April 25, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက် (အပိုင်း ၂)



အဘူအာနင်
RB News
11.10.2012

“ရခိုင်ပြည်နယ်မှ မူဆလင်များ အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီး များ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက်” 

အပိုင်း (၂)

“A critical Analysis of the Answers replied by relevant ministers to questions, raised by Hluttaw members, concerning the affairs of Muslims in Arakan State” 


နိုင်ငံသား ပြုခွင့် လျှောက်ထားခြင်း

ရခိုင်ဘင်္ဂါလီများ (၀န်ကြီးအခေါ်)သည်တဘက်နိုင်ငံမှဘင်္ဂါလီများနှင့် လူမျိုး၊ ဘာ သာ စကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ သရုပ်သဏ္ဍာန် အစစတူညီနေသည်။ အစဉ်အဆက်က မိမိနိုင်ငံတွင်းသို့နည်း အမျိုးမျိုးဖြင့် ခိုးဝင်၍ အိမ်ထောင်ကျရော ထွေးသွားသည်။ သို့ဖြစ်၍ ယခုခွဲ ခြား၍မရ၊ သံသယဖြစ်နေရသည်။ ထုသံသယဖြစ်နေ သူများက နိုင်ငံခြားသားများ ခရီှးသွားလျှင်ကိုင်   ဆောင်ရသော ပုံစံ(၄)ကို ရ ယူပြီး ခရီး သွားရမည်။ ၄င်းသည် အမျိုးသားရေး လိုအပ် ချက်ဖြစ်ပြီး နိုင်ငံ တော် လုံခြုံရေး၊ ကာ ကွယ်ရေး အတွက် ကန့်သတ်မှုများ ပြုလုပ် ထားရခြင်းဖြစ်သည်။ ပုံစံ (၄) ဆို သည် မှာ နိုင်ငံခြား သားများ ခရီးသွား လာရာ တွင် သက်ဆိုင် ရာလ၀ကရုံးမှရယူကိုင်ဆောင် ရသော ခရီးသွား ပုံစံဖြစ်ပါသည်။ ဤနေရာ တွင် ခိုးဝင် လာသည် ဆိုခြင်းမှာ သမိုင်းဖြစ်ရပ်အမှန်နှင့် ဆန့်ကျင် နေပါသည်။ ဓည ၀တီ၊  ဝေသာလီ၊ ခေတ် များမှစ၍ တဖက်အိန္ဒိယမှ လူများသည် ယနေ့ရခိုင် ပြည် နယ် သို့ နိုင်ငံ ထူထောင် ရောက် ရှိနေထိုင် ခဲ့ကြသည်။ ရခိုင်ခေတ် တွင် မြောက်ဦးနိုင်ငံကို ထူထောင် ပေးရန် ဖိတ်ခေါ်ခံရ ခဲ့ ၍စစ်ကူ အဖြစ် လည်းရောက် ရှိခဲ့ပါသည်။ ရခိုင်မင်းများ ထံ မင်းမှုထမ်းခဲ့ သူများ လည်းရှိခဲ့သည်။ ကမ်း ခြေ ပင်လယ်ဓါးပြ များ ကဖမ်းဆီး ၍ရခိုင် တွင်ကျေးကျွန် အဖြစ်နေရာချထားပေး ခဲ့သူများ လည်း ရှိခဲ့ သည်။ ထို့ပြင်ရခိုင် ဘုရင်ခေတ် မှာ လေးပုံသုံးပုံ သော လူဦး ရေသည် ယနေ့သံသယဆိုသူကုလား လူမျိုး များဖြစ် ခဲ့ ကြောင်း မှတ် တမ်း    များ တွေ့ရှိရသည်။ ( Majror R.E Roberts;An account of Arakan , Written at Islaamabad (Chittagong) in June 1777;In: Aseanics,1999,P.P 142-150.)

အထက်ပါပုံစံ (၄)ရယူခြင်းသည် ဥပဒေအရ ဒေသအုပ်ချုပ်စီမံရေးအဖွဲ့များ၏ အမိန့် အရဖြစ် သည်ဟု ပြည်ထောင်စု လ၀က၀န်ကြီး ဦးခင်ရီက လွှတ်တော်မှာ ရှင်းထားပါသည်။ ပုံစံ(၄) မယူဘဲ ခရီးသွားပါက လ၀ကပုဒ်မ-၆(၁)၊ ၆(၂)အရ အပြင် ပြစ်မှုဥပဒေပုဒ်မ-၁၈၈အ၇အရေးယူ မည် ဟု ရှင်းထား သည်။ (၃၀-၈-၂၀၁၁ ကြေးမုံ) တဆက် တည်းမှာပင် နိုင်ငံသားဖြစ်လိုပါက ၁၉၈၂ ခုနှစ် နိုင်ငံသာြး ပစ်မှု ဥ ပဒေ  ပုဒ် မ-၄၂၊ ၄၃ တို့အရလည်းကောင်း၊ နိုင်ငံသားပြုခွင့်နည်း ဥပဒေ၄၆ အရ လည်း ကောင်း လျှောက် ထား ရမည်။ သို့လျှောက်ထားခြင်းကို စိစစ်ပေးရေး အဖွဲ့များကို ပြည် နယ်မှ မြို့ နယ် အဆင့်ထိဖွဲ့စည်း ထားကြောင်းနှင့်ကြီးကြပ်လမ်းညွှန် ကူညီရေး အဖွဲ့များသည်လည်း မြို့နယ်အဆင့်ထိဖွဲ့စည်းထားကြောင်း ရှင်းပြပါသည်။ (၂-၉-၂၀၁၁ကြေးမုံ)

သို့လျှောက်ထားရာတွင်

(၁)      သံသယရှိသူများတွင် နိုင်ငံသားများပါဝင်နေပေသည်။ ရောနှောနေသည်။ စီစစ်ရမည်ဟု ဆိုလိုခြင်းဟု နားလည်ရသည်။ စီစစ်ပြီးအပြစ် ကင်းစင်၍ နိုင်ငံသားဖြစ်လာ နိုင်ဖွယ်ရှိသူများ လက်ရှိ နိုင်ငံ သားဖြစ်နေသူများ ပါ နိုင်ငံခြားသားဟု ခံယူပြီး နိုင်ငံသားပြုခွင့်လျှောက်ထား ရခြင်းသည် ဥပဒေ နှင့် ညီညွတ်သလား။

(၂)         နိုင်ငံခြားသားမိဘမှ မွေးဖွားကြောင်း၊ ၁၉၄၈ခုနှစ် ဥပဒေအရနိုင်ငံသားပြုခွင့် လျှောက် ထားခဲ့ရန် ကျန်ခဲ့ကြောင်း ခိုင်မာသော အထောက်အထား တင်ပြရမည်ဟု ၀န်ကြီးကရှင်းပြသည်။ မိမိနှင့် မိဘဘိုးဘွားများ သည်မည်သည့်နိုင်ငံမှ လာရောက်သူများ မဟုတ်ဘဲလျက် နိုင်ငံခြားသား ဖြစ်ကြောင်း မည်သည့် အထောက်အ ထားပြရပါမည်နည်း။ မည်သို့ ပြုလုပ်ရ မည်နည်း။ နိုင်ငံခြားသား မဟုတ်သဖြင့် ဘိုးဘွားဘေဘင်ကအစ နိုင်ငံ သားပြုခွင့် လျှောက်ထားခဲ့ခြင်း၊ လျှောက်ထားရန် စဉ်စားခဲ့ခြင်း မရှိပါ။လျှောက်ထားရန်အကြောင်းလည်းမပေါ် ခဲ့ပါ။ ယခု မိမိတို့က နိုင်ငံသားပြုခွင့်လျှောက် ထား ရန်ကျန်ခဲ့ကြောင်း ခိုင်မာသော အထောက် အထားပြရမည် ဆိုလျှင် မည်သို့ ပြရ မည်နည်း။ အားလုံး၏ မိဘဘိုးဘွားများ အမျိုး သား မှတ်ပုံတင်ကဒ်ရ ထားသူများသာဖြစ်ကြ သည်။ နိုင်ငံသားစစ် များမှမွေးသောမွေး ရာပါနိုင် ငံသား များ အဖြစ်နေထိုင်ကြသူ များဖြစ်ကြသည်။

(၃) သံသယဖြစ်သည်၊ခွဲခြားမရဆိုသောစကားများဖဆပလခေတ်၊အိမ်စောင့်အစိုးရခေတ်၊   တော်လှန်ရေးအစိုး ရခေတ်များမှာမရှိခဲ့ပါ။ အသစ်ပေါ်လာသောစကားလုံးဖြစ်ပါသည်။ ၄င်းသည် Unnecessary Harassment into a national community ဟုကျွန်ုပ်တို့သဘောရပါသည်။ အထောက်အထားနှင့် မှန်ကန်သော ဆင်ခြေကို အခြေခံ၍သံသယ ဖြစ်ခြင်း မဟုတ်ပါ။ မလိုမုန်း ထား မှုနှင့် ဖြစ်ရပ် မှန်ကို အမှန်အတိုင်းမသိရှိခြင်းနှင့် ပထ၀ီ နိုင်ငံရေး၊ သမိုင်းရေးကိုနာ လည်နိုင်စွမ်း အား နည်းနေခြင်းကြောင့်ဤသို့သံသယ  ပြုနေခြင်း ဖြစ်နိုင်ပါ သည်။

(၄) သံသယရှိနေသူများကိုစီစစ်သောအကြိမ်ပေါင်းလည်းများနေပါသည်။သံသယကင်းစင်နေ   ပေါ်ပေါက်လာ သင့်ပါပြီ။ ယင်းတို့အား နိုင်ငံသား ကတ်ထုတ်ပေးခြင်းသည်သာ ပို၍ လျော်ကန် သင့်မြတ် မည်ဟု ထင် ပါသည်။ သံသယ မပျောက်ကင်းနိုင်သူအား FRCပေးသင့်သည် (၀ါ) တဖက် နိုင်ငံသို့ လွှဲအပ် သင့် သည်။

(၅)   နိုင်ငံသားလျှောက်ထားသူများတွင်ယခုလက်ရှိနိုင်ငံတစ်နိုင်ငံ၏ ဥပဒေအရ ထိုနိုင်ငံနိုင်ငံ သားဖြစ်လျှင် ၄င်းနိုင်ငံသားအဖြစ် ခံယူထားခြင်းမရှိပါဟုဝန်ခံချက်ပေးရမည်ဟု ဆိုထား ပါသည်။ ရွာပြင် မြို့ပြင်ထွက်လေ့ မရရှိသော ကုလားမများသည် အဘယ်နိုင်ငံ သို့သွား၍ နိုင်ငံသား ခံယူထား သည်ဟု မေးစရာဖြစ်နေ ပါသည်။ တခြားနိုင်ငံ၏ ဥပဒေကြောင်းအရ ထိုနိုင်ငံသားဖြစ်နေ သူတစ်ယောက် ကို မြန်မာနိုင်ငံသားပေး ရန်လည်း မရှိဟု ယူဆပါသည်။

(၆)        နိုင်ငံသားပြုခွင့်လျှောက်ထားသူများအတွက် စိစစ်ရေးအဖွဲ့၊ ကြီးကြပ် လမ်းညွှန် ကူညီရေး အဖွဲ့များ၊ အဆင့်ဆင့်ဖွဲ့ စည်းထားသည်ဟု ၀န်ကြီးရှင်းပြသည်။ ၄င်းအဖွဲ့များသည် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အသက်သွင်းရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မိမိတို့အား နိုင်ငံခြား သား ပြုလုပ် ထားသော ဥပဒေ ကို အသက်သွင်း ရန်ဖွဲ့ထားသော အဖွဲ့ အဆင့်ဆင့်၊ အဖွဲ့အမျိုးမျိုး ကို ဒေ သနေပြည်သူများ မည်သို့ လက်ခံဆက်ဆံရ မည်နည်း။ ရခိုင်မှ ကုလား အားလုံးကို နိုင်ငံမဲ့ပြုရန် တစ် ပါတီ အာဏာရှင်ခေတ်က တဖက်သတ်ပြဌာန်းခဲ့သော ဥပဒေဖြစ်သည်ကို စဉ်စားပေးရန်ရှိပါ သည်။ ထို့ပြင် ဆင်းရဲသားများ၊ စာမတတ်သူများ၊ ကျေး လက်နေ ပြည်သူများက လ၀က ဥပဒေအရပ်ရပ်ကို နားမ လည် သည့်အပြင် အဖွဲ့အဆင့်ဆင့်ကို ချဉ်း ကပ်ဆောင်ရွက်တတ် မည်မဟုတ်။လ၀ကပုံစံ အမျိုးမျိုးကို လည်း ဖြည့်စွတ် တတ်မည်မဟုတ်၊ ရှေ့နေငှား ရမ်း ရန် ငွေကြေးမရှိ။ပွဲစားကိုင်မိလျှင် အလိမ်ခံရ ဖွယ်ရှိ သည်။ သူတစ်ရက် အလုပ်မလုပ်လျှင် အိမ်သားများ၊ မှီခိုသူ များထမင်းငတ် မည်။ထို့ကြောင့် ဤနိုင်ငံ သား လျှောက်ထားရေး ကိစ္စသည်သူတို့အတွက် ရှည်လျားသော မပြီးဆုံးနိုင်သော ခရီးပင်ဖြစ်နေ သည်။

(၇)        ရခိုင်ပြည်နယ်တွင် နိုင်ငံခြားသား FRC ကိုကိုင်ဆောင်ခဲ့သူ ထောင်သောင်းမကရှိခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း လ၀က ဥပဒေအရနိုင်ငံခြားသားများ FRC မကိုင်ဘဲနေခွင့် လုံးဝမရှိခဲ့ပါ။ ယခုပြန်သူပြန်ခဲ့ပြီ သေသူကသေသွားပြီ၊ ကျန်သူအနည်းငယ်သာရှိ သေးသည်။၁၉၄၈ခုနှစ်၊  နိုင်ငံသား ဥပဒေ အရ နိုင်ငံသားပြုခွင့်လျှောက်ထားပြီး နိုင်ငံသား အဖြစ် ရရှိထား သူအချို့လည်း ပါရှိပါသည်။ ယခုနိုင်ငံသား အဖြစ် လျှောက်ထားသည့် ကိစ္စသူတို့ကိစ္စမဟုတ်ပါ။“ရခိုင်ပြည်တွင် ဓည၀တီ၊ ဝေသာလီ၊   မြောက်ဦး၊မြန်မာစသည့် ခေတ်အဆက်ဆက်ကစ၍အခြေစိုက်နေ ထိုင်သော ရခိုင်မဟုတ် ၊ဗုဒ္ဓဘာသာ မဟုတ် သည့်ကုလားများအရေး ကိစ္စဖြစ် သည်။သူတို့ အားလုံးကို နိုင်ငံတော်မှ အမျိုးသားမှတ်ပုံတင် ကဒ်ထုတ်ပေးပြီး လည်းဖြစ်ပါသည်။ အများထင်သ လို နယ်စပ်ဒေသ ၊မောင်းတော နယ်က ဟိုဘက်သည်ဘက် လူမျိုးရောထွေးမှုပြဿနာ လည်း မဟုတ်ပါ။ တပြည်နယ်လုံးက ရခိုင်မဟုတ်သော မူဆလင်၊ သိန်းနှစ်ဆယ် နီးပါး (ဟိန္ဒူအနည်း ငယ်ပါဝင်သည်) ၏ နိုင်ငံရေးကိစ္စဖြစ် ပါသည်။ ယခင် အစိုးရ အဆက်ဆက် က ပြဿနာ မပေါ်ပေါက်ခဲ့ပါ။ ဆွေစဉ်မျိုး ဆက်နိုင်ငံသား အဖြစ်နေ လာပြီး အေးချမ်း စွာ ဘ၀ တည်ဆောက် နေလာ သူများက မိမိကိုယ်ကို မိမိနိုင်ငံခြားသားဟု ခံယူဝန်ခံ လက်မှတ် ထိုး၍ နိုင်ငံ သားပြုခွင့်လျှောက်ထားရန် ခိုင်းသည့် ကိစ္စသည် လွယ်ကူသော ကိစ္စမဟုတ် လျှောက်ထား တိုင်းလည်း တဆင့်နိမ့် နိုင်ငံသား အဖြစ်ကိုပင်ရမည်၊ မရဘူးအတတ် မပြောနိုင်ပါ။ နိုင်ငံမဲ့ဖြစ်သွား၇န် များပါသည်။ ယခုနိုင်ငံ သားပြုခွင့် လျှောက်ထားစေသော Scheme စီမံချက်သည် ရခိုင်က ကုလားများကို နိုင်ငံမဲ့ဖြစ်စေ သည့်စီမံချက်ဟု ဆိုရပေမည်။ ရခိုင်မှာလက်ရှိ နေထိုင်သူများ (ကုလားမှအပ) အားလုံးတိုင်းရင်း သားဖြစ် နေသည်။ ရခိုင် မျိုးနွယ်စု မှဟု ဆိုသည်။ ကုလားနယ်စပ် မှာ ကုလားမျိုးနွယ်စု လုံးဝမရှိဘူး လားဟု မေးစရာရှိသည်။နယ်စပ်ဒေသမှာဟိုဘက်ဒီဘက်လူမျိုးများ ပြန့်ကျဲနေထိုင်တတ်သည့်သဘာဝကို ဆန့်ကျင်ပြီး တွေးခေါ်မှုဖြစ် နေပါသည်။တခြားနယ်စပ်များမှာလည်း ပြန့်ကျဲနေထိုင်သည့်သဘာဝ တွေ့နေ ရပါသည်။ရခိုင်ဒေသမြန်မာပိုင်နက်မဖြစ် ခင်ပင်ယခု သံသယဆိုသူများ ထို ဒေသတွင် ပင်ရင်းနိုင်ငံ အဖြစ်နေထိုင် သူများဖြစ်သည်။

(၈)         ရခိုင်မှကုလားများကို ခွဲခြားမရ၊ သံသယဖြစ်သည်ဆိုပြီး နိုင်ငံသားစိစစ်ရေးကတ် မထုတ်ပေးသေး ပါ။ နိုင်ငံသားပြုခွင့်လျောက်ထားရမည်ဆို၏။ နိုင်ငံသားပြုခွင့် လျှောက် ထားပြီး စိစစ် လျှင် နိုင်ငံသားပြုခွင့် လက်မှတ်ရရှိပါက ဘင်္ဂလားကုလားနှင့်ခွဲခြားနိုင်မည်ဟု အဓိပ္ပါယ် ယူနိုင်သည်။ ရရှိ မည့်နိုင်ငံသားပြုခွင့် လက်မှတ်မှာ Magic Power မှော်စွမ်းအား ရှိမည်။၎င်းကိုကိုင်ဆောင်ထားသူ ကုလားကို တဖတ်နိုင်ငံက ကုလားနှင့် ခွဲခြားနိုင်အောင် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ရုပ်သဏ္ဍာန် များ(၀န်ကြီး က ပြောသော မခွဲခြားနိုင်ခြင်း ဟူသောအင်္ဂါရပ်များ) ကို ပြောင်းလဲပေးမည်ဟု အဓိပ္ပါယ် သက် ရောက်နေ သည်။ နိုင်ငံသားပြုခွင့်လက်မှတ်က ထိုမျှ အစွမ်းရှိလျှင် လက်ရှိအမျိုးသား မှတ်ပုံတင် ကိုင်ဆောင်ထား သူများဖြစ်သဖြင့် နိုင်ငံသားကတ်ထုတ်ပေးပါက ပို၍ ခွဲခြားနိုင်မည်။ ပို၍ခရီး ရောက် မည်ဟု ဆိုနိုင် ပါသည်။ သံသယဖြစ်သူများ ကိုစိစစ်ပြီးသံသယ မပျောက်နိုင် ပါက နိုင်ငံသားပြုခွင့် လက်မှတ် ရမည် မဟုတ်။ သူတို့ကို မည်သို့သတ်မှတ်မည်နည်း။ သူတို့ (သံသယ မပျောက်နိုင် သူများ) ၏ ရှေ့လာ မည့် အနာ ဂတ်ဘ၀မည်သို့ဖြစ်မည်နည်း။ နိုင်ငံမဲ့ ဘ၀ကို ရောက် မည်မဟုတ်လား။ သူတို့၏ သားသမီးများ ဘ၀ မည်သို့ဖြစ်မည်နည်း။ အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းနှင့် Conventions များနှင့် ညီညွှတ်ပါ မည်လား?

သိရှိရန်လိုအပ်သောသမိုင်းကြောင်း“ရိုဟင်ဂျာဘယ်သူလဲ ?”

ကုလားဟုဆိုလျှင် အိန္ဒိယ၊ ဘင်္ဂလားတို့ကလာသူများဟု တွေးမြင်သူများပါသည်။ ပထ၀ီ နယ်မြေ အနေအ ထားအရအိန္ဒိယ(ဘင်္ဂလား)နှင့်ဆက်စပ်နေသဖြင့်အိန္ဒိယနွယ်သောလူမျိုးများရခိုင်ပြည်သို့ ရှေးပဝေသဏီက ပင်အခြေစိုက်နေထိုင်ကြောင်းကိုသိရှိသူအလွန်နည်းပါသည်။  တော်သည်ဟုမာန်တက်နေသူများပင်မသိကြ ပါ။သို့နှင့် ရခိုင်မှကုလားများ၏ သမိုင်းကြောင်းနှင့် ဥပဒေကြောင်း အကြောင်း အရာများ၊ မြန်မာပြည်နှင့် ဆက် စပ်နေမှု(Nexus)များ ကို သိရှိသူမှသာ သူတို့ အပေါ် လက်ရှိဖြစ်ပေါ်နေ သည့်အမြင်နှင့် အဂတိတရားများကိုဖယ်ရှား နိုင်မည်။ အမှန်ကိုမြင်နိုင်မည်။ ရခိုင်ပြည်နယ်မှ ရှိနေသော မူဆလင်များ၊ ကုလားလား၊ ရခိုင်လား ခွဲခြားမြင်လာနိုင်အောင် သူတို့၏သမိုင်းကြောင်းမှ အဓိကကျသော အကြောင်း အချက်အချို့တို့ကိုဝါကျတိုတိုဖြင့်တင်ပြလိုပါသည်။သူတို့၏ဘ၀သည် မြန်မာနိုင်ငံသမိုင်းကြောင်းနှင့် ပတ် သက် နေသည့်အပြင် ဥပဒေကြောင်း အရဆက်စပ်နေကြောင်း များလည်း ပါဝင်လာ မည်ဖြစ်သည်။စိတ်ဝင် စားသော ပုဂ္ဂိုလ်များကယုံကြည်လက်ခံရန် လွယ်စေလိုသဖြင့် ရခိုင်နှင့်  မြန်မာ သမိုင်း ဆရာများ ကို ဦးစားပေး ရည်ညွှန်းဖော်ပြလိုပါသည်။နိုင်ငံခြားသားများ၏ရေးသားချက်များ တတ်နိုင် သမျှ ချန်ထားသည်။

၁။     ရခိုင်သမိုင်း ဆရာဦးငမဲ၏ ရခိုင်ရာဇ၀င်(၁၉ရာစု)တွင် ရခိုင်မှာ အစ္စလာမ်သာသနာ ရှစ်ရာစု အေဒီဝေသာ လီနိုင်ငံ မဟာထိုင်းစန္ဒြမင်းလက်ထက်ကစ၍ ကုန်သည်သင်္ဘောပျက်မှ အာရပ် လူမျိုးများ ၏ သာသ နာပြု မှုမှ တဆင့်ပြန်ပွားခဲ့သည်။ ဝေသာလီပြည်သားများ အစ္စလာမ်ဘာ သာဝင်ဖြစ် လာခဲ့ သည်ဟု ဆိုထား သည်။ နယကအစိုးရ ထုတ် ၁၉၉၇ခုနှစ် သာသနာ ရောင်ဝါ ထွန်းစေဖို့ စာအုပ်မှာလည်း အထက် ပါအတိုင်းရှင်းလင်းထား သည်ကိုတွေ့ ရသည်။

၂။            ပါမောက္ခဒေါက်တာသန်းထွန်းက ၁၂ရာစုခန့်က ရခိုင်ပြည်မြောက်ပိုင်းတွင်မူဆလင် ဘုရင်များ အုပ်ချုပ်ခဲ့ကြောင်း၊ ၄င်းတို့သည် အင်းဝမင်းများနှင့် မိတ်သင်္ဂဟဖြစ်ခဲ့ကြောင်း၊ ယခု မေယု ဒေသမှ ရိုဟင်ဂျာဆိုသူများကို မူဆလင်ဘုရင်များ၏ အဆက်အနွယ်ဖြစ်သည်ဟု ယူဆရ ကြောင်း၊ ကျောက်စာကိုနံ ပါတ်နှင့် တကွ ကိုးကား၍ရှင်းလင်းထားကြောင်းတွေ့ရသည်။ (၁၉၉၄ သြဂုတ်လထုတ် ကလျာမဂ္ဂ ဇင်း ပါ  မြောက် ပိုင်းခရိုင် ဆောင်းပါးရှု)

၃။ သမိုင်းဆရာဦးဘသန်း၊ ဦးအုန်းမောင်တို့က သူတို့၏မြန်မာရာဇ၀င်(ကျောင်းသုံးစာအုပ်) များတွင် ရခိုင်တွင် ဆယ်ရာစုခန့်ကစ၍ အစ္စလာမ်သာသနာကုန်းကြောင်း၊ ရေကြောင်းမှ စိမ့်ဝင်ထိုးဖောက်လာမှုကို ခုခံနိုင်စွမ်းမရှိခဲ့ချေ။ ကမ်းရိုးတန်းတလျှောက်ရှိ(ဗဒရ်မကာန်) ဗလီများသည် ထိုစဉ်ကပင် အစ္စလာမ်ဘာသာ ထိုးဖေါက်လာခဲ့ကြောင်း၏ သာဓက ဖြစ်သည်ဟု ရေးထားသည်ကိုတွေ့ရ၏။

၎။ ၁၅-ရာစုအစောပိုင်း ရခိုင်နန်းကျဘုရင် နရမိတ်လှကို ပြန်လည် နန်းတင်ပေးရန်၊ထီးနန်း ပြန်လည် ရရှိစေရန် ရောက်ရှိခဲ့သော ဘင်္ဂလားဘုရင် နဇိရ်ရှား၏ စစ်ကူတပ်က တပ်မှူး ၀လီခါန်က နရမိတ်လှကို သစ္စာဖောက်ဖမ်းချုပ်ထားပြီး၊ သူကိုယ်တိုင် လောင်းကြက်မြို့မှာ နှစ်အတော်ကြာ ဘုရင်တက်လုပ်ခဲ့သည်။ ရခိုင်ထီးနန်း သိမ်းထားသူများကို ပယ်ရှားနှင်ထုတ် နိုင်ခဲ့သည်။(နိုင်ငံတော်ကောင်စီဝင်ဟောင်း ဦးလှ ထွန်းဖြူ၏ “Narameik Hla,the Marauk-U King” ၁၉၉၈ ခု၊ ရခိုင်တန်ဆောင်နှစ်လည် မဂ္ဂဇင်းတွင် အင်္ဂလိပ်ဘာသာဆောင်းပါးရှု)

၅။        နရမိတ်လှက ဖမ်ချုပ်ခံဘ၀မှ လွတ်မြောက်ပြီး ဘင်္ဂလာဘုရင်ထံ ရောက်ရှိသွားရာ အကူအညီ တောင်းပြန်သဖြင့် နောက်ထပ်စစ်သည်တစ်သောင်းဖြင့် ထပ်မံကူညီ လိုက်သည်။ ထိုတပ်က ၀လီခါန်ကိုဖမ်းချုပ်၍ ဘင်္ဂလာဘုရင်ထံပို့သည်။ နရမိတ်လှကို နန်းတင် ပေးသည်။ နရမိတ် ကလောင်းကြက်မြို့မှ မြောက်ဦးသို့ မြို့တော်ပြောင်းရွှေ့သွားသည်။စစ်ကူတပ်များကို မြို့ပတ်လည်တွင် နေ ရာချပေးသည်လိုလေးသေးမရှိကူညီခဲ့သည်။ဗလီများ ဆောက်လုပ်ပေးခဲ့သည်။ မြောက်ဦးရှိစစ်တွေဂေဇေတီး ယားပါစင်ဒီခါန်းဗလီသည်ဘုရင်နရမိတ်လှ(၁၄၂၈-၃၃ အေဒီ)က ဆောက်လုပ်ပေးခဲ့သောဗလီဖြစ်သည်။မူဆ လင်တို့ကထူထောင် တည်ဆောက်ပေး ခဲ့သော်ထိုမြောက်ဦးနိုင်ငံသည်ရခိုင်သမိုင်း တလျှောက်တွင် အတောက်ပြောင်ဆုံး အရှိန်အ၀ါအရှိဆုံး နိုင်ငံတော်ဖြစ်ခဲ့သည်။( ဒေါက်တာအေးချမ်း ( ရခိုင် အမျိုးသား ) ၏ ဇော်မင်းထွဋ်သို့ အိတ်ဖွင့်ပေးစာနှင့် အထက်ဦးလှထွန်းဖြူ ဆောင်းပါးနှင့် Dr.J.Leider ၏ The Ascent of Marauk-U dynasty 2003 တို့ကိုရှုပါ။ (Dr.Leider)မှာ ရခိုင်သမိုင်းပေါ် ၁၉၉၈ ခုက Dr.ဘွဲ့ရယူသူ ဖြစ်ပါသည်။

၆။             နရမိတ်လှမင်း(၁၄၀၄မှ ၁၄၃၃-အေဒီ)က ဘင်္ဂလာအကူအညီနှင့် မြောက်ဦးနိုင်ငံတော် ထူထောင်ခဲ့ သည်။ သူမှစ၍ မြောက်ဦးဘုရင်အပါးနှစ်ဆယ်ခန့်က စောလ်မွန်ခါန်၊ အလီခါန်၊ ကလီမာရှား၊ စလိမ်းရှား၊ ဇဘက်ရှား၊ ဟိုင်ဒရ်ရှား၊ အီလီယါဆ်ရှား၊ နူရီရှား၊ စိကန်ဒရ်ရှား၊ ဟူစိန်ရှား စသည်ဖြင့် မူဆလင်နာမည်ခံယူခဲ့သည်( ရခိုင်သမိုင်း-နိုင်ငံရေး-ရခိုင်ပြည်နယ် ကောင်စီထုတ် ၁၉၈၄ ခုနှင့် The Musslim name of Arakan kings;by J-leider 2003 ) မြန်မာ ဘုရင်များကဲ့သို့ ပါဋ္ဌိဘွဲ့ခံယူခြင်းမဟုတ်၊ နာမည်ရင်းဖြစ်သည်။ နာမ်မည်ရှေ့တွင် ဂုဏ်ပြု စကားလုံး မြန်မာ့ပါဋ္ဌိဘွဲ့ပုံစံမျိုး)လည်းရှိခဲ့သည်။ ဘင်္ဂလာ အကူအညီနှစ်ကြိမ် တိတိယူပြီး ရခိုင်ထီးနန်းရယူခဲ့သည်။ မြောက်ဦးနိုင်ငံဟူ၍ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဘင်္ဂလာမူဆလင်ဘုရင်များ၏ သြဇာညောင်းခဲ့သည်။ နိုင်ငံရေး၊ ယဉ်ကျေးမှု လွှမ်းမိုးမှု ရှိခဲ့သည်။ မူဆလင်နာမည်အပြင် နန်းတွင်းနန်းပြင် မူဆလင်ဝန်ထမ်းများထားခဲ့သည်။ စစ်မှုထမ်းများ မူဆလင် ပင်ဖြစ်ခဲ့သည်။ ထိုမူဆလင်များသုံးသော ဖာရစီစာ ရုံးသုံးစာ ဖြစ်လာခဲ့သည်။ ထိုဖာရစီစာကို ရခိုင်နောက် ဆုံးမင်း မင်းမဟာသဟမင်းထိသုံးစွဲခဲ့ပါသည်။ အထက်ပါ ဖာရစီဘာသာ စာအုပ် များ မြန်မာ လို ဘာ သာပြန် ခဲ့သည်။ ရခိုင်ဘုရင်များက ငွေဒင်္ဂါသွန်းလုပ်ရာတွင် ဘုရင်၏မူဆလင် နာမည် ဂုဏ်တော်နှင့် တကွ တဘက် မူဆလင် ဆုတောင်းစာ၊ မူဆလင်တို့၏ယုံကြည်ချက် စာတမ်း(ကလီမာ) တဘက်၊ အာရဘိက် အက္ခရာဖြင့် ထုနှိပ်ထုတ်လုပ်ခဲ့ ပါသည်။ (ဦးစံသာအောင် ၏ ရခိုင်ဒင်္ဂါးများ ရှုပါ။) ထို့ကြောင့် ထိုစဉ်က ရခိုင်ပြည်ကို မူဆလင်နိုင်ငံဟု သတ်မှတ်ကြောင်းတွေ့ရပါသည်။ ဘုရင်နှင့်တကွ တိုင်းသူပြည် သား အားလုံး ကုလားစကားပြောသည်။ ကုလားစကား သည် Lingua-franca လူမျိုးစုံသုံး စကားဖြစ်ခဲ့ သည်။ ပေါ်တိုဂီနှင့်ပေါင်း၍ ၁၆၊၁၇ ရာစုများတွင် ဘင်္ဂလာပင်လယ်မှ ပင်လယ်ဓါးပြတိုက်ပြီး ကုလား များခေါ်ဆောင်လာ၍ကျွန်ပြုထားမှုများ လည်းရှိခဲ့သည်။ ကျွန်လူတန်း စားထောင် သောင်းမက ရှိခဲ့ သည်။(M.Collis, The Land of great image; ဦးလှထွန်းဖြူ၏ ရခိုင်ပြည် ဘဏ္ဍာတိုက်၊ အစညညွှန် ချုပ်၊ ဦးစံသာအောင်၏ ရခိုင်အမျိုးသား ၏ ရခိုင်ဒင်္ဂါများစာအုပ်ရှုပါ။)

၇။          ရခိုင်သမိုင်းပညာရှင်၊ ကျောက်စာဖတ်တတ်သူ၊ မြောက်ဦးပြတိုက်မှူး ပဏ္ဌိဋဆရာကြီး ဦးဦးသာထွန်းက မင်းဘာကြီး(ခ)ဇဘက်ရှား(၁၅၃၀-၅၄) မတိုင်ခင် ရခိုင် ဘုရင်သုံးဆက်က အိန္ဒိယ (ဘင်္ဂလားက သာသနာပြု များဖြစ်သော ရှားအာလမမ်၊ ဟာနုများမိရ်အာလီတို့ကို သာသနာပြု ခွင့်ပြု ထားခဲ့သည်။ သူတို့၏ တရားပွဲများ အလွန် စည်ကားလာသည်။ မြို့တိုင်းမှာ ဗလီသစ်များ တည်ဆောက် သည်။ သူတို့ဘာသာ ထဲသို့ တဦးချင်း၊မိသားစု အလိုက်၊ ဆွေမျိုးအလိုက်၊ ရွာအလိုက်ဝင် သွားသူများ ရှိခဲ့ သည်။ အိန္ဒိယ မှနောက်ထပ်သာ သနာပြုများ လည်း ခေါ်ဆောင် လာခဲ့သည်။ ဗုဒ္ဓဘာသာတိမ်ကော သွား မည့်အနေအထားသို့ ရောက်ခဲ့ သည်။ ဆရာမြ၀ါ၏ လျှောက်ထားချက်အရ ဘုရင်မင်း ဘာကြီးက သာ  သနာပြု လုပ်ငန်းကို ပိတ်ပင် လိုက်ခဲ့သည်။ (ဦးဦးသာထွန်း (၁၉၉၀မှာ ကွယ် လွန်)ရခိုင် မဟာရာ ဇ၀င်) ဤတွင် ရခိုင်မှာ မူဆလင် ဦးရေမည်မျှ ရှိနိုင် သည်ကို ခန့်မှန်း၍ ရပါသည်။ ဤသူတို့သည် ယခု လ၀က ၀န်ကြီးပြော သလို မိမိနိုင်ငံသို့ ခိုးဝင်သူများ မဟုတ်ပါ။ မိမိနိုင်ငံ၏ မူရင်း ပြည်သူ များ ဖြစ်ကြ သည်။ ထိုစာအုပ်ရေးစဉ်က ဘင်္ဂလားဒေသသည်လည်း အိန္ဒိယ ဖြစ်ပါသည်။

၈။             ၁၆-ရာစုနှောင်းဘုရင်မင်းရာဇာကြီး(ခ)စလိမ်းရှားက ဟံသာဝတီပဲခူးကိုတိုက်ခိုက်အောင် မြင်ခဲ့ သည်။လေးနှစ်ကျော်ဝိုင်းဝန်းတိုက်ခိုက်ခံရသည်။မုတ္တမ၊မော်လမြိုင်များကိုပါ တိုက် ခိုက်အောင် မြင်ခဲ့ ပါ သည်။ သိမ်း မထားခဲ့ပါ။ ပြန်လည်ဆုတ်ခွာပေးသည်။ ထိုစစ်ဆင်ရေးတွင် ကုလား မူဆလင်စစ်သား ကိုးသောင်း ပါ ၀င်ခဲ့သည်။ မော်လမြိုင်မြို့၊သံတလန်ရပ်ကွက် တွင် ရခိုင် ဗလီဟူ၍ ယနေ့ထိရှိနေ သည်။ (ရမ်းဗြဲ ဆရာတော် ၏ ဓည၀တီအရေးတော်ပုံ စာအုပ် ရှုပါ။) ဤစာအုပ်သည် ရခိုင်သမိုင်းလေ့ လာသူ တိုင်းက တန်ဖိုးထား ရည်ညွှန်းကိုးကား သောစာအုပ် ပင်ဖြစ်သည်။

၉။               အထက်ဓည၀တီအရေးတော်ပုံမှာပင် မြောက်ဦးခေတ်မတိုင်မီ စစ်ရှုံး၍ ဖမ်းဆီးခေါ်ဆောင် လာသူ ဘင်္ဂလားမင်းသားတစ်ယောက်ကို စစ်တွေမြို့တွင် မြို့စားခန့်ထားခဲ့ကြောင်းနှင့် အရပ်ရပ် လုပ် ငန်း အထွေထွေမှာ ခိုင်းထားသော ကုလားကျွန်လေးသောင်းနှစ်ထောင် (၄၂၀၀၀)ရှိခဲ့ကြောင်း မှတ် တမ်း များ တွင် တွေ့ရှိခဲ့ရပေသည်။

၁၀။        ၁၆၂၆-၄၃ အေဒီတွင် ပေါ်တူဂီဘုန်းကြီး Sebastian Manrique ရခိုင်ပြည်တွင် ပေါ်တူဂီ လူမျိုးအကျယ်ချုပ်ခံနေရသူများကို ကယ်တင်ရန်လာရောက်ပြီး ဆယ်နှစ်ကျော် နေထိုင်ခဲ့ သည်။ ဘုရင်သီရိသုဓမ္မ(ခ)စလင်းရှားနှင့် ရင်းနှီးမှုရယူခဲ့သည်။ထိုဘုန်းကြီး၏ ကိုယ်တွေ့ မှတ်တမ်းအရ ရခိုင်တွင် မူဆလင်ဦးရေအတော်များသည်။ နန်းတွင်းနန်းပြင်ဝန်ထမ်းများမှာ မူဆလင်များဖြစ်ကြသည်။ ဘုရင် ၏နောက် ကျပြီး ကျင်းပသော ဘိသိက်ခံပွဲ စစ်ရေးပြ၊ ဆင်တပ်၊ မြင်းတပ်များမှာ မူဆလင်များ ပင်ဖြစ်ကြောင်း၊ ဘုရင်ကို ကတိသစ္စာ ဆိုပေးခဲ့သူလည်း မူဆလင်ပင်ဖြစ်ကြောင်း၊ ဘုရင်၏ ကိုယ်ရေး ဆေးသမား(ဆရာဝန်) လည်းမူဆလင်ပင်ဖြစ်ကြောင်း၊ ကျေးကျွန်လည်း အမြောက်အများ ရှိခဲ့ကြောင်းသိရသည်။ သူကိုယ်တိုင်ပင် တရက်သောအခါကျွန်ဖမ်း သင်္ဘောဖြင့် စစ်တေ ကာင်း မှ မြောက်ဦး သို့ လာခဲ့ကြောင်း၊လမ်းခရီးတွင်ဖမ်းဆီးခံ ကုလားများကို ခရစ်ယာန် သာသနာပြုရန် ကြိုးစား ခဲ့ရာ အောင်မြင်မှုမရှိခဲ့ကြောင်းဘုန်းကြီး၏ ခရီးသွားမှတ်တမ်းမှာ ပါရှိပါသည်။ (M.Collis, The Land of great image)

၁၁။      ၁၅-ရာစုအစောပိုင်းတွင် လောင်းကြက်နိုင်ငံ၏နောက်ဆုံးမင်း ၀လီခါန်ဖြစ်သလို မြောက်ဦး နိုင်ငံ၏ (၃၇)ကြိမ်မြောက်ဘုရင်သည် ၁၇၃၇ခုတွင် Sultan Raja Kadir Shah ဖြစ်ခဲ့ သည်။  ကျောထောက်နောက် ခံမူဆလင်လူထုမရှိဘဲနဲ့မူဆလင်တယောက်ဘုရင်မည်သို့ ဖြစ် လာမည်နည်း။ထိုခေတ်ကပင် ရှိနေသူများ ကိုမိမိနိုင်ငံတွင်အစာရေစာပေါ၍ခိုးဝင်လာသူများဟုမသုံးသပ် အပ်ကြောင်းတင်ပြလိုပါ သည်။ (ရခိုင်ပြည် နယ်ကောင်စီ၊ ရခိုင်သမိုင်း၊ နိုင်ငံရေး၁၉၈၄ ရှု)

၁၂။        သမိုင်းမှာမှားခဲ့ခြင်း၊ မှန်ခဲ့ခြင်းရှိမည်။ အရှိကိုအရှိအတိုင်း ရဲဝံ့စွာရေးသားခြင်းသည် သမိုင်း ၏ အနှစ်သာရဖြစ်ပါသည်။ ဘိုးတော်ဘုရားခေတ်(၁၇၈၅-၁၈၂၆)အုပ်ချုပ်ရေးကို ရခိုင် အမျိုး သား တစုက ပုန်ကန်ခဲ့သည်။ ဆူပူအုံကြွမှု ရှိခဲ့သည်။ ရခိုင်ပြည်၏ လူဦးရေ တ၀က် ကျော် ဘင်္ဂလားသို့ တိမ်းရှောင် သွားခဲ့ပါသည်။ မူဆလင်အများစုလည်း မူဆလင်များရာ ဒေသ ဘင်္ဂလားသို့ထွက်ပြေး တိမ်းရှောင် ခဲ့သည်။ ကျန်ရှိသူ မူဆလင်များက ဘိုးတော်ဘုရား အုပ်ချုပ် ရေးကို ထောက်ခံခဲ့သည်။ ပုန်ကန်ခြား နားမှုများမပါ ၀င်ခဲ့ပါ။ ၄င်းသည် ရခိုင်ပြည်ကို သစ္စာ ဖောက်ခြင်းမဟုတ်။ ထိုအချိန် ထိုအခါ၏ အကောင်း ဆုံးရွေးချယ် မှုဖြစ်ပါသည်။ ထို့ကြောင့် ဘိုးတော်ဘုရား၏ မူဆလင်ခေါင်းဆောင်များကို အခွင့်အရေး များပေးခဲ့ ၍ ရွှေဓါး၊ ငွေ ဓါးများ ချီးမြှင့်ခဲ့သည်။ မူဆလင်တို့လူမှုကိစ္စပြဿနာများကို မူဆလင်ဘာသာ ဓလေ့နှင့် အညီစီရင်ရန် ဘုရင့်အမိန့်ပြန်တမ်း ထုတ်ပေးခဲ့သည်။ (မြန်မာမင်းအမိန်ပြန်တမ်း များ၊ ဒေါက် တာ သန်း ထွန်း ဘာသာပြန်ရှုပါ။) ထိုအမှုစီရင်ရန် တရားသူကြီးများ(ကာဇီများ) ခန့်ပေး ခဲ့ သည်။ သို့ဖြစ်၍ ရခိုင်ပြည် တွင် ကာဇီရွာ၊ ကာဇီဗလီ၊ ကာဇီရေကန်၊ ကာဇီမျိုးနွယ် စသည့် အမည် နာမများ ရခိုင်ပြည်နယ် အနှံ့မှာယနေ့တိုင် တွေ့ရပေသည်။ ရခိုင်ကိုနယ်မြေ လေးခုခွဲ့၍ မြို့ဝန် လေးဦးဖြင့် အုပ်ချုပ်စေခဲ့ သည့် အပြင် မူဆလင်ရေးရာ များကို စီမံခန့်ခွဲရန် မူဆလင် မြို့ဝန်တစ်ဦးသီးသန့်ခန့်အပ်ခဲ့သည်။ ရာမ ၀တီမြို့ ၀န်  ဦးနုဖြစ်နိုင် ပါသည်။ မောင် သောင်း ရေဦး၊ဗဒုံမင်း၊ဘာသာရေးလွတ်လပ်ခွင့် လုပ်သား သတင်းစာ ၆-၁၂-၆၈ (J.Leider The Ascent of Mrank-U synasty 2003 ရှုပါ)

၁၃။ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင်ရခိုင်စစ်မျက်နှာနှင့်ရန်ကုန်စစ်မျက်နှာတွင်ရခိုင်မှ မူဆလင်များက ရှေ့တန်းမှာ တိုက်ပွဲဝင်ပေးခဲ့သည်။ ရခိုင်စစ်မျက်နှာတွင် မူဆလင်တပ်၏ တပ်မှူး အဒို ကရိမ်(စာရေးသူ၏ခြောက်ဆက­်မြောက်ဘိုးတော်)၊ အင်္ဂလိပ် လက်အောက်တွင် အဖမ်းခံရ၍ ကာလ ကတ္တားထောင် ထဲရောက်ခဲ့သည်။ဘကြီးတော်မင်း တပ်တွင် ရခိုင်မူဆလင် သွေး သောက် တပ်များပါဝင် ခဲ့ ရာ သူတို့၏ စွန့်စားမှုကို အသိအမှတ်ပြုသော အားဖြင့်ရန်ကုန်မှာ ဗလီနှစ်လုံး တည်ဆောက်ပေး ခဲ့ ပါ သည်။ (Encyclopedia Britincia 2003 ;နှင့် Anglo Burma first war,by Caplain Robertson ရှုပါ)

၁၄။         အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမတိုင်ခင်ကပင် ရခိုင်ကလူဦးရေတ၀က်ကျော် ဘင်္ဂလားသို့ ထွက်ပြေး သွားသည်။ လူတစ်သိန်းခန်သာ ပြည်တွင်းတွင် ကျန်ခဲ့ပါသည်။ ပဋိပက္ခရှောင်လို၍ ထွက်ပြေး တိမ်းရှောင် သူများတွင် မူဆလင် လူဦးရေများသည်။အင်္ဂလိပ်က ရခိုင်ပြည်ကို သိမ်းပြီး သည်နှင့် ၁၈၂၆ခု တွင် အုပ်ချုပ်ရေးမှုး Charles Paton ကသန်းခေါင်စာရင်း ကောက်ခဲ့သည်။ ထိုသန်းခေါင် စာရင်း ကောက်ချိန်တွင် အိန္ဒိယကုလားများ မြန်မာပြည်သို့ မ၀င်လာသေးပါ။ ဘိုးတော်ဘုရား လက်ထက် ထွက်ပြေးခဲ့သော ရခိုင်ရော၊ မူဆလင်ပါ ၀င်မလာ သေးပါ။ သန်း ခေါင်စာရင်းမှာ လူဦးရေ တစ်သိန်းခန့်ရှိပြီး ရခိုင် ၆၀၀၀၀၊ မူဆလင် ၃၀၀၀၀ နှင့် ဗမာ ၁၀၀၀၀ ဟုပြ ထား သည်။ တောင်ပေါ်နေ လူမျိုးများ မပါပါ။ တောင်ပိုင်းမှာ ဗမာစကားပြော သူများကို ဗမာ ဟုပြောခြင်းဖြစ်နိုင် သည်။ ရခိုင်စ ကား ပြောသော မူဆလင်များ ကို ရခိုင်အုပ်စုတွင် ထည့်သွင်းခြင်း လည်းဖြစ်နိုင် သည်။ မည်သို့ ပင်ဖြစ်စေ ၊အင်္ဂလိပ်မ တိုင်ခင် ရခိုင်ပြည်၏ လူဦးရေစုစုပေါင်း မှာ အနည်းဆုံး သုံးပုံတပုံခန့် မူဆလင်ဖြစ်နေကြောင်း ထင်ရှားနေပါသည်။ သူတို့သည် တိုင်းရင်းသားများမဟုတ်လား။ ယနေ့တိုင်းရင်းသား ဆိုသူများ ထက် နောက် ကျ၍ ၀င်သူ များ မဟုတ်ပါ။ ယနေ့လည်း ရခိုင်ပြည်နယ်မှာ လူဦးရေစုစုပေါင်း သုံးသန်းခန့် ဟုဆို၏။ ရခိုင် နှစ်သန်း မူဆလင် တစ်သန်း ဖြစ်သည်။ အင်္ဂလိပ် မတိုင်ခင်က လူမျိုးစုအချိုး အစား နှင့်အတူ တူဖြစ်နေသည်။ ခိုးဝင်လာသူများရှိနေသည်၊ အင်္ဂလိပ်နှင့် အတူလယ်ကူလီ အဖြစ် လာပြီးမပြန်သေး ဘဲ နေသည် ဟုဆိုသူများဘယ်မှာနည်း။

၁၅။ ရခိုင်ပြည်နယ်၏အဓိကလွင်ပြင်ဒေသများ၊ မြစ်ဝှမ်းဒေသများ၊စိုက်ပျိုးရေးလုပ်ကိုင်ရန် ကောင်းသောနေရာ များ သည်မူဆလင်များရွာများတည်ထောင်နေထိုင်သောနေရာ ဖြစ် ကြောင်းတွေ့ရသည်။ လေးမြို့ဖြစ်ဝှမ်း၊ ကု လားတန်မြစ်ဝှမ်း၊ သရက်ချောင်းမြစ်ဝှမ်း၊ နတ်မြစ် ၀ှမ်းဒေသများ တွင် မြစ်ဝဲယာနှစ်ဖက်စ လုံးမှအစ အဆုံး မူဆလင်ရွာများ တန်းစီ၍ တွေ့ရသည်။ ယနေ့စွပ်စွဲခံရသလို နည်းအမျိုးမျိုးဖြင့် ခိုးဝင်လာသူများ ဆို လျှင် နေရာ ကောင်းမည် သို့ရသွားသနည်း။ ခိုးဝင်လာသူ သည် နောက်ကျလာ သူဖြစ်ရ မည်။  နေ ရာ ကောင်း များတွင် တိုင်းရင်းသားဆိုသူ မူလပိုင် ရှင်များနေ ရာယူထားပြီးဖြစ် ရမည်။ နောက်မှ လာ သူ ဝေးလံခေါင် ဖျားမှာ နေရ မည်။ဤနေရာတွင် ရခိုင်ရှိလူနေထိုင် မှုအနေအထား သည် ထို သို့ မဟုတ် ပြောင်းပြန် အဘယ်ကြောင့် နည်း။ ကျွန်ုပ်တို့ သတ်မှတ် ချက်မှားနေခြင်း သာ ဖြစ်ရမည်။ ရခိုင် မှာ  နေရာကောင်း၊ မြစ်ဝှမ်းများတွင် နေရာရထားသူများသည်မူ ဆလင်များ (ရိုဟင်ဂျာများ) ဖြစ်ကြပါသည်။ ယင်းတို့သည်မူလနေရာယူထားသောတိုင်းရင်းသားများဖြစ်ကြသည်။

မြန်မာစကားပြောသူများဝင်လာသော အခါ မြစ်ဝဲယာ တန်း၍ကုလားရွာများ ရှိ၍ ကုလား တန်မြစ်ဟု ခေါ်ခြင်းဖြစ်သည်။ ကုလားတန်မြစ်၏ မူလနာမည်သည် ကစ္ဆပနဒီ ဖြစ်ပါ သည်။ (Albert fytch, Burma, Vol.II ရှုပါ)

အပိုင်း (၁)

Comment ရေးရန်

Pages 22123456 »
Rohingya Exodus