March 17, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လောင်းချောင်းနှင့် ငကျဉ်ထောက် အုပ်ချုပ်ရေးမှူး များနှင့် နယ်ခြားစောင့်ရဲ များက ရွာသားများထံမှ ငွေညှစ်



MYARF
RB News
13.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း၊ တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၉၊ ယခု ဒေသ ၄) မှ နယ်ခြားစောင့်ရဲ များနှင့် လောင်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းတို့ ပူးပေါင်း၍ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် လောင်းချောင်း ကျေးရွာမှ ဦးမာဘူးရာမန် (ဘ) ဦးအဒူရာမန်ကို စိုက်ခင်းတဲမှ ဖမ်းဆီးပြီး နိုဝင်ဘာလ (၂၇) ရက်နေ့က ရိုဟင်ဂျာနှင့် ဒိုင်းနက်များ အကြား အခင်းဖြစ်ပွားပြီး တိမ်းရှောင်နေသော တရားခံများကို ထမင်းကျွေးခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် ၆ သောင်းနှင့် တန်ဖိုးအားဖြင့် ငွေကျပ် ၃၆၀၀၀ ရှိ ကြက်ဖသုံးကောင်ကို ညှစ်ယူခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဒီဇင်ဘာလ (၂) ရက်နေ့တွင် လောင်းချောင်း ကျေးရွာမှ ဦးဇာကဲရ်ဟူစိန်း (ဘ) ဦးအာဘူတာဟဲရ်သည် ၎င်းကျေးရွာအုပ်စု၊ ဆင်ဆွယ်ရ ကျေးရွာ (ဒိုင်းနက်ရွာ) မှ လမ်းလျှောက်သွားနေစဉ် တောင်ဘဇာ စခန်းမှ နယ်ခြားစောင့်ရဲ များက ဖမ်းဆီးပြီး ၎င်းတွင် ပါလာသည့် ငွေကျပ် ၄ သိန်းကို လုယက်ခဲ့သည်။ လုယက်ခံရသူက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းထံ တိုင်တန်းသောကြောင့် အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲ များအား ငွေပြန်ပေးခိုင်းသဖြင့် နယ်ခြားစောင့်ရဲများက ငွေကို ပြန်ပေးခဲ့ရသည်။ 

ထို့နောက် အုပ်ချုပ်ရေးမှူးက ဆုံးရှုံးခဲ့သည့် ငွေကို ပြန်ပေးယူခဲ့သောကြောင့် ၎င်းအား ငွေကျပ် နှစ်သိန်း ပေးရမည်ဟု တောင်းသည်ကို ဦးဇာကဲရ်ဟူစိန်းက မပေးသဖြင့် ဒီဇင်ဘာလ (၃) ရက်နေ့တွင် အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲ ခေါ်လာပြီး၊ ဦးဇာကဲရ်ဟူစိန်း ယာခင်း၌ အလုပ်လုပ်နေစဉ် ဖမ်းဆီး၍ အုပ်ချုပ်ရေးမှူး အိမ်သို့ ခေါ်ဆောင် သွားကာ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ ငွေကျပ် နှစ်သိန်းငါးသောင်းမှ နှစ်သိန်းကို အုပ်ချုပ်ရေးမှူးက ယူခဲ့ပြီး၊ ကျန်သည့် ငါးသောင်းကို နယ်ခြားစောင့်ရဲကို ခွဲဝေပေးခဲ့သည်။ 

ဒီဇင်ဘာလ (၃) ရက်နေ့တွင် လောင်းချောင်း ကျေးရွာမှ ဦးအာဘူအာမတ် (ဘ) ဦးအာဘူလ်ဟာရှိမ်ကို အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းနှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် လေးသိန်း ညှစ်ယူခဲ့သည်။ ငကျဉ်ထောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းလင်း (ခ) ဇော်ဇော်နှင့် ၎င်း၏ တပည့် ဦးဆော်လိမ် (ဘ) ဦးအဒူရော်ကိမ် တို့က ရွာသားများကို ရိုဟင်ဂျာနှင့် ဒိုင်းနက် ပြဿနာ ဖြစ်ပွားခဲ့သော အရေးတွင် တရားခံ စာရင်း၌ ပါဝင်သည်ဟု လုပ်ကြံ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်။ 

ဒီဇင်ဘာလ (၉) ရက်နေ့တွင် ငကျဉ်ထောက် ကျေးရွာမှ ဦးဘော်ရှိရ်အုလ္လာ (ဘ) ဦးအာနိုဝါရ်ကို အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့က တရားခံ စာရင်း၌ ပါဝင်သည်ဟု ခြိမ်းခြောက်၍ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့သည်။ ယင်းကျေးရွာမှ မော်လ၀ီ သုံးပါးကိုလည်း တရားခံ စာရင်း၌ ပါဝင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေတောင်းခံ ခဲ့ရာ မော်လ၀ီများက ငွေမပေးသဖြင့် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ဖမ်းဆီးရန် ရှာဖွေ နေသောကြောင့် မော်လ၀ီများ တိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောပါသည်။ 

ဒီဇင်ဘာလ (၁၀) ရက်နေ့တွင်လည်း အုပ်ချုပ်ရေးမှူးက တပည့် ဆော်လိမ်ကို စေလွှတ်ပြီး ဟာဖီးဇ် မောင်ဇူရ်ဟာဆောင် ထံမှ ငွေတောင်းခံခဲ့သည်။ သို့သော်သည်း ဟာဖီးဇ် မောင်ဇူရ်ဟာဆောင်က ငွေမပေးခဲ့ပေ။ ထိုသို့ ငွေတောင်းခံခဲ့ရသူ များမှ တရားခံ စာရင်း၌ ပါဝင်သူများ မဟုတ်ကြောင်း ဒေသခံများက ဆိုသည်။ လောင်းချောင်း ကျေးရွာနှင့် ငကျဉ်ထောက် ကျေးရွာတွင် ရိုဟင်ဂျာနှင့် ဒိုင်းနက်များ အကြား ပြဿနာ ဖြစ်ပွားပြီးနောက် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက တရားခံ (၇) ဦးမှ နှစ်ဦး ဖမ်းဆီး ရမိပြီး ငါးဦး ကျန်နေသည်။ ထိုငါးဦးမှ အပ အခြားလူများကို ဖမ်းဆီးမဟုတ်ဟု ရဲမှူးက ပြောကြားပြီး၊ ယင်းငါးဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့သည်။ သို့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးက နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်းပြီး ရိုဟင်ဂျာ အမြောက်အမြားကို တရားခံ စာရင်း၌ ပါဝင်သည်ဟု ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်။ လောင်းချောင်း ကျေးရွာအုပ်စု တွင်လည်း အုပ်ချုပ်ရေးမှူး၏ တပည့် ဦးအဒူလာမီးန် (ဘ) ဦးဆော်လာမတ်ကို အသုံးချ၍ အုပ်ချုပ်ရေးမှူးက ရွာသားများ ထံမှ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus