March 18, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

မောင်တောမြို့တွင် နေအိမ်များ၌ အာရဗီစာ သင်ကြားခွင့် ပိတ်ပင်



Rohingya Eye
RB News
12.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က စက်တင်ဘာလ (၂) ရက်နေ့တွင် တရားဝင် အမိန့်စာ ထုတ်၍ နေအိမ်များတွင် အာရဗီ စာသင်ကြားခွင့်ကို ပိတ်ပင်လိုက်ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က သြဂုတ်လ (၁၆) ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လတစ်ဝက် အစည်းအဝေး ကျင်းပခဲ့ရာတွင် နှုတ်ဖြင့် ဗလီများနှင့် နေအိမ်များတွင် အာရဗီ စာသင်ကြားနေမှုကို တားမြစ်ပေးရန် ဟုဆိုကာ ညွန်ကြားခဲ့ပြီးနောက် စက်တင်ဘာလ (၂) ရက်နေ့တွင် တရားဝင် အမိန့်စာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အချိန်မှစ၍ ဗလီများတွင် အာရဗီစာ သင်ကြားခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ပုဒ်မ ၁၄၄ အရ ဗလီ၊ အများသွားလာနေသည့် နေရာ၊ ဈေး၊ ကျောင်းနှင့် ပန်းခြံရှေ့များတွင် လူငါးဦးထက် ပိုမစုရဟုသာ ပါရှိပြီး၊ နေအိမ်များတွင် မစုဝေးရဟု မပါရှိသဖြင့် အများစုက မိမိတို့၏ ကလေးငယ်များကို နေအိမ်တွင် သင်ကြားလျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ ကလေးတွေကို အိမ်မှာတောင် ဘာသာရေး မသင်ပေးရဘူးဆိုရင် ဒီကလေးတွေ ဘာသာမဲ့တွေ ဖြစ်ကုန်မှာပေါ့။ ဗလီမှာလည်း မသင်ရ၊ အိမ်မှာလည်း မသင်ရဆိုရင် သူတို့ ရုံးမှာ သွားသင်လိုက်ချင်တယ် လို့သာ မေးလိုက်ချင်တော့တယ်” ကလေးမိဘ တစ်ဦးက မကျေမနပ် ပြောဆိုပါသည်။

နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄ တွင် “ငြိမ်ဝိပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခြားအချက်ပြဌာန်းချက်တို့နှင့်သော်လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်အရေး တို့ကို အညီအမျှ ရရှိစေရမည်” ဟု ရေးသား ပြဌာန်းထားသည်။

နေအိမ်များတွင် အာရဗီစာ သင်ကြားခြင်းသည် ငြိမ်ဝိပိပြားရေးကို ထိခိုက်နိုင်ခြင်း မရှိသလို၊ အခြား ပြဌာန်းချက် များနှင့်လည်း ငြိစွန်း နေခြင်းမရှိသောကြောင့် လွတ်လပ်စွာ ကိုးကွယ် တည်ဆောက်နိုင်သော အခွင့်အရေးကို အာဏာပိုင်များက ခွင့်ပြုရမည် ဖြစ်သည်။

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ နေအိမ်များတွင် ဘာသာရေးနှင့် ပတ်သက်၍ လွတ်လပ်စွာ ကိုးကွယ် တည်ဆောက်ခွင့် ရှိသော်လည်း အစ္စလာမ် ဘာသာဝင် များကို တားမြစ် ကန့်သတ် ပိတ်ပင်ခြင်းမှာ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်။

အခြားသော ကလေး မိဘတစ်ဦးက “ဒီမှာ ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ အခြေခံ အာရဗီစာတွေကို အေးအေးချမ်းချမ်း သင်နိုင်ခဲ့တယ်။ အခု ဒီမြို့နယ် အုပ်ချုပ်ရေးမှူး ရောက်လာပြီးမှ ဟန့်တား ပိတ်ပင်နေတာက ကျွန်တော်တို့ ကလေးတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံး နစ်နာမှု ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ အောက်ခြေ အာဏာပိုင်တွေက လုပ်နေတာတွေကို ပြန်လည် သုံးသပ်ပြီး ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောပါသည်။


Comment ရေးရန်

Rohingya Exodus