နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်အရေး မီဒီယာ ဘက်လိုက်မှု Southeast Asian Press Alliance (SEAPA) က သမ္မတထံ အိတ်ဖွင့်ပေးစာပို့


ဘန်ကောက် အခြေစိုက် မီဒီယာစောင့်ကြည့်ရေးအဖွဲ့ Southeast Asian Press Alliance (SEAPA) က ရခိုင်အရေးတွင် လူမျိုး ဘာသာခွဲခြားမှု၊ လူမျိုး ဘာသာကွဲ မုန်းတီးမှုနှင့် အမုန်းပွားမှုဖြစ်အောင် လှုံ့ဆော်ရေးသား ခြင်းများကို ပြည်တွင်းဂျာနယ် အချို့နှင့် မြန်မာ အစိုးရအရာရှိအချို့က ပြုလုပ်နေခြင်းအပေါ် စိုးရိမ်ကြောင်း သမ္မတဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာတစောင် ယနေ့ပေးပို့ခဲ့သည်။ ထို့သို့ အစွန်းရောက်အမြင်များကြောင့် မတည်ငြိမ်မှုများ တိုက်ရိုက်ဖြစ်ပွားစေ သည်ဟု ပြောမရသော်လည်း ပဋိပက္ခနှင့် သဘောကွဲပြားခြင်းများအား ပိုနက်ရှိုင်းစေသော ခွဲခြားနှိမ်ချမှုများကို အားပေးရာရောက်သည့်အပြင် မသိနားမလည်မှု၊ ယုံမှတ်မှားမှုများကို မီးထိုးပေးရာရောက်ကြောင်း ဖော်ပြထားသည်။ ကျင့်ဝတ်သိက္ခာနှင့် ညီသော စာနယ်ဇင်းလွတ်လပ်ခွင့်ကို မထိခိုက်စေဘဲ လူမျိုး ဘာသာ ခွဲခြားမှုများကို တားဆီးဆန့်ကျင်ရန် တောင်းဆိုထားသည်။

Read the statement here

Comment ရေးရန်

Rohingya Exodus