တော်လှန်ရေး ကောင်စီခေတ်က စစ်ဆေးခံပြီးမှ တိုင်းရင်းသား သတ်မှတ်ခံရသည့် ရိုဟင်ဂျာ (၇) ဦး
RB News
9.7.2015
၁၉၆၃ ခုနှစ်က မေယု နယ်ခြား ခရိုင်က အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်သူ ရိုဟင်ဂျာ (၇) ဦးကို တိုင်းရင်းသား ဟုတ်/မဟုတ် စစ်ဆေး ခဲ့ရာမှာ စစ်ဆေးခံ ရသူများက နိုင်ငံသားများ ဖြစ်ကြတဲ့ အပြင် တိုင်းရင်းသားများပါ ဖြစ်တယ်လို့ ဘူးသီးတောင်မြို့က နယ်ခြား ခရိုင် တရားသူကြီးက ဆုံးဖြတ်ချက် ချခဲ့တယ်။
အထောက် အထား မူရင်းနဲ့ မိတ္တူကို လေ့လာ ဖတ်ရှုနိုင်ပြီး စစ်ဆေး ခံရသူများရဲ့ အမည်များနဲ့ အမျိုးသားမှတ်ပုံတင်နံပါတ် များလည်း တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာများက မြန်မာနိုင်ငံရဲ့ မူရင်းဌာနေ တိုင်းရင်းသား လူမျိုးဖြစ်လို့ နိုင်ငံသား လျှောက်ထားဖို့ မလိုခဲ့ဘဲ၊ နိုင်ငံသားဟုတ်/မဟုတ် သံသယ ဖြစ်ခံရသူ အချို့ကို စစ်ဆေးခဲ့တာမျိုး ရှိခဲ့တယ်။ အဲလို စစ်ဆေးပြီးတဲ့နောက်မှာ နိုင်ငံသားလက်မှတ်များ ထုတ်ပေးခဲ့တယ်။
၁၉၅၀ နောက်ပိုင်းမှာ မြန်မာတစ်နိုင်ငံလုံးမှာ အမျိုးသားမှတ်ပုံတင်ကဒ်ပြားနဲ့ နိုင်ငံခြားသား မှတ်ပုံတင်ကဒ်ပြားများ စတင်ထုတ်ပေးခဲ့တယ်။ နိုင်ငံသားဖြစ်သူများက ဂဏန်း ၆ လုံးပါ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်ရပြီး၊ နိုင်ငံခြားသား သတ်မှတ်ခံရသူများက ဂဏန်း ၅ လုံးပါ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတိုင်းရင်းသားများ အားလုံးက အခြားသော တိုင်းရင်းသား၊ နိုင်ငံသားများနဲ့ တန်းတူ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်ခဲ့တယ်။ ၁၉၈၉ ခုနှစ်ကစပြီး တစ်နိုင်ငံလုံးမှာ နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) များထုတ်ပေးမယ်ဆိုတော့လည်း ရိုဟင်ဂျာများကို အများနည်းတူ လျှောက်လွှာများ တင်ခိုင်းခဲ့တယ်။ ဒါပေမယ့် တိုင်းရင်းသား ဖြစ်ခြင်း၊ နိုင်ငံသား ဖြစ်ခြင်း ရာဇ၀င်ကို ဖျောက်ပစ်ဖို့ ၁၉၇၄ ခုနှစ်ကတည်းက ရေရှည်စီမံကိန်း ရှိနေတဲ့အတွက် ရိုဟင်ဂျာများကို ပန်းရောင် ကဒ်ပြားများ မထုတ်ပေးဘဲ၊ အဖြူရောင်ကဒ်ပြားများ (၀ှိုက်ကဒ်) ထုတ်ပေးပြီး မျိုးဆက်တစ်ခုမက ကိုင်ဆောင်ခိုင်းပြီး ယခုအခါမှာတော့ အဖြူရောင်ကဒ်များကို သိမ်းပြီး ယာယီနေထိုင်ခွင့် လက်မှတ်လို သဘောရတဲ့ အစိမ်းနုရောင် ကဒ်ပြားများ အတင်းအဓမ္မ ကိုင်ဆောင်ခိုင်းဖို့ ဖိအားပေးနေပါတယ်။
အစိုးရအနေနဲ့ ဘယ်လိုလုပ်လုပ် .. ရိုဟင်ဂျာသည် အာရ်ကာန်ဒေသရဲ့ မူရင်းဘူတ တိုင်းရင်းသား ဆိုတာ သမိုင်းကနေ ဘယ်တော့မှ ဖျောက်ပစ်လို့ ရမှာ မဟုတ်ပါဘူး။

20.12.2013
၁၈၂၃-ခုနှစ်တွင်အာရ်ကာန်ဒေသမှရိုဟင်ဂျာများအိုလမာအဖွဲ့တွင်အဖွဲ့ဝင်ရန်လျှောက်ထားရ သည့်လျှောက် လွှာ ဖြစ်သည်။
အထက်ပုံ ပါလျှောက်လွှာ တွင်လျှောက်ထားသူသည် မြန်မာနိုင်ငံ၊ အာရ်ကာန်ဒေသမှ ရိုဝန်ဂျာ Rowangya ဖြစ်ရမည်ဟု ရေးသား ထားသည်။ ရိုဟင်ဂျာ ဝေါဟာရကို ၁၇၉၉ တွင် Dr. Francis Buchanan က Rooinga ဟု ရေးသား ခဲ့ပြီး၊ Rowangya ဟုလည်း ရေးသား သုံးစွဲ ခဲ့သည့် အခြား မှတ်တမ်း များရှိ ခဲ့သည်။ ယ ခုခေတ်တွင် Rohingya ဟုသာ ရေးသား သုံးစွဲ ကြသည်။

ဤ အထောက် အထားသည် ၁၈၂၃ ခုနှစ်တွင် အာရ်ကာန် ဒေသတွင် ရိုဟင်ဂျာ လူမျိုး များရှိခဲ့ပြီး၊ ရိုဝန်ဂျာ ဟုခေါ်ဝေါ် ခဲ့သည် ဟူသော အထောက် အထား တစ်ခု ဖြစ်သည်။
ဦးဦးမှော်ဆရာ
8.12.2013
‘လူမျိုး’ ဆိုတာလူသားတွေကိုသိသာထင်ရှားတဲ့အုပ်စုတွေအဖြစ်ခွဲခြားသိစေခြင်း ပုံစံ ဖြစ်ပြီး၊ လူသား တွေရဲ့ ခန္ဓာကိုယ် ပြင်ပ သွင်ပြင် သဏ္ဍာန်၊ မျိုးရိုး ဗီဇ၊ ရိုးရာ ဓလေ့ စရိုက်၊ မွေးဖွား ရှင်သန်ရာ နယ်မြေဒေသ၊ သ မိုင်းကြောင်း ဆိုင်ရာမှတ်တမ်းများ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် စုပေါင်း နေထိုင် ကြတဲ့ လူ့အဖွဲ့ အ စည်း စသည်တို့ အပေါ် မူတည်ပြီး လူသားတွေ ကိုယ်တိုင် မှတ်ယူ ကြ တာပဲဖြစ်ပါတယ်။ ဒီလိုသတ် မှတ်ရာမှာ အင်္ဂလိပ် အသုံးအနှုန်းအရ`Ethnic´ နဲ့`Race´နှစ်ခု ဆိုလိုရင်းမတူပေမဲ့မြန် မာစ ကား မှာတော့ခုချိန်ထိရောထွေးနေဆဲဖြစ်တာကိုတွေ့ရ တယ် ။ မြန်မာ ပြည်မှာက `Ethnic´ ဆိုတဲ့ အသုံး အနှုန်း ကိုလည်း `လူမျိုးစု´ လိုလို၊ တိုင်းရင်းသား (Indigenous or Native) လိုလို ယူဆ နေကြ သလို၊ Race (လူမျိုး) ဆိုတာ သီးခြား စီရှိတဲ့ မျိုးရိုး ဗီဇ တစ်ခုချင်း စီကနေ ဆင်းသက် လာတဲ့ လူတွေလို့ တထစ်ချ မှတ်ယူ ကြပါတယ်။
ကျနော် နားလည် သလောက် ပြောရရင် `Ethnic´ ဆိုတာက ပမာဏ တစ်ခုထိ ရှိနေတဲ့ လူစူ လူဝေး တစ်ခုသည် ပင်လျှင် သူတို့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှု ကြောင့် ဖြစ်တည် နေတဲ့ သီးခြား စရိုက် လက္ခဏာ၊ သီး ခြား ယဉ်ကျေးမှု၊ ကွဲပြားတဲ့ ဘာသာ စကား၊ နောက်ခံ သမိုင်းကြောင်း၊ ကိုးကွယ် ယုံကြည်မှု၊ စသည့် အ ချက်များ ပေါ်မူတည်ပြီး သတ်မှတ် ပါတယ်။ ဒါကြောင့် ‘Ethnic Identity’ ဟာ ပြောင်းလဲ နိုင်သလို၊ အ သစ်တွေ ဆက်ခံ လာနိုင်တဲ့ အတွက် “Ethnic စစ်စစ် မဟုတ်ဘူး” ဆိုတဲ့ အယူ အဆ မျိုး သည် ဘောင်မ၀င်တော့ပါ။ `Race´ ဆိုတာ ကတော့ (အထူး သဖြင့် ကိုယ့်ရဲ့ ရွေးချယ် မှုကြောင့် မဟုတ် တဲ့) မျိုးရိုး ဗီဇနဲ့ ဇီဝ သွင်ပြင် သဏ္ဍာန်ကို အခြေခံပြီး သတ်မှတ် တာပါ။ သမိုင်းကြောင်း ရှည်ကြာ ခဲ့ပြီ ဖြစ်တဲ့ လူသား မျိုးနွယ်စုနဲ့ ပတ်သက်ပြီး စနစ် တကျ သုတေသန ရလဒ်များ အရ မူလ မျိုးနွယ် စုကြီး တွေကို ဆက်စပ် ဖေါ်ထုတ် နိုင်ခဲ့ပေမဲ့ မျိုးရိုး ဗီဇ တစ်ခုတည်းက ဆင်းသက် လာတဲ့ လူမျိုး ဆိုတာ မ ရှိတော့ဘဲ သိလာ ရတဲ့ အတွက် “ကမ္ဘာပေါ်မှာ `လူမျိုး (Race)´စစ်စစ် ဆိုတာ လုံးဝ မရှိတော့ဘူး” လို့ UNESCO က ၁၉၅၂ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၆၄ ခုနှစ်မှာ တစ်ကြိမ် အတိ အလင်း ကြေငြာ ခဲ့ပါတယ်။ `လူမျိုး´ ဆို တဲ့ အယူစွဲမှု ကနေ “သူ့လူမျိုး ထက် ငါ့လူမျိုး ပိုမြတ်တယ်” ဆိုတဲ့ Racism အယူ အဆကို ဦးတည် စေတဲ့ အတွက် Race (လူမျိုး) ဆိုတဲ့ အသုံး အနှုန်း သည်ပင်လျှင် မှားယွင်း နေကြောင်း၊ ကမ္ဘာ ပေါ်မှာ ရှိတဲ့ လူသား မျိုးနွယ် များကို `Ethnic group (မျိုးနွယ်စု)´များ အဖြစ်သာ သတ်မှတ် ယူဆ သင့်ကြောင်း မနုဿဗေဒ ပညာရှင် တွေက နောက်ပိုင်းမှာ အတိ အလင်း ထုတ်ပြန် ခဲ့ပါတယ်။
ခုလို မျိုးရိုးဗီဇ`သွေး´ကိုအခြေ မခံရင် ဘယ်အချက်ကို အခြေခံပြီး မျိုးနွယ်စု တွေကို ခွဲခြား သတ်မှတ် နိုင်မလဲ ဆိုတဲ့ မေးခွန်း ရှိလာ ပါတယ်။ လူသား မှန်လျှင် လူအချင်းချင်း ပြောဆို ဆက်ဆံ နေတဲ့ ဘာသာ စကား တစ်မျိုးမျိုးနဲ့ စပ်ဆိုင်မှု ရှိတာ သေချာတဲ့ အတွက် ၁၉၅၁ ခုနှစ်မှာ UN အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ UNESCO နဲ့အတူ SIL International ဆိုတဲ့ အဖွဲ့ကြီးတို့ ပူးပေါင်းပြီး ကမ္ဘာ ပေါ်မှာ အသုံးပြု နေကြတဲ့ ဘာသာ စကားတွေ ကနေ တဆင့် လူမျိုးစု တွေရဲ့ ဇစ်မြစ် တွေကို သုတေသန ပြုခဲ့ ကြပါတယ်။ SIL International ဆိုတာ ကုလ သမဂ္ဂ စီးပွားရေးနဲ့ လူမှု ရေးရာ ကောင်စီ (ECOSCO) နဲ့ ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံ နဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ အစည်း (UNESCO) အဖွဲ့ တွေရဲ့ အထူး အကြံပေး အဖွဲ့ တစ်ရပ် ဖြစ်ပါတယ်။ သူတို့ဟာ ဒီလို သုတေသန လုပ်ငန်းကို ၁၉၃၄ ခုနှစ် ကတည်းက စတင် ခဲ့တာ ဖြစ်ပြီး၊ ယခု အချိန်မှာ နိုင်ငံ တကာ အဆင့်မီ မနုဿ နဲ့ ဘာသာ ဗေဒ ဆိုင်ရာ ပညာရှင်ကြီး များရဲ့အကူ အညီဖြင့် ကမ္ဘာပေါ်မှာ အသုံးပြု နေတဲ့ မတူ ကွဲပြားတဲ့ ဘာသာ စကားပေါင်း (၇၁၀၅) ခုကျော်နဲ့ သူတို့ရဲ့ ပင်မ မျိုးနွယ် တွေကိုပါ စနစ် တကျ သုတေသန ပြုပြီး၊ နိုင်ငံ တကာ စံသတ်မှတ် မှုကုဒ် အဖြစ် ISO- 639 – 1 (သို့) 2 (သို့) 3 များဖြင့် မှတ်တမ်း ပြုစု နိုင်ခဲ့ ပါတယ်။ Standard three-letter-language-identifier codes (ISO 639-1 Or 2 or 3) ဆိုတာဟာ ဒေသ အလိုက် ကွဲပြား ခြားနားတဲ့ လူမျိုးစုတွေ အသုံးပြုတဲ့ ဘာသာ စကားတွေ အတွက် သီးသန့် သတ်မှတ် ထားတဲ့ ကုဒ်နံပါတ် ဖြစ်ပါတယ်။ ဒီလို သုတေသနပြု တွေ့ရှိ ချက်များကို Ethnologue ဆိုတဲ့ စာအုပ် အဖြစ် လေးနှစ် တစ်ကြိမ် ထုတ်ဝေ ခဲ့ပြီး၊ ယခု ၂၀၁၃ ခုနှစ်မှာ (၁၇) ကြိမ် မြောက် စာအုပ်ကို ထုတ်ဝေ ခဲ့ပါတယ်။
