March 18, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာလို့ ကုလသမဂ္ဂ ဆက်သုံးမည်

ရိုဟင်ဂျာလို့ ခေါ်ဝေါ် သုံးစွဲမှု မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးရှေ့ ဆန့်ကျင် ဆန္ဒပြ။

အင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
14.5.2016

ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေနဲ့ ဆက်လက် သုံးစွဲသွားမှာ ဖြစ်သလို ဒီလူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှု ဆိုင်ရာ စိုးရိမ်မကင်း ဖြစ်မှုတွေကိုလည်း ကုလသမဂ္ဂ အနေနဲ့ ထုတ်ဖေါ် ပြောဆိုခဲ့ကြောင်း ကုလ အတွင်းရေးမှုးချုပ်ရုံးက ပြောဆိုလို က်ပါတယ်။

ဒါပေမဲ့ NLD နာယက ဦးတင်ဦးကတော့ စိန်ခေါ်မှုတွေ အများကြီးရင် ဆိုင်နေရတဲ့ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်ကိစ္စကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ သတိထား သုံးနှုံးပြောဆိုဖို့ လိုကြောင်း ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ရခိုင်ပြည်နယ်က မူဆလင် လူနည်းစုတွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်မှုအပေါ် အမျိုးသားရေးဝါဒီ မဘသနဲ့ သူရဲ့နောက်လိုက်အဖွဲ့တွေက ဒီသတင်းပတ်တွေ အတွင်း ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ကြားမှာ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ဒီအခေါ်အဝေါ်ကို ဆက်လက် သုံးစွဲသွား မှာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီလူ့အသိုင်းအ၀ိုင်းကို လူသားချင်းဆိုင်ရာ အကူအညီတွေ ကို နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့တာဖြစ်ပြီး အခုချိန်မှ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ် ကို ပြောင်းပြီး အခြားအမည်ခေါ်ဖို့ အကြောင်းမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကိုပြောပါတယ်။

"ဒီအသုံးအနှုန်းကို ဒီလိုအခြေအနေတွေ မတိုင်ခင် အရင်ကတည်းက သုံးနှုန်းခဲ့တာပါ။ ဒါကြောင့် ဒီအခေါ်အဝေါ်ကို ရှောင်လွှဲဖို့ အကြောင်းလဲမရှိပါဘူး။"

VOA။ ။ မြန်မာအစိုးရဘက်ကရော ဒီရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်ကိုရှောင်လွှဲဖို့ ကုလသမဂ္ဂကို မေတ္တာရပ်ခံထားရော ရှိပါသလားရှင့်

"အစိုးရဘက်က ဒီလိုမျိုးမေတ္တာရပ်ခံတယ်ဆိုတာမျိုးတော့ ကျမ မသိပါဘူး။ ဒါပေမဲ့လို့ ဒီအခေါ်အဝေါ်ကို ကျမတို့အရင်ကတည်းကသုံးနှုန်းခဲ့တာဖြစ်တဲ့အပြင် ဒီလူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်မှုတွေ ကို ကုလသမဂ္ဂအနေနဲ့ ထုတ်ဖေါ်ပြောဆိုခဲ့တာပါ။"

ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ရဲ့အခြေအနေကိုနားလည်သင့်ပြီး ဒီအကြပ်အတည်းပြသနာနဲ့ ပတ်သက်လို့ သတိထားသုံးနှုံးဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကပြောပါတယ်။

"ရိုဟင်ဂျာဆိုတဲ့ ကိစ္စ စကားကတော့ အခုအချိန်အခါမှာ တဖက်နဲ့တဖက် စကားလုံး သုံးခြင်းအားဖြင့်ပေါ့နော် ဒါ ပိုပြီးတော့ ငြိမ်းချမ်းရေးဖြစ်မယ့်ကိစ္စမှာ အနှောင့်အယှက်တော့ ဖြစ်တာပေါ့ဗျာ။ အထူးသဖြင့်ကတော့ အမေရိကန်အစိုးရတာဝန်ရှိတဲ့ သံအမတ် ဆိုတော့ ဒါဟာ အစိုးရပေါ့။ သူတို့ရဲ့ ရပ်တည်မှုတွေကို ပြောတဲ့အခါကျတော့ နည်းနည်း ဘဝင်မကျ စရာလေးတွေ ဖြစ်လာတာပေါ့။ အဲ့တာတွေကတော့ ဒီလိုပြောမယ့် ဆိုမယ့်ဟာတွေ လုပ်မယ့်အစားထက်တော့ စကားတွေ ဘာတွေကို တတ်နိုင်သမျှ တဘက်နဲ့တဘက် ပိုမိုပြီးတော့ အငြင်းပွားမယ့် ပိုပြီးတော့ ထိလွယ်ရှလွယ် နောက်ပြီးတော့ စိတ်တွေမှာ အနှောင့်အယှက်ဖြစ်ဖွယ်ရာ စကားတွေကို ပြောတာဆိုတာ နဲ့ပတ်သက်ပြီးတော့ မပြောတာကောင်းမယ်လို့ထင်တယ်ပေါ့ဗျာ။"

ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေ သတိထားကြဖို့နဲ့ အကျပ်အတည်းတွေ အများကြီးရှိနေတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေကို မျှမျှတတမြင်ကြည့်ဖို့လိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မေလ (၁၁)ရက်နေ့က နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပွဲ မှာ ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာတိုင်းရင်းသား လူမျိုးတွေထဲမှာ ရိုဟင်ဂျာ မရှိကြောင်း နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင်ကြေညာပေးဖို့ အမျိုးသားရေးဝါဒီ မဘသနဲ့ သူရဲ့နောက်လိုက်အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus