April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကာကွယ်စောင့်ရှောက်မှုရှိသော ဇာတိမြေသို့ ရိုဟင်ဂျာများ အကာအကွယ်စောင့်အရှောက်နှင့်ပြန်ခွင့်ရရေးအတွက် ဘာလင်တောင်းဆို



"ကာကွယ်စောင့်ရှောက်မှုရှိသော ဇာတိမြေသို့ ရိုဟင်ဂျာများ အကာအကွယ်စောင့်အရှောက်နှင့်ပြန်ခွင့်ရရေးအတွက် ဘာလင်တောင်းဆို" 

၂၀၁၈ ဖေဖော်ဝါရီလ (၂၆) ရက်

ဂျူးပြတိုက်တွင် ပြုလုပ်ခဲ့သော မြန်မာဂျီနိုဆိုက်ဆိုင်ရာ ဘာလင်ကွန်ဖရင့် က အောက်ပါတောင်းဆိုချက်ကို ထုတ်ပြန်သည်။

မြန်မာအစိုးရ၏ လက်ရှိဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) နှင့် ပတ်သက်၍ ကျွန်ုပ်တို့ အလေးအနက် စိုးရိမ်ပူပန်မိသည်။

ထိုအထဲတွင် မီးလောင်ကျွမ်းထားသော ကျေးရွာ ဒါဇင်များစွာကို ဘူဒိုဇာများနှင့် ထိုးဖျက်နေမှု၊ ရိုဟင်ဂျာနေအိမ်များကို မီးရှို့နေမှု၊ တိုင်းပြည်အတွင်းတွင် ကျန်ရစ်နေခဲ့သော ရိုဟင်ဂျာများပေါ်တွင် မျက်နှာဖုံးကျွတ်သွားသည့် ခြိမ်းခြောက်မှုများ၊ တိုင်းပြည်နှစ်ခုကြား ပိုင်ဆိုင်မှုကင်းမဲ့ဇုန်သို့ရောက်ရှိနေသည့် ရိုဟင်ဂျာ ၆၀၀၀ ကျော်အတွက် မရှိမဖြစ်လိုအပ်သော စားနပ်ရိက္ခာအထောက်အပံ့ စီးဆင်းမှုကို ဖြတ်တောက်ရန် ဘင်္ဂလားဒေရှ့်အာဏာပိုင်များအား တိုက်တွန်းမှုတို့ ပါဝင်သည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ လူသတ်ကွင်းများမှ ကြောက်လန့်တကြားထွက်ပြေးလာသော ရိုဟင်ဂျာများကို နယ်စပ်ဖွင့်ပေးသည့် ဘင်္ဂလားဒေ့ရှ်ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကို စံနမူနာပြ မေတ္တာပြည့်ဝသည့်၊ လူသားဆန်သည့် လုပ်ရပ်များအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပါသည်။

လတ်တလောသတ်မှတ်ချက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ်တွင် ကျရောက်နေသော ဝန်ထုတ်ဝန်ပိုးကို လျှော့ချနိုင်ရန်နှင့် ကုလသမဂ္ဂအေဂျင်စီများမှ လူသားဆန်သော တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရန်အတွက် ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းမျာရှိ ရိုဟင်ဂျာများအတွက် လူသားဆန်သောအကူအညီများပမာဏကို သိသိသာသာမြှင့်တင်ရန် အစိုးရများ နှင်း အစိုးရမဟုတ်သော ကူညီသူများကို ကျွန်ုပ်တို့က ဖိတ်ခေါ်တောင်းဆိုလိုက်သည်။

ခန့်မှန်းခြေ တသန်းခန့်ရှိသော ရိုဟင်ဂျာဒုက္ခသည်များကို အကာအကွယ်အစောင့်အရှောက်ရှိသည့် ဇာတိမြေသို့ အကာအကွယ်အစောင့်အရှောက်ဖြင့် နေရပ်ပြန်ပို့နိုင်ရေးသည် တခုတည်းသော ရေရှည်အတွက်
ဖြေရှင်းချက်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ဤသည်မှာ မြန်မာပြည်တွင် စစ်တပ်၊ သံဃာ့အဖွဲ့အစည်း၊ သာမန်ပြည်သူများနှင့် ဒီချုပ်အပါအဝင် အရပ်သားပါတီများက ရိုဟင်ဂျာများ၏ မြန်မာပြည်တွင် တည်ရှိမှု၊ ကိုယ်ပိုင်အမှတ်အသားနှင့် သမိုင်ကြောင်းတို့ကို အသိအမှတ်ပြုရန် နှစ်ရှည်လများ ငြင်းဆန်နေချိန်၊ ရိုဟင်ဂျာများ၏ မိမိဘာသာ အုပ်စုအမှတ်အသားပြုလုပ်မှတ်သားခွင့်တို့ကို အလေးမထားချိန်တွင်လည်း ဖြစ်သည်။

လူသိရှင်ကြား ဆွေးနွေးပွဲ နှစ်ခုပြီးသည့်တိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ဘုံရပ်တည်ချက်တခုမျှ မရနိုင်ခဲ့သည်ကို ကျွန်ုပ်တို့ အထူးပင် စိတိပျက်မိသည်။ ဂျီနိုဆိုက်အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဟု တနေ့တခြား ပိုမို၍ အသိအမှတ်ပြုခံနေရသည့် အရေးကိစ္စကြီးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အကျိုးဆက်ရှိသည်၊ ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်တစုံတရာမျှ မချမှတ်နိုင်ခဲ့သေး။ ဤသည်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ရိုဟင်ဂျာ ၆၆၈၀၀၀ ခန့် တိုင်းပြည်မှ ထွက်ပြေးခဲ့ကြပြီးနောက် ခြောက်လကြာသည်အထိ မြန်မာပြည်၏ တနေ့တခြားဆိုးရွားလာနေသော လူသားဆိုင်ရာ ကပ်ဘေးကြီးအပေါ် ထိရောက်သော အရေးယူမှု တစုံတရာ မချမှတ်နိုင်သေးခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ရိုဟင်ဂျာလူမျိုးများအတွက် သူတို့တွင် အိမ်ဟုခေါ်စရာ ကမ္ဘာမြေအစိတ်အပိုင်းတခု ရရှိနိုင်ရေးအတွက် လက်တွေ့ကျသော ရေရှည် ပြဿနာဖြေရှင်းချက်နည်းလမ်းများကို ရှာဖွေမည့် အထူးကွန်ဖရင့်တခုကျင်းပရန် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ကနေဒါအစိုးရများနှင့် အခြားအမျိုးသားအစိုးရများ (for instance, Turkey)၊ ဒေသတွင်းအဖွဲ့အစည်းများကို ကျွန်ုပ်တို့က တိုက်တွန်းဖိတ်ခေါ်လိုက်ပါသည်။

ဆက်သွယ်ရန် ။ 

ပါမောက္ခ Maria do Mar Castro castrovarela@posteo.de
ထွန်းခင် tunkhin80@gmail.com; +44 788 871 4866
ဒေါက်တာဇာနည် fanon2005@gmail.com; +44 771 047 3322

Comment ရေးရန်

Pages 22123456 »
Rohingya Exodus