ယျာတင် (ရိုဟင်းသား) RB News 27.8.2018 မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု (Crimes against Humanity) နှင့်စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်ခဲ့မှုဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးအရေးယူရမည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (IFFM) ကယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ အဖွဲ့ဝင် (၃) ဦးပါသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် အချက်အလက် စုဆောင်းရေးအဖွဲ့ (IFFM) အဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက၂၀၁၇ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့ ၂၀၁၈ [...] အပြည့်အစုံသို့ »
RB News 12.4.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ မြို့နယ်နှစ်မြို့နယ်တွင် ညမထွက်ရအချိန် ပြင်ဆင် သတ်မှတ်၍ နှစ်လသက်တမ်းတိုးမြှင့်လိုက်သည်။ ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ နှစ်လတစ်ကြိမ် သက်တမ်းတိုး၍ ထုတ်ပြန်လာသည့် ညမထွက်ရအချိန်ကို ယနေ့ ဧပြီလ (၁၂) ရက်နေ့တွင် ပြင်ဆင် သတ်မှတ်၍ နှစ်လအတွက် သက်တမ်းတိုးလိုက်ကြောင်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံများကို အသိပေးလိုက်သည်။ ည ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကို ဘူးသီးတောင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီထိလည်းကောင်း၊ မောင်တောမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီထိလည်းကောင်း ပြင်ဆင်သတ်မှတ်လိုက်သည်ဟု အုပ်ချုပ်ရေး [...] အပြည့်အစုံသို့ »
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein (ဓါတ်ပုံ - Reuters) RB News 9.3.2018 ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြီးအကဲဖြစ်သူ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာအစိုးရ ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုဖို့ ဒီနေ့ သောကြာနေ့ (မတ်လ ၉) မှာ ပြောကြားလိုက်တယ်လို့ Reuters သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေ ကျူးလွန်ထားတယ်လို့ သံသယ ဖြစ်နေရတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးခွင့်တွေ ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတယ်။ ဆွဇ်ဇာလန်နိုင်ငံ [...] အပြည့်အစုံသို့ »
MYARF RB News 22.12.2017 ကမ္ဘာတစ်လွှားက ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်သူ ၁၃ ဦးကို အမေရိကန်နိုင်ငံက စီးပွားရေးဒဏ်ခတ် အရေးယူခဲ့မှုမှာ မြန်မာနိုင်ငံဖက်ကတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်လာပါတယ်။ ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်က အရပ်သားရိုဟင်ဂျာတွေအပေါ် တရားလက်လွန် လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ဗိုလ်ချုပ်မောင်မောင်စိုးကို အခုလို စီးပွားရေး ဒဏ်ခတ် အရေးယူလိုက်ခြင်းဟာ ရခိုင်ပြည်နယ်မှာ အရပ်သားရိုဟင်ဂျာတွေအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်အပေါ် အမေရိကန်အစိုးရအနေနဲ့ စိတ်ပျက်မိကြောင်းကို လက်တွေ့ပြသလိုက်တာဖြစ်ပြီး အရပ်သားရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကြီးကြီးမားမား လူ့အခွင့်အရေး [...] အပြည့်အစုံသို့ »
(ဓါတ်ပုံ - Reuters) RB News 5.12.2017 မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာ လူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ကျူးလွန်တယ်ဆိုတဲ့ စွဲချက်အပေါ် မြန်မာလုံခြုံရေးတပ်က အပြစ်ရှိနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား သဘောတူထားပေမယ့် မြန်မာနိုင်ငံအတွင်းမှ ရိုဟင်ဂျာတွေ ဆက်လက်ထွက်ပြေးနေရတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ လေ့လာစောင့်ကြည့်မှုတွေ ဒေသအတွင်းမှာ အခိုင်အမာ မရှိဘဲ ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းမှ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာ ၆၂၆၀၀၀ အနက်မှ တစ်ဦးတစ်ယောက်ကမှ မြန်မာအစိုးရရဲ့ ဒုက္ခသည်နေရပ်ပြန်ပို့ရေးအစီအစဉ်ကို လက်မခံသင့်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra‘ad [...] အပြည့်အစုံသို့ »
အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini ကိုဇော်ဝင်းလှိုင် ဗွီအိုအေမြန်မာပိုင်း 17.10.2017 ဥရောပကောင်စီက တနင်္လာနေ့မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ အခြေခံ ဆုံးဖြတ်ချက်တခုဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini က ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ်အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် [...] အပြည့်အစုံသို့ »
မခင်ဖြူထွေး ဗွီအိုအေမြန်မာပိုင်း 5.10.2017 အခုပြုလုပ်သွားတဲ့ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲအတွင်းမှာတော့ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အခြေအနေအထိ ဖြစ်နေတယ်လို့ ဆိုပြီး အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က ဝေဖန်ပြောဆိုသွားပါတယ်။ ဒီပြဿနာအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်မှာ အပြည့်အ၀ တာဝန်ရှိတယ်လို့လည်း ပြောသွားပါတယ်။ အပြည်စုံကို မခင်ဖြူထွေးက ဆက်ပြောပြပါမယ်။ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ အလုံးအရင်း ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေကို ထောက်ပြပြီး ဒါဟာ ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးတုံး [...] အပြည့်အစုံသို့ »
ဗြိတိန်ဝန်ကြီးချုပ် Theresa May ဗွီအိုအေမြန်မာပိုင်း 21.9.2017 မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ အဆုံးသတ်ရေး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်း ပြောဆိုသွားပါတယ်။ “အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဆောင်ရွက်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့နဲ့ အာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရအာဏာပိုင်တွေကို ကျမ တောင်းဆိုပါတယ်။” - လို့ ဗြိတိန် ၀န်ကြီးချုပ် Theresa May ကပြောသွားတာပါ။ အမေရိကန် ဒုသမ္မတ Mike Pence ကလည်း [...] အပြည့်အစုံသို့ »
ICRC လူသာချင်း စာနာမှု အထောက်အကူပေးမှုကို ဒေသခံတွေ လာရောက်ကန့်ကွက်စဉ် (Information commitee) ဗွီအိုအေမြန်မာပိုင်း 21.9.2017 စစ်တွေမြို့မှာ ရာနဲ့ချီတဲ့ လူအုပ်ကြီးက လူသားချင်းစာနာမူဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ပို့မှာကို မနေ့က အတင်းဝင်ရောက်ဟန့်တားခဲ့တာကြောင့် ရဲတွေက သေနတ်ဖောက်လူစုခွဲခဲ့ပြီး သံသယရှိသူ (၈) ဦးကို ဖမ်းဆီးလိုက်ပါတယ်။ မြန်မာအစိုးရ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ကြေညာချက်ထဲမှာ အင်အား ၃၀၀ ခန့်ရှိတဲ့ ဒီလူအုပ်ကြီးက ICRI အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အနေနဲ့ မောင်တောဒေသက ဒုက္ခသည်တွေဆီပို့မယ့် ထောက်ပံ့ရေးပစ္စည်းတွေကို ပြန်ချပြီး၊ စက်လှေမထွက်ဖို့တားမြစ်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီစက်လှေအနေနဲ့ စစ်တွေမြို.ဆင်ခြေဖုံး ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းအနီး ဘူးသီးတောင်စက်လှေဆိပ်ကနေ မထွက်ခွာခင် တင်ထားတဲ့ မီးအိမ်၊ [...] အပြည့်အစုံသို့ »
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဗွီအိုအေမြန်မာပိုင်း 3.9.2017 မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မူဆလင်တွေကိုရော တခြားလူမှုအ၀န်းအ၀ိုင်းတွေကိုပါ ထိခိုက်နေတဲ့ အကြမ်းဖက်မှုနဲ့ မလိုမုန်းထား ဘက်လိုက်မှုတွေ အဆုံးသတ်စေဖို့ လုပ်ဆောင်ပါလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိတို့ခေတ်ရဲ့ အတုယူ အားကျဖွယ်အကောင်းဆုံး လူပုဂ္ဂိုလ် တဦးဖြစ်ပေမဲ့ သူ့အဆိုအားဖြင့် - ရိုဟင်ဂျာတွေပေါ် ပြုမူဆက်ဆံပုံကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေတယ်လို့ စက်တင်ဘာလ ၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။ နိုင်ငံကို ခေတ်မီအောင်လုပ်တာမှာ ကြီးမားတဲ့ [...] အပြည့်အစုံသို့ »
ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်များ အင်ကြင်းနိုင် ဗွီအိုအေမြန်မာပိုင်း 28.8.2017 ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသဘက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပိတ်မိနေကြတဲ့ ရခိုင်နဲ့ မွတ်စလင်ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသမှုတွေ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံတွေကပြောပါတယ်။ ဘေးလွတ်ရာမှာ ခိုလှုံနေကြတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ထောက်ပံ့မှုအကူအညီတွေကို တနင်္ဂနွေနေ့ကစလို့ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနေတယ်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ပြောထားပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးပြောပြမှာပါ။ တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့ဟာ မောင်တော ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူတွေ၊ [...] အပြည့်အစုံသို့ »
ရခိုင်အကြံပေးကော်မရှင် အပြီးသတ် အစီရင်ခံစာ အပ်နှင်း ( Myanmar President Office) မေခ ဗွီအိုအေမြန်မာပိုင်း 23.8.2017 ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဟာ သူဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီ ရင်ခံစာကို မြန်မာသမ္မတ ဦးထင်ကျော်ထံကို ပေးအပ်လိုက်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ဗွီအိုအေကိုပြောပါတယ်။ သမ္မတဦးထင်ကျော်ကအစီရင်ခံစာပါ အကြံပြုချက်တွေကို သေချာလေ့ လာ ဆန်းစစ် ပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားမယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းက မေခကပေးပို့ ထားတာပါ။ သြဂုတ်လ၂၄ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကိုအများသိအောင် ထုတ်ပြန်မှာ ဖြစ်သလို ဒီမတိုင်ခင် နိုင်ငံတော်သမ္မတ၊ [...] အပြည့်အစုံသို့ »
ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံ ရောက်ရှိ (Ministry of Foreign Affairs Myanmar) မြင့်မြင့်ခိုင် ဗွီအိုအေမြန်မာပိုင်း 22.8.2017 ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အပြီးသတ် အစီအရင်ခံစာ တင်သွင်းဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အနေနဲ့ သြဂုတ်လ ၂၄ရက်နေ့ မတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အစီရင်ခံစာ တင်ပြဖို့ရှိပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာ ကိုဖီ အာနန်နဲ့ ပြည်သူ့လွှတ်တော်နဲ့ [...] အပြည့်အစုံသို့ »
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce ဗွီအိုအေမြန်မာပိုင်း 22.8.2017 ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးအတွက် လတ်တလော စစ်တပ်အင်အားတွေတိုးချခဲ့ပြီးနောက် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce ကတိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေအများ ဆုံးရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်တွေချထားရာက လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်တယ်လို့ California ပြည်နယ်က Republican အမတ် Royce ကဆိုပါတယ်။ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့လိုတယ်ဆိုတာ အမေရိကန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသားပြောဖို့လိုတယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကြားနာပွဲကို အောက်လွှတ်တော်မှာ မတ်လက လုပ်ခဲ့စဉ်မှာလည်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေး [...] အပြည့်အစုံသို့ »
၂၀၁၆ခုနှစ် ဇူလိုင်လက ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ၀တ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal) အင်ကြင်းနိုင် ဗွီအိုအေမြန်မာပိုင်း 16.8.2017 ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုတွေ ရှိနေဆဲ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်ပြီး CPC (Country of Particular Concern) လို့ခေါ်တဲ့ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ကြောင်း မနေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် [...] အပြည့်အစုံသို့ »
ရခိုင်ပြည်နယ်တွင်း လုံခြုံရေးယူထားတဲ့ မြန်မာစစ်တပ်။ ဗွီအိုအေမြန်မာပိုင်း 12.8.2017 ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်အင်အား တိုးမြှင့် ချထားလိုက်တယ်ဆိုတဲ့ သတင်းအပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံ လူ့ အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးမှူး ယန် ဟီးလီက သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုမှာပြောထားပါတယ်။ ဒီအခြေအနေဟာ အဓိကစိုးရိမ်ဖွယ်ရာ အကြောင်းတခုဖြစ်တဲ့အကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခြေအနေအားလုံးမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ပြီး ရခိုင်ပြည်လုံခြုံရေးအခြေအနေကို ကိုင်တွယ်ဖြေရှင်းတာနဲ့အမျှ လူ့အခွင့်အရေးကို လေးစား လိုက်နာမှုရှိစေရေး အစိုးရအနေနဲ့ အာမခံချက်ပေးရမှာဖြစ်ကြောင်း မစ္စယန်ဟီးလရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက မောင်တောနဲ့ ဘူးသီးတောင်မှာ နယ်ခြားစောင့် ရဲစခန်းသုံးခုကို တိုက်ခိုက်ခံရပြီးချိန်၊ နိုဝင်ဘာလ မှာ နောက်ထပ် တိုက်ခိုက်မှုတွေဖြစ်ပြီးချိန် လုံခြုံရေးတပ်ဖွဲ့တွေက [...] အပြည့်အစုံသို့ »
MYARF RB News 3.8.2017 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာမှ အရှေ့ဖက် ၅ မိုင်ခန့်အကွာ တောထဲရှိ မြိုကျေးရွာတွင် ဩဂုတ်လ ၃ ရက်၊ နံနက်ပိုင်းအချိန်၌ မြိုလူမျိုး လူသေအလောင်းများ တွေ့ရှိခဲ့ရပြီး၊ နီးစပ်ရာ ရခိုင်ရွာသားတစ်ဦး၏ ပြောပြချက်အရ မြိုလူမျိုး ၆ ဦးသေဆုံး၍ ၂ ဦးပျောက်ဆုံးနေကြောင်း သိရှိရပါသည်။ အဆိုပါ လူသတ်မှုကြီးဖြစ်စဉ် ဖြစ်ပွားသည့်အချိန်အတိအကျ၊ ဖြစ်ပွားခဲ့ခြင်း၏ အကြောင်းရင်း တို့ကို အတည်ပြုရန် အလွန်ခက်ခဲနေသည်ဟု မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ မောင်တောတောင်ပိုင်း တာဝန်ခံ ကိုမြင့်နိုင်က RB News သို့ပြောပါသည်။ “ကိုင်းကြီး [...] အပြည့်အစုံသို့ »
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ ယမ်ဟီးလီဟာ သူ့ရဲ့ ၁၂ ရက်တာ ခရီးစဉ် အဆုံးမသတ်ခင်မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲ။ ထက်အောင် ဗွီအိုအေမြန်မာပိုင်း 21.7.2017 ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေဟာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ယေဘုယျအားဖြင့် မူစလင်အသိုင်းအ၀ိုင်းရဲ့ အခြေအနေဟာ တိုးတက်မှု နှေးကွေးနေသေးတဲ့အပြင် အစိုးရသစ်အနေနဲ့ အရင်အစိုးရ လက်ထက်က ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာတွေကို ဆက်ပြီး မကျင့်သုံးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Dr.Yanghee Lee က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ ဒီတစ်ခေါက် ခရီးစဉ်မှာ နေရာတစ်ချို့ကို လုံခြုံရေးအကြောင်းပြချက်ကြောင့် သွားရောက်လေ့လာခွင့်မရသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအ၀င် [...] အပြည့်အစုံသို့ »
ကိုဇော်ဝင်းလှိုင် ဗွီအိုအေမြန်မာပိုင်း 7.6.2017 ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်မခံဘူးလို့ မြန်မာအစိုးရက ပြောဆိုထားတဲ့ ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein က ၃၅ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ ဝေဖန် ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းပယ်တဲ့ အတွက် အစိုးရတွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်း စစ်ဆေးနေတာတွေ [...] အပြည့်အစုံသို့ »
သားညွန့်ဦး ဗွီအိုအေမြန်မာပိုင်း 5.6.2017 လူနည်းစုဘာသာဝင်တွေရဲ့ ၀တ်ပြုကိုးကွယ်မှုတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အတင်းပိတ်ထားခံရတဲ့ မွတ်စလင်ဗလီနဲ့ ဘာသာရေးကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးပြီး၊ အထူးသဖြင့် မွတ်စလင်ဥပုဒ်လအတွင်း သူတို့ရဲ့စုဝေး၀တ်ပြုမှုတွေကို ခြိမ်းခြောက်ဟန့်တားမှုမလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြမှာပါ။ မေလ ၃၁ ရက်နေ့တုန်းက ရန်ကုန်သာကေတမြို့နယ်တွင်းမှာ အစ္စလာမ်ဘာသာဝင်အချို့ လမ်းပေါ်မှာ ၀တ်ပြုဆုတောင်းခဲ့တဲ့အပေါ် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ခြိမ်းခြောက်တားမြစ်တာတွေ လုပ်ခဲ့တယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗလီရော ဘာသာရေးကျောင်းတွေ ကန့်သတ်ပိတ်ပင်ခံရတဲ့အခြေအနေဟာ ပြဿနာ အရင်းအမြစ်ဖြစ်ပြီး၊ အထူးသဖြင့်တော့ အခုလို မွတ်ဆလင်တွေရဲ့ ဥပုဒ်လအတွင်းမှာ [...] အပြည့်အစုံသို့ »