March 26, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူ မာတင် လူသားကင်း နေ့ ကျင်းပ

ဒေါက်တာ မာတင် လူသာကင်း (ဂျူနီယာ) ချီကာဂိုင် တောင်ပိုင်းမှာ မိန့်ခွန်း ပြောကြားစဉ်။ (ဂျူလိုင် ၂၄၊ ၁၉၆၅)

19.1.2015

အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် မာတင် လူသာကင်း ဂျူနီယာရဲ့ မွေးနေ့ အထိမ်း အမှတ် အဖြစ်နဲ့ ဒီကနေ့ တနင်္လာနေ့ကို နိုင်ငံတော် အားလပ်ရက် သတ်မှတ် ထားပါတယ်။ မာတင် လူသာကင်းဟာ အယ်လ် ဘားမား ပြည်နယ်၊ မောင်ဂိုမာရီမြို့က ဘတ်စ်ကား တွေမှာ လူဖြူလူမည်း ထိုင်ခုံနေရာ ခွဲခြား သတ်မှတ် တာကို အဆုံးသတ် သွားစေမယ့် ဆန့်ကျင် သပိတ်မှောက်မှုကြီးကို ဦးဆောင်ပြီးတော့ ၁၉၅၅ မှာ ထင်ရှား ကျော်ကြား လာတာပါ။

၁၉၅၀ ပြည့်လွန်နဲ့ ၁၉၆၀ ပြည့်လွန် ကာလ တွေမှာ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုကို အဓိက ဦးဆောင်သူ တစ်ဦး ဖြစ်ခဲ့ပြီးတော့ ‘March on Washington’ လို့ခေါ်တဲ့ ၁၉၆၃ ခုနှစ်က နိုင်ငံသား အခွင့်အရေး တောင်းဆို ချီတက်ပွဲ အတွင်းမှာ သူဟောပြော ခဲ့တဲ့ ‘I hava a Draem.’ က လူသန်းပေါင်း များစွာကို စိတ်ဓာတ် ခွန်အား ပေးခဲ့ပါတယ်။ မစ္စတာကင်းဟာ ၁၉၆၄ ခုနှစ်မှာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီးတော့ အဲဒီ တနှစ်တည်းမှာပဲ သမ္မတ လင်ဒန် ဂျွန်ဆင် (Lyndon Johnson) က သမိုင်းဝင် နိုင်ငံသား အခွင့်အရေး ဥပဒေကို လက်မှတ် ရေးထိုး ပေးခဲ့ပါတယ်။

၁၉၆၈ ခုနှစ် မှာတော့ လစာ တန်းတူ ရရှိရေး အတွက် ဆန္ဒပြတဲ့ လူမည်း အမှိုက်သိမ်း လုပ်သားတွေကို ကူညီပေးဖို့ တန်နက်ဆီ ပြည်နယ်၊ မဲန်းဖစ္စ်မြို့ကိုသွားရောက်တုန်း ဧပြီလ (၄) ရက်နေ့မှာ အဲဒီမြို့မှာ လုပ်ကြံ ခံခဲ့ရပါတယ်။

ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ဖွားမြင်တဲ့ မစ္စတာကင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဇန်နဝါရီလ တတိယပတ်ရဲ့ တနင်္လာနေ့ တိုင်းကို သူ့ရဲ့အထိမ်း အမှတ် အားလပ်ရက် အဖြစ်နဲ့ သတ်မှတ်ဖို့ ၁၉၈၃ ခုနှစ်မှာ သမ္မတ ရော်နယ်ရေဂင်က လက်မှတ်ရေးထိုး ပြဌာန်းခဲ့ပါတယ်။ အမေရိကန် နိုင်ငံသားတွေ ရပ်ရွာ လုပ်ငန်းတွေမှာ ပါဝင်ဖို့ အားပေးတဲ့ အနေနဲ့ မစ္စတာကင်း အားလပ်ရက်ကို နိုင်ငံမှာ အများပြည်သူ အကျိုးကို ဆောင်ရွက်တဲ့နေ့ အဖြစ်နဲ့ ၁၉၉၄ မှာ လွှတ်တော်က သတ်မှတ် လိုက်ပါတယ်။

ဒီကနေ့ မာတင်လူသာကင်းနေ့ မှာတော့ မတူတဲ့ လူမျိုးနွယ်တွေနဲ့ ပတ်သက်ပြီးတော့ ပြောဆို ဆွေးနွေးကြဖို့ အားပေးတဲ့ အနေနဲ့ MTV ဂီတ ရုပ်သံ တီဗွီလိုင်းကနေပြီး သူ့ရဲ့အစီ အစဉ် တွေကို ရုပ်/သံကြည့် ပရိသတ်တွေ အတွက် အဖြူအမည်းနဲ့ (၁၂) နာရီကြာ ပြသမှာ ဖြစ်ပါတယ်။ ဒါဟာ MTV ဂီတ ရုပ်သံလိုင်းရဲ့ (၃၄) နှစ်တာ သက်တမ်း အတွင်းမှာ ပထမဦးဆုံး အကြိမ် ထုတ်လွှင့် ပြသတာ ဖြစ်ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus