March 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နယ်ခြားစောင့် ရဲများက မတရား ဖမ်းဆီး ငွေညှစ်ခြင်း၊ စော်ကား ပြောဆိုခြင်းများ ပြုလုပ်လျက်ရှိ



MYARF
RB News
7.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာ များတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းများမှ နယ်ခြားစောင့် ရဲများက မတရား ဖမ်းဆီး ငွေညှစ်ခြင်း၊ စော်ကား ပြောဆိုခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာများကို ရွာထွက် လက်မှတ် စစ်ဆေးရာတွင် ရွာထွက် လက်မှတ် ပြနိုင်လျှင်လည်း ရွာထွက် လက်မှတ်တွင် ဓါတ်ပုံ မပါ၊ ဓါတ်ပုံ ပါလျှင်လည်း ယာယီ အပ်နှံ၍ ရရှိထားသည့် ကဒ်ပြခိုင်းခြင်း၊ ယင်းကဒ် ပြနိုင်လျှင်လည်း မသင်္ကာ ဖြစ်နေသည် စစ်ဆေးမည်ဟု အကြောင်း အမျိုးမျိုး ပြ၍ နောက်ဆုံးတွင် ငွေကျပ် တစ်ထောင်စီ ညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် ဗမာ စကား မတတ်သူများကို ရိုက်နှက်ခြင်း၊ စကားပြော တတ်သူများကို မနေ့တစ်နေ့က ခိုးဝင်လာသည့် ခိုးဝင် ဘင်္ဂလီကောင်များ၊ ကုလားများဟု အမျိုးမျိုး ဆဲဆို၍ စော်ကားလျက် ရှိသည်ဟု ဆိုသည်။ အထူးသဖြင့် မော်လ၀ီ ဘာသာရေး ဆရာများကို ပစ်မှတ်ထား၍ စော်ကားလေ့ ရှိကြောင်း သိရသည်။

အမျိုးသမီးများကို ခန္ဓာကိုယ်တွင် ဘင်္ဂလားဖုန်း ၀ှက်ထားသည်ဟု ဆို၍ နယ်ခြားစောင့် ရဲများ ကိုယ်တိုင် ခန္ဓာကိုယ်ကို ကိုင်တွယ် စစ်ဆေးသည့် အပြင် ညစ်ညမ်းစွာ ပြောဆို ဆက်ဆံလျက် ရှိသည်ဟု ဆိုသည်။ ၎င်းကင်းစခန်းမှ ကင်းစခန်း တာဝန်ခံ ရဲမှူး ငြိမ်းချမ်းအေးက လက်အောက်ငယ်သား များကို ထိုသို့ ဥပဒေမဲ့ ပြုမှု ဆက်ဆံခြင်းနှင့် ပတ်သက်၍ တားဆီး ဟန့်တားခြင်း မရှိသည့် အပြင် ၎င်းကိုယ်တိုင် “ကုလားမတွေ အသိဥာဏ် မရှိတဲ့ ကောင်မတွေ၊ နင်တို့ကို ငါတို့ နိုင်ငံကနေ နှင်ထုတ်ရမယ်” ဟု ဆဲဆို စော်ကားခြင်းများ ပြုလုပ်ကြောင်း သိရသည်။ အလားတူ ဇော်မတက် ကင်းစခန်းမှ နယ်ခြားစောင့် ရဲများကလည်း ထိုကဲ့သို့ ပြုမှု ဆက်ဆံလေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။

မေလ (၆) ရက်နေ့ နေ့လည် ၁း၂၀ နာရီ အချိန်တွင် မောင်တော မြို့နယ် မြို့မ ကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာမှ ငါးဖမ်းသမား တစ်ဦးသည် အာရုဏ်တက်ချိန်မှ စ၍ မွန်းလွှဲချိန် အထိ ကညင်တန်း လမ်းတစ်လျှောက်တွင် ကြိုးကွင်းပစ် ဖမ်းဆီးရမိသည့် ဂဏန်း ၇ ကောင်၊ ငါးအနည်းငယ်ဖြင့် အိမ်ပြန်နေစဉ် ကညင်တန်းရှိ CARE ရုံးရှေ့ရှိ လုံခြုံရေး ကင်းစခန်းတွင် တာဝန်ကျနေသည့် နယ်ခြားစောင့် ရဲက ခေါ်ယူ၍ တစ်နေကုန် နီးပါး အားထုတ်၍ ဖမ်းဆီး ရမိသည့် ဂဏန်း ၇ ကောင်နှင့် ငါးများကို လုယက်၍ ပြန်လွှတ် ပေးခဲ့သည်။ မြို့မ ကညင်တန်းရှိ INGO နှင့် အခြားသော NGO ရုံးများ ရှေ့တွင် လုံခြုံရေး တာဝန်ယူသည့် နေ့စောင့် နယ်ခြားစောင့် ရဲများသည် ရုံးများ၏ လုံခြုံရေး အတွက် တာဝန်ပေး ခံရသော်လည်း လမ်းသွား လမ်းလာများကို အမြဲတစေ အနှောက်အယှက် ပေးလျက် ရှိပြီး တစ်ခါတစ်ရံ အကြောင်းမဲ့ ငွေညှစ်ခြင်းများလည်း ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဧပြီလ (၂၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ စားကုန်ပစ္စည်းများ၊ သကြား၊ ဂျုံ၊ အချိုရည်ဘူးများ တင်ဆောင်၍ ကြိမ်ချောင်း ဈေးသို့ သွားနေသည့် ကြိမ်ချောင်း အလယ်ရွာမှ ဦးမုခ်တာရ်အာမတ် (ဘ) ဦးနူရူလ်ဟောက် (အသက် ၃၉ နှစ်) မောင်းနှင်သော ကားကို ဖမ်းဆီး၍ ကားနှင့် တန်ဖိုးအားဖြင့် ကျပ် ၅၅ သိန်းဖိုးခန့် ရှိသည့် ကုန်ပစ္စည်းများကို ကြိမ်ချောင်း စခန်းတွင် သိမ်းဆည်း ထားခဲ့သည်။ ထို့နောက် ယာဉ်မောင်း ဖြစ်သူကို ဧပြီလ (၃၀) ရက်နေ့တွင် မောင်တော တရားရုံးမှ ရမန် ယူ၍ ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ဦးမုခ်တာရ် အာမတ် မောင်းနှင်သည့် ကားမှာ ၎င်း၏ ကိုယ်ပိုင်ကား ဖြစ်ပြီး ကြိမ်ချောင်း ဈေးမှ ကုန်သည် အချို့က ငှားရမ်းပြီး တောင်ပြို - ကြိမ်ချောင်း လမ်းတစ်လျှောက်ရှိ ဂိတ်စခန်းနှင့် ကြိမ်ချောင်းနှင့် တောင်ပြိုရှိ အာဏာပိုင်များ ထံမှ ခွင့်ပြုချက် ရယူပြီး တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ကြိမ်ချောင်း ဈေးသို့ စားကုန်ပစ္စည်းများ သယ်ယူလာစဉ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး ရဲအုပ်က တစ်ဖက်နိုင်ငံမှ တရားမ၀င် တင်သွင်းသည့် ပစ္စည်းများ ဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကားကို ဖမ်းဆီးပြီးနောက် ကုန်ပစ္စည်းများ၏ ပိုင်ရှင်များကို ရှာဖွေသဖြင့် ကုန်သည်များ တိမ်းရှောင် နေရသည်။ ကုန်သည်များက ကြိမ်ချောင်း စခန်းမှ ခွင့်ပြုချက် ရယူစဉ် ကားကို ဖမ်းဆီးသည့် ရဲအုပ် မဟုတ်ဘဲ အခြားသော ရဲအုပ် တစ်ဦး ရှိခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ ခွင့်ပြုချက် ရယူစဉ် အဆိုပါ ရဲအုပ်၏ လက်အောက်ငယ်သားများ အားလုံးလည်း သိရှိခဲ့သည်။

ဦးမုခ်တာရ်အာမတ် ဖမ်းဆီးခံရ၍ ၎င်း၏ သားသမီးငယ်များ စားဝတ်နေရေး အခက်ကြုံရမည့် အပြင် ပညာရေးပါ ဆုံးရှုံးရမည့် အနေအထားတွင် ရှိနေသည်ဟု မိသားစုဝင် များက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus