March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကျားခေါင်းတောင်တွင် ဆွဲ၊တင်၊စစ် ၌ မပါဝင်ခဲ့သူများကို အင်ဒိုနီးရှားမှ အထောက်အပံ့ ပစ္စည်းများ မပေး

Rohingya Eye
RB News
29.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာအပါအ၀င် မြောက်ပိုင်းရှိ ကျေးရွာ အချို့တွင် အင်ဒိုနီးရှားနိုင်ငံမှ အထောက်အပံ့ ပစ္စည်းများ ပေးဝေခဲ့ရာ ဆွဲ၊တင်၊စစ် တွင် မပါဝင်ခဲ့သူများကို ခွဲဝေ မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာတွင် အိမ်ထောင်စု (၂၁၇) စုရှိပြီး၊ ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့ရာတွင် အိမ်ထောင်စု (၁၅၅) စုသာ ဓါတ်ပုံအရိုက်ခံခဲ့ကြောင်း သိရှိရသည်။ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ယင်းကျေးရွာမှ အိမ်ခြေ ၄၇ လုံးနီးပါးကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ဖျက်ဆီးခံရသည့် အိမ်များမှ မိသားစုဝင်များသည် လုံခြုံသော နေရာသို့ထွက်ပြေးခိုလှုံနေကြသဖြင့် အချိန်မီ စစ်ဆေးခံရန် လာရောက်ခြင်း မရှိခဲ့ကြောင်း၊ အချို့သော မိသားစုဝင်များက စစ်တပ်ကိုကြောက်ရွံ၍ လာရောက်၍ စစ်ဆေးခံခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

စစ်ဆေးခံခြင်း မရှိသည့် မိသားစု အများအပြားမှာ ကျေးရွာတွင် နေထိုင်လျက် ရှိနေလျက်ရှိပြီး၊ ဇန်န၀ါရီလ (၂၇) ရက်နေ့ နေ့လည် (၂) နာရီတွင် ယင်းကျေးရွာသို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ရောက်ရှိလာပြီး အင်ဒိုနီးရှားနိုင်ငံမှ ထောက်ပံ့ပေးခဲ့သည့် ပစ္စည်းများ ခွဲဝေပေးခဲ့ရာ ဆွဲ၊တင်၊စစ် စစ်ဆေးခံခဲ့သည့် မိသားစု (၁၅၅) စုကိုသာ ခွဲဝေပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ကျားခေါင်းတောင် ကျေးရွာအတွက် ထမိန် အထည် (၂၀၀)၊ ဂျူံ (၄၉) အိတ် ခွဲတမ်း ရရှိခဲ့သော်လည်း ခွဲဝေရာတွင် လူဦးရေ (၁၅၅၀) ဦးမှ လူတစ်ဦးလျှင် ဂျူံ (၃) ဗူး၊ ခေါက်ဆွဲခြောက်ထုပ် (၃) ထုပ်စီ ရရှိခဲ့ပြီး၊ အိမ်ထောင်စု တစ်စုလျှင် ထမိန် တစ်ထည်စီ၊ စုစုပေါင်း အိမ်ထောင်စု (၁၅၅) စု အတွက် (၁၅၅) ထည် ရရှိခဲ့သည်။ ဆွဲ၊တင်၊စစ် တွင် ၀င်ရောက်၍ စစ်ဆေးခံခြင်း မရှိခဲ့သည့် မိသားစုများမှာ ရွာအတွင်းတွင် နေထိုင်လျက် ရှိသော်လည်း အထောက်အပံ့ ပစ္စည်းများ မရရှိခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားမှ ပေးပို့ရာတွင် ဘီစကွတ်များ ပါရှိသော်လည်း ကျားခေါင်းတောင် ကျေးရွာတွင် မရှိခဲ့ကြောင်း၊ ပွင့်ဖြူချောင်း ကျေးရွာတွင်မူ လူတစ်ဦးလျှင် ဘီစကွတ် (၃) ထုပ်၊ ခေါက်ဆွဲခြောက် (၅) ထုပ်၊ ဂျူံ တစ်ကီလိုဂရမ် နီးပါးစီနှင့် အိမ်ထောင်စုတစ်စုလျှင် ထမိန်တစ်ထည်စီ ရရှိခဲ့ကြောင်း၊ အိမ်ထောင်စု (၂၈၀) စု ရှိသော်လည်း အိမ်ထောင်စု (၁၆၀) သာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

အလားတူ ရေခပ်ချောင်းခွဆုံ ကျေးရွာတွင် ထမိန် (၃၅၀) ထည်၊ ဘီစကွတ် အထုပ်ကြီး ၂၃ ထုပ်၊ ခေါက်ဆွဲခြောက် အထုပ်ကြီး (၁၈၀)၊ ဂျူံ (၈၀) အိတ် ခွဲတမ်းချပေးခဲ့ရာ လူတစ်ဦးလျှင် ခေါက်ဆွဲခြောက် ၂ ထုပ်၊ ဂျူံတစ်ကီလိုဂရမ်နီးပါးနှင့် ဘီစကွတ် ၂ ထုပ်စီ ရရှိခဲ့ကြောင်း၊ ယင်းကျေးရွာတွင် လူဦးရေ တစ်ဝက်သာကျော်သာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် ဦးရှည်ကျ ကျေးရွာတွင်လည်း အင်ဒိုနီးရှားမှ ထောက်ပံ့ပစ္စည်းများ ပေးခဲ့ပြီး၊ အိမ်ထောင်စု တစ်စုလျှင် ထမိန် တစ်ထည်၊ လူတစ်ဦးလျှင် ဘီစကွတ် (၁) ထုပ်၊ ခေါက်ဆွဲခြောက် တစ်ထုပ်နှင့် ဂျူံနှစ်ဗူးစီ ပေးခဲ့ပြီး လူဦးရေ (၇၀၀၀) ကျော်ရှိရာမှ (၄၀၀၀) ကျော်သာ ရရှိခဲ့သည်။

လူ့အခွင့်အရေး စောင့်ကြည့်နေသူ တစ်ဦးက “အင်ဒိုနီးရှားနိုင်ငံက ဒုက္ခရောက်နေတဲ့သူတွေ အတွက် အကူအညီပေးခဲ့တာ ဖြစ်ပေမယ့် အိမ်မီးရှို့ခံရတဲ့လူတွေ မရတာ တွေ့ရတယ်။ အချို့နေရာမှာ ဘီစကွတ်မုန့် မရတာ ရှိတယ်။ အချို့နေရာမှာ ထမိန်မရတာ ရှိတယ်။ အစိုးရကနေ တဆင့် ပေးလို့ ပို့တဲ့အတိုင်း မရတာလို့ထင်တယ်” ဟု ပြောသည်။


အင်ဒိုနီးရှားနိုင်ငံမှ ပေးပို့သည့် စားသောက်ဖွယ်ရာများ

Comment ရေးရန်

Pages 22123456 »
Rohingya Exodus