နောက်ဆုံးသတင်း/ဆောင်းပါးများ

ယဉ်ကျေးမှုစုံလင် (Multiculturalism) ထွန်းကားခဲ့သည့် မြောက်ဦးနိုင်ငံ

ဦးကျော်မင်း
RB News
20.5.2014

အမှန်စစ်စစ် မြန်မာ နိုင်ငံသည် Multiculturalism နှင့်ကင်းဝေးသော နိုင်ငံ မဟုတ်၊ ရှေးမြန်မာ ဘုရင် ခေတ်မှစ၍ လူမျိုးစုံ ယှဉ်တွဲ နေထိုင် လာကြသည်။ ကွဲပြားသော ဘာသာ စကားနှင့် ယဉ်ကျေးမှု များဖြင့် ယနေ့ အထိ နေထိုင်လာခြင်း ဖြစ်သည်။ ဘိုးတော် ဘုရား လက်ထက်တွင် ဘာသာ အသီးသီးအား မိမိတို့ ဘာသာ အယူ ထုံးဓလေ့နှင့် အညီ အမှုကိစ္စ စီရင်ခွင့် အမိန့် ပြန်ဋ္ဌါန်းပင် ထုတ်ခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် လူမျိုးစုံ ဘာသာစုံ ဆက်ဆံရေး ပို၍ ပြေပြစ် လာခဲ့သည်။ မန္တလေး နန်းတော်တွင်း ဗလီ ဆောက်ခွင့်ပြု ခဲ့သည်။ ဆော်ဒီနိုင်ငံ မက္ကာမြို့တွင် မြန်မာ ဟာဂျီများ တည်းခိုနိုင်ရန် ဇရပ်တခုပင် ဆောက်ပေးခဲ့သည်။

ဤတွင် ယနေ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခ နှစ်ချီ၍ ဖြစ်နေသော ရခိုင်ပြည်နယ်သည် တချိန်က လူမျိုးစုံ ဘာသာစုံ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ပြီး တိုးတက်သော နိုင်ငံ တစ်ခု ဖြစ်ခဲ့သည်ကို တွေ့ရသည်။ တိုးတက် ခဲ့ခြင်းသည် ယဉ်ကျေးမှုစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဒေါက်တာသန်းမြင့်ဦး ၏လေ့လာချက်တွင် - For centuries Arakan prospered on international trade, and readily took in people and ideas from across Asian continent and beyond; a flourishing civilization with the most cosmopolitan court in modern Burmese history. Arakan isolation is a very new thing. And its lost of cosmopolitanism is a part of Burma’s present day poverty.”

အဓိပ္ပါယ်မှာ ရခိုင်သည် ရာစုနှစ်ပေါင်း များစွာ ပြည်ပ ကုန်သွယ်ရေးဖြင့် ကြီးပွား ချမ်းသာ ခဲ့သည်။ အာရှတိုက်နှင့် ၎င်းကို ကျော်လွန်၍ လူများ၊ ယဉ်ကျေးမှု များကို လက်ခံ သိမ်းသွင်း ခဲ့သည်။ ယဉ်ကျေးမှု စုံခဲ့သော cosmopolitanism ဖြစ်သော civilization နှင့် အုပ်ချုပ်ရေး စနစ်ရှိ ခဲ့သည်။ ထိုယဉ်ကျေးမှု စုံယှဉ်တွဲ နေထိုင်သော cosmopolitanism ဆုံးရှုံးသွားခြင်းသည်ပင် ယခုခေတ် မြန်မာနိုင်ငံ ဆင်းရဲခြင်း၏ အကြောင်းခံ တရပ် ဖြစ်သည်။