ကျနော့် ဆောင်းပါး ခုမှ စမှာပါ။ Ethnologue မှာဖေါ်ပြ ထားချက် အရ မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ ဘာသာ စကား အပါ အ၀င် မတူ ကွဲပြားတဲ့ ဘာသာ စကား (၁၁၃) မျိုးရှိ ပါတယ်။ ဒီထဲက (၁၁၁) မျိုးဟာ ပြောဆို အသုံးပြု နေတဲ့ မျိုးနွယ်စုတွေ ရှိနေ ကြပေမဲ့၊ ဘာသာ စကား(၂) ခုကတော့ ပြောဆိုမဲ့လူ မရှိတော့ ဘူးလို့ ဆိုပါတယ်။ နောက်ပြီး ရာဂဏန်း လောက်ပဲ ကျန်တော့တဲ့ လူမျိုးစု တွေလည်း ရှိပါတယ်။
ဒီပုံတွေရဲ့ ရှင်းလင်းချက် များကို အောက်တွင် ကြည့်ပါ။
UNESCO နဲ့ SIL အဖွဲ့ကြီး တို့ရဲ့ သုတေသနပြု တွေ့ရှိချက် များအရ ဘာသာ စကားပြော ပင်မ မျိုးနွယ် စုကြီး (၁၄၇) မျိုး ခွဲခြားပြ ထားပါတယ်။ အဲဒီ ဘာသာ စကား (၁၄၇) မျိုးထဲမှာ အင်ဒို-ယူရို ပီယမ် (Indo-European) ဆိုတာ တစ်ခု အပါ အ၀င်ပါ။ တဖန် ဒီ Indo-European မျိုးနွယ်စုကြီး ကနေ အုပ်စုခွဲ (၉) စု ထပ်မံ ခွဲခြား နိုင်ပြီး၊ အဲဒီ အုပ်စု (၉) စုမှ ဆင်းသက် လာတဲ့ ကွဲပြားတဲ့ ဘာသာ စကားပြော မျိုးနွယ်စုဟာ (၄၄၄) စု ရှိပါတယ်။ အဲဒီ Indo-European ရဲ့ အုပ်စုခွဲ (၉) စုထဲမှာ အင်ဒို-အီရန်း နီးယန်း (Indo-Iranian) ဆိုတဲ့ အုပ်စု ပါ ပါတယ်။ ဒီ Indo-Iranian အောက်မှာ ကွဲပြားတဲ့ ဘာသာ စကားပြော လူမျိုးစု aပါင်း (၃၁၂) စု ရှိပြီး၊ သူတို့ကို အဓိက အုပ်စုခွဲ (၃) စုနဲ့ ထပ်မံ ခွဲခြား ပြထား ပါတယ်။ ဒီလို အဓိက အုပ်စုခွဲ (၃) ခုထဲမှာ Indo-Aryan ဆိုတာ ပါ ပါတယ်။ Indo-Aryan ဆိုတဲ့ အုပ်စု အောက်မှာ မျိုးနွယ်စု ပေါင်း (၂၂၅) စု ရှိပြီး၊ ဇုံခွဲပေါင်း (၁၀) ခု ထပ်မံ ခွဲခြား ထားပါတယ်။ အဲဒီ ဇုံ (၁၀) ခုထဲမှာ တစ်ခု ဖြစ်တဲ့ Eastern zone မှာ အဓိကဇုံ (၄) ဇုံ ခွဲထားပြီး၊ အဲဒီ ဇုံ (၄) ဇုံအောက်မှာ ကွဲပြားတဲ့ ဘာသာ စကား အသုံးပြုတဲ့ မျိုးနွယ်စု ပေါင်း (၄၆) စု ရှိတယ်။ ဒီဇုံ (၄) ဇုံမှာ တစ်ခု အပါ အ၀င် ဖြစ်တဲ့ Bengali-Assamese ဆိုတဲ့ ဇုံမှာ မတူ ကွဲပြားတဲ့ ဘာသာ စကားပေါင်း (၁၉) မျိုးရှိ ပါတယ်။ အဲဒီ ဘာသာ စကား (၁၉) ထဲမှာ ဘင်္ဂါလီ၊ စစ်တကောင်း၊ ချက်မား (ဒိုင်းနက်) ဘာသာ စကား တို့ဟာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ အတွင်းရှိ ဘာသာ စကားတွေ အဖြစ် ဖေါ်ပြ ထားပြီး၊ ရိုဟင်ဂျာ ဘာသာ စကား ကိုတော့ မြန်မာ နိုင်ငံ အတွင်းရှိ ဘာသာ စကားတွေ ထဲက တစ်ခု အဖြစ် ဖေါ်ပြ ထားပါတယ်။ ရိုဟင်ဂျာ ဘာသာ စကား၏ သီးသန့် ကုဒ်နံပါတ်က ISO 639-3 [rhg] ဖြစ်ပါတယ်။ ထို့ပြင် ရိုဟင်ဂျာ စာပေ ရှိတယ် လို့လည်း အသိ အမှတ် ပြုထား ပါတယ်။ ဒါကို ကြည့်ရင် `ရိုဟင်ဂျာ´ဆိုတဲ့ မျိုးနွယ်စု ဟာ ပညာမဲ့ သူတွေ စွပ်စွဲ နေသလို ဘင်္ဂါလီ လူမျိုးလည်း မဟုတ် သလို၊ စစ်တကောင်း သားတွေ နဲ့လည်း မတူဘူး ဆိုတာ သုတေသန ရလဒ် တွေအရ သေချာ သွားပါပြီ။ ဒီထက်ပို အရေးကြီး တာက ရိုဟင်ဂျာ မျိုးနွယ်စု ရဲ့ဇစ်မြစ်သည် အင်ဒို- အာရိယန် ဖြစ်တယ် ဆိုတဲ့ အချက်ပါ။ ဒီအချက်ဟာ အာရကန် (ရခိုင်) ဒေသ မူလ သမိုင်းကြောင်း ကို ပြောတဲ့ အခါ အလွန် အရေးကြီးတဲ့ ပွိုင့် တစ်ခု ဖြစ်ပါတယ်။ ကျနော် အဆင်ပြေတဲ့ အခါ ဒီအချက် က ဖေါ်ပြ နေတဲ့ အာရကန် သမိုင်းကို ဆောင်းပါး တစ်ပုဒ် ရေးပါ ဦးမယ်။
ဆောင်းပါးလည်း ရှည်သွား ပါပြီ။ ခုဆိုလျှင် လူမျိုး ရှိဖို့ ဆိုရင် ဘာသာ စကား ရှိရမယ်လို့ ပြောနေ သူများ၊ ရိုဟင်ဂျာ ဘာသာ စကား ရှိသလားလို့ မေးနေ သူများ ရှင်းလင်းစွာ သိသွား ပြီလို့ မျှော်လင့် ပါတယ်။ မြန် မာ နိုင်ငံ မှာရော၊ ကမ္ဘာပေါ် မှာပါ ရိုဟင်ဂျာ လူမျိုးစု ရှိကြောင်း သမိုင်း မှတ်တမ်းများ အပြင်၊ ခုလို ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းကြီး တစ်ခု ဖြစ်တဲ့ UNESCO ၊ SIL International တို့နဲ့ နိုင်ငံ တကာ မနုဿဗေဒ နဲ့ ဘာသာ ဗေဒ ပညာရှင် များရဲ့ သုတေသန ရလဒ် များက ရိုဟင်ဂျာ ဘာသာ စကား နဲ့ ဒီစ ကားပြောဆိုနေတဲ့ရိုဟင်ဂျာမျိုးနွယ်စုအမှန်တကယ်ရှိနေပါတယ်လို့အတိအလင်းညွှန်းဆိုနေကြောင်းဖေါ်ပြ လိုက်ရ ပါသည်။
(မှတ်ချက် ။ ။ Ethnologue ဆိုတဲ့ မူရင်း စာအုပ်က စာမျက်နှာ ပေါင်း ၁၂၀၀ ကျော်ရှိတဲ့ အတွက် ကျနော့် ဆောင်းပါးနဲ့ ပက်သက်တဲ့ အချက် အလက် တွေကိုပဲ သီးသန့် ထုတ်ပြီး pdf ဖိုင် တင်ပေး ထားပါတယ်။ စိတ်ဝင်စား ပါက ဒီလင့် ကနေ ဒေါင်းလုတ် ရယူ နိုင်ပါတယ်။)
Ref:
Ethnologue
Standard three-letter-language-identifier codes (ISO – 639)
SIL International
Open Language Archives Community
RB News
2.12.2013
လွန်ခဲ့သည့် ၂၃ နှစ် - ၁၉၉၀ ခုနှစ် မေလ (၁) ရက်နေ့တွင် ရန်ကုန်တိုင်း၊ မင်္ဂလာ တောင်ညွန့် မြို့နယ်၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန ဦးစီးမှူး ကိုယ်တိုင် လက်မှတ် ရေးထိုး၍ ရိုဟင်ဂျာ လူမျိုးဟု ထုတ်ပေး ထားသည့် နိုင်ငံသား စီစစ်ရေး ကဒ်ပြား ဖြစ်သည်။
Document Credit: Bandah N Ummat
RB News
1.12.2013
၁၉၈၉ ခုနှစ် ဇွန်လ - နိုင်ငံတော်ငြိမ်ဝိပိပြားမှုတည်ဆောက်ရေး အဖွဲ့ -စစ်အစိုးရလက်ထက်တွင် ရခိုင်ပြည် နယ်၊ မောင်တော မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ထုတ်ပေး ထားသည့် အိမ်ထောင်စု လူဦးရေ စာရင်း ဖြစ်သည်။
အိမ်ထောင်စု အတွင်းရှိသူ များသည် ရိုဟင်ဂျာ လူမျိုးများ ဖြစ်ပြီး၊ မြန်မာ နိုင်ငံသား များဟု ရေးသား ထည့် သွင်း ထားသည်။
အိမ်ထောင်စု အတွင်းရှိသူ များသည် ရိုဟင်ဂျာ လူမျိုးများ ဖြစ်ပြီး၊ မြန်မာ နိုင်ငံသား များဟု ရေးသား ထည့် သွင်း ထားသည်။
RB News
27.11.2013
အမျိုးသား မှတ်ပုံတင် ကဒ်ပြား ထုတ်ပေးရန် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ရေးသွင်းသည့် ပုံစံ ဖြစ်သည်။
ဤပုံစံကို ၁၉၅၉ ခုနှစ် ဧပြီလ (၂၈) ရက်နေ့တွင် လှုဝင်မှု ကြီးကြပ်ရေး ဌာနမှ ရေးသွင်း ခဲ့ခြင်း ဖြစ်သည်။
"ဤပုံစံတွင် --
လူမျိုး - ရခိုင်
ကိုးကွယ်သည့်ဘာသာ - မဟာမေဒင်
တိုင်းရင်းသား သို့မဟုတ် မည်သည့် နိုင်ငံခြားသည် ဖြစ်သည် -- တိုင်းရင်းသား ---
ဟုရေးသား၍ မှတ်တမ်း တင်ထားသည်။"
ဦးမူဟာမတ် ချိုဖီရ်ကို မြန်မာ သက္ကရာဇ် ၁၂၇၅ ခုနှစ် နတ်တော် လဆန်း (၉) ရက်တွင် မောင်တော မြို့ နယ်၊ စစ်တွေ ခရိုင်တွင် မွေးဖွား ခဲ့သည်။
၁၇၉၉ ခုနှစ်၌ Dr. Francis Buchanan ရေးသား ခဲ့သည့် အစီရင် ခံစာတွင် အာရ်ကာန် ဒေသရှိ ဒေသခံ Mohammedan (မဟာမေဒင်) များကို Rooinga (ယခု Rohingya ဟုရေးသားသည်) ဟုခေါ်သည် ဟု ရေးသား ဖော်ပြ ထားသည်။
(Photo Credit: Bandah N Ummat) |
RB News
22.11.2013
ဦးအဒူမာလစ် သည် အမှတ် (၆၄) ခြေလျင် တပ်ရင်းတွင် ၁၉၆၆ ခုနှစ် ဇန်န၀ါရီလ (၂၇) ရက်နေ့မှ ၁၉၇၇ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့ အထိ တပ်ကြပ် ရာထူးဖြင့် တာဝန် ထမ်းဆောင် ခဲ့သည်။
ထိုအချိန်တွင် စစ်အာဏာရှင် ဦးနေ၀င်း အုပ်ချုပ် ခဲ့သည့် အချိန် ဖြစ်ပြီး၊ ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေ ခဲ့သည့် ကျောင်းသုံး ပထ၀ီဝင် စာအုပ် များတွင်လည်း ရိုဟင်ဂျာ လူမျိုးများ နေထိုင်သည့် ဒေသကို မြေပုံတွင် ပြသ၍ ကျောင်းသား များကို သင်ကြား ခဲ့သည်။
ဦးအဒူမာလစ်၏ စစ်မှုထမ်း ကဒ်ပြားကို အမှတ် (၆၄) ခြေလျင် တပ်ရင်းမှ တရားဝင် ထုတ်ပေး ခဲ့ခြင်း ဖြစ်ပြီး၊ လူမျိုး နေရာတွင် ရိုဟင်ဂျာဟု တရားဝင် သုံးနှုန်း ခဲ့သည်ကို မှတ်တမ်း အဖြစ် တွေ့ရှိ ရပါသည်။
ဓါတ်ပုံသတင်း
- မြန်မာအစိုးရအား အပြင်းအထန် သတိပေးချက်နှင့် တောင်းဆိုချက်
- ဘင်္ဂလီ-ရခိုင် တစ်ဦး၏ လုပ်ကြံ သတင်း ရောင်းစားမှုကြောင့် ဒေသခံများ စိုးရိမ်
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
- မောင်တော မြောက်ပိုင်း ဒိုးတန်း လမ်ဘာဂူနားမှ ရိုဟင်ဂျာ (၄) ဦးကို စစ်သားများနှင့် ရခိုင်အစွန်းရောက်များက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်
- ၉ နှစ်အရွယ် ရိုဟင်ဂျာ မိန်းကလေးကို ၂၃၄ တပ်ရင်းမှ စစ်သားတစ်ဦးက အတင်းအဓမ္မ မုဒိန်းကျင့်
- လူဦးရေ စစ်ဆေးရေး အဖွဲ့မှ ဒေသခံ များကို ရိုက်နှက်၍ နေအိမ်များ ဖျက်ဆီး
- ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လည် လက်ခံရန် ဆွေးနွေးမည်
- လုံခြုံရေးကောင်စီက ကြေညာချက် တောင်းဆိုသည်ကို အရေးမစိုက်ဘဲ ရိုဟင်ဂျာကျေးရွာများကို မြန်မာအစိုးရက ဆက်လက်မီးရှို့နေ
- ခမောင်းဆိပ်မှ ကာကွယ်ဆေးကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရသို့ Ro Nay San Lwin ၏ တုံ့ပြန်ချက်
- ရဲအုပ် သောင်းထွန်း ပြောင်းရွှေ့သည့် အတွက်ဟု ဆိုကာ အတင်း အဓမ္မကောက်ခံလျက်ရှိ