April 16, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အစိုးရ စစ်တပ်က လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေဆဲ



12.2.2014

သမ္မတ​ဦးသိန်းစိန်​အစိုးရကနေပြီး​မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိဖို့အစွမ်းကုန်​ကြိုးစား ဆောင် ရွက် နေပေမယ့် ​အစိုးရ စစ်တပ် အနေနဲ့ ​တိုင်းရင်းသား ဒေသ တွေကို ​ပစ်မှတ် ထားပြီး ​လူ့အခွင့် အရေး ချိုးဖောက် မှုတွေ ​လုပ်ဆောင် နေတယ်လို့ ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့ အခြေစိုက် ​လူ့အခွင့် အရေး ​မှတ်တမ်း ကွန်ရက်- မြန် မာ နိုင်ငံ ​ အဖွဲ့ရဲ့ ​အစီရင် ခံစာမှာ ​ဖော်ပြထား ပါတယ်။

မနေ့က ​ထုတ်ပြန် လိုက်တဲ့ ​မြန်မာ နိုင်ငံ ​လူ့အခွင့် အရေး ​အခြေ အနေ ​အစီရင် ခံစာမှာ ​အာဏာပိုင်တွေ ကနေ ​မြေယာ သိမ်းဆည်း မှုဟာ ​အများဆုံး ဖြစ်ပြီး ​ညှဉ်းပမ်း နှိပ်စက်မှု၊ ​မတရား ဖမ်းဆီးမှု၊ ​မတရား သ ဖြင့် ​အခွန် ကောက်ခံမှု၊ ​တရား လက်လွတ် ​သတ်ဖြတ်မှု၊ ​အတင်း အဓမ္မ ခိုင်း​စေမှု၊ ​လူကုန်ကူးမှု၊ ​အ တင်း ​အဓမ္မ ရွှေ့ပြောင်း မှုနဲ့ ​အဓမ္မ ပြုကျင့်မှု ​တွေ ​ပြုလုပ် ခဲ့တယ် ဆိုပြီး ​ဖော်ပြထား ပါတယ်။

ND-Burma ​အဖွဲ့ရဲ့ ​သတင်း မှတ်တမ်း ​စုဆောင်းရေး အဖွဲ့ ကနေ ​တိုင်းနဲ့ ပြည်နယ် ​၁၁ ​ခုမှာ ​ကွင်း ဆင်း ကောက်ခံယူ ခဲ့တာ ​ဖြစ်ပြီး ​လူ့အခွင့် အရေး ချိုးဖောက်တဲ့ အမှုပေါင်း ​၁၀၆ ​ခုကို ​အထောက် အထား ခိုင်လုံစွာနဲ့ ​မှတ်တမ်းတင် ခဲ့တာ ဖြစ်တယ် လို့လည်း ​သိရ ပါတယ်။

လူ့အခွင့် အရေး ​မှတ်တမ်း ကွန်ရက် ​- ​မြန်မာ နိုင်ငံ ​ND-Burma ​အဖွဲ့ဟာ ​အမျိုးသား ပြန်လည် သင့် မြတ် ရေး ကို ​မြှင့်တင် နိုင်ဖို့နဲ့ ​ လူ့အခွင့် အရေး ချိုးဖောက် ခံရသူတွေ ​အမှန် တရားနဲ့ တရား မျှတမှု ရှာဖွေ နေမှုကို ​ကူညီတဲ့ အ​နေနဲ့ ​ဒီလူ့အခွင့် အရေး ချိုးဖောက် မှုတွေကို ​မှတ်တမ်းတင် ​ထုတ်ပြန် ​လိုက်တာ ဖြစ်တယ် လို့လည်း ​ND-Burma ​အဖွဲ့က ​စည်းရုံး လှုံ့ဆော်ရေး အဖွဲ့ တာဝန်ခံ ​လွေးပိုးညိုဝ်း ​က ​အခုလို ပြောဆိုပါတယ်။

“ကျမတို့ ​ပြောချင်တာက ​အစိုးရ အနေနဲ့ ​ဒီလိုမျိုး ​လူ့အခွင့် အရေး ​ချိုးဖောက် မှုတွေ ​ရှိနေတဲ့ ဟာကို မဖြစ်အောင် ​ဘယ်လို ကာကွယ် မလဲ။ ​ချိုးဖောက် ခဲ့တဲ့ ​လူတွေ ကိုလည်း ​ထိုက်သင့်တဲ့ ​အပစ် ပေးမှု ရှိရမယ်၊ ​အဲ့ဒါမှ သာလျှင် ​ကျမ တို့တွေက ​နောက်နောင် ​အမှန် တရား အတွက် ​ကျမတို့ ​ဖော် ထုတ် နိုင် မှာ ဖြစ်တယ်။ ​ကျမတို့ရဲ့ ​အဓိက ​ရည်ရွယ်ချက် ဟာလည်းပဲ ​ဒီ ​အမှန် တရား ​ရရှိဖို့ အတွက်ပဲ ​ဒီလူ့အခွင့် အရေး ​ချိုးဖောက် မှုတွေကို ​ကောက်ခံ ပြီးတော့မှ ​ဖော်ပြ ရတာ ဖြစ်တယ်၊ ​လူတွေ က ​နိုင် ငံတော် ပြန် လည် သင့်မြတ် ​ရေးလို့ ​ပြောပြီ ဆိုလို့ ရှိရင် ​အမှန် တရား မရှိဘူး၊ ​အမှန် တရားကို ​မဖော် ထုတ် ဘူး ဆိုရင် ဘယ်လိုမှ ​နိုင်ငံတော် ​သင့်မြတ်ရေးမှာ ​ဖြောင့်ဖြူးမယ် ​မဟုတ်ဘူး ပေါ့နော်။”

အစိုးရ အနေနဲ့လည်း ​တဖက်မှာ ပြုပြင် ပြောင်းလဲ မှုတွေကို ​ဆောင်ရွက် နေပေမယ့် တကယ့် အောက်ခြေ မှာ ​မပြောင်းလဲတဲ့ အတွက် ​ပြည်သူ လူထု အနေနဲ့ ​အစိုးရ အပေါ် ​ယုံကြည်ဖို့ ​ခဲယဉ်းကြောင်း အစီရင် ခံစာမှာ ​ထောက်ပြ ​ပြောဆိုထား ပါတယ်။

လူ့အခွင့် အရေး မှတ်တမ်း ကွန်ရက် ​(မြန်မာနိုင်ငံ) ​ND-Burma ​အဖွဲ့ကို ​မြန်မာ နိုင်ငံမှာ ရှိတဲ့ လူ့အခွင့် အရေး လှုပ်ရှား နေကြတဲ့ ​ကွန်ယက် ​အဖွဲ့ဝင် ​၁၀ ​ဖွဲ့နဲ့ ​လူ့အခွင့် အရေး ​မှတ်တမ်းတင် ​လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ဖို့ ​ရည်ရွယ်ပြီး ​လွန်ခဲ့တဲ့ ၂၀၀၄ ​ခုနှစ်က ​စတင် ဖွဲ့စည်း ​တည်ထောင် ​ခဲ့တာ ​ဖြစ် တယ်လို့ ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်း ပေးပို့ ​ထားပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus