နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ဒေသက NGO များရှိ မြန်မာ ၀န်ထမ်းများကို ခြိမ်းခြောက်မှုကြောင့် အလုပ်မှ နုတ်ထွက်လျက်ရှိ

တူရကီ နိုင်ငံ၊ Aid Doctors မှ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ဆေးကုသ ပေးနေစဉ် (Photo: Aid Doctors)

RB News
19.8.2013

အကြမ်းဖက်မှု တွေကြောင့် ဒုက္ခသည် ဘ၀ကို ရောက်ရှိ သွားတဲ့ ဒုက္ခသည် တွေကို ကူညီနေတဲ့ နိုင်ငံ တကာ အဖွဲ့ အစည်း တွေက မြန်မာ ၀န်ထမ်းတွေကို ရိုဟင်ဂျာ ဆန့်ကျင်ရေး သမားတွေက လူမှု ကွန် ယက် တွေပေါ်မှာ ခြိမ်းခြောက်မှု တွေကြောင့် အလုပ်က နုတ်ထွက် တာတွေ ဖြစ်နေ တယ်လို့ မြန်မာတိုင်းမ် သတင်းဌာနက သြဂုတ်လ (၁၈) ရက်နေ့မှာ ရေးသား ဖော်ပြလိုက် ပါတယ်။ ရိုဟင်ဂျာ ဆန့်ကျင်ရေး သ မားတွေက မြန်မာ ၀န်ထမ်း တွေရဲ့ ကိုယ်ရေး အချက် အလက်တွေကို သေချာ လေ့လာပြီးတော့ လူမှုကွန်ယက် တွေပေါ်ကနေ ခြိမ်းခြောက် နေတယ်လို့ ဆိုပါတယ်။

Facebook စာမျက်နှာ တွေပေါ်မှာ မြန်မာ ၀န်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစု တွေကို ခြိမ်းခြောက် မှု တွေ ဖြစ်ပေါ် ပြီးတဲ့ နောက်မှာ မြန်မာ ၀န်ထမ်း တော်တော် များများက နုတ်ထွက် စာ တွေတင်တယ်လို့ လူသားချင်း စာနာပြီး အထောက် အပံ့တွေ ပေးနေ တဲ့ နိုင်ငံတကာ အထောက် အ ကူပြု အဖွဲ့ တစ်ခု က ပြောပါတယ်။

“ဒီမှာ ဖြစ်နေတာ တွေက အတော်လေး ၀မ်းနည်း စရာ ကောင်းပါတယ်။ ကျွန်တော် ပထမ ရောက်လာ တုန်းက ကျွန်တော့်မှာ ရခိုင် သူငယ်ချင်း တွေရှိတယ်။ သူတို့က ကျွန်တော်တို့ ဒုက္ခသည် စခန်းမှာ ဘာတွေ လုပ်နေ ကြတယ် ဆိုတာကို နားလည် ကြတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ သူတို့ကို ဘာမှ ပြော ပြလို့ မရတော့ဘူး။ သူတို့က ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးတွေကို မကူညီသင့်ဘူး လို့ထင်နေ ကြတယ်” လို့ မြန်မာ ၀န်ထမ်း တစ်ယောက်က မြန်မာတိုင်းမ် ကိုပြောပါတယ်။

“ရခိုင် ပြည်နယ်မှာ ရှိတဲ့ ၀န်ထမ်း တွေအတွက် တော်တော်လေး ခက်ခဲ နေပါပြီ။ မွတ်စလင် တွေကို ကူ ညီနေတဲ့ ၀န်ထမ်း တွေကို ရခိုင် ဒေသခံ တွေက မျက်စိ ဒေါက်တောက် ကြည့်နေတယ်။ အဲဒါကြောင့် ၀န်ထမ်း အများစုက အလုပ်ကနေ နုတ်ထွက် နေကြတယ်။ ဒါတွေက အလုပ် အတွက် အတော်လေး အခက် အခဲ ဖြစ်စေတယ်” 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနှစ်က မွတ်စလင် တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာ တွေကြား အကြမ်းဖက် မှုတွေ ဖြစ်ပွားပြီး တဲ့နောက်မှာ စစ်တွေ မြို့မှာ နိုင်ငံတကာ အထောက် အကူပြု အဖွဲ့အစည်း ၈၀ ကျော် အခြေစိုက်ပြီး လူသားချင်း စာနာတဲ့ အထောက် အကူ တွေပေးလျက် ရှိနေပါတယ်။ မွတ်စလင် တွေက သူတို့ကို သူတို့ ရိုဟင်ဂျာ တွေလို့ ခေါ်ကြ ပေမယ့်လည်း မြန်မာ အများစုက ဘင်္ဂါလီလို့ သာခေါ် နေကြ တာကို တွေ့ရတယ်။ 

အကြမ်းဖက်မှုကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပြီး၊ အများစုကတော့ မွတ်စ လင် တွေဖြစ် ကြပါတယ်။ သေဆုံးမှု အားဖြင့် ၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ 

ရခိုင် ဒုက္ခသည် တွေက နိုင်ငံတကာ အဖွဲ့အစည်း တွေက ရိုဟင်ဂျာ တွေကိုသာ ကူညီ နေတယ်လို့ စွပ်စွဲ မှုတွေ ပြုလုပ် နေပြီး အဲဒီ အဖွဲ့အစည်း တွေအပေါ်မှာ ဒေါသ အမျက် ထွက်နေ ကြတယ် လို့ မြန် မာ တိုင်းမ်ရဲ့ သတင်းမှာ ရေးသား ဖော်ပြ ထားပါတယ်။ 

ဒီနှစ် အစောပိုင်းမှာ ၀န်ထမ်း တွေကို ခြိမ်းခြောက် မှုတွေနဲ့ ပတ်သက်ပြီး နယ်စည်း မခြား ဆရာဝန် များအသင်း (MSF) က ပြောကြားခဲ့ တာတွေလည်း ရှိပါတယ်။ နယ်စည်း မခြား ဆရာဝန် များအသင်းက သူတို့ရဲ့ ၀န်ထမ်း တွေကို ခြိမ်းခြောက် မှုတွေ၊ ရန်လိုတာ တွေပြုလုပ် ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို ခဲ့တယ်။ 
“လက်ကမ်း စာစောင်တွေ၊ စာတွေနဲ့ Facebook စာမျက်နှာ တွေပေါ်မှာ MSF နဲ့ အခြားသော အဖွဲ့တွေကို ရိုဟင်ဂျာ တွေကိုသာ ကူညီနေ တယ်လို့ ရခိုင် အသိုင်း အ၀ိုင်းက အကြိမ်ကြိမ် စွပ်စွဲ နေတယ်။ ဒီခြိမ်းခြောက် မှုတွေက ဒုက္ခသည် စခန်းတွေကို ၀င်ဖို့ တရားဝင် ဟန့်တားတာ မျိုးမဟုတ် ပေမယ့်လည်း MSF အနေနဲ့ အဓိက ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှု ဘဲဖြစ်ပါတယ်”

“MSF အနေနဲ့ အကြိမ်ကြိမ် ရှင်းပြတာ ကတော့ MSF က ဆေးကုသမှု လိုအပ်တဲ့ သူတွေ အားလုံး ကို ဆေးကုသ ပေးဖို့ဘဲ ဖြစ်ပြီး၊ အဲဒီလို စွပ်စွဲမှု တွေအတွက် ကြိုတင် ဟန့်တား နိုင်မှု မရှိခဲ့ဘူး” 

အဲဒီအချိန်တုန်းကMSF ကအာဏာပိုင် တွေကိုကျန်းမာရေး ၀န်ထမ်းတွေကို အကြမ်းဖက်ဖို့ ခြိမ်းခြောက် နေ တာတွေကို လက်ခံ နိုင်စရာ မရှိတဲ့ အတွက် သေချာ ရှင်းလင်း ပေးဖို့ တောင်းဆို ခဲ့ပါ တယ်။

အခုလပိုင်းမှာ အခြေအနေက အလွန်ဆိုးရွား လာတဲ့ အတွက် ၀န်ထမ်းတွေ နုတ်ထွက် ရတာ ဖြစ်တယ်လို့ အဲဒီ ၀န်ထမ်း တွေရဲ့ ပြောဆိုမှု တွေက ဆိုပါတယ်။ 

အခုလို ၀န်ထမ်းတွေ နုတ်ထွက် နေတာတွေ၊ ခြိမ်းခြောက်မှု တွေရင်ဆိုင် နေရတာနဲ့ ပတ်သက်ပြီး မြန်မာ တိုင်းမ် က MSF ကို ဆက်သွယ်တဲ့ အခါမှာတော့ MSF ရဲ့ ပြောရေး ဆိုခွင့် ရှိတဲ့ အမျိုးသမီးက “ဒီကိစ္စက ဒီနေ့ထိ အရေးကြီးတဲ့ ပြဿနာ တစ်ခု အနေနဲ့ ကျန်နေတယ်။ ဒါက ဆေးကုမှုတွေ၊ လူသားချင်း ဆိုင်ရာ အထောက် အပံ့တွေ လိုအပ် နေတဲ့ သူတွေ အတွက် ထင်ထင် ရှားရှား အကျိုး သက်ရောက် နေတယ်”

MSF ရဲ့ပြောရေး ဆိုခွင့် ရှိသူ အမျိုးသမီးက ရခိုင် ပြည်နယ်က ရခိုင် ၀န်ထမ်းတွေက သူတို့ကို သူတို့ ခု ခံ နိုင်ဖို့ မဖြစ်နိုင်တဲ့ အချိန်မှာ မြန်မာ နိုင်ငံ အခြား နေရာတွေက MSF ၀န်ထမ်း တွေလည်း လူမှုကွန် ယက် တွေပေါ်က နေတဆင့် တိုက်ခိုက် ခံနေရတယ်လို့ ဆိုပါတယ်။

ကိုးကား - Rakhine aid workers resigning over social media threats | The Myanmar Times | August 18, 2013

Comment ရေးရန်

Rohingya Exodus