April 06, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်အရေး အစီရင်ခံစာ အချိန် မမီနိုင်


ဘီဘီစီမြန်မာပိုင်း
19.10.2012

ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ် မှာ ဖြစ်ခဲ့တဲ့ ပဋိ ပက္ခတွေနဲ့ ပတ်သက်ပြီးလာမယ့်လမှာ တင်သွင်း ရမယ့် အစီရင်ခံစာကို အချိန်မီ ပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော် မရှင် က ပြော ပါတယ်။


အလွှာ ပေါင်းစုံက လူတွေ ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ တွေ့ရှိချက် တွေကို လာမယ့်လ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သမ္မတဆီ တင်သွင်းဖို့ ဖြစ်ပေမဲ့ စုံစမ်း စစ်ဆေးတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေ တယ် လို့ ကော်မရှင် အဖွဲ့ဝင် လည်းဖြစ် ပြန်ကြားရေး တာဝန်ခံ တစ်ယောက်လည်း ဖြစ်တဲ့ ဦးသူရ ခေါ် ဇာဂနာက ဘီဘီစီ ကို ပြော ပါတယ်။

ကော်မရှင်ရဲ့ တာဝန်က ဖြစ်ခဲ့တဲ့ ပြဿနာရဲ့ ဇစ်မြစ်၊ တရား ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ် တွဲ နေထိုင်ရေးတို့ အပါအဝင် အချက် ၈ ချက်ကို စုံစမ်း လေ့လာ အဖြေ ရှာကြရမှာ ဖြစ်တယ်လို့ သူက ပြော ပါတယ်။

ဒါပေမဲ့ အဲဒီထဲမှာ အရေးကြီးဆုံးလို့ ဆိုနိုင်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး နဲ့ ပတ်သက်ပြီး နည်းလမ်း ရှာဖို့ မေးမြန်း စုံစမ်းမှု တွေမှာ အခက် အခဲတွေ ရှိနေတယ်လို့ လည်း ဆိုပါတယ်။

အခု နောက်ပိုင်းမှာ စုံစမ်းရေး ကော်မရှင် အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု နည်းလာပြီး ပြည်သူတွေက သူတို့ လုံခြုံရေးကို စိုးရိမ် လာကြတဲ့ အတွက် ပူးပေါင်း ဆောင်ရွက်မှု အားနည်း လာတယ်လို့ ဦးသူရ က ပြော ပါတယ်။

ဒီလို ဖြစ်လာ ရတာက စုံစမ်းရေး ကော်မရှင်က တွေ့ဆုံ မေးမြန်း စကားပြောခဲ့ သူတိုင်းကို သူတို့ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ လှိျု့ဝှက် ထားပေမဲ့ အဲဒီ မေးမြန်းမှုတွေကို ကြားဖြတ် အသံဖမ်းယူပြီး အများ သိအောင် အင်တာနက်တွေ ပေါ်မှာ ဖြန့်တာ၊ ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်တာတွေ ရှိတဲ့ အတွက် ဒါတွေ ကို ကော်မရှင် အဖွဲ့ဝင် တွေက လုပ်တာလို့ ထင်မြင်ပြီး လူတွေက ကြောက်သွား ကြတယ်လို့ ဆိုပါတယ်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်က လုပ်တာဟာ ဖြစ်ရပ်မှန်ကို မပေါ်ပေါက် စေချင်လို့ လား ဆိုပြီး မေးစရာ ဖြစ်လာတယ်လို့ ဦးသူရက ပြော ပါတယ်။

ဒါ့အပြင် သူက လောလောဆယ် အခက်အခဲတွေ ရှိနေပေမဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေး အတွက်တော့ အဖြေရှာနိုင်လိမ့်မယ် ဆိုတာ သူ့ရဲ့ အတွေ့ အကြုံ အရ ပြောနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ပြဿနာဟာ အုပ်စုအတွင်း တခိျု့ရဲ့ ဦးဆောင်မှုတွေကြောင့် မမျှော်လင့်ဘဲ ဖြစ်ခဲ့ရ ပေမဲ့ နှစ်ဘက် အုပ်စုတွေ အချင်းချင်း ပြန်တွေ့ ကြတာကို တွေ့မြင်ရချိန် မှာတော့ အမုန်းတရားတွေ မရှိကြ ဘဲ နွေးနွေး ထွေးထွေး ဆက်ဆံ ပြောဆိုကြတာကို မြင်ရ တာဟာ အားရ စရာလို့ ဦးသူရ က ပြောပါတယ်။
မုန်းတီးမှု မရှိကြတဲ့ မတူညီတဲ့ အုပ်စု နှစ်စုကို မျက်နှာချင်းဆိုင် တွေ့ဆုံစေပြီး ဆွေးနွေး စကားပြောနိုင်အောင် ဖန်တီးပေးမယ်ဆိုရင် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး အတွက် အဖြေ ထွက်လာ မယ်လို့ ဦးသူရက ယုံကြည် နေပါတယ်။

ဒီလို ဖြစ်လာအောင် ဗုဒ္ဓဘာသာ ဆရာတော် သံဃာတော်တွေကိုရော မွတ်ဆလင် ဘာ သာရေးခေါင်းဆောင်တွေကိုပါ အကူအညီတောင်းခံထားတယ်လို့ ကော်မရှင် ပြန်ကြားရေး တာဝန်ခံ တစ်ယောက် ဖြစ်တဲ့ ဦးသူရက ပြောပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus