ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စလာမ် အသိုက်အ၀န်းကို သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့တဲ့အထဲမှာ၊ သမ္မတက အမေရိကန် မူဆလင်တွေဟာ အမေရိကန်နိုင်ငံကို တည်ဆောက်ရာမှာ ပါဝင်ပြီး၊ အားကောင်းစေတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အစ္စလာမ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်လာနေတာကြောင့် အမေရိကန် မူဆလင်တွေအနေနဲ့ [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 31.1.2016 အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ဟာ သူ့သမ္မတ သက်တမ်း အတွင်း ပထမဆုံး အကြိမ် အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မူဆလင် ဗလီ တခုကို ဗုဒ္ဓဟူးနေ့မှာ သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ မယ်ရီလန်းပြည်နယ် ဘော်တီမိုးမြို့က အစ္စလာမ်ဘာသာဝင်တွေဆီ သမ္မတရဲ့ အခုလို သွားရောက်လည်ပတ်မှုဟာ - မူဆလင် အမေရိကန်တွေ တိုင်းပြည်ကို ပံ့ပိုးကူညီမှုတွေကို အသိအမှတ်ပြုဖို့နဲ့ ဘာသာရေးလွတ်လပ်ခွင့်ရဲ့ အရေးပါမှုကို ထပ်လောင်း အတည်ပြုဖို့ ဖြစ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က စနေနေ့မှာ ပြောဆိုခဲ့တာပါ။ သမ္မတ အိုဘားမားဟာ ဒေသခံလူမှုအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 21.11.2015 ဆီးရီးယား ဒုက္ခသည်တွေကို ပိုပြီး လက်ခံသွားဖို့ သမ္မတ အိုဘားမား ဆက်လက် လုပ်ဆောင်နေတဲ့ တချိန်မှာပဲ အကြမ်းဖက်မှု ဆင်းရဲမွဲတေမှု တွေကြောင့် နေရပ် စွန့်ခွာပြီး မလေးရှားနိုင်ငံကို ရောက် လာကြတဲ့ ကလေးငယ်တွေကို သမ္မတ အိုဘားမား သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒေသတွင်း ထိပ်သီးညီလာခံတက်ရောက်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် ကို ရောက်နေတဲ့ သမ္မတအိုဘားမားက Dignity for Children ဖေါင်ဒေးရှင်း ဒုက္ခသည် စခန်းမှာရှိတဲ့ ကလေးတွေကို စနေ ဒီကနေ့မှာ သွားရောက်တွေ့ဆုံ တာဖြစ်ပြီး အဲဒီထဲက ကလေးတချို့ဟာ အမေရိကန် ပြည်ထောင်စုကို လာရောက် [...] အပြည့်အစုံသို့ »
မအင်ကြင်းနိုင် ဗွီအိုအေမြန်မာပိုင်း 15.11.2015 IS အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုဟာ ပြင်သစ်နိုင်ငံကို စစ်ကြေညာ လိုက်တာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ François Hollande က ပြောကြား လိုက်ချိန်မှာပဲ အကြမ်းဖက် သမားတွေ ရန်ကနေ ၀ိုင်းဝန်း ကာကွယ်ဖို့ လူထုကြားမှာ နိုးကြားမှုတွေ ရှိနေတယ်လို့ ပြင်သစ်ရောက် မြန်မာတွေက ဗွီအိုအေကို ပြောပါတယ်။ သောကြာနေ့ညက ပဲရစ်မြို့လယ် လူစည်းကားတဲ့နေရာ (၆) နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပဲရစ်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာတချို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ ပဲရစ်မြို့မှာ IS အကြမ်းဖက်သမားတွေ [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 25.9.2015 အစ္စလာမ် ဘာသာဝင်တွေ နှစ်စဉ် ဘုရားဖူး ပွဲတော် ကျင်းပတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့နား က မီနာမြို့မှာ ဘုရားဖူး လာတဲ့ လူအုပ်ကြီး အတွင်း အချင်းချင်း နင်းမိတာကြောင့် လူ ၇၁၇ ထက်မနည်း သေဆုံးပြီး ၊ ရှစ်ရာကျော် ဒဏ်ရာရ သွားပါတယ်။ အစ်ပွဲတော် မစခင် ဟာဂ်ျ့ဘုရားဖူးတွေက ရိုးရာဓလေ့အရ လက်ခံထားပြီး မိစ္ဆာအဖြစ် သတ်မှတ်ထားတဲ့ တိုင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ကြတဲ့ ပွဲတော်ကျင်းပစဉ် အတွင်း ကြာသာပတေးနေ့က အခုလို ဖြစ်ပွားခဲ့ တာဖြစ်တယ်လို့ ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ အရပ်ဖက်ကာကွယ်ရေး ညွှန်ကြားရေးမှူးရုံး [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 19.9.2015 အမေရိကန် ပြည်ထောင်စု Texas ပြည်နယ်မှာ အိမ်မှာ တီထွင်ထားတဲ့ နာရီ တလုံး ကျောင်းကို ယူသွားခဲ့လို့ အဖမ်းခံခဲ့ ရတဲ့ အသက် ၁၄ နှစ်အရွယ် မူဆလင် ကျောင်းသားလေးကို သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ကြား လိုက်ပါတယ်။ Texas ပြည်နယ် Dallas အထက်တန်းကျောင်းက ကိုးတန်းကျောင်းသား Ahmed Mohamed ဟာ သူ့ အိမ်မှာ တီထွင်ထားတဲ့ Circuit Board နဲ့ ၀ါယာတွေ ဆင်ထားတဲ့ နာရီကို တနလာင်္နေ့က ကျောင်းကို ယူလာတဲ့အချိန်၊ သူ့ရဲ့ အင်္ဂလိပ်စာဆရာမက ဗုံးလို့ [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 29.8.2015 မုတ်သုံမိုးရာသီ မကုန်ဆုံးခင် ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်ပြီး ထွက်ပြေး လာကြမယ့် လှေစီးပြေး ဒုက္ခသည်တွေ အရေး အရေးပေါ် ဆောင်ရွက်ကြဖို့ UNHCR ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက သြဂုတ်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။ အခုနှစ် ပထမ ၆ လအတွင်း လူမှောင်ခိုကူးသူတွေက ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၃၁,၀၀၀ ခန့်ကို ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်သယ်ခဲ့တယ်လို့ UNHCR က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။ ဒါဟာ မနှစ် အဲဒီအချိန်ကထက်စာရင် [...] အပြည့်အစုံသို့ »
သေမှု သေခင်း ကျွမ်းကျင် သူတွေက လူကုန်ကူး သူတွေ မြှုပ်ထားတဲ့ အလောင်းတွေကို တူးဖော် စစ်ဆေး နေတာကို ဘေးက စောင့်ကြည့် နေတဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင်များ။ (မေ ၂၆၊ ၂၀၁၅) ဗွီအိုအေမြန်မာပိုင်း 23.8.2015 ထိုင်းနိုင်ငံ နယ်စပ် အနီး တောအုပ်ထဲ ကနေ လူမှောင်ခိုကူး ခံရသူတွေလို့ ယူဆရသူ တွေရဲ့ ရုပ်အလောင်း ၂၄ လောင်းကို ရှာတွေ့ ခဲ့တယ်လို့ မလေးရှားရဲက ဒီကနေ့မှာ ပြောဆို လိုက်ပါတယ်။ လွန်ခဲ့တဲ့ မေလတုန်းကတော့ ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ ၁၃၉ နေရာကို မလေးရှားနိုင်ငံ မြောက်ပိုင်း Perlis [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 24.6.2015 ပါကစ္စတန်နိုင်ငံ ကရာချိ မြို့တော်မှာ လွန်ခဲ့တဲ့ သုံးရက် အတွင်း ပြင်းထန်တဲ့ အပူလှိုင်းကြောင့် လူ ၇၀၀ ထက်မနည်း သေဆုံး ခဲ့ရပြီး ဒီကနေ့ အထိ အပူရှိန် လျော့ကျသွားမယ့် အရိပ် လက္ခဏာ မတွေ့ရ သေးပါဘူး။ လူဦးရေ သန်း ၂၀ ရှိတဲ့မြို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာကြောင့် ပန်ကာတွေ၊ လေအေးပေးစက်တွေကို ဖွင့်လို့မရတဲ့အတွက် အခြေအနေ ပိုဆိုးနေတာပါ။ အခုဆိုရင် အပူဒဏ်ကို ခံနိုင်အောင် ကြိုးစားတဲ့အနေနဲ့ လူအများအပြား လမ်းတွေပေါ်မှာ ထွက်အိပ်နေကြပါတယ်။ ဒေသတွင်း ဆေးရုံတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်ဘက်ဆရာဝန်တွေလည်း ကူညီ ကုသပေးနေပါတယ်။ [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 6.6.2015 အရှေ့တောင် အာရှ ဒေသက နိုင်ငံတွေမှာ ရောက်နေတဲ့ လှေစီးပြေး ဒုက္ခသည် တွေကို အကူအညီ ပေးဖို့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၃ သန်း အကူအညီ ပေးကြပါလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သောကြာနေ့ မှာ ပန်ကြား လိုက်ပါတယ်။ ထောင်ပေါင်း များစွာသော ဒုက္ခသည်တွေ နဲ့ ရွှေ့ပြောင်း ၀င်ရောက်သူတွေ ဟာ ဘင်္ဂလား ပင်လယ်အော်နဲ့ ကပ္ပလီ ပင်လယ်တို့ကို စက်လှေတွေနဲ့ ဖြတ် သွားနေကြတာပါ။ မကြာခင်မှာပဲ မုတ်သုန်မိုးရာသီ ကျရောက်တော့မှာ ဖြစ်ပြီး လူထောင်ပေါင်း [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 30.5.2015 အရှေ့တောင် အာရှဒေသက ပင်လယ်ထဲမှာ လှေတွေနဲ့ မျောနေတယ်လို့ ယုံကြည်ကြတဲ့ ထောင်ပေါင်း များစွာသော ရွှေ့ပြောင်း ၀င်ရောက်သူတွေ အတွက် စားရေ ရိက္ခာနဲ့ ဆေးဝါး ပစ္စည်း ကိရိယာတွေကို ထိုင်းစစ်သင်္ဘော တစင်းနဲ့ တင်ဆောင် သွားဖို့ သောကြာ နေ့မှာ ထိုင်းရေတပ် တာဝန်ရှိသူတွေ ပြင်ဆင် ကြပါတယ်။ လူမှောင်ခို ကူးတဲ့ ဂိုဏ်းတွေကို ထိုင်းနိုင်ငံက ဒီလအတွင်း နှိမ်နင်းဖြိုခွဲချိန် ကစလို့ ရွှေ့ပြောင်း ၀င်ရောက်သူ ၄၀၀၀ ကျော်ဟာ အင်ဒို နီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေ မှာ ရောက်နေကြ ပါတယ်။ နောက်ထပ် [...] အပြည့်အစုံသို့ »
မလေးရှားနဲ့ ထိုင်းနိုင်ငံ နယ်စပ်က စစ်ဆေးရေး ဂိတ်တခုကို တွေ့ရစဉ်။ ဗွီအိုအေမြန်မာပိုင်း 24.5.2015 မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရွှေ့ပြောင်း ဝင်ရောက်သူ တွေလို့ ယုံကြည်ရသူ တွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံ ထားတဲ့ နေရာ အတော် များများကို ရဲတပ်ဖွဲ့ဝင် တွေက ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ မလေးရှား အာဏာပိုင် တွေက ပြောပါတယ်။ ထိုင်းနဲ့ မလေးရှား နယ်စပ်မှာ ရှိတဲ့ ရွာတွေ အနီးမှာ အခုလို လူအစုလိုက် အပြုံလိုက် မြှုပ်နှံ ထားတာတွေကို ရှာတွေ့ ခဲ့တာလို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Zahid Hamidi [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 21.5.2015 သြစတြေးလျား နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် တွေကို အခြေချ နေထိုင်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Tony Abbott ကပြောကြား လိုက်ပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံဖို့ လှေတွေနဲ့ လာရောက်သူ တွေကို သြစတြေးလျား နိုင်ငံ လို အနောက်နိုင်ငံ တခုမှာ ဘဝသစ် ထူထောင်ဖို့ အခွင့်ပေးမှာ မဟုတ် ကြောင်းလည်း သတိပေး လိုက်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကမ်းတွေကို ထောင်နဲ့ ချီပြီး ရောက်လာတဲ့ ဘင်္ဂလာဒက်ရှ် နိုင်ငံသားတွေနဲ့ မြန်မာ နိုင်ငံမှာ အဖိနှိပ် အနှိပ်စက်ခံရလို့ ထွက်ပြေးလာတယ်လို့ ဆိုတဲ့ [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 13.5.2015 မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် တဦး အပါအ၀င် ဒုက္ခသည် ၄ ဦးဟာ သြစတေးလျနိုင်ငံ အစီအစဉ်နဲ့ ကမ္ဘောဒီယား နိုင်ငံကို သွားရောက် အခြေချ နေထိုင် တော့မယ်လို့ သြစတေးလျ သတင်းတွေက ဖော်ပြနေပါတယ်။ သူတို့ ၄ ဦးကို Nauru နိုင်ငံကနေ အခု သြစတေးလျ နိုင်ငံ ဒါဝင်မှာ ရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး စခန်းကို ခေါ်ယူ ထားပြီး၊ လာမယ့် သီတင်း နှစ်ပတ် အတွင်း ကမ္ဘောဒီယား နိုင်ငံကို ပို့ဆောင်မှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ သူတို့ တဦးချင်း အတွက် [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 11.3.2015 အရင် ဝန်ကြီးချုပ်ဟောင်း Manmohan Singh ကို သူဝန်ကြီးချုပ် တာဝန် ယူထားချိန် အတွင်း ကျောက်မီးသွေး လုပ်ကွက်တွေ ရောင်းချရာမှာ အဂတိ လိုက်စားမှုနဲ့ အိန္ဒိယ အထူး တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဆင့်ခေါ် လိုက်ပါတယ်။ မစ္စတာဆင်းနဲ့ နောက် ၅ ဦးကို ဧပြီလ ၈ ရက်နေ့ လာရောက်ဖို့ တရားသူကြီး တွေက အမိန့် ထုတ်ပြန်ခဲ့တာပါ။ မစ္စတာဆင်း တာဝန်ယူ ထားချိန် အတွင်းမှာ အစိုးရက ကျောက်မီးသွေး လုပ်ကွက် ၂၀၀ ကျော်ကို ရောင်းချ ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရငွေ ဒေါ်လာ [...] အပြည့်အစုံသို့ »
RB News 23.1.2015 ရီယာဒ် ။ ။ ဆော်ဒီအာရေဗျာ ဘုရင် အဗ္ဗဒူလ္လာ ယနေ့ သောကြာနေ့ နံနက် ၁ နာရီမှာ ကွယ်လွန် သွားပြီလို့ ဆော်ဒီအာရေဗျာ အစိုးရပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ ဘုရင်ရဲ့ အရိုက်အရာကို အိမ်ရှေ့ မင်းသားကြီး ဆလ်မာန်က ဆက်ခံမှာ ဖြစ်တယ်လို့ ထည့်သွင်း ကြေညာခဲ့တယ်။ ကွယ်လွန် သွားတဲ့ ဘုရင် အဗ္ဗဒူလ္လာဟာ အသက် ၉၀ နှစ် အရွယ်ရှိပြီး ၁၉၉၆ ခုနှစ်လောက် ကတည်းက ဘုရင် ဖာ့ဒ်ရဲ့ တာဝန်များကို ထမ်းဆောင် ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ [...] အပြည့်အစုံသို့ »
ဒေါက်တာ မာတင် လူသာကင်း (ဂျူနီယာ) ချီကာဂိုင် တောင်ပိုင်းမှာ မိန့်ခွန်း ပြောကြားစဉ်။ (ဂျူလိုင် ၂၄၊ ၁၉၆၅) ဗွီအိုအေမြန်မာပိုင်း 19.1.2015 အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် မာတင် လူသာကင်း ဂျူနီယာရဲ့ မွေးနေ့ အထိမ်း အမှတ် အဖြစ်နဲ့ ဒီကနေ့ တနင်္လာနေ့ကို နိုင်ငံတော် အားလပ်ရက် သတ်မှတ် ထားပါတယ်။ မာတင် လူသာကင်းဟာ အယ်လ် ဘားမား ပြည်နယ်၊ မောင်ဂိုမာရီမြို့က ဘတ်စ်ကား တွေမှာ လူဖြူလူမည်း ထိုင်ခုံနေရာ ခွဲခြား သတ်မှတ် တာကို အဆုံးသတ် သွားစေမယ့် ဆန့်ကျင် [...] အပြည့်အစုံသို့ »
RB News 28.12.2014 အင်ဒိုနီးရှား နိုင်ငံ၊ Surabya မြို့ကနေ စင်ကာပူနိုင်ငံကို ခရီးသည် ၁၅၅ ဦးနဲ့ ၀န်ထမ်း ၇ ဦး တင်ဆောင် ပျံသန်း လာတဲ့ AirAsia ရဲ့ ခရီးစဉ် အမှတ် QZ8501 Airbus လေယာဉ် A320-200 လေယာဉ်ဟာ Surabaya မြို့ကနေ တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် နံနက် ၅ နာရီ ၃၅ မိနစ်မှာ ထွက်ခွာလာခဲ့ပြီး၊ စင်ကာပူ နိုင်ငံကို ဒေသ စံတော်ချိန် ၈ နာရီ ၃၀ မိနစ် ရောက်ရှိရမှာ ဖြစ်ပေမယ့် နံနက် [...] အပြည့်အစုံသို့ »
ဗွီအိုအေမြန်မာပိုင်း 19.12.2014 လူ့အခွင့် အရေး ချိုးဖောက်မှုတွေ အတွက် မြောက်ကိုရီးယား ကို နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးကို လွှဲပြောင်း ပေးဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက မနေ့က ကြာသပတေးနေ့က အတည်ပြု လိုက်ပါတယ်။ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဒီဆုံးဖြတ်ချက်က မြောက်ကိုရီးယားရဲ့ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇ၀တ် ပြစ်မှု တွေကို စုံစမ်း စစ်ဆေးဖို့ မြောက်ကိုရီးယားကို ICC နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးကို လွှဲပြောင်း ပေးဖို့ အတွက် လုံခြုံရေး ကောင်စီကို [...] အပြည့်အစုံသို့ »
အင်ဒိုနီးရှားမှာ မြေပြိုကျမှု အတွင်း ပိတ်မိ နေသူ တယောက်ကို ကယ်ဆယ်ရေး အဖွဲ့တွေက ဆွဲထုတ်ဖို့ ကြိုးစား နေစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၄) ဗွီအိုအေမြန်မာပိုင်း 14.12.2014အင်ဒိုနီးရှား နိုင်ငံမှာ မိုးသည်းထန်စွာ ရွာပြီး သောကြာနေ့က တရွာလုံး မြေအောက်ဖုံး ခဲ့ပြီးနောက် လူပေါင်း ၇၀ ကျော်ကို စက်ကိရိယာ ကြီးတွေ စတင် သုံးပြီး ရှာဖွေ နေကြပါပြီ။မြေပြိုကျတဲ့ Central Java ပြည်နယ် ထဲကို သမ္မတ Joko Widodo ဒီကနေ့ တနင်္ဂနွေနေ့မှာ လာကြည့်ပြီး ကယ်ဆယ်ရေး လုပ်ငန်း တွေကို အရှိန်မြှင့် လုပ်ကြဖို့ အလေးထား ပြောခဲ့ပါတယ်။ရွံ့မြေတွေ၊ [...] အပြည့်အစုံသို့ »