ဒေါက်တာသန်းမြင့်ဦးက ဆက်လက်၍ ၁၅ ရာစု အစပိုင်းတွင် ရခိုင်ဘုရင် နရမိတ်လှက အရှေ့ ဘင်္ဂလား Turkish-Afghan ဘုရင်၏ အာဖဂန်တပ်ဖွဲ့ အကူ အညီဖြင့် စွန့်လွှတ် ခဲ့ရသော ရခိုင် ထီးနန်း ပြန်လည် ရရှိခဲ့ပြီး ရခိုင်ပြည်၏ ရွှေခေတ် စတင် ခဲ့သည်။ သြဇာ အာဏာ တည်ဆောက် နိုင်ခဲ့ပြီး စီးပွားရေး တိုးတက်အောင် မြင်ခဲ့သည်။ အစ္စလာမ်နှင့် ဗုဓ္ဒဘာသာ ရောနှောသော hybrid အုပ်ချုပ်ရေး စနစ် တီထွင် ခဲ့သည်။ မြို့တော် ကိုလည်း မြောက်ဦးသို့ ပြောင်းရွှေ့သည်။ မြောက်ဦးသည် လူဦးရေ တစ်သိန်း ခြောက်သောင်း ခန့်ရှိပြီး နိုင်ငံတကာ ကုန်သွယ်ရေး၏ စုံရပ်တစ်ခု (ယခုခေတ် အခေါ် စီးပွားရေး transit) တစ်ခု ဖြစ်ခဲ့သည်။ လူဦးရေတွင် ရခိုင်၊ ဘင်္ဂလီ၊ အာရပ်၊ အာဖဂန်၊ ဗမာ၊ ဒတ်ခ်ျ၊ ပေါ်တူဂီ၊ အဗီးဆီးနီုး၊ ရုရှားနှင့် ခရစ်ယာန်၊ ဂျပန် တို့ပါဝင်ခဲ့သည်။

ယဉ်ကျေးမှုစုံ အုပ်ချုပ်ရေးတွင် ဘင်္ဂလီနှင့် ရခိုင်စာပေ ဖွံ့ဖြိုးရေးကို အားပေး ခဲ့သည်။ ဒေါ်လတ်ကရဇီ၊ အလ်ဝါလ်တို့က နန်းတွင်း အရာရှိကြီးများ ဖြစ်ပြီး ကဗျာများ၊ ဘာသာပြန် စာပေများ ရေသားခဲ့သည်။ ဘုရင်များက ပါဠိဘွဲ့များ အပြင် မူဆလင် နာမည်များ ခံယူခဲ့သည်။ --- ပါရှားဝတ်စုံများ Isfahan and Mughal conical hats (ဦးထုပ်များ) ၀တ်ဆင်လေ့ ရှိခဲ့သည်။ မူဆလင် ဘာသာရေး ယုံကြည်ချက် ကြေညာ စာတမ်းလေး ပါသော ငွေဒင်္ဂါးများ သွန်းလုပ် ခဲ့သည်။

ထိုစဉ်က ရခိုင် နိုင်ငံတော်သည် အလွန် တိုးတက် သာယာခဲ့ ပါသဖြင့် ပေါ်တူဂီ မှတ်တမ်း များမှာ မြောက်ဦးကို Venice, London, Amsterdam စသည့် ဥရောပ မြို့ကြီးများနှင့် နှိုင်းယဉ် ဖေါ်ပြခဲ့သည်ကို တွေ့ရသည်။ (Than Myint-U, The river of lost fool steps, 2011 P72-74 )

Thibautd’ Hubert နှင့် J. Leider တို့၏ “Traders and poets in Mrauk-U court in seventeen century; 2011, P 81-94) တွင် -- ရခိုင် နန်းတွင်းတွင် ပါရှားနှင့် ဘင်္ဂါလီ စာပေကို ရုံးသုံး စာပေ အဖြစ် သုံးခဲ့သည်။ ဒေသတွင်း ကုန်သွယ်ရေးတွင် ဤစာပေများ အရေးပါ ခဲ့သည်။ ပြည်ပ ကုန်သွယ်ရေး အတွက် ရောက်ရှိသူ အများစုမျာ အိန္ဒိယ မူဆလင်များ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ရခိုင်ဘုရင်က ဘင်္ဂါလီ စာပေပညာရှင် များကို မြှောက်စားခဲ့သည်။ နန်းတွင်း ရာထူးကြီး များတွင် ခန့်အပ်ခဲ့သည်။ Magon Thakur နှင့် Ashraf Khan တို့ ထိုစဉ် ရခိုင် ကာကွယ်ရေး ၀န်ကြီးများ ဖြစ်ခဲ့သည်။ ၎င်းတို့ လက်အောက်တွင် Dalaut Qazi နှင့် Alaol ကဲ့သို့ နန်းတွင်း အရာရှိကြီးများ (courtiers) နှင့် စာပေ ပညာရှင်များ၊ ကဗျာဆရာများ ပေါ်ပေါက် ခဲ့သည်။ ဘင်္ဂါလီ မျက်နှာဖုံး လူကြီးများသည် ဘာသာ စကားစုံ တက်ကျွမ်းသဖြင့် ပြည်တွင်း ပြည်ပ ဆက်ဆံရေးတွင် အဓိက အကျိုးဆောင်များ ဖြစ်ကြသည်။ မူရင်းစာ အတိုင်း ဖေါ်ပြရလျှင် “It is Bengali literature that provides the most comprehensive picture of the literary culture as conceived and practised by the members of royal court. Some letters and one inscription also testify to the use of Persian in diplomatic and administrative affairs. ဤသို့ဖြင့် ထိုစဉ်ရခိုင် နန်းတော်တွင်းတွင် ယဉ်ကျေးမှုစုံ ဝေဆာ ခဲ့ကြောင်း ထင်ရှား နေပေသည်။

ရခိုင်ပြည်တွင် နှစ်စဉ် ဘင်္ဂါလား ကမ်းခြေမှ လူများထောင်သောင်းချီ၍ ဖမ်းဆီး ခေါ်ဆောင်လာ၍ ရောင်းဝယ်ကြသည်။ ပြည်တွင်း၌ ခိုင်းစေခဲ့သည်။ မူရင်းစာသား အတိုင်း ဆိုလျှင် “the Hindu and Muslim Bengalis that were deported by the Arakanese were settled as royal workers in the rice growing plains of Kaladan and Lemro rivers.

သီရိ သုဓမ္မရာဇာ ၁၆၂၂-၃၈ က ဘင်္ဂလားမှ စစ်သုံးပန် သုံးသောင်းကျော် ခေါ်ဆောင် နေရာချ ခဲ့သည်။ နုရပတိမင်း ၁၆၃၈-၄၅ ကလည်း စစ်တကောင်းမှ ဆေးဆိုးသည်နှင့် ရက်ကန်းသည် သုံးသောင်းကို ပြည်ပ အထည် အလိပ် ကုန်သွယ်ရေးကို မြှင့်တင်ရန် ခေါ်ဆောင်၍ ရခိုင်မြစ်ဝှမ်း ဒေသများတွင် နေရာချ ခဲ့သည်။

စန္ဒာသုဓမ္မဘုရင် ၁၆၅၂-၈၄ ကို အထက် ကဗျာဆရာ Alaol ကချီးမွမ်းခန်းထုတ်သော ကဗျာ တစ်ပုဒ်တွင် ပထမ စာကြောင်းမှာ --- “The city called Rosanga is a matchless place on earth. Constantly full of grains and fishes” ရိုးရှန်းမြို့သည် ကမ္ဘာ မြေပြင်တွင် ယှဉ်ပြိုင်ဘက် ကင်းသော နေရာဖြစ်ပြီး သားငါး ပေါကြွယ်ဝသည်။

“Revering the sword of justice the Lamb and tiger meet peacefully and drink water together at the same ghat (water) ဘုရင်၏ တရား မျှတမှု ဓါးမြောင်ကို အားလုံး လေးစားသည်။ ကျား နှင့် သိုး တနေရာတည်း တရေတည်း သောက်သည်။ နောက်တကြောင်းတွင် ထပ်မံ၍ -- “No trace of the malevolent and wicked men’s vice anymore; the honest conduct of the king destroys all kind of pains”. နိုင်ငံတွင်းတွင် မလိုမုန်းတီးမှု များနှင့် လူယုတ်မာ များ၏ ဆိုးသွမ်းမှုများ အရိပ် လက္ခဏာပင် မရှိ၊ ပြည်သူ များတွင် နစ်နာမှု၊ မတရားခံရမှု၊ ခွဲခြား ဆက်ဆံမှုမျိုး ခံရခြင်း မရှိခဲ့ချေ။ ဘုရင်၏ မှန်ကန် မျှတသော ဖြောင့်မတ်သော အုပ်ချုပ် ကိုင်တွယ်မှုက တည်ငြိမ် အေးချမ်း စေခဲ့သည်။ ဤသည် ရခိုင် ဘုရင်ခေတ်၏ cosmopolitanism တနည်း Multiculturalism၏ အကျိုးဆက် ဖြစ်သည်။ (J. Leider နှင့် Thibaut d’ Hubert; traders and poets in Mrank-U court P-96)

ဝေါဟာရ ရှင်းလင်းချက်တွင် Rosango အဓိပ္ပါယ်ကို the Bengali name of Mrauk-U and it is also used to designate the kingdorn of Arakan ဟုပါရှိသည်။ ရိုရှန်းသည် ရခိုင်ပြည်၏ ၁၇ ရာစုက နာမည်ဖြစ် ကြောင်း တွေ့ရသည်။ ၎င်းတွင် ရခိုင်မှအပ ဘင်္ဂါလား၊ အိန္ဒိယ၊ ပါးရှား၊ အာရပ် ၊မဂို၊ ပထန် စသည့် ဒေသမှ လူများ ရှိခဲ့ကြောင်း ထင်ရှားနေသည်။ အထက် လူမျိုးစုများ နှစ်ပေါင်းရာချီပြီး ရောနှော နေထိုင်လာခဲ့ သဖြင့် သီးခြား လူမျိုးစုတစ်စု အသွင်ဆောင် လာသည်။ ရခိုင်လူမျိုးများ ဘာသာပြောင်း ၊ အစ္စလာမ် ဖြစ်လာခဲ့ရာ အထက် လူမျိုးပေါ် ရခိုင် ယဉ်ကျေးမှု လွှမ်းမိုးမှုလည်း ရှိပါသည်။ ယင်းတို့အား ယနေ့ ရိုဟင်ဂျာဟု ခေါ်ခြင်း ဖြစ်သည်။ ရိုဟင်ဂျာကို လွတ်လပ်ရေး ရပြီးနောက် အစိုးရ များက တိုင်းရင်းသား အဖြစ် အသိအမှတ်ပြု ထားခဲ့သော အထောက် အထား အခိုင်အလုံ ရှိရာ ထိုစဉ်က ရခိုင် ရိုဟင်ဂျာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင် ခဲ့ကြသည်။

ဟိုရှေးခေတ်က မတူကွဲပြားသော လူမျိုးစုံ ယှဉ်တွဲ နေထိုင်၍ သာယာ တိုးတက်ခဲ့သော နိုင်ငံ ဖြစ်ခဲ့ကြောင်း သာဓက ရှိခဲ့သည့် အပြင် လွတ်လပ်ရေး ရပြီး နောက်ပိုင်းလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် နိုင်ခဲ့ပေသည်။ ယခု အချိန်တွင် ထိုမတူညီ ကွဲပြားခဲ့သူ များ၏ မျိုးဆက် များနှင့် အတူ ယှဉ်တွဲ မနေနိုင်၊ ခွဲခြား ထားရမည် တတိယ နိုင်ငံ ပို့ရမည် စသည်ဖြင့် ပြောဆို နေခြင်းသည် ရိုးရိုး မဟုတ်နိုင်၊ ပယောဂကြေင့် ဖြစ်နိုင်သည်။ ရောဂါ တစ်ခု ကူးစက်ခြင်း ဖြစ်နိုင်သည်။ ကောင်းသော ရောဂါ မဟုတ် သူများကို ဖျက်ဆီး လိုသော ရောဂါ ဖြစ်သလို ကိုယ့်ကိုယ်ကိုလည်း ဖျက်ဆီးမယ့် ရောဂါ ဖြစ်သည်။ အထက်တန်းလွှာ စီးပွားရေးသမား တစ်စု၊ တည်ငြိမ်မှု ပျက်ပြားအောင် ဆော်သြ ကြိုးကိုင်ခဲ့သူ နိုင်ငံရေး သမား တစုမှ အပ ရခိုင် ပြည်သူ ပြည်သား အားလုံး ဆင်းရဲဒုက္ခ မျိုးစုံ ခံနေရသည်။ သို့ဖြစ်ပါ၍ နေရပ်ကို စွန့်ခွာ၍ ရေခြား၊ မြေခြားတွင် စီးပွားရှာ နေရသည်။ အကြမ်းဖက် လုယက် တိုက်ခိုက် လိုသူများ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ ယှဉ်တွဲ အတူ နေထိုင်လိုခြင်း မရှိသူများက ရှေးရခိုင် ဘုရင်ခေတ်ကို သင်ခန်းစာ ယူနိုင်ပါက ရခိုင်ပြည်နယ်သည် အေးချမ်း သာယာပြီး ဒုတိယ အဆင်းရဲဆုံး ပြည်နယ် အဆင့်မှ လွတ်မြောက်၍ တိုးတက်သော ပြည်နယ် တခု ဖြစ်လာ နိုင်ပါသည်။

Comment ရေးရန်

Rohingya Exodus