April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တောင်ပြိုလက်ဝဲမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက ဒေသခံများထံမှ ငွေညှစ်




RB News
13.5.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုင်လက်ဝဲ မြို့နယ်ခွဲ၊ ကွမ်းသီးပင် ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာ လူမျိုး ၉၇ ရာခိုင်နှုန်းခန့် ရှိပြီး၊ ရခိုင်နှင့် အခြားလူမျိုး ၃ ရာခိုင်နှုန်းသာ ရှိသော ကျေးရွာအုပ်စု တစ်စု ဖြစ်သော်လည်း ရခိုင် အစွန်းရောက် တစ်ဦးလည်းဖြစ်၊ ရခိုင့် တပ်မတော် (AA) ၏ မောင်တောမြို့နယ် မြောက်ပိုင်း တပ်သား စည်းရုံးရေး တာဝန်ခံ တစ်ဦးလည်း ဖြစ်သူ နံ့သာတောင် ရွာသား ဦးအထွန်းချေသည် ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ရာတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသဖွယ် ဧကရာဇ် တစ်ဦးကဲ့သို့ ဗိုလ်ကျ စိုးမိုး၍ ဒေသခံ ရွာသားများကို ဖိနှိပ် အုပ်ချုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် ၎င်း၏ စာရေး ဖြစ်သူ ဦးသူရိန်မိုးကျော်သည် ဒေသခံ ရိုဟင်ဂျာများနှင့် အမြဲတစေ ရိုင်းပျစွာ ဆက်ဆံခြင်း၊ လူမျိုး၊ ဘာသာ ခွဲခြား ဆက်ဆံ၍ ရန်ရှာခြင်းများ ပြုလုပ်လေ့ ရှိသည့်အပြင် လက်ထပ်ခွင့်များ ထုတ်ပေးရာတွင် မလိုလားအပ်သည့် ကြန့်ကြာမှုများ ပြုလုပ်ခြင်း၊ ရိုင်းပျစွာ စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်သဖြင့် ဒေသခံများ စိတ်ပျက်လျက် ရှိနေကြသည်။ 

လွန်ခဲ့သည့် ကြာသပတေးနေ့ နံနက် (၁၀) နာရီခန့်တွင် နံ့သာတောင် ကျေးရွာမှ ဦးဟူဆောင်းအာမတ်နှင့် ဦးနော်ဇိရ်အာမတ် တို့၏ နေအိမ်များ ရုတ်တရက် မီးလောင်ကျွမ်းခဲ့သည်။ ထိုသို့ မီးလောင်ကျွမ်း ခဲ့ရခြင်းမှာ ညအချိန်တွင် ရခိုင် အစွန်းရောက်များ လာရောက်၍ အပူရလျှင် မီးလောင်စေနိုင်သည့် ဓာတုပစ္စည်းများကို ရိုဟင်ဂျာများ၏ နေအိမ် ခေါင်မိုးပေါ်သို့ ပစ်ချခဲ့ပြီး၊ ထိုဓာတုပစ္စည်းများ နံနက် နေရောင်ခြည် ရသည့်အခါ တဖြေးဖြေး အပူရှိန် ရလာပြီး မီးလောင်ကျွမ်းခြင်း ဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေကြသည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခ နောက်ပိုင်းတွင် နိုင်ငံတော် အစိုးရက ရခိုင်အစွန်းရောက်များ ထံမှ အလားတူ ဓာတုပစ္စည်းများ သိမ်းဆည်းခဲ့သည့် သာဓက မြောက်မြားစွာ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ထိုကဲ့သို့ နေအိမ်များ မီးလောင်ခံရပြီး မီးလောင် ဆုံးရှုံးသူများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက ကူညီရမည့် အစား ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဦးအထွန်းချေသည် ဌာနဆိုင်ရာ အကြီးအကဲ များသို့ လာဘ်ငွေပေးရန် လိုအပ်နေသည်ဟု ဆိုကာ ပုဇွန်ကန် တစ်ဧကလျှင် ဘင်္ဂလားဒေ့ရှ် တာကာငွေ ၆၀၀၀ စီ ပေးသွင်းရမည်ဟု အသိပေးကာ တာကာငွေ ၄၀၀၀ စီကို ပထမ အရစ်အဖြစ် ကောက်ခံခဲ့ရာ ပြီးစီးလု နီးပါး ဖြစ်နေကြောင်း ဒေသခံများက ပြောပါသည်။ ကွမ်းသီးပင် ကျေးရွာအုပ်စုတွင် ပုဇွန်ကန် ဧကပေါင်း ၁၂၀ ကျော်ရှိကြောင်း သိရှိရသည်။ 

ဒေသခံများက ဦးအထွန်းချေသည် အစိုးရ အရာရှိများ၏ အမည်များကို အလွဲသုံးစား ပြုလုပ်ကာ ငွေကြေး ကောက်ခံ၍ ရခိုင့်တပ်မတော် (AA) ကို ရန်ပုံငွေ ထောက်ပံ့နေခြင်းသာ ဖြစ်သည်ဟု သုံးသပ် နေကြသည်။

ပုဇွန်ကန် တစ်ဧကအတွက် ပထမ အရစ် အဖြစ် တာကာငွေ ၄၀၀၀ စီ ပေးရသူ အချို့မှာ -- 

နံ့သာတောင် ကျေးရွာမှ --

(၁) ဦးအာရာဖတ် (ဘ) ဦးမာဘူရာမန်
(၂) ဦးနူရ်ဟူဆောင်း (ဘ) ဦးဟာလာဖူးတူ
(၃) ဦးအာတိခ် (ဘ) ဦးနူရ်အာလောမ်
(၄) ဦးမာမတ်အာမီးန် (ဘ) ဦးကော်ဘိရ်ရာမန်
(၅) ဦးရော်ရှိဒုလ္လာ (ဘ) ဦးအဘူဆီဒိတ်
(၆) ဦးဆော်ဒူရောန် (ဘ) ဦးဂူရာမျာ
(၇) ဦးအဒူမာလဲတ်
(၈) ဦးအာလောမ်
(၉) ဦးဟာမိတ်ဟူဆောင်း

လက်ဖွဲ့ကျ ကျေးရွာမှ -- 

(၁) ဦးဆော်ဒုလ်အာမီးန် (ဘ) ဦးကော်ဘိရ်ရာမန်
(၂) ဦးဇာဖောရ် (ဘ) ဦးရော်ရှိတ်အာမတ်
(၃) ဦးယာဟာယာ (ဘ) ဦးဖေရုစ်
(၄) ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးနာဇိရ်ဟူစိန်း
(၅) ဦးတာရဲခ် (ဘ) ဦးအဒူဆူဗာန်
(၆) ဦးဆွေတာမောတ်

ကွမ်းသီးပင် ကျေးရွာအုပ်စု (အလယ်၊ အရှေ့၊ အနောက် ကျေးရွာများမှ) –

(၁) ဦးအာရ်ဖာတ် (ဘ) ဦးဇာဖောရ်
(၂) ဦးဟာလဲတ် (ဘ) ဦးနော်မာန်
(၃) ဦးရှာကဲရ်အလီ (ဘ) ဦးအော်လီဆာန်
(၄) ဦးမာမတ်ဒုလ်ဟောက်
(၅) ဦးဆော်ယောတ်ဆလာမ်
(၆) ဦးအာလောမ် -- တို့ဖြစ်သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus