ယျာတင် (ရိုဟင်းသား) RB News 27.8.2018 မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု (Crimes against Humanity) နှင့်စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်ခဲ့မှုဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးအရေးယူရမည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (IFFM) ကယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ အဖွဲ့ဝင် (၃) ဦးပါသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် အချက်အလက် စုဆောင်းရေးအဖွဲ့ (IFFM) အဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက၂၀၁၇ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့ ၂၀၁၈ [...] အပြည့်အစုံသို့ »
RB News 12.4.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ မြို့နယ်နှစ်မြို့နယ်တွင် ညမထွက်ရအချိန် ပြင်ဆင် သတ်မှတ်၍ နှစ်လသက်တမ်းတိုးမြှင့်လိုက်သည်။ ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ နှစ်လတစ်ကြိမ် သက်တမ်းတိုး၍ ထုတ်ပြန်လာသည့် ညမထွက်ရအချိန်ကို ယနေ့ ဧပြီလ (၁၂) ရက်နေ့တွင် ပြင်ဆင် သတ်မှတ်၍ နှစ်လအတွက် သက်တမ်းတိုးလိုက်ကြောင်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံများကို အသိပေးလိုက်သည်။ ည ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကို ဘူးသီးတောင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီထိလည်းကောင်း၊ မောင်တောမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီထိလည်းကောင်း ပြင်ဆင်သတ်မှတ်လိုက်သည်ဟု အုပ်ချုပ်ရေး [...] အပြည့်အစုံသို့ »
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein (ဓါတ်ပုံ - Reuters) RB News 9.3.2018 ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြီးအကဲဖြစ်သူ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာအစိုးရ ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုဖို့ ဒီနေ့ သောကြာနေ့ (မတ်လ ၉) မှာ ပြောကြားလိုက်တယ်လို့ Reuters သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေ ကျူးလွန်ထားတယ်လို့ သံသယ ဖြစ်နေရတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးခွင့်တွေ ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတယ်။ ဆွဇ်ဇာလန်နိုင်ငံ [...] အပြည့်အစုံသို့ »
MYARF RB News 22.12.2017 ကမ္ဘာတစ်လွှားက ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်သူ ၁၃ ဦးကို အမေရိကန်နိုင်ငံက စီးပွားရေးဒဏ်ခတ် အရေးယူခဲ့မှုမှာ မြန်မာနိုင်ငံဖက်ကတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်လာပါတယ်။ ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်က အရပ်သားရိုဟင်ဂျာတွေအပေါ် တရားလက်လွန် လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ဗိုလ်ချုပ်မောင်မောင်စိုးကို အခုလို စီးပွားရေး ဒဏ်ခတ် အရေးယူလိုက်ခြင်းဟာ ရခိုင်ပြည်နယ်မှာ အရပ်သားရိုဟင်ဂျာတွေအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်အပေါ် အမေရိကန်အစိုးရအနေနဲ့ စိတ်ပျက်မိကြောင်းကို လက်တွေ့ပြသလိုက်တာဖြစ်ပြီး အရပ်သားရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကြီးကြီးမားမား လူ့အခွင့်အရေး [...] အပြည့်အစုံသို့ »
(ဓါတ်ပုံ - Reuters) RB News 5.12.2017 မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာ လူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ကျူးလွန်တယ်ဆိုတဲ့ စွဲချက်အပေါ် မြန်မာလုံခြုံရေးတပ်က အပြစ်ရှိနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား သဘောတူထားပေမယ့် မြန်မာနိုင်ငံအတွင်းမှ ရိုဟင်ဂျာတွေ ဆက်လက်ထွက်ပြေးနေရတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ လေ့လာစောင့်ကြည့်မှုတွေ ဒေသအတွင်းမှာ အခိုင်အမာ မရှိဘဲ ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းမှ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာ ၆၂၆၀၀၀ အနက်မှ တစ်ဦးတစ်ယောက်ကမှ မြန်မာအစိုးရရဲ့ ဒုက္ခသည်နေရပ်ပြန်ပို့ရေးအစီအစဉ်ကို လက်မခံသင့်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra‘ad [...] အပြည့်အစုံသို့ »
အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini ကိုဇော်ဝင်းလှိုင် ဗွီအိုအေမြန်မာပိုင်း 17.10.2017 ဥရောပကောင်စီက တနင်္လာနေ့မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ အခြေခံ ဆုံးဖြတ်ချက်တခုဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini က ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ်အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် [...] အပြည့်အစုံသို့ »
မခင်ဖြူထွေး ဗွီအိုအေမြန်မာပိုင်း 5.10.2017 အခုပြုလုပ်သွားတဲ့ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲအတွင်းမှာတော့ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အခြေအနေအထိ ဖြစ်နေတယ်လို့ ဆိုပြီး အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က ဝေဖန်ပြောဆိုသွားပါတယ်။ ဒီပြဿနာအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်မှာ အပြည့်အ၀ တာဝန်ရှိတယ်လို့လည်း ပြောသွားပါတယ်။ အပြည်စုံကို မခင်ဖြူထွေးက ဆက်ပြောပြပါမယ်။ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ အလုံးအရင်း ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေကို ထောက်ပြပြီး ဒါဟာ ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးတုံး [...] အပြည့်အစုံသို့ »
ဗြိတိန်ဝန်ကြီးချုပ် Theresa May ဗွီအိုအေမြန်မာပိုင်း 21.9.2017 မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ အဆုံးသတ်ရေး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်း ပြောဆိုသွားပါတယ်။ “အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဆောင်ရွက်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့နဲ့ အာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရအာဏာပိုင်တွေကို ကျမ တောင်းဆိုပါတယ်။” - လို့ ဗြိတိန် ၀န်ကြီးချုပ် Theresa May ကပြောသွားတာပါ။ အမေရိကန် ဒုသမ္မတ Mike Pence ကလည်း [...] အပြည့်အစုံသို့ »
ICRC လူသာချင်း စာနာမှု အထောက်အကူပေးမှုကို ဒေသခံတွေ လာရောက်ကန့်ကွက်စဉ် (Information commitee) ဗွီအိုအေမြန်မာပိုင်း 21.9.2017 စစ်တွေမြို့မှာ ရာနဲ့ချီတဲ့ လူအုပ်ကြီးက လူသားချင်းစာနာမူဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ပို့မှာကို မနေ့က အတင်းဝင်ရောက်ဟန့်တားခဲ့တာကြောင့် ရဲတွေက သေနတ်ဖောက်လူစုခွဲခဲ့ပြီး သံသယရှိသူ (၈) ဦးကို ဖမ်းဆီးလိုက်ပါတယ်။ မြန်မာအစိုးရ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ကြေညာချက်ထဲမှာ အင်အား ၃၀၀ ခန့်ရှိတဲ့ ဒီလူအုပ်ကြီးက ICRI အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အနေနဲ့ မောင်တောဒေသက ဒုက္ခသည်တွေဆီပို့မယ့် ထောက်ပံ့ရေးပစ္စည်းတွေကို ပြန်ချပြီး၊ စက်လှေမထွက်ဖို့တားမြစ်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီစက်လှေအနေနဲ့ စစ်တွေမြို.ဆင်ခြေဖုံး ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းအနီး ဘူးသီးတောင်စက်လှေဆိပ်ကနေ မထွက်ခွာခင် တင်ထားတဲ့ မီးအိမ်၊ [...] အပြည့်အစုံသို့ »
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဗွီအိုအေမြန်မာပိုင်း 3.9.2017 မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မူဆလင်တွေကိုရော တခြားလူမှုအ၀န်းအ၀ိုင်းတွေကိုပါ ထိခိုက်နေတဲ့ အကြမ်းဖက်မှုနဲ့ မလိုမုန်းထား ဘက်လိုက်မှုတွေ အဆုံးသတ်စေဖို့ လုပ်ဆောင်ပါလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိတို့ခေတ်ရဲ့ အတုယူ အားကျဖွယ်အကောင်းဆုံး လူပုဂ္ဂိုလ် တဦးဖြစ်ပေမဲ့ သူ့အဆိုအားဖြင့် - ရိုဟင်ဂျာတွေပေါ် ပြုမူဆက်ဆံပုံကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေတယ်လို့ စက်တင်ဘာလ ၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။ နိုင်ငံကို ခေတ်မီအောင်လုပ်တာမှာ ကြီးမားတဲ့ [...] အပြည့်အစုံသို့ »