နောက်ဆုံးသတင်း/ဆောင်းပါးများ

အော့စ်ဖို့ တက္ကသိုလ်၊ ၀ုဖ်ဆင် ကောလိပ်တွင် မေလ (၁၁) ရက်၌ ကျင်းပမည့် ကွန်ဖရင့် အစီအစဉ်များ



မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှု: "လူမျိုးရေးဖိနှိပ်ခံ ရိုဟင်ဂျာများ အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်သလဲ"


အောက်စဖို့ တက္ကသိုလ်၊ ဝုဖ်ဆင် ကောလိပ်၊ တောင်အာရှ သုတေသနအဖွဲ့မှ စီစဉ်ကျင်းပသည်။

မည်သူမဆို တက်ရောက် နိုင်သော တစ်ရက်တာ သုတေသန ကွန်ဖရင့်၊ အောက်စဖို့ဒ် တက္ကသိုလ်။

ကွန်ဖရင့်ကဏ္ဍ အများစုကို အင်တာနက်ပေါ်တွင်

http://live.oxfordvideostreaming.co.uk/myanmarspersecutedrohingya.html  တိုက်ရိုက် ထုတ်လွှင့်မည်။

နေ့စွဲ ။……..။ မေလ ၁၁ ရက်၊ ၂၀၁၆ ( နံနက် ၈း၃၀ - ညနေ ၄း၃၀)

နေရာ ။……။ Leonard Auditorium, Wolfson College, Linton Road, Oxford, O2 6UD
https://www.wolfson.ox.ac.uk/
အောက်စဖို့ တက္ကသိုလ်၊ ဝုဖ်ဆင် ကောလိပ်၊ တောင်အာရှ သုတေသနအဖွဲ့မှ စီစဉ် ကျင်းပသည်။

ကွန်ဖရင့် နံနက် ၈နာရီ ၃၀ မိနစ်တွင် စမည်။

တက်ရောက်မည့်သူများ ကြိုတင် အကြောင်းကြားရန် လိုအပ်ပါသည်။

အကြောင်းကြားရန် အတွက် ဒေါက်တာ မောင်ဇာနည် ကို အီးမေးလ် fanon2005@gmail.com သို့ ဆက်သွယ်နိုင်သည်။

ရည်ရွယ်ချက်များ -

အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ သမိုင်း၊ အများပြည်သူ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် နိုင်ငံရေး နယ်ပယ်များမှ သုတေသန သမားများနှင့် ကျွမ်းကျင်သူများ၊ အလားတူ ရိုဟင်ဂျာ လူ့အခွင့်အရေးကို ကာကွယ်ကြသူများ အားလုံးကို အတူတကွ စုဝေးပေးရန်။

၁။ လူမျိုးတစ်စုကို အမြစ်ဖြတ် ချေမှုန်းမှု သတ်ဖြတ်မှု အကြောင်း (genocide)၊ လူမျိုးရေး ဘာသာရေး အရ ရန်ပြု နှိပ်ကွပ်ခြင်း (Persecution), ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ခြင်း (Democratisation) စသည့် အခေါ်အဝေါ် များ၏ အနက် အဓိပ္ပါယ်များ၊ ယင်းတို့အကြား သီအိုရီအရ ဆက်နွယ်ပုံနှင့် သမိုင်းကြောင်းအရ ဆက်နွယ်ပုံ တို့ကို အနုလုံ ပဋိလုံ စစ်ဆေးရန်နှင့် အပြန်အလှန် ငြင်းခုန် ဆွေးနွေးကြရန်။

၂။ အပြည်ပြည်ဆိုင်ရာ လူမျိုးတုန်း သတ်ဖြတ်မှုနှင့် ဥပဒေရေးရာ ပညာရှင်များက သာမကဘဲ ကမ္ဘာ့ထင်ရှားသူများဖြစ်သည့် ဂျော့ဂ်ျဆိုးရို့စ်၊ ဒက်စမွန်တူးတူး၊ မိုင်းရိဒ် မက်ဂွဲ၊ အမ္မာတီယာ ဆင်၊ ဂျိုဒီ ဝေလီယံ၊ ရှီရှင် အက်ဘေဒီ၊ အဒေါ့လ်ဖိုလ် ပီရက် အက်ကီဗယ်၊ လေးမား ဘိုဝှီး နှင့် တာဝကော ကာမန် {George Soros, Desmond Tutu, Mairead Maguire, Amartya Sen, Jody Williams, Shirin Ebadi, and Adolfo Perez Esquivel, Leymah Gbowee and Tawakkol Karman} စသူတို့ကပါ ရိုဟင်ဂျာများ အပေါ် မြန်မာပြည်၏ တမြေ့မြေ့ ညှဉ်းသတ်သော လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အသိအမှတ်ပြု ထားသည့် အကြောင်းအရာပေါ်တွင် တက္ကသိုလ်၏ အရေးပါသော မီးမောင်းထိုးပြမှုနှင့် လွတ်လပ်သော သုတေသန တို့ကို ဆက်လက် လုပ်ဆောင်သွား နိုင်ရန်။

၃။ နယူးယော့ခ်တိုင်းမ် က ၂၁ ရာစု နာဇီ အကျဉ်းစခန်းကြီးများဟု အမည်ပေးခံရသည့် ကြီးမားကျယ်ပြောသည့် ရိုဟင်ဂျာ အကျဉ်းထောင်များ (ရိုဟင်ဂျာမြို့ရွာ များဟု အဓိပ္ပါယ်ရ) နှင့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်စခန်း များတွင် နေထိုင်ရသော ရိုဟင်ဂျာ လူမျိုး တစ်သန်းကျော် နေထိုင်နေရသော ဆိုးရွားသည့် ဘဝအခြေအနေ များအပေါ် မကြာမီက ပြုလုပ်ခဲ့သည့် သုတေသနအပေါ် အာရုံစိုက်လာမိ ကြစေရန်။

၎။ ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ပြည်ထောင်စု အစိုးရက ဦးဆောင် ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာ လူနည်းစုအပေါ် နှိပ်ကွပ်မှုကို အဆုံးသတ်ရေးသည် ပထမ ဦးစားပေးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အစိုးရ သိသာ ထင်ရှားစေအောင် သက်သေ အထောက်အထား များကို တင်ပြရန်။

၅။ စစ်မှန်သော ဒီမိုကရေစီ စနစ် ထူထောင်ရာတွင် အကြီးမားဆုံး အတားအဆီးကြီး ဖြစ်သည့် "လူမျိုးစုကိုယ်ပိုင် အမှတ်အသားကြောင့် ကြီးမားသော လူ့အဖွဲ့အစည်း တစ်ခုကို ဆက်လက် ဖျက်ဆီးနေခြင်း" ကို ဖယ်ရှားနိုင်ရန် အတွက် မြန်မာဒီမိုကရက် များကို စွမ်းဆောင်ရည် ပေးနိုင်မည့် အရေးပါ၊ အပြုသဘောဆောင်သော အကြံဉာဏ် များကို ဝိုင်းဝန်း စဉ်းစား အဖြေရှာပေးကြရန်။

ကွန်ဖရင့် အစီအစဉ်

ကွန်ဖရင့် လက်ခံကျင်းပသူ၏ ကြိုဆိုခြင်း (နံနက် ၈.၃၀ နာရီ - ၈.၃၅ နာရီ)

ပါမောက္ခ Barbara Harriss – White (ပူးတွဲ စီစဉ်သူ၊ SARC, ဝုဖ်ဆင်ကောလိပ်)

အဖွင့်အမှာစကား (နံနက် ၈.၃၅ နာရီ - ၈ ၄၀ နာရီ)

ဒေါက်တာ မောင်ဇာနည် (သုတေသန ဆရာ၊ The Sleuk Rith Institute, Cambodia နှင့် "ဗမာ စစ်ဗိုလ်ချုပ်ကြီးများ ဘာကြောင့် ပြုပြင်ပြောင်းလဲ သနည်း၊ သို့မဟုတ် ပြောင်းလဲ တာရော ဟုတ်ပါ့မလား" အမည်ရ စာအုပ်ကို ရေးသား နေသူ, Forthcoming, Yale University Press)

ပထမ နံနက်ပိုင်း အစီအစဉ် (နံနက် ၈:၄၀ နာရီ - ၉:၂၅ နာရီ ။ ဟောပြောသူ တစ်ဦးလျှင် ဆယ်မိနစ်။ အမေးအဖြေ အတွက် ၁၅ မိနစ်)

"သမိုင်း နှင့် လူမျိုး အမှတ်အသား ဆိုင်ရာ နိုင်ငံရေး"

သဘာပတိ: ပါမောက္ခ Barbara Harrell-Bond (တည်ထောင်သူ၊ ဒုက္ခသည်ရေးရာ လေ့လာရေး ဗဟိုဌာန၊ အောက်စဖို့ဒ် တက္ကသိုလ် နှင့် ဒါရိုက်တာ၊ ဖာဟာမူ ဒုက္ခသည် အစီအစဉ်၊ အောက်စဖို့ဒ်။)

ဒေါ်ခင်လှ (ရိုဟင်ဂျာ ဒုက္ခသည်နှင့် အလယ်တန်းကျောင်းဆရာမဟောင်း၊ ရခိုင်ပြည်နယ်)
"မြန်မာပြည် ရိုဟင်ဂျာဘဝအကြောင်း"

ပါမောက္ခ Michael W. Charney (ပါမောက္ခ၊ အာရှ နှင့် စစ်တပ် သမိုင်း၊ သမိုင်းဌာန၊ အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေှး (SOAS)၊ လန်ဒန်တက္ကသိုလ်)
"၁၄ ရာစုမှ စတင်ခဲ့သော ရခိုင်ပြည်နယ်အတွင်း နိုင်ငံနှင့် လူမှုအဖွဲ့အစည်း : ပါဝင်မှုမှာသည် အစွန်းပေါ်ခြင်း နှင့် ပထုတ်ခံရမှု"

မောင်ဘိုဘို (မြန်မာ Ph.D. ကျောင်းသား၊ သမိုင်းဌာန၊ SOAS)
"ဗမာပြည် အစိုးရ တရားဝင် မှတ်တမ်းမှတ်ရာများ အပေါ် အခြေခံသော ရခိုင်ပြည်တွင်း ရိုဟင်ဂျာလူမျိုးစု အမှတ်အသားနှင့် တည်ရှိမှု"

ဒုတိယ နံနက်ပိုင်း အစီအစဉ် (နံနက် ၉ : ၃၀ နာရီ - ၁၀ : ၁၅ နာရီ။ ဟောပြောသူ တစ်ဦးလျှင် ၁၀ မိနစ်စီ နှင့် အမေးအဖြေ ၁၅ မိနစ်)

အများပြည်သူ ကျန်းမာရေး၊ ခေါင်းပုံဖြတ်ခံရမှု နှင့် လူကုန်ကူးခြင်း


သဘာပတိ - ပါမောက္ခ Shapan Adnan (တွဲဖက်၊ ခေတ်ပြိုင် တောင်အာရှ လေ့လာရေး အစီအစဉ်၊ အောက်စဖို့ဒ်တက္ကသိုလ် (နှင့်) တွဲဖက် ပါမောက္ခဟောင်း၊ စင်္ကာပူ တက္ကသိုလ် လူမှုဗေဒ ဘာသာရပ်နှင့် ပါမောက္ခ၊ စစ်တကောင်း တက္ကသိုလ်၊ ဘင်္ဂလားဒေ့ရှ်။)

Dr. S. Saad Mahmood, (MD၊ ကထိက၊ ဟားဗတ်တက္ကသိုလ် ဆေးကျောင်း၊ ဘော့စတွန်၊ ယူအက်စ်အေ၊)
"ရိုဟင်ဂျာများ ပြည်သူ့ ကျန်းမာရေး အခြေအနေ: ဟားဗတ် လေ့လာချက်တစ်ခုမှ တွေ့ရှိချက်များ"

Dr Ambia Perveen (MD, ကလေး ရောဂါကု ဆရာဝန်၊ ဆန့်ခ် မေရီယိန်း ဆေးရုံ၊ ဒူအာရင်မြို့၊ ဂျာမဏီ။ ဥရောပ ရိုဟင်ဂျာကောင်စီမှ ရိုဟင်ဂျာ အရေး တက်ကြွ လှုပ်ရှားသူ)
"ရိုဟင်ဂျာများ အတွက် ကျန်းမာရေး စောင့်ရှောက်မှုကို မြန်မာပြည်၏ ငြင်းပယ်မှု"

Matthew Smith (အမှုဆောင် ဒါရိုက်တာ၊ အခွင့်အရေး အားဖြည့် ကာကွယ်မှု or Fortify Rights)
"ရခိုင်ပြည်တွင်း အပြည်ပြည်ဆိုင်ရာ မှုခင်းများ၊ ကြိုတင် ကာကွယ်ခြင်းနှင့် တာဝန်ယူမှုများ " (ကွန်ဖရင့်အတွက် ကြိုတင် မှတ်တမ်းတင် ရိုက်ကူးထားသော တင်ပြမှု ဖြစ်ပါသည်။)

လက်ဖက်ရည်၊ ကော်ဖီ သောက်ချိန် (နံနက် ၁၀:၁၅ နာရီ - ၁၀:၄၅ နာရီ)

တတိယ နံနက်ပိုင်း အစီအစဉ် (နံနက် ၁၀:၄၅ နာရီ - ၁၁:၃၀ နာရီ။ ဟောပြောသူ တစ်ဦးလျှင် ၁၀ မိနစ်။ အမေးအဖြေ ၁၅ မိနစ်)

ရိုဟင်ဂျာများ အပေါ် ဖိနှိပ်မှုနှင့် ပတ်သက်သော မြန်မာပြည်၏ မူဝါဒနှင့် လုပ်ဆောင်မှုများ
သဘာပတိ - ပါမောက္ခ Daniel Feierstein (လူမျိုးတုန်း သတ်ဖြတ်မှု ဆိုင်ရာ နိုင်ငံတကာ ပညာရျင်များအဖွဲ့, ဥက္ကဌဟောင်း၊ (၂၀၁၃ -၂၀၁၅)။ ဒါရိုက်တာ၊ စင်ထရို ဒီ အက်စတူဒီယိုစ် ဆိုဘာ၊ အာဂျင်တီနား အမျိုးသား တက္ကသိုလ်။ Genocide AS Social Practice: Reorganizing Society Under the Nazis and Argentina's Military Tuntas (Rutgers University Press, 2014) စာအုပ်ကို ရေးသားသူ။)

ဒေါက်တာ Nancy Hudson-Rodd (ဂုဏ်ထူးဆောင်ဆရာ၊ တက်စမေးနီးယား အာရှ အင်စတီကျု၊ သြစတေးလျ။
"ရိုဟင်ဂျာ မျိုးတုန်း သတ်ဖြတ်မှု: ဗမာပြည်၏ ပြည်တွင်း အကြမ်းဖက်မှုတွင် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှု"

ပါမောက္ခ Penny Green နှင့် Dr Thomas MacManus ( မြန်မာပြည်မှ လူမျိုးတုန်းသတ်ဖြတ်မှု၊ ရိုဟင်ဂျာများကို အမြစ်ဖြတ် ချေမှုန်းမှု ဟူသည့် ၂၀၁၅ ခုနှစ် အစီရင်ခံစာကို ပူးတွဲ ရေးသားခဲ့သူများ။ အပြည်ပြည်ဆိုင်ရာ နိုင်ငံတော်က ကျူးလွန်သော ရာဇဝတ်မှု များကို လေ့လာ ဖော်ထုတ်ရေး၊ လန်ဒန် ကွင်းမေရီ တက္ကသိုလ်)
"မြန်မာပြည်မှ အမြစ်ဖြတ်ခြေမှုန်းမှု ရာဇဝတ်မှုများကို လေ့လာဖော်ထုတ်မှု" 

ဒေါက်တာ မောင်ဇာနည် (ပစိဖိတ် ဥပဒေနှင့် ပေါ်လစီ ဂျာနယ်တွင် ၂၀၁၄ ခုနှစ်က ဖော်ပြသော မြန်မာပြည်တွင်း တမြေ့မြေ့လောင်ကျွမ်းနေသော ရိုဟင်ဂျာလူမျိုးစုအား အမြစ်ဖြတ် ချေမှုန်းမှု စာတမ်းအား အဲလစ်ကောင်လီ နှင့်အတူ ပူးတွဲရေးသားသူ)
"တမြေ့မြေ့လောင်ကျွမ်းနေသော ရိုဟင်ဂျာလူမျိုးစုအား အမြစ်ဖြတ်ချေမှုန်းမှု"

အဓိက မိန့်ခွန်း (နံနက် ၁၁:၃၀ နာရီ - ၁၂:၃၀ နာရီ) -- (မိနစ် ၃၀ ကြာ မိန့်ခွန်း နှင့် အမေးအဖြေ ၁၅ မိနစ်)

သဘာပတိ - ပါမောက္ခ Barbara Harriss-White

"ရိုဟင်ဂျာတွေရဲ့ အသံကို ကမ္ဘာက ဘာကြောင့် မဖြစ်မနေ နားထောင်ရမယ် ဆိုတဲ့ အကြောင်း"
ဟောပြောသူ - ပါမောက္ခ Gayatri Chakravorty Spivak
(တက္ကသိုလ် ပါမောက္ခ၊ နှိုင်းရ စာပေနှင့် လူမှု အဖွဲ့အစည်းဆိုင်ရာ တက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ်၊ ကိုလိုနီခေတ်နောက်ပိုင်း aလ့လာမှုများကို တည်ထောင်သူ အဖွဲ့ဝင်တဦး)

နေ့လည်စာ၊ Haldane ခန်းမ၊ ဝုဖ်ဆင်ကောလိပ် (နေ့လည် ၁၂:၁၅ နာရီ - ၁:၁၅ နာရီ)

ပထမ နေ့လည်ပိုင်း အစီအစဉ် (နေ့လည် ၁:၁၅ နာရီ - ၁:၂၅ နာရီ)

"ရိုဟင်ဂျာများကို တဖြည်းဖြည်းမျှဉ်းပြီး လူမျိုးတုန်း သတ်ဖြတ်မှု"
၁၉၉၈ ခုနှစ်အတွက် ဘောဂဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင် Amartya Sen -- ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ဟားဗတ်တွင် ရိုက်ကူးထားသော ဗီဒီယို

(သောမတ်စ် ဒဗလျူ လာမွန့် တက္ကသိုလ် ပါမောက္ခ နှင့် ဟားဗတ် တက္ကသိုလ် ဒဿနိကနှင့် ဘောဂဗေဒ ပါမောက္ခ)

ဒုတိယ နေ့လည်ပိုင်း အထူး အစီအစဉ် (နေ့လည် ၁:၂၅ နာရီ - ၂:၁၀ နာရီ။ ၂၀ မိနစ် စားပွဲဝိုင်း ဆွေးနွေးမှု။ အမေးအဖြေ- ၂၅ မိနစ်)

"အမြစ်ဖြတ်ချေမှုန်းမှု လူမျိုးတုန်းသတ်ဖြတ်မှု အကြောင်း ဆွေးနွေးမှု: ကုလသမဂ္ဂ၏ နိုင်ငံရေး၊ နိုင်ငံတကာ လူ့အခွင့်အရေး များနှင့် လူမျိုးတုန်း သတ်ဖြတ်မှု၏ လူမှုဗေဒ"

သဘာပတိ - ပါမောက္ခ Penny Green ( ဥပဒေ နှင့် ကလိုဘယ်လိုက်ဇေးရှင်းဆိုင်ရာ ပါမောက္ခ။ ဒါရိုက်တာ၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံတော်က ကျူးလွန်သော ရာဇဝတ်မှုခင်း သုတေသန အဖွဲ့၊ ကွင်းမေရီ တက္ကသိုလ်၊ လန်ဒန်)

ပါမောက္ခ Daniel Feierstein (လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ ပညာရျင်များအဖွဲ့ ဥက္ကဌဟောင်း၊ (၂၀၁၃ -၂၀၁၅)။ ဒါရိုက်တာ၊ စင်ထရို ဒီ အက်စတူဒီယိုစ် ဆိုဘာ၊ အာဂျင်တီနား အမျိုးသားတက္ကသိုလ်။ Genocide AS Social Practice: Reorganizing Society Under the Nazis and Argentina's Military Tuntas (Rutgers University Press, 2014)စာအုပ်ကို ရေးသားသူ။)

Tomas Ojea Quintana or Mr ကင်တာနား (လူ့အခွင့်အရေး ရှေ့နေ နှင့် မြန်မာပြည်တွင်း လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူး တာဝန် ပေးအပ်ခံရသော ကုလ ကိုယ်စားလှယ် (၂၀၀၈-၂၀၁၄))

တတိယ နေ့လည်ပိုင်း အစီအစဉ် (နေ့လည် ၂:၁၅ နာရီ - ၃:၀၀ နာရီ ။ ၁၅ မိနစ်တာ ဆွေးနွေးချက်များ ပါဝင်သည်။)

"ရိုဟင်ဂျာများအပေါ် နှိပ်ကွပ် အရေးယူမှု၊ ပြင်ပ လှုပ်ရှားသူများနှင့် ရှုထောင့်အမြင်များ"

သဘာပတိ - ဒေါက်တာ မောင်ဇာနည် (Sleuk Rith Institute, ကမ္ဘောဒီးယား)

ပါမောက္ခ Shapan Adnan (တွဲဖက်၊ ခေတ်ပြိုင် တောင်အာရှ လေ့လာရေး အစီအစဉ်၊ အောက်စဖို့ဒ်တက္ကသိုလ် (နှင့်) တွဲဖက်ပါမောက္ခဟောင်း၊ စင်္ကာပူတက္ကသိုလ် လူမှုဗေဒဘာသာရပ်နှင့် ပါမောက္ခ၊ စစ်တကောင်းတက္ကသိုလ်၊ ဘင်္ဂလားဒေ့ရှ်။)

အဇရေး မိုဟာမက် အာမင် (ရှေ့နေနှင့် အမှုဆောင်ချုပ်၊ လူ့အခွင့်အရေး သုတေသန ဗဟိုနှင့် မြှင့်တင်မှု (CENTHRA)၊ မလေးရှား)

Dr Azeem Ibrahim (ရိုသာမီယာ အမေရိကန် အင်စတီကျု ဖဲလိုး၊ အောက်စဖို့ တက္ကသိုလ်။ The rohingyas: Inside Myanmar's Hidden Genocide (Hurst, 2016) ကိုစာအုပ် ရေးသားသူ)

က်ာဖီ၊လက်ဘက်ရည် သုံးဆောင်ချိန် (နေ့လည် ၃:၀၀ နာရီ - ၃:၃၀ နာရီ)

ပါမောက္ခ Maya Tudor မှ အထူးတင်ဆက်ခြင်း (နေ့လည် ၃:၀၀ နာရီ - ၃:၄၅ နာရီ)

"နှိုင်းရ တိုင်းရင်းသား အမျိုးသားဝါဒများအပေါ် ပြန်လှန်သုံးသပ်ခြင်း"

(တွဲဖက်ပါမောက္ခ၊ နိုင်ငံရေးနှင့်အများပြည်သူပေါ်လစီ ဌာန၊ ဘလဗက်နစ် အုပ်ချုပ်မှုကျောင်း၊ အောက်စဖို့တက္ကသိုလ်၊ မြန်မာပြည်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း ကာတာစင်တာတွင် နိုင်ငံတကာလေ့လာသူ)



နောက်ဆုံး နေ့လည်ပိုင်း နိဂုံးအစီအစဉ် ( နေ့လည် ၃:၄၅ နာရီ - ၄:၃၀ နာရီ)

"ရိုဟင်ဂျာများ အပေါ် ဖိနှိပ်မှု အဆုံးသတ်စေရန် နိုင်ငံတကာ လူ့အဖွဲ့အစည်းမှ ဘာတွေ လုပ်ပေးနိုင်သလဲ"
သဘာပတိ - Mark Farmaner (ဒါရိုက်တာ၊ ဘာမားကမ်ပိန်း - ယူကေ Burma Campaign UK)

ရို ရွှေမောင် Former MP (USDP) via Skype from USA

ရို ထွန်းခင် (ဥက္ကဌ၊ ဗမာရိုဟင်ဂျာအစည်းအရုံး၊ ယူကေ)

နူရူးအစ္စလာမ် (ရိုဟင်ဂျာရှေ့နေနှင့် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ၊ ယူကေ)

ဒေါက်တာလှကျော် (ရိုဟင်ဂျာ ဆေးဘက်ဆိုင်ရာ ဆရာဝန်နှင့် တက်ကြွ လှုပ်ရှားသူ၊ ဥရောပ ရိုဟင်ဂျာကောင်စီ)

Comment ရေးရန်

Rohingya Exodus