April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရသေ့တောင်မှ ဗိုလ်ကြီး မင်းမျိုးသန်းက ဒေသခံများ ထံမှ ငွေညှစ်



MYARF
RB News
26.10.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် စေတီပြင် ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်း (၅၅၁) ၏ တပ်စခန်းခွဲမှ ဗိုလ်ကြီးမင်းမျိုးသန်း အပါအ၀င် တပ်မတော်သား (၄) ဦးသည် အောက်တိုဘာလ (၂၄) ရက်နေ့ ည ၆ နာရီခန့် အချိန်တွင် ပါးလီး ကျေးရွာအုပ်စု၊ သပြေတောရွာသို့ သွားရောက်၍ ဦးရှာကဲရ် (ဘ) ဦးကာလာမျာကို MPT ဖုန်းတစ်လုံးနှင့် နေအိမ်မှ ဖမ်းဆီးပြီး ကျေးရွာ တာဝန်ခံ ဦးဂျူဟာရ်၏ နေအိမ်သို့ ခေါ်ဆောင် သွားခြ့သည်။ ထို့နောက် မော်လ၀ီ ဇူဘိုင်ရ်နှင့် မော်လ၀ီ အာရောဖ် အုလ္လာ တို့ကိုလည်း ကျေးရွာ တာဝန်ခံ၏ နေအိမ်သို့ ခေါ်ဆောင် လာကာ နိုင်ငံခြားမှ အထောက်အပံ့ ရရှိသောကြောင့် ငါတို့ကို အကူအညီ ပေးရမည်ဟု ဆိုကာ ငွေကျပ် ငါးသောင်းစီ တောင်းခံခဲ့သည်။ 

၎င်းတို့နှစ်ဦးက မည်သည့် အထောက်အပံ့မှ ရရှိခြင်း မရှိ၍ ငွေမပေးချင်သော်လည်း စစ်သားများ၏ ခြိမ်းခြောက်မှုကြောင့် နောက်ဆုံးတွင် ငွေကျပ် ၄ သောင်းစီ ပေးခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့နောက် ဦးရှာကဲရက်ကို ဘင်္ဂလားဖုန်း မိသည်ဟု လုပ်ကြံ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ 

အောက်တိုဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဗိုလ်ကြီးက စေတီပြင် ကျေးရွာ အနီးတ၀ိုက်ရှိ ကျေးရွာများမှ ဒေသခံ အချို့ကို စခန်းသို့ ခေါ်လာကာ နိုင်ငံခြားမှ အထောက်အပံ့ ရရှိသောကြောင့် ငါတို့ကို ငွေပေးရမည်၊ မပေးလျှင် ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။

ငွေညှစ်ခံရသူများမှာ -- 

(၁) မော်လ၀ီ ဖော်ယာဇူရာမန် - အထက်နန်းရာ ကျေးရွာ (ဘော်ရ်ဘိလ်ဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၂) မော်လ၀ီ နူရူလ်အာမီးန် - သင်္ဂနားကျေးရွာမှ - ညှစ်ခံရငွေကျပ် နှစ်သောင်းငါးထောင်
(၃) မော်လ၀ီ အမ်ဒါဒူလ္လာ - သင်္ဂနားကျေးရွာမှ - ညှစ်ခံရငွေကျပ် နှစ်သောင်းငါးထောင်
(၄) ဦးကေဖာယာဒ်အုလ္လာ - အထက်နန်းရာ ကျေးရွာ (ဘော်ဘိလ်ဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၅) မော်လ၀ီ အဒူရှုကူရ် - အောက်နန်းရာ ကျေးရွာ (ရာဇာဘိလ်) မှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၆) မော်လ၀ီ အာတာအုလ္လာ - အောက်နန်းရာ ကျေးရွာ (ရာဇာဘိလ်) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၇) ဦးဇာဟိတ်ဟူစိန်း - စေတီပြင် ကျေးရွာ (ခွိုင်တောင်ဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၈) မော်လ၀ီ အာဖ်ဒူလ္လာ - ချင်းရွာ (ဆိရိပါရင်) မှ - ညှစ်ခံရငွေကျပ် သုံးသောင်း 
(၉) ဟာဂျီ ဦးရှော်မ်ရှူ - ချင်းရွာ (ဆိရိပါရင်) မှ - ညှစ်ခံရငွေကျပ် သုံးသောင်း
(၁၀) မော်လ၀ီ အာလီအာဘောရ် - ပြင်းတောင် ကျေးရွာ (တေးရာခါရာဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၁၁) ဦးအဒူဆော်တောရ် - ပြင်းတောင် ကျေးရွာ (တေးရာခါရာဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း -- တို့ဖြစ်သည်။

ဆက်လက်၍ ဗိုလ်ကြီးမင်းမျိုးသန်းက ရသေ့တောင် မြို့နယ်ရှိ အခြား ကျေးရွာများတွင်လည်း ထိုသို့ အထောက်အပံ့ ရရှိနေသူများ ရှိသောကြောင့် ၎င်းတို့ကိုလည်း ခေါ်ယူရမည်ဟု ပြောကြားခဲ့သည်။ ထိုသို့ ငွေညှစ်ရန် မဟုတ်မမှန် လုပ်ကြံ သတင်းပေးသူ များမှာ အောက်နန်းရာ ကျေးရွာမှ ဦးမော်ဂုလ်အာမတ်၏ သားများ ဖြစ်သော ဂျောမိလ်အာမတ် (ခ) မောင်ဖြူ၊ မုစ်တာခ်အာမတ် (ဘ) မောင်မောင် နှင့် ပြင်းတောင် ကျေးရွာမှ အဒူဘာဆဲရ် တို့ဖြစ်သည်။ ၎င်းတို့သည် နံနက် နေထွက်ချိန်လောက်တွင် စခန်းသို့ ထွက်သွားပြီး ည ၁၀ နာရီလောက်မှသာ နေအိမ်များသို့ ပြန်လာလေ့ ရှိသည်။ 

အောက်တိုဘာလ (၂၅) ရက်နေ့တွင်လည်း ဂျော်မိလ်အာမတ် (ဘ) မောင်ဖြူက အောက်နန်းရာ ကျေးရွာမှ ဦးမော်ဂုလ်အာမတ်၏ သား မုစ်တာခ်အာမတ် (အသက် ၁၅ နှစ်) က အမျိုးသမီး တစ်ဦးနှင့် ဖောက်ပြန် နေသည်ဟု လုပ်ကြံတိုင်တန်း၍ ၎င်းကလေးကို ဖမ်းဆီး စေခဲ့သည်။ ဗိုလ်ကြီးမင်းမျိုးသန်းက အဆိုပါ ကလေးကို ပြန်လည် လွှတ်ပေးရန် ငွေကျပ် နှစ်သိန်း တောင်းခံလျက်ရှိရာ ဆင်းရဲသည့် မိဘများက ငွေကြေး မတတ်နိုင်သဖြင့် ယခုထိ ချုပ်နှောင် ခံထားရကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus