March 17, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တော မြောက်ပိုင်းနှင့် တောင်ပြိုလက်ဝဲရှိ ကျေးရွာ အချို့မှ နေအိမ်များနှင့် ဆိုင်ခန်းများကို နယ်ခြားစောင့်ရဲများက ဖြိုချ

Rohingya Eye
RB News
25.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပြိုလက်ဝဲမြို့ရှိ ကျေးရွာ အချို့ နေအိမ်များနှင့် ဆိုင်ခန်းများကို နယ်ခြားစောင့်ရဲများက ယခင် န.စ.က မြေပုံတွင် မပါရှိသည့် နေအိမ်များဟု ဆိုကာ ဖြိုဖျက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း သဲချောင်း ကျေးရွာအုပ်စု၊ သာယာကုန်းရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဇူးသားခါလီရွာမှ ရိုဟင်ဂျာများ၏ နေအိမ် (၃) လုံးနှင့် ဖာရီးရွာမှ ဆိုင်ခန်း (၂) ခန်းကို ဒီဇင်ဘာလ (၂၂) ရက်နေ့က ဖြိုဖျက်ခဲ့ပြီး၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ယင်းကျေးရွာအုပ်စု မော်ဒီရွာမှ အိမ်ခြေ (၅) လုံးကိုလည်း ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဇူးသားခါလီရွာမှ ဖြိုဖျက်ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ --

(၁) မော်လ၀ီမိုဟာမတ်ရှာဟဲတ် (ဘ) ဦးအဘုလ်ဟူစိန်း (အသက် ၃၁ နှစ်)
(၂) ဦးဖေရာအလီ (ဘ) ဦးဂေါ်ဖောရ် (အသက် ၂၅ နှစ်)
(၃) ဦးနူရ်မုစ်တာဖာ (ဘ) ဦးနူရူဟောက် (အသက် ၄၂ နှစ်) -- တို့ဖြစ်သည်။ 

ဖာရီးရွာမှ ဖြိုဖျက်ခံရသည့် ဆိုင်ပိုင်ရှင်များမှာ --

(၁) ဦးအေနာတူလ္လာ (ဘ) ဦးဟာလိမ်မူလ္လာ (အသက် ၄၁ နှစ်)
(၂) ဦးဒေါ်လူ (ဘ) ဦးအဘူနူမာန် (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။ 

မော်ဒီရွာမှ ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ -- 

(၁) ဦးဇာဟိတ်အာလောမ် (ဘ) ဦးဆွေတာလာမ် 
(၂) နူရ်အာလောမ် (ဘ) ဦးမာမတ်အလီ (အသက် ၂၀ နှစ်)
(၃) မာမတ်ရှောရီဖ် (ဘ) ဦးရှောမိန်းဇော်လာလ် (အသက် ၂၅ နှစ်)
(၄) ဇာဖောရ်အာလောမ် (ဘ) မော်လ၀ီဟာကိမ်းအလီ (အသက် ၂၄ နှစ်)
(၅) အာယုဖ် (ဘ) ဦးဆွေယာဒ်နူရ် (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။

မောင်တောမြို့နယ် မြောတာင် ကျေးရွာအုပ်စု ဘော်သိလ္လာရွာမှ နေအိမ် (၄) လုံးနှင့် အလယ်ရွာမှ အလယ်ရွာမှ နေအိမ် (၂) လုံးတို့ကိုလည်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက န.စ.က မြေပုံတွင် မပါရှိဟု ဆိုကာ ဒီဇင်ဘာလ (၂၄) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ဖြိုဖျက်ခဲ့သည်။

ဘော်သိလ္လာရွာမှ ဖြိုဖျက်ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ --

(၁) အေကာမုဒ္ဒိန်း (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၅ နှစ်)
(၂) ဦးအဒူဆလာမ် (ဘ) ဦးအော်လီအာမတ် (အသက် ၃၂ နှစ်)
(၃) ဦးအေဆာန် (ဘ) မော်လ၀ီဆော်လာမတ် (အသက် ၂၈ နှစ်)
(၄) ဦးဆီရာဇူလ်အစ္စလာမ်၏ ဇနီး ဒေါ်နူရ်ဇာန် (အသက် ၂၈ နှစ်) -- တို့ဖြစ်သည်။

အလယ်ရွာမှ ဖြိုဖျက်ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ --

(၁) အလီဇူဟာရ် (ဘ) ဦးအဒူရှကူရ် (အသက် ၂၅ နှစ်)
(၂) ဖူးခါးဟ် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၄ နှစ်) -- တို့ဖြစ်သည်။

“အခုဖျက်ခံရတဲ့ အိမ်တွေ အများစုက တဲအိမ်တွေပါ။ ပိုင်ရှင်တွေက တော်တော်လေးကို ဆင်းရဲကြတယ်။ ပလတ်စတစ်နဲ့ အမိုးကာထားတဲ့ အိမ်တွေပါတယ်။ အခု လုပ်ကိုင်စားသောက်လို့လည်း မရကြဘူး။ အငတ်ဘေး ကြုံနေရတဲ့ အချိန်မှာ နိုင်ငံတွင်းကနေ ထွက်ပြေး သွားအောင် မောင်းထုတ်နေတာနဲ့ အတူတူပဲ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဒီဇင်ဘာလ (၂၂) ရက်နေ့က မြောတောင် ကျေးရွာသို့ မ.က.ဖ အဖွဲ့ ရောက်ရှိလာပြီး ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဓါတ်ပုံရိုက်ခဟု ဆိုကာ ငွေကျပ် ၂ ထောင်စီ ကောက်ခံခဲ့ပြီး၊ ခရီးလွန်သူများ အတွက် အုပ်ချုပ်ရေးမှူးထံမှ ခရီးလွန်နေကြောင်း ထောက်ခံချက် ယူပေးခဲ့ရသည်။ မိသားစုထဲမှ ခရီးလွန်သူ ရှိပြီး၊ အုပ်ချုပ်ရေးမှူး ထောက်ခံစာ ပြလျှင် မ.က.ဖ အဖွဲ့က ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သဖြင့် ငွေကြေး မတတ်နိုင်၍ စစ်ဆေး မခံနိုင်ခဲ့သည့် အိမ်ထောင်စု (၁၅) စု ရှိကြောင်း ဒေသခံများက ပြောပါသည်။

တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံသာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၁၀) ဦးသည် ဒီဇင်ဘာလ (၂၄) ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် လာဖိုယာရွာသို့ သွားရောက်၍ ရိုဟင်ဂျာများ၏ နေအိမ် (၆) လုံးကို ဖြိုဖျက်ခဲ့သည်။ 

ဖြိုဖျက်ခံရသည့် အိမ်များ၏ ပိုင်ရှင်များမှာ --

(၁) ဦးဇာဖောရ် (ဘ) ဦးရော်ရှိတ်အာတ် (အသက် ၃၀ နှစ်)
(၂) မာမတ်ရော်ရှိတ် (ဘ) ဦးဆီရာဇူလ္လာ (အသက် ၂၅ နှစ်)
(၃) ဦးဒိလ်မိုဟာမတ် (ဘ) ဦးရော်ဒူဒိန်း (အသက် ၅၀ နှစ်)
(၄) ဖိုက်ဆဲလ် (ဘ) ဦးအစ္စလာမ် (အသက် ၂၄ နှစ်)
(၅) အွစ်မာန် (ဘ) ဦးနူရူး (အသက် ၂၃ နှစ်)
(၆) မာမတ်အာယုဖ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။ 

အဆိုပါ အိမ်များသည် ၀ါးထရံ၊ ဓနိဖြင့် ဆောက်လုပ်ထားသည့် နေအိမ်များ ဖြစ်ပြီး၊ ကွမ်းသီးပင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက ယင်းအိမ်များကို န.စ.က မြေပုံတွင် တင်ပေးမည်ဟု ဆိုကာ လွန်ခဲ့သည့်နှစ်က ငွေကျပ် ၅ သောင်းစီ ကောက်ခံခဲ့သည်။ သို့သော်လည်း အမှန်တကယ် မြေပုံတွင် တင်ပေးခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 





Comment ရေးရန်

Pages 22123456 »
Rohingya Exodus