလုံးကို ဖေါ်ပြမှ ပြည့်စုံလာမှာပါ။

အခု ရခိုင်လို့ ဖြစ်တည်နေတဲ့ ဒေသဟာ မူရင်း အိန္ဒိယ ဘင်္ဂေါနယ်ဘက်က ဆင်းသက်လာတဲ့ အာရီယာန် မျိုးနွယ်များသာ ဖြစ်ခဲ့ပါတယ်။ အခုအချိန်ထိ ဘင်္ဂါလီ မျက်နှာပေါက်လူနဲ့ ရခိုင်ဗုဒ္ဓဘာသာပေါင်း များစွာ ရှိနေပါ တယ်။ သူတို့တွေဟာ ဟိန္ဒူဘာသာဝင်တွေ ဖြစ်ခဲ့ပြီး- စန္ဒြ-ဟိန္ဒူမင်းဆက်ကို ဝေသာလီကို ထူထောင်ခဲ့တယ်။ (စန္ဒြ ဆိုတာ လကို ကိုးကွယ်ပသသူ လို့ အဓိပ္ပါယ်ကို ပေးပါတယ်။) ဘင်္ဂလီ ဟိန္ဒူ ဝေသာလီဟာ ရေကြောင်း ခရီး ဆိပ်ကမ်းဖြစ်ခဲ့ပြီး သူ့ရဲ့ အုပ်ချုပ်နယ်ဟာ မြောက်ပိုင်း စစ်တကောင်း ထိ ကျယ်ပြန့်ခဲ့တယ်။ နောက်ပိုင်း ခေတ် များမှာ မဟာယနဗုဒ္ဓ၀ါဒက ဝေသာလီထိ ထိုးဖေါက် လာခဲ့တယ်။ မဟာယန ဗုဒ္ဓဘာသာ ဖြစ်ဖြစ်၊ ဟိန္ဒူ ဖြစ်ဖြစ် အုပ်ချုပ်သူများက ဘင်္ဂလီ ဟိန္ဒူများသာ ဖြစ်ခဲ့ပါတယ်။(၁)

မြန်မာလို့ ခေါ်အပ်တဲ့ လူမျိုးစုများဟာ အေဒီ ၁၀ ရာစုထိ ရခိုင်နယ်ထဲကို ပျံ့နှံ့ဝင်ရောက်ခဲ့သေးဟန် မရှိဘူး။(၂) ရခိုင်နယ်ထဲကို အခုခေတ်ရခိုင်လို့ ခေါ်တွင်တဲ့ လူမျိုးစုနောက်က နောက်အကျဆုံး ၀င်ရောက် ခဲ့သူ များ ဖြစ်ပြီး(၃) သူတို့ဟာ ရခိုင်ရိုးမကြီးကို ၉ ရာစုလောက်မှာမှ စတင်ကျော်ဖြတ် လာ ခဲ့ခြင်း ဖြစ်တယ်။(၄) သူတို့တွေက ဓည၀တီ ထဲမှာ ကျေးကျွန်တွေကို ခေါ်တဲ့ အမည် နာမ ဖြစ်ခဲ့ တယ်။ (၆) ဒေါက်တာ အက် ဘီ ကနန်ဂိုက ရခိုင် ဆိုတဲ့ အမည်နာမဟာ ဗမာများ က ပေးတဲ့ အ မည်ဖြစ်ကြောင်း အေဒီ ၁၂ နဲ့ ၁၅ ရာစုမှ စကိုင်း ထူပါရုံကျောက်စာ မှာ တွေ့ရှိရ ပါတယ်။ ဒီနေ့ တွေ့နေ ရ တဲ့ ရခိုင် ဘာသာ စကားမျိုးကို အဲ့ဒီထက် စောပြီး ဘယ်ကျောက်စာ မှာမှ  တွေ့ရှိရခြင်း မရှိပါ။

ထိုခေတ်အခါက ခေတ်ပြိုင်တွေ့ရတဲ့ ရခိုင်နယ်က ကျောက်စာတွေက ဘင်္ဂလီစာတွေသာ ဖြစ်ပြီး သူတို့ရဲ့ ရိုးရာ ဓလေ့များဟာလလည်း ဘင်္ဂလီဓလေ့သာ ဖြစ်ကြောင်း တွေ့ရပါတယ်။(၇) (ဖေါ်ပြပါ ကျမ်းညွှန်း များအား အောက်မှ ဖတ်ပါ-)

ဒီလို ဆိုရင် ဒီနေ့ ရခိုင်လူမျိုးရယ်လို့ ဖြစ်နေတဲ့ လူမျိုးရဲ့ ဖြစ်တည်မှုကို ဆင်ခြင်နိုင်ပါတယ်။ သူတို့ဟာ ဗမာမျိုး နွယ် တွေဖြစ်တယ်။ ဒါကြောင့်လည်း မြန်မာများက သူတို့ကို သံကွဲမြန်မာစာရင်းမှာ တရားဝင် ထည့်ထားတာပါ။ တစ်ကယ်တော့ ရခိုင် ဆိုတဲ့ လူမျိုးဟာ ဗမာတစ်မျိုးသာ ဖြစ်ပြီး- ဗမာအုပ်စုချင်း ယှဉ်ပြိုင် မှုရရှုံးနိမ့်ခဲ့လို့ ကျေး ကျွန်အဖြစ် အလုပ်အကျွေးပြုရတဲ့ လူမျိုးဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ လွတ်မြောက်ရာ အဖြစ် ရိုးမကြီးကို ကျော် ဖြတ်ပြီး ရခိုင်နယ်ထဲကို ရောက်လာသူများ ဖြစ်ခဲ့ကြောင်း ထင်ရှားနေတယ်။

ဒါကြောင့်လည်း ဗမာများ လိုက်လံတိုက်ခိုက်လို့ လက်လှမ်းမမှီတဲ့ ဒေသရှိ ရခိုင်များက သူတို့ကိုယ် သူတို့ ကျေး ကျွန်အမည်ကို မခံယူဘဲ မာဂဓ (မောဂ်) လူမျိုးလို့ ခံယူထားကြောင်း ယနေ့ တိုင် တွေ့နေ ရပါ တယ်။

အင်အားထွားလာတဲ့ ဗမာမင်းအဆက်ဆက်က သူ့လူမျိုးများ နေထိုင်ရာ ရခိုင်နယ်ကိုလည်း အုပ်ချုပ်ရေး နယ် ချဲ့ ချင်လာခဲ့တယ်။ ဒါကြောင့် ဗမာဟာ ရခိုင်ကို အကြိမ်ကြိမ် ၀င်ရောက် သိမ်းပိုက် ခဲ့တယ်။ ဒီလို သိမ်းပိုက်မယ် လုပ်ဆောင်တိုင်းမှာ ရောက်ရှိပြီး ဖြစ်တဲ့ ဗမာ (ရခိုင်)များကို အားပေးထောက် ပံ့ပေးခဲ့တယ်။ ဘာသာရေး မှိုင်းနဲ့ လူထုကို စည်းရုံး ခဲ့တော့တယ်။ နောက်ဝင်လာသူ အားကြီး လာတော့ ရှေးလူ ဆီက မြေလု၊ အာဏာလု ရှေးလူ များကို မောင်းထုတ်ခြင်း ဆိုတာ ကမ္ဘာ့သမိုင်းမှာ မဆန်း ကျယ်လှ ပါ။ နေ ရာ တိုင်း ဒေသ တိုင်းမှာ ဖြစ်ပျက်ခဲ့တာ ချည်းပါပဲ။

နောက်ပိုင်းမှာ ရခိုင်ဟာ အာရီယာန် လူမျိုးများနဲ့ မွန်ဂိုလီးယား အနွယ် ဗမာများ လူမျိုးရော ပြွန်းသွား ခဲ့တယ်။ ဒါကြောင့် ဗမာသြဇာလွှမ်းမိုးတဲ့ တောင်ပိုင်းရခိုင်များက ဗမာရုပ်ရည်နဲ့ ဆင်တူနေပြီး ဘင်္ဂလီ-ဟိန္ဒူသြဇာ လွှမ်းမိုး တဲ့ မြောက်ပိုင်းဒေသက ဘင်္ဂလီရုပ်ရည် ဆင်တူနေကြောင်းလည်း ဒီနေ့ထိ တွေ့နေ ရပါတယ်။

သမိုင်းဆိုတာ လိုက်လေရှုပ်လေ ရှုပ်နိုင်ပေမယ့်- လက်ရှိ ဖြစ်တည်နေတဲ့ လူတွေရဲ့ ရိုးရာ ဓလေ့၊ ရုပ်ရည် များ က သက်သေအဖြစ် ဒီနေ့ထိ ရှိသနေသလို- တူးဖေါ်ရရှိတဲ့ ခေတ်ဟောင်း ရခိုင်ကျောက်စာ များသည် လည်း ဘင်္ဂလီ စာများ ဖြစ်ကြောင်း သက်သေအဖြစ် ရှိနေပါတယ်။--

ဒါတွေကို သမိုင်းပညာရှင်လို့ ခံယူထားတဲ့ ဦးချမ်းအေးလို ပုဂ္ဂိုလ်က မသိဟန်ပြု နေတာ မဆန်းကျယ်ပါ။ သူ အနေနဲ့ သူဟာ နောက်ပိုင်းဝင်လာသူ မျိုးနွယ် ရှေးဗမာများရဲ့ ကျေးကျွန်ဖြစ်ခဲ့တဲ့ (ဗမာ-ရခိုင်) ဖြစ်ကြောင်း ရုပ်ရည်က သက်သေခံနေပါတယ်။ နောက်ဝင်လာသူများက ရှေးလူများကို မောင်းထုတ်တာ၊ အာဏာလု တာ မွန် နဲ့ ဗမာများရဲ့ သမိုင်းကို သိထားသူတိုင်း ဆင်ခြင်လို့ ရပါတယ်။

[1] M.S. Collis, Arakan’s place in the civilization of the Bay, Journal of the Burma Research Society, 50th Anniversary publications No.2, Rangoon, 1960, P. 486.

[2] D.G.E Hall, A history of South East Asia, New York, 1968, p.389.

[3] Towards Understanding Arakan History, unpublished. In Pamela Gutman; Ancient Arakan, pp. 16-17

[4] Pamela Gutman, “Burma’s Lost Kingdom” Orchid Press, Bangkok, 2001, p.5.

[5] Towards Understanding Arakan History, unpublished in Chapter XIII

[6] Towards Understanding Arakan History, unpublished. In Pamela Gutman; Ancient Arakan, pp. 16-17

[7] Towards Understanding Arakan History, unpublished in Chapter XIII

  1. ရခိုင်သမိုင်းကို ရေးခဲ့တဲ့ မောရစ်ကောလိခ်က `` အာရ်ကန်ပြည်မြောက်ပိုင်းဒေသဟု ခေါ်တွင်သော ဒေသ သည် အေဒီ ၈ ရာစုမတိုင်မီ နှစ်ပေါင်းများစွာကတည်းက ဟိန္ဒူမင်းဆက် တို့ စိုးစံရာဒေသဖြစ်ခဲ့သည်။ ``အေဒီ ၇၈၈ တွင် `ချန်ဒြာမင်းဆက်´ အသစ်ကို `ဗွေဆာ လီ´မြို့၌ စတင်တည်ထောင်ခဲ့သည်။´´ လို့ သမိုင်းမှာ အထင်အရှားရှိခဲ့တာပါ။ ရှစ်သောင်း ဘုရားစေတီအ၀င်ဝမှာ သံသာကရစ်ဘာသာနဲ့ ရေးထိုး ထားခဲ့တဲ့ ကဗျည်းစာတန်း `အနန္ဒချန်ဒြကျောက်စာ´ ဟာ ရခိုင်ကျောက်စာ မဟုတ်ပါဘူး။ `အနန္ဒချန်ဒြ မင်း´ ရေးထိုးခဲ့တဲ့ ဟိန္ဒူ ဘင်္ဂလီမင်းရဲ့ ကျောက်စာပါ။ လိမ်လို့မရပါဘူး။ ဓညဗတီ (ဓည၀တီ)၊ ဗွေဆာလီ (ဝေသာလီ)၊ မာဂဗတီ(မာဂ၀တီ)၊ စီရိဂုတ္တ၊ စီလာဂီရိ၊ ရာဂျပဘာတ စတဲ့နာမည် တွေဟာလည်း ဘင်္ဂ လားဟိန္ဒူတွေရဲ့နာမည်တွေပါ။ ရခိုင်နာမည်တွေ တစ်ခုမှမပါပါဘူး။ မျက်ကန်းရခိုင်မျိုးချစ် သမိုင်းလိမ် ဆရာတွေက စိတ်ကူးယဉ်ဆန်တဲ့ ပုံပြင်ရာဇ၀င်တွေနဲ့ ရေးသားမှတ်တမ်းထားချက်တွေက ကျောက်စာ တွေထဲက သမိုင်းမှတ်တမ်းတွေကိုတော့ ဖျောက်ဖျက်ပစ်လို့မရပါဘူး။ ပျောက်ကွယ်သွားအောင် မလုပ် နိုင်ဘူးဆိုတာကို သမိုင်းလိမ်ပြီး၊ လူမျိုးတုန်းပျောက်ကွယ်သွားအောင်လုပ်ချင်တဲ့ ရခိုင်အကြမ်းဖက် သောင်းကျန်းသူများ သိစေချင်ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus