နောက်ဆုံးသတင်း/ဆောင်းပါးများ

ထိုင်းစစ်တပ်မှ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၁၅ ဦးသေဆုံး


RB News 
7.3.2013 

ဖူးကတ် ။ ။ ထိုင်းနိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ လှေစီး ဒုက္ခသည်များကို ဖူးကတ်မြို့မြောက် ပိုင်းတွင် ပစ်ခတ်ခဲ့ရာ အနည်းဆုံး၂ဦးမှ ၁၅ဦးထိသေဆုံး ခဲ့ကြောင်း အသက်ရှင်  ထွက်ပြေး လွတ် မြောက် လာသူ ၃ ဦးနှင့် ၎င်းတို့အား အကာ အကွယ်ပေး ထားသည့် ထိုင်း လူမျိုး ရွာသား များ ၏ ပြော ကြား ချက် များ အရသိရှိရပါသည်။ 

ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၁၀ ဦးတင်ဆောင်၍ရောက်ရှိ လာသော စက် လှေမှ ဒုက္ခသည် ၂၀ ဦးကို ထိုင်းစစ်တပ် မှ ခေါ်ယူသွားရာတွင် အချို့သော ဒုက္ခသည်များမှ မိသားစု များ နှင့် တကွဲ တပြားဖြစ် သွားမည်ကို စိုးရိမ်၍ ရေထဲသို့ ခုန်ချခဲ့သည်။ ထိုသို့ ခုန်ချသည့်အတွက် ထိုင်း စစ် တပ်မှ ပစ်ခတ် ခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးမှပြောပါသည်။ 

အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးဖြစ်သည့် ဟာဘူမာရာ (အသက် ၂၀ နှစ်)၊ ရဖိခ် (အသက် ၂၅ နှစ်) နှင့် ဂျမာလ် (အသက် ၁၆ နှစ်) တို့သည် ထိုသို့ပစ်ခတ်နေစဉ် အချိန်တွင်ရေ ကူး၍ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်းနှင့် ၎င်းတို့အား စာနာထောက် ထားသော ရွာသားများမှ အကာ အကွယ် ပေးထားကြောင်း ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် Phuket Wan သို့ မတ် လ (၅) ရက်နေ့ကပြောကြားခဲ့သည်။ 

ရိုဟင်ဂျာ များကိုမြှပ်နှံ ထားသည့် ကျင်းနှစ်ကျင်းကို Phuket Wan သတင်းထောက်နှင့် သြစတြေးလျ ရုပ်မြင်သံကြား သတင်းဌာန တို့မှ သတင်းထောက် များက မတ်လ (၅) ရက်နေ့ တွင်တွေ့မြင် ခဲ့သည်။ 

လွတ်မြောက်လာသူ ၃ ဦး၏ အဆိုအရ ပစ်ခတ်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ထိုင်းရေတပ် မှဖြစ်သည် ဟုပြော ဆိုသော်လည်း ရွာသားများကမူ အဆိုပါ ပစ်ခတ် သူများသည် ထိုင်းစစ်တပ်၏ အဖွဲ့အစည်းခွဲတစ် ခုဖြစ် သည်ဟုဆိုပါသည်။ 

ယခင်ကလည်း ထိုင်းစစ်တပ် သို့မဟုတ် လုံထိန်းတပ်ဖွဲ့ဝင်များမှ မွတ်စလင် ရိုဟင်ဂျာ များအပေါ် မတရား ညှင်းပန်းနှိပ်စက်မှု များပြုလုပ် ခဲ့သည်။ ထိုင်းရေတပ် အမှတ် (၃) မှဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သာရာ သုန်းက ဂျီတ်စူဝန်မှ ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ မှတ်ချက်ပေး ရန်ငြင်း ဆိုခဲ့ကြောင်း သိရပါသည်။ 

ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ရိုဟင်ဂျာ ဒုက္ခသည်များ သယ်ဆောင်လာသော စက်လှေသည် ဓါတ်ဆီ ကုန်ခန်း သွားပြီးနောက် ထိုင်းငါးဖမ်း သမားများက ၎င်းတို့အား နိုင်ငံတကာ ခရီးသွားအများ အပြားလည် ပတ်လေ့ရှိ သည့် စူရင်းကျွန်းသို့ ခေါ်သွားခဲ့ကြောင်း အသက်ရှင် လွတ်မြောက်လာသူ ရဖိခ် မှပြောပါ သည်။ ၎င်းတို့ အားဒေသ ခံများမှ အဆိုပါ ကမ်းခြေတွင် စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ပြီး၊ ကျွေးမွေးခဲ့ သည်။ ညနေ ၆ နာရီခွဲတွင် စစ်တပ် မှရေယာဉ် တစ်စီးရောက် ရှိလာပြီး ရိုဟင်ဂျာ များ၏ စက်လှေအား ကမ်းခြေ ဘက်ကို ဆွဲယူခဲ့သည်။ 

ရွာသားများမှ စိတ်မပူရန်နှင့် ဒုက္ခသည်များအား လုံခြုံစွာမြို့ပေါ်သို့ ပြောင်းရွှေ့ပေး ရန်ရောက် လာခြင်းဖြစ် ကြောင်းပြော ကြား ခဲ့သည်ဟု ရဖိခ် မှပြောပြ ခဲ့သည်။ သို့သော် လည်း နောက်နေ့မ နက်ပိုင်း တွင် ဒုက္ခသည် ၂၀ ဦးကို သာပြောင်းရွှေ့ပေးရန် စီစဉ် ခဲ့ပြီးနောက် ပစ်ခတ်မှု စတင်ခဲ့သည်။ 

“ကျွန်တော်တို့ မပြောင်းဘူးလို့ ဆုံးဖြတ် လိုက်တော့ သေနတ်ကို မိုးပေါ်ထောင် ပစ်တယ်။ အဲဒါနဲ့ ကျွန် တော် တို့ရေ ထဲခုန်ချတော့ ရေထဲကိုသေနတ်နဲ့ ပစ်တယ်။” ဟုရဖိခ်မှပြောပြပါ သည်။ ဒေသခံ ငါးဖမ်းသ မားများ က လည်းသေနတ် သံကြားခဲ့သည်။ ရဖိခ်နှင့်အခြားသော သူများကို အချိန် တန်ကြာ တွင်ကယ် ဆယ်နိုင်ခဲ့ သည်။ အလောင်းနှစ်လောင်း အားရေထဲမှ ဆယ်ယူ၍ မြှပ်နှံခဲ့သည်။ ငါးဖမ်း သမား များမှ ရေထဲ တွင် အလောင်း များစွာတွေ့ခဲ့ပြီး ၁၅ ဦးသေဆုံးဖွယ် ရှိသည် ဟုပြောပါသည်။ 

ဖူးကတ်မြို့မြောက်ပိုင်း ဒေသခံများမှ ယခုအခါ အသက်ရှင် လွတ်မြောက်လာသူ ၃ ဦးနှင့်ယခင် စက်လှေ နှင့်ရောက် ရှိလာသူ ၁ ဦးကိုနေခွင့်ပေး ထားသည်။ စစ်တပ်မှ အခင်းဖြစ် ပွားပြီးနှစ်ရက်မြောက်နေ့ တွင် အသက်ရှင် လွတ်မြောက်ခဲ့ သူများကို ရှာဖွေ ခဲ့သော်လည်း ၎င်းတို့အား ရွာသားများမှ လုံခြုံအောင် ထားခဲ့ သည်။ ကျန်ရှိသည့် ၁၀၀ ကျော်သော ရိုဟင်ဂျာ များကို စစ်တပ်မှ ရေယာဉ်ဖြင့် ဆွဲ ၍ခေါ်ဆောင် သွားသော ကြောင့် ၎င်းတို့၏ ကံကြမ္မာ မှာမည်သို့ဖြစ်မည်ကို တွေးဆ၍ မရပေ။ ယခင်က ထိုင်း စစ် တပ်မှ လူကုန်ကူးမှု ဂိုဏ်းများနှင့် ပူးပေါင်း၍ ဒုက္ခသည်များကို ရောင်း ချလေ့ရှိ  ကြောင်း စွပ်စွဲခံ ခဲ့ ရဖူးသည်။ 

“ကျွန်တော်တို့ အားလုံးက မလေးရှားနိုင်ငံကို သွားဖို့ ထွက်လာခဲ့တာပါ။ အဲဒီကနေသြစတြေး လျနိုင်ငံကို သွားဖို့ အတွက်ပါ။ အခုတော့ ကျွန်တော်တို့ ဘာတွေဖြစ်ဦး မလဲဆိုတာ မသိတော့ဘူး” ဟုဟာဘူမာရာ မှ ပြော ပါသည်။ 

မြန်မာနိုင်ငံတွင်း ညှင်းပန်းနှိပ် စက်မှုများမှ တိမ်းရှောင်နေသည့် ရိုဟင်ဂျာ များအတွက် အောက်တိုဘာလမှ ဧပြီလသည် ပင်လယ်ပြင် ခရီးစဉ်သွားနိုင်သည့် အချိန်ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်းစစ်တပ်မှလျှို့ ၀ှက်စွာ စီမံခဲ့သည့် မူဝါဒဖြစ်သည့် စက်လှေမှ စက်အင် ဂျင်ဖြုတ်၍ ရေထဲသို့ မျှောသည့် လုပ်ရပ်ကြောင့် ရာ ပေါင်းများစွာသော ရိုဟင်ဂျာ များသေဆုံး ခဲ့ရသည်။ ထိုမူဝါဒကို ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီ စစ်ဘေဂျာ ဂျီဗာမှ ဖျက်သိမ်းခဲ့သည်။ နောက်ပိုင်း တွင်ရောက်ရှိ လာသူများကို အစားအစာနှင့် ဓါတ် ဆီပေး၍ ကမ်း ကပ်ခွင့် မပေးဘဲ ပြန်လည်မောင်း ထုတ်သည့် မူဝါဒကို ချမှတ်ခဲ့သည်။ 

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ဒုက္ခသည် ၁၇၀၀ ကျော်ထိန်း သိမ်းထားပြီး ၎င်းတို့၏ ကံကြမ္မာကို လာမည့် ဇူလိုင်လ မတိုင်မှီ ဆုံးဖြတ် ရမည်ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